![]() |
| မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ) |
သမ္မတဦးသိန်းစိန်သည် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ဒေသခံများ နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာကြားစစ်ဆေးနေချိန် သံတွဲမြို့နှင့် ၂၈ မိုင်ဝေးသော ရွှေလှေသပြုချိုင် တောင်ပေါ်ဒေသတွင် မွတ်စလင်များ၏ နေအိမ်များကို ဒေသခံ တိုင်းရင်းသား အင်အား တထောင်ခန့်က ၀င်ရောက် မီးရှို့ခဲ့ပြီး အနည်းဆုံး နေအိမ် ၃၀ လုံး မီးလောင် ကျွမ်းခံခဲ့ ရကြောင်း၊ အကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် အသက် ၉၄ နှစ်အရွယ် ကမန်အစ္စလမ် ဒေါ်အေးကြည်ဆိုသူ အမျိုးသမီးတဦး သေဆုံးသွားကြောင်း၊ အကြမ်းဖက် လူအုပ်စုကို လုံခြုံရေး တပ်ဖွဲ့ဝင် များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကလည်း သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီ ဆိုင်တဆိုင် မီးရှို့ခံခဲ့ရပြီး သံတွဲမြို့ နှင့် ၂၅ မိုင်အကွာ ကျောက်ကြီးရွာတွင် ဗလီတလုံး ဖြိုချ ဖျက်ဆီးခံခဲ့ရ ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။




![မလေးရှားပရိသတ်များစိတ်ခံစားမှုထိန်းချုပ်ရန် မလေးရှားသံအမတ်တိုက်တွန်း
[ မင်းသန့် ၊ ရန်ကုန် ၊စက်တင်ဘာ ၃၀ ]
မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သည့်လူမျိုးရေး ပဋိပက္ခအခြေအနေများကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာရောက်မည့် အားကစားသမားများ၊ အသင်း တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့်၎င်းတို့၏ အသက်အန္တ ရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်မှုရှိမနေရန် အားကစားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူမျိုး ခြားများနှင့်ဖြစ်ပွားခဲ့သည့် ကိစ္စရပ် များကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာ ရောက်ယှဉ်ပြိုင်မည့် ဘာသာခြား နိုင်ငံတချို့မှ စိုးရိမ်ပူပန်မှုရှိနေရာ ယင်းတို့၏လုံခြုံရေးအပေါ် မြန်မာ အစိုးရက အာမခံချက်ပေးခဲ့သည်။မြန်မာနိုင်ငံရှိဆီးဂိမ်းပြင် ဆင်မှုနှင့်ပတ်သက်၍ မလေးရှား အားကစားကလောင်ရှင်များ လာ ရောက်လေ့လာစဉ် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော် ဝင်းနှင့်တွေ့ဆုံစဉ် လုံခြုံရေးအ ခြေအနေအပေါ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
''ဆီးဂိမ်းပြိုင်ပွဲမှာလုံခြုံရေး ကို တင်းတင်းကျပ်ကျပ်ချသွားမှာ ပါ။ ဒီကိုလာလို့လေယာဉ်ပေါ်က နေဆင်းလာတာနဲ့ လုံခြုံရေးကို အမြင့်ဆုံးအခြေအနေမှာထား ပြီးစောင့်ရှောက်သွားမှာပါ။ အား ကစားကွင်းတိုင်းမှာလဲ ရဲစခန်း တွေထားရှိသွားမှာဖြစ်လို့ ဘာမှ စိုးရိမ်စရာမလိုပါဘူး''ဟုပြောသည်။
ဒုဝန်ကြီးဦးဇော်ဝင်းအနေ ဖြင့် လုံခြုံရေးတင်းကျပ်စွာချထား မည်ဟုဆိုခဲ့သော်လည်း ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် လေးနေရာအ တွက် လုံခြုံရေးအင်အားအရေအ တွက်မည်မျှထားရှိမည်ဆိုခြင်းအ ပေါ်ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်းသိရသည်။
ထို့အပြင်မြန်မာနိုင်ငံဆိုင် ရာ မလေးရှားသံအမတ်ကြီး Dr. Ahmad Faisal က ''မလေးရှား နိုင်ငံသားတွေအနေနဲ့ ဆီးဂိမ်း ကျင်းပတဲ့နေရာတွေမှာပဲနေထိုင် သင့်ပါတယ်။ မြန်မာနိုင်ငံသားတွေ က ယဉ်ကျေးသလို ဧည့်ဝတ်ကျေ ပွန်တဲ့သူတွေပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံသားတွေရဲ့စိတ်ဟာ ပြိုင်ပွဲ အရှိန်မြင့်လာခဲ့ရင် စိတ်ခံစားမှုက အမြင့်ဆုံးကို ရောက်လာတတ်ကြ တယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အားကစား ပြိုင်ပွဲတွေ သွားရောက်ကြည့်ရှု ရာမှာ အပြုအမူတွေ၊ စိတ်ခံစားမှု တွေကို ထိန်းချုပ်ထားဖို့လိုပါလိမ့် မယ်''ဟု တိုက်တွန်းခဲ့သည်။
ထို့အပြင် မလေးရှားအား ကစားကလောင်ရှင်အဖွဲ့ဥက္ကဋ္ဌ Ahmed Khawariကလည်း မိမိ တို့အနေဖြင့် ယခုလိုလာရောက် လည်ပတ်ရာတွင် အဖွဲ့အစည်းများ က ပြင်ဆင်ထားမှုအသေးစိတ်အ ချက်အလက်များ၊ ကျွန်ုပ်တို့ကြောက် ရွံ့သည့် ကိစ္စရပ်များအပေါ်အသေး စိတ်ရှင်းလင်းပေးခဲ့ကြောင်း၊ သိ လိုသည်များထက် ပိုမိုသိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/s403x403/1380428_655421024476821_1105406322_n.jpg)


ကျွန်တော်တို့
အဖွဲ့က ဝါးခယ်မမြို့နယ်မှာ ရှိတဲ့ သောင်တန်းရွာရဲ့ စီးပွားရေး၊
လူမှုရေးတွေကို ကွင်းဆင်း လေ့လာဖို့ သွားနေတာ ဖြစ်ပါတယ်။ ဆားမလောက်ရွာ
ကိုရောက်တော့ နေ့လယ်စာ ထမင်းစားကြပါတယ်။ ဆားမလောက်ကနေ ပန်းတနော်
ရောက်တဲ့အထိ အေးရာအေးကြောင်းပါပဲ။ အဖွဲ့မှာ ပါလာတဲ့ Junior Producer နဲ့
Reporter ကလည်း ဇာတ်ညွှန်း အကြမ်းကားပေါ်မှာ ရေးနေပါတယ်။ ကျွန်တော်တို့ကလည်း
လာခေါ်တဲ့ ဒေသခံတွေနဲ့ ကားပေါ်မှာ စကားဖောင်ဖွဲ့ နေပါတယ်။









