menu

Thursday 19 January 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း

b42_16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဇန်န၀ါရီလ၈ ရက်နေ့က အမည်စာရင်း တင်သွင်းလိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၂ ခုနှစ် ဧပြီလ ရက်နေ့တွင် ကျင်းပသွားမည့်အကြောင်းကို ၂၀ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ၂၀၂ ခုနှစ် ဇန်န၀ါရီလ၆ ရက်နေ့တွင် စတင်တင်သွင်းနိုင်ပြီး ဇန်န၀ါရီလ ၃ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ဖေဖော်ဝါရီလ ၃ ရက် ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဖေဖော်ဝါရီလ ၆ ရက်မှဝ ရက်နေ့အထိ စိစစ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကျင်းပမည့် လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မိမိအမည် မဲစာရင်း၌ပါရှိစေရေး ပြည်သူများသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ များနှင့် ဆက်သွယ်ရန် အသိပေးနှိုးဆော်ထားပြီး ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူး ပေါင်းဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis