menu

Thursday 15 November 2012

မြန်မာ့ဆက်သွယ်ရေးမှ နံပါတ်အပူးအလှများ လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်

Photo: မြန်မာ့ဆက်သွယ်ရေးမှ နံပါတ်အပူးအလှများ လေလံတင်ရောင်းချပွဲတွင်
WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်

မန္တလေး-နိဝင်ဘာ၁၅

မန်းတွင်ယနေ့ပြုလုပ်သော မြန်မာ့ဆက်သွယ်ရေးမှ WCDMA အလုံး ၂၃လုံး GSM ၃၇လုံး နံပါတ်အပူးအလှများ
လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်ခဲ့ကြောင်းသိရသည်။
နံပါတ် တူတွေကို ကြိုက်ပါတယ်။ နဂိုကတည်းကလည်း နံပတ်အတူဖုန်းနံပါတ်သုံးခဲ့တာပါ။
ကြိုက်လွန်းလို့ မိုးကုတ်ကနေလာဝယ်တာပါဟု ၂၆သိန်းဖြင့် ၀ယ်ယူခဲ့သူ ဦသိန်းအောင်က ပြောသည်။
WCDMA ၂၃လုံးကို ယနေ့မနက် ၉နာရီမှ စတင်ရောင်းချပေးနေပြီး ၁၂ရီခန့်တွင်ပြီးဆုံးခဲ့သည်။
ယနေ့ ၁နာရီတွင် GSM ၃၇ လုံးကို စတင်ရောင်းချပေးမည်ဖြစ်ပြီးလာရောက်ဝယ်ယူသူ ၁၀၀ကျော်ဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တွင်လည်း ၂၂ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရတဲ့ငွေကို နိုင်ငံတော်ကို ပြန်သွင်းသွားမှာဖြစ်ပြီး နောက်ပိုင်းတွေ မှာ လစဉ်နီးပါးပြုလုပ်ပေးသွားမှပါဟု မြန်မာ့ဆက်သွယ်ရေးမှ ဒုအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ 

ဖိုးလပြည့်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
မန်းတွင်ယနေ့ပြုလုပ်သော မြန်မာ့ဆက်သွယ်ရေးမှ WCDMA အလုံး ၂၃လုံး GSM ၃၇လုံး နံပါတ်အပူးအလှများ
လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်ခဲ့ကြောင်းသိရသည်။
နံပါတ် တူတွေကို ကြိုက်ပါတယ်။ နဂိုကတည်းကလည်း နံပတ်အတူဖုန်းနံပါတ်သုံးခဲ့တာပါ။
ကြိုက်လွန်းလို့ မိုးကုတ်ကနေလာဝယ်တာပါဟု ၂၆သိန်းဖြင့် ၀ယ်ယူခဲ့သူ ဦသိန်းအောင်က ပြောသည်။
WCDMA ၂၃လုံးကို ယနေ့မနက် ၉နာရီမှ စတင်ရောင်းချပေးနေပြီး ၁၂ရီခန့်တွင်ပြီးဆုံးခဲ့သည်။
ယနေ့ ၁နာရီတွင် GSM ၃၇ လုံးကို စတင်ရောင်းချပေးမည်ဖြစ်ပြီးလာရောက်ဝယ်ယူသူ ၁၀၀ကျော်ဖြင့် စည်ကားလျက်ရှိသည်။

ကမ္ဘာ့ဈေးအကြီးဆုံး နာရီတစ်လုံး ဆော့သ်ဘီကုမ္ပဏီက လေလံတင်ရောင်းချမည်

Photo: ကမ္ဘာ့ဈေးအကြီးဆုံး နာရီတစ်လုံး ဆော့သ်ဘီကုမ္ပဏီက လေလံတင်ရောင်းချမည်

ကမ္ဘာ့ဈေး အကြီးဆုံး နာရီတစ်လုံးနှင့် အခြား အမျိုးအစား ပစ္စည်း ၂၄ဝ ခုအား ဆော့သ်ဘီ လေလံ ကုမ္ပဏီတွင်လေလံတင် ရောင်း ချရန် ကာတာ တော်ဝင် မိသားစုဝင် တစ်ဦးက သဘောတူ ထားကြောင်း အင်တာနက် သတင်း အရ သိရသည်။

ကာတာ စော်ဘွား မျိုးနွယ်ဝင် ရှိတ်ဆပ်ဘင် မိုဟာမက်ဘင် အလီအယ်လ် တာနီက ကာတာ မျိုးနွယ်စု များ၏ အနုပညာ လက်ရာ ရတနာ ပစ္စည်းများနှင့် အတူ ဆွစ်ဇာလန် နိုင်ငံလုပ် ရှေးဟောင်း နာရီ လေးလုံးကိုရောင်းချ သွားမည်ဟု ဆော့သ်ဘီ လေလံ ကုမ္ပဏီ က အောက်တိုဘာ ၁၂ ရက်က ပြောကြား ခဲ့သည်။

အဆိုပါ နာရီများတွင် ၁၉၉၉ ခုနှစ်က ဆော့သ်ဘီ လေလံ ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁၁ သန်းဖြင့် အမည် မဖော်လိုသူ တစ်ဦးက ဝယ်ယူခဲ့သည့် Henry Graves Supercomplication အိတ်ဆောင် နာရီတစ်လုံး ပါဝင်ပြီး ဆော့သ်ဘီ ကုမ္ပဏီက အယ်လ်တာနီ ပိုင်ဆိုင်သည့် အမေရိကန် ဒေါ်လာ ၈၃ သန်း တန်ဖိုးရှိ ပစ္စည်းများကို ရောင်းချ သွားမည် ဖြစ်ကြောင်း တရားရုံး မှတ်တမ်း များအရ သိရသည်။

http://www.myawady.net.mm/all-news/international-news/2012-11-15-02-48-08

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ကမ္ဘာ့ဈေး အကြီးဆုံး နာရီတစ်လုံးနှင့် အခြား အမျိုးအစား ပစ္စည်း ၂၄ဝ ခုအား ဆော့သ်ဘီ လေလံ ကုမ္ပဏီတွင်လေလံတင် ရောင်း ချရန် ကာတာ တော်ဝင် မိသားစုဝင် တစ်ဦးက သဘောတူ ထားကြောင်း အင်တာနက်သတင်း အရ သိရသည်။

ကာတာ စော်ဘွား မျိုးနွယ်ဝင် ရှိတ်ဆပ်ဘင် မိုဟာမက်ဘင် အလီအယ်လ် တာနီက ကာတာ မျိုးနွယ်စု များ၏ အနုပညာ လက်ရာ ရတနာ ပစ္စည်းများနှင့် အတူ ဆွစ်ဇာလန် နိုင်ငံလုပ် ရှေးဟောင်း နာရီ လေးလုံးကိုရောင်းချ သွားမည်ဟု ဆော့သ်ဘီ လေလံ ကုမ္ပဏီ က အောက်တိုဘာ ၁၂ ရက်က ပြောကြား ခဲ့သည်။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁၃) (ဇာတ်သိမ်း)

ထိုညက ဘီယာဆိုင်က ထွက်လာပြီးနောက် ဘယ်လိုလုပ်ရမလဲ အကြံထုတ်သည်။ ထီလက်မှတ် ကို ပြန် ယူချင်သော ဆန္ဒက တားမရအောင်ဖြစ်နေ၏။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ရအောင် လုပ်မည်။ ငွေနှစ်ဆယ့် ငါးသိန်း ကို တပ်မက်သောလောဘအပြင် ကိုယ့်လက်ထဲရောက်ပြီးမှ သူများ ဆီလွဲပေးလိုက်မိလို့ မခံချိ မခံသာဖြစ်သောစိတ်လည်း ပါသည်။

စဉ်းစားရင်း က ကောင်လေးပြောသော စကားတစ်ခွန်းကို သတိရသည်။ ဒီညတီဗွီကလာတဲ့ ဘောလုံးပွဲ သွားကြည့်မှာတဲ့။ ထိုအချန်တွင် ညဆယ်နာရီကျော်ပြီ။ ဘောလုံးပွဲက ကိုးနာရီခွဲမှာ ပြမည်။ ဒီအချိန်ကောင်လေး အိမ်မှာ မရှိနိုင်တော့ဘူး။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁၂)

(ချစ်ဦးက ထီလက်မှတ်ကို ယူပြီးထွက်သွားသည်။ု)
သူထွက်သွားပြီး ခဏအကြာမှာပင် လူတစ်ယောက် ရောက်လာသည်။
''နှစ်အစ နှစ်အဆုံး မရှိဘူးလား''
ထီဆိုင်ရှင် က ရှာကြည့်ပြီး။

''ရှိတယ်၊ နှစ်မွှာတစ်စုံကျန်သေးတယ်''
ဆိုပြီး လက်မှတ်ကို လှမ်းပေးသည်။ ဟိုလူက ကြည့်ပြီး…..
''ဂဏန်းကတော့ကြိုက်တယ်၊ ဒါပေမယ့် အက္ခရာက ဝနဲ့သဖြစ်နေတယ်၊ ကျွန်တော်က တနင်္လာနံ က၊ခ၊ဂ၊ဃ၊င လိုချင်တာ''
''ခင်ဗျား နည်းနည်းလေးနောက်ကျသွားတယ်၊ စောစောကပဲ ဒီနံပါတ်အတိုင်း ဂငယ် ဃကြီး အက္ခရာနဲ့ သူများ ထိုးသွားပြီ''
''ခက်တာပဲ၊ အေးလေ၊ ရှိတာပဲ ယူရမှာပေါ့၊ တွတ်လောက်ပဲ ရတော့မှာပဲ''
ဟုသူပဲ ကျိန်းသေ ပေါက်တော့မလို ပြောသည်။ သူက ထီလက်မှတ်ကို အိတ်ထဲထည့်ပြီး လှည့် ထွက်မည်အပြုမှာပင် ချစ်ဦးက တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာလေသည်။

အိန္ဒိယကို စိတ်ပျက်မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: အိန္ဒိယကို စိတ်ပျက်မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဇာနည်မာန်| November 15, 2012 | 

မြန်မာ့ဒီမိုကရေစီရေးအတွက် အလိုအပ်ဆုံးအချိန်တွင် အားပေးမှု နောက်ပြန်လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နယူးဒေလီမြို့ ဗီဂ်ရန်ဘာဝန်ရှိ ပလန်နရီ ခန်းမတွင် ယမန်နေ့ညက ကျင်းပသည့် ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နေရူးတို့ ရှိစဉ်ကတည်းက ဖြစ်တည်ခဲ့သည့် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအကြောင်းကို ပြောဆိုစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမတို့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ အိန္ဒိယက အဝေးကို ထွက်သွားခဲ့တယ်။ ဒါကိုတွေ့ရတော့ ကျမ တော်တော် စိတ်ထိခိုက်ခဲ့ရတယ်။ စိတ်ပျက်ခဲ့ရတယ်။ ဒါပေမယ့် ကျမတို့ နှစ်နိုင်ငံက ချစ်ကြည်ရင်းနှီးမှုဟာ လူထုကိုအခြေပြုပြီး ရေရှည်တည်မြဲမှု ရှိနေမယ်ဆိုတာ ကျမအမြဲယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။

အိန္ဒိယနိုင်ငံသည် စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ဆန့်ကျင်သည့် ၁၉၈၈ လူထုလှုပ်ရှားမှုများအတွင်းတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးကူညီမှုများ ပြုခဲ့သလို အိန္ဒိယခေါင်းဆောင်တဦးဖြစ်သူ မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်မူဝါဒနှင့် မြန်မာ့အရေး လုပ်ဆောင်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံအားပေးခဲ့သည်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်မူ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အိန္ဒိယခွဲထွက်ရေး သူပုန်များကို ပူးပေါင်းတိုက်ထုတ်ရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းခဲ့ရာ မြန်မာ့အရေးတွင် ထောက်ခံအားပေးမှု လျော့ကျသွားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျဝါဟာလာနေရူးဆု ချီးမြှင့်လိုက်ရာ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေးမှာ အတန်ငယ် ရပ်တန့်သွားခဲ့သည်။

သို့သော်လည်း အိန္ဒိယက အရှေ့မျှော်ဝါဒကို ကျင့်သုံးလာသည့်နောက်ပိုင်းတွင် နှစ်နိုင်ငံအစိုးရချင်း စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံမှုများ ပိုမိုမြင့်တက်လာပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် အိန္ဒိယက ရေငုံနှုတ်ပိတ်နေခဲ့သည်။

ယခုလက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ကျမတို့နိုင်ငံဟာ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးပါဘူး။ ပန်းတိုင်ကိုရောက်ဖို့ ကျမတို့ ကြိုးစားနေကြတုန်းပါပဲ” ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ သွားရာတွင် အိန္ဒိယပြည်သူများအနေဖြင့် မြန်မာပြည်သူများဖက်မှ ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

“ကျမတို့ ရှေ့ဆက်တိုးဖို့ ကြိုးစားကြရင်း အခက်အခဲတွေ ကြုံတဲ့အခါ အိန္ဒိယပြည်သူတွေအနေနဲ့ ကျမတို့နဲ့အတူ ရပ်တည်ပေးမယ်၊ ကျမတို့ရဲ့ဘေးမှာ နှစ်တွေအများကြီး အတူတူ ရှိနေမယ်လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် နိုင်ငံနှစ်နိုင်ငံ ရင်းနှီးဆက်ဆံမှုတွင် အစိုးရချင်း ပေါင်းသင်းဆက်ဆံသည်ထက် ပြည်သူအချင်းချင်း ပေါင်းသင်းဆက်ဆံသည့် ရင်းနှီးမှုက ပိုမိုတည်တံ့ခိုင်မြဲကြောင်း၊ ထိုသို့သော ရင်းနှင်းချစ်ကြည်မှုသာ ဖြစ်သင့်ကြောင်း၊ သူမအနေဖြင့် အနာဂတ်တွင် အိန္ဒိယနှင့် မြန်မာ ပြည်သူအချင်းချင်း ရင်းနှီးခင်မင်မှုကို လိုလားကြောင်း ပြောဆိုခဲ့သည်။

“အစိုးရဆိုတာက လာလိုက်သွားလိုက်နဲ့ ပြောင်းနေတာ။ ဒါဟာ ဒီမိုကရေစီ စနစ်ကျတာကြောင့်ပေါ့နော်။ ဒါပေမယ့် ပြည်သူလူထုဆိုတာက အမြဲတမ်း ဒီတိုင်းပဲ မပြောင်းမလဲ ရှိနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂျဝါဟာလာနေရူးတို့ လက်ထက်ကတည်းက ချစ်ကြည်ရင်းနှီးခဲ့သည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲမည်ဟု ယုံကြည်ကြောင်း သူကဆိုသည်။

သူမအနေဖြင့် ဂျဝါဟာလာနေရူး၏ စာများ၊ ကဗျာများဖြင့် သူမနေအိမ်အကျယ်ချုပ်ကျစဉ်အချိန်တွင် အားယူခဲ့ကြောင်း၊ သူမ၏ နိုင်ငံရေး ဖြတ်သန်းမှုတွင် ဂျဝါဟာလာနေရူး၏ အဆိုအမိန့်များ၊ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေးမူဝါဒများက အထောက်အပံ့များစွာ ပေးခဲ့သည်ဟုဆိုသည်။

နိုင်ငံရပ်ခြား ခရီးထွက်မည့်အချိန် အနောက်တိုင်း ကုတ်အင်္ကျီမရှိသည့် သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂျဝါဟာလာနေရူးက သူ့ထံရှိသော ဆိုဒ်အငယ်ဆုံး ကုတ်အင်္ကျီကို လက်ဆောင်ပေးခဲ့ကြောင်း၊  သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းဝတ်သည့်အခါ ဆိုဒ်အလွန်ကြီးမားနေပြီး ရယ်စရာဖြစ်ခဲ့ကြောင်း၊ အဆိုပါ အင်္ကျီမှာ ယခုမြင်တွေ့နေရသော ဗိုလ်ချုပ်၏ ဓာတ်ပုံများမှ အင်္ကျီပင်ဖြစ်ကြောင်းကိုလည်း ရယ်မောစရာအဖြစ် ပြောဆိုခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အိန္ဒိယ ဒုသမတနှင့် တွေ့ဆုံမည်ဖြစ်ပြီး အိန္ဒိယလွှတ်တော်ကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကာ အိန္ဒိယအောက်လွှတ်တော် ဥက္ကဌ နှင့်လည်း တွေ့ဆုံရန်ရှိသည်။

ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ
ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)
မြန်မာ့ဒီမိုကရေစီရေးအတွက် အလိုအပ်ဆုံးအချိန်တွင် အားပေးမှု နောက်ပြန်လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိ
နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နယူးဒေလီမြို့ ဗီဂ်ရန်ဘာဝန်ရှိ ပလန်နရီ ခန်းမတွင် ယမန်နေ့ညက ကျင်းပသည့် ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နေရူးတို့ ရှိစဉ်ကတည်းက ဖြစ်တည်ခဲ့သည့် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအကြောင်းကို ပြောဆိုစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

Google မျက်မှန်ကိုယှဉ်ပြိုင်မည့် ဖုန်းနှင့်တွဲသုံးစရာ Vuzix မျက်မှန်

Photo: Google မျက်မှန်ကိုယှဉ်ပြိုင်မည့် ဖုန်းနှင့်တွဲသုံးစရာ Vuzix မျက်မှန်

Google ပဲ Smart မျက်မှန်ထုတ်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန် အခြေဆိုက် Vuzix ကုမ္မဏီလည်း Smart Glass တစ်မျိုး ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ uzix Smart Glasses M100 လို့ အမည် ပေ
းထား ပါတယ်။

အသုံးပြုပုံကလည်း Google မျက်မှန်နဲ့ သိပ်မကွာပါဘူး။ Vizix ကတော့ သူတိုပိုသာတယ်လို့ ဆိုပါတယ်။ iPhone , Android ဖုန်းများနဲ့ ပူးတွဲ အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ Vizix ဟာ နဂိုကလည်းက ရုပ်ရှင်ကြည့် မျက်မှန်ကို ထုတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါ တယ်။ ဒါကြောင့် M100 ကိုလည်း အဆင့်မြင့်မြင့် ပြုလုပ် ထားမှာ ဖြစ်ပါ တယ်။ အသုံးဝင်ပုံများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

Bluetooth ပါဝင်ပြီး ဖုန်းနဲ့ တိုက်ရိုက်ချိတ်ပေးထားပါတယ်။ Modify ပြန် လုပ်ထားတဲ့ Android OS ပေါ်မှာ အခြေခံပြီး အလုပ်လုပ်မယ့် မျက်မှန် ဖြစ် ပါတယ်။ သို့ပေမယ့် iOS သုံး iPhoneများ နဲ့လည်း တွဲသုံးလို့ ရအောင် စီမံပေးထား ပါတယ်။ မျက်မှန်တပ်ထား ရင် ဖုန်းကို ဖွင့်ကြည့်နေစရာ မလိုပဲ အလိုလို ပေါ်မယ့် Option များစွာ ပါရှိပါတယ်။ ဥပမာ- Message များရောက်လာရင် မျက်မှန် မှာ အလွယ် တကူ ဖတ်နိုင်ပါမယ်။ ပြီးတော့ Message ပြန်လည် အကြောင်းပြန်ဖို့ အတွက်လည်း အသံနဲ့ စာရိုက်မယ့် voice command ပါရှိပါသေးတယ်။ ဗီဒီယို တယ်လီဖုန်းလည်း ပြောဆိုနိုင်ပါတယ်။

ကင်မရာလည်း ပါရှိပြီး ဓာတ်ပုံကို မျက်မှန်နဲ့ ရိုက်နိုင်ပြီး Facebook တို့လို Social Network တွေမှာ ချက်ချင်း Upload လုပ်နိုင်ပါတယ်။ အပြင်သွားတဲ့ အခါ လမ်းမသိတဲ့ အခါမျိုးကျ အင်တာနက် မြေပုံ ဝန်ဆောင်မှု တွေက တစ်ဆင့် နေရပ်လိပ်စာများကို မှန်မှာ အလိုအလျောက် ပေါ်စေပါတယ်။ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် လမ်းပြပေးပြီး နေရပ်လိပ်စာ အတိ အကျ ပြသပေးနိုင်ပါတယ်။ သို့ပေမယ့် ယင်းကတော့ Mapping service - Authorized ဖြစ်နိုင်တဲ့ နိုင်ငံတွေမျာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နားကြပ်လည်း တွဲပါပါတယ်။ ရုပ်ရှင်ကြည့်လို့ရပြီး 3D ရုပ်ရှင်တောင် ကြည့်ရှုလို့ ရတယ်လို့ ဆိုပါတယ်။ Youtube က MTV များ၊ ဗီဒီယိုများလည်း ကြည့်ရှုနိုင်ပါတယ်။ အင်တာနက်ကနေ စိတ်ကြိုက် ဗီဒီယိုများ Download ဆွဲပြီးလည်း မျက်မှန်မှာ Offline ကြည့်ရှုလို့ ရပါတယ်။ မျက်မှန်မှာ နာနို နည်းပညာ အသုံးပြုထားတဲ့အတွက် သေးပေမယ့် သူလုပ်နိုင်တာ အတော် များပါတယ်။ အဓိက ကတော့ ဖုန်းနဲ့ တွဲသုံးဖို့ ဖြစ်ပါတယ်။

၂၀၁၃ CES ကမ္ဘာ့နည်းပညာပြပွဲကြီးမှာ ဝင်ရောက် ပြသမှာ ဖြစ်ပါတယ်။ ၂၀၁၃ အတွက် CES (Consumer Electronic Show) ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပညာဆု အချီးမြင့်ခံရမယ့် Gadget တစ်ခုလို့ လည်း ရေပန်းစားနေပါတယ်။

ဈေးလည်း ကြီးမယ့် အနေအထားမှာ ရှိပါတယ်။ Google ရဲ့  Project Glass တောင် Developer ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ သတ်မှတ်ထားပါတယ်။ User များအတွက် တကယ် ဖြန့်ချိလည်း ဈေး ကတော့ မတိမ်းမယိမ်းလောက် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Vizix ကထုတ်တဲ့ M100 မျက်မှန်ကလည်း မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်း ဝန်းကျင် လောက်တော့ တန်ဖိုးရှိမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ငွေ ၁၅ သိန်း အကုန်ကျခံနိုင်မယ်၊ ပစ္စည်းကိုလည်း ကြိုက်တယ် ဆိုရင် ၂၀၁၃ နှစ်ဆန်းမှာ ထွက်ရှိမယ့် M100 မျက်မှန် ကို စောင့်ဆိုင်း ဝယ်ယူနိုင်ပါတယ်။
--
Ref: Vizix
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/google-vuzix.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
Google ပဲ Smart မျက်မှန်ထုတ်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန် အခြေဆိုက် Vuzix ကုမ္မဏီလည်း Smart Glass တစ်မျိုး ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ uzix Smart Glasses M100 လို့ အမည် ပေးထား ပါတယ်။

အသုံးပြုပုံကလည်း Google မျက်မှန်နဲ့ သိပ်မကွာပါဘူး။ Vizix ကတော့ သူတိုပိုသာတယ်လို့ ဆိုပါတယ်။ iPhone , Android ဖုန်းများနဲ့ ပူးတွဲ အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ Vizix ဟာ နဂိုကလည်းက ရုပ်ရှင်ကြည့် မျက်မှန်ကို ထုတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါ တယ်။ ဒါကြောင့် M100 ကိုလည်း အဆင့်မြင့်မြင့် ပြုလုပ် ထားမှာ ဖြစ်ပါ တယ်။ အသုံးဝင်ပုံများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း

Photo: မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း

သန်းထိုက်ဦး| November 15, 2012 | 

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦး ထူးချစ်က ပြောသည်။

“ဖမ်းတာကလည်း တကယ့် စစ်ဆင်းရေးကြီးတခုလို ရွာကို ၀ိုင်းပြီးတော့ ဖမ်းတော့ လူတစ်ရာလောက် အဖမ်းခံလိုက် ရတယ်”ဟု ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။

ထိုင်း ရေတပ် အနေနှင့် ထလမုကျေးရွာမှ လှေများကိုပါ ကမ်းနားကပ်ခိုင်း၍ ပိတ်ဆို့ဖမ်းဆီးသည့်အတွက် ရေလုပ်ငန်းပိုင်ရှင်များကြား ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံထားရသည့် အလုပ်သမားများကိုလည်း ပြန်လွှတ်ပေးရန် ရေလုပ်ငန်းပိုင်ရှင်များ က တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

“လှေပိုင်ရှင်ဖြစ်တဲ့ ထိုင်းတွေ အကုန်လုံး ဆန္ဒပြတယ်၊ တအိမ်တယောက် ထွက်ဆိုပြီးတော့ လမ်းတွေကို ကားတွေနဲ့ ပိတ်ထား ပြီးတော့ စစ်တပ်တွေ မ၀င်ရအောင် အဲဒီလောက် အထိလုပ်တာ၊ သူတို့က မြန်မာတွေကို ဖမ်းမှာစိုးရိမ်လို့”ဟု ဦးထူးချစ်က ဆက် ပြောသည်။

ဦးထူးချစ်၏ ပြောပြချက်အရ ထလမုကျေးရွာတွင် ငါးဖမ်းလုပ်ငန်း အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ မြန်မာပြည်သားအနည်း ဆုံး ၄၀၀၀ ခန့်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများ ရှိသကဲ့သို့ အများစုမှာ တရားမ၀င် နေထိုင်သူများကြောင်း ဆိုသည်။

ယနေ့ နောက်ဆုံးရရှိသောသတင်းများအရ တရားဝင် အလုပ်သမား လက်မှတ်ရှိပြီး ဖမ်းဆီးခံထားရသည့် မြန်မာပြည်သားများ ကို ပြန်လွတ်ပေးပြီး တရားမ၀င် နေထိုင်သူများအတွက် ပြန်လည်လွတ်မြောက်လာရန် ထိုင်းအာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

အဖမ်းခံရသည့် မြန်မာပြည်သားများကို ဖန်ငမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်တွင် ထိန်းသိမ်းထား သည်။

ထလမုကျေးရွာကို ၀င်ရောက် ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရသော်လည်း ရေလုပ်ငန်းပိုင်ရှင်များနှင့် ထိုင်းအာဏာပိုင်များ ကြား မြန်မာပြည်သားများက ဓားစာခံဖြစ်ခဲ့ရကြောင်း ဦးထူးချစ်က ရှင်းပြသည်။

“အမှန်ဆိုလို့ရှိရင် မှတ်ပုံတင်လုပ်ဖို့ သူဌေးတွေ ကိုယ်တိုင် အားပေးထားတယ် ဆိုလို့ရှိရင်  ဒီပြဿနာတွေ တက်လာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုမှာ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရာဘာ ခြံတို့တွင် လုပ်ကိုင်ကြသည်။

အလုပ်သမားများ ဖမ်းဆီး အရေးယူမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့မည့် အရေးယူမှု တရပ်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း စတင် ပြုလုပ် မည် ဖြစ်ကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားထားသည်။

ထိုင်း အစိုးရ အနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ  နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူမှု ပြုလုပ် သွားမည်ဟု ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာန  အင်တာ နက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြ ဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုမှာ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ရာဘာ ခြံတို့တွင် ဖြစ်သည် (ဓာတ်ပုံ – Reuters)

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦး ထူးချစ်က ပြောသည်။

“ဖမ်းတာကလည်း တကယ့် စစ်ဆင်းရေးကြီးတခုလို ရွာကို ၀ိုင်းပြီးတော့ ဖမ်းတော့ လူတစ်ရာလောက် အဖမ်းခံလိုက် ရတယ်”ဟု ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။

စတီရီယိုခေတ်ဦး အဆိုတော် တစ်ဦးဖြစ်သည့် အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုး ကွယ်လွန်





thn-8-11-6
စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်)  အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြုပြောကြားခဲ့ပါသည်။
ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သော ခင်မောင်တိုးသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့ ဇာတိ ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့က ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှတို့မှ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။

တရားသူကြီးအပါအ၀င် တရားရေးဝန်ထမ်းခုနစ်ဦးအား ရာထူးမှ ရပ်စဲခဲ့

Photo: တရားသူကြီးအပါအ၀င် တရားရေးဝန်ထမ်းခုနစ်ဦးအား ရာထူးမှ ရပ်စဲခဲ့

ရန်ကုန်၊ နိုဝင်ဘာ - ၁၀

မန္တလေးမြို့တွင် မြို့နယ်တရားသူကြီးများအပါအ၀င် တရားရေး ၀န်ထမ်းခုနစ်ဦးကို ရာထူးမှ ရပ်စဲလိုက်ပြီး ခရိုင်အဆင့် တရားသူကြီးအချို့ကို သတိပေးစာများ ပေးပို့ခဲ့ကြောင်း တရားရေးအသိုင်းအ၀ိုင်းမှ တရားရေးဝန်ထမ်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်
မတီမှ သတင်းရရှိသည်။

ထိုသို့အရေးယူရာတွင် မြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယဦးစီးမှူးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦး စုစုပေါင်း ခုနစ်ဦးအား ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ခရိုင်တရားသူကြီး တစ်ဦး၊ ဒုတိယခရိုင်တရားသူ ကြီးတစ်ဦး၊ မြို့နယ်တရားသူကြီး တစ်ဦး၊ အငယ်တန်းတရားသူကြီး တစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦးတို့အား
စာဖြင့် ပြင်းထန်စွာ သတိပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး လက်အောက်ရှိ မြို့နယ်ဥပဒေအရာရှိတစ်ဦး၊ အကြီးတန်းစာရေးသုံးဦး၊ အငယ်တန်းစာရေးတစ်ဦးတို့အား စာဖြင့် ပြင်းထန်စွာသတိပေးခဲ့သည်ဟု သိရသည်။

“တချို့တွေက တာဝန်ထမ်းဆောင်ရမယ့်နေရာ အပြောင်းအရွှေ့မှာ နုတ်ထွက်လို့ ထုတ်ပယ်ရတာမျိုးတွေလည်း ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဦးမျိုးတင့်ကပြောသည်။ တိုင်းဒေသကြီးတရားလွှတ်တော် စတင်တာဝန်ယူသော ၂၀၁၁ မတ် ၃၁ ရက်မှ ယနေ့အထိ အမှုပေါင်း တစ်သိန်းကျော် စီရင်ဆုံးဖြတ်ခဲ့ပြီး တိုင်စာ ၂၀၀ ကျော်လည်း လက်ခံရရှိခဲ့သည်ဟု တိုင်းဦးစီးမှူးကဆိုသည်။

“ဖြုတ်လိုက်တဲ့ စာထဲမှာတော့ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ ဆိုင်တယ်လို့ ရေးထားတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် မကြာမီရက်ပိုင်းအတွင်းကပင် မန္တလေးမြို့ရှိ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် တရားလွှတ်တော်တို့ကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ တရားသူကြီးများ ရာထူးမှရပ်စဲခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်ခံရကြောင်း သတင်းရရှိသည်။

“တရားသူကြီးတွေကို ဖြုတ်တဲ့ကိစ္စတော့ သိပ်မအံ့သြဘူး။ မန္တလေးမှာ လာဘ်ပေးလာဘ်ယူမှုက အရမ်းကို ကြီးထွားနေတယ်။ အစိုးရလည်း ကျေနပ်အောင်၊ လာဘ်ပေးတဲ့သူတွေလည်း ကျေနပ်အောင် အမိန့်တွေကိုချနေတယ်။ ဒါကို သက်ဆိုင်ရာက အရေးယူတာကို မှန်တယ်လို့ သုံး သပ်တယ်။ ကျွန်တော်ကတော့ ဌာနဆိုင်ရာ အရေးယူမှုနဲ့ မကျေနပ်ဘူး။ တရားဥပဒေနဲ့အညီ အပြစ်ပေးဖို့လိုလားတယ်” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။

“ကျွန်တော်တို့ကော်မတီ စစ်ဆေးပြီးနောက်ပိုင်းမှာ မန္တ လေးမှာ တရားသူကြီးတွေ ပြုတ်တဲ့ကိစ္စ သတင်းကြားပါတယ်။ ဘာအကြောင်းကြောင့်လဲ ဆိုတာတော့ မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးခဲ့စဉ်တုန်းက တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ တွေ့ခဲ့ရပါတယ်။ အဲဒီအစီ ရင်ခံစာကို အခု အကြမ်းရေးနေပါပြီ။ လွှတ်တော်ကို တင်တော့မှာ ပါ” ယင်းကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“မန္တလေးတရားစီရင်ရေး ပြိုလဲသွားပြီလို့ ပြောတဲ့အထဲမှာ အခုမန္တလေးဟာ အရင်နဲ့မန္တလေးနဲ့မတူတော့ဘူး။ လူမျိုးခြားတွေ အရမ်းများလာတယ်။ သူတို့က ပိုက်ဆံရှိတော့ ငွေပေးငွေယူကိစ္စတွေ ရှေ့တန်းတင်လာခဲ့အခါ ငွေမှငွေ ဖြစ်လာတယ်။ သမာသမတ်ကျပြီး အမှန်တရားဘက်က ရပ် တည်တဲ့ ရှေ့နေကြီးတွေကလည်း မရှိတော့ဘဲ မျိုးဆက်ပြတ်သလို ဖြစ်သွားတာတွေကြောင့်လို့ မြင်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးဝင်းဆွေဦးကပြောသည်။

မန္တလေးမြို့တွင် အိမ်ဈေးမြေဈေးများ အပြောင်းအလဲမြန်နှုန်းကြောင့် အိမ်မြေကြောင့်ဖြစ်ပွားရသော အမှုအခင်းများ ပိုမိုဖြစ်ပွားလေ့ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်စာများ အသနားခံစာများ တင်ရာတွင် တရားသူကြီးများကိုပါ ထည့်တိုင်လေ့ရှိသည်ဟု တိုင်းဦးစီးမှူးကပြောသည်။

“တချို့တွေက အမှုက ရဲစခန်းပဲရှိသေးတယ်။ တရားသူကြီးကိုပါ ထည့်တိုင်ထားပြီ။ တရားသူကြီးတွေမှာ သာမန်လိုက်နာရမယ့် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေအပြင် သီးခြားလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာတွေ ရှိပါတယ်။ ကျွန်တော်တို့က လာဘ်ငွေနဲ့ ပတ်သက်ရင် သံသယဖြစ်ဖွယ်တွေ့ရင်
ကို အရေးယူပါတယ်” ဟု တိုင်းဦးစီးမှူးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး(၈)ရုံး မြို့နယ် တရားရုံး ၃၂ ရုံးရှိသည်။ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်း တရားခွင်တိုင်းတွင် အမှုများကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမည်ဖြစ်ပြီး တရားရုံးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း
နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်၍ လာဘ်ငွေပေးရန်မလိုကြောင်း၊ လာဘ်ငွေတောင်းခံပါက တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖုန်း ၀၂-၂၄၉၃၅၊ ဖက်စ် ၀၂-၃၃၄၂၄ သို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

အေးချမ်းမွန်မှ 7Day News Journal · တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :solicitorsinglasgow4u.co.uk
မန္တလေးမြို့တွင် မြို့နယ်တရားသူကြီးများအပါအ၀င် တရားရေး ၀န်ထမ်းခုနစ်ဦးကို ရာထူးမှ ရပ်စဲလိုက်ပြီး ခရိုင်အဆင့် တရားသူကြီးအချို့ကို သတိပေးစာများ ပေးပို့ခဲ့ကြောင်း တရားရေးအသိုင်းအ၀ိုင်းမှ တရားရေးဝန်ထမ်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်
မတီမှ သတင်းရရှိသည်။

ထိုသို့အရေးယူရာတွင် မြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယဦးစီးမှူးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦး စုစုပေါင်း ခုနစ်ဦးအား ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် ခရိုင်တရားသူကြီး တစ်ဦး၊ ဒုတိယခရိုင်တရားသူ ကြီးတစ်ဦး၊ မြို့နယ်တရားသူကြီး တစ်ဦး၊ အငယ်တန်းတရားသူကြီး တစ်ဦး၊ အကြီးတန်းစာရေးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦးတို့အား

ZTE Network ရှိ GSM တယ်လီဖုန်းများ ဆက်သွယ်မှု ၁၀ မိနစ် ပြတ်တောက်မည်ဟု ကြေညာ

Photo: ZTE Network ရှိ GSM တယ်လီဖုန်းများ ဆက်သွယ်မှု ၁၀ မိနစ် ပြတ်တောက်မည်ဟု ကြေညာ

By Internet Journal

GSM/ UMTS မိုဘိုင်းတယ်လီဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် GSM ZTE Network ရှိ GSM တယ်လီဖုန်းများ ဆက်သွယ်မှု ၁၀ မိနစ်ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။ရန်ကုန်မြို့ ZTE - GSM/UMTS စနစ်ကို MGW Capacity Expansion ပြုလုပ် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါနေ့ နေ့လယ် ၂း၀၀ နာရီမှ ၂း၁၀ နာရီအထိ ဆက်သွယ်မှု ယာယီ ဆိုင်းငံ့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းနေ့တွင် ရန်ကုန်မြို့ GSM ZTE Network ရှိ မြို့နယ်များတွင် GSM တယ်လီဖုန်းများ ဆက်သွယ်မှု ယာယီဆိုင်းငံ့မည် ဖြစ်သည်။ အဆိုပါ မြို့နယ်များမှာ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ခရမ်းသုံးခွ၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ကော့မှူးတို့ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
http://www.yatanarpon.com.mm/news/news-71433

အေးချမ်းမွန်မှ  yatanarpon.com.mm တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :yatanarpon.com.mm
GSM/ UMTS မိုဘိုင်းတယ်လီဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် GSM ZTE Network ရှိ GSM တယ်လီဖုန်းများ ဆက်သွယ်မှု ၁၀ မိနစ်ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။ရန်ကုန်မြို့ ZTE - GSM/UMTS စနစ်ကို MGW Capacity Expansion ပြုလုပ် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါနေ့ နေ့လယ် ၂း၀၀ နာရီမှ ၂း၁၀ နာရီအထိ ဆက်သွယ်မှု ယာယီ ဆိုင်းငံ့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းနေ့တွင် ရန်ကုန်မြို့ GSM ZTE Network ရှိ မြို့နယ်များတွင် GSM တယ်လီဖုန်းများ ဆက်သွယ်မှု ယာယီဆိုင်းငံ့မည် ဖြစ်သည်။

အိုဘားမား မြန်မာ ပြည်သူလူထုကို မိန့်ခွန်း ပြောမည်

အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အိုဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန်ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကိုလည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ




အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

thn-14-11-12-91
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis