menu

Monday 16 December 2013

မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ ဗန်းကိုင်ခွင့်ရရှိသူများ၏ ရင်တွင်းစကားသံ


မေမြင့်မိုရ်
အသက် (၁၈) နှစ်


အရမ်းပျော်ရွှင်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်ခဲ့တာပါ။ ရွေး ချယ်ခံရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ်က အနုပညာအလုပ်လုပ်မယ်ဆိုရင် အကယ်ဒမီဗန်းလဲကိုင် ချင်တာကြောင့် ၀င်ရောက်လျှောက်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေက အခုဆိုပိုသိလာတဲ့အတွက် အနုပညာ အလုပ်ကို ပရိသတ်အားပေးတဲ့အထိ အစွမ်းကုန်လုပ်သွားမှာပါ။


လမင်းအိနြေ္ဒ (ခ) ရွှေယမင်းအေး
အသက် (၁၉)နှစ်

ငယ်ငယ်ကတည်းက အကယ်ဒမီ ဗန်းကိုင် ဖြစ်ချင်ခဲ့တာ။ အမြဲတမ်း တီဗီမှာ ကြည့်တယ်။  ဗန်းကိုင်ခွင့်ရချင်တယ်လို့ အမြဲတမ်းစိတ်ကူးမိပါတယ်။ ဗန်းကိုင် ဖြစ်ဖို့အတွက် စလျှောက်တာ နှစ်နှစ်ရှိပါပြီ။ ဒီ ၂ဝ၁၃ မှာလဲ အားမလျှောဘဲ့ရဖို့အတွက်ြကိုးစားခဲ့တာပါ။ ၂ဝ၁ဝ- ၂ဝ၁၁ စပြီး သရုပ်ဆောင်ဘက်ကို ကူးတယ။် ဒါရိုက်တာဗန်းကြီးနဲ့ ဗီဒီယိုဇာတ်ကားစရိုက်တယ်။ အခု မလေးရှား ဒါရိုက်တာ ရိုက်ထားတဲ့ 'မဟာဆန်တဲ့ မဟာမျက်နှာဖုံး' ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အရင်က လမင်းအိနြေ္ဒကို သိချင်မှသိမယ်။ ဒါပေမ့ဲအခုဆို ၂၀၁၂ ခုနှစ်အတွက် ဗန်းကိုင်မှာ လမင်းအိနြေ္ဒ  ပါသွားပြီ ဖြစ်တဲ့အတွက် အနုပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ။

ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု ဖြစ်ပွား

ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။

မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။

ငါးအလွန်အကျွံ စားခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

ငါးတွေကို အများကြီးစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကို လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ငါးတွေမှာ ပုံမှန်တွေ့ရတဲ့ Omega 3 fatty acid ဟာ အများကြီးစားသုံးမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံရနိုင်တယ်လို့ OSU’s College of Public Health and Human Sciences က တွဲဖက်ပါမောက္ခ Dr.Norman Hord နဲ့အဖွဲ့က လေ့လာ နိုင်ခဲ့ပါတယ်။

Omeg3 fatty Acid  ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း အလွန်အကျွံမှီဝဲမယ်ဆိုရင်တော့ ခုခံအားစနစ်ကို ပြောင်းလဲစေပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးဝင်မှုတွေကို ခုခံနိုင်မှုလျော့နည်းသွားတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။

Dr.Norman Hord    က“အိုမီဂါသုံး အဆီဓာတ်စားသုံးမှုများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို မိမိတို့လေ့လာနိုင်ခဲ့ပါတယ်။ တကယ်လို့ အလွန်အကျွံ စားသုံးလိုက်မယ်ဆိုရင် အရေးပါတဲ့ ဇီဝအမှတ်အသားတွေ ပျောက်ဆုံးသွားတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပြီး ခုခံအားစနစ်ကို လျော့ပါးစေတာကြောင့်လည်း ကိုယ်ခန္ဓာက အဏုဇီဝပိုးမွှားတွေကို ပုံမှန်ထက်စာရင် တိုက်ခိုက်နိုင်စွမ်းနည်း သွားပါတယ်”လို့ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ကိုဖိုးလပြည့် နဲ့ အားကစားပွဲလည်ဆွဲ

 တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က နောက်ထပ်ပို့စ်တခုကတော့ ဆီးဂိမ်း မှာ ဝင်ခွင့် ကတ်လည်ဆွဲ မပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့ ဖိုးလပြည့် ဓာတ်ပုံကို ယှဉ်နှိုင်း ထောက် 
ပြပြီး အခုလို ရေးထားပါတယ်။ 


ဓာတ်ပုံ- UCL ဖေ့စ်ဘုတ်

ပုံ(၁) - ဧည့်သည်တော်တစ်ဦးကို အကြောင်းအမျိုးမျိုးကြောင့် လည်ဆွဲကတ်မပါဘဲ ဆီးဂိမ်း(စ)ပြိုင်ပွဲတစ်ခု တွင်တွေ့ရစဉ် 

ပုံ(၂) - UCL ဥက္ကဌ၏လည်ဆွဲကတ်နှင့် ယင်းကတ်ဆွဲ၍ ဓာတ်လှေကားမှထွက်လာစဉ် (ဘယ်မြန်မာနိုင်ငံ သား မဆို ကတ်ပြားပါတာမပါတာထက် မြန်မာပြည်ကိုယ်စားပြု ကစားသမားများကို ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲအားပေးဖို့ပဲလိုပါတယ်။ 

အခုလို အမိမြေအတွက် မင်္ဂလာအရှိဆုံးအချိန်အခါ မှာ မြန်မာ ပြည်သား အချင်းချင်း သံသယ၊ ဝန်တိုစိတ် များ ဘေးဖယ်ထားပြီး မြန်မာပြည် ကိုယ်စားပြုအားကစားသမား များ ကို လှိုက်လှိုက်လှဲလှဲအားပေး၊ ဂုဏ်ပြုသွားကြပါဆို့လို့ တိုက်တွန်းရင်း.....) 

GO GO TEAM MYANMAR....GOAL TO THE GOLD!!!!!!!! တဲ့။ 



ဒီပို့စ် မတိုင်ခင်  ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဥက္ကဋ္ဌ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့ ကိုယ်စား UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က ဖိုးလပြည့်၊ မိုးစက်ဝိုင်တို့နဲ့ ပတ်သက်တဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ ဝင်ခွင့် ကတ်ပြား ပါတယ်၊ မပါဘူး ဆိုတဲ့ ကိစ္စ စာရှည်တခု ရေးသားထားပါတယ်။


အိမ့်သံစဉ် ~
Irrawaddy Blog

သူငယ်ချင်းနားနီး သူငယ်ချင်း စိတ်ဓာတ်၊အမူအရာ ကူးဆက်

စိတ်ပညာရှင်တို့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ ယင်း အချက်ကတော့ သူငယ်ချင်း အပေါင်းအသစ် တစ်စုံတစ်ယောက်၊ တစ်စု တစ်ဖွဲ့နဲ့ အတူနေထိုင်၊ သွားလာမှု များလေလေ သူတို့ရဲ့  အမူအကျင် နဲ့ စိတ်ဓာတ်တွေ ကိုယ့်ဆီ ပိုမို ရောက်ရှိ ကူးဆက်လေပဲ ဖြစ်ပါတယ်။
တကယ်အမှန်ပါပဲ။ စကားအပြောအဆို ကြမ်းတဲ့ ကလေး သူငယ်ချင်း များနဲ့ တွဲတာများတဲ့ ကလေးတွေမှာ နည်းမျိုးစုံ ဆဲတတ်တဲ့ အကျင့်များ ပိုမို ရရှိလာပြီး ဘုရားကျောင်း နေ့တိုင်းတတ်တဲ့ ကလေးတွေနဲ့ ပေါင်းနဲ့ ကလေး များဟာ ဘာသာရေး ပိုမို ကိုင်းရှိုင်းတဲ့ အပြုအမှုပြောဆိုမှုများကို ပြုလုပ် သွားကြ တယ်လို့ ဆိုပါတယ်။
ဒါဟာ ကိုယ်တိုင်က ၎င်းတို့ဆီမှ အကျင့် ကူးချမယ်လို့ ခံယူချက် ထားလိုက်သည် မဟုတ်တိုင် မသိစိတ်က အလိုအလျောက် ကူးချလိုက်ခြင်း ဖြစ်ပါတယ်။ မသိစိတ်ဆိုတာ မှတ်မှတ်သားသား မရှိသော စိတ်သဏ္ဍာန်ကို ပြောတာပါ။ ကိုယ်က မဆဲတတ်ပေမယ့် ဆဲတတ်တဲ့ သူငယ် ချင်းများနဲ့ ပေါင်းလာတဲ့ ကလေးဟာ ဆဲတတ်ပြီး ရန်ဖြစ်တဲ့ ကလေးတွေနဲ့ ပေါင်းသူက ရန်လိုတဲ့ စိတ်ပိုများလာပါတယ်။
ကလေးတင်မဟုတ်ပါဘူး။ လူငယ်၊ လူကြီးတွေမှာလည်း ဖြစ်တတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသူနဲ့ ပေါင်းသင်းမိတဲ့သူဟာ အလုပ်ကြိုးစားလိုစိတ် အလိုအလျောက်ရောက်ရှိပြီး တကယ် အလုပ်ကြိုးစား ပါတယ်။ ဒါကြောင့် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ရာမှာလည်း ကိုယ့်အတွက် ကောင်းကျိုးပိုဖြစ်ထွန်းမယ့် အပေါင်းအသင်းမျိုး ကို  ရွေး ချယ်စေဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
.
Ref: dyknow
By ရိုးရာလေး

ပင်းတယလေပြင်း အိမ် ၃၆ လုံး ပျက်စီး၊ ကလေးနှစ်ဦး ဒဏ်ရာရ

Photo: ပင်းတယလေပြင်း အိမ် ၃၆ လုံး ပျက်စီး၊ ကလေးနှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။ 

မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊ ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး ဝါးပြားရွာတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မောင်ဇော်မင်းထွန်းမှာ နေအိမ်ထုပ်တန်း ဦးခေါင်းပေါ် ပြုတ်ကျသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၅ နှစ် မစိုးစန္ဒာထွန်းမှာ အိမ်ခေါင်မိုးပေါ်မှ အုတ်ခဲပြုတ်ကျ ထိမှန်သဖြင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။ 
“ခေါင်းပေါ် ထုပ်တန်းပြုတ်ကျတဲ့ ဒဏ်ကြောင့် ဖြစ်ဖြစ်ချင်း ကောင်လေးက သတိမေ့သွားတာ။ ဒီနေ့ နံနက် ၁၀ နာရီအထိ သတိမရသေးဘူး” ဟု လေဘေးဒဏ်သင့်သူများကို သွားရောက် ကူညီ ထောက်ပံ့ပေးသောအဖွဲ့မှ ကိုတိုးက ရှင်းပြသည်။ 

လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်ကျေးရွာမှ လူနေအိမ် ၂၃ လုံးနှင့် အခြေခံပညာ အထက်တန်း ကျောင်းတစ်ကျောင်း၊ ဝါးပြားကျေးရွာမှ လူနေအိမ် ၁၁ လုံး၊ ဒရယ်အင်းကျေးရွာမှ လူနေအိမ် နှစ်လုံး၊ စံသီးကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဓမ္မာရုံတစ်ရုံနှင့် မီးစက် အဆောက်အအုံ တစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ကူးကော်ကျေးရွာရှိ နေအိမ်နှစ်လုံးနှင့် ဝါးပြားကျေးရွာမှ နေအိမ်နှစ်လုံးတို့ ပြိုလဲပျက်စီးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှု ရပ်တန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။  
“မိုးရွာပြီး ၁၅ မိနစ်လောက်အကြာမှာ လေပြင်းတွေ ကျလာတာ။ ပင်းတယမှာ ဒီလိုရာသီမျိုးမှာ လေပြင်းတိုက်တာ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီနေ့လည်း မိုးတစ်နေကုန် ရွာပေမယ့် လေမတိုက် တော့ဘူး” ဟု လေဘေးသင့်သူများကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။ 

လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဘေးသင့် ဒေသခံ ၅၀ ကျော် ကို ပင်းတယမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ကာ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။

မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊ ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး ဝါးပြားရွာတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မောင်ဇော်မင်းထွန်းမှာ နေအိမ်ထုပ်တန်း ဦးခေါင်းပေါ် ပြုတ်ကျသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၅ နှစ် မစိုးစန္ဒာထွန်းမှာ အိမ်ခေါင်မိုးပေါ်မှ အုတ်ခဲပြုတ်ကျ ထိမှန်သဖြင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
“ခေါင်းပေါ် ထုပ်တန်းပြုတ်ကျတဲ့ ဒဏ်ကြောင့် ဖြစ်ဖြစ်ချင်း ကောင်လေးက သတိမေ့သွားတာ။ ဒီနေ့ နံနက် ၁၀ နာရီအထိ သတိမရသေးဘူး” ဟု လေဘေးဒဏ်သင့်သူများကို သွားရောက် ကူညီ ထောက်ပံ့ပေးသောအဖွဲ့မှ ကိုတိုးက ရှင်းပြသည်။

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်


သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။
ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။
တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။
“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။
ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။

အာဏာရယူရန် ပါတီထောင်ထားခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Photo: အာဏာရယူရန် ပါတီထောင်ထားခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

သာယာဝတီ၊ ဒီဇင်ဘာ ၁၅

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် အရွေးခံလိုကြောင်း ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည်  မြန်မာနိုင်ငံရေးတွင် အာဏာရယူ လိုသောကြောင့် ထူထောင်ထားသည့် ပါတီတစ်ခု မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ရယူပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရန် ထူထောင်ထားသည့် ပါတီ ဖြစ်ကြောင်း ၎င်းက “ကျွန်မတို့ အဖွဲ့ချုပ် (NLD ပါတီ) က အာဏာရယူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး။ ဒီမိုကရေစီ ရယူဖို့အတွက် ဖွဲ့စည်းထားတာ” ဟု ဆိုသည်။

နိုင်ငံရေးပါတီ တစ်ခုသည် အစိုးရတစ်ဖွဲ့ ဖွဲ့စည်းရန် ယှဉ်ပြိုင်နိုင်ခွင့် ရှိပြီး ယင်းယှဉ်ပြိုင်မှုကို ကန့်သတ်သော အစိုးရသည် ဒီမိုကရေစီ စံနှုန်းများကို ချိုးဖောက်သော အစိုးရသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ အခြေခံ စံနှုန်းများအရ မှန်ကန်ကြောင်း၊ ၎င်း၏နှစ် ၂၀ ကျော် ဒီမိုကရေစီ တိုက်ပွဲအတွေ့အကြုံနှင့် ယှဉ်၍ ပြောကြားသည်ဟု ယူဆကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေးအဖွဲ့ဝင် ဦးအောင်သောင်းက မှတ်ချက်ပြုသည်။
“သူပြောသလို အထိုက်အလျောက် မှန်ပါတယ်။ အခြေခံ ချက်တွေကတော့ တစ်ယောက် တစ်မျိုးစီပေါ့” ဟု ၎င်းကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအနေနှင့် အာဏာရယူ လိုခြင်းကြောင့် ပါတီ ထူထောင်ခြင်း မဟုတ်ဟု ဆိုသော်လည်း နိုင်ငံရေးပါတီ တစ်ခုသည် အစိုးရအဖြစ် ရွေးချယ် တင်မြှောက်ခံရမှသာ နိုင်ငံ၏ တိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အခြားသော လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်ရန် အာဏာ လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက် များနေပြီး တရားမျှတမှု မရှိသည့်အတွက် ယင်းအခြေခံ ဥပဒေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပ ပါကလည်း ရွေးကောက်ပွဲ ရလဒ်မှာ တရားမျှတမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းသမ္မတအဖြစ် ယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင် ပေးရမည် ပြောဆိုထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံရန် နိုဝင်ဘာလ ၂၃ ရက်နေ့ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးထံသို့ မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

သာယာဝတီ၊ ဒီဇင်ဘာ ၁၅

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် အရွေးခံလိုကြောင်း ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် မြန်မာနိုင်ငံရေးတွင် အာဏာရယူ လိုသောကြောင့် ထူထောင်ထားသည့် ပါတီတစ်ခု မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ရယူပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရန် ထူထောင်ထားသည့် ပါတီ ဖြစ်ကြောင်း ၎င်းက “ကျွန်မတို့ အဖွဲ့ချုပ် (NLD ပါတီ) က အာဏာရယူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး။ ဒီမိုကရေစီ ရယူဖို့အတွက် ဖွဲ့စည်းထားတာ” ဟု ဆိုသည်။

နိုင်ငံရေးပါတီ တစ်ခုသည် အစိုးရတစ်ဖွဲ့ ဖွဲ့စည်းရန် ယှဉ်ပြိုင်နိုင်ခွင့် ရှိပြီး ယင်းယှဉ်ပြိုင်မှုကို ကန့်သတ်သော အစိုးရသည် ဒီမိုကရေစီ စံနှုန်းများကို ချိုးဖောက်သော အစိုးရသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ အခြေခံ စံနှုန်းများအရ မှန်ကန်ကြောင်း၊ ၎င်း၏နှစ် ၂၀ ကျော် ဒီမိုကရေစီ တိုက်ပွဲအတွေ့အကြုံနှင့် ယှဉ်၍ ပြောကြားသည်ဟု ယူဆကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေးအဖွဲ့ဝင် ဦးအောင်သောင်းက မှတ်ချက်ပြုသည်။

မြန်မာ-အင်ဒိုနီးရှားပွဲစဉ် ဂိုးပြတ် မပြတ်သာ စောင့်ကြည့်ရမည်


နေပြည်တော်၊ ဒီဇင်ဘာ ၁၅

အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီတွင် ပရိသတ် သုံးသောင်းကျော်ဆံ့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြမည့် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ၏ မြန်မာအသင်းနှင့် အင်ဒိုနီးရှားတို့၏ ပွဲစဉ်၌ မြန်မာအသင်း အနိုင်သေချာပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြော ကြားသည်။

မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့သော် မြန်မာကစားသမားများ အနေနှင့် အသင်းသား အချင်းချင်း စည်းလုံးရန်လိုပြီး ဂိုးရလိုဇော ဆန္ဒမပြင်းရန် လိုကြောင်း၊ အင်ဒိုနီးရှား၏ ခြေစွမ်းမှာ အုပ်စုပထမပွဲနှင့် ဒုတိယ ပွဲစဉ်များတွင် အားနည်းခဲ့သော်လည်း မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံးပွဲ ကစားရမည် ဖြစ်သောကြောင့် အစွမ်းကုန် ကြိုစားကြမည်ဖြစ်ရာ ထိုင်းနှင့် ပွဲစဉ်ကကဲ့သို့ အမှားမျိုး (ဒုတိယပိုင်းအစ အထနှေးမှု) မပြုမိရန် လိုကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ကညွတ်ကွင်း၌ ၁၂ ဘီးကားက ဘုရားဖူးယာဉ်နှင့် သစ်ပင်ကိုဝင်တိုက် နေပြည်တော်ဘုရားဖူးလာသူ နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ

ကညွတ်ကွင်း၊ ဒီဇင်ဘာ-၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကညွတ်ကွင်းမြို့ ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/၀ နှင့် ၁၀၃/၁ အကြားတောင်ကုန်းတဲရွာအနီးတွင် ယာဉ်မောင်း ပြည့်ဖြိုးကိုကို(၃၁)နှစ် စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့နေသူ တောင်မှ မြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 8F/7939 တိုယိုတာတောင်းအေ့(စ်)အမျိုးအစား အဖြူရောင်ယာဉ်သည်နေပြည်တော်သို့ ဘုရားဖူးရန် ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာ
စဉ် အခင်းဖြစ်ပွားသော နေရာ အရောက် မြောက်ဘက် မုံရွာမြို့မှ ခရမ်းချဉ်သီးများ တင်ဆောင်လာသည့် ယာဉ်မောင်းကိုဇော်(ခ)ဇော်လင်းဦး (၃၇)နှစ် စစ်ကုန်းရပ်ကွက် ဟင်္သာတမြို့နေသူ မောင်းနှင်လာသည့်
ယာဉ်အမှတ် ၅င/ ၆၉၇၃ နစ်ဆန်းအမျိုးအစားအဖြူရောင် ၁၂ ဘီး ကားအားတွေ့သဖြင့်အရှိန်လျှော့၍ လမ်းဘေးသို့ချပေးစဉ် ၁၂ဘီးကားမှ ဘုရားဖူးယာဉ် ၀ဲဘက် ဘေးသို့ဝင်တိုက်ကာ အရှိန်လွန်၍ လမ်းဘေးရှိ
သစ်ပင်အားထပ်မံတိုက်ပြီး တိမ်းမှောက်ခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်


Photo: စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော အမှတ် ၄၀ ရပါက စာမေးပွဲ အောင်မြင်သည့် စနစ်မှ အဆင့်အလိုက် ခွဲခြား၍ အတန်းတင်ပေးသော စနစ်သို့ ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ Level A နှင့် Level B ကို အတန်းကူးပြောင်းနိုင်သော အဆင့် အဖြစ် သတ်မှတ်ထားပြီး Level C ကို လိုအပ်ချက်များ ပြန်လည် သင်ကြားပြီးမှ အတန်းတင်ပေးရန် သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကလေးတွေရဲ့ အရည်အချင်းကို အမှတ်နဲ့ ဖြတ်တဲ့အခါ အပြိုင်အဆိုင်တွေ များလာတယ်။ ပညာအတွက် ပြိုင်ကြတာ မဟုတ်ဘူး။ အမှတ်အတွက် ပြိုင်တာ” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းစာမေးပွဲစနစ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ချက် မရှိသေးကြောင်း အခြေခံပညာ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အခြေခံပညာရေး စနစ်တွင် တတ်မြောက်မှု စစ်ဆေးရာ၌ ရမှတ်ကိုသာ အဓိက ထားသောကြောင့် ပညာရေးစနစ် တဖြည်းဖြည်း အားနည်းခဲ့ရကြောင်း၊ ယင်းအပြင် တက္ကသိုလ် ဝင်ခွင့်တွင်လည်း ရမှတ်နှင့် ဆုံးဖြတ်သည့်အတွက် ဝါသနာနှင့် ကိုက်ညီမှု မရှိသော ပညာရေးကိုသာ သင်ကြားနေရကြောင်း ပညာရေး လေ့လာ သုံးသပ်သူများက ထောက်ပြ ဝေဖန်ကြသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များ ပြောင်းလဲမည့် အစီအစဉ်ကို ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ် (CESR) နှင့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အကြံပြု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို မြို့နယ်အဆင့် စာမေးပွဲစနစ်မှ ကျောင်းအဆင့် စာမေးပွဲစနစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု Level Test အဖြစ် ပြောင်းလဲရန် စီစဉ် လုပ်ဆောင်နေခြင်း ဖြစ်သည်။  

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲစနစ် အပြောင်းအလဲနှင့် ပတ်သက်ပြီး လွန်ခဲ့သော အောက်တိုဘာ လကုန်က ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ယင်းစာမေးပွဲများကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့် ကျင်းပသွားရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြသော်လည်း ယင်းစနစ်အစား Level Up စနစ်ကို ပြောင်းလဲရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော အမှတ် ၄၀ ရပါက စာမေးပွဲ အောင်မြင်သည့် စနစ်မှ အဆင့်အလိုက် ခွဲခြား၍ အတန်းတင်ပေးသော စနစ်သို့ ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ Level A နှင့် Level B ကို အတန်းကူးပြောင်းနိုင်သော အဆင့် အဖြစ် သတ်မှတ်ထားပြီး Level C ကို လိုအပ်ချက်များ ပြန်လည် သင်ကြားပြီးမှ အတန်းတင်ပေးရန် သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၁၀ နှစ်အရွယ်ကျောင်းသူကို ရိုက်နှက်သည်ဟုဆိုကာ သင်တန်းဆရာမကို တရားစွဲမည်

အင်္ဂလိပ်စာသင်တန်းတစ်ခုတွင် ၁၀ နှစ်အရွယ် သမီးငယ်ကို မညှာမတာရိုက်နှက်သည်ဟုဆိုကာ သင် တန်းဆရာမကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ရေး ဥပဒေဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားသွားမည်ဟု ဖခင်ဖြစ်သူ ကိုရန်ပိုင်စိုးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကလေးငယ်ကို ဆိုးသည်ဟု ဆရာမများဘက်က ပြောဆိုမှုများရှိခဲ့သည့်အတွက် မိဘများက ပူးပေါင်း ဆုံးမသွန်သင်ပေးရန် ဆွေးနွေးမှုများပြုခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက် အင်္ဂလိပ်စာသင်တန်း၌ မေးခွန်းသုံးမျိုး အတွက် အမှား ၁၁ ခုရှိခဲ့ရာတွင် ဆရာမနှစ်ဦးတို့က ကျောပြင်နှင့်ခါးတို့အား ကြိမ်လုံးဖြင့် ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု ကလေးမိဘများဘက်က ပြောဆိုသည်။

“တော်ရုံတန်ရုံရိုက်တာ လက်ခံနိုင်ပါတယ်။ အခုဟာက ကလေးတစ်ယောက် စာမှားလို့ ရိုက်တဲ့ပုံစံနဲ့ မတူဘူးဗျ၊ တစ်ခုခုကို မကျေနပ်လို့ ပြင်းပြင်းထန်ထန်နဲ့ ရိုက်ထားတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒါကို မကျေ နပ်လို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ကလေး၏ ဖခင်ကိုရန်ပိုင်စိုးက ဆိုသည်။

သို့သော်လက်ရှိဖြစ်စဉ်မှာ ရဲအရေးမပိုင်သည့် အမှုတစ်ခုဖြစ်သည့်အတွက် အမှုဖွင့်ပေး၍မရကြောင်းနှင့် ကာယကံရှင်များ၊ နစ်နာသည့်သူများအနေဖြင့်သာ တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်ဟု ပုဇွန် တောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

နေအိမ်ထဲအထိ လိုက်လံထိုးကြိတ်ခံရသူကို အုပ်ချုပ်ရေးမှူးက ထိပ်တုံးခတ်ပြီး အပြစ်ပေး

ဒီဇင်ဘာ ၁၅ (လပွတ္တာ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊
နေရာပျံချီကျေးရွာမှ ရွာသားတဦးမှာ နေအိမ်ဝင်းထဲအထိ
လိုက်လံထိုးကြိတ်ခြင်းခံရသော်လည်း အုပ်ချုပ်ရေးမှူးက ထိုးကြိတ်သူများကို
အရေးမယူဘဲ အထိုးခံရသည့်ရွာသားအား ထိပ်တုံးခတ်ခြင်း၊ မြက်ရှင်းခိုင်းခြင်း
စသည့် အပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေရာပျံချီကျေးရွာမှ ဦးသိန်းထွန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ
၂၆ ရက်နေ့ ညနေပိုင်းက ကျေးရွာအတွင်း ဈေးဝယ်ပြီးအိမ်အပြန်တွင်
ဦးချစ်မြနှင့် ဦးသောင်းစိန်တို့က ရန်စခဲ့ပြီး ဦးချစ်မြက
ဦးသိန်းထွန်းအား ၎င်းနေထိုင်သည့် နေအိမ်ဝိုင်းထဲအထိ
လိုက်လံထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ထိုးကြိတ်ရန်စသူများက
ကျောက်တန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လေးထံ
သွားရောက်တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက ထိုးကြိတ်ခံရသည့်
ဦးသိန်းထွန်းအား ၁ ညတိတိ ထိပ်တုံးခတ်၍ ချုပ်နှောင်အပြစ်ပေးခဲ့ကြောင်း
ကျောက်တန်းကြီးကျေးရွာမှ ဒေသခံ ရွာသားများက ပြောသည်။

“ကိုသိန်းထွန်းကို ကိုချစ်မြနဲ့ ကိုသောင်းစိန်တို့က
စကားပြောနေတဲ့အချိန်မှာ ကျနော်အနားမှာ ရပ်နေတယ်။ အဲဒီမှာပြောနေတာက
ကိုချစ်မြကနေပြီးတော့ မေးတယ်။ မင်းတို့ မောင်မြင့်စန်းက ဘာကောင်လဲ။
ဇော်လေး (အုပ်ချုပ်ရေးမှူး) ကရော ဘာကောင်လဲဆိုပြီး အဲလိုတွေမေးနေတယ်။
ရန်စတဲ့ ပုံစံမျိုးပေါ့။ ကိုသိန်းထွန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ
ပြန်ဖြေနေပါတယ်။ နောက်တော့ ဦးခွေးလေးက လျှောက်လာနေတော့ ခွေးလေးက
ဘာကောင်လဲလို့ မေးတယ်။ ဦးခွေးလေးက ခွေးလေးပေါ့လို့ ကိုသိန်းထွန်းက
ပြန်ဖြေတဲ့အချိန်မှာ ဦးခွေးလေးက မင်းကငါ့ကို ခွေးနဲ့နှိုင်းရသလား
ဆိုပြီးတော့ ပြဿနာရှာရော။ အဲလိုတွေဖြစ်လို့ ကိုသိန်းထွန်းက အိမ်ပြန်တာကို
ကိုချစ်မြက လိုက်ထိုးတာ။ ကိုသိန်းထွန်းက သူ့အိမ်ထဲဝင်ပြေးတာတောင် မရဘူး။
အိမ်ထဲအထိကို လိုက်ထိုးတာ”ဟု အခင်းဖြစ်ချိန်တွင် ရှိနေသည့် မျက်မြင်သက်သေ
ဦးကျော်ဝင်းက Myanmar News Now ကို ပြောသည်။

မိဘများ သဘောမတူသော ယောက်ျားကို ယူသဖြင့် ဖခင်က သမီး၊ သမက်၊ မြေးတို့ကိုသတ်ဟု ရဲအရာရှိပြော

ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ဖြစ်ပွားခဲ့သော မိသားစုဝင်သုံးဦး အသတ်ခံခဲ့ရသည့်အမှုမှာ သမီးဖြစ်သူက မိဘများသဘောမတူသည့် ယောက်ျားကို ယူကာ ကလေးမွေးခဲ့သောကြောင့် သမီးနှင့် သမက်အပြင် နှစ်လသားအရွယ် မြေးဖြစ်သူကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

““အဖေအရင်းကသတ်တယ်လို့ စစ်ဆေးတွေ့ရှိရပြီး စခန်းမှာ ထိန်းသိမ်းထားပါတယ်။ အခင်းဖြစ်တဲ့နေ့က မူးယစ်ဆေးဝါးသုံးစွဲထားမှုရှိ၊ မရှိ ဆိုတာကိုလည်း ဆေးရုံမှာ စစ်ဆေးနေပါတယ်”” ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မွှေလုံရွာတောင်ယာခင်းအတွင်း နေထိုင်သည့် မိသားစုဝင်သုံးဦး ဒီဇင်ဘာလ ၁၂ ရက်က အသတ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါရွာနေ ဦးအားဂျွေဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ ဦးအားဂျွေမှာ သေဆုံးသူအမျိုးသမီး၏ ဖခင်အရင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်​အောင်​ဆန်း​စု​ကြည် ​ခွဲ​စိတ်​ကု​သ


အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဒီ​နေ့ ​မ​နက် ၇ ​နာ​ရီ​ခွဲ​က​နေ ​မ​နက် ၉ ​နာ​ရီ​ကျော်​အ​ထိ ​အာ​ရှ​တော်ဝင်​ဆေး​ရုံ​မှာ ​ခြေ​ထောက်​ခွဲ​စိတ်​ကု​သ​မှု ​ခံ​ယူ​ခဲ့​တယ်​လို့ ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ပြော​ပါ​တယ်။

z2 ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ဆ​ရာဝန် ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ဒီ​နေ့ ​ပြု​လုပ်​တဲ့​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​ဆို​လိုက်​တာ​ပါ။

လမ်း​လျောက်​တာ ​များ​တဲ့​အ​တွက် ​ခြေ​မ ၂ ​ချောင်း​လုံး​ကို ​အ​တွင်း​ရော၊ ​အ​ပြင်​ရော ​ခွဲ​စိတ် ​ကု​သ​ခံ​ရ​ပြီး ​အ​ရိုး​နည်း​နည်း ​ခြစ်​ထုတ်​ခဲ့​ရ​တယ်​လို့ ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ပြော​ဆို​ခဲ့​ပါ​တယ်။ ​အာ​ရှ​တော်ဝင် ​အ​ရိုး​အ​ထူး​ကု​ဆ​ရာဝန်​ကြီး​တွေ​က ​ခွဲ​စိတ်​ကု​သ​ခဲ့​တာ​လို့ ​ဆို​ပါ​တယ်။

၃ ​ရက်​လောက်​နေ​ရင် ​လမ်း​ပြန်​လျှောက်​နိုင်​မှာ​ဖြစ်​သ​လို ​ဆေး​ရုံ​က ​ဘယ်​တော့ ​ဆင်း​မ​လဲ​ဆို​တာ​က​တော့ ​သူ့​ကို ​ခွဲ​စိတ်​တဲ့ ​ဆ​ရာဝန်​ကြီး​တွေ​အ​ပေါ်​မှာ ​မူ​တည်​တယ်​လို့ ​ရှင်း​လင်း​ပြော​ဆို​ခဲ့​ပါ​တယ်။


DVB

SEA Games တွင် ရက်လွန် ခေါက်ဆွဲခြောက်များ ပေးသည်ဆိုသည့်ကိစ္စ စစ်ဆေး အရေးယူမည်ဟုဆို

Photo: SEA Games တွင် ရက်လွန် ခေါက်ဆွဲခြောက်များ ပေးသည်ဆိုသည့်ကိစ္စ စစ်ဆေး အရေးယူမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပါဝင်ကူညီသူ စေတနာ့ ဝန်ထမ်းများအတွက် ပံ့ပိုးကူညီသူ (Sponsor) အဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ရိက္ခာအဖြစ် ထုတ်ပေးသည်ဆိုသည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

SEA Games ပြိုင်ပွဲအတွက် ဆက်ဆံရေး အရာရှိ (Liaison Officer) အဖြစ် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးထံမှ အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ အဆိုပါသတင်း မှန်ကန်ပါက ကုမ္ပဏီ၏ လုပ်ရပ်မှာ လုံးဝ မသင့်တော်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခု အဲဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သတင်းပို့ပြီး လိုအပ်တာတွေ ပြန်လည် စိစစ်ဆောင်ရွက်ဖို့ ပြောထားပြီးပါပြီ။ တရားဝင် စစ်ဆေးတာတွေလည်း လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ပြိုင်ပွဲကာလအတွင်း ဆက်ဆံရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် နေသူများကို အိပ်ခန်းဆောင် တစ်ခုအတွင်း လူဦးရေ ဆယ်ဂဏန်းအထိ ပြည့်သိပ်စွာ နေရာချထားမှု၊ လျှပ်စစ်မီးနှင့် သွားလာရေး အဆင်မပြေမှုများအပြင် Sponsor ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ထုတ်ပေးမှုကို ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူ ဆက်ဆံရေး အရာရှိ (LO) တစ်ဦးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော် ပြောကြားသည်။ 

အဆိုပါ ပြောကြားမှုအပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ယင်းဖြစ်ရပ်များအတွက် စိတ်မကောင်းပါကြောင်း ပြန်လည် ပြောဆိုသည်။

နှစ်ပေါင်း ၄၀ ကျော်အကြာ မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် ကျင်းပခွင့်ရသည့် အားကစားပြိုင်ပွဲ အောင်မြင်စေရန် ကူညီနေသူများမှာ အနေအစား လွန်စွာ ဆင်းရဲနေသည့်အပြင် တာဝန်ရှိသူများ၏ ရိုင်းပျစွာ ဆက်ဆံမှုကိုလည်း ကြုံတွေ့ရကြောင်း အဆိုပါ ကျောင်းသူက ပြောဆိုသည်။

SEA Games တွင် ပါဝင်ကူညီနေသူများ အခက်အခဲ ကြုံတွေ့နေရမှုအတွက် သက်ဆိုင်ရာ ဌာနများတွင် အပြည့်အဝ တာဝန်ရှိပြီး တာဝန်သိရန်၊ တာဝန်ယူရန် လိုအပ်ကြောင်း၊ ဆက်ဆံရေး အရာရှိအဖြစ် ပါဝင် ဆောင်ရွက်နေသူများ အဆင်မပြေမှု ကြုံတွေ့ပါက အချိန်မရွေး အသိပေးစေ လိုပါကြောင်း၊ ယင်းအပြင် အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

လူငယ်တစ်ယောက် ဖြစ်သည့်အတွက် အဆင်မပြေမှုကြောင့် စိတ်ထဲ ခံစားရသည်များကို ထုတ်ဖော် ရေးသားမိခြင်း ဖြစ်ပြီး တာဝန်ရှိသူများက ဖြေရှင်းချက်များ ထုတ်ပြန်ပေးသဖြင့် ကျေးဇူးတင် ပါကြောင်း၊ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း အဆိုပါ ကျောင်းသူက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြန်ကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပနေသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စေတနာ့ ဝန်ထမ်းများ၊ ဆက်ဆံရေး အရာရှိများကို အားကစားဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာနများက လူဦးရေ သတ်မှတ်၍ တာဝန်များ ခွဲဝေ ချထားပေးခြင်း ဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပါဝင်ကူညီသူ စေတနာ့ ဝန်ထမ်းများအတွက် ပံ့ပိုးကူညီသူ (Sponsor) အဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ရိက္ခာအဖြစ် ထုတ်ပေးသည်ဆိုသည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

SEA Games ပြိုင်ပွဲအတွက် ဆက်ဆံရေး အရာရှိ (Liaison Officer) အဖြစ် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးထံမှ အဆိုပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ အဆိုပါသတင်း မှန်ကန်ပါက ကုမ္ပဏီ၏ လုပ်ရပ်မှာ လုံးဝ မသင့်တော်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခု အဲဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သတင်းပို့ပြီး လိုအပ်တာတွေ ပြန်လည် စိစစ်ဆောင်ရွက်ဖို့ ပြောထားပြီးပါပြီ။ တရားဝင် စစ်ဆေးတာတွေလည်း လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis