menu

Tuesday 21 August 2012

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ




ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း သြဂုတ်လ (၂၀) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ မြန်မာယူ-၁၉ အမျိုးသားအသင်း၊မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့နှင့်ပူးတွဲလေ့ ကျင့်မှုများပြုလုပ်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။
နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်

မန္တလေး သြဂုတ်(၂၁)ရက်

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍
အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

 “အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှ
သူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

မြန်နှုန်းမဲ့ အင်တာနက်၊ ခရိုနီ ဈေးကွက် စီးပွားရေး ၊ ဈေးအကြီးဆုံး တန်ဖိုးနည်းဖုန်း နှင့် ပျောက်ဆုံးနေဆဲ အိမ်မက်များ(ပိုက်တင်)

နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။

အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။

ရတနာ နတ်မယ် ကောက်ကြောင်း (မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ်၊)





ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။
ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊ သိကျွမ်းခင်မင် ရင်းနှီး ကြမယ်လို့ လုံးဝ မမျှော်လင့်ခဲ့။ ဟက်ဒင်တန် ရွာကလေးတွင် ဆရာကြီး ဦးဘခင် တရားဌာနကြီး (International Meditation Centre in the Tradition of Sayagyi U Ba Khin) ဖွင့်လှစ်ထားသည်။ ထိုဌာန၌ ၁၉၈၀ ပြည့်နှစ်မှ စ၍ ဌာန မန်နေဂျာ အဖြစ် မိမိတာဝန် ထမ်းဆောင် လျက်ရှိသည်။ တရား ဌာန၏ လစဉ် တရားပတ် ၁၀ ရက် စခန်းသို့ သူရောက်လာသည်။

သူ့ကို ခုလိုတရား အားထုတ်သူ အဖြစ်မြင်ရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ဤသို့ မမျှော်လင့် ခဲ့ခြင်းမှာလည်း အီတလီ နိုင်ငံတွင် အခြေချ နေထိုင်သော သူသည် ဗိုလ်ချုပ် နေ၀င်းနှင့် လက်ထပ်ရန် အီတလီမှ ရောက်ရှိ လာသည့်နေ့၊ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ကော်ဇောခင်း နီပေါ် လျှောက်လှမ်းနေသည့် ကြော့ကြော့မော့မော့ ပုံရိပ်လွှာကို မိမိ၏ အာရုံထဲ ပြန်လည် မြင်ယောင်ကာ နေမိခြင်း ကြောင့်ပင်ဖြစ်သည်။

စိုးသူ၏ ဂီတဖျော်ဖြေပွဲကို နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထား




e7463
‘အဝေးတစ်နေရာ’ ဖျော်ဖြေပွဲ၌ စိုးသူနှင့် မေဆွိကို တွေ့ရစဉ်
သရုပ်ဆောင် အဆိုတော် စိုးသူ၏ဂီတဖျော်ဖြေပွဲကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲအတွက် အဆိုတော်စိုးသူနှင့် လိုအပ်သည့် ညှိနှိုင်းမှုများအား စတင်ပြုလုပ်နေပြီ ဖြစ်သည်ဟု သိရှိရသည်။
“စိုးသူရဲ့ဂီတဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်နေပါတယ်။ ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ ကိုစိုးသူဘက်ကလည်း မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေချင်တယ်လို့ အကြောင်းပြန်လာပါတယ်။ ဒါကြောင့် ဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်နေပါပြီ။  ကိုစိုးသူက ဟိုမှာလည်း အလုပ်တွေရှိနေတာကြောင့် သူ့အလုပ်အား ရက်နဲ့ညှိပြီးတော့မှ လာဖြစ်မှာပါ။ ဒါကြောင့် နှစ်ကုန်ပိုင်းကို စီစဉ်ဖြစ်သွားတာပါ။ လောလောဆယ်က ရန်ကုန် မှာလုပ်ဖို့ အရင်စီစဉ်ထားပါတယ်။ အသေးစိတ်ကတော့ ထပ်ပြီးညှိနှိုင်းရပါဦးမယ်”ဟု ဖျော်ဖြေပွဲအား စီစဉ်လျက်ရှိသည့် ဦးပီးပေါ်က ရှင်းပြခဲ့သည်။

စည်းကောင်းမှ ကမ်းကောင်းမည်(အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်))

ဆရာကြီးလူထုစိန်ဝင်းက 'ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်'ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကား စားဝတ်နေရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်။ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်

စည်းဟူသည်
(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး။ 'လယ်မှာ ကန်သင်း၊ ယာ မှာ စည်းအတွင်း''။ (၂) တစ်စုံတစ်ခုသော မျက်နှာပြင်ပေါ်၌ ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။  ''ဖြစ်ပျက်ပိုင်းခြား စည်းနှယ်ထား၏''။  (၃) တိုင်းပြည်တစ်ခုနှင့်တစ်ခု ပိုင်း ခြားသတ်မှတ်ထားသော နယ်နိမိတ်။ ''တောတောင်ကုန်းကြည်း၊ နိုင်ငံ စည်း၌ ဖြင်းပည်းများစွာ''။ (၄) မကျူးမကျော် မဖောက်မဖျက်ရန် သတ်မှတ်ထားသော ကျင့်ဝတ်၊ ''သူ့စည်းနှင့်သူ၊ ကိုယ့်စည်းနှင့်ကိုယ်၊ လူ့စည်းဘီလူးစည်း''။ (၅)သတ္တုကို လုပ်ထားသော သံပရာခွံတစ်ဝက်ပုံ တီးခတ်စရာ တူရိယာအစုံ။ (၆) စည်း တူရိယာအသံဖြင့် ပိုင်းခြားကန့်သတ်ပေးရသော တီးမှုတ်သီဆိုမှု ကာလအခိုက်အတန့်။ စည်း-မြစ်ရေကျသောအခါ နစ်၍ ကျန်သော သဲသောင်၊ စည်းပစ္စည်းတို့ကို စု၍ ချည်သည်၊ ချည်နှောင်သည်၊ စု၍ ချည်ထားသော ထင်းမြက်စသည့် အရာဝတ္ထု။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် စည်းကို ဤသို့ ဖွင့်ဆိုထား၏။

မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆ တိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း

မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ၀င်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဘန်ကောက်တွင် ကျင်းပသည့် အာရှဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ၌ အေဒီဘီ စီးပွားရေးပညာရှင် အကြီးအကဲ Ms. Cyn-Young Park (လယ်)နှင့် အေဒီဘီအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff (ယာ) တို့တက်ရောက်နေကြစဉ်။
ဘန်ကောက်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲတစ်ဦးဖြစ်တဲ့ Ms. Cyn-Young Park က မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန် အလားအလာ ကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ရေး အမတ်တွေ ဆက်လက်ဆောင်ရွက်မယ်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်ခင် တာဝန်ကနေ အနားယူဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး လက်မှတ်ရေးထိုး တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့အကြောင်းပြန်ကြားတဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် အမတ်တွေအနေနဲ့ လက်မခံပဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
ဒါအပြင် လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့် ဖြစ်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တာဝန်ယူပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကိုပြောပါတယ်။

ရေတက်မှု ရက်ကြာမြင့်လာ၍ ရေဘေးဒုက္ခသည်များ ကျန်းမာရေးစိုးရိမ်နေရ

ရေတက်မှု ရက်ကြာမြင့်လာသည်နှင့်အမျှ ရေဘေးဒုက္ခသည်များ၏ ကျန်းမာရေးအန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေသူများက ဆိုသည်။

င၀န်မြစ်ရေကြီးမှုနှင့်အတူ ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ကျုံပျော် အစရှိသော မြို့နယ်များတွင် သြဂုတ်လ ပထမပတ်မှ စတင်ကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လူနေအိမ် အနိမ့်ပိုင်းရပ်ကွက်များသို့ ရေ၀င်ရောက်နေမှုမှာ နှစ်ပတ်ကျော်မျှ ကြာမြင့်နေပြီဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကံဦးလူငယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကျူးကျော်နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန်ထိခိုက်စေမှုဖြစ်ပွား

မန္တလေး၊ သြဂုတ်- ၂၁
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူများထံ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စစ်ဆေးစဉ် အပြန်အလှန် ထိခိုက်စေမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၁ ရက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ခန့်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် ကျူးကျော်နေထိုင်သူများ၏ ၀င်းအတွင်းသို့ ၀င်ရောက်ပြီး ကျူးကျော်များ၏ခေါင်းဆောင်ကို ခေါ်ဆောင်စစ်ဆေးရန် ပြုလုပ်သည်ကို ကျူးကျော်နေထိုင်သူများက တားဆီးကာကွယ်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီထွန်းကား တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအရ ညှိနှိုင်းဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့၊ တည်တံ့ခိုင်မြဲဖို့ ဆိုရင် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ညိနှိုင်းဖြေရှင်း အဖြေရှာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
မနေ့ ညနေပိုင်းက တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က -
"ကျွန်မတို့ ဒီလို အဖြေသာ လွယ်လို့ ရှိလို့ ရှိရင် ဒီနိုင်ငံအတွင်းမှာ တိုင်းရင်းသားအဖွဲ့ တွေ လက်နက်ကိုင်အဖွဲ့ တွေ ဘာတွေ ဆိုတဲ့ပြဿနာ ဘယ်တုန်းကမှ တက်လာမှာ မဟုတ်ဘူး၊

မြန်မာနိုင်ငံ စာပေစိစစ်ရေးကို ဖျက်သိမ်းကြောင်း ကြေညာချက် အမေရိကန်ပြည်ထောင်စု ကြိုဆို

မြန်မာနိုင်ငံက စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေး မရှိဘဲ ရှေ့ဆက်သွားဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်းက ပြောကြားလိုက်ပါတယ်။
Photo: U.S.Department of State
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူးလန်း ရှင်းလင်းပြောကြားနေစဉ်။
မြန်မာနိုင်ငံမှာ မီဒီယာ သတင်းသမားတွေ အနေနဲ့ သူတို့ရဲ့ ရေးသားချက်တွေ စာပေစိစစ်ရေးဌာနကို တင်စရာ မလိုတော့ဘူးဆိုတဲ့ ကြေညာချက်ကို မိမိတို့ ကြိုဆိုပါတယ်လို့ မစ် နူးလန်းက ပြောသွားတာပါ။
သူမက ဆက်လက်ပြီး စာပေစိစစ်ရေးဌာနဟာ စာနယ်ဇင်းတွေကို စောင့်ကြည့် ဖိနှိပ်နေတဲ့အတွက် မြန်မာအစိုးရက စာပေစိစစ်ရေးဌာနကို ဖယ်ရှားလိုက်တာကို ကျွန်မတို့ မြင်ချင်တာပါလို့ ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်န
ှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း
လွှတ်တော် ကိုယ်စား

လှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက
ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

ဆရာမနှစ်ဦး ကျောင်းပြောင်းရွှေ့မှု ရန်ကုန် TTC ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း အထက်တန်းပြ ဆရာမ နှစ်ဦးဖြစ်သူ ဒေါ်မာလာကြိုင်နှင့် ဒေါ်အေးအေးသိန်းတို့ ကျောင်းပြောင်း ရွေ့ခံရခြင်းနှင့် ပါတ်သက်၍ အဆိုပါ ကျောင်းမှ ကျောင်းသားများက မကျေနပ်သဖြင့် ယခုလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၀ တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့သူ မကာရ
ံချိုနှင့် မောင်ကောင်းဇော်ခန့် တို့ထံမှ သိရသည်။

၎င်း ဆရာမ နှစ်ဦးကို အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ၏ သြဂုတ်လ ၁၃ ရက်နေ့ရက်စွဲ ဖြင့် ကျောင်းပြောင်းမိန့် ထွက်လာပြီး နောက်ပိုင်း လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသားများက ယင်းသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။ ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ ပညာ သင်ကြားနေသူ ကျောင်းသား ကျောင်းသူပေါင်း ၈၂၀၃ ဦးရှိပြီး၊ ယင်းတို့ထဲမှ အထက်တန်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၁၄၄၅ ဦးက ခန်းလုံးကျွတ် အတန်းမတက်ခြင်း၊ ကျောင်းတံဆိပ် ပြောင်းပြန်တတ်ခြင်းများကို လုပ်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ ထံက စုံစမ်း သိရသည်။

အစ္စလာမ် ဘာသာရေးအဖွဲ့ရဲ့ ကြေညာချက်


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ကြေညာချက် တစောင်ထုတ်ပြန်ခဲ့တာကို ယမန်နေ့က နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်လျှက် ရှိတာကို အစချီပြီး ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုထားမှုများကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် အသင်းကြီးက လက်မခံကြောင်း ပါဝင်ပါတယ်။

ရန်ကုန် ဗိုလ်ချုပ် အောင်ဆန်းဈေးအနီး နိုင်ငံတကာ ကုန်တိုက် ဖွင့်လှစ်မည်

ရန်ကုန်မြို့ ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည့် ကိုလိုနီ ခေတ်လက်ရာများဖြင့် ဆောက်လုပ်ထားသော ဗိုလ်ချုပ် အောင်ဆန်းဈေးအနီးတွင် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသည့် ကုန်တိုက်ကြီး တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုန်တိုက်သည် မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ကုန်တိုက်ပေါင်း ၅၄ ခု ဖွင့်လှစ်ထားပြီး အရှေ့ တောင်အာရှ အခြေစိုက် Parkson Retail Asia Limited ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံ ဗိုလ်ချုပ်ဈေး အနီးရှိ FMI Center တွင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး သိရသည်။

စာနယ်ဇင်းအားလုံး ဆင်ဆာဖြတ်တောက်မှု ရုပ်သိမ်း

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းအားလုံးကို ဒီကနေ့ကစလို့ ဆင်ဆာဖြတ်တောက်မှုတွေ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က စာပေစိစစ်ရေးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို RFA မှ တွေ့ဆုံမေးမြန်းနေစဉ်။
စာပေစိစစ်ရေးကနေ ပြည်တွင်းထုတ် သတင်းစာစောင်တွေနဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အားလုံးကို ထုတ်/တင် စနစ်သို့ ဒီကနေ့ကစပြီး ပြောင်းလဲလိုက်တယ်လို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနရုံးက ဒီကနေ့ သတင်းမီဒီယာတွေကို အသိပေး ပြောကြားလိုက်တာပါ။
စာပေစိစစ်ရေးဌာန အနေနဲ့ စာပေစိစစ်ရေး လုပ်ငန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျော့ပေးခဲ့ရာမှာ အခုတစ်ကြိမ် ဖြေလျော့မှုဟာ နောက်ဆုံးအဆင့် ဖြစ်တယ်လို့ အဲဒီဌာနရဲ့ အကြီးအကဲ ဦးတင့်ဆွေက RFA ကို ပြောပါတယ်။

ကော့သောင်းမှာ NLD အဖွဲ့ဝင်တချို့ ဆန္ဒပြ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့မှာ ဒီကနေ့ နေ့လည်က အဖွဲ့ဝင်တချို့က ပါတီတွင်း မကျေနပ်မှုအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြို့နယ်က ၁၅ ဦး ခရိုင်က ၁၅ ဦးပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ကော့သောင်မြို့ ဝေလရိပ် စားသောက်ဆိုင်မှာ ဖွဲစည်းခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျလို့ ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြတာပါလို့ မြို့နယ်ဥက္ကဋ္ဌဟောင်းလည်းဖြစ် မြို့နယ် လှုမှုအထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်က ပြောပါတယ်။
“ပါတီကိုမဟုတ်ပါဘူးခင်ဗျ။ ပါတီတွင်းမှာ တချိန်တုန်းက နှုတ်အားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း မပါခဲ့တဲ့သူတွေက သူတို့သဘောနဲ့ သူတို့ မြို့နယ်ညီလာခံနဲ့ ခရိုင်ညီလာခံ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ အဖွဲ့ဝင်အများစု မသိဘဲနဲ့ လူနည်းစု ကနေပြီးတော့ လုပ်လိုက်တဲ့အတွက်ကြောင့် ဒီမိုကရေစီနည်းမကျဘူး ဆိုပြီးတော့ အဲဒီဥစ္စာကို ဆန့်ကျင်ပြီးတော့ ကန့်ကွက်တာပါ”

လူမျိုးရေးအဓိကရုဏ်းအတွက် ဓာတ်ပုံများ၊ ဗီဒီယိုများ လုပ်ကြံဖန်တီးနေကြောင်း ပါကစ္စတန်ကို အိန္ဒိယစွပ်စွဲ



အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်ကြသူများအား ထိတ်လန့်စေရန်နှင့် မွတ်စလင်များကို လှုံ့ဆော်ရန်အတွက် Facebook ၊ Twitter နှင့် YouTube ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများကို ပါကစ္စတန် အခြေစိုက် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင် စွပ်စွဲထားသည်။
ဇူလိုင် ၁၃ ရက်နေ့မှစကာ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအတု အများစုသည် လုပ်ကြံထားသော ဓာတ်ပုံများဖြစ်ကြောင်း တိဗက်ငလျင်၊ ထိုင်းကဲ့သို့သော နေရာမျိုးစုံမှ ရယူထားသော ဓာတ်ပုံများကို အတုများ ဖန်တီးထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ၊ အာသံတို့နှင့် ဆက်နွယ်နေသော ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းသို့ တင်ခဲ့သူအများစုသည် လူမှုကွန်ရက်များကို အသုံးချကာ မတည်ငြိမ်မှုများဖန်တီးရန် ကြိုးပမ်းခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ အီးမေးလ်များ၊ အင်တာနက်ဖုန်းများမှတစ်ဆင့် သတင်းအချက်အလက်မှားများ ဖြန့်ဖြူးကာ အာသံနှင့် အခြားနေရာများတွင် မတည်ငြိမ်မှုများဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့ကြောင်း အစီရင်ခံစာက ကောက်ချက်ချခဲ့သည်။

ဆင်ဘိုဒေသအနီးတစ်ဝိုက်တွင် ကြွက်ကောင်ရေသောင်းနှင့်ချီပြီး ဧရာဝတီမြစ်ကို ဖြတ်ကူးလျှက်ရှိကြောင်းသိရ




ကောင်ရေသောင်းနှင့်ချီသော ကြွက်များသည် ဧရာဝတီမြစ်အရှေ့ဖက်ကမ်းမှ အနောက်ဖက်သို့ ဆင်ဘိုဒေသ တစ်ဝိုက်မှဖြတ်ကူးလျှက်ရှိကြောင်းသတင်းရရှိပါသည်။
ပြီးခဲ့သော သြဂုတ်လ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ကြွက်ကောင်ရေအများအပြားသည် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ မြင်သာရွာ၊ ရေနားပင်လုံကျေးရွာများကိုဖြတ်သန်းသွားခဲ့ကြောင်းဒေသခံများ၏ပြောကြား ချက်အရသိရသည်။
“၁၇ ရက်နေ့ညမှာ ခွေးတွေဟောင်တယ်။ ကြောင်းတွေလည်းအော်တယ်။ မနက်လင်းတော့ ရေခပ်တဲ့သူတွေ တွေ့တာ။ မြင်သာရွာမှာ ရတာ အကောင် ၅၀၀ ကျော်တယ်ပြောတယ်။ ရေနားပင်လုံကလူတွေက အကောင် ၆၀၀ ကျော်တယ်လို့ သိရပါတယ်။ မြစ်အရှေ့ဖက်ကမ်းက ၀ါးတွေသုဉ်းတာနဲ့ဆိုင်မယ်ထင်တယ်” ဟု  ဆင်ဘို မြို့နယ်ခွဲမှ စက်လှေပိုင်ရှင် ဦးနေ၀င်းထွန်းကပြောပါသည်။

ဒီမိုကရေစီ ခေါင်းဆောင်များကို အမေရိကန် ဆုပေးမည်

ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတခုကပေးတဲ့ဆုကို ကိုမင်းကိုနိုင် သွားရောက် လက်ခံရယူမယ်လို့ သိရပါတယ်။
သူနဲ့အတူ တခြား မြန်မာ့အရေးလှုပ်ရှားသူ ၄ ဦးလည်း ဆုရရှိပါတယ်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများဖြစ်သော ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဦးကျော်သူတို့ ၃ ဦးသည်ဒီမိုကရေစီ ဆု(The Democracy Award) လက်ခံရယူရန်အတွက် လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမေရိကန် ၏ ဒီမိုကရေစီအရေး အားပေး ပံ့ပိုး ကူညီနေသော အဖွဲ့တဖွဲ့ဖြစ်သည့် National Endowment for Democracy (NED) က နှစ်စဉ် ကမ္ဘာတ၀န်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဆုချီးမြှင့်လျက်ရှိရာ ယခုနှစ်အတွက် ဒီမိုကရေစီဆု ကို မြန်မာနိုင်ငံသား ၅ ဦး ရရှိကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...

ShareThis