menu

Sunday 29 January 2012

ဒစ်ဂျစ်တယ်ခေတ်နှင့် ပညာရေးကဏ္ဍသစ်(တင်ညွန့် )



    တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့အဆင့်မြင့် ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတစ် နိုင်ငံအနေနဲ့ အသိအမှတ်ပြုခြင်းခံထားရတယ်။ အဆင့်မြင့်တယ်ဆိုတာ ပါးစပ်က မြှင့်ခိုင်းလို့လည်းမရ၊ ဆိုင်းဘုတ်ချိတ် ထားလို့လည်းမရပါဘူး။
    အဆင့်မြှင့်ချင်ရင် အခြေခံအဆောက်အအုံကစပြီးတော့ ပြင်သင်တာတွေပြင်၊ အစားထိုးသင့်တာတွေ အစားထိုးရပါတယ်။ တောင်ကိုးရီးယားနိုင်ငံကတော့ လက်ရှိ ကျောင်းသုံးဖတ်စာအုပ် တွေနေရ မှာ ဒစ်ဂျစ်တယ်ဖတ်စာအုပ်တွေနဲ့ အစားထိုးဖို့ပြင်ဆင်နေပါပြီ။

    ပြည်တော်သာစီမံကိန်းကြီးလို ရေစုန်မျောမသွားစေဖို့ (လူထုစိန်ဝင်း)






    နိုင်ငံခြားဧည့်သည်တွေ တစ်ယောက်ဝင်တစ်ယောက်ထွက် ၀င်လာမစဲ တဖွဲဖွဲဖြစ်နေတာကိုကြည့်ပြီး မြန်မာနိုင်ငံသားအားလုံး ၀မ်းသာအား ရဖြစ်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်း ငါးဆယ်ကျော်ခပ်စိမ်းစိမ်းနေခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်စ တဲ့ အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင် ရောက်လာကြတာကို ပိုပြီးသဘောတွေ့ကြတယ်။ ကိုယ်ထူကိုယ်ထပင်ပန်းလှပြီ

    ရောက်လာသမျှ ဧည့်သည်တိုင်းကလည်း အားတက်စရာစကားတွေ ပြောသွားကြတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ နီးစပ်လာပြီ၊ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေလည်း ပြန်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာကြမယ်စတဲ့ စတဲ့ စကားတွေကို မစားရ၀ခမန်း ပြောကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး အရာရာတိုင်း ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထချည်း လုပ်နေကြရလို့ ပင်ပန်းလှပြီဖြစ်တဲ့ တိုင်းသူပြည်သားများအဖို့တော့ ကူညီထောက်ပံ့မှုတွေ လာတော့မယ်ဆိုတဲ့စကားဟာ မင်္ဂ လာအရှိဆုံး ဖြစ်နေပါတော့တယ်။

    အစာထဲကအဆိပ်(၀တ်ရည်အောင်)


    Photo

    စိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာသော ယနေ့အချိန်တွင် ဟင်းသီးဟင်းရွက်များကို သတိမမူဘဲ စားသုံးပါက အဆင်မသင့်လျှင် ဥပါဒ်ဖြစ်မည့်အခြေအနေ ပိုများလာသည်။ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေးရှုထောင့်အရ သင့်တော်သော အစားအစာများဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုတွင်
    ကျယ်စွာအသုံးပြုလာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွားစေသော  ဓာတုဆေးများ၊ အရသာကောင်းမွန်စေရန်သုံးသည့် ဓာတ်မြေသြဇာစသည့်
    ဓာတုပစ္စည်းများကြောင့် စားသုံးသူများတွင် အန္တရာယ်ဖြစ်ပေါ်ခြင်း သည်များရှိလာသည်။

    ခြောက်လလောက်မှ တစ်ကားလောက် ရိုက်နိုင်တာဆိုတော့ ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ဘူး( လူငယ်ဒါရိုက်တာဏကြီးနှင့် တွေ့ဆုံခြင်း)



    Photo

    တွေ့မြင်နေကျမဟုတ်သော အတွဲအဖက်ဖြစ်သည့် မင်းသားရဲတိုက်နှင့်ရက်ပ်ပါဂျေမီတို့ကို တွဲဖက်စေပြီး ဇာတ်ကားသစ်တစ်ကား ဖန်တီးနေသူမှာလူငယ်ဒါရိုက်တာ ဏကြီးဖြစ်သည်။ လန်ဒန်မြို့တွင် ရုပ်ရှင်ပညာသွားရောက်သင်ယူခဲ့သောသူသည် ဂီတအမ်တီဗီများကိုသာ အစဉ်တစိုက်ရိုက်ကူးဖြစ်ခဲ့ပြီး သူ၏ပထမဆုံးဒီဗီဒီကားဖြစ်လာ မည့် “ဘယ်ကလာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကိုသွားမှာလဲ”ကို ရဲတိုက်၊ ဖွေးဖွေး၊ ဂျေမီတို့နှင့်ပုံဖော်နေသောလူငယ်ဒါရိုက်တာဏကြီးနှင့်သူ၏ရိုက်ကွင်းတွင် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များ ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

    ထိုင်းတွင် တရုတ်နှစ်သစ်ကူးပွဲ စဉ်နွှဲစဉ် မီးရှူးမီးပန်းများကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးပြီး အိမ်ခြေငါးဆယ်ခန့် ပျက်စီး





    ထိုင်းနိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲစဉ်အတွင်း မီးရှူး မီးပန်း ပစ်လွှတ်ချိန်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူသုံးဦး သေဆုံးပြီး  လူ ၄၀ ခန့် ထိခိုဏ်ဒဏ်ရာရရှိခဲ့ကြောင်း ရဲများက ပြောကြား ခဲ့သည်။ မီးရှူး မီးပန်းပေါက်ကွဲမှုမှ မီးတောက်အစ အနများလွင့်စဉ်မှုကြောင့် Suphan Buri  ပြည်နယ်ရှိ တရုတ်ဘုံကျောင်း အနီးဝန်းကျင်ရှိ အိမ်များတွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ကာ အိမ်ခြေ ၅၀ ခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်စတင်




    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ပြင် နိုင်ငံရေးခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်န၀ါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် နိုင်ငံရေးခရီးစဉ် စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်



    အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက် ပေါက်ဈေးဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲသတ်မှတ်မှု ကိုလာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လတ်တလောတွင်မူ နိုင်ငံစီးပွားရေးတည်ငြိမ်စေရန် ရှုပ်ထွေးသည့် နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကို ဦးစားပေးပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင် လည်း မက်ခရိုစီးပွားရေး တည်ငြိမ် မှုကို ထိန်းထားနိုင်ရန်အတွက် ပြုပြင် ပြောင်းလဲရမည်ဖြစ်ကြောင်း IMF မှ ထုတ်ပြန်သော စာတမ်းတွင် ဖော်ပြ ထားသည်။

    မြန်မာနိုင်ငံသို့ တစ်နှစ်တာ ခရီးသွားဝင်ရောက်မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၁၉ သန်းရရှိ




    7187 ရန်ကုန်မြို့ရောက် ခရီးသွားအချို့အား ဇန်န၀ါရီလလယ်ပိုင်းက တွေ့ရစဉ်
    မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်မှု၊ လည်ပတ်သုံးစွဲမှုများမှ ရရှိသော ၀င်ငွေသည် ၂၀၁၁ ခုနှစ်တွင် သိသာစွာ တိုးတက်မှုရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၃၁၉ သန်းရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များ အရ သတင်းရရှိ ပါသည်။

    ဂူးဂဲလ်က ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို ပြင်ဆင်လိုက်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ


    အင်တာနက် အချက်အလက် ရှာဖွေရေးနှင့် ၀န်ဆောင်မှုကုမ္ပဏီဂူး ဂဲလ်ကသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှုဆိုင်ရာမူဝါဒကို ပြင်ဆင်လိုက်သောကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
    ဂူးဂဲလ်၏၀န်ဆောင်မှုများဖြစ် သော ဂျီမေးလ်၊ ဗီဒီယို၊ လူမှုဆက် ဆံရေးကွန်ရက် Google+ နှင့် အခြားဝန်ဆောင်မှုအားလုံးတွင် သုံးစွဲသူတို့၏ အချက်အလက်များကိုရယူကာ အသုံးချမည့်အပြင် အခြားသူ များထံပါ မလိုလားအပ်သည့် အချက်အလက်များအလွယ်တကူ ပျံ့နှံ့နိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

    ဖေ့စ်ဘွတ်ခ်သုံးသူများ အတိတ်မှတ်တမ်းစဉ်ကို ဖော်ပြသည့် Timeline ၀န်ဆောင်မှုကို မဖြစ်မနေသုံးစွဲရမည်



    ဖေ့စ်ဘွတ်ခ်၏ ၀န်ဆောင်မှု အသစ်ဖြစ်သော အတိတ်မှတ်တမ်း စဉ်ကိုဖော်ပြသည့် Timeline ၀န်ဆောင်မှုကို စတင်ထွက်ရှိစဉ်က အသုံးမပြုလိုလျင် အသုံးမပြုဘဲ နေခွင့်ရှိခဲ့သော်လည်း ယခုအခါ အသုံးပြုလိုသည်ဖြစ်စေ၊ မပြုလိုသည်ဖြစ်စေ အလိုအလျောက် ပြောင်းလဲကာ မဖြစ်မနေသုံးစွဲရတော့မည်ဖြစ်ကြောင်း သိရသည်။
    Related Posts Plugin for WordPress, Blogger...

    ShareThis