menu

Tuesday 13 March 2012

ကီရီဘာတီ ကျွန်းနိုင်ငံငယ်မှာ ရေအောက်ရောက်သွားနိုင်သောကြောင့် ဖီဂျီနိုင်ငံမှ မြေ၀ယ်ထားရန်စီစဉ်





ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံငယ် ကီရီဘာတီမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် အတူတစ်နိုင်ငံလုံး ရေအောက်ရောက် သွားနိုင်သောကြောင့် အိမ်နီးချင်း ဖီဂျီနိုင်ငံမှ မြေ၀ယ်ယူထားရန် စီစဉ်နေကြောင်း သိရသည်။
ဖီဂျီနိုင်ငံဘက်ကသာ လက်ခံလိုက်ပါက မျက်မှောက်ခေတ်တွင် ကမ္ဘာ့ပထမဆုံး ရာသီဥတုပြောင်းလဲလာမှုကြောင့် နိုင်ငံလိုက်ရွှေ့ပြောင်း အခြေချမှု ဖြစ်လာမည်ဖြစ်သည်။  ကီရီဘာတီသမ္မတသည် ဖီဂျီကို အုပ်ချုပ်နေသော စစ်အစိုးရနှင့် ညှိနှိုင်းနေပြီး နေထိုင်သူမရှိသည့် မြေဧက ၅၀၀၀ ကို ၀ယ်ယူရန်ကြိုး ပမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကီရီဘာတီ၏ သန္တာကျောက်တန်းနှင့် ကျွန်းအချို့မှာရေအောက်သို့ ရောက်သွားခဲ့ပြီးဖြစ်ပြီး ယင်းအရပ်မှ လူများသည် မြင်းခွာပုံ ကျွန်းတန်း ရှည်ဖြစ်နေသည့် အုပ်ချုပ်ရေးအခြေစိုက်ရာ တာရာဝါမြို့သို့ ရွှေ့ပြောင်းထားရပြီးဖြစ်သည်။

ချွတ်ယွင်းမှုများကြောင့် ကားအစီးရေ ၇၀၀,၀၀၀ ခန့်အား Toyota ပြန်လည်သိမ်းဆည်း



ကားများတွင်တွေ့ရှိရသည့် ပြဿနာနှင့် ချွတ်ယွင်းမှုအမျိုးမျိုးတို့ကြောင့် ကားအစီးရေ ၇၀၀၀၀၀ ခန့်ကို ကုမ္ပဏီမှပြန်လည်သိမ်းဆည်းခဲ့ရကြောင်း Toyota Motor Sales USA Inc. မှ ပြီးခဲ့သည့်ရက်ပိုင်းကပြောကြားခဲ့သည်။ ပြန်လည်သိမ်းယူခဲ့သည့်ကားများတွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သည့် Tacoma ကုန်တင်ယာဉ် ၄၉၅,၀၀၀ စီးပါဝင်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့ပြီး

၎င်းတို့သည် အစားထိုးပြင်ဆင်မှုလုပ်ရန် လိုအပ်သည့်ယာဉ်များဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၉ မော်ဒယ် Camry sedan ၇၀,၅၀၀ စီးအပါအ၀င် ၂၀၀၉ မှ ၂၀၁၁ မော်ဒယ် Venza crossover ၁၁၆,၀၀၀ စီးခန့်လည်း ပြန်လည်သိမ်းဆည်းရာတွင်ပါဝင်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။

မဲစာရင်းတွင် မလျော်ကန်မှုများ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား





72411
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Bairdတို့
မီဒီယာများနှင့် တွေ့ဆုံနေစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လာမည့် ကြားဖြတ် ရွေးကောက်ပွဲ များအတွက် မဲစာရင်းတွင် မလျော်ကန်မှု၊ မူမမှန်မှုများ ရှိနေကြောင်းနှင့် သေဆုံးသူများလည်း ပါဝင်နေကြောင်း မတ်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကနေဒါနိုင်ငံခြားရေး ၀န်ကြီး John Baird  နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ နှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မဲစာရင်းတွေမှာ မူမမှန်တဲ့ဟာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း တစ်ခုခု ဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောကြားထားပါတယ်။ ဒါကြောင့်လည်း အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့အတွက် စဉ်းစားဆုံးဖြတ်မှုတွေ မလုပ်ခင်မှာလာမယ့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အနီးကပ် စောင့်ကြည့်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထက်ထက်မိုးဦးအား အမိန့်ချမည့် အစီအစဉ် ထပ်မံရွှေ့ဆိုင်း

ထက်ထက်မိုးဦး အား ရုံးချိန်းတခုတွင်းတွေ့ ရစဉ်
7 Days သတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု့ဖြင့် တရားစွဲဆိုခံထားရသူ သရုပ်ဆောင် ထက်ထက်မိုးဦးအား အမိန့်ချမှတ်မည့်ရက်ကိုရန်ကင်းမြို့နယ် တရားရုံးပြောင်းရွှေ့ရေးအား ဦးစားပေး ဆောင်ရွက်နေရသောကြောင့် မတ်လ(၂၃)ရက်နေ့ နောက်ပိုင်းတွင်မှ အမိန့်ချမှတ်မည်ဟု 7 Days သတင်းထောက် မအေးသူစံက The Voice Weekly သို့ ပြောကြားသည်။

 အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။
The Voice Weekly 

အငြိမ်းစား ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေးပင်စင်အရွေ့ သို့မဟုတ် နေညိုချိန် တိမ်တောက်ခြင်း

အတင်းတိုးဝှေ့လိုက်သော လူအုပ်ရဲ့အရှိန်ကြောင့် သူယိုင်လဲ တော့မလိုဖြစ်သွားသည်။ ဒါပေမဲ့ သံဆန်ခါ ကိုဆုပ်ကိုင်ထားသော သူလက်တို့ ပြုတ်မသွား။ တွဲကျနေသော အရေပြား၊ အရိုးသက်သက် သူလက်တို့မှာ ဒီလောက်အားမာန် ကျန်နေဦးမည် (သို့မဟုတ်) ဒီလောက် ခွန်အားသစ်ထုတ်ရမည့် အချိန် ရောက်လာဦးမည်ဟု မတွေးဖူးခဲ့ပါ။ လက်ထဲရောက်လာသော လျှောက်လွှာစာရွက်ကို ကျစ်ကျစ် ဆုပ်ရင်း မိတ္တူဆိုင်ရှေ့က သူ့လိုပင် သက်တူရွယ်တူ ပင်စင်စားတွင်းဆုံးကျ လူအုပ်ထဲက တွန်းတိုက်ထွက်လာ ခဲ့သည်။ မိုးတဖွဲဖွဲကျနေသော မှိုင်း ညှို့ညှို့ ရန်ကုန် မနက်ခင်းအောက်တွင် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ စာရွက်ကိုယ်စီဖြင့် ထီးဆောင်း ရန်ပင် မေ့လျော့နေကြသော နိုင်ငံဝန်ထမ်းဟောင်း အဖိုးအို၊ အမယ်အို များမှာ သူတို့ကံကြမ္မာအား မည်သူ့ လက်ဝကွက်အပ် ရဦးမည် မသိဟူ သော ခံစားချက်များကို ဖော်ပြနေသလိုပင်။

ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ပဒို မန်း ငြိမ်း မောင်
ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”
ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။

ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာ ရယူနိုင်သည့် စက်များကိုပါ ပူးတွဲတပ်ဆင်မည်




72415 CB ဘဏ်ရုံးချုပ်တွင် တပ်ဆင်ထားသော ATM စက်များကို မတ်လ ၉ ရက်နေ့ က သုံးစွဲနေသည်ကို တွေ့ရစဉ်
ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုရန်အတွက် ငွေသွင်းလက်ခံသည့် စနစ် နှင့် ငွေသွင်းထားသည့် ပြေစာထုတ်ပေးသည့် စက်များကိုလည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ဆောင်ရွက်နေသော ဘဏ်များ၏ တာဝန်ရှိသူများက ပြောကြားချက် အရ သိရှိရသည်။
ATM စက်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ စတင်တပ်ဆင် ဆောင်ရွက်ခဲ့ပြီး လူစည်ကားသည့် ရှော့ပင်းစင်တာများတွင်လည်း တပ်ဆင် အသုံးပြု ဆောင်ရွက်နေပြီ ဖြစ်သည်။

နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ

နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မတ် ၁၂ရက်နေ့က သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက မှတ်ပုံတင် ပြန်လည် ချပေးလိုက်ပြီ ဖြစ်ပါတယ်။

၂၀၀၈ခုနှစ်ကထဲက အကြောင်း အမျိုးမျိုး ပြပြီး နာရေးကူညီမှု အသင်းကို မှတ်ပုံတင် ပြန်မချပေးခဲ့ဘဲ ထားရာက အခု အစိုးရသစ် သက်တမ်း ၁ နှစ် ကျော်ချိန်မှာမှ မှတ်ပုံတင် ပြန်ချ ပေးလိုက်တာပါ။
အသင်းဥက္ကဌ ဦးကျော်သူက တော့  နာရေးအသင်းအနေနဲ့ မှတ်ပုံတင် ချမပေးခဲ့တုန်းကလဲ အသင်းက လုပ်စရာရှိတာတွေ လုပ်နေခဲ့တာ ဖြစ်ပြီး၊  အခု မှတ်ပုံတင် ပြန်ချပေးလိုက်တဲ့ အတွက်  အသင်းအနေနဲ့လည်း ရှေ့ဆက် လုပ်ငန်းတွေ တိုးချဲ့ပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ခုနှစ်က စတင်ဖွဲ့စည်းပြီး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက် ပေးခဲ့ရာ မှာ အရေအတွက်အားဖြင့် ၁ သိန်း ၂ သောင်းလောက်ကို  ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ


ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က  တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။

အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

ပင့်ကူမျှင်ဖြင့် တယောကြိုးဖန်တီး





ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးသည် ပင့်ကူမျင်များ ပေါင်းစပ်ပြီး တယောကြိုး ဖန်တီးကာ ယင်းကြိုး တပ်ထားသော တယောကိုတီးခတ် ပြခဲ့ကြောင်း သိရသည်။
အလွန်သေးငယ်သည့် ပင့်ကူမျှင် ထောင်ပေါင်းများစွာ ပေါင်းစပ်လိုက်သောအခါ တူရိယာတစ်ခုအတွက် အပြည့်စုံဆုံး ပျော့ပျောင်းခိုင်မာသည့် ကြိုးကိုရလာကြောင်း နာရာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပိုလီမာ ဓာတုဗေဒဆိုင်ရာ ပါမောက္ခရှီဂေယိုရှိ အိုဆာကီက ပြောကြားခဲ့သည်။
ပင့်ကူမျင်များနှင့် ပတ်သက်ပြီး အနှစ် ၃၀ ကျော်ကြာ သုတေသနလုပ်ခဲ့သည့် အိုဆာကီသည် ပင့်ကူမျှင်များဖြင့် ကျည်ကာဝတ်စုံလုပ်ရန် နှင့် ခွဲစိတ်ချုပ်ရိုးအဖြစ် ဖန်တီးရန် မူလက စဉ်းစားခဲ့သေးသော်လည်း တယောဝါသနာရှင်ဖြစ်သောကြောင့် တယောကြိုးကို ဦးစွာဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အစ္စရေးက ဟားမားစ်တို့အပေါ် လေကြောင်း ထိုးစစ်ဆင်နွှဲမှုကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ





အစ္စရေးလေကြောင်း ထိုးစစ်အတွင်း မီးလောင်နေမှုကို ပါလက်စတိုင်းတို့က မီးငြှိမ်းသတ်နေစဉ်
အစ္စရေးက ဂါဇာရှိ ဟားမားစ် စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း ဟားမားစ်တပ်မှူးတစ်ဦး သေဆုံးခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ စစ်သွေးကြွများက အစ္စရေးတောင်ပိုင်းသို့ မတ်လ ၉ ရက်က ရော့ကတ် ၁၀၀ ကျော်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ယင်းကဲ့သို့ ရော့ကတ်များဖြင့် ပစ်ခတ်မှုအပေါ် အစ္စရေးက လေကြောင်းထိုးစစ် ပြန်လည်ဆင်နွှဲခဲ့ရာ မတ်လ ၁၁ ရက်အထိ သေဆုံးသူ ၁၇ ဦးအထိ ရှိလာခဲ့ကြောင်း ဆေးဘက်နှင့် ပါလက်စတိုင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား



ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ  SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက် လည်ပတ်မည်




72410 အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က မြန်မာ ဂျာနယ်လစ်များနှင့် မတ်လ ၉ ရက်နေ့ ညပိုင်းက တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်းနှင့် အစောဆုံး လာရောက်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း အိန္ဒိယ သမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ရန် စီစဉ်နေသည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး အနေဖြင့် လာရောက်ခြင်း လည်း ဖြစ်သည်။

သင်္ကြန်နောက်ခံ ဗီဒီယို ဇာတ်ကားအချို့ကို ဧပြီလဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိ





e7242 ခရမ်းပြာ ထုတ်လုပ်ရေးမှ ယခုနှစ် သင်္ကြန်မတိုင်မီ ဖြန့်ချိနိုင်ရန် စီစဉ်နေသည့် ‘သင်္ကြန်ဂိမ်း’ ဗီဒီယိုဇာတ်ကား
သင်္ကြန်နောက်ခံ ဗီဒီယိုဇာတ် ကားအချို့ သင်္ကြန်မတိုင်မီ ထွက်ရန် အတွက် ရိုက်ကူးထားသည့် ထုတ်လုပ်ရေး လုပ်ငန်းအချို့ ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
‘‘ ကျွန်တော်တို့ ထုတ်လုပ်ရေး အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း သင်္ကြန်နောက်ခံ ဇာတ်ကားတစ်ကား ဖြန့်ချိဖူးတယ်။ နောက်နှစ်တွေမှာတော့ ထပ်မရိုက်ဖြစ်ခဲ့ဖူး။ ဒီနှစ်ကျမှ တစ်ကား ထပ်ရိုက်ဖြစ်တာပါ။ ထုတ်လုပ်ရေးတွေ အနေနဲ့ သင်္ကြန်ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ကြတာက ဇာတ်ကားရိုက်ကူးမှုကနေစပြီး ဖြန့်ချိဖို့အထိ အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ ပြီးအောင် လုပ်ရတာကြောင့် ဖြစ်နိုင်ပါတယ်’’ ဟု ခရေဖြူထုတ်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
၂၀၁၂ ခုနှစ် သင်္ကြန်ကာလ မတိုင်မီ ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိသည့် သင်္ကြန် ဇာတ်ကားများမှာ ခရေဖြူထုတ်လုပ်ရေးမှရိုက်ကူးထုတ် လုပ်သည့်  ‘ ချစ်ရင်ဖက်ထား’ ဗီဒီယို ဇာတ်ကား၊ ခရမ်းပြာ ထုတ်လုပ်ရေး မှ ရိုက်ကူးထုတ်လုပ်သည့် ‘ သင်္ကြန် ဂိမ်း’၊ Studio 35 မှ ရိုက်ကူးထုတ်လုပ်သည့် ‘ သင်္ကြန်ကကြိုး ‘ ဗီဒီယိုဇာတ် ကားများဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis