menu

Saturday 9 November 2013

အမျိုးသမီးများကို နှောင့်ယှက်ခြင်း မရှိရေး နဲ့ ၄၈ အထူး

  မြို့တော်ရန်ကုန်အတွင်း ဟိုဟိုဒီဒီ သွားလာရင်  လူကြပ်၊ ကားကြပ်၊ စိတ်ကျဉ်းကြပ် .... ကြပ်သုံးပါးနဲ့ ကြုံရပါလိမ့်မယ်။

၄၈ ကားကြီးတစီးထဲမှာတော့ အခုလို အသိပေးစာ ရေးထားတာ တွေ့ရပါတယ် ...

မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များအား ဝန်ဆောင်မှု ကောင်းစွာ ပေးနိုင်ရန် ရည်ရွယ်ပါတယ်။

"အား" ဆိုတာကို ပိုက်ဆံမပေးရတိုင်း ဖောဖောသီသီ သုံးတယ်၊ အားပါးတရသုံးတယ်၊ မလိုအပ်ဘဲ သုံးနေကြတာကို ဒီကြော်ငြာက သက်သေပြနေပါတယ်။
အား .... ဒီပို့စ်မှာ မြန်မာစာ အသုံးအနှုန်းအကြောင်း ဆရာကြီးလုပ်ဖို့ စိတ်ကူးမရှိပါ။
အဓိက ပြောချင်တာက ကားအကြောင်း ဖြစ်ပါတယ်။ "အား" အကြောင်းက ကြုံလို့ ထည့်ပြောမိတာပါ။

စင်္ကာပူရောက်မြန်မာတချို့ သခင်လှကြိုင်ကို ထောက်ပံ့မယ်

Facebook မှာ အများအပြား စိတ်ဝင်စားနေကြတဲ့ ပဲခူးမြို့က သခင်လှကြိုင်ကို စင်္ကာပူရောက် မြန်မာတချို့က ထောက်ပံ့လှူဒါန်းမယ်လို့ သိရပါတယ်။
 
စင်္ကာပူမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နဲ့ အချက်အလက်တချို့ကို https://www.facebook.com/mgmoo00 ဖော်ပြထားပါတယ်။

 သခင်လှကြိုင် အကြောင်းကို ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး ဆိုပြီး အွန်လိုင်းမှာ Facebook သုံးသူ မြန်မာပြည်သား ရာထောင်ချီက လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။

မဖတ်ရသေးသူများအတွက် အပိုင်း ၃ ပိုင်းကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးကြည်လင်းရဲ့ Facebook မှာ ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆိုခဲ့သလိုပဲ ... နောက်ပိုင်းမှာ စာဖတ်သူ အများအပြားက ထပ်ဆင့် ဖြန့်နေကြတာဖြစ်ပါတယ်။

နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ

နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Bustersဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြားသည်။

နယူးဇီလန် ရဲတပ်ဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးများကို ပစ်မှတ်ထားနေသည့် လူငယ် မုဒိမ်းသမား အဖွဲ့တစ်ခုကို လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Bustersဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အကြောင်းကို ရဲများက သိရှိထားသည်မှာ (၂)နှစ်မျှ ရှိနေပြီဟု စွပ်စွဲမှုများလည်း ထွက်ပေါ်နေပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အရေးယူမှု၊ တရားစွဲဆိုမှုမျိုး မပြုလုပ်နိုင်သေးချေ။ ယင်းအဖွဲ့သည် မိမိတို့ မုဒိမ်းမှု ကျူးလွန်သည့် ဗီဒီယိုများကိုလည်း အင်တာနက်တွင် လွှင့်တင်လေ့ရှိသည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။

မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆင့် ၅ ရှိတဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး အသေအပျောက်နဲ့ အပျက်အစီးတွေလည်း ထပ်တိုးလာဖို့ ရှိနေပါတယ်။

သံတွဲတွင် ရဲက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲများက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေသဖြင့် ဒေသခံများ အနေဖြင့် အိုးအိမ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ထွက်ပြေး တိမ်းရှောင် လာသူတဦးက သူတို့ ထွက်ပြေးလာရ သည့် အခြေအနေနှင့်ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော်တို့ရပ်ကွက် လုံခြုံရေးအတွက် လူ ၉ ယောက်စီ ညဥ့်တိုင်း ကင်းစောင့်ကြရပါတယ်။ တစ်နေ့တော့ ကျနော်တို့ ကင်းစောင့်နေချိန်မှာ ရဲသားတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ ဖမ်းရမယ့်သူ  လူ ၄ ဦးရှိတယ်ဆိုပြီး ပြောပါတယ်။ အဲဒီနောက် ရပ်ကွက်ထဲကိုဝင်ပြီး သူတို့အိမ်တွေကို တက်ပြီး ရှာကြတယ်။ သူတို့ကို မတွေ့တော့ ကင်းစောင့်နေတဲ့ လူတွေကို ပြဿနာလုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း  ဖမ်းဆီးခံရမှာ ကြောက်လို့ ဒီကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံခြင်း

interv_wkpocky_AH

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အရေးကြီးသည်ဟု ပြည်တွင်း၊ ပြည်ပ မြန်မာ့နိုင်ငံရေး လေ့လာသူများက သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး ပါဝင်သော လိုင်ဇာ ညီလာခံနှင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးသော မြစ်ကြီးနား ညီလာခံများသို့ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ကဲ့သို့ မတက်ရောက် နိုင်ခြင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဖိအားပေးမှုကြောင့် မတက်ရောက်ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည့်အတွက် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice : မြစ်ကြီးနားနဲ့ လိုင်ဇာမှာ ပြုလုပ်သွားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး ကွန့်ဖရင့်နဲ့ ပတ်သက်ပြီး ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။
SPN : အနေအထားကတော့ အစိုးရနဲ့ ဆွေးနွေပြီးပြီ၊ နေပြည်တော်မှာ ပြန်ဆုံဖို့ပဲ ကျန်တော့တယ်။ ပြန်ပြီး ဖိတ်ခေါ်မှပဲ ဆွေးနွေးမှာပေါ့၊ ဒါပါပဲ။

ခန္တီးတွင် ဆက်ကြေးတောင်းသော တပ်သားများကို ကျေးရွာလူထု ဖမ်းဆီး

မန္တလေး၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင်တပ်ဖွဲ့ တပ်သားအချို့ လာရောက်၍ ဆက်ကြေး တောင်းယူမှုများကြောင့် ၎င်းတို့ကို ကျေးရွာ ဒေသခံများက နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ကျူးလွန်သော တပ်သား သုံးဦးမှာ ငြိမ်းချမ်းရေး ယူထားသော နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSC) မှ တပ်သားများ ဖြစ်ပြီး ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည့်ကြောင်း ခန္တီးတပ်နယ် စစ်ဗျူဟာမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါ တပ်သားများသည် သင်တန်းတက်ရန် ရှိသဖြင့် ယင်းကျေးရွာတွင် လမ်းစရိတ် တောင်းခံခြင်း ဖြစ်ပြီး လက်နက်များ ကိုင်ဆောင်ထားခြင်း မရှိကြောင်း ၎င်းတို့ကို ခန္တီး တပ်နယ်မှ တပ်နှင့် ရဲတပ်ဖွဲ့တို့က ကျားကိုက် ကျေးရွာသို့ သွားရောက် ဖမ်းဆီးပြီး ခန္တီး ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား

မိတ္ထီလာ ၊ နိုဝင်ဘာ ၈ ။ ။ မိတ္ထီလာ မြို့ အမှတ်(၁) အထက်တန်း ကျောင်း ဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။

နိုဝင်ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်း မှ ကျောင်းသား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များပွင့်နေသည် ကိုဖူးမြော်ရသဖြင့် အတန်းပိုင် ဆရာမမှတစ်ဆင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာအား သတင်းပေးပို့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာနှင့် ဆရာ၊ ဆရာမများ သွားရောက်ကြည် ညိုရာ ဘူမိဖဿ မုဒြ ပုံစံကြေး ဆင်းတုတော်၏ ဦးခေါင်းတော် မှ ထူးဆန်းစွာဆံတော်များပွင့်နေ သည်ကို ဖူးတွေ့ကြရကြောင်း သိရသည်။

အမှတ်(၁) အထက်တန်း ကျောင်းဓမ္မာရုံတွင် ကိန်းဝပ်နေ သော ကြေးဆင်းတုတော်မှ ဆံ တော်များပွင့်နေသည့် သတင်း ကြောင့် သွားရောက်ဖူးမြော်ကြည် ညိုကြရာ အမှတ်(၁) အထက် တန်းကျောင်းတွင် ဘုရားဖူးများ အထူးစည်ကား လျက်ရှိသည်။

ကိုတင်လှိုင
Yangon Media Group

ကမ္ဘာ့အင်အားအကြီးဆုံး တိုင်ဖုန်းဟိုင်ယန် တစ်နာရီ ၁၄၆ မိုင်နှုန်းဖြင့် ဖိလစ်ပိုင်ကို ဝင်တိုက်

PHILIPINES-WEATHER-TYPHOON

မနီလာ၊ နိုဝင်ဘာ ၈
တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၆ မိုင်ဖြင့် အလွန်ပြင်းထန်သော မွန်းစတားဟုပင် မီဒီယာများက သမုတ်ကြသည့် တိုင်ဖုန်း မုန်တိုင်းကြီး ဟိုင်ယန် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
မုန်တိုင်း၏ ဂြိုဟ်တုဓာတ်ပုံကို ရရှိပြီး ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်များက ပြောဆိုခဲ့ကြကာ အဆိုပါ မုန်တိုင်းသည် ကုန်းပေါ်သို့ ဝင်ရောက်လာသည့် မုန်တိုင်းများတွင် အင်အားအပြင်းဆုံး ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
မုန်တိုင်း ဝင်ရောက်သည့် ဒေသတစ်ခုဖြစ်သော ဂိုင်ဝမ်မှ အာဏာပိုင်များက သေဆုံး ဒဏ်ရာရသူများကို အတိအကျ မဖော်ပြနိုင်သေးကြောင်း ဒေသဆိုင်ရာ ရပ်ရွာလုံခြုံရေး အကြီးအကဲ ရေးဂိုဇွန်က ပြောကြားခဲ့သည်။
မုန်တိုင်းလာမည့် သတင်းကို ကြိုတင် ရရှိထားသောကြောင့် ပြင်ဆင်ထားသည့် အနေနှင့် ကျောင်းများ၊ ရုံးများကို ပိတ်ထားပြီး လူထောင်ပေါင်း များစွာကိုလည်း ကြိုတင် နေရာရွှေ့ပြောင်း ထားပေးသည်ဟု ယင်းသတင်းက ဆိုသည်။
ယင်းမုန်တိုင်း ဝင်နေသည့် ဒေသသည် မကြာသေးခင် ကာလကလည်း မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့သေးသည်။

ABSDF (ကျောင်းသားတပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း

interv_absdfokhyb_MMN
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ မွေးဖွားပေးခဲ့သည့် ABSDF (ကျောင်းသား တပ်မတော်) သည် အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ရာ ၂၅ နှစ်တာ ခရီးကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအရ ABSDF သည်လည်း နိုင်ငံရေး ဆွေးနွေးပွဲ စည်းဝိုင်းအတွင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေါင်းစစ်သည် စခန်းတွင် ကျင်းပသည့် ABSDF ငွေရတု အခမ်းအနားတွင် ABSDF (ကျောင်းသား တပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice ။ ။ အခု ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲက ဘာဖြစ်လို့ မြန်မာပြည် မြောက်ပိုင်းကို ရောက်နေရတာလဲ။
KTK ။ ။ ကျွန်တော်တို့ ABSDF အလုပ်အမှုဆောင်တွေ လိုင်ဇာကို ရောက်နေရတာက ကျောင်းသား တပ်မတော်ရဲ့ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ လိုင်ဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Voice ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။
KTK ။ ။ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် အပြန်အလှန် လေးစားမှုတွေရှိဖို့ လိုပါတယ်။ ဒေသအလိုက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးတွေ တွင်တွင်ပြောပြီး လက်တွေ့မှာ တိုက်ခိုက်နေကြရင် ပဋိပက္ခတွေကို ရပ်တန့်လို့ရဦးမှာ မဟုတ်ပါဘူး။

ကထိန်ဒါန တန်ဆောင်လ ရှုမျှော်ခင်း...(ရွှေဒါးမောင်လေးရည်)

I-10-11

မြောက်လေငယ်သွင်းပါလို့ မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည် ရွှေကျီးညိုတာရာနှင့် ကြတ္တိကာ ထွန်းတဲ့လကိုလေး။ တန်ဆောင်ငယ်မာသ ဆယ့်နှစ်လတွင် ချမ်းမြအေးရင် ဗြိစ္ဆာခွင်သို့ ရက်ငင်ပြောင်းခွာ ခ၀ဲညှာလဲ ခိုင်လွှာဝတ်မှုန် ရနံ့သာထုံတော့တယ်၊ ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ လှူကထိန် သဘင်ခင်းလို့ ကျင်းကြတယ်လေး။ (မဟာအတု လမင်းကြီး)
နှင်းရွှင်မာသ တန်ဆောင်မုန်းလသို့ ရောက်သည်နှင့် မြောက်ပြန်လေပြည် အေးအေးက နော့လျက်တစ်မူ ကျီစယ်တော် မူခဲ့ပြန်လေပြီ။ ထိုမြောက်ပြန် လေပြည်အေးနှင့် အတူပင် နှင်းပလဲစက်တို့ကလည်း ညင်သာစွာ ဖျန်းပက်သည့် ခါသမပင်။ ထက်ကောင်းကင် ဝေဟင်ဆီ မျှော်ရည်မိတော့ ရွှေကျီးတာရာနှင့် ကြတ္တိကာ ကြယ်စင်တို့ အလင်းကိုယ်စီဖြင့် လင်းကျင်းသည့် ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလမှာ ဗြိစ္ဆာရာသီတွင်းသို့ သက်ဆင်းရာ ကာလရာသီဖြစ်ပြီး ရာသီပန်းမှာ ခ၀ဲပန်းဖြစ်၏။ ရာသီပွဲကား ကထိန်ပွဲသဘင် ဆင်ယင်ကျင်းပသော သမယတည်း။ သို့အတွက်ကြောင့် စာဆိုရှင် စလေဦးပုညက တန်ဆောင်မုန်းလကို ဤသို့ စာပန်းချီ ခြယ်သခဲ့ပေသည်။ "မိုးဝသန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ ဖ၀ါးနှစ်စွန်းခါဝယ် ကြတ္တိကာ ကြယ်မင်းခ၀ဲ ပွင့်မလာငယ်သည်ချိန်မှာ မွှေးပျံ့ထုံသင်း။
ရှေးအခါက ရဟန်းတို့သည် သင်္ကန်းအဖြစ် လူတို့စွန့်ပစ်ထားသည့် အ၀တ်စုတ်တို့ကို ကောက်ယူချုပ်ဆိုးပြီး ၀တ်ရုံကြရသည်။ ဒါယကာ၊ ဒါယိကာမတို့ ပေးလှူအပ်သည့် တောက်ပသော သင်္ကန်းတို့ကို မ၀တ်ဆင်ကြရပေ။ သင်းပိုင်၊ ကိုယ်ဝတ်နှင့် ဒုကုဋ်ဟူသည့် သုံးထည်သာ ပိုင်ဆိုင်ကြပြီး အပိုမထားကြပေ။ မြတ်စွာဘုရားရှင်အား ပူဇော်ဦးခိုက်ရန်လာစဉ် လမ်းခရီး၌ မိုးရေစက် ရွှံ့ညွန်တို့ဖြင့် အထပ်ထပ် လိမ်းကျံလျက် မတင့်မတယ် ရှိသဖြင့် မြတ်စွာဘုရားရှင်က

စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ

Photo: စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ

ရန်ကုန်၊ နိုဝင်ဘာ ၈

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ပြိုကျသည့် အုတ်တံတိုင်းသည် စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်တွင် တည်ဆောက်ထားသော စစ်တွေ အကျဉ်းထောင်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အုတ်ရိုး၏ အလျားပေ ၃၀ခန့်၊ အမြင့် ၁၈ ပေခန့် ပြိုကျခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ အကျဉ်းထောင်မှာ အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ကာလရှည် ကြာလာသောကြောင့် အုတ်တံတိုင်းမှာ ဆွေးမြည့်ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ထောင်ရဲ့အပြင်ဘက်ကို တစ်ဖက်တည်းကို လဲကျသွားတယ်။ မြို့နေသူတွေ လှုပ်လှုပ်ရှားရှား မရှိပါဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းထောင် အုတ်တံတိုင်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ထောင်ပိုင်ကြီးထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မပြုပေ။

အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သော စစ်တွေ အကျဉ်းထောင်မှာ နှစ်ပေါင်း ကြာမြင့်နေသောကြောင့် ပြန်လည် ပြုပြင်သင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
“အခုပြိုကျတာတော့ ဘာမှမဖြစ်ဘူး။ အကျဉ်းထောင်ထဲက မကောင်းတဲ့လူတွေ ထောင်ဖောက်မှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်တွေ အကျဉ်းထောင်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၈၆ နှစ် ကြာမြင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနသည် ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်နှင့် မွန်ပြည်နယ် မော်လမြိုင် အကျဉ်းထောင် နှစ်ခုကို ပြန်လည် တည်ဆောက်ရန် ကျပ် ၄၂၅ သန်းကို တောင်းခံထားရာ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၈

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ပြိုကျသည့် အုတ်တံတိုင်းသည် စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်တွင် တည်ဆောက်ထားသော စစ်တွေ အကျဉ်းထောင်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အုတ်ရိုး၏ အလျားပေ ၃၀ခန့်၊ အမြင့် ၁၈ ပေခန့် ပြိုကျခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ အကျဉ်းထောင်မှာ အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ကာလရှည် ကြာလာသောကြောင့် အုတ်တံတိုင်းမှာ ဆွေးမြည့်ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ထောင်ရဲ့အပြင်ဘက်ကို တစ်ဖက်တည်းကို လဲကျသွားတယ်။ မြို့နေသူတွေ လှုပ်လှုပ်ရှားရှား မရှိပါဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ် ရွေးချယ်၊ ငြိမ်းချမ်းရေး မဆွေးနွေးဟုဆို

Photo: ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ် ရွေးချယ်၊ ငြိမ်းချမ်းရေး မဆွေးနွေးဟုဆို

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၇

ပါကစ္စတန် တာလီဘန်အဖွဲ့ ခေါင်းဆောင်သစ်အဖြစ် သဘောထား တင်းမာသော ဘာသာရေး ခေါင်းဆောင် မူလာနာဖတ်လူလာကို ရွေးချယ်လိုက်ပြီး အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး မဆွေးနွေးဟု စစ်သွေးကြွအဖွဲ့က ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်နေခြင်းမှာ အချိန်ကုန်ကြောင်း မူလာနာဖတ်လူလာက ပြောကြားပြီး ၎င်းသည် ဆွပ်တောင်ကြား ဒေသတွင်း စစ်သွေးကြွအုပ်စု၏ နှစ်နှစ်တာ အုပ်ချုပ်မှုကို ဦးဆောင်ခဲ့သူဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်များက ပါကစ္စတန် တာလီဘန် အဖွဲ့ခေါင်းဆောင် မတ်ဆတ်ကို ပြီးခဲ့သည့် သောကြာနေ့တွင်း သတ်ဖြတ်သွားသဖြင့် မာဆတ်နေရာကို အစားထိုးရန် သဘောထား တင်းမာသော ဖတ်လူလာကို ခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခဲ့သည်။

စစ်သွေးကြွအုပ်စု၏ ခြောက်နှစ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ရန် ပါကစ္စတန် အစိုးရအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသော်လည်း ခေါင်းဆောင်သစ် အဖြစ် ဖတ်လူလာကို ရွေးချယ်လိုက်သဖြင့် အစိုးရအဖွဲ့၏ အစီအစဉ် ရေစုန်မျောသွားပြီ ဖြစ်သည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ခေါင်းဆောင်သစ် ဖတ်လူလာက ဆန့်ကျင်ကြောင်း ပါကစ္စတန် တာလီဘန် ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။ 
“ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို စဉ်းစားစရာ မလိုပါဘူး။ ဒီအစိုးရမှာ အာဏာ မရှိပါဘူး။ အချုပ်အခြာ အာဏာပိုင် အစိုးရ မဟုတ်ပါဘူး။ အမေရိကန် ကျွန်တွေပါ။ ငြိမ်းချမ်းရေး ဆွေးနွေးလို့ အချိန်ကုန်ရုံပဲ ရှိမယ်” ဟု ၎င်းက APF သတင်းကို ပြောကြားသည်။

 ပညာသင်ကြားခွင့် ရရှိရေး လှုပ်ရှား ဆောင်ရွက်နေသည့် ပါကစ္စတန် ကျောင်းသူလေး မာလာလာကို လုပ်ကြံ သတ်ဖြတ်ရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ကြိုးပမ်းမှုတွင် ဖတ်လူလာ ပါဝင် ပတ်သက်နေ သည်ဟု ပါကစ္စတန် ထောက်လှမ်းရေးက ယုံကြည်ထားသည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံတွင်း ရှရီးယားဥပဒေ ကျင့်သုံးနိုင်ရေး ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ဖတ်လူလာက ပြောကြားသည်။ “အဲဒီ ရည်မှန်းချက်ကို ပိတ်ပင်မယ့်သူ မှန်သမျှကို ရှင်းလင်းရမယ်။
အဖေ ဖြစ်ဖြစ် အစ်ကို ဖြစ်ဖြစ်၊ စစ်သား ဖြစ်ဖြစ် ရဲ ဖြစ်ဖြစ်၊ ခန် ဖြစ်ဖြစ်၊ မူလာ ဖြစ်ဖြစ် အားလုံးကို ရှင်းရမယ်” ဟု ၎င်းက ပြောကြားသည်။ 

ယင်းကဲ့သို့သော သဘောထား တင်းမာသည့် ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်လိုက်သဖြင့် ပါကစ္စတန် တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများ ပိုမိုပေါ်ပေါက်လာမည်ဟု ပါကစ္စတန် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ အင်တီယတ်ဂေါက ပြောကြားသည်။

 စေ့စပ် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို အဖြေရှာသွားမည် ဖြစ်ကြောင်း အသိတရား ကင်းမဲ့နေသော အင်အားများ စေလွှတ်ခြင်းဖြင့် သွေးထွက်သံယိုမှုများ ရပ်ဆိုင်းနိုင်မည် မဟုတ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှရစ်က ပြောကြားသည်။
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၇

ပါကစ္စတန် တာလီဘန်အဖွဲ့ ခေါင်းဆောင်သစ်အဖြစ် သဘောထား တင်းမာသော ဘာသာရေး ခေါင်းဆောင် မူလာနာဖတ်လူလာကို ရွေးချယ်လိုက်ပြီး အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး မဆွေးနွေးဟု စစ်သွေးကြွအဖွဲ့က ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်နေခြင်းမှာ အချိန်ကုန်ကြောင်း မူလာနာဖတ်လူလာက ပြောကြားပြီး ၎င်းသည် ဆွပ်တောင်ကြား ဒေသတွင်း စစ်သွေးကြွအုပ်စု၏ နှစ်နှစ်တာ အုပ်ချုပ်မှုကို ဦးဆောင်ခဲ့သူဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်များက ပါကစ္စတန် တာလီဘန် အဖွဲ့ခေါင်းဆောင် မတ်ဆတ်ကို ပြီးခဲ့သည့် သောကြာနေ့တွင်း သတ်ဖြတ်သွားသဖြင့် မာဆတ်နေရာကို အစားထိုးရန် သဘောထား တင်းမာသော ဖတ်လူလာကို ခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခဲ့သည်။

စစ်သွေးကြွအုပ်စု၏ ခြောက်နှစ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ရန် ပါကစ္စတန် အစိုးရအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသော်လည်း ခေါင်းဆောင်သစ် အဖြစ် ဖတ်လူလာကို ရွေးချယ်လိုက်သဖြင့် အစိုးရအဖွဲ့၏ အစီအစဉ် ရေစုန်မျောသွားပြီ ဖြစ်သည်။

3D Printed အသဲအတု အစားထိုးနိုင်မည်

3D Printed အသဲအတု အစားထိုးနိုင်မည်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။ 

ယင်းအသဲအတုဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ရက် ၄၀ တိတိအသက်ရှင် လုပ်ကိုင်နိုင်ပြီး အရေးတကြီး အစားထိုး ကုသုလိုသူများအတွက် အဆင်ပြေကြောင်း သိရပါတယ်။ 3D Printed ဆိုတာ အရွယ်အစား၊ ပုံစံ အားလုံးကို အချိုးအစားတူ ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒါကို 3D Printed လို့ဆိုပါတယ်။ စင်တီမီတာ၊ မီလီမီတာ အစိတ်အပိုင်းက အစ ကွဲလွဲမှုမရှိအောင် သုံးဖက်မြင် စနစ်သုံး လေစာ ပရင်တာက ဘက်ပေါင်းစုံကို မိတ္တူပွားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ အသဲအတုကို ဖန်တီးပေးထား ပါတယ်။ အသဲရဲ့  ထုံးစံ အတိုင်း သွေးလည်ပတ်မှုကို သာမန်လူတစ်ယောက် လိုပဲ ထောက်ပံ့ပေးပါမယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးပါမယ်။ အခြားသော အသဲလုပ်ဆောင်ချက်များလည်း ပါဝင်ပါမယ်။ 

လက်တလော ဖန်တီးထားချက်က ရက် ၄၀ သာ ခံပေမယ့် အနာဂတ်မှာ တစ်သက်လုံးခံမယ့် အသဲဖန်တီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီတော့ အသဲ အစစ်နေရာမှာ အသဲအတုတောင် ထည့်သွင်းနိုင်ပြီဆိုတော့ အခြား အစိတ်အပိုင်းများလည်း အစားထိုးလို့ရနိုင်လာတော့မှာပါ။ နည်းပညာ နဲ့ ဆေးပညာ ပေါင်းစပ်မှုကြောင့် လူ့အသက်ရှည်လာရမှာတော့ အမှန်ပါပဲ။ 3D Printed Liver များကို လက်တလော အမေရိကန် ဆေးလောကတွင် စတင် အသုံးပြုသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref:pocketlint
အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/international-news/usa/38592-3d-printed-livers-hands-on

.
 
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။
ယင်းအသဲအတုဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ရက် ၄၀ တိတိအသက်ရှင် လုပ်ကိုင်နိုင်ပြီး အရေးတကြီး အစားထိုး ကုသုလိုသူများအတွက် အဆင်ပြေကြောင်း သိရပါတယ်။ 3D Printed ဆိုတာ အရွယ်အစား၊ ပုံစံ အားလုံးကို အချိုးအစားတူ ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒါကို 3D Printed လို့ဆိုပါတယ်။ စင်တီမီတာ၊ မီလီမီတာ အစိတ်အပိုင်းက အစ ကွဲလွဲမှုမရှိအောင် သုံးဖက်မြင် စနစ်သုံး လေစာ ပရင်တာက ဘက်ပေါင်းစုံကို မိတ္တူပွားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ အသဲအတုကို ဖန်တီးပေးထား ပါတယ်။ အသဲရဲ့  ထုံးစံ အတိုင်း သွေးလည်ပတ်မှုကို သာမန်လူတစ်ယောက် လိုပဲ ထောက်ပံ့ပေးပါမယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးပါမယ်။ အခြားသော အသဲလုပ်ဆောင်ချက်များလည်း ပါဝင်ပါမယ်။

ဒုက္ခသယ်စခန်းအား ရိက္ခာပို့ မည့်ကားတိမ်းမှောက်၊ တစ်ဦးသေ

ရန်ကုန် နိုဝင်ဘာ ၉

ကချင်ပြည်နယ် မြစ်ကြီးနား ရှိ နန်လင်းပါ ဒုက္ခသယ်စခန်းအား ရိက္ခာပို့ မည့်ကား နိုဝင်ဘာလ ၇ ရက်နေ့ က တမ်းမှောက်ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒါဏ်ရာရခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ သိရသည်။

ရိက္ခာပို့သည့်ကားအား မောင်းလာသူသည် သားအဖနှစ်ယောက်ဖြစ်ပြီး ယင်းတမ်းမှောက်မှုကြောင့် မောင်းနှင်သူ ဖခင်သေဆုံးခဲ့သည်ဟု သိရသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိသော နန်လင်းပါဒုက္ခသယ်စခန်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ မှစတင်၍ ယခုအချိန်အထိ စားနပ်ရိက္ခာများ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခု အဲ့ဒီနေရာက ဒီနေ့အထိကိုဆန်မရောက်ဘူး။ နန်လင်းပါဆိုတဲ့ရွှာက အခုထက်ထိ အစိုးရရဲဝိုင်းထားတာ ကိုခံနေရတုန်းပဲ။ အခုအချိန်မှာ သူတိုတွေအနေနဲ့ ဘယ်လိုအသက်ရှင်နေလည်းဆိုတာကို ကျွန်မအနေနဲ့  မသိဘူး” ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမရှိရန် စစ်တပ်အတွင်း စည်းကမ်းထပ်ထုတ်ရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၉။

အမျိုးသမီးဗိုလ်လောင်း ခေါ်ယူပြီးနောက် စစ်တပ်အတွင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မရှိစေရေးအတွက်
စစ်စည်းကမ်းများ ထပ်မံ ထုတ်ရန်လိုကြောင်း လူ့အခွင့်
အရေး ပညာပေးဌာန(မြန်မာနိုင်ငံ)မှ ဒါရိုက်တာ
ဦးအောင်မျိုးမင်းက သတိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ပျက်သုန်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်လဆန်းပိုင်းက အမျိုးသမီး ဗိုလ်လောင်း
ခေါ်ယူမှုနှင့်ပတ်သတ်ပြီး ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမျိုးသမီးဗိုလ်လောင်းတွေကို ခေါ်ယူတာအပြင်
စစ်တပ်ထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မဖြစ်ဖို့ စစ်စည်းကမ်းတွေ
ထပ်ထုတ်ဖို့ လိုအပ်နေပါသေးတယ်”ဟု ၎င်းက ဆက်
လက်ပြောကြားသည်။

လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေမှု
များတွင် အမျိုးသမီးသမီးများသည် အရည်ခြင်းတူညီပါက
ခံစားခွင့် လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှရေးတို့ကို အဓိက
ထားခဲ့ကြောင်းနှင့် ယခင်အမျိုးသမီးများ လုပ်ခွင့်မရှိသော
အလုပ်ကို လုပ်ကိုင်နေရခြင်းသည် ကောင်းသော အလား အလာဖြစ်နိုင်ကြောင်း၎င်းကသုံးသပ်ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားကို နှစ်သိမ့်ပွေ့ဖက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားကို နှစ်သိမ့်ပွေ့ဖက်

နိုဝင်ဘာ ၉။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားဟု နာမည်ကျော်နေသော ခန္ဓာကိုယ်တစ်ခုလုံးတွင် မူမမှန်သည့် အကြိတ်များထွက်နေသည့် သူတစ်ဦးကို ပွေ့ဖက်နှစ်သိမ့်ပေးသည့် ပုံသည် ကမ္ဘာတစ်ဝန်လုံးမှ လူသားတို့၏ အသည်းနှလုံးကို အရည်ပျော်စေသော ပုံအဖြစ် လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။

နိုဝင်ဘာ ၆ရက်က ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်တွင် လူပေါင်း ၅၀၀၀၀ ကျော်တက်ရောက်သည့် ဆုတောင်းဝတ်ပြုသည့် အခန်းအနား အပြီးတွင် ပုပ်ရဟန်မင်းကြီးက သစ်ပင်လူသားကို ပွေ့ဖက်ကာ ကောင်းချီးပေးခဲ့သလို၊ သစ်ပင်လူသား ကလည်း ပုပ်ရဟန်းမင်းကြီး၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ မေတ္တာဓာတ်ခံယူခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက သစ်ပင်လူသားခံစားနေရသော neurofilbromatosis ဝေဒနာမှ သက်သာရန် ဆုမွန်ကောင်း ချွေခဲ့သည်။ 

သစ်ပင်လူသားသည် မျိုးရိုးဗီဇမူမမှန်မှုကြောင့် တစ်ကိုယ်လုံးတွင် အကြိတ်အဖုများ ထွက်ကာ နာကျင်ခံစားနေရသည်။ 

ယင်းဝေဒနာကြောင့် အမြင်၊အကြား ဆိုင်ရာထိခိုက်မှုများ စတင်ဖြစ်ပွားပြီး နှလုံးနှင့် သွေးကြောများ၏  လုပ်ငန်းစဉ်ရှုတ်ထွေးမှုများလည်း ကြုံတွေ့နေရသည်။ 

ယင်းသို့ဖြစ်ရခြင်းမှာ အကြိတ်များက အာရုံ ကြောများကို လာပိစေခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်များက ဆိုသည်။

Ref: CNN

နိုဝင်ဘာ ၉။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားဟု နာမည်ကျော်နေသော ခန္ဓာကိုယ်တစ်ခုလုံးတွင် မူမမှန်သည့် အကြိတ်များထွက်နေသည့် သူတစ်ဦးကို ပွေ့ဖက်နှစ်သိမ့်ပေးသည့် ပုံသည် ကမ္ဘာတစ်ဝန်လုံးမှ လူသားတို့၏ အသည်းနှလုံးကို အရည်ပျော်စေသော ပုံအဖြစ် လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။

နိုဝင်ဘာ ၆ရက်က ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်တွင် လူပေါင်း ၅၀၀၀၀ ကျော်တက်ရောက်သည့် ဆုတောင်းဝတ်ပြုသည့် အခန်းအနား အပြီးတွင် ပုပ်ရဟန်မင်းကြီးက သစ်ပင်လူသားကို ပွေ့ဖက်ကာ ကောင်းချီးပေးခဲ့သလို၊ သစ်ပင်လူသား ကလည်း ပုပ်ရဟန်းမင်းကြီး၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ မေတ္တာဓာတ်ခံယူခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက သစ်ပင်လူသားခံစားနေရသော neurofilbromatosis ဝေဒနာမှ သက်သာရန် ဆုမွန်ကောင်း ချွေခဲ့သည်။

မန္တလေးနန်းမြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်အဖြစ် ထားရှိမည်

မန္တလေးနန်းမြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်အဖြစ် ထားရှိမည်

မန္တလေး၊ နိုဝင်ဘာ ၈

မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် အပါအဝင် ရှေးဟောင်း အဆောက်အအုံများ၊ ပြတိုက်များကို ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် (Historical Park) အဖြစ် ထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြေကြားသည်။

“ထိုင်းနိုင်ငံက Historical Park လိုမျိုး မန္တလေးက နန်းတွင်း မြနန်းစံကျော်အပြင် ပတ်ဝန်းကျင် နေရာတွေကိုပါ လုပ်သွားမှာပါ။ နန်းတွင်းက နန်းသုံး အဆောင်အယောင် ပစ္စည်းတွေ ထားတဲ့ ပြတိုက်တွေကိုလည်း အဆင့်မြင့် နည်းပညာသုံး အဆင့် မြှင့်တင်သွားမယ်” ဟု ဝန်ကြီး ဒေါက်တာ မြင့်ကြူက ဆိုသည်။

အဆိုပါ ယဉ်ကျေးမှု နယ်မြေများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယဉ်ကျေးမှု ဝန်ကြီးဌာနက မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး ဇွန်လမှ နိုဝင်ဘာလ အထိ မြနန်းစံကျော် ရွှေနန်းတော်သို့ နိုင်ငံသား ဝင်ကြေးအဖြစ် ကောက်ခံ ရရှိငွေပေါင်း ကျပ်သိန်း ၁၀၀ ကျော် ရရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားသား ဝင်ကြေးအဖြစ် ကောက်ခံ ရရှိငွေပေါင်းကို ပြည်ထောင်စု အစိုးရက မန္တလေးတိုင်း ဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးရန် ညှိနှိုင်းလျက် ရှိကြောင်း၊ နိုင်ငံခြားသား ဝင်ကြေးကို မန္တလေးတိုင်း ဒေသကြီး အစိုးရကို လွှဲပြောင်း ပေးပြီးပါက အဆိုပါ နန်းတော်ကို Historical Park အဖြစ် စတင် ဆောင်ရွက်ရန် စီစဉ်မည် ဖြစ်ကြောင်း ဒေါက်တာမြင့်ကြူက ပြောကြားသည်။

အဆိုပါ မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် အဆင့်မြှင့်တင်ရန် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း ၁၅၀၀ ခန့် အကြမ်းဖျင်း ခန့်မှန်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နန်းမြို့တွင်းကို ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်တစ်ခု တည်ဆောက်မယ်ဆို ကောင်းပါတယ်။ အဲ့လို ဥယျာဉ်ထဲမှာ ရှေးဟောင်း ပြကွက်တွေ၊ မြေဝိုင်း အကတွေ၊ ဘုန်းကြီးတွေ ဆွမ်းခံလှည့်တာ အစရှိတဲ့ ယဉ်ကျေးမှု ပြကွက်တွေကို ထားရှိသင့်တယ်။ ဒီလိုမဟုတ်ဘဲ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်ထဲမှာ- KTV တွေ ၊ စားသောက်ဆိုင်တွေ ထည့်မယ် ဆိုရင်တော့ ဒါဟာ မဖြစ်သင့်ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။

မြနန်းစံကျော် ရွှေနန်းတော်သည် မန္တလေးမြို့တော်၏ သတ္တဌာန ခုနစ်ဌာနတွင် တစ်ဌာန အပါအဝင် ဖြစ်ပြီး မင်းတုန်းမင်းတရားကြီး တည်ထားခဲ့သော နန်းတော် ဖြစ်ကာ အမရပူရ နေပြည်တော်မှ မန္တလေး ရတနာပုံ နေပြည်တော်သို့ ပြောင်းရွှေ့ စံမြန်းတော်မူခဲ့သော ပထမဆုံး နန်းတော် ဖြစ်သည်။ 

ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကြောင့် မီးသင့်ခဲ့၍ ယခုတစ်ဖန် အသစ်ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။

မန္တလေး၊ နိုဝင်ဘာ ၈

မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် အပါအဝင် ရှေးဟောင်း အဆောက်အအုံများ၊ ပြတိုက်များကို ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် (Historical Park) အဖြစ် ထားရှိရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြေကြားသည်။

“ထိုင်းနိုင်ငံက Historical Park လိုမျိုး မန္တလေးက နန်းတွင်း မြနန်းစံကျော်အပြင် ပတ်ဝန်းကျင် နေရာတွေကိုပါ လုပ်သွားမှာပါ။ နန်းတွင်းက နန်းသုံး အဆောင်အယောင် ပစ္စည်းတွေ ထားတဲ့ ပြတိုက်တွေကိုလည်း အဆင့်မြင့် နည်းပညာသုံး အဆင့် မြှင့်တင်သွားမယ်” ဟု ဝန်ကြီး ဒေါက်တာ မြင့်ကြူက ဆိုသည်။

အဆိုပါ ယဉ်ကျေးမှု နယ်မြေများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယဉ်ကျေးမှု ဝန်ကြီးဌာနက မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းခဲ့ပြီး ဇွန်လမှ နိုဝင်ဘာလ အထိ မြနန်းစံကျော် ရွှေနန်းတော်သို့ နိုင်ငံသား ဝင်ကြေးအဖြစ် ကောက်ခံ ရရှိငွေပေါင်း ကျပ်သိန်း ၁၀၀ ကျော် ရရှိကြောင်း ၎င်းက ဆိုသည်။

“တချို့ကိစ္စတွေက မလိုအပ်ဘဲ အချိန်ကုန်ပြီး ခေါင်းစားရတယ်”..(အကယ်ဒမီ လူမင်းနှင့်တွေ့ ဆုံခြင်း)

လူမင်း, အင်တာဗျူး, မြန်မာ့ရုပ်ရှင်, ရုပ်ရှင်အစည်းအရုံး
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကျန်းမာရေးကြောင့် အနားယူပြီး ဦးလူမင်း ဥက္ကဋ္ဌ တာဝန်ယူမည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အကယ်ဒမီ လူမင်းဟာ လက်ရှိ အနေအထားအရ မြန်မာ့ရုပ်ရှင်လောကမှာ နေရာတခု ခိုင်ခိုင်မာမာ ရရှိထားသလို၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ နိုင်ငံရေးကိုလည်း စိတ်ဝင်စားတဲ့ အကယ်ဒမီ လူမင်းကို မြန်မာ့ရုပ်ရှင်လောက ပြုပြင်ပြောင်းလဲမှုတွေ အပြင် သူ့ရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။     ။ ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။     ။ အစ်ကိုတို့ တိုင်းပြည်မှာ အကူးအပြောင်း ကာလတခုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရသလိုပဲ၊ ရုပ်ရှင် အစည်းအရုံး ကလည်း ကာလတလျှောက်လုံးမှာ လုပ်ရကိုင်ရ အခက်ဆုံး ကာလတခုကို ဖြတ်သန်းနေရတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လည်း တက်ညီလက်ညီနဲ့ လုပ်သင့် လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်သွားနိုင်ရင် ဒီနေ့ရှိနေတဲ့ အခြေ အနေထက် ကောင်းမွန်တဲ့ အနာဂတ်တခု ကလည်း ရှိနေတယ်။ အားလုံး စည်းလုံးညီညွတ်စွာနဲ့ သွားမယ်ဆိုရင် အဲဒီ အခွင့်အရေးတွေ အစ်ကိုတို့ လက်ထဲကို ရောက်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲ၊ ရုပ်ရှင်လောကရဲ့ ရှေ့ရေးဆိုတာကို မှန်မှန်ကန်ကန် မတွေးနိုင်ဘဲနဲ့ လက်တလော ပြဿနာတွေကိုပဲ ထိုင်ရှင်းနေရင်း အချိန်ကုန်မယ်ဆိုရင်တော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာပဲ။

တူ နဲ့ထုလည်း မကွဲနိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင် စတင်ရောင်းပြီ

Photo: တူ နဲ့ထုလည်း မကွဲနိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင် စတင်ရောင်းပြီ

===================================
ခွန်နေ(AMMG)

နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ်လုပ်ဖြန့်ချိရောင်း
ချပေးတော့မှာပါ။

ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေ
ကအမွန်းတင်ထားပါတယ်။

Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်
ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်
အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင် မျက်နှာပြင်ထိခိုက်ခြင်းမရှိ
တာကို စမ်းသပ်တွေ့ရှိထားပါတယ်။

ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထား
တဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေ 
ဖြစ်တဲ့ Gorilla Glass တွေထက်ပိုမိုကြံ့ခိုင်ပြီး တို့ထိအာရုံခံစနစ် ကိုလည်း
အနှောက်အယှက် မပေးဘူးလို့သိရပါတယ်။

သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5C
တို့မှာသာ တပ်ဆင်အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အခြားစမတ်ဖုန်းတွေမှာ ရမရ
ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ရောင်းဈေး အမေရိကန် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဈေးနဲ့ ဖြန့်ချိရောင်းချပေး
သွားမယ်လို့ သိရပါတယ်။

Ref:DailMail
ခွန်နေ(AMMG)

နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ်လုပ်ဖြန့်ချိရောင်း
ချပေးတော့မှာပါ။

ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေ
ကအမွန်းတင်ထားပါတယ်။

Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်
ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်
အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင် မျက်နှာပြင်ထိခိုက်ခြင်းမရှိ
တာကို စမ်းသပ်တွေ့ရှိထားပါတယ်။

အမေရိကန်က F- 16 အားလူမဲ့မောင်းနှင်နိုင်အောင်ပြုလုပ်

Photo: အမေရိကန်က  F- 16 အားလူမဲ့မောင်းနှင်နိုင်အောင်ပြုလုပ်

=================================
ခွန်နေ(AMMG)

အမေရိကန် စစ်တပ်က အသုံးမပြုတာကြာပြီဖြစ်တဲ့ F16 တိုက်လေယာဉ်တွေ
ကို မောင်းသူမဲ့ ယာဉ်များအဖြစ် စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ Boeing ကုမ္ပဏီ ကပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုအနေနဲ့ Lockheed Martin ကထုတ်ထားတဲ့ F16 တိုက်လေယာဉ်
တွေကို အသုံးပြုပျံသန်းစေခဲ့တယ်လို့ဆိုပါတယ်။ Maxico ပင်လယ်ကွေ့ ဖလော်ရီဒါ အခြေစိုက်စခန်းမှာပြုလုပ်တဲ့ အဆိုပါစမ်းသပ်မှု အမေရိကန်မှ
လေတပ်အရာရှိနှစ်ဦးက တိုက်လေယာဉ်အား မြေပြင်ကနေထိန်းချုပ်မောင်း
နှင်ပြသခဲ့တယ်လို့ သိရပါတယ်။

လူမဲ့မောင်းနှင်တဲ့ F16 တိုက်လေယာဉ်ဟာ လက်တွေ့ တိုက်ပွဲတွေမှာ ရန်သူ
တွေက ပစ်လွှတ်လိုက်တဲ့ ဒုန်းလက်နက်များကို ရှောင်းရှားနိုင်တဲ့ အပြင် ပျံသန်းမှုမျိုးစုံ ပြုလုပ်ပျံသန်းနိုင်တယ် လို့သိရပါတယ်။

F16 တိုက်လေယာဉ်တွေဟာ အမြင့်ပေ ၄၀၀၀၀ မှာ တစ်နာရီ မိုင် ၁၁၀၀ နှုန်း ပျံသန်းမောင်းနှင်ပြသနိုင်ခဲ့တယ်လို့ Boeing ကအတည်ပြုပြော
ကြားပါတယ်။ Boeing ရဲ့ပြောကြားချက်အရ ပြန်လည်မွန်းမံထားတဲ့ အဆို
ပါတိုက်လေယာဉ်ပုံစံ အနည်းဆုံး ၆ စီးခန့်ရှိနိုင်ပြီး QF16 ဆိုပြီးပြောင်းလဲခေါ်
ဆိုထားတယ်လို့ဆိုပါတယ်။

ဒါကြောင့်အနာဂတ် အမေရိကန်ရဲ့စစ်ဆင်ရေးတွေမှာ F16 ပုံပြောင်းတိုက်
လေယာဉ်တွေဖြစ်တဲ့ QF16 ကိုတော့မြင်တွေ့ရဖို့ ရှိနေပြီဖြစ်ကြောင်း
သုံးသပ်မိပါတယ်။

Ref:BBC

ခွန်နေ(AMMG)

အမေရိကန် စစ်တပ်က အသုံးမပြုတာကြာပြီဖြစ်တဲ့ F16 တိုက်လေယာဉ်တွေ
ကို မောင်းသူမဲ့ ယာဉ်များအဖြစ် စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ Boeing ကုမ္ပဏီ ကပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုအနေနဲ့ Lockheed Martin ကထုတ်ထားတဲ့ F16 တိုက်လေယာဉ်
တွေကို အသုံးပြုပျံသန်းစေခဲ့တယ်လို့ဆိုပါတယ်။ Maxico ပင်လယ်ကွေ့ ဖလော်ရီဒါ အခြေစိုက်စခန်းမှာပြုလုပ်တဲ့ အဆိုပါစမ်းသပ်မှု အမေရိကန်မှ
လေတပ်အရာရှိနှစ်ဦးက တိုက်လေယာဉ်အား မြေပြင်ကနေထိန်းချုပ်မောင်း
နှင်ပြသခဲ့တယ်လို့ သိရပါတယ်။

လူမဲ့မောင်းနှင်တဲ့ F16 တိုက်လေယာဉ်ဟာ လက်တွေ့ တိုက်ပွဲတွေမှာ ရန်သူ
တွေက ပစ်လွှတ်လိုက်တဲ့ ဒုန်းလက်နက်များကို ရှောင်းရှားနိုင်တဲ့ အပြင် ပျံသန်းမှုမျိုးစုံ ပြုလုပ်ပျံသန်းနိုင်တယ် လို့သိရပါတယ်။

သက်မွန်မြင့် မရိုက်ချင်တော့တဲ့ ဇာတ်ရုပ်ပုံစံ

ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ရိုက်ကူးနေတဲ့ ‘ကြင်ယာတော် ခခလေး’ လို့ ယာယီနံမည်ပေးထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်က မြင့်မြတ်နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က ကျူတာဆရာမအဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။
သက်မွန်မြင့်က အခုနောက်ပိုင်း မှာ ရိုက်ကူးမှုနဲ့ပတ်သက်ပြီး တည် ငြိမ်တဲ့ ဇာတ်ရုပ်မျိုးတွေကို ပိုပြီးရိုက် ချင်လာတယ်လို့ ဆိုပါတယ်။ “သက်မွန်က အချိန်ရတယ်ဆို ရင်တော့ ကိုယ့်ရိုက်နေကျပုံစံနဲ့ကွဲတဲ့ ဇာတ်မျိုးလေး တွေကိုရွေးတယ်။ ဒီဇာတ်ကားလေးဆိုလည်း ရှေ့မှာ ဟာသလေး။ ပြီးတော့ ဆယ်ကျော် သက်အရွယ်လေးဖြစ်နေ တယ်။ နောက်ပိုင်းကိုယ်က ဘယ်လိုဖြစ်နေ လဲဆိုတော့ အသက်အရွယ်နဲ့လည်း ဆိုင်မှာပေါ့။ ငြိမ်တဲ့ဇာတ်ရုပ်မျိုးကို ရိုက် ချင်လာတယ်။ ဆယ်ကျော်သက် ကလေးတစ်ေ ယာက်လိုတွေးတဲ့ ကောင် မလေးမျိုးဆိုရင် သိပ်ပြီးမရိုက်ချင်တော့ဘူး။ ကိုယ့်အရွယ်နဲ့ နည်း နည်းကိုက် ညီမယ့် ဇာတ်လေးရိုက်ဖြစ်တယ်။ သက်မွန်က အသက် အရွယ်နဲ့ ကန့်သတ်ပြီးရိုက်တာမျိုးတော့ မဟုတ်ဘူး ကျောင်းသူဇာတ်ရုပ်ရိုက် ဆိုလည်း ရိုက်လို့ရတယ်။ ကိုယ့်ရဲ့ အသက်ကတော့ကြီးနေမှာပဲ ဒါပေမဲ့ ကိုယ့် ရဲ့မျက်နှာက တစ်ခု ကံကောင်းသွားတာက ကလေး မျက်နှာဘက်ကို သွားတယ်။ နောက်ပြီးအသံကလည်း ကလေးဆန်တဲ့ဘက်ကိုသွားတော့ အဲဒါလေးကတော့ ကံကောင်းတော့ ကျောင်းသူ ဇာတ်ရုပ်မျိုးတော့ ရိုက် လို့ရသေးတယ်။ ဒါပေမဲ့ ကိုယ်ကစပြီး အနုပညာ လုပ်တုန်းကလိုမျိုး တအားကလေးဆန်လွန်းတဲ့ဇာတ်ရုပ် မျိုးဆိုရင်တော့ မရိုက်ချင်တော့ ဘူး။ တွေးတတ်တဲ့ကောင်မ လေးပုံစံမျိုးလေးတွေဆိုရင်တော့ ရိုက်ချင်တယ်။ တအား ကလေးဆန်တဲ့ပုံစံမျိုးဆိုရင်ကိုယ်လည်း ရိုက် ရမှာ ရှက်လာတယ်” လို့ ပြောပါတယ်။

ဤခရီး နီးသလား … ရထားကောင်းကောင်းရှိပါသည်။ သို့သော် ဈေးကြီးနေ၏

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထား တစ်စီး ထွက်ခွာရန် ကြေညာလိုက်သောအခါ ကိုမောင်မောင်တစ်ယောက် Air Con ရထားစောင့်စီးရမည်လား။ ယခု ထွက်မည့်ရ ထားကို စီးရမည်လားဟု မရေမရာ ယောက်ယက်ခတ်လျက်ရှိသည် ဟု သူကပြောသည်။ သူကဲ့သို့ သတင်းစာဖြန့်ချိသူတစ် ယောက်အနေနှင့် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေရခြင်းကြောင့် နောက်ဆုံး ယခုထွက်မည့် ရထားပေါ်သို့သာ တက်ရောက်နေရာယူလိုက်သည်။ ရထားပေါ် တွင် ဈေးရောင်းချ သူများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ရှုပ်ယှက်ခတ်နေသည်။ ကိုမောင်မောင် တစ်ယောက် ဂျာနယ် သတင်းစာမျိုးစုံထည့်ထားသော အိတ်ကို ဆွဲ၍ ထိုင်ရန်နေရာ ရှာလိုက်သည် ။ ရန်ကုန်မြို့ ဂျာနယ်တိုက်အသီးသီး၊ သတင်းစာတိုက်အသီးသီးမှ ဂျာနယ်များ ကို မြောက်ဥက္ကလာပရှိ သူ့ဖောက်သည် ဆိုင်များသို့ အချိန်မီပေးပို့ရန် သူ့တွင် တာဝန်ရှိသည် မဟုတ်လားဟု သူက မေးပြော ပြောလိုက်သေးသည်။
”ကျွန်တော့်အလုပ်က တစ်စက္ကန့်၊ တစ်မိနစ်နောက်ကျလို့ မရဘူး”
ရန်ကုန်မြို့တွင် ကားလမ်းများ ကျပ် လာခြင်း၊ ကားလမ်းပိတ်လာခြင်းကြောင့် ဈေးဝယ်သူ၊ ကျောင်းသားများနှင့် ရန် ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်အတော်များ များမှ လူများ သည် မြို့ပတ်ရထားဘက်သို့ အာရုံပြောင်းလာခြင်းဖြစ်သည်။”ရထားက အချိန်ရော၊ လူရော၊ ငွေ ရော သက်သာတယ်လေ။ ကျွန်တော်တို့ လို လူတွေအတွက်ကတော့ ရထားက အများကြီး အထောက်အကူပြုပါတယ်” ဟု ကိုမောင်ေ မာင်က ရထား၏ အားသာ ချက်ကို ပြောသည်။
သို့သော် မြို့ပတ်ရထားများတွင် နောက်ပိုင်း၌အထူးရထား၊ RBE Aircon  ရထားများ ပေါ်ပေါက်လာသောအခါ သူ့အနေနှင့် အမြဲတမ်းမစီးဖြစ်တော့ပေ။ ”ဒီလိုရ ထားေ တွတော့ ရံဖန်ရံခါ စီး လေ့ရှိတယ်။ ဒါတွေက မိသားစုအပန်း ဖြေရုံလောက်ပဲ ကောင်းတာ”ဟု  ကွမ်း တံတွေးတစ်ချက်ထွေးရင်း ကိုမောင်မောင် က ဆိုသည်။ မင်္ဂလာ ဒုံဈေး သို့ အမြဲဈေးဝယ်လေ့ ရှိသည့် ဈေးသည်တစ်ဦးကလည်း အထူး ရထားကို စီးနင်းလေ့မရှိကြောင်းနှင့် ဈေး ဝယ်နောက်ကျပြီး အချိန်မမီ၍ စီးမိပါက စရိတ်များကာမိရန် မိမိေ ရာင်းသော ပစ္စည်းပေါ်တွင် အမြတ်တင်လိုက်သည် ဟု သူက ပွင့်ပွင့်လင်းလင်း ဆိုသည်။

" စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီးယား ခေါင်းဆောင်သွားရောက် "

Photo: " စစ်သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီးယား ခေါင်းဆောင်သွားရောက် "

 အောက်တိုဘာ ၁၃ ရက်နေ့က Submarine Chaser No 233 ဟု ခေါ်သည့် မြောက်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် သေဆုံးခဲ့သူများ၏ ဂူဗိမာန်သို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်မ်ဂျုံအမ်း သွား ရောက်ခဲ့သည်ဟု နိုင်ငံပိုင် KCNA မီဒီယာက ပြသခဲ့သည်။

KCNA မီဒီယာက စစ်ဘက် ဆိုင်ရာ တာဝန် ထမ်းဆောင်ရင်း သင်္ဘော နစ်မြုပ်သွားသည် ဆိုသော အချက်မှလွဲ၍ မည်သည့်အချက်အလက် မှ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိ ချေ။

သေဆုံးခဲ့ သူများ၏ အထိမ်းအမှတ် ကျောက်တိုင် တွင် အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၁၃ ရက်နေ့ ကိုထည့်သွင်း ရေးသားထားပြီး သေဆုံးခဲ့သူ တို့၏ဓာတ်ပုံများကို လည်း ထည့်သွင်း ဖော်ပြထားသည်။

 မြောက်ကိုရီးယား နိုင်ငံတွင် အင်အား ကြီးမားသည့် စစ်တပ် ရှိသော်လည်း အသုံးပြုနေသည့် စစ်ဘက် ဆိုင်ရာ ပစ္စည်း များသည် ခေတ်နောက် ကျပြီး ဟောင်းနွမ်းနေ ပြီ ဟု ခန့်မှန်းမှု များ ရှိနေသလို တောင်ကိုရီးယား မီဒီယာ များကလည်း သင်္ဘော၏ သက် တမ်း ကြာမြင့်နေ ခြင်းကြောင့် နစ်မြုပ် သွားခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့ ကြသည်။

Ref : BBC

Popular Myanmar News

ထိုင်းဘုရင့်မြေးတော် ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ထိုင်းဘုရင့် မြေးတော် Sirivannavari  မင်းသမီးသည် မြင်းစီး အားကစားပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု အောက်တိုဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ  ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။ ““မင်းသမီး ဆီးဂိမ်းမြင်းစီး ပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်မှာ ဟုတ်တယ်။ နောက်ထပ်ကတော့ သူတို့ လာကာနီးကျမှ သတင်းဆက်လက် ထုတ်ပြန်သွားမယ်”” ဟု ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းဘုရင့်မြေးတော် Sirivannavari မင်းသမီးသည် Chitralada ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းကို တက်ရောက်ခဲ့ပြီး အထက်တန်းတွင် အနုပညာကို စိတ်ဝင်စားကာ အ၀တ်အစားဖက်ရှင်နှင့် အထည်ချုပ် ပညာတို့ကို ချူလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားကာ အားကစားကိုလည်း များစွာ စိတ်ဝင်စားသည်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ကြက်တောင်အားကစားကို ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၄ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ …

မူဆယ်တွင် လူသုံးဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး

ဒေသခံအချို့က အဆိုပါဖြစ်စဉ်မှာ လူသတ်မီးရှို့ခံရသည်ဟု ယူဆနေပြီး လူသတ်မှုများ မကြာခဏဖြစ်ပွားနေ၍ ထိတ်လန့်နေ

အောက်တိုဘာ ၆ ရက် ညက မူဆယ်မြို့နယ် ဆယ်လန့် ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော ဆယ်လန့်ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် လီဆူးအမျိုးသား စိုင်းအိုက်ပေါင်းဆိုသူနှင့် လီဆူးလူမျိုး အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ ခန္ဓာကိုယ်မီးလောင်ကျွမ်းသောဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““ဖြစ်စဉ်ကိုတော့ မြို့နယ်နဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ စစ်ဆေးနေတုန်းပါ။ အသေးစိတ်အချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး”” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော လီဆူးလူမျိုးသုံးဦးမှာ မိသားစုလိုက်နေထိုင်ကြသူများဖြစ်ပြီး အနေအထိုင်ရိုးအေးကာ ၎င်းတို့သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် မြို့နယ်တွင် သွားလာနေထိုင်ရသည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ပြောသည်။

ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာနှင့် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ လုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ

    တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမိုကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင် ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် သုံးသပ် . . .

““ပြည်သူတို့နှင့် ရင်ခုန်သံ ထပ်တူညီသည့် ပါတီ””ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အတိအလင်း လက်မှတ်ရေးထိုး ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ စနစ် ကျင့်သုံးလျက် ရှိကြောင်း ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင်ပိုင်း က အတိအလင်း ပြောကြားထားသည်။ ပါတီတွင်း ဒီမိုကရေစီ ဆိုသည်မှာ ကြံ့ခိုင်ရေးပါတီကို ဖြစ်ပေါ်စေခဲ့သည့် တည်ထောင်သူ ပုဂ်္ဂိုလ်တစ်ဦး ဖြစ်သော ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟို အလုပ်အမှုဆောင် ဦးသိန်းစိန် (ထိုစဉ်က ပြန်ကြားရေး ဒုတိယ၀န်ကြီး)နှင့် ရန်ကုန်မြို့ ဌာနချုပ်ရုံး အပေါ်ထပ် ၎င်း၏ ရုံးခန်းတွင် တွေ့ဆုံ၍ အသင်းကြီး၌ ကိုယ်ကျိုးရှာသူများ၊ အနားပျာများ၏ ပြဿနာများ ဆွေးနွေးခဲ့စဉ်က မိန့်ကြားချက် တစ်ခု အမှတ်ရမိ ပါသည်။ ဦးသိန်းစိန်က ““ပါတီတွင်း ဒီမိုကရေစီ ရလာမည် ဖြစ်ကြောင်း၊ ထိုအခါ ပါတီဝင်များ၏ မဲဆန္ဒဖြင့် ပါတီ ကေဒါများ၊ ရပ်ကျေး၊ မြို့နယ် ကော်မတီများကို ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များက ခရိုင်နှင့် တိုင်း/ပြည်နယ် ကော်မတီများကို ထပ်မံ မဲပေး ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များ၏ မဲဆန္ဒဖြင့်သာ အတွင်းရေးမှူး၊ ဥက္ကဋ္ဌများကို ရွေးချယ် ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဗဟို အလုပ်အမှုဆောင်များ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ ထိုအခါ ပါတီတွင်း ဒီမိုကရေစီ စနစ်အများ သဘောတူ၊ လူထု ခေါင်းဆောင်များဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည် ဖြစ်ကြောင်း၊ မိမိ အနေဖြင့်လည်း နိုင်ငံရေး ဦးတည်ချက် လေးရပ်၊ စီးပွားရေး ဦးတည်ချက် လေးရပ်၊ လူမှုရေး ဦးတည်ချက် လေးရပ်၊ ဒို့တာဝန် အရေးသုံးပါး တို့ကအစ ရေးသား ပေးနိုင်ခဲ့ကြောင်း””စသည်ဖြင့် ပြောကြား ခဲ့သည်။ …

ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

Photo: ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
-------------------------
ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)

အသက်(၁၅)နှစ်အရွယ် အထက်တန်းကျောင်းသားဘ၀နှင့် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ဖြစ်ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလတွင် အသက် (၈၉) နှစ်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက်နေဆဲ။ အတိတ်ကဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိတစ်နိုင်တစ်ပိုင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့်သတင်းစာတိုက်တစ်ခုဖြစ်သည့် မြန်မာ့အလင်းသတင်းစာတိုက်၏ သတင်းထောက်အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါအတိုင်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- အန်ကယ်လ်ဦးစံအောင် သတင်းထောက်စဖြစ်ခဲ့တဲ့အချိန်ကို ပြောပါဦး။

ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူးကျောင်းနေတုန်းက အကျိုးဆောင်သတင်းထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ်သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင်သတင်းထောက်ဆိုပြီးတော့ မြန်မာ့အလင်းဦးတင်ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။ 

မေး- အဲဒီတုန်းက အန်ကယ်လ်ဦးစံအောင်တို့ကို သတင်းဘယ်လိုရေးရတယ်ဆိုတာတွေအပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လိုသတင်းထောက်စဖြစ်လာတာပါလဲ။

ဖြေ- ပထမတော့ နဂါးနီစာအုပ်တွေ၊ နဂါးနီဂျာနယ်တွေဖတ်တယ်။ နောက်ဆောင်းပါးလေးတွေ၊ အက်ဆေးတွေရေးကြည့်တော့ ပါလာတယ်။ အဖေက အစိုးရအလုပ်လုပ်တော့ သတင်းတွေ၊ ဘာတွေရရင် အဖေ့ကိုမေးပြီးတော့ ရေးပြီးထည့်တော့ ပါပါလာတယ်။ ဆိုတော့ ပထမတော့ self taught ပေါ့။ နောက်စစ်ပြီးတော့ ရန်ကုန်ဆင်းတဲ့အခါကျတော့ သင်ပေးတာက စာရေးဆရာဓူဝံ။ အယ်ဒီတာချုပ်ဦးသန်းတင့်။ သူက သူ့အိမ်မှာ ခေါ်ခေါ်အိပ်ပြောပြ။ ပြီးတော့ စာအုပ်တွေ ပေးဖတ်တယ်။ သူ့ဆီက ဓာတ်ပုံရိုက်နည်းကအစပေါ့။ အဲဒီတုန်းက ဘော့စ်ကင်မရာ။ ဖလင်စက္ကူလိပ်နဲ့ မောင်းတင်။ အလင်းရောင် ကိုယ့်ဘာသာကိုယ်ချိန်၊ တစ်ချက်နှိပ်လိုက်၊ ကလောက်ဆိုတစ်ပုံ။ အဲဒီဆရာက သင်ပေးတယ်။ ဓာတ်ပုံကို ဘယ်လိုရှုထောင့်ကယူဖို့၊ စည်းဝေးနေရင် ဘယ်လိုရိုက်ဖို့၊ ပြောတဲ့သူကို ဘယ်လိုရိုက်ဖို့၊ ကုလားထိုင်ပေါ်တက်ပြီးရိုက်ဖို့၊ ဘော့စ်ကင်မရာက ဒီလိုမြှောက်ပြီးရိုက်လို့မှမရဘဲ။ နောက်တစ်ဆင့်ကျတော့မှ လိုရီကော့ကင်မရာ ပေါ်လာတာ။ လိုရီကော့ကို တိုက်ကထုတ်ပေးတယ်။ နောက် ၃၅ mm ။ ဒီနှစ်ခုက နောက်ပိုင်းမှပေါ်တာ။ ပင်လုံတုန်းကတော့ သိပ်ခက်တယ်။ ဘော့စ်ကင်မရာနဲ့ ရိုက်ရတာလေ။

မေး- ပင်လုံညီလာခံမှာ အန်ကယ်လ်တစ်ယောက်တည်း သတင်းထောက်အဖြစ် သတင်းယူခဲ့ရတော့ ညီလာခံကျင်းပတဲ့ မြင်ကွင်းက ဘယ်လိုရှိပါသလဲ။ အန်ကယ်လ်တို့ သတင်းရတော့ ဘယ်လိုပြန်ပို့သလဲ။

ဖြေ- ပင်လုံညီလာခံစတော့ သစ်ခက်သစ်နန်းတွေနဲ့ ရှေးပုံစံအတိုင်း ၀င်းကြီးထဲမှာ လုပ်တာ။ စော်ဘွားတွေက သူ့တဲနန်းနဲ့သူပေါ့။ အဲဒီကမှ အစည်းအဝေးခန်းမကို လာကြတာ။ ကျွန်တော့်အတွက်ကျတော့ စားပွဲတစ်လုံးထားပေးတယ်။ တစ်ယောက်တည်း အဲဒီဘော့စ်ကင်မရာလေးနဲ့ထိုင်ပြီး နားထောင်ရတာပေါ့။ အင်္ဂလိပ်စစ်တပ်က ၀ိုင်ယာလက်ကြေးနန်း လာလုပ်ထားပေးတယ်။ နောက် အစည်းအဝေးပြီးပြီဆိုတာနဲ့ ၀ိုင်ယာလက်ကြေးနန်းမှာ ကျွန်တော်ကသတင်းသွားပေး။ အဲဒီက တိုက်ကို သူတို့ပို့ပေးတယ်။ အဲဒီတုန်းက လက်မှတ်ထိုးတာတွေ၊ ဘာတွေ၊ ဓာတ်ပုံတွေက ကျွန်တော်ရိုက်ထားတာ။

မေး- အန်ကယ်လ် သတင်းထောက်စလုပ်တော့ လူတွေက ဘယ်လိုတုံ့ပြန်ကြသလဲ။ အားပေးသလား။ ကန့်ကွက်သလား။ သတင်းထောက်အလုပ်ကို ဘယ်လိုမြင်ကြသလဲ။

ဖြေ- အဖေကကြည့်တယ်။ သတင်းရေးမယ် ပြောပြပါဆိုရင် ပြောပေးတယ်။ သူက မကန့်ကွက်ဘူး။ သတင်းအမှန်ရေးပေါ့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒီခေတ်တုန်းက သိပ်ကောင်းတယ်။ ရေးလိုက်ရင် ပါပါလာတယ်။ ပါလာတော့ သိပ်ပျော်တာ။ ဦးတင်က ဘာလုပ်ပေးလဲဆိုတော့ ကိုယ်က အကျိုးဆောင်ဆိုတော့ ကျောင်းဖွင့်ခါနီးကျရင် ဘယ်နှတန်းတက်မယ်ဆိုရင် သူက စာအုပ်အထုပ်လေးတွေနဲ့ ပို့ပေးတယ်။ အဲဒီတော့ ကျွန်တော်က ကျောင်းတက်ရင်းနဲ့ သတင်းထောက်လုပ်တယ်။

မေး- အန်ကယ်လ်တို့ အင်္ဂလိပ်ခေတ်ရော ဂျပန်ခေတ်ပါမီတော့ အဲဒီတုန်းက အန်ကယ်လ်တို့ လူငယ်တွေ ပညာသင်ကြားရေးအခြေအနေ ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ- တောင်ကြီးမှာ အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်မှာ အစိုးရကျောင်းမရှိဘူး။ အင်္ဂလိပ်အစိုးရက စာသင်ကျောင်းဖွင့်မပေးဘူး။ သူက ရှမ်းစော်ဘွားတွေအုပ်ချုပ်တဲ့ မိသားစုတွေအတွက်ပဲ အစိုးရကျောင်းဖွင့်ပေးတယ်။ အဲဒီ ကျောင်းတစ်ကျောင်းပဲရှိတယ်။ အဲဒါက လူထုအတွက်မဟုတ်ဘူး။ လူထုအတွက်က မစ်ရှင်နရီတွေကဖွင့်တယ်။ အမေရိကန် ဘက်ပတစ်မစ်ရှင်နရီက အထက်တန်းကျောင်းတစ်ကျောင်း၊ တစ်ခါ ရိုမန်ကက်သလစ်ကလည်း စိန့်အင်းဆိုပြီးတော့ ဟိုက်စကူးကျောင်းတစ်ကျောင်း၊ နောက်ထပ် ဘက်ပတစ်ကပဲတစ်ကျောင်း။ ရှမ်းပြည်တောင်ကြီးမှာဆို ဒီသုံးကျောင်းပဲရှိတယ်။ ကလောမှာ ကိန်းစ၀တ်ဆိုပြီးတော့ရှိတယ်။ မစ်ရှင်နရီကျောင်း၊ နောက် လားရှိုးမှာရှိတယ်။ ဒီလောက်ပဲရှိတယ်။

မေး- ပြည်နယ်တွေမှာ အစိုးရကျောင်းလုံးဝမရှိဘူးပေါ့။

ဖြေ- မရှိဘူး။ လုံးဝမရှိဘူး။ အစိုးရ အထက်တန်းကျောင်းတွေဆိုတာက ဗမာပြည်မှာပဲရှိတယ်၊ မန္တလေးရှိတယ်၊ စစ်ကိုင်းရှိတယ် စသဖြင့် ဒီစတြိတ်မြို့ကြီးတွေမှာ အစိုးရအထက်တန်းကျောင်းတွေရှိတယ်။ မြင်းခြံရှိတယ်၊ ကသာရှိတယ် ပြည်နယ်မှာဘာမှမရှိဘူး။

မေး- အဲဒီတော့ အန်ကယ်လ် ဘယ်လိုပညာသင်လာရသလဲ။

ဖြေ- ရှမ်းပြည်မှာ စော်ဘွားသားတွေကတော့ အစိုးရအထက်တန်းကျောင်းမှာ တက်ကြတယ်။ ကျွန်တော်တို့က ပထမတော့ ဒီက မစ်ရှင်နရီကျောင်းမှာနေရတယ်။ ညောင်ရွှေက စာတော်လို့ရှိရင် တောင်ကြီးမှာ လာတက်လို့ရတယ်။ မစ်ရှင်နရီကျောင်းမှာ ဘော်ဒါလည်းထားတယ်။ ဆိုလိုတာက အဲဒီခေတ်မှာ စာတတ်ဖို့ဆိုတာက ညောင်ရွှေကလူတွေရယ်၊ တောင်ကြီးရယ်၊ ကလောရယ် ဒီလောက်လူတွေပဲ ကျောင်းနေရတယ်။ ကျွန်တော်တို့အဖေက ၀န်ထမ်းလုပ်တာကိုး။ အင်္ဂလိပ်လက်အောက်မှာ ၀န်ထမ်းလုပ်တော့ နယ်ပြောင်းရတယ်။ ပထမ ကသာကို ပြောင်းတယ်။ ကသာရောက်တော့ အစိုးရအထက်တန်းကျောင်းသွားတွေ့တယ်။  စာကလည်း အဆင့်မြင့်တယ်။ မစ်ရှင်ကျောင်းတွေမှာကတော့ ကျမ်းစာကို အရင်အဓိကထားသင်ရတာကိုး။ နောက် အဲဒီကျောင်းမှာတက်တော့ ကျွန်တော်တို့ မျက်စိပွင့်လာတယ်။ ကျောင်းမှာ ပေါင်းတဲ့သင်းတဲ့သူတွေကလည်း နောက်ပိုင်းခေတ် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့သူတွေဖြစ်လာတယ်။

မေး- ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းတော့ သတင်းထောက်အနေနဲ့ အန်ကယ်လ်ဦးစံအောင် ဘာဆက်လုပ်သေးလဲ။

ဖြေ- လွတ်လပ်ရေးနောက်ပိုင်း တရုတ်ဖြူက ဗမာပြည်မြောက်ပိုင်းမှာ လေယာဉ်ကွင်းလာဆောက်တဲ့အထိ ဖြစ်လာတယ်။ အဲဒါကို ကျွန်တော်သတင်းရတယ်။ ရန်ကုန်အစိုးရက မသိဘူး။ ကျွန်တော်တွေ့တာသိတာတွေကို ဦးတင်ကို သတင်းပေးပြီး သူက ကက်ဘိနက်နဲ့ ကာကွယ်ရေးဝန်ကြီးကို ဆက်ပေးတာ။ သတင်းစာထဲတော့မပါဘူး။ ဒါပေမဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နေ့ကစပြီးတော့ ကျွန်တော်က ကိုယ့်ဟာကိုယ်လည်း သိလိုက်တယ်။ သတင်းထောက်၊ သတင်းသမားအဖြစ်ကတော့ living dead သေပြီ။ ဘာမှလည်းလုပ်လို့မရတော့ဘူး။

မေး- အခုလက်ရှိ နိုင်ငံရေးအခင်းအကျင်းကို အန်ကယ်လ် ဘယ်လိုမြင်ပါသလဲ။

ဖြေ- အန်ကယ်စာအုပ်တစ်အုပ်က နိုဝင်ဘာလဆန်းမှာထွက်မယ်။ ပင်လုံကအဖြစ်အပျက်တွေနဲ့ ရှမ်း၊ ဗမာ ဆက်ဆံရေးအကြောင်း ရေးထားတယ်။ အရင် ရှင်ဘုရင်လက်ထက်က စော်ဘွားတွေနဲ့ ဆက်ဆံရေးအကြောင်း အင်္ဂလိပ်ရဲ့မှတ်တမ်းတွေမှာ ရက်စွဲနာမည်တွေနဲ့ ဖော်ပြထားတာတွေကို အန်ကယ်လ်ကိုးကားထားတယ်။ ဘုရင်က သမီးတော်တွေ နားသမယ်ဟေ့ဆိုရင် စော်ဘွားတွေဆီကို ဆက်သားလွှတ်ပြီးတော့ မင်းတို့ဆီမှာ သမီးတော်တွေနားသဖို့ရှိလား။ ရှိရင်နန်းတော်ကိုခေါ်လာခဲ့။ ငါအားလုံးစုပေါင်းလုပ်ပေးမယ်ဆိုတဲ့အထိ ဗမာတွေနဲ့ လူမျိုးရေးမရှိဘူးပေါ့။ ချစ်ကြည်ရေးက သိပ်ကောင်းတယ်ဆိုတာ ရေးထားတယ်။ ဗမာတပ်တွေ ဒီမှာ လာရှိတာတွေလည်း ရေးထားတယ်။ ယိုးဒယားကို သွားတိုက်တာတွေလည်းပါတယ်။ မှတ်တမ်းတွေအကုန်လုံးက အင်္ဂလိပ်ဆီကပဲ။ အဲဒါတွေက ရှေးခေတ်ဖက်ဒရယ်ပေါ့။ ဘုရင့်လက်ထက်မှာ သူကဘုရင်ပဲ၊ majority ပဲ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဆိုတော့ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အင်္ဂလိပ်လည်း ရှမ်းပြည်ကို ငါးယောက်တည်းနဲ့ အုပ်ချုပ်သွားတာ။ စစ်ဖြစ်တဲ့အထိ လူဖြူငါးယောက်တည်း ရှမ်းပြည်တောင်ပိုင်းမှာ အုပ်ချုပ်သွားတယ်။ ပြည်နယ်တွေက ခွဲထွက်ရေးအတွက် စိုးရိမ်နေကြတယ်ပြောပေမယ့် ဘယ်သူကမှ ခွဲထွက်မှာမဟုတ်ဘူး။ ခွဲထွက်ဖို့လည်းမရှိဘူး။ အရင်ရှင်ဘုရင်တွေ လက်ထက်ကဆိုရင်လည်း  ပြည်ထောင်စုသဘောအုပ်ချုပ်ခဲ့တာပဲ။ လူနည်းစုခေါင်းဆောင်တွေက အခွန်ဆက်တယ်။ အဲဒီဒေသတွေမှာ စစ်မက်ဖြစ်ရင် ဗမာဘုရင်က စစ်ကူလွှတ်တယ်။ အုပ်ချုပ်ရေးက သူ့ဘာသာသူပဲ။ ဗမာက လူများစုလေ။ အဲဒီတုန်းကတောင် ညီညီညွတ်ညွတ်နေနိုင်ခဲ့တယ်။ ပြောမယ်ဆိုရင် ဒါဖက်ဒရယ်ပဲ။ အစဉ်အဆက်မှာ သိမ်းပိုက်တဲ့သဘောမရှိခဲ့ဘူး။ အဲဒီလို ပြန်လုပ်ဆိုရင် ဖက်ဒရယ်ရမယ်။ ခွဲထွက်ဖို့က ဘယ်လိုမှမဖြစ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူ့ဒေသသူ အုပ်ချုပ်ခွင့်အပြည့်ရရမယ်။

ကျေးဇူးတင်ပါတယ် အဘ။

ရေးသားသူ- ခင်မေဇော်(၀ါရှင်တန်ဒီစီ)

အသက်(၁၅)နှစ်အရွယ် အထက်တန်းကျောင်းသားဘ၀နှင့် မြန်မာ့အလင်းသတင်းစာ၏ အကျိုးတော်ဆောင် သတင်းထောက်ဖြစ်ခဲ့သူ ဦးစံအောင်သည် ၂၀၁၃ အောက်တိုဘာလတွင် အသက် (၈၉) နှစ်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဖျတ်လတ်သွက်လက်နေဆဲ။ အတိတ်ကဖြစ်ရပ်များကို မျက်ဝါးထင်ထင်မြင်အောင် တိတိကျကျပြောပြနိုင်ဆဲ။ မိမိတစ်နိုင်တစ်ပိုင် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။ ဦးစံအောင်သည် ထိုစဉ်က ပုဂ္ဂလိက လွတ်လပ်သည့်သတင်းစာတိုက်တစ်ခုဖြစ်သည့် မြန်မာ့အလင်းသတင်းစာတိုက်၏ သတင်းထောက်အဖြစ် သမိုင်းဝင် ပင်လုံညီလာခံသို့ တက်ရောက်သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက်လည်း ဖြစ်သည်။ ခင်မေဇော်(၀ါရှင်တန်ဒီစီ)က ဦးစံအောင်အား ၎င်း၏နေအိမ်တွင် အောက်ပါအတိုင်း သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး- အန်ကယ်လ်ဦးစံအောင် သတင်းထောက်စဖြစ်ခဲ့တဲ့အချိန်ကို ပြောပါဦး။

ဖြေ- ကျွန်တော်က ၁၉၃၉ ဟိုက်စကူးကျောင်းနေတုန်းက အကျိုးဆောင်သတင်းထောက်ပေါ့။ အဖေက နယ်တွေပြောင်းတော့ နယ်သတင်းတွေ ပို့ပို့ကြည့်တော့ ပါလာတယ်။ ဒီတော့ အကျိုးဆောင်သတင်းထောက်ဆိုပြီးတော့ မြန်မာ့အလင်းဦးတင်ကနေပြီးတော့ ချီးမြှင့်တယ်။ အဲဒီကနေ တောက်လျှောက်ပဲ။

မေး- အဲဒီတုန်းက အန်ကယ်လ်ဦးစံအောင်တို့ကို သတင်းဘယ်လိုရေးရတယ်ဆိုတာတွေအပါအ၀င် သတင်းစာပညာကို ဘယ်သူသင်ပေးပါသလဲ။ ဘယ်လိုသတင်းထောက်စဖြစ်လာတာပါလဲ။

မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

Photo: မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

အစိုးရ၏ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး နေရသော စရိတ်များကို ကာမိရန်ဟုဆိုကာ တိုးမြှင့်လိုက်သော လျှပ်စစ် မီတာခကြောင့် လျှပ်စစ်မီးအခြေခံ သုံးစွဲထုတ်လုပ်ရသည့် အအေးခန်း စက်ရုံများ၏ ထုတ်လုပ်မှုစရိတ်မှာ နှစ်ဆနီးပါးခန့် မြင့်တက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံ လုပ်ငန်းပိုင်ရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာ စံနှုန်းအတိုင်း မီတာခ ပေးဆောင်ရမည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်နိုင်မှသာ နိုင်ငံတကာ ဈေးနှုန်းနှင့် ကောက်ခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဏ္ဏဝါဒေဝီ အအေးခန်း လုပ်ငန်းပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ အအေးခန်း စက်ရုံသည် ပြီးခဲ့သည့် လများအတွင်းက တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ ခန့် ကျသင့်ရာမှ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုကြောင့် ကျပ်သိန်း ၈၀ ဝန်းကျင် ပေးဆောင်ရမည်ဖြစ်ရာ တစ်လလျှင် သိန်း ၄၀ ခန့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။
“မထုတ်နိုင်ရင် စက်ရုံ ရပ်ရမှာ။ တကယ်ထိခိုက်မှာက စက်ရုံမှာရှိတဲ့ အလုပ်သမားတွေပါ။ မတက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ဖြည်းဖြည်းတက်ပါ။ ဒီပြည်သူ ပြည်သားတွေအတွက် စဉ်းစားတယ်ဆိုရင် ဒီလို တက်သွားတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

လျှပ်စစ် သုံးစွဲမှုနည်းချိန်နှင့် သုံးစွဲမှု များချိန်ကို ခွဲခြား၍ မီတာခကို ခွဲခြား ကောက်ခံသင့်ပြီး တိုးမြှင့် ကောက်ခံလာသော မီတာခမှာ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက ပြောစရာ မရှိသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်တက်လာသည်မှာ အမှန်ပင် ဖြစ်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ပြောကြားသည်။

မီတာခမြင့်တက်မှု၏ အကျိုးဆက်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလ၊ အောက်တိုဘာလများအတွင်းက ရေခဲပေါင် ၃၀၀ တစ်တုံး ၂၀၀၀၊ ၂၅၀၀ ကျပ် ဈေးပေါက် ဝယ်ယူသုံးစွဲနေရာမှ နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ ကျပ် ၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ဈေးတိုးမြှင့်ပေးကာ ဝယ်ယူသုံးစွဲရလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် အတွင်းရှိ အအေးခန်းစက်ရုံ လုပ်ငန်းရှင်အချို့က  ပြောကြားသည်။

ငါးမွေးမြူသူများသည် ငါးကန်ဖော်ရန် ပြင်ဆင်လျက် ရှိသော်လည်း ရေခဲဈေး မြင့်တက်မှုကြောင့် အခြေအနေ စောင့်ကြည့်လျက် ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များကလည်း ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များက ထုတ်လုပ်မှုစရိတ် မြင့်တက် လာသည်ဟု ပြောကြားသော်လည်း လုပ်ငန်းရှင်များ ပြောကြားသည့် မီတာခ နှစ်ဆနီးပါး တက်သည် ဆိုသည်မှာ ရန်ကုန်မြို့ရှိ အကြီးစားလုပ်ငန်း ၄၀၀၀ ကျော်အတွက်သာ ဖြစ်ပြီး၊ ကျန်စီးပွားရေး လုပ်ငန်းများမှာ မထိခိုက်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

လုပ်ငန်းရှင်များသည် အစိုးရ၏ လျှပ်စစ်မီး မရရှိသည့် အချိန်တွင် ကိုယ်ပိုင် မီးစက်ဖြင့် လည်နေရသောကြောင့် မီးစက်ဖြင့် လည်သည့် ကုန်ကျစရိတ်နှင့် တိုးမြှင့် ကောက်ခံသည့် မီတာခနှုန်းထားကို တွက်ချက် ယှဉ်ကြည့်နိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံရှင်းပြသည်။

တိုးမြှင့်ကောက်ခံမည့် မီတာခနှင့် ပတ်သက်၍ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက သင့်လျော်သော်လည်း ပေးဆောင်ရသည့် မီတာခနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုကို ရယူလိုကြောင်း၊ မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဆန္ဒကို လွှတ်တော်မှတစ်ဆင့် ရယူသင့်ကြောင်း၊ အချိန်နှစ်ရက်သာခြား၍ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုသည် မဖြစ်သင့်ကြောင်း ရန်ကုန်မြို့တော်ရှိ အချို့သော စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အောက်တိုဘာ ၂၈ ရက်နေ့၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၈

အစိုးရ၏ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး နေရသော စရိတ်များကို ကာမိရန်ဟုဆိုကာ တိုးမြှင့်လိုက်သော လျှပ်စစ် မီတာခကြောင့် လျှပ်စစ်မီးအခြေခံ သုံးစွဲထုတ်လုပ်ရသည့် အအေးခန်း စက်ရုံများ၏ ထုတ်လုပ်မှုစရိတ်မှာ နှစ်ဆနီးပါးခန့် မြင့်တက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံ လုပ်ငန်းပိုင်ရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာ စံနှုန်းအတိုင်း မီတာခ ပေးဆောင်ရမည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်နိုင်မှသာ နိုင်ငံတကာ ဈေးနှုန်းနှင့် ကောက်ခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဏ္ဏဝါဒေဝီ အအေးခန်း လုပ်ငန်းပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ အအေးခန်း စက်ရုံသည် ပြီးခဲ့သည့် လများအတွင်းက တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ ခန့် ကျသင့်ရာမှ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုကြောင့် ကျပ်သိန်း ၈၀ ဝန်းကျင် ပေးဆောင်ရမည်ဖြစ်ရာ တစ်လလျှင် သိန်း ၄၀ ခန့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။
“မထုတ်နိုင်ရင် စက်ရုံ ရပ်ရမှာ။ တကယ်ထိခိုက်မှာက စက်ရုံမှာရှိတဲ့ အလုပ်သမားတွေပါ။ မတက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ဖြည်းဖြည်းတက်ပါ။ ဒီပြည်သူ ပြည်သားတွေအတွက် စဉ်းစားတယ်ဆိုရင် ဒီလို တက်သွားတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို လူပွဲစားတွေက အလုပ်အကိုင်ကောင်းတွေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဘုရားသုံးဆူ၊ ပဲခူး၊ ရန်ကုန်၊ ဘီလင်း ကျိုက်ထိုစတဲ့နေရာ အသီးသီးကနေ လာကြတဲ့ မြန်မာနိုင်ငံသား ၂၀ကျော်ကို နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းမှာ ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေးရဲတွေရဲ့အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာဦးကျော်သောင်းက ဆိုပါတယ်။

"ဗမာက စုစုပေါင်း ၂၆ယောက်၊ ကျားက ၁၀ယောက်၊ မက ၁၆ယောက်။ သူဌေးက မဝင်နဲ့ ခြံထဲ မဝင်နဲ့၊ ဘာညာဆိုတော့ ရဲကား ၁၀စီးနဲ့ရဲ အင်အား ၄၀လောက်ကို သုံးတာ။ မနေ့က ရဲနှစ်ယောက်က အဲ့စက်ရုံပတ်ဝန်းကျင်ကို ဓာတ်ပုံလာရိုက်တာ၊ အဲ့သူဌေးက လက်နက်ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီနေ့ ရဲတဝက်လောက်မှာ ကျည်ကာအကျီတွေပါတယ်။ ဝတ်ထားတယ်။"

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Photo: ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက် တတ်ပါတယ်။ 

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ 

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်း ဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ 

ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည် က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြု သည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့ လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင် လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ 

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ 

Ref:GreatHorseTea
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/health/beauty/38568-drink-tea-or-not-before-launch

.

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက် တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ မှီဝဲတာအကောင်း ဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားမည်

NLD ရွေးကောက်ပွဲကာလ ထောက်ခံအားပေးသူများကို တွေ့ရစဉ်။ (ဧပြီ ၁ ၂၀၁၂)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရုတ်နိုင်ငံက လာရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် ရှေ့လဆန်းမှာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားချက်အရ ရှေ့လထဲ သွားရောက်မှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မစီစဉ်ရသေးတဲ့ အကြောင်း NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဥာဏ်ဝင်း ကဗွီအိုအေကို ပြောဆိုခဲ့တာပါ။

အဖွဲ့ဝင် ၁၀ ဦး လိုက်ပါမယ့် သီတင်းတပတ်ကြာ ခရီးစဉ်မှာတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေနောက်ပိုင်း  အရင်က ထိတွေ့ ဆက်ဆံမှုတွေ များများစားစား မရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ အခုအခါ အစိုးရနဲ့ အာဏာရ ပါတီနဲ့သာမက မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ (NLD) နဲ့လည်း အဆက်အဆံတွေ တိုးမြှင့်လာခဲ့တာပါ။ မကြာသေးခင် သီတင်းပတ်တွေ အတွင်းမှာလည်း မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို တရုတ် နိုင်ငံတကာ ချစ်ကြည် ရင်းနှီးရေးအသင်း ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

ထားထက်ထက် ၀တ်ဆင်သည့် ကချင်ဝတ်စုံ အမြင်ဆန်း၍ လူကြိုက်အများဆုံးဖြစ်ခဲ့

မေစနိုး၊ ရန်ကုန်၊ နိုဝင်ဘာ-၇

နိုဝင်ဘာ ၅ ရက်က ဗန်ကောက်တွင် ပြုလုပ်ခဲ့သည့် Chairty ရှိုးပွဲ၌ မြန်မာကိုယ်စားပြုမယ် ထားထက် ထက် ၀တ်ဆင်ခဲ့သော ကချင်ဝတ်စုံက အမြင်ဆန်း သောကြောင့် ပွဲ၏ လူကြိုက်အများဆုံး ၀တ်စုံဖြစ်ခဲ့ သည့် အပြင် မီဒီယာသမားများ၏ စိတ်ဝင်စားမှု အထူးခံ ခဲ့ရကြောင်း နိုဝင်ဘာ ၇ ရက်တွင် Miss Grand မြန်မာ အဖွဲ့အစည်းတည်ထောင်သူ အမှုဆောင်အရာရှိချုပ် ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆိုသည်။

အဆိုပါပွဲ၏ ပြိုင်ပွဲဝင်များနှင့် မီဒီယာတွေ့ဆုံပွဲတွင် နိုင်ငံကိုယ်စားပြုမယ် အများကြားမှ မြန်မာမယ် ထားထက်ထက်အား မီဒီယာများက အင်တာဗျူးပြုလုပ်မှု များခဲ့ပြီး တက်ရောက်လာသော ပရိသတ်များထဲမှ ဓာတ်ပုံတွဲရိုက်မှု အလွန်များပြားခဲ့ကြောင်း သိရသည်။

ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ်

ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ် ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်

အာဖရိက တောရိုင်းနယ်မြေ တစ်ခုတွင် လူနှစ်ဦးနောက် ခြင်္သေ့ကြီးတစ်ကောင် ပြေးလိုက်နေသော မြင်ကွင်းသည် ခြောက်ခြားစရာ အငွေ့အသက်မျိုး ဖုံးလွှမ်းနေမည်သာ။ သို့သော်လည်း ထိုလူနှစ်ဦးနှင့် ခြင်္သေ့ကြီးတို့မှာ လိုက်တမ်းပြေးတမ်း ဆော့ကစားနေခြင်းမျှသာဖြစ်ကြောင်း သိရလျှင်မူ အံ့ဩပေလိမ့်မယ်။ ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် အသက်သခင် ကျေးဇူးရှင် နှစ်ဦးကို အလွန်တွယ်တာ ချစ်ခင်နေသည်။ ကျေးဇူးသိတတ်သော ဆာဂါးသည် လူငယ်နှစ်ဦးနှင့် တွေ့ဆုံတိုင်း ပျော်ရွှင်စွာဖြင့် ဖက်လှဲတကင်း နှုတ်ဆက်နေသည်မှာ တောဘုရင် ခြင်္သေ့တစ်ကောင်ထက် ကြောင်ပေါက်လေး တစ်ကောင်နှင့်ပင် ပိုမိုဆင်တူနေကြောင်း မျက်မြင်တွေ့ရှိသူများက မှတ်ချက်ပြုလေ့ရှိသည်။

ရုရှားရောက် မြန်မာမယ် မိုးစက်ဝိုင် ပွဲကြို ပြိုင်ပွဲတွေရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ မယ်စကြ၀ဠာ ၂၀၁၃ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး
သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်ဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးမစခင် ကျင်းပ
ပြုလုပ်လျက်ရှိတဲ့ ပွဲကြိုပြိုင်ပွဲတွေ အားလုံးရဲ့ ဆန်ခါတင်စာရင်းများမှာ ပါဝင်နေတာမို့ နိုင်ငံအတွက်
ဆုတွေများစွာ သယ်ဆောင်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

ရေကူးဝတ်စုံပြိုင်ပွဲမှာတော့ အလှဆုံးမယ် (Best Bikini Body) သုံးယောက် ရွေးချယ်ရာမှာ
တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။

"ဆုရယ်လို့တော့ အခုထိ မကြေညာသေးပါဘူး။ အခုထိကတော့ မိုးစက်ဝိုင်က နောက်ဆုံးဆန်ခါ
တင်အဆင့်တိုင်းမှာ ပါဝင်နေတာပါ။ ရေကူးဝတ်စုံနဲ့ အလှဆုံးမယ်မှာ မစ္စဖိလစ်ပိုင်၊ မစ္စယူအက်စ်
တို့နဲ့အတူ အလှဆုံးမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ"လို့ မယ်စကြ၀ဠာမြန်မာပြိုင်ပွဲကို စီစဉ်ကျင်းပ
ခဲ့တဲ့ ဟယ်လိုမဒမ်မီဒီယာမှ ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းလင်းသူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပြိုင်ပွဲရဲ့အရေးကြီးတဲ့ ဆုတစ်ဆုဖြစ်တဲ့ Miss Photogenic ဆုအတွက် ကိုတော့ မဲပေးစနစ်နဲ့
ရွေးချယ်ရာမှာ မိုးစက်ဝိုင်က နံပါတ်(၈)နေရာမှာ ရပ်တည်နေပြီး တခြားအွန်လိုင်းကနေ မဲပေးလို့
ရတဲ့ ဆုတွေမှာတော့ ထိပ်ဆုံးမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမည်ပျက်စာရင်း သွင်းရန် သမ္မတအိုဘားမားကို တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင် ထည့်သွင်းရန် အမေရိကန် အဖွဲ့အစည်း ၃၀ ကျော်က သမ္မတအိုဘားမားထံ အိတ်ဖွင့်စာပေးပို့ တောင်းဆို ထားကြောင်း The Indian Express သတင်းစာတွင် ဖော်ပြသည်။

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်သည် ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားစဉ်က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများကို တိုက်ခိုက်မှုများအတွက် တာဝန်ရှိပြီး ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရမည့် အချက်အလက်များနှင့် ကိုက်ညီနေကြောင်း ယင်းတောင်းဆိုစာတွင် ထောက်ပြထားသည်။

အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းကို ပြန်လည် မသုံးသပ်မီ ယုံကြည် စိတ်ချထိုက်သော အခြားသူများကိုလည်း စစ်ဆေးပြီးမှသာ အမည်ပျက်စာရင်းကို အတိုးအလျှော့ ပြုလုပ် သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတကာ သဘောတူညီချက်များတွင် မည်သို့သော သဘောတူညီချက်များ ရှိထားစေကာမူ စစ်ဖြစ်နေစဉ် နှစ်ဖက်စလုံးက အသက်လု ထိုးဖောက်ရသဖြင့် အနည်းအကျဉ်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

Photo: နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံပိုင် အရန်ရွှေ၊ အရန်ငွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလာမယ့် လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းတင်ပြဖို့ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌထံ အကြောင်းကြားဖို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူပြီး စာရေးသား ဖော်ပြပါ။ လာမယ့် ၁၂ ရက်မှာ ဒေါက်တာ ဗညားအောင်မိုး တင်ပြတဲ့ ကိစ္စကို လာရောက်ရှင်းလင်း တင်ပြဖို့ ဖြစ်ကြောင်း ဖော်ပြပေးပါ'' ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်သို့ ပြောကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် အချိန်မှစ၍ ရွှေကြွေးကျန် မည်မျှရှိသည်ကိုသာ သိရကြောင်း၊ နိုင်ငံ့ဘဏ္ဍာသို့ ရွှေမည်မျှ ၀င်သည်ကို မသိရကြောင်း၊ အကြွေးရှိသည်ထက် ပိုမိုရှိမည်ဟု ယူဆပါကြောင်း၊ ပါလီမန် ဒီမိုကရေစီ ခေတ်ကပင် နိုင်ငံ၌ ရွှေနှင့် နိုင်ငံခြားငွေ မည်မျှရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြမှုရှိကြောင်း၊ တော်လှန်ရေး အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံပိုင် နိုင်ငံခြားငွေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ဒီမိုကရေစီခေတ်ကို ရောက်ရှိလာပြီဖြစ်ရာ အခြားနိုင်ငံများနည်းတူ ပြည်သူလူထုအား ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောကြားသည်။

(ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်)
(ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်)
နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis