menu
Tuesday 18 September 2012
မြန်မာနိုင်ငံသားများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ
မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့ မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသားများက ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့်  ကျန်ရှိ နေသေးသော နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရေးများ အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။
ဆန္ဒပြရသည့်  အကြောင်းအရင်းမှာ အချက် (၅) ချက်ကို လိုလားသဖြင့် တောင်းဆို ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်ကြီးက နိရဉ္စရာသို့  ပြောသည်။
ဆန္ဒပြသူများက မြန်မာ အစိုးရကို အချက် (၅ ) ကိုလည်း စာရေး  တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်တောင်းဆိုချက် (၅)  ချက် မှာ
တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်
ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်သမ္မတ နှင့် KIO ဥက္ကဌထံ ဖားကန့် မြို့မှ ဆရာတော် ၃၃ပါး မေတ္တာရပ်ခံ
ဖားကန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော် ၃၃ပါးက ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့်အတူ တကွ နေထိုင်ရေးအတွက် နိုင်ငံတော် သမ္မတကြီးနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဌ ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း မိုးညှင်းခရိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ မေတ္တာ ရပ်ခံစာတွင် နှစ်ဦးနှစ်ဖက် တာဝန် ရှိသူများ အားလုံး အပစ်ခတ် ရပ်စဲပေးကြရန်၊ နှစ်ဖက် တာဝန်ရှိ လူကြီးမင်းများ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် အမြန် တည်ဆောက် ပေးကြရန် ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု အပြည့်ဖြင့် တရင်းတနှီး လက်ဆွဲ နှုတ်ဆက်ကြကာ ကချင်ပြည်နယ်ကြီး တစ်ခုလုံး ငြိမ်းချမ်းပြီ်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာ နိုင်ငံတော် လွှတ်တော်မှ ကြေငြာနိုင်ရန် စသည့် အချက်သုံးချက် ပါဝင်သည်။
သာပေါင်းတွင် လူပေါင်းရာနှင့်ချီ ဖျားနာ
ပြီးခဲ့သည့် သြဂုတ်လက တွေ့ရသည့် သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာ အလယ်တန်းကျောင်း (ဓာတ်ပုံ - သန့်စင်ငြိမ်းချမ်း/ဧရာဝတီ)
ရေကြီးမှုဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖျားနာနေသူ ရာနှင့်ချီရှိသည်ဟု သိရသည်။
ထန်းဇင်လှ၊ ထန်းကြို့ကုန်း၊ အင်းကလေးနှင့် အနီးနားကျေးရွာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင် ဖျားနာကြခြင်း ဖြစ်ပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဆိုသည်။
ထန်းဇင်လှကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းသားစုစုပေါင်း၏ ၃ ပုံ ၁ ပုံခန့်မှာ ဖျားနာနေကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင်က ပြောသည်။
“ကျနော်တို့ကျောင်းမှာ ကျောင်းသား စုစုပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အခု ကျောင်းသား ၁၀၀ လောက် ဖျားနေတယ်။ စာမေးပွဲဖြေတာတောင် ဖျားနေလို့ စောင်ခြုံတွေနဲ့ လာဖြေကြရတယ်” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းအဖြစ် US မှာ ကြိုဆို
ဓာတ်ပုံ- AFP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို ဆိုက်ရောက်ချိန်မှာ ဘဲ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်တဲ့ အကျဉ်းသား ၅ ရာကျော်ကို မြန်မာအစိုးရက လွတ်ငြိမ်းသက်သာ ခွင့် ပေးလိုက်ပါတယ်။ ဒါက လည်း ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင် စု ကို နောက်တပတ် မလာခင် ရှေ့ပြေး လက္ခဏာ အသစ်တခုလည်းဖြစ်ပါတယ်။
အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
Photo: အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က  တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ  မေးမြန်းခွင့်ရခဲ့ပါတယ်။  အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
မေး ။  ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နည်းနည်း ပြောပြပေးပါ။
-       – ယေဘူယျ ပြောရရင် အဓိက ဆွေးနွေးခဲ့ကြတာကတော့ National identity နဲ့ ၂၁ ရာစုမြန်မာနိုင်ငံရဲ့ Citizenship မြန်မာနိုင် ငံ၏  တိုင်းရင်းသားတော့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။
မေး။  ။ အဲဒီ ဆွေးနွေးပွဲမှာ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ကြားပါတယ်။ ဥက္ကဌက ဘာ တွေကို ဆွေးနွေးခဲ့ပါလဲ။
-      -  ကျွန်တော်တို့က အထူးသဖြင့် အမျိုးသားလက္ခဏာ မပျောက်ပျက်ဖို့ အတွက် ဘာတွေကို လုပ်သင့် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ နောက်ပြီး နောက် နိုင်ငံသားဖြစ်မှုနဲ့ ပတ် သတ်လို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆွေးနွေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ဆော်ဒီဘက်က လာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် တူရကီဘက်ကလာတဲ့ စပ်ကြောင်းနဲ့  အထူးသဖြင့် အစ္စလာမ်မစ် စက်ကြောင်း၊ အဲဒီ စပ်ကြောင်းနဲ့ အရှေ့တောင်အာရှ ယိုးဒယားအ ထိ ရောက်နေတဲ့ စပ်ကြောင်း အကြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတည်ရှိမှု အဲဒီတည်ရှိ မှု အဓိက အရေးပါတဲ့ အနောက်ဘက် ရခိုင်ပြည်၏ တံခါးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဲဒီအခြေ အနေ ယင်းအခြေအနေ မတိုင်မီကဆိုရင် ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းကို သွားကြမယ်ဆိုပြီး တနှစ်ခွဲခန့် လုပ်နေတဲ့ကာလ အဲဒီကာလမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှု အဲဒီကာလတွေကို ပြန်သုံးသပ်တဲ့အခါ မှာ ဒီပြည်ထောင်စုကြီး မစစ်မှန်တဲ့အတွက် အမျိုးသား အသွင်လက္ခဏာတွေ ပျောက်လုနီးပါး အခြေ အနေကို အဲဒီနှစ်ပေါင်း ၆၀ ရဲ့ အတွေ့အကြုံကိုယူပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှ တိုင်းရင်းတမျိုးချင်းရဲ့ identity ကိုဖော်ထုတ်နိုင်မှ ပြည်ထောင်စုရဲ့ identity ပေါ်လာမယ်။ အဲဒီလို ပေါ်လာပြီးမှ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီးဖြစ်မယ်ဆိုရင် တနိုင်ငံလုံး တမျိုးသားလုံး ရဲ့ ခုနက identity မပျောက်ဖို့ အရေးကြီးတဲ့ ကာလဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ အဲဒီပြဿနာ နဲ့  ယင်းပြဿနာ နိုင်ငံသားပြုမှုဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ ခိုင်ခန့်တိကျ၊ သမာသမတ်ကျကျ တည်ရှိနေမှု အကြောင်းကို ကျွန်တော်တို့ အကြမ်း အားဖြင့် ဆွေးနွေးပါတယ်။ ကျွန်တော်တို့  ၁၀ မိနစ်လောက်ဘဲ ကျွန်တော်တို့ အချိန်ရပါတယ်။
မေး။     ။ အဲဒီဆွေးနွေးပွဲမှာ တခြားလူတွေက ရခိုင်ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေကိုဆွေးနွေးကြပါသလဲ။ သိသလောက် နည်းနည်း ရှင်းပြပေးပါ။
-      -  ကျွန်တော်တို့က ရခိုင်ကိစ္စကို အမြည်းသဘော ဆွေးနွေးပါတယ်။ အမြည်းသဘောဆိုတာက  ဗမာပြည်နဲ့ ခြုံပြီး ဆွေးနွေးပါတယ်။ ဦးကိုကိုကြီးတို့ကလည်း National identity နဲ့ပတ်သတ် ပြီး စုံစမ်းမှုတွေကို တင်ပြပါတယ်။ တော်တော်လေးကို ဆွေးနွေးပါတယ်။ အထူးသဖြင့် သူဆွေးနွေးတဲ့ အချက်မှာဆိုရင် ဘင်္ဂလီဆိုတာ လူမျိုးစု တစုပေါ့။ နယ်စပ် ဒေသမှာရှိ တဲ့ လူမျိုးစုတစုပေါ့။  သတ်မှတ် ထားတဲ့ ဘောင်ဒရီ (Boundary) အတွင်းမှာ ဟိုဘက်ဒီဘက် နယ်စပ်မှာ ခွပြီး နေထိုင်ကြတယ်။ ဥပမာ ရှမ်းနယ်စပ်မှာလည်း ရှမ်းဆိုတာ ဟိုဘက် ဒီဘက်မှာ ရှိတယ်။ အပေါ်ပိုင်းက ချင်း နယ်စပ် မှာလည်း ရှိတယ်။ အဲဒီလို ရခိုင် နယ်စပ် မှာလည်းရှိရမယ်။ ရခိုင်မျိုးနွယ်စုဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်က သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်နဲ့ Cox”s bazar နယ်တွေမှာရှိတာကို ထောက်ပြ တယ်။ အဲဒီလို ဒီဘက်က မျိုးနွယ်စု တစုဟာ ဒီဘက်မှာသာ ရှိပြီး  ဟိုဘက်မှာလည်း  ရှိပါတယ်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာတော့ ဒီမျိုးနွယ်စုက ဒီဘက် မြန်မာဘက်မှာ ရှိနေပြီး  ဘင်္ဂလာဒေခ်ျ့ဘက်မှာ လုံးဝမရှိဆိုပြီးပြောနေတဲ့ ငြင်းပယ်နေတဲ့ ကိစ္စတွေကို ထောက်ပြပါတယ်။  ဘင်္ဂလီဆိုတဲ့ မျိုးနွယ်စုကလည်း အင်မ တန်ကြီးမားတယ်။ တဂိုးလ်က စပြီး သူပြောတယ်။ ဒီဘက်မှာ ဒီဘက်မှာလည်း မျိုးနွယ်စုရှိသလို ဘင်္ဂလာဒေ့ခ်ျ ဘက်မှာ လည်း ဒီမျိုးနွယ်စု ရှိရမယ်ဆိုတဲ့ သဘောနဲ့ သူဆွေးနွေး ပါတယ်။ ဒါကြောင့် သူတို့ဖန်တီးထားတဲ့ မျိုးနွယ်စုတစုက ရခိုင်ပြည်ဘက်မှာသာ ရှိပြီး ဘင်္ဂလာဒေ့ခ်ျ ဘက် မှာလုံးဝ မရှိ။ အဲဒီနိုင်ငံကလည်း သူတို့နိုင်ငံဘက်က လူမျိုးနွယ်စု မဟုတ်လို့ပြောတာဟာ ယုတ္တိဗေဒ အားဖြင့် သူလက် မခံနိုင်ဘူး ဆိုပြီး သူဆွေးနွေးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသား ဥပဒေနဲ့ ပတ်သတ်ပြီး ဘယ်လိုလိုအပ် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ ဇာကနာကလည်း ပြောပါတယ်။ ဆရာ ဦးကျော်ဝင်းတို့ကလည်း ခေတ်စနစ်ကို ချိန်ပြီး ဆွေးနွေးပါတယ်။ နောက် တိုင်းရင်းသား ရေးရာဝန်ကြီး ဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်ကလည်း သူ့အမြင်ကို ဆွေးနွေးပါတယ်။ နောက်ကျွန်တော်တို့ ဦးအေးသာအောင်  နောက် NDPD က ဦးကျော်လှထင်ပါတယ်။ သူကတော့ သူ့ဟာသူ ကုလားလို့ ပြောပါတယ်။ သူတို့ရဲ့ ဒီနိုင်ငံမှာ နှစ် ပေါင်းများစွာတည်ရှိတဲ့ သမိုင်းတည်ရှိမှု၊ ရခိုင် ဘုရင်လက်ထက် ကတည်းက အစ္စလာမ်ဘာသာရှိ မှု တွေကိုသူဆွေးနွေးပါတယ်။ နောက်ပြီး သူတို့ရဲ့ ရပ်တည်မှုတွေကို တော်တော်လေး အာပေါင် အာရင်း သံသံနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နောက်ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နောက်တက်ရောက်လာကြတဲ့ ပညာရှင်တွေကလည်း ထောက်ပြီး မေးမြန်းတာတွေ အများကြီး ရှိပါတယ်။ အဲဒါကို Panelists တွေက တာဝန်ယူပြီး  ရှင်းပြကြပါတယ်။
မေး။  ။ ဒီဆွေးနွေးပွဲက ရခိုင်လူမျိုးတွေအတွက် အကျိုးရှိတယ်လို့ မြင်ပါလား။ ဥက္ကဌအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
-       -  ဆွေးနွေးပွဲ တစ်ခုဆိုတာက အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆို ရင် ဗမာပြည်သူလူထုရဲ့အမြင်၊ တိုင်းရင်းသားပေါင်းစုံရဲ့အမြင်၊ နောက်ပြီး နိုင်ငံရေးပါတီပေါင်းစုံ ရဲ့အမြင်တွေကို ဒီဆွေးနွေးပွဲမှာ တစုံတခုသော အတိုင်းအတာအထိ ထင်ဟပ်ပါတယ်။ အားလုံးက တော့ ရခိုင်ပြည်အရေးဟာ ဗမာနိုင်ငံတခုလုံးရဲ့ အရေးဆိုပြီး သူတို့ ယူဆပါတယ်။ ဗမာတမျိုးသားလုံး ရဲ့ identity မပျောက်ဖို့ အတွက် လိုအပ်ကြောင်းကိုလည်း သူတို့သဘောပေါက်ပါတယ်။ ဒါကြောင့် လူဦးရေ ဖောင်းပွမှုကြီးတဲ့ နိုင်ငံနှစ်ခုအကြားမှာ  အင်မတန်မှ မြန်ဆန်စွာနဲ့ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှု အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ကျွန်တော်တို့ဒေသကို လွှမ်းမိုး လာနိုင်မှုတွေကိုလည်း ဆင်ခြင်စဉ်းစားပါတယ်။ နောက် နိုင်ငံတကာရဲ့ Globalization နဲ့လည်းတွေးပါ တယ်။ နောက် ၁၉၈၂ ခုနှစ်ရဲ့ ဥပဒေလိုအပ်မှု  ဒါတွေကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးကြပါတယ်။ သို့သော်လည်း ဒီလိုဆွေးနွေးမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယူတချက်တစ်ခုကို ကျနော်တို့  ဆုံးဖြတ်ချက် ချနိုင်အောင်အထိ တော့ ရချင်မှ ရပါမယ်။ သို့သော်လည်း ဖြေရှင်းချက် တခုကို ရဖို့အတွက် ဆွေးနွေးပွဲများစွာကိုဖြတ် သန်းပြီး အမြင်များကိုရရှိပြီးမှ တကယ့်လက်တွေ့ ဖြစ်ပျက်မှုနဲ့ မကင်းကွာတဲ့ အယူအဆတွေကို သုံးသပ် ဆုံးဖြတ် ထည့်သွင်း နိုင်ရင်တော့ ကျွန်တော်တို့လက်ရှိ ဖြစ်နေတဲ့ ပြဿနာအားလုံးကို လိုအပ်တဲ့ ကာလတခုမှာတော့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားသားတွေတက်ရောက်ပါလား။ ဥပမာ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ တက်ရောက်တာတွေ ရှိပါလား။
-       – ဒေါက်တာအေးချမ်းတို့ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့  တရက်စောပြီး ဆွေး နွေးကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့  ဆရာအေးချမ်းကတော့ ဂျပန်ကို မနေ့ကတည်းက ပြန်သွား ပါပြီ။ အဲဒီနေ့က ကျွန်တော် ရခိုင်မှာဘဲ ရှိနေပါတယ်။
မူရင်းသတင်း--Narinjara
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေး
နွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
မေး ။ ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နည်းနည်း ပြောပြပေးပါ။
- – ယေဘူယျ ပြောရရင် အဓိက ဆွေးနွေးခဲ့ကြတာကတော့ National identity နဲ့ ၂၁ ရာစုမြန်မာနိုင်ငံရဲ့ Citizenship မြန်မာနိုင် ငံ၏ တိုင်းရင်းသားတော့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။
မေး။ ။ အဲဒီ ဆွေးနွေးပွဲမှာ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ကြားပါတယ်။ ဥက္ကဌက ဘာ တွေကို ဆွေးနွေးခဲ့ပါလဲ။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်အခမ်းအနားကျင်းပ
Photo: နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်အခမ်းအနားကျင်းပ
နိုင်ငံရေးဆိုင်ရာ ရွှေဝါရောင်  တော်လှန်ရေးနေ့ ငါးနှစ်ပြည့်  နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့-သက္ကံသီလဇေယျသိဒ်္ဓိ ပဋ္ဌာန်းကျောင်းတိုက်တွင် စက်တင် ဘာလ ၁၈ ရက် နေ့လည် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်  ရေးပြုလုပ်ခဲ့စဉ်က ပါဝင်လှုပ်ရှား ခဲ့သည့် သံဃာတော်များ နိုင်ငံ ရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ်္ဂိုလ် များ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရွှေ ၀ါရောင်တော်လှန်ရေးလှုပ်ရှားခဲ့ စဉ်ကပါဝင်ခဲ့သည့် ဆရာတော် ဦးစန္ဒာသီရိက “လက်ရှိအချိန်အထိ  အစိုးရက ပြောင်းလဲသွားပေမယ့် ဆရာတော်တို့တွေတညီတညွတ်  တောင်းဆိုခဲ့တဲ့ကိစ္စတွေကို လိုက် လျောပေးခြင်းမရှိသေးဘူး။ ဒါကြောင့် အားလုံးက ရွှေဝါရောင်စိတ်ဓာတ် နဲ့ တိုက်ပွဲဆက်ဝင်ဖို့လိုအပ်တယ်” ဟု ပြောကြားသည်။
ယင်းအခမ်းအနားတွင် ရွှေ ၀ါရောင်တော်လှန်ရေးနေ့ကျင်းပ ရေးကော်မတီက မြန်မာတစ်နိုင်ငံ  လုံးရှိ တောင်သူဦးကြီးများကြုံတွေ့ ရသည့် လယ်သိမ်း၊ ယာသိမ်း ပြဿနာများ အလုပ်သမားထု တစ်ရပ်လုံးရင်ဆိုင်နေရသည့် လုပ်ငန်းခွင်အနေအထားနှင့် ရပိုင်ခွင့်ဆိုင်ရာပြဿနာများကို နိုင်ငံတော်အစိုးရအနေဖြင့် အတတ်  နိုင်ဆုံးပြေလည်အောင်ဖြေရှင်းပေး စေလိုကြောင်း၊ အမျိုးသားပြန်လည်  သင့်မြတ်ရေး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် အားလုံးပါ ၀င်ဆောင်ရွက်ခွင့်ရရန် ကျန်ရှိနေ သေးသည်။ ရဟန်းသံဃာတော် များအပါအ၀င်နိုင်ငံရေးအကျဉ်း သားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလို ကြောင်း၊ တိုင်းရင်းသားဒေသများ    တွင် လက်နက်ကိုင်ပဋိပက္ခများ  ဖြစ်ပွားလျက်ရှိပြီး ဒေသခံများ ဒုက်္ခရောက်နေရသူကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ ဆုံအဖြေရှာကြရန် တိုက်တွန်းလို သည်ဟု ၂၀၀၇-၂၀၁၂ ဆိုင်ရာ သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာသည်။
ရွှေဝါရောင်တော်လှန်ရေးနေ့ မှာ ကျဆုံးသွားသူတွေနဲ့ လက်ရှိ  ယုံကြည်ချက်ကြောင့် ကျခံနေရ သူတွေကို ဆုတောင်းမေတ္တာပို့ ပေးတယ်၊ ဒီပွဲလေးကိုတော့ သံဃာအားလုံးဝိုင်းဝန်းဦးစီးလုပ် ကြတယ်၊ အခုနိုင်ငံလုံးဆိုင်ရာရွှေ ၀ါရောင်တော်လှန်ရေးနေ့ကို စက်တင်ဘာ ၁၈ ရက်အဖြစ် တစ်ခါတည်းသတ်မှတ်တယ်”ဟု ရွှေဝါရောင်တော်လှန်ရေးနေ့အခမ်း အနားဖြစ်မြောက်ရေးဦးစီးဆောင် ရွက်သူဆရာတော်ဦးကောဝိဒမှ ပြောသည်။
ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှလည်း အဖွဲ့အစည်းများလွတ်လပ် စွာဖွဲ့စည်းလှုပ်ရှားခွင့်မပြုသေး ကြောင်း၊ မီဒီယာလွတ်လပ်ခွင့် များအတွက်လည်း တိုက်ပွဲဝင်နေ ရဆဲဖြစ်ကြောင်း၊ ပြည်သူတို့ကို စားဝတ်နေမှုဒုက္ခများ မငြိမ်းချမ်း  သေးသော ပြည်တွင်းစစ်မီးတောက် များ သဘာဝပတ်ဝန်းကျင်ပျက်စီး  မှုများ လယ်သမားအလုပ်သမား  ကျောင်းသားတို့၏ အခွင့်အရေး  ဆုံးရှုံးနစ်နာမှုများကို အလျင်အမြန်  ဖြေရှင်းပေးမှသာ ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်း ပေါ်သို့ အမှန်တကယ်ရောက်ရှိ  နိုင်မည်ဟု နိုင်ငံလုံးဆိုင်ရာရွှေဝါ ရောင်တော်လှန်ရေးနေ့အခမ်းအနား သို့ သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိရဟန်းသံဃာ တော်များ ဦးဆောင်ကာလှုပ်ရှား  ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မေဇင်ကို
မူရင်းသတင်း--The Hot News
နိုင်ငံရေးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ ငါးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့-သက္ကံသီလဇေယျသိဒ်္ဓိ ပဋ္ဌာန်းကျောင်းတိုက်တွင် စက်တင် ဘာလ ၁၈ ရက် နေ့လည် ၁၂ နာရီတ
ွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန် ရေးပြုလုပ်ခဲ့စဉ်က ပါဝင်လှုပ်ရှား ခဲ့သည့် သံဃာတော်များ နိုင်ငံ ရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ်္ဂိုလ် များ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရွှေ ၀ါရောင်တော်လှန်ရေးလှုပ်ရှားခဲ့ စဉ်ကပါဝင်ခဲ့သည့် ဆရာတော် ဦးစန္ဒာသီရိက “လက်ရှိအချိန်အထိ အစိုးရက ပြောင်းလဲသွားပေမယ့် ဆရာတော်တို့တွေတညီတညွတ် တောင်းဆိုခဲ့တဲ့ကိစ္စတွေကို လိုက် လျောပေးခြင်းမရှိသေးဘူး။ ဒါကြောင့် အားလုံးက ရွှေဝါရောင်စိတ်ဓာတ် နဲ့ တိုက်ပွဲဆက်ဝင်ဖို့လိုအပ်တယ်” ဟု ပြောကြားသည်။
သြစတေးလျှ မှ မီးဆင်နှာမောင်း တိုက်
Photo: သြစတေးလျှ မှ မီးဆင်နှာမောင်း တိုက်
by FNG on September 18, 2012
ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ်
သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာ
မောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ
ကျောက် တောင် ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာ
လ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်တမ်း တင်ထား သူ
Chris Tangey က  ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။
whirlwind of fire ၊ a fire tornado ၊fire devil လို့  ခေါ် ကြတဲ့
မီးဆင် နှာ မောင်း ဟာ ၁၉၂၃ ခုနှစ်က ဂျပန် နိုင်ငံ မှာ မဟာ ကန် တို ငလျှင်
ကြီး လှုပ် ခဲ့ စဉ်က တိုက်ခိုက် ခဲ့ ရာ မှ ၁၅ မိနစ် အတွင်း လူ လေးထောင်
နီး ပါးသေဆုံး တယ် လို့  ဆို ပါတယ်။
ဒီဒေသ မှာ အမဲ ပြစ် ထွက် နေကျ သူ တစ်ဦး ကတော့ ” ကျွန်တော် ဒီနေ ရာ
မှာ နှစ်စဉ် အမဲ ပြစ် တာ ၂၃ နှစ် ရှိ ပြီ တစ်ခါ မှ ဒါမျိုး မတွေ့ ဘူး သေး ဖူး
လို့  ပြောပါတယ်။
Brewing storm: The fire whirl occurred in the Australian outback as the red cliffs show the area's trademark look
မူရင်းသတင်း--Freedom News Group(Burma)
ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ်
သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာ
မောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ
ကျောက် တောင် ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာ
လ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်တမ်း တင်ထား သူ
Chris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။
whirlwind of fire ၊ a fire tornado ၊fire devil လို့  ခေါ် ကြတဲ့
မီးဆင် နှာ မောင်း ဟာ ၁၉၂၃ ခုနှစ်က ဂျပန် နိုင်ငံ မှာ မဟာ ကန် တို ငလျှင်
ကြီး လှုပ် ခဲ့ စဉ်က တိုက်ခိုက် ခဲ့ ရာ မှ ၁၅ မိနစ် အတွင်း လူ လေးထောင်
နီး ပါးသေဆုံး တယ် လို့  ဆို ပါတယ်။
အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အချို့အား အလုပ်ထုတ်၍ MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်
Photo: အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အချို့အား အလုပ်ထုတ်၍ MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ(MWDC အရက်စက်ရုံ)တွင် အလုပ်သမားအဖွဲ့အစည်းမှ
ခေါင်းဆောင်သူအချို့ကို အလုပ်မှရပ်နားစေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင်
အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကိုလည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက်သောကြောင့် ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
အလုပ်သမားများ ထပ်မံလျှော့ချထုတ်ပယ်ခြင်းမပြုရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေး၊ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး အစရှိသည့် အချက်များကို တောင်းဆို၍ ဆန္ဒပြခဲ့ကြသည်။
မူရင်းသတင်း--7Day News Journal
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ(MWDC အရက်စက်ရုံ)တွင် အလုပ်သမားအဖွဲ့အစည်းမှ
ခေါင်းဆောင်သူအချို့ကို အလုပ်မှရပ
်နားစေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင်
အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကိုလည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက်သောကြောင့် ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်
Photo: ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်
by FNG on September 18, 2012
တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)
တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာ
တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်း
စာ မှာ ဖော်ပြထား ပါတယ်။
စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င်
အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး  ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်
ခံ ခဲ့ တယ် လို့  ဆို ပါတယ်။
ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေ
ပြသထား ပါတယ်။
အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ 
လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။
Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ၀တ်လစ်
စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့  ရင် အရေး ယူအပြစ် ပေးမယ် လို့  ဖော်ပြ ထား ပါတယ်။
မြန်မာ နိုင်ငံ ရဲ့  အိမ် နီး ချင်း နိုင်ငံ  ဖြစ်တဲ့ တရုတ် နိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ
မမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့  ဆို ပါတယ်။
မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ၀တ်လစ်စလစ် နီး ပါး မဖြစ် သေးတာ
ကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့  မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါ
တယ်။
လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှု
ခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ ရ သေးဘူး လို့  ရန်ကုန် မြို့  က ဟို
တယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။
မူရင်းသတင်း--Freedom News Group(Burma)
တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)
တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့
ကုမ္ပဏီ ကို လည်း အရေးယူတာ
တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်း
စာ မှာ ဖော်ပြထား ပါတယ်။
စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င်
အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်
ခံ ခဲ့ တယ် လို့  ဆို ပါတယ်။
ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေ
ပြသထား ပါတယ်။
အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ 
လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။
မိုဘိုင်းဖုန်းဆိုင် အချို့တွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ် များ စတင်ရောင်းချ
ရန်ကုန် ၊ စက်တင်ဘာ ၁၈
မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများ မျှော်လင့်လျက် ရှိသော ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ကို ရန်ကုန်မြို့ တော်ရှိ မိုဘိုင်း ဖုန်းဆိုင် အချို့တွင် စက်တင်ဘာလ(၁၈) ရက်နေ့မှ စတင် ရောင်းချ နေပြီဖြစ် ကြောင်း အဆိုပါ ငွေဖြည့်ကဒ် ဝယ်ယူ သုံးစွဲခဲ့သူများနှင့် မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များ ထံမှ စုံစမ်း သိရှိ ရသည်။
“ ကဒ်တွေကတော့ မနေ့က စရောက်တယ် ၊ ရောင်းတာတော့ ဒီနေ့မှ စရောင်းတာပါ” ဟု အဆိုပါ ငွေဖြည့်ကဒ်များကို စတင် ရောင်းချပေးနေပြီ ဖြစ်သော Sim-Net မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ခံ အမျိုးသမီး ကပြောကြားသည် ။
အဆိုပါ ၅၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို ဆိုင်အချို့တွင် စတင်ရောင်းချပေးနေပြီ ဖြစ်သော် လည်း Elite Tech ၊ Do Co Mo အပါအဝင် အခြား မိုလ်ဘိုင်း ဖုန်းအရောင်းဆိုင် အချို့တွင် ရောင်း ချခြင်း မရှိသေး ကြောင်း အဆိုပါ မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များထံမှ သိရှိရသည် ။
ရန်ကုန်တွင် မီးမကြာခဏ ပြတ်တောက်ရခြင်း အကြောင်းရင်း
ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေရခြင်းမှာ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန်အတွက် ဓာတ်အားခွဲရုံများရှိ လျှပ်စစ်ပစ္စည်းများအား အစားထိုးလဲလှယ်ခြင်းနှင့် ရာသီဥတုကြောင့် ဖြစ်တတ်သည့် ချို့ယွင်းမှုများကြောင့်သာ အချိန်အနည်းငယ်ခန့် ပြတ်တောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးညိုဝင်းကပြောသည်။
“နွေရာသီမှာဆို လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုများတယ်လေ။ အဲဒီအချိန်တွေမှာ ဓာတ်အားလိုအပ်ချက်ရှိတဲ့ ကိစ္စတွေကလွဲလို့ ဓာတ်အားခွဲရုံတွေရဲ့ ချို့ယွင်းချက်ကြောင့် မီးပြတ်တောက်မှုတွေ မကြုံတွေ့ရအောင် ဦးတည်ပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အဲဒီအတွက် အချိန်အနည်းငယ်ခန့် ဓာတ်အားပြတ်တောက်မှုတွေ ကြုံနိုင်တယ်။ ဒါကလည်း ခဏပါပဲ။ ဓာတ်အားမလုံလောက်မှုကြောင့် ပြတ်တာမဟုတ်ဘူး”ဟု ဦးညိုဝင်းက ဆက်လက်ပြောသည်။
အမေရိကရောက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်
  အမေရိကန်ပြည်ထောင်စုသို့ လက်ရှိတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီဒီသို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG ၃၀၆ လေယာဉ်ဖြင့် စတင်ထွက်ခွာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံရယူမည်ဖြစ်သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း-ရန်ကုန်)၊ ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှူး၊ U.S. Campaign for Burma) တို့အား National Endowment for Democracy (NED) မှ ချီးမြင့်မည့် ဆုပေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့တွင် ကျင်းပမည့် Atlantic Council Global Citizen Award ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် University of Louisville ၊ ယေးနှင့် ဟားဗတ်တက္ကသိုလ်များသို့လည်း သွားရောက်မည်ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့် Freedom Forum သို့ တက်ရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံသွားရန် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသို့ လက်ရှိတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံ အခြေစိုက် CONDOR လေကြောင်းလိုင်း နိုဝင်ဘာလ၆ရက်တွင် ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင် ပျံသန်းမည်
 condor
ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ်ပြေးဆွဲမည့် ဘိုးရင်း 767-300 ER လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-www.leveldsim.com)
ဂျာမနီနိုင်ငံ အခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၆ရက်နေ့တွင်တိုက်ရိုက် ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်သည်။
Condor လေကြောင်းလိုင်း သည် ခရီးသည် ၂၆၈ဦးဆံ့၊ ဘိုးရင်း 767-300 ER လေယာဉ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ ရန်ကုန် မှ ဖရန့်ဖတ်သို့ စတင်ပျံသန်းမည် ဖြစ်သည်။
ဂျာမနီနိုင်ငံအခြေစိုက် Condor လေကြောင်းလိုင်းသည် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့တွင် ရန်ကုန် မြို့သို့စတင်ထွက်ခွာလာမည် ဖြစ် ကာ၊ ရန်ကုန်မြို့မှ ဖရန့်ဖတ်မြို့ သို့ နိုဝင်ဘာလ ၇ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။
2012 Hellman-Hammett Grants ဆုရရှိခဲ့သူ ကိုဇော်သက်ထွေးနှင့်တွေ့ဆုံခြင်း
လွတ်လပ်စွာရေးသားပြောဆိုခွင့် (Freedom Of Expression)နှင့်ပတ်သက်ပြီးတက်ကြွစွာလှုပ်ရှားခဲ့ကြသည့် ကမ္ဘာတစ်လွှားမှ စာရေးဆရာ၊ အယ်ဒီတာ၊ ဂျာနယ်လစ်အား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) မှ ဦးဆောင်ပြီး နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett Grants ဆုအား မြန်မာနိုင်ငံမှ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒုတိယအကြိမ်အဖြစ် ကိုဇော်သက်ထွေးမှ ရရှိခဲ့ကြောင်း HRW မှ အကြောင်းကြားလာခဲ့ရာ အဆိုပါဆုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်တင်ပြအပ်ပါသည်။
မေး - အမေရိကန်နိုင်ငံ နယူးယောက်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ Hellman-Hammett ဆုကို မြန်မာမာနိုင်ငံက ဆရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး ဒီဆုအကြောင်းကို ရှင်းပြပေးပါဦးဆရာ။
ဖြေ - ဒီဆုကို နယူးယောက်မှာ အခြေစိုက်တဲ့ HRW အဖွဲ့က ရွေးချယ်ပြီးပေးတာပါ။ ဒီဆုကို ၁၉၈၉ ခုနှစ်မှာ စတင်ပြီးပေးခဲ့တာဖြစ်ပြီး ဆုငွေတွေ မတည်ပေးခဲ့သူကတော့ အမေရိကန်ပြဇာတ်ရေး ဆရာမကြီး Lillian Hellman က မတည်ပေးတာပါ။ ကမ္ဘာနေရာ အနှံ့အပြားက စာရေးသားပြီး အများအကျိုးဆောင်ရွက်ရင်း ဒုက္ခ ရောက်နေတဲ့ စာရေးဆရာတွေ၊ အယ်ဒီတာတွေ၊ ဂျာနယ်လစ်တွေ၊ စာရေးသားခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေသူတွေကို ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အစဉ်တစိုက်လှုပ်ရှားခဲ့ သူတွေကို ပေးအပ်တာလည်းဖြစ်ပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်
ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း  ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းမှတစ်ဆင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ အပြောင်းအလဲ ပြုလုပ်ခဲ့မှုအရ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်တို့ကို ပညာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခဲ့ပြီး အဆိုပါ ညွှန်ကြားရေးမှူးချုပ် နေရာများသို့  ကာကွယ်ရေးဝန်ကြီးဌာနများမှ ဗိုလ်မှူးကြီးများကို ခန့်အပ်လိုက်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနများသို့ ပြောင်းရွေ့တာဝန်ပေးလိုက်ပါသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆို
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် ဒီကနေ့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ကျင်းပသည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ တက်ရောက်နေစဉ်။
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို အခုလို ပြောပါတယ်။
ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်း တစ်ဦးနှင့်တွေ့ဆုံခြင်း
Photo: ABSDF (မြောက်ပိုင်း) ကျောင်းသားဟောင်း တစ်ဦးနှင့်တွေ့ဆုံခြင်း
Written by  ရဲဝင်းနိုင်
“ဒီပြောင်းလဲမှုဟာ အားလုံးပါဝင်ပတ်သက်ရမယ့် ပြောင်းလဲမှုပါ”
၈၈ ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို မြေအောက်ဒေသအသီးသီးတွင် ဖွဲ့စည်းခဲ့ကြပြီး ABSDF (မြောက်ပိုင်း)ဒေသ၌ တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲချက်နှင့် ၁၉၉၂ ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြုံခဲ့ရသည်။ ယင်းမှ ABSDF မြောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တာဝန်ယူခဲ့သူ ABSDF ကျောင်းသားဟောင်း ကိုညီညီကျော်နှင့် The Voice Weekly တို့ သီးသန့်တွေ့ဆုံခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်သည်။
VOICE:း ABSDF ကို ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့တာလဲ။
UNNK: စတင်ဖွဲ့စည်းတုန်းကတော့ ကျွန်တော်တို့ မမီဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒေသအသီးသီးက ရောက်လာ တဲ့ကျောင်း သားတွေကို NDF လို့ခေါ်တဲ့ ဒေသလူ မျိုးစု အဖွဲ့အစည်းတွေက အကူအညီပေး ပြီးတော့ ၈၈ မတိုင်မီက ကြိုးစားခဲ့ကြ တာ။ ၈၈ ပြီးတော့ အကောင်အထည် ပေါ်ခဲ့ပါတယ်။
VOICE: တပ်ရင်းအနေနဲ့ ဆိုရင်ရော။
UNNK:တပ်ရင်းက မွန်ပြည်နယ်က စပေးတယ်။ ၁၀၀ ကနေ စပေးတယ်။ ၁၀၁၊ ၁၀၂ ကရင်ပြည်နယ်က ၂၀၀ ကနေ စပေးတယ်။ ၂၁၂ အထိရှိခဲ့တယ်။ နောက် ကယားပြည်နယ်က ၃၀၁၊ ရှမ်းပြည်နယ် က ၄၀၁၊ ပလောင်နယ်မြေက ၅၀၁၊ ပအိုဝ့်နယ်မြေက ၆၀၁၊ ကချင်ပြည်နယ် က ၇၀၀ ကျော် ၇၀၁၊ ၇၀၂။ ချင်းက ၈၀၁။ နာမည် ရှိပေမယ့် သူမဖွဲ့စည်းဖြစ် ဘူး။ ချင်းကျောင်းသား အနေနဲ့ပဲ ဖြစ်ခဲ့ တယ်။ နောက် ရခိုင်က ၉၀၁။ အဲဒီလို မျိုး ABSDF က ဖွဲ့စည်းတယ်။
VOICE:း မြောက်ပိုင်းမှာ ကျောင်းသား ဘယ်နှယောက်လောက် ရောက်ခဲ့လဲ။
UNNK: ကျောင်းသားအနေနဲ့ ကိုယ် ပိုင်နံပါတ် အရ ပြောရင် ၅၀၀ ကျော်ရှိ ပေမယ့် သေတာနဲ့ သွားလိုက်ကြ၊ ပြန် လိုက်ကြဆိုတော့ ကျွန်တော်တို့ နောက် ဆုံးရှိ တဲ့အချိန်မှာ ၃၀၀ ကျော်ရှိတယ်။
VOICE:း ABSDF မြောက်ပိုင်းနဲ့ တောင် ပိုင်း ဘယ်လို ချိတ်ဆက်မှုတွေ ရှိခဲ့လဲ။
UNNK:တောင်ပိုင်းနဲ့ မြောက်ပိုင်း တစ်သဘောတည်းပါပဲ။ အားလုံးအတူ တူပါပဲ။
VOICE: ဦးညီညီကျော်အနေနဲ့ ABSDF (မြောက်ပိုင်း)မှာ ဘာတာဝန် ယူခဲ့တာလဲ။
UNNK: ကျွန်တော် ဗဟိုကော်မတီ တာဝန်ယူခဲ့တာပါ။ အဲဒီမှာလည်း နည်း နည်းတော့ပြောချင်ပါတယ်။ ဗဟိုကော် မတီဆိုတာ ကျွန်တော်တို့ဖွဲ့စည်းပုံက သာမန်ဖွဲ့စည်းပုံနဲ့မတူဘူး။ ကျွန်တော် တို့ဒေသအသီးသီးက ရောက်လာကြတဲ့ အခါ စောစောကပြောသလို ABSDF ကချင်ဆိုတာ မဖြစ်ဘဲနဲ့ ကျွန်တော်တို့ က ဒေသ အားလုံးက ကျောင်းသားတွေ ဖြစ်နေတဲ့ အခါ ဖွဲ့စည်းပုံမှာ ဒေသရေး ရာ တာဝန်ခံဖြစ်တယ်။ ဒေသရေးရာတာ ဝန်ခံဆိုတာ ကိုယ့်ဒေသမှာ ရှိတဲ့ ကျောင်း သားရဲ့ကိုယ်စားလှယ် သဘောမျိုးနဲ့ ဗဟိုကော်မတီမှာ ပါခွင့် ရတာ။ အဲဒီတော့ ကျွန်တော်က မန္တလေး ကျောင်းသားတွေ ရဲ့ ကိုယ်စားလှယ်အနေနဲ့ ဗဟို ကော်မတီ ဖြစ်ခဲ့တာ။
VOICE: မြောက်ပိုင်းမှာ အစုလိုက်၊ အပြုံလိုက် အသတ်ခံရတဲ့ အကြောင်း ရင်းက ဘာလဲဗျ။
UNNK: အကြောင်းရင်းခံက အခြေ အနေ တူကြမှာ မဟုတ်ပါဘူး။ အများ ထင်သလို အာဏာ လုကြတာတို့၊ ကျောင်း သားနှစ်ဖွဲ့ကွဲကြတာတို့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိစ္စကို ကံအား လျော်စွာ သိခွင့် ရခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှစ်လေးလုံး သုံးနှစ်မြောက် အခမ်းအနား ကို ဗဟိုမှာ သွားဖို့အတွက် ရွှေလီကို ရောက်တဲ့ အချိန်မှာ ကျွန်တော်နဲ့အတူ ကိုမျိုးဝင်းနဲ့ ကားတစ်စီးတည်း သွားခွင့် ရတဲ့အတွက် တစ်လမ်းလုံး ပြောပြတာတွေ ရော၊ ကားဆင်းဝယ်တာ တွေရော ဒါ တွေက ကျွန်တော်ကိုယ်တိုင် သိခဲ့ရတာ ပါ။ အဲဒီတော့ အများနဲ့တော့ သဘော တူမှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ကိုယ် ပိုင် အယူအဆကို ပြောရမယ်ဆိုရင် ဖြစ် ရတဲ့အကြောင်းရင်းမှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်။ အဲဒါက အများ နားမလည် နိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ စောစောက ပြောသလို ABSDF ကချင် ဖြစ်လာတဲ့ အခါကျ မြို့နယ် ငါးမြို့နယ်မှာ တစ်မြို့ နယ်မှာ သုံးယောက်နှုန်းဖွဲ့ကြတယ်။ ပထမဆုံး ပြိုကွဲသွားတာက မြစ်ကြီးနား၊ ရွှေကူ အဲဒီလူငယ်တွေဟာ၊ ကျောင်းသား တွေဟာ အများဆုံးစိတ်ပျက်ပြီး ပြန် သွားတယ်။ အဲဒီတော့ ABSDF ကချင် ဟာ အများဆုံး ကျန်ခဲ့တာ မိုးညှင်းနဲ့ မိုးကောင်း ဖြစ်တယ်။ ဘာကြောင့်ဖြစ် သလဲမေးရင် ဒေသခံ တခြား ရည်ရွယ် ချက်ရှိသောသူများနဲ့ ဒီမိုကရေစီအရေး အတွက် မြို့ပေါ် (ရန်ကုန်၊ မန္တလေး အပါအဝင်) ကနေ ရောက်လာတဲ့ ကျောင်း သားတွေ အယူအဆ မတူတာပါပဲ။ အဲဒီ လိုဖြေရင် မှန်ပါမယ်။
VOICE:း စောစောက ပြောသွားတဲ့ လျှို့ဝှက်ချက် ဆိုတာ ကျတော့ ဘာလို့ ပြောလို့ရမလဲ။
UNNK: ပွင့်ပွင့်လင်းလင်း ပြောပါ တော့မယ်။ ဒီဟာက ကချင်ပြည်နယ်မှာ အများစုဟာ ဒေသခံ အများစုဟာ ကချင်။ ဒါပေမဲ့ သူတို့မှာ နာကြည်းချက် တစ်ခု ရှိတယ်။ သူတို့တွေဟာ အသိအမှတ် မပြုခံရတဲ့ နာကြည်းချက် တစ်ခု ရှိတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဒေသခံများဟာ လက်နက် ကိုင် အဖွဲ့အစည်း အဖြစ် ကြိုးစား ကြတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး မှာတော့ ၈၈ အရေးအခင်း ဖြစ်လာတော့ ကျောင်းသားတွေနဲ့ သူတို့ဟာ လက် နက် အကူအညီရော၊ သင်တန်းအကူ အညီရောရခဲ့တယ်။ ရခဲ့တဲ့အခါ သူတို့ ရည်ရွယ်ချက်က သူတို့ဒေသ၊ သူတို့အစွဲ၊ သူတို့လူမျိုးရေးဆိုတဲ့ အနေအထားလေး တွေရှိပါတယ်။ အဲဟာကို ကျွန်တော် တို့က အဲဒီအချိန်တုန်း အရေးတယူ မရှိဘူး။ ကျွန်တော်တို့ ယုံကြည်ရာက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဆိုတာ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့ ရည်ရွယ်ချက်နဲ့ ထိပ်တိုက် တွေ့တဲ့ သဘောလေး တွေရှိနေတယ်။
VOICE:း ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲ အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ရော။
UNNK:အဲဒီကိစ္စက မှန်တာပြောရင်- အားလုံးက ကြိုတင်လည်း သိပါတယ်။ ရိပ်လည်း ရိပ်မိပါတယ်။ ဒါဟာ မထင် မှတ်ဘဲနဲ့ ရုတ်တရက် ပေါ်လာတာမျိုး တော့ မဟုတ်ဘူး။ အဲဒီချိန်မှာ လည်း ကိုလွှမ်းမိုးတို့၊ ကိုအောင်ကျော်တို့ သေ ခဲ့ကြတယ်။ နောက် ကိုမြတ်ကိုတို့ သေ ခဲ့ကြတယ်။ ကိုဇော်ဝင်းတို့ သေခဲ့ကြ တယ်။ နောက်တစ်ခါ စစ်ကိုင်းတိုင်းက ဦးကျော်ကျော်အုန်းတို့ အုပ်စုလိုက် ငါး ယောက် အစုလိုက် အပြုံလိုက် အသတ်ခံ ရတာတွေရှိတယ်။ ရှိတဲ့အခါကျတော့ ဒီဟာ ကျွန်တော့်အမြင်အရတော့ ထောက် လှမ်းရေးလို့ စွပ်စွဲတာ အဓိက မကျဘူး။ ဒါက သတ်မှတ်လိုက်တာ တစ်ခုသာဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ မေးတဲ့မြန်းတဲ့ နေရာမှာ စစ်တဲ့နေရာ မှာရော ဒီထောက်လှမ်းရေးနဲ့ ပတ်သက် ပြီး မေးတာမြန်းတာမျိုးမှမရှိဘဲ။ အပတ် စဉ် (၅) တုန်းက မင်းပြောတဲ့ စကား မှတ်မိလားလို့၊ မင်းတို့ ကော်မရှင် တုန်းက လုပ်ခဲ့တာ မှတ်မိလားလို့ စကားမျိုး တွေဟာ ဒါသက်သေပါ။ အဲဒီတော့ ထောက်လှမ်းရေး အနေနဲ့ ဘယ်နံပါတ် ပဲပြောပြော၊ ဘယ်အဆင့်ပဲ ပြောပြော၊ ဘယ်တာဝန်ပဲ ပြောပြော၊ ဘာမှအရေး မကြီးဘူး။ အရေးကြီးတာ လူတွေကို ဖမ်းဖို့ ဆီးဖို့ပဲ။ ဖမ်းဆီးပြီး စိတ်တိုင်းကျ ရိုက်နှက်ဖို့ပဲ။
အဲဒီမှာ သေချင်လည်း သေသွားနိုင်တယ်။ ဖြည်းဖြည်းချင်းလည်း သေသွားနိုင်တယ်။ မသေရင်လည်း ထုတ်သတ်လို့ ရတဲ့ အခြေအနေပဲ။ အဲဒီ တော့ ကျွန်တော်မြင်တာ ထောက်လှမ်း ရေးဆိုတာ အဓိက မကျဘူး။ ဒါလူဖမ်း ပွဲကြီးပါပဲ။ လူဖမ်းပွဲကြီးမှာ အငြိုးတွေနဲ့ နှိပ်စက်ကြမယ်။ နှိပ်စက်ကြပြီးရင် ပြန် ရှင်စရာတော့ လမ်းမမြင်ပါဘူး။ ဖမ်းပြီး သားလူပါ။ ဥပမာ-တရားခွင်နဲ့ စစ်တာ မျိုးမရှိသလို ထောင်ကျမှာ မျိုးလည်း မရှိ ဘူး။ အမှုမှာ ပေါ့တယ်။ လေးတယ်။ ဘယ်သူကတော့ ပေါ့တယ်။ ဘယ်သူ က တော့ လေးတယ် ဆိုတာမျိုး မရှိဘူး။ ဒီ စွပ်စွဲခံ အားလုံးဟာ (၁၀၆ ယောက်)၊ ကျွန်တော် ပြောချင်တာ အားလုံး သေလူပဲ။ ကြီးတာ ငယ်တာမရှိဘူး။ ဒါကြောင့် လည်း လွတ်မြောက်အောင် ရုန်းထွက်ခဲ့ ကြတာ။ ဒီမတရားမှုကို သာမန် ကိုယ့်ရဲ့ မိခင်တပ်ရင်း သို့မဟုတ် မိခင်အသင်း အဖွဲ့တစ်ခုကနေ အထင်လွဲပြီး ထောက် လှမ်းရေးလို့ စွပ်စွဲ တာမျိုး အားလုံးက အေးအေးဆေးဆေး ရင်ဆိုင်ဖို့ အသင့်ရှိ တယ် ဆိုတော့ အခုဟာက ထောက်လှမ်း ရေးလို့ စွပ်စွဲချက်က အဓိက မကျဘူး။
VOICE:း ဟုတ်ကဲ့ပါ။ ဒီအစုလိုက် အပြုံလိုက် အသတ်ခံ ခဲ့ရမှုမှာ အဓိက တာဝန် အရှိဆုံးဆိုလို့ ပြောလို့ ရတဲ့သူ ရှိရင် ...
UNNK:အဓိက တာဝန် အရှိဆုံးက ပထမဆုံးက မျိုးဝင်းပါ။ သူက RIT ကျောင်းသားပါ။ မိုးညှင်းမြို့နယ် ထဲက နမ္မား ကပါ။ သူစပြီး လုပ်လိုက်တာနဲ့ နောက်ထပ် တာဝန်ရှိသူ တစ်ယောက် တိုး လာပါတယ်။ အဲဒါ ကိုသံချောင်းပါ။ ကိုသံချောင်းက လူရိုးလူဖြောင့်လို့ ပြော ရပေမယ့် ကိုယ်ထိလက်ရောက် လုပ်တဲ့ ဟာတွေမှာ သူကရိုးသားသူ ပီပီ တကယ် ယုံကြည် လာရင် တကယ် လုပ်တာတွေ့ ရတယ်။ အဲဒီကနေ ဘယ်ကို ရွေ့လာသလဲ ဆိုတော့ အရေးပေါ် ဥက္ကဋ္ဌလို့ အတပ်ခံရ တဲ့ ကိုအောင်နိုင်ဆီ ရွေ့လာတယ် ဆိုတော့ အခုအနေနဲ့ ပြောရရင်တော့ ကိုအောင်နိုင် ဟာ တာဝန် ရှိဆုံးပဲ။ တကယ်တမ်း စဖြစ် တဲ့ တာဝန်ရှိသူက ဘယ်သူလဲ၊ သံချောင်း မှန်ပါတယ်။ ဒီလိုမျိုး ရွေ့လာတာ တွေ့ရ တယ်။
VOICE:း ဒီပုဂ္ဂိုလ်တွေ အပြင် တခြား ပုဂ္ဂိုလ် တွေမှာရော တာဝန်ရှိတာမျိုး တွေ့ မိတာ ရှိလား။
UNNK:ကျွန်တော် ပြောချင်တာက ပထမ ဒေသစွဲနဲ့ အခြေအနေရ ဖြစ်ခဲ့တာ။ ဒါက ဒီလောက် ပြင်းထန်တယ်လို့ ပြော လို့ မရဘူး။ ပြဿနာကို စဖန်တီးတာ တော့ မှန်တယ်။ ဒါပေမဲ့ အချင်းချင်း လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေးမှာ မြို့ပေါ်မှာလည်း တွဲလုပ်တယ်။ ပါတီ ကိစ္စတွေ၊ သမဂ္ဂ ကိစ္စတွေ လုပ်ကြတဲ့ အထဲမှာ နားလည်ရင်းနဲ့ ဆက်ပြီး ကျူး လွန်တာကျတော့ ကျွန်တော်တို့က သိပ် ပြီး ခွင့်မပြုဘူး။ အဲဒါကြောင့် ကျွန်တော် ကိုအောင်နိုင်လို့ ပြောတာပါ။ အဲဒီရဲ့ ဟို ဘက်မှာတော့ တာဝန်ရှိသူတွေဟာ ဆက် ပြီး ရွေ့လာတယ်။ အဲဒီတော့ ပြောရ မယ်ဆိုရင် ဗဟိုမှာ တာဝန်ရှိတဲ့ သူများ လည်း လွှတ်မှာ မဟုတ်ပါဘူး။ တာဝန် ယူမှုနဲ့ မဲရဖို့၊ ထောက်ခံမှုရဖို့ လူ လေး ငါးဆယ်ကို ရင်းလိုက်တော့မယ် လို့ ဆုံးဖြတ်တဲ့ အနေအထား တစ်ခုကို ဗဟို ကလာတဲ့ ကိုအောင်နိုင်တို့ ဘက်မှာလည်း တွေ့ရတယ်။ ဒီနေ့ အချိန် အထိလည်း ဒါတွေ တွေ့နေရတယ်။ ဆက်ပြီးတော့ ဒီဟာကို ဒီအတိုင်းပဲ ထားလိုက်ချင်ကြ တယ်။ မဟုတ်လည်း ဟုတ်စေချင်ကြ တယ်။ ဒါကြောင့် ဒီနေ့ ဝင်ပြောနေတဲ့ တာဝန်ရှိပါတယ် ဆိုတဲ့ သူတွေကပါ ကျွန်တော်တို့က မစွပ်စွဲပါဘဲနဲ့ ပတ်သက် မိသလို ဖြစ်နေတယ်။
VOICE:း ဒီအစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ် အပါအဝင် မြောက် ပိုင်းမှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသား အရေ အတွက် ဘယ်လောက်များ ရှိခဲ့လဲ။
UNNK: တစ်ချိန်တည်း တစ်ပြိုင်တည်း ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲချက်နဲ့ သေတာ ၃၅ ယောက်ပါ။ အားလုံးက တော့ မတရား သတ်ဖြတ်ခံရတာ၊ ညှဉ်း ပန်း သတ်ဖြတ်ခံရတာ။
VOICE:း ABSDF မြောက်ပိုင်းဟာ KIA ရဲ့ လမ်းညွှန်အထောက်အကူပြုမှု နဲ့အတူ ဖွဲ့စည်းခဲ့တယ်ဆိုတာ ဟုတ် သလားမသိဘူး။
UNNK:ကျွန်တော် စောစောကတင် ပြခဲ့သလိုပါပဲ။ NDF မူအရ အကူအညီ ပေးတယ်။ ဆိုလိုတာက တစ်သင်းချင်း တစ်ဖွဲ့ချင်းက ကိုယ့်သဘောနဲ့ကိုယ် ဖွဲ့ ခဲ့တာမဟုတ်ဘူး။ ရောက်လာတဲ့ဒေသ အသီးသီးကရောက်လာတဲ့ ကျောင်းသား တွေ သူတို့တပ်ပေါင်းစုကနေ ဆုံးဖြတ် ချက်နဲ့ ပေးလိုက်တယ်။ အဲဒီမှာကျ ကျွန်တော်တို့က ဘာဖြစ်လာလဲဆိုတော့ အားလုံးလက်နက်ကိုင်ရော၊ လက်နက် မကိုင်ရော ပုံမှန်လှုပ်ရှားနေကြတဲ့ DAB ဆိုတာဖြစ်တယ်။ အဲဒီလို ဖြစ်လာတဲ့ အခါကျ ကျွန်တော်တို့က DAB မူနဲ့ သွားခဲ့ရတာ။ DAB မူကလည်း အား လုံးက ကိုယ့်ဒေသမှာရောက်တဲ့သူက ဝိုင်းဝန်း ပံ့ပိုးရတာ။ KIA က တိုက်ရိုက် ဆိုတာထက် တပ်ပေါင်းစုလို့၊ DAB မူ အရလို့ ကျွန်တော်ပြောချင်ပါတယ်။
VOICE:း ကျွန်တော်သိချင်တာက ဗျာ။ စောစောကပြောသလို ABSDF (မြောက်ပိုင်း)ဟာ KIA တို့၊ DAB မူ အရ ကူညီထောက်ပံ့မှုတွေနဲ့ ဖွဲ့စည်းခဲ့ တယ်။ ABSDF (မြောက်ပိုင်း) ဟာ ပြိုကွဲမှုတွေဖြစ်တယ်။ ဒီလိုအချိန်မျိုး၊ အခြေအနေမျိုးမှာ သူတို့ဘက်ကနေ ၀င်ရောက်ထိန်းညှိပေးတာမျိုးတွေရော မရှိဘူးလား။
UNNK:ကျွန်တော်တို့က မြို့ပေါ် တာဝန်ယူခဲ့ရတာ။ ယူပြီးတော့မှ ကျွန် တော်တို့ရောက်လာတော့ ကျွန်တော်တို့ ရောက်တာက ၈၉ ဇူလိုင်။ အဲဒီမှာ တွေ့ရတာက သူတို့မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ကျောင်းသားတပ်နဲ့ ဆက်ဆံတဲ့အခါ တာဝန်ခံထားတာမျိုးတွေ့ရတယ်။ များ သောအားဖြင့် ဖြေရှင်းပေးလေ့ရှိပါတယ်။ သာမန် အသေးအဖွဲကိစ္စလေးတွေမှာ လည်း လာပြီးဖြေရှင်းပေးလေ့ရှိပါတယ်။ ဒီကိစ္စမှာတော့ ကျွန်တော်တို့မြင်တာ သူတို့မှာ အခြားအခက်အခဲ တစ်ခုရှိနေ တယ်။ အိန္ဒိယဘက်ကို ရွှေ့ပြောင်းမယ့် အခြေအနေ။ နောက်တစ်ခုက နန်းယွန်း -ပန်ဆောင် တိုက်ပွဲ အခြေအနေပေါ့။ အဲဒီအခြေအနေ တော်တော်များများက မရှိနိုင်ဘူး။ မရှိတဲ့အချိန်မှာ ကျွန်တော် တို့တွေ့ရတာ DAB မူအရ ဝင်မစွက် ဖက်ပါဘူး ဆိုတာ တွေ့ရတယ်။
VOICE:း ဒီ ABSDF (မြောက်ပိုင်း) မှာ ဦးညီညီကျော်က ဗဟိုမှာလည်း ဗဟိုကော်မတီဝင်တစ်ဦးဆိုတော့ ဒီဖြစ် စဉ်ကနေ ဦးညီညီကျော်လွတ်လာပုံ လွတ်မြောက်လာပုံနဲ့ပတ်သက်ပြီး နည်း နည်းလေးပြောပါဦး။
UNNK:ကျွန်တော့်ကို ဖမ်းတာက စက်တင်ဘာလ ၁၀ ရက်(၁၉၉၁)။ ကျွန်တော် အဲဒီမှာလွတ်မြောက်တာက အောက်တိုဘာလ ၄ ရက်။ ကျွန်တော် ပြည်တွင်းပြန်ရောက်တာက အောက်တို ဘာလ ၁၀ ရက်။ အိမ်ပြန်ရောက်တာ ဒီဇင်ဘာ ၂၆ ရက်။ ကျွန်တော်ထွက်ပြေး လွတ်မြောက်ခဲ့တယ်ဆိုတာ ပြောပြပါ့ မယ်။ အဓိကကတော့ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်နဲ့ ၈၈ စကတည်း က GTI ၊ နောက် အထက်မြန်မာပြည် ဗကသ၊ နောက် ဂေါ်စတာ၊ ဒီလိုနဲ့ နောက်ဆုံး ABSDF အထိ ပတ်သက်ခဲ့ ကြတာ။ အဓိကကတော့ ကိုထွန်းအောင် ကျော်တို့ကို ဖြိုဖို့ပါ။ ဖြိုဖို့ဆိုတော့ ဒီ ဇာတ်လမ်းကို ကျွန်တော့်ဆီက စဖို့ပါပဲ။ တစ်ချိန်လုံး ကြိုးစားခဲ့တာ။
ကျွန်တော့် ရဲ့အမှားတစ်ခုကနေ စပြီးတော့ ကြိုးစား ခဲ့ကြတာ။ အဲဒီတော့ တကယ်တမ်း လည်း အဓိက ကျွန်တော့်ကိုဖမ်းတယ်။ ဖမ်းတဲ့အခါမှာ ကျွန်တော်က အဖမ်းခံ ရတော့ ... တစ်လတိတိ ပြဿနာဖြစ်ပြီး နေမှ အဲဒီနေ့မှာ ကိုထွန်းအောင်ကျော် အပါအ၀င် အားလုံး ၂၂ ယောက်အရေး ကြီးတယ် ထင်တဲ့သူတွေကို အားလုံး အစုလိုက် အပြုံလိုက် ဖမ်းတယ်။ ဖမ်း လိုက်ပြီးတော့ စစ်ဆေးတယ်။ စစ်ကြော တယ်လို့ ခေါ်တဲ့ ဖမ်းဆီး နှိပ်စက်မှုမှာ အဓိကက ကျွန်တော့်ဆီကို ကျတယ်။ ကျွန်တော့်ဆီကို ကျလာတဲ့အခါ နောက် ဆုံးနေ့မှာ ကျွန်တော်က မထနိုင် မလှုပ် နိုင်တဲ့ အခြေအနေကို ရောက်သွားတယ်။ ကျွန်တော့်ကို နဂိုရင်း ဖမ်းထားတဲ့နေရာ ကို ပြန်မပို့နိုင်ဘဲနဲ့ ကျွန်တော့်ကို နီး စပ်ရာထဲမှာပဲ ထားလိုက်တယ်။ တစ် ဖက် အခန်းမှာတော့ ဦးစိန်ရှိတယ်။
ထားလိုက်တဲ့ အခါမှာပဲ သူတို့သွေးပျက် လောက်အောင် ခေါ်ခေါ်လာပြီးတော့ နှိပ်စက်ပြတဲ့အခါ။ ကျွန်တော် လွတ် မယ့် နေ့မတိုင်ခင်ညမှာ ကိုဇော်ဝင်းချစ် သေသွားတယ်။ နောက်ထပ်လည်း ဆက် တိုက်တွေ့နေရတယ်။ တွေ့နေရတော့ အဓိကဘာမေးလဲဆိုတော့ ဟုတ် မဟုတ် မမေးဘူးဗျ။ တစ်ယောက်ကနေပြီးတော့ တခြားငါးယောက်ကို ပြောရတယ်။ အဲဒီ တော့ ကျွန်တော်တို့က ပထမဆုံးပြော တာက သေပြီးသားသူ၊ ထွက်ပြေးပြီး သားသူကို ပြောတယ်။ နောက်ကျတော့ မရတော့ဘူး။ အဲဒါတွေ မပြောရတော့ ဘူး။ နောက်ဆုံး မေးတာကတော့ လုံးဝ လူသစ်ငါးယောက် လိုချင်တယ်။ ဆိုလို တာကတော့ နောက်ဆုံး အချိန်မှာပဲ နောက်ရက် မနက်ကျရင် ကျွန်တော် သေပြီ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ တစ်ရက်တော့ အချိန်ဆွဲခွင့် ရတယ်။ ကျွန်တော် ဒဏ်ရာ သိပ်များနေတယ်။ ခေါင်းမှာလည်း သိပ်များနေတဲ့အတွက် ကျွန်တော် မပြောနိုင်သေးဘူး။ ကျွန် တော်တစ်ရက်တော့ ဆွဲလို့ရတယ်။
ဒီ ထက်ပိုပြီး ရှင်စရာလမ်းတော့မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမဖြစ်နိုင်တဲ့ လူကလည်း ကုန်သလောက်ရှိနေပြီ။ မဖြစ်နိုင်တဲ့ လူငါးယောက် တောင်းတာ မျိုးကျတော့ ...။ တကယ်တမ်းတော့ သတ်ပစ်တော့မှာ။ သတ်ပစ်ရင် ကျွန်တော့် ပါးစပ်က ပြောသွားတဲ့ စကားအရ ကိုထွန်း အောင်ကျော်ကို သတ်ကြမှာ။ အဲဒီအချိန် မှာ ... ကျွန်တော်ထွက်ပြေးတာ မဟုတ် ပါဘူး။ နောက်ဆုံး လုံးဝ သည်းမခံနိုင် တဲ့အခြေအနေမျိုးမှာ မသိစိတ်က လွတ် ထွက်သွားတယ်။ လွတ်ထွက်သွားတဲ့ အခါ ကြိုးချည်ထားတာလည်း ဖြေမိ တယ်။ ထိုင်နေဆို ထသွား မိတာမျိုးပေါ့။ အဲဒီလိုနဲ့ ကျွန်တော် အပြင်ကိုရောက် သွားပြီးတော့မှ ကျွန်တော် လွတ်နေတယ် ဆိုတာသိတယ်။ အဲဒီလို သိပြီးတဲ့နောက် မှာ ကျွန်တော်သိပြီးတဲ့ အတိုင်း အလုပ် လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အဖြစ်အပျက်တွေကနေ တစ်ယောက် ယောက် ရုန်းထွက်နိုင်လို့ရှိရင် ဒီအဖြစ် အပျက် အပြင်ကို ပို့သွားရင် ဒီထက် ဆိုးဆိုးဝါးဝါးမဖြစ်နိုင်ဘူး ဆိုတဲ့အသိနဲ့ ကျွန်တော် ဆက်သွားတာ။
အဲဒီတော့ ကျွန်တော့်စကားကို ပြန်ပြောရမယ်ဆို ရင် ကျွန်တော်က ထွက်ပြေးတာ မဟုတ် ဘူး။ အဲဒီနေ့မှာတော့ ထပ်ဖမ်းနိုင်တဲ့၊ လမ်းမလျှောက်နိုင်တဲ့ အခြေအနေကနေ ပြီးတော့ ကျွန်တော်က အသိစိတ်ပျောက် ပြီးတော့ နောက်ဆုံးအနေနဲ့ လုပ်ချင် တာတွေ လုပ်ပစ် လိုက်တယ်။ ဖြုတ်ချင် ရာ ဖြုတ်ပစ်တယ်။ ထချင်ရာထသွား တယ်။ ထသွားလို့မရရင် လေးဖက် ထောက်သွားတယ်။ မရရင် ... ကုန်း ဆင်းဆို ဖင်ထိုင် လျှောချတယ်။ ပြေး တာတော့ မပြေးနိုင်ဘူး။ အဲဒီအခြေ အနေပါပဲ။ ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုလို့ ပြောရင် ရပေမယ့် ဘယ်အကူအညီမှ မပါပါဘူး။ ဘယ်သူ ကမှ လွှတ်ပေးတာ မဟုတ်ပါဘူး။ ကြိုး ဖြေပေးပြီး ပြေးပါတော့လို့ ပြောရင် တောင် ပြေးနိုင်တဲ့ အခြေအနေ မရှိဘူး။
VOICE:း မြောက်ပိုင်းမှာ ကြွေလွင့်ခဲ့ ရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဦးညီညီကျော် ပြောနိုင်တာ၊ ပြောလို့ရ တာ ပြောပေးပါဦး။
UNNK:အဓိကတော့ ကျွန်တော်တို့ က သူတို့ရဲ့ စိတ်ဓာတ်ကို ချီးကျူးတယ်။ ကျွန်တော်တို့ သေခါနီး လူတွေကို ချုပ် နှောင်ထားတဲ့ အခန်းကြီး တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရတာ။ အဲဒီတော့ ဒီလို စုပြုံထားရင် ကျွန်တော် ကြားဖူးတာက ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’။ ဒါ ပေမဲ့ ဒီနေရာမှာတော့ မတွေ့ရဘူး။ မတွေ့ ရဘူးဆိုတာ တော်တော် တော်ပါတယ်။ အရမ်းကောင်းပါတယ်။ တစ်ယောက်ကို တစ်ယောက် ညှာပါတယ်။ နောက်ဆုံး ဘယ်သူမှ ကိုယ်လွတ် မရုန်းကြပါနဲ့။ လမ်းမလျှောက် နိုင်တဲ့သူတောင် ရအောင် ခေါ်နိုင်တာ တွေ့ရတယ်။ သေတဲ့သူတွေ ကလည်း ရဲရဲရင့်ရင့် သေသွားတယ်။ ငိုတာ၊ ရယ်တာ၊ တောင်းပန်တာမျိုး မရှိဘူး။ ဆိုတော့... ကျွန်တော် ဒီလူတွေ နဲ့ပတ်သက်လို့ တကယ်ပြောချင်တာ သူတို့ စိတ်ဓာတ်နဲ့ သူတို့ရဲ့တကယ့်ကို အံ့သြ လောက်အောင် လေးစားစရာကောင်း တယ်။ တကယ်ဆိုလို့ ရှိရင် တစ်ယောက် နဲ့တစ်ယောက် လွှဲချပြီးတော့ ကိုယ်လွတ် ရုန်းကြရမယ့် သူတွေ ချည်းပါ။ အဲဒီအနေ အထားမျိုး ကျွန်တော်တွေ့တယ်။ သူတို့ အတွက် ပြောရင်တော့ အဓိက အဲဒီဟာ ပဲ။
VOICE:း ABSDF (မြောက်ပိုင်း) မှာ ကြွေလွင့် ခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိထားတာ က တချို့ကျောင်းသားတွေဆိုရင် သေ သာသွားတယ်။ အခုချိန်ထိ သူတို့မိဘ တွေက သူတို့သားတွေ သေဆုံးခဲ့တယ် ဆိုတာ ဒီကနေ့အထိ မသိတဲ့သူတွေ ရှိနေဆဲပါ။ ဒီမိဘတွေအတွက် ဘယ် လိုမျိုး နှစ်သိမ့်မှုပေးနိုင်မှာလဲ။
UNNK: အဲဒီစကားလုံးကတော့ ရှာ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့မှာ ပြောခွင့်ရှိတာ မဟုတ်ဘဲနဲ့ ပြောခဲ့ကြတယ်။ ပြောခွင့် ရှိတာထက် ပြောရမှာ... စကားလုံး ရွေးချယ်ရတယ်။ မိဘတွေရှိတယ်။ အစ်မတွေ၊ ညီမတွေ ကိုယ်ဝန်ဆောင်နဲ့ ကြုံရတာတွေ ရှိတယ်။ တချို့ကတော့ ညီအစ်ကိုတွေ ရှိတဲ့အတွက် ကျွန်တော်တို့ ပြောသာတယ်။ နည်းနည်း လေး ပြောသာတယ်။ ပြောသာတော့ ထူးခြားချက်က ပြောလိုက်တဲ့ မိသားစု တိုင်း ဒီအဖြစ်အပျက်ကို လက်မခံကြဘူး။ လက်မခံချင်ကြဘူး ဆိုတာ သူ့သားဟာ တော်လှန်ရေး တစ်ခုကို လုပ်တယ်။ တော ထဲမှာရှိနေတယ်။ ဆက်ပြီး အသက်ရှင်နေ တယ်လို့ပဲ သူတို့က ယူဆတယ်။ ကျွန်တော် တို့ သွားပြောမိတဲ့ သူတောင်မှ ပြန်ပြီး တော့ တစ်မျိုး မြင်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အမှန်တရား တစ်ခုကို လက်ခံဖို့ လုပ်သင့်လုပ်ထိုက် လုပ်ဖို့ ကျတော့ ကျွန်တော် တို့ကတော့ မတိုက်တွန်းရဲဘူး။ တချို့ မိဘတွေကတော့ နောက်ပိုင်း တဖြည်းဖြည်း သိသွားပြီးတော့ သားအတွက် တစ်ခုခု လုပ်သွား တာမျိုးတွေ တွေ့ရတယ်။ တချို့ မိဘတွေ ကျတော့ သိတာတော့ သိတယ်။ ဒီအပေါ်မှာ သူတို့ မေ့ပျောက်ပြီးတော့ သေသွားတဲ့သူရဲ့ အချက်အလက်ကို မတွေးတာမျိုး၊ လက်မခံတာမျိုး တွေ့ရ တယ်။
VOICE:း မကြာသေးခင်ကပဲ ပြည်ပ မှာ ABSDF ဗဟိုဥက္ကဋ္ဌဟောင်းနဲ့ ပြည် ထောင်စုအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးတို့ တွေ့ဆုံကြတယ်ဆိုတာမျိုး တွေ့ရတယ်။ ဒီအပေါ်မှာ ABSDF ကျောင်းသားဟောင်း တစ်ယောက်ဖြစ် တဲ့ ဦးညီညီကျော် အနေနဲ့ သုံးသပ်ချက် လေးပေးပါဦး။
UNNK:သာမန် အားဖြင့်တော့ အခွင့် အရေးတစ်ခုဟာ ကြုံကြိုက် လာတဲ့အပေါ် မှာ ဆုံးဖြတ်ပြီး လုပ်တဲ့အခါ ကျွန်တော် တို့က ဘာမှ ပြောခွင့်မရှိဘူး။ ဒါပေမဲ့ ABSDF မဟုတ်တော့တဲ့ အခြားအင်္ဂလိပ် အက္ခရာ အမျိုးမျိုးနဲ့ အသွင် အမျိုးမျိုး ပြောင်းပြီးမှ တကယ် အနစ်နာခံပြီး၊ တကယ် တောထဲမှာ နေပြီးတော့ လုပ်ခဲ့ရ တဲ့သူတွေရဲ့ ခေါင်းဆောင် ပုံစံမျိုးနဲ့ ပြန် ထွက်လာပြီးတော့ ရှေးတုန်းက စစ် ခေါင်းဆောင်တွေနဲ့ ပြန်တွေ့ကြတယ် ဆိုတာတော့ ဘယ်လို နားလည်ရမှန်း မသိဘူး။
VOICE:း လက်ရှိ နိုင်ငံရေးအခြေနေ ကို ABSDF ကျောင်းသားဟောင်း တစ် ယောက်အနေနဲ့ ထင်မြင်ချက်လေး ပေး ပါဦး။
UNNK: ABSDF ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ ဆိုတာထက် ကျွန်တော် တို့ဟာ ပြန်ရောက်ပြီးတဲ့ နောက်မှာ လည်း မြေပေါ် နိုင်ငံရေးဆိုတာကို ဆက် လုပ်ကြတာဆိုတော့ ဒီကနေ့ ပြောင်းလဲ လာတဲ့ အခြေအနေကတော့ အဓိက ပြည်တွင်းကပါ။ ပြည်တွင်းမှာရှိတဲ့သူ တွေ ပုံသဏ္ဌာန် အမျိုးမျိုး လုပ်ကြတဲ့နေ ရာမှာ ဒီဘက်မှာတော့ ကျွန်တော်က လူမှု အသင်းအဖွဲ့တွေ ပုံစံမျိုးနဲ့ လှုပ်ရှား မှုတွေက ပြောင်းလာတယ်။ ပြောင်း လာတဲ့ ပြီးတဲ့အခါ ညင်သာစွာပြောင်း တဲ့အပေါ်မှာ တချို့က လိုက်ပါလာကြ တယ်။ တချို့ကတော့ သတိထားပြီး စောင့်ကြည့်ကြတယ်။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ပြောင်းနေပြီဆိုတာကို တွေ့ရ တယ်။ ကျွန်တော်မြင်တာတော့ ဒီပြောင်း လဲမှုဟာ အားလုံးပါဝင်ပတ်သက်ရမယ့် ပြောင်းလဲမှုပါ။
VOICE:း ဟုတ်ကဲ့ပါ။ ကိုညီညီကျော် အနေနဲ့ ဖြည့်စွက်ပြောလိုတာ ...။
UNNK:ဖြည့်စွက်ပြောချင်တာတော့ မရှိပါဘူး။ ဒီကျောင်းသားတွေနဲ့ ပတ် သက်ရင် (ဒီကျောင်းသားတွေ ဆိုတာ သေဆုံးသွားတဲ့...) ဆက်ပြီး ပြောနေရ ဦးမှာပါပဲ။ ဆက်ပြီး တာဝန် ယူနေရဦး မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ အံ့သြလောက်အောင် ကြုံရတာ ကျောင်း သား လှုပ်ရှားမှု ထဲမှာ ရှိတဲ့ ကျောင်းသား တွေရဲ့အဖြစ်အပျက်ကို ရိုးရိုးသားသား မှန်မှန်ကန်ကန် လက်မခံ နိုင်ဘဲနဲ့ ကိုယ့် ရဲ့ လိုအပ်ချက်အရ၊ ကိုယ်ကျိုးစီးပွား အရ ဒါမှမဟုတ် ကိုယ့်ရဲ့ရပ်တည်မှု စွမ်းရည်ကို အသုံးချပြီး လုပ်တဲ့ဟာတွေ ကို ကျွန်တော်တို့က လက်ခံမှာမဟုတ် ဘူး။ ဒါလေးတော့ ပြောချင်ပါတယ်။
VOICE:း ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။
UNNK:ကျေးဇူးပါ။
ကိုယ်ရေးအကျဉ်း
ကိုယ်ရေးအကျဉ်း
အမည် - အမည် - ဦးညီညီကျော်
အဖ - ဦးစိန်ကျော် (ပြည်နယ်ပညာရေးမှူး - ငြိမ်း)
အမိ - ဒေါ်တင်ပု (မှီခို)
ပညာ - B.Sc(Phys) 2nd Year AGTI
မွေးသက္ကရာဇ် - ၁၁-၁-၁၉၆၅
ဇာတိ - ကန့်ဘလူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
ယခုလိပ်စာ - အမှတ် ၃၊ ဂျွမ်းဝင်း၊ ၂၇ _ ၂၈ လမ်းကြား၊
၈၁ _ ၈၂ လမ်းကြား၊ မန္တလေးမြို့။
မူရင်းသတင်း---The Voice Weekly
“ဒီပြောင်းလဲမှုဟာ အားလုံးပါဝင်ပတ်သက်ရမယ့် ပြောင်းလဲမှုပါ”
၈၈ 
ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို မြေအောက်ဒေသအသီးသီးတွင် ဖွဲ
့စည်းခဲ့ကြပြီး ABSDF (မြောက်ပိုင်း)ဒေသ၌ တပ်မတော်ထောက်လှမ်းရေးဟု စွပ်စွဲချက်နှင့် ၁၉၉၂ ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြုံခဲ့ရသည်။ ယင်းမှ ABSDF မြောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တာဝန်ယူခဲ့သူ ABSDF ကျောင်းသားဟောင်း ကိုညီညီကျော်နှင့် The Voice Weekly တို့ သီးသန့်တွေ့ဆုံခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်သည်။
VOICE:း ABSDF ကို ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့တာလဲ။
UNNK: စတင်ဖွဲ့စည်းတုန်းကတော့ ကျွန်တော်တို့ မမီဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒေသအသီးသီးက ရောက်လာ တဲ့ကျောင်း သားတွေကို NDF လို့ခေါ်တဲ့ ဒေသလူ မျိုးစု အဖွဲ့အစည်းတွေက အကူအညီပေး ပြီးတော့ ၈၈ မတိုင်မီက ကြိုးစားခဲ့ကြ တာ။ ၈၈ ပြီးတော့ အကောင်အထည် ပေါ်ခဲ့ပါတယ်။
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသားတချို့ပါ
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။
AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၅၀၀ ကျော် လွှတ်ပေးတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးပါမလဲဆိုတာ သေသေချာချာ မသိရသေးပါဘူး။
အာအက်ဖ်အေက စုံစမ်းရရှိတဲ့ အရေအတွက်အရ အင်းစိန်ထောင်က လွှတ်လာတဲ့ အကျဉ်းသား ၁၁ ယောက်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၇ ယောက်ပါတယ်လို့ သိရပါတယ်။
ဤသို့မေး၍ ဤသို့ ဖြေစေ လိုပါသည်( သိန်းထက်အောင်)
Photo: ဤသို့မေး၍ ဤသို့ ဖြေစေ လိုပါသည်
Written by  သိန်းထက်အောင်
ကျင်းပဆဲ ဖြစ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ အစည်းအဝေးတွင် ‘အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ’ ၏ အစီရင်ခံစာ သုံးသပ်ချက် တွင် ဖော်ပြထားရာ၌ ‘လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်း အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန အချို့က ပြန်လည်ရှင်းလင်း ဖြေကြားချက် များမှာ တိကျ ရေရာမှု မရှိခြင်း၊ သက်ဆိုင်ရာ မေးခွန်းနှင့် ဆိုင်သည့် အဖြေများ အပေါ် ဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဆောင်ရွက်ပြီးစီးသည့် Data များကို ဖတ်ကြား ရှင်းလင်း နေခြင်း တို့ကြောင့် အချိန်ကုန်ပြီး လိုရင်း မရောက်ဖြစ်နေ သဖြင့် မဖြစ်သင့်သော ဖြေကြားချက်များ ဖြစ်နေသည်ဟု သုံးသပ် ရရှိပါကြောင်း’ စသည်ဖြင့် ၂၃-၈-၂၀၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖတ်ရှု လိုက်ရပါသည်။ ကျွန်တော်သည် ပြည်သူ တစ်ဦး အနေဖြင့် လွှတ်တော် အစည်းအဝေးများကို များစွာ စိတ်ဝင်စားပါသည်။
လွှတ်တော် အစည်းအဝေး များ ကျင်းပပုံကို နိုင်ငံပိုင် ရုပ်သံများတွင် ကြည့်ရှုခြင်း၊ နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုခြင်းနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် လွှတ်တော် သတင်းများကို ဓာတ်ပုံနှင့်တကွ ဝေဝေဆာဆာ ဖော်ပြ ကြသည်ကို စဉ်ဆက်မပြတ် ဖတ်ရှုရင်း မိမိတစ်ဦးတည်း ဝေဖန် သုံးသပ်မှုများလည်း လုပ်ပါသည်။ ကျွန်တော်သည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၊ တစ်ပါတီ စနစ်၏ ပြည်သူ့ လွှတ်တော်ကိုလည်း ကောင်းစွာ သိမီ လိုက်ပါသည်။ စည်းကိုက် ဝါးကိုက် ပျင်းရိ ငြီးငွေ့ဖွယ် အမေးအဖြေများနှင့် တစ်ပါတီ လွှတ်တော်ကို ပွင့်လင်း လွတ်လပ်လာသည့် ယနေ့ ပါတီစုံ လွှတ်တော် များနှင့် နှိုင်းယှဉ် စဉ်းစားရင်း ဒီမိုကရေစီ စနစ်၏ အရသာကို မြိန်ရေ ရှက်ရေ ခံစား နေမိပါသည်။ ထိုကဲ့သို့ စဉ်ဆက်မပြတ် ကြည့်ရှုနားထောင်၊ ဖတ်ရှုလေ့လာ လျက်ရှိရာမှ အချို့သော လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ ကို အားမလို အားမရ ဖြစ်ရသလို အချို့သော တာဝန်ရှိ ပုဂ္ဂိုလ်တို့၏ ဖြေကြားချက်များ ကိုလည်း ဘဝင်မကျသည်များ ရှိလာခဲ့ရပါသည်။
“ငါသာ ဒီနေရာမှာ ဆိုလျှင် ဒီလို မေးလိုက်မဟဲ့၊ ငါသာဆိုလျှင် ဘယ်လို ဖြေလိုက်မဟဲ့” ဟူ၍ ဘောလုံးပွဲ တစ်ပွဲကို ရုပ်မြင်သံကြားမှ ကြည့်နေရင်း အားမလို အားမရ ဖြစ်ရသလို ခံစားရပါသည်။ တစ်စုံ တစ်ယောက်က မင်းကိုယ်တိုင် ဝင်ကန်ပါလားဟု ဆိုလာ ပါလျှင် “ငါမှ မကန်တတ်တာ” ဟူ၍ ပြန်ပြော မိပါမည်။ ယခုလည်း ကျွန်တော့်ကို တစ်စုံတစ်ယောက်က “လွှတ်တော် ကိုယ်စားလှယ် ဝင်လုပ် လိုက်ပါလား၊ ပြည်ထောင်စု ဝန်ကြီး လုပ်ပါလား” ဟူ၍ ဆိုပါလျှင် ကျွန်တော်သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆင့်ပင် ရှိသူ မဟုတ်၍ ငြိမ်ကုပ် နေလိုက်ရုံသာ ရှိပါသည်။ သို့သော် ကျွန်တော် စဉ်းစားမိသည်က ရုပ်မြင်သံကြား ကြည့်ရှု နေသူမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်သလို သတင်းစာ၊ ဂျာနယ် ဖတ်ရှု နေသူများ မှာလည်း ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘဲ သိန်း၊ သန်းချီသော ပြည်သူများလည်း ကျွန်တော့်လို ခံစား မိနိုင်ပါသည်။
ထို့ကြောင့် ပြည်သူ တစ်ယောက် အနေဖြင့် သဲတစ်ပွင့် မျှသော တာဝန် တစ်ရပ်ကို ဝင်ရောက် ထမ်းဆောင်သည့်နှယ် ဤအကြံပြု ဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ လွှတ်တော် ကိုယ်စားလှယ် အချို့၏ မေးခွန်းများကို လေ့လာ ကြည့်ရာတွင် အောက်ပါ အချက်များကို တွေ့ရှိ ရပါသည်။
- သာမန် အများပြည်သူများပင် သိရှိပြီး ကိစ္စမျိုးကိုပင် မေးခွန်း အဖြစ် မေးမြန်းခြင်း၊
- နိုင်ငံတော်မှ ယခင် အသိပေး ထုတ်ပြန် ကြေညာပြီး ဖြစ်သည့် စီမံကိန်း အပါအဝင် ကိစ္စ အချို့ကို ထပ်မံ မေးမြန်းခြင်း၊
- အချို့သော နေရာများတွင် အသိပေး ရှင်းလင်း ပြောကြားပြီး အချက်များကို မေးမြန်းခြင်း၊
- နိုင်ငံတော်တွင် တည်ဆဲ ဥပဒေ တစ်ရပ် ရှိပြီးလျက် ထိုကဲ့သို့ တည်ဆဲ ဥပဒေ ရှိကြောင်း မသိသည့် သဘောမျိုး သက်ရောက်သည့် မေးခွန်းမျိုးကို မေးမြန်းခြင်း၊
- အချို့ ကိစ္စများမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူ များကို မေးမြန်းလျှင်ပင် သိနိုင်သည့် ကိစ္စမျိုး ဖြစ်နေခြင်း၊
- အချို့ကိစ္စများမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက ဆောင်ရွက်ပေးရမည့် ကိစ္စများ ဖြစ်နေခြင်း၊
- အချို့ကိစ္စများမှာ ကျင်းပပြီး ယခင် လွှတ်တော် အစည်းအဝေး များတွင် ဆင်တူယိုးမှား အဖြေပေးပြီး ဖြစ်နေခြင်း
စသည့် အချက်များ အပြင် အခြားသော အချက်အချို့လည်း ပါဝင်ပါသည်။ မည်သည့် အစည်းအဝေးတွင် မည်သည့် လွှတ်တော် ကိုယ်စားလှယ်က မေးမြန်းသော မေးခွန်းဟူ၍ တိကျစွာ ကိုးကား ဖော်ပြခြင်း မပြုနိုင်သည်ကို နားလည် ခွင့်လွှတ် စေချင်ပါသည်။
ထို့ကြောင့် မေးခွန်းများ မေးခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ပတ်သက်၍ ပိုမို ထိရောက်မှု ရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်း ထားရှိရန် လိုအပ်မည် ဖြစ်ပါ သည်။
- လွှတ်တော် ကိုယ်စားလှယ် အများစုသည် ဥပဒေ ပညာရှင်များ မဟုတ်ကြသော်လည်း တည်ဆဲ ဥပဒေများကို တီးမိ ခေါက်မိ ရှိရန် ဥပဒေ အမည်နာမ များနှင့် မည်သည့် အကြောင်းအရာ ကိစ္စအတွက် ပြဋ္ဌာန်းခဲ့ကြောင်း သိရှိရန် လေ့လာ ထားသင့်ပါသည်။
- နိုင်ငံတော်မှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက် လတ္တံ့ (ထုတ်ဖော် ကြေညာပြီး) စီမံကိန်းများ အနက် မိမိဒေသနှင့် ဆိုင်ရာ စီမံကိန်းများ အကြောင်း သိရှိ လေ့လာ ထားရပါမည်။
- အများပြည်သူနှင့် ဆက်ဆံ လုပ်ကိုင်နေသည့် အစိုးရ ဌာနများ နှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို အကြမ်းဖျင်း သိရှိအောင် လေ့လာ ထားရပါမည်။
- အချို့ ကိစ္စများကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများအား တွေ့ဆုံ မေးမြန်းခြင်းဖြင့်လည်း ကောင်း၊ မြို့နယ်အဆင့်က ဖြေကြားခြင်း မပြုနိုင်ပါက ခရိုင်အဆင့်သို့ မေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများက ဆောင်ရွက် ပေးနိုင်သည့် လုပ်ပိုင်ခွင့် နယ်ပယ် အတွင်း ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော် အစည်းအဝေးတွင် တင်ပြမေးမြန်း အဆို တင်သွင်း စေခြင်း အားဖြင့်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် စသည်တို့တွင် တင်ပြ မေးမြန်းရ သည့် မေးခွန်းများနှင့် အဆိုများ လျော့နည်း သွားနိုင်ပြီး မေးမြန်းသည့် မေးခွန်းနှင့် အဆိုများသည်လည်း အဆင့်မြင့် ထိရောက်သည့် အဆို များဖြစ်လာကာ လွှတ်တော် အစည်းအဝေးများ သည်လည်း သွက်လက် ထက်မြက်ပြီး တန်ဖိုးရှိသော အချိန်များကို လွှတ်တော် များ၏ အဓိက လုပ်ငန်း တာဝန်ဖြစ်သည့် ဥပဒေများ တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုခြင်းများကို ပိုမို ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။
မေးခွန်းများ မေးမြန်းခြင်းနှင့် ပတ်သက်၍ အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက သုံးသပ်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းရာတွင် ဝန်ကြီးဌာနများ အလိုက် ခွဲခြား မေးမြန်းရန် လိုအပ် သကဲ့သို့ အကြောင်းအရာပေါ် မူတည်၍ မေးခွန်း တစ်ခုတည်းတွင် နှစ်ခုသုံးခု တွဲ၍ မေးခြင်းမျိုး မလုပ်ရန်နှင့် တစ်ခုဆို တစ်ခု ထိထိ ရောက်ရောက် မေးလျှင် အဖြေမှာ ကတိလား၊ အာမခံချက်လား ကွဲပြား သွားမည်ဖြစ်ကြောင်း သုံးသပ် ပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များက စနစ်တကျ မေးမြန်းရန် လိုအပ် သကဲ့သို့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများကလည်း မေးခွန်း အပေါ် တိတိကျကျ ဖြေကြားရန် အကြံပြု တင်ပြသွားပါသည်။ မေးခွန်းများ ဖြေကြားခြင်းနှင့် ပတ်သက်၍လည်း ကျွန်တော်တို့ ရုပ်မြင်သံကြား ကြည့်ရှုသူ၊ သတင်းစာ၊ ဂျာနယ်ဖတ်သူများ အဖို့ မျက်စိ လည်ရသည်များ ရှိပါသည်။ အဖြေတစ်ခုကို နားထောင်နေစဉ် မူလ မေးခွန်းမှာ မည်သည့် အကြောင်းအရာကို မေးမှန်း မသိအောင် လည်ထွက် သွားပါတော့သည်။
အဖြေသည် တိတိကျကျ လိုရင်းကိုမရောက် ဝေ့လည် ကြောင်ပတ်ဖြင့် အဆုံးသတ် သွားကြသည်လည်း ရှိပါသည်။ မေးခွန်းများကို လွှတ်တော်တွင် မေးမြန်းသည့်အခါ သက်ဆိုင် ရာ လွှတ်တော် နည်းဥပဒေများအရ ၁၀ ရက် ကြိုတင် ပေးပို့ရပါသည်။ ထိုအခါ မေးခွန်း မေးမြန်းခြင်း ခံရသည့် ဝန်ကြီးဌာနသည် ၎င်းလက်အောက်ရှိ ဦးစီးဌာနများသို့ မေးခွန်းကို ဖြေကြားရန် ဆက်ပေး ပို့ရပါသည်။ အကယ်၍ မေးမြန်းသော မေးခွန်းသည် အောက်ခြေမြို့ နယ်အဆင့်မှ ဖြေကြားရမည့် မေးခွန်းဖြစ်ပါက မေးခွန်းသည် အဆင့်ဆင့် အောက်ခြေအထိ ဆင်းသွားပြီး အောက်ခြေမှလည်း မေးခွန်း၏အဖြေကို မိမိဘက်က အပြည့်အစုံ ဖြစ်အောင် ရာဇဝင် သမိုင်းနှင့် ချီ၍ ဖြစ်ကြောင်းရယ် ကုန်စင် ဖြေကြား ပါလိမ့်မည်။ ထိုအခါ အဖြေ တစ်ခုသည် အဆင့်ဆင့် အပေါ် ပြန်တက်လာပြီး မည်သူကမျှ မဖြတ် တောက်၊ မစိစစ် ကြတော့ဘဲ မေးခွန်းနှင့် သဟဇာတဖြစ်၊ မဖြစ် မသုံးသပ် ကြတော့ဘဲ ဖြေကြားမည့် သူ၏ လက်ထဲသို့ ထည့်လိုက် ကြပါလိမ့် မည်။ ဖြေဆိုသူ (ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး) က လွှတ်တော် ရှေ့မှောက်တွင် ဖြေဆိုသည့် အခါတွင်လည်း မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိသောကိစ္စ မဟုတ်ပါက အောက်ခြေမှ ရေးသား တင်ပြသည့်အတိုင်းပင် ဖတ်ကြား ဖြေဆိုတော့ရာ အမေးနှင့် အဖြေသည် တစ်လွဲမဟုတ် သော်မှ တည့်တည့် မကျတော့ဟု ဆိုရမည်ဖြစ်ပါသည်။ ဥပမာလေး တစ်ခု၊ နှစ်ခု တင်ပြပါမည်။
ကျင်းပဆဲ အမျိုးသား လွှတ်တော် အစည်းအဝေး ၁၆-၇-၂၀၁၂ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ ဒေါက်တာမြတ်ဥာဏ်စိုး၏ ‘မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကားများနှင့် အဝေးပြေး ခရီးသည် တင်ယာဉ် များတွင် ထိုင်ခုံ နေရာများ ကျပ်ညပ်စွာ စီစဉ်ထားရှိခြင်း အပါအ၀င် ခရီးသည်တင် ယာဉ်တစ်စီး၏ စံနှုန်းနှင့် ကိုက်ညီမှု မရှိသည်များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ’ ဟူသော မေးခွန်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ခရီးသည်တင် ယာဉ်များအား တစ်နှစ်လျှင် တစ်ကြိမ် ယာဉ်ကြံ့ခိုင်မှုနှင့် မှတ်ပုံတင် လုပ်ငန်းများ အတွက် ယာဉ်စစ်ဆေးပြီး သတ်မှတ် ထိုင်ခုံ အရေအတွက် နှင့် စံချိန်စံညွှန်း ကိုက်ညီမှသာလျှင် မှတ်ပုံတင် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ပေးပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်သူများကလည်း သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ယာဉ်များကို တွေ့ရှိပါက သတင်းပေး အကြောင်းကြား ခြင်းအားဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား ခဲ့ပါသည်။ ဤအဖြေကို ကြည့်ပါက လက်တွေ့ဘဝနှင့် များစွာ ကွာဟလျက် ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ လက်တွေ့တွင် မော်တော်ယာဉ် သက်တမ်းတိုး မှတ်ပုံတင်သော ယာဉ်များသည် ပြုပြင်ပြောင်းလဲ တပ်ဆင်ထားသည့် ထိုင်ခုံ အပါအဝင် အခြားပစ္စည်းများကို လိုင်စင် မဝင်မီ မူလ စံချိန်စံညွှန်း သတ်မှတ်ချက်အတိုင်း ယာယီပြန်လည် တပ်ဆင်၍ သက်တမ်းတိုး လိုင်စင်ဝင်ကြပါသည်။ သက်တမ်းတိုး မှတ်ပုံတင် ခွင့်ပြုချက် ရပြီးသောအခါ ထိုင်ခုံ အရေအတွက် တိုးမြှင့်ခြင်း၊ ပြုပြင်ခြင်းများကို ပြန်လည် လုပ်ဆောင်ကြပါသည်။
ဤသို့ ဆောင်ရွက် ခြင်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးသော ဝန်ထမ်းများ အပါအဝင် လူအတော်များများက သိကြပါသည်။ ဝန်ကြီး မသိ၍ ထိုကဲ့သို့ ဖြေကြားခြင်း ဖြစ်နိုင်ပါသည်။ နောက်တစ်ချက်က မည်သည့် လွှတ်တော် ကိုယ်စားလှယ်/ပြည်သူ တစ်ဦးဦးကမျှ သတင်းပေး တိုင်ကြားရန် မလိုအပ်ပါ။ အဘယ်ကြောင့် ဆိုသော် ယနေ့မြို့တွင်း ပြေးဆွဲနေသော (အထူးသဖြင့်) အထူးကားများကို ရပ်တန့် စစ်ဆေး ကြည့်ပါက ထိုင်ခုံ မပြုပြင်ထားသော ကားဟူ၍ မရှိသလောက်ပင် ဖြစ်ပါ သည်။
ထို့ကြောင့် မေးခွန်းများကို ဖြေကြားမည့် တာဝန်ရှိသူများ သည် အောက်ခြေမှ ရေးသား တင်ပြသော အဖြေများကိုသာ ဖတ်ကြား ဖြေဆိုခြင်း မပြုဘဲ ကိုယ်တိုင်လည်း ကွင်းဆင်း လေ့လာသင့်ကြောင်း အကြံပြု တင်ပြပါသည်။ နောက်ထပ် ဥပမာတစ်ခု တင်ပြချင် ပါသေးတယ်။ ကျင်းပဆဲ ပြည်သူ့လွှတ်တော် စတုတ္ထ အစည်းအဝေး ၃၁-၇-၂၀၁၂ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးနှင့် ဦးသိန်းညွန့်တို့၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေး ရှင်းလင်းရာတွင် လည်း အချို့သော အချက်များ လွဲချော်နေမှု အပေါ် ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ‘ခုနက ကိုယ်စားလှယ်နှစ်ဦး ပြောသွားတဲ့ အချက်တွေနဲ့ ကျွန်မမြင်ထားတဲ့ အချက်တွေဟာ အတူတူပါပဲ။ အခုမြန်မာနိုင်ငံက တက္ကသိုလ်တွေက နိုင်ငံခြား တက္ကသိုလ်နဲ့ ဆက်သွယ်ရေးကို အဓိကထားပြီး ပြောတာ မဟုတ်ပါဘူး။ တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနရဲ့ သြဇာအာဏာ လျှော့ချရေးကို အဓိကထားပြီး ပြောတာလို့ ကျွန်မ နားလည်ပါတယ်။ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ် တွေနဲ့ ဆက်သွယ်ဆက်သွယ် ဒီဆက်သွယ်ရေး အားလုံးကို ပညာရေးဝန်ကြီး ဌာနက နေပြီး အုပ်စီးထားမယ် ဆိုရင် ခေတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ် တွေ မပေါ်လာနိုင်ဘူးလို့ ကျွန်မထင်တဲ့ အကြောင်းကို လေးစားစွာ တင်ပြအပ်ပါတယ်’ ဟူ၍ ပြန်လည် ထောက်ပြ ဆွေးနွေး သွားခဲ့သည် ကို စာရှုသူများ သိရှိပြီး ဖြစ်ပါမည်။
ထိုကဲ့သို့ ပြန်လည် ဖြေကြားသည့် အချက်များနှင့် ပတ်သက်၍ လည်း ‘အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီ’ က သုံးသပ် အကြံပြု တင်ပြရာတွင် ‘လွှတ်တော် ကိုယ်စားလှယ်များ၏ တိကျသော မေးခွန်းများအပေါ် ဝန်ကြီးဌာန များမှ ဖြေကြား ရာတွင် တိုက်ရိုက် ဆက်စပ်မှု မရှိသော လုပ်ငန်း ဆောင်ရွက်ချက်များကိုပါ ထည့်သွင်း ဖော်ပြခြင်းမျိုးကို ရှောင်၍ တိကျ သော အဖြေ လိုရင်းကိုသာ ဖြေကြားရန် အကြံပြု တိုက်တွန်းကြောင်း စသည်ဖြင့် ဖော်ပြခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်လျက် ရှိကြ သော ပြည်သူ့ ကိုယ်စားလှယ များကလည်း တန်ဖိုးရှိသော အချိန်များ ကို အလေးထား၍ တိကျသော မေးခွန်းများကို မေးမြန်းသင့် ကြသလို ဖြေကြားသူများကလည်း မေးမြန်းသူနှင့် ပြည်သူများကို အလေးထား သောအားဖြင့် လိုရင်းတိုရှင်းနှင့် တိုက်ရိုက် ထိရောက်သော အဖြေများ ကို မသွယ်မဝိုက်၊ မကွေ့မကောက်ဘဲ ဖြေကြား သင့်ကြပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
မူရင်းသတင်းဆောင်းပါး---The Voice Weekly
ကျင်းပဆဲ ဖြစ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ အစည်းအဝေးတွင် ‘အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ’ ၏ အစီရင်ခံစာ သုံးသပ်ချက် တွင် ဖော်ပြထားရာ၌ ‘လ
ွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်း အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန အချို့က ပြန်လည်ရှင်းလင်း ဖြေကြားချက် များမှာ တိကျ ရေရာမှု မရှိခြင်း၊ သက်ဆိုင်ရာ မေးခွန်းနှင့် ဆိုင်သည့် အဖြေများ အပေါ် ဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဆောင်ရွက်ပြီးစီးသည့် Data များကို ဖတ်ကြား ရှင်းလင်း နေခြင်း တို့ကြောင့် အချိန်ကုန်ပြီး လိုရင်း မရောက်ဖြစ်နေ သဖြင့် မဖြစ်သင့်သော ဖြေကြားချက်များ ဖြစ်နေသည်ဟု သုံးသပ် ရရှိပါကြောင်း’ စသည်ဖြင့် ၂၃-၈-၂၀၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖတ်ရှု လိုက်ရပါသည်။ ကျွန်တော်သည် ပြည်သူ တစ်ဦး အနေဖြင့် လွှတ်တော် အစည်းအဝေးများကို များစွာ စိတ်ဝင်စားပါသည်။
Related Posts Plugin for WordPress, Blogger...
ShareThis