menu

Thursday 29 August 2013

နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ

ရန်ကုန်၊ သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ပေါ်ရှိ ငါးထပ်တိုက် သုံးလွှာတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိပ်ခန်း အတွင်းရှိ ရွှေထည်နှင့်ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာတစ်လုံး ခိုးယူခံရကြောင်း အခန်းပိုင်ရှင် ဦးကျော်စိန်က The Voice သို့ ပြောကြားသည်။

ယင်းနေ့ နံနက် ၉ နာရီကျော်က သမီးဖြစ်သူကို ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လိုက်ပို့ပြီး အပြန်တွင် အခန်းတံခါးကို ခတ်ထားခဲ့သည့် သော့သုံးလုံးကို ဖျက်ဆီးခံထားရပြီး အိပ်ခန်းအတွင်း ထားရှိသော LEECO အမျိုးအစား မီးခံသေတ္တာ ပျောက်ဆုံးနေကြောင်း၊ မီးခံသေတ္တာအတွင်းတွင် စုစုပေါင်း အလေးချိန် ၂၃ ကျပ်သားရှိ အကယ်ဒမီအခေါက်ရွှေ လေးတုံးအပါအဝင် ကျပ် ၁၅ သိန်း၊ စင်ကာပူ ဒေါ်လာ ၅၀ တန် အရွက် ၂၀ ၊ ရွှေနားကပ် သုံးရန်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်ပါ ပျောက်ဆုံးလျက်ရှိ ကြောင်း ၄င်းက ပြောကြားသည်။

ပူတာအိုမြို့တွင် ခရိုင်စာရင်းစစ်အား တပ်ထိန်းဒုတပ်ကြပ်တစ်ဦးမှ ပစ္စတိုဖြင့် ပစ်သတ်

Photo: ပူတာအိုမြို့တွင် ခရိုင်စာရင်းစစ်အား တပ်ထိန်းဒုတပ်ကြပ်တစ်ဦးမှ ပစ္စတိုဖြင့် ပစ်သတ်..(ဟာဂျူလီ-ကသာ)
  ကချင်ပြည်နယ်၊ပူတာအိုမြို့၊အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင် ၂၇၊၈၊၂၀၁၃ရက်နေ့ ည၉နာရီအချိန်က တပ်မတော်သားတစ်ဦးမှ အရပ်ဘက်ဝန်ထမ်းတစ်ဦးကို စကားများရန်ဖြစ်ရာမှ
သေနတ်ဖြင့် ပစ်သတ်လိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်၊ဖြစ်ပွားပုံမှာ ၂၇၊၈၊၂၀၁၃ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆညတိုက်ခန်းတွင် ဖွင့်လှစ်
ရောင်းချနေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင်တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေးများနှင့်အတူ အရက်နှင့် အခြားအစားအသောက်များ လာရောက်စားသောက်
ခဲ့ကြပြီး ပြန်ပါသည်၊ည(၉)နာရီခန့်တွင် တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက်ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ဆိုင်ရှင်မှ ၉နာရီ
ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်းပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်နှင့်အဖေါ်တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့်ရောင်း
တာလဲဟု မေးမြန်းရာ စာရင်းစစ်ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွားခဲ့ကြောင်း သိရပါသည်၊ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်မှာ ဟန်မပျက်ဆက်လက်
စားသောက်နေရာ တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ မင်းကဘာကောင်မို့ ဆက်စားနေတာလဲမေးရာမှ စကားများကြပြီး တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ သူ့ပါလာသော ပစ္စတိုဖြင့် ကိုလမင်းမောင်မောင်၏
ဦးခေါင်းကို အနီးကပ် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်းသိရပါသည်၊ကိုလမင်းမောင်မောင်မှာ မန္တလေးမြို့နန်းရှေ့တွင် နေထိုင်သော ဦးခင်မောင်တင့် ဒေါ်ဝင်းမာတို့၏ သားဖြစ်ပြီး ပူတာအို
ခရိုင်သို့ ခရိုင်စားရင်းစစ်အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရင် ယခုလို ပစ်သတ်ခံရမှုဖြစ်ကြောင်သတင်းရရှိပါသည်၊ဒုတပ်ကြပ်ခန့်စိန်မှာ တပ်ထိန်းတပ်ရင်းမှ မဟုတ်လဲ ဗျူဟာ၏ တပ်ထိန်းဖြစ်ကြောင်း သိရပါသည်၊ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏  အတည်ပြုချက်ကို
တင်ပြနိုင်ရန် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(၀၇၄း၂၁၄၄၄)သို့ ဖုန်းဆက်သွယ်ခဲ့သောင်္လည်း ဖုန်းကိုင်မည့်တာဝန်ကျ မရှိပါသဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ချက်ကို ဖေါ်ပြနိုင်ခြင်းမရှိပါ၊(ဟာဂျူလီ-ကသာ)
ကချင်ပြည်နယ်၊ပူတာအိုမြို့၊အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင် ၂၇၊၈၊၂၀၁၃ရက်နေ့ ည၉နာရီအချိန်က တပ်မတော်သားတစ်ဦးမှ အရပ်ဘက်ဝန်ထမ်းတစ်ဦးကို စကားများရန်ဖြစ်ရာမှ
သေနတ်ဖြင့် ပစ်သတ်လိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်၊ဖြစ်ပွားပုံမှာ ၂၇၊၈၊၂၀၁၃ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆညတိုက်ခန်းတွင် ဖွင့်လှစ်
ရောင်းချနေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင်တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေးများနှင့်အတူ အရက်နှင့် အခြားအစားအသောက်များ လာရောက်စားသောက်
ခဲ့ကြပြီး ပြန်ပါသည်၊ည(၉)နာရီခန့်တွင် တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက်ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ဆိုင်ရှင်မှ ၉နာရီ
ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်းပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်နှင့်အဖေါ်တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့်ရောင်း
တာလဲဟု မေးမြန်းရာ စာရင်းစစ်ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွားခဲ့ကြောင်း သိရပါသည်

နိုင်ငံရေးပါတီများ နိုင်ငံခြား တိုင်းပြည်များမှ အထောက်အပံ့ ယူပါက ပါတီဖျက်သိမ်း ခံရမည်ဟု ရွေးကောက်ပွဲ ကော်မရှင် သတိပေး

နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်အပံ့များ ယူပါက ပါတီဖျက်သိမ်းသည်အထိ အရေးယူ ခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံရေး ပါတီများသို့ သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း၊ အလားတူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (စ)၊ ပုဒ်မ ၇(ဃ)၊ ပုဒ်မ ၁၂(ခ)နှင့် ယင်းနည်းဥပဒေ ၁၅(စ) တို့အရ အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)တွင် ပြဋ္ဌာန်းချက်ကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိပါက ယင်းပါတီကို ပါတီမှတ်ပုံတင် ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းချက်များ ပါရှိသည်ဟု ကော်မရှင် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား

I-29-8
ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ်
ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ
အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ ဆီးရီးယားကို တိုက်ခိုက်ပါက ရက်ပိုင်းသာ ကြာမြင့်နိုင်ပြီး စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားနိုင်သော်လည်း ဓာတုလက်နက်များကိုမူ ပစ်မှတ်ထားဖွယ် မရှိကြောင်း ၀ါရှင်တန်ရှိ သတင်းရင်းမြစ်များက ဆိုသည်။ ဆီးရီးယား အဓိကအတိုက်အခံ (SNC) ကလည်း လေဆိပ်များ၊ စစ်အခြေစိုက် စခန်းများ၊ လက်နက်ရုံများ စသည်တို့ ပါဝင်သည့် ပစ်မှတ်များကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အဖွဲ့ဖြစ်သော (FSA) နှင့် မဟာမိတ်နိုင်ငံတို့ကြား ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း SNC တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသား ခရီးသွား
ဧည့်သည်များ နှင့် ပြည်တွင်းမှ လာရောက် အနားယူ သူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန်
ပြုမူပြောဆိုနေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့
ရကြောင်းသိရသည်။

"အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့်
အယှက်ဖြစ်အောင် ပြုမူပြောဆိုနေတဲ့အတွက် ထိန်း သိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲ ပြောင်း
ပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံ ခြားဧည့်သည်တွေရဲ့ လိုအပ်
ချက်တွေ ကို ဆောင်ရွက်ပေးနေတာပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များ
စောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူးထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်
ခုနှစ်ဦး ထိထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်း အထိ တာဝန်ယူထားရကြောင်း သိရ သည်။

အနုပညာလုပ်ငန်းကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းတော့မည့် ချမ်းချမ်း

မကြာသေးမီက အိမ်ထောင်ရှင်မ ဘ၀သို့ ရောက်ရှိသွားခဲ့ပြီးနောက် “တကယ်ဆိုရင် အချစ်ပဲလိုတယ်။ အရမ်းချစ်တယ်အရမ်းမုန်းတယ်” တေးစီးရီးခွေဖြင့် ပရိသတ်အားပေးလက်ခံမှုများစွာကို ရရှိပိုင်ဆိုင်ထားသည့် အဆိုတော်
ချမ်းချမ်းက ၂၀၁၄-၂၀၁၅ နှစ်တွင် အနုပညာလုပ်ငန်းများကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြ
င့် ဘ၀ကိုဖြတ်သန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချမ်းချမ်းက “၂၀၁၄-၂၀၁၅ ရောက်ရင် အနုပညာ အလုပ်တွေ မလုပ်တော့ဘဲ အစ်မ၀ါသနာပါတဲ့ စားသောက်ဆိုင်ဒါမှမဟုတ် စတူဒီယိုတစ်ခုဖွင့်ဖို့ စဉ်းစားထားတယ်။ အစ်မ အသက်အရွယ် အချိန်အခါနဲ့ အစ်မလုပ်နိုင်မယ့်
အနေအထား နှစ်တစ်ခုအဖြစ် ၂၀၁၄-၂၀၁၅ ကို သတ်မှတ်ထားတယ်။ နောက်တက်လာမယ့် မျိုးဆက်သစ်
တွေကိုလည်း ဦးစားပေးရမယ်လို့ ထင်တဲ့အတွက် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အခြေကျအောင် လုပ်ပြီး
အနုပညာ အလုပ်ကိုတော့ မလုပ်တော့ပါဘူး” ဟု ပြောကြားသည်။

သာကေတ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ရေနမူနာယူပြီး စစ်ဆေးနေ

Photo: သာကေတမြို့နယ် မြကန်သာ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာက ရေနမူနာယူပြီး စစ်ဆေးနေ

    Created on Wednesday, 28 August 2013 23:12 


သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၇ ရက် နံနက် ၁ နာရီခန့်တွင် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အမည်မသိ အစ္စလာမ်ဘာသာဝင်သုံးဦး ဆင်းသွားပြီး ပြန်တက်လာသည်ကို ၄/မြောက်ရပ်ကွက်၊ မြို့မ (၉)လမ်းနေ ဦးထွန်းထွန်း (၄၉)နှစ်မှ မြင်တွေ့ခဲ့ရပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးဖြစ်သူက "လုပ်ပြီးပြီလား" ဟုမေးရာ ကျန်နှစ်ဦးက "လုပ်ပြီးပြီ" ဟု ဖြေဆိုသံကြားသဖြင့် ရေကန်အတွင်းသို့ တက်ကြည့်ခဲ့ကြောင်း ရေကန်အတွင်းရှိ ရေများတွင် အစိမ်းရောင်ဆေးများ တွေ့ရှိရသဖြင့် ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြီး ၎င်းကိုယ်တိုင် ကန်အတွင်းဆင်း၍ အစိမ်းရောင်ရေများကို ခပ်ထုတ်ကာ ပတ်ဝန်းကျင်သို့ အဆိပ်လာခတ်သည်ဟု ရပ်ကွက်ရှိလူများကို ပြောကြားခဲ့ကြောင်း  ရပ်ကွက်အတွင်းတွင်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူစုလူဝေး ဖြစ်ပေါ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားခဲ့သဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့တို့မှ ယင်းရေကန်သို့ သွားရောက်ပြီး စစ်ဆေးခဲ့ပြီး ရေကန်အတွင်းရှိ ရေနမူနာများကိုယူကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြောဆိုသည့် ဦးထွန်းထွန်းအား သာကေတမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှကိုယ်တိုင် မြင်တွေ့ခြင်းမရှိဘဲ ရေများပြာနေကြောင်း အမည်မသိ အမျိုးသမီးကပြော၍ သိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ 


အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့နယ်ရှိ မြကန်သာ သောက်ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 29-8-2013 
https://www.facebook.com/excellencemedia
အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့နယ်ရှိ မြကန်သာ သောက်ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၇ ရက် နံနက် ၁ နာရီခန့်တွင် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အမည်မသိ အစ္စလာမ်ဘာသာဝင်သုံးဦး ဆင်းသွားပြီး ပြန်တက်လာသည်ကို ၄/မြောက်ရပ်ကွက်၊ မြို့မ (၉)လမ်းနေ ဦးထွန်းထွန်း (၄၉)နှစ်မှ မြင်တွေ့ခဲ့ရပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးဖြစ်သူက "လုပ်ပြီးပြီလား" ဟုမေးရာ ကျန်နှစ်ဦးက "လုပ်ပြီးပြီ" ဟု ဖြေဆိုသံကြားသဖြင့် ရေကန်အတွင်းသို့ တက်ကြည့်ခဲ့ကြောင်း ရေကန်အတွင်းရှိ ရေများတွင် အစိမ်းရောင်ဆေးများ တွေ့ရှိရသဖြင့် ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြီး ၎င်းကိုယ်တိုင် ကန်အတွင်းဆင်း၍ အစိမ်းရောင်ရေများကို ခပ်ထုတ်ကာ ပတ်ဝန်းကျင်သို့ အဆိပ်လာခတ်သည်ဟု ရပ်ကွက်ရှိလူများကို ပြောကြားခဲ့ကြောင်း ရပ်ကွက်အတွင်းတွင်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်


ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်ဖုန်းမြတ်မြတ်အောင်အား အတန်းပိုင်ဆရာမ ဒေါ်အိထွေးဦးက ရိုက်နှက်ခဲ့ကြောင်း ကလေး၏မိခင်က ဆိုသည်။

"ပထမ တစ်ခေါက်ကလည်း အတန်းပိုင် ဆရာမက ကလေးကို စာမပြီးလို့ ငေးလို့ဆိုပြီး လက်နဲ့ခြေသလုံးတွေ ပေါင်တွေမှာ အရှိုးရာထင်အောင် ရိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မက အတန်းပိုင် ဆရာမနဲ့ သွားတွေ့ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရိုင်းတဲ့ကလေး၊ ပြောမရတဲ့ ကလေးကို ဒေါသထွက်တာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အငြိုးတကြီးနဲ့ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်းတွေ ခြေသလုံးတွေမှာ အစင်းရာတွေဖြစ်အောင် ရိုက်တာကတော့ မဖြစ်သင့်ပါဘူး" ဟု မိခင်ဖြစ်သူက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

Photo: ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

    Created on Wednesday, 28 August 2013 17:09 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းနှင့် လုံခြုံရေး တပ်ခွဲနှစ်ခုတို့အား အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် အဓိကရုဏ်း ဖြစ်စဉ်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြားရဲတပ်ရင်း နှစ်ခုကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲတပ်ရင်းများ ကွပ်ကဲရေးဌာနမှ ရဲမှူးကြီး သက်လွင်က "ရဲတပ်ရင်း အနေနဲ့ကတော့ တပ်ရင်းခြောက်ခု ရှိတယ်။ ရန်ကုန်မြို့မှာ အဓိက တာဝန်ထမ်းဆောင် နေတာတော့ တပ်ရင်းလေးခု ရှိတယ်။ အဲဒီအထဲက တပ်ရင်းတစ်ခုက သံတမန် ခရီးစဉ်နဲ့ အထူးဧည့်သည် ခရီးစဉ်တွေမှာ လုံခြုံရေး ဆောင်ရွက်တယ်။ နောက်တပ်ရင်း တစ်ခုက အခုလက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုံခြုံရေး လုပ်ဆောင်နေတယ်။ ကျန်ရဲတပ်ရင်း နှစ်ခုကတော့ ပဋိပက္ခ ဖြစ်စဉ်တွေ ဖြစ်ပွားလာရင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ခွဲတွေက ထိန်းသိမ်းနိုင်မှု မရှိရင်တော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အမိန့်ညွှန်ကြားလာရင်တော့ ၀င်ရောက်ထိန်းသိမ်းဖို့အတွက် အရန်သင့် ထားထားပါတယ်" ဟု သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ပဋိပက္ခဖြစ်စဉ်များ ဖြေရှင်းရန်အတွက် လုံခြုံရေး တပ်ဖွဲ့ခွဲနှစ်ခုကို တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

အကယ်၍ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားလာပါက အဆိုပါ တပ်ဖွဲ့ခွဲနှစ်ခုမှ ဦးစွာဖြေရှင်းရမည်ဖြစ်ပြီး ဖြစ်ပွားနေသည့် ဖြစ်စဉ်အခြေအနေပေါ် မူတည်၍ ရဲတပ်ရင်းမှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 29-8-2013 
https://www.facebook.com/excellencemedia
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းနှင့် လုံခြုံရေး တပ်ခွဲနှစ်ခုတို့အား အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် အဓိကရုဏ်း ဖြစ်စဉ်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြားရဲတပ်ရင်း နှစ်ခုကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကြိမ်ဖူးဟင်းချို(ရေးသားသူ- စိုးဇေယျာထွန်း)

Photo: ကြိမ်ဖူးဟင်းချို
----------
ရေးသားသူ- စိုးဇေယျာထွန်း

ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။

အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။

ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။

အဲဒီလူကြီး စကားဆုံးသွားတော့ ကလေးလေးရဲ့ခြေထောက်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်။ အဲဒီလောက်ငယ်တဲ့ ကလေးလေးတစ်ယောက်ကို အမာရွတ်တွေထင်သွားအောင် ရိုက်သင့်ရဲလား။ ကျွန်တော် ငယ်ငယ် ကျောင်းကပြန်လာပြီး ပုဆိုးလဲတော့ ကျွန်တော့်အစ်မက လှမ်းမေးသည်။ နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အစ်မကထပ်မေးသည် နင် အရိုက်ခံထားရတာ မဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလဲထားလို့ဟုလိမ်ပြီး ကျွန်တော်အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေချာပြန်ကြည့်လိုက်သည်။ ခြေသလုံးမှာ အရှိုးလိုက်အရှိုးလိုက် အညိုအမည်းစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ် ကျွန်တော်တို့ကျောင်းမှာ ကြိုသက်ဆိုသည့် ဘာသာရပ်တစ်ခုကို အလယ်တန်းကျောင်းသားဘ၀က သင်ရသည်။

မြန်မာနိုင်ငံလုံးတွင် ကြိုသက်ဘာသာသင်ရသည့်ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာရှိသည်ဟု ဆိုသည်။ ကြိုသက်ဘာသာသည် ယောက်ျားလေးများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှုအခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့်ဘာသာနှင့် ယောက်ျားလေးများသင်ရသည့် ဘာသာကမတူပေ။ ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယောက်ျားလေးသတ်သတ်၊ မိန်းကလေးသတ်သတ်ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယောက်ျားလေးများက ကျွန်တော်တို့ဘီခန်းကိုလာပြီး စာသင်ရသည်။ ကျွန်တော်တို့ကျောင်းမှာ ထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ၊ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံးရှိသည်။ ၀ါ၊ စိမ်း၊ နီ၊ ပြာ အသင်းခွဲထားပြီး ယောက်ျားလေးများက အသင်းကျသည့်နေ့တွင် သောက်ရေသွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေ့တွင် အခန်းကို တံမြက်စည်းလှည်းရသည်။ ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ၊ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်... ကြိုသက်ချိန်ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းကယောက်ျားလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထိုအချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာ၊ ဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည်။ စီခန်းကယောက်ျားလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲဒီလိုလှမ်းလှမ်းပြီး ခြွေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေးနှစ်ယောက်ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲဒီလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူရန်တားရင်းက ၀ိုင်းလုကြသည်။ အတန်းကြီးလာမှသာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်းအရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်းအရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း ယောက်ျားလေးပီပီ ဘာလို့ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လည်း ယောကျာ်းလေးတွေဘက်က၀င်ပြီး ပန်းတွေကိုကူလုသည်။

အဲဒီလိုလုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေးတစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလည်းမမေး ဘယ်လိုဖြစ်ကြသည်လည်း မစုံစမ်း။ မင်း သူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲဒီလိုရိုက်လိုက်တော့ ကျွက်စီကျွက်စီပြောနေတဲ့စကားတွေ တိတ်သွားသည်။ အဲဒီလိုတိတ်သွားတော့မှ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည်။ ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လားဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလည်း ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကိုပြပြီး ကျွန်တော့်ကိုမေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာထမ်းနေပေတော့ဟု ပြောသည်။ မင်းဝန်မခံဘဲ ကျောင်းထွက်မှာလား၊ ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည်၊ ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့မထွက်နိုင်။ အရိုက်ပဲခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကိုဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညှိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။ ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမဲ့ မငိုမိအောင် မျက်ရည်ကိုထိန်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ အရိုက်ခံရချင်းနေ့က ခြေသလုံးမှာ အစင်းစင်းတွေ အပိန့်လိုက်အပိန့်လိုက်ဖြစ်နေပြီး အရေခွံများပွန်းကာ တချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။

နောက်နေ့ရောက်တော့ အစင်းတွေပျောက်သွားပေမယ့် အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရမယ်။ ကျွန်တော့်ငယ်ဘ၀က တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ဖြစ်သည်။

ကျောင်းတွေ၊ ကျောင်းတွေမှာ မိဘတွေ၊ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အတိအကျမသိပေမယ့် အရွယ်နှင့်မမျှအောင် ရိုက်ခံနေကြရတာတွေကတော့ သေချာပေါက်ရှိမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် တချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေ့ထားသည်ကို တွေ့ဖူးပါသည်။ ကျွန်တော်တို့လည်း ထိုကျူရှင်တွင်ပင် တက်ရပါသည်။ ဒီနေ့ မီးနင်းတွေအလွတ်ကျက်ခဲ့။ နောက်နေ့စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရှူးသစ်သားပေတံကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမဲ့ စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွန်းလို့ ကျူရှင်ပြေးချင်စိတ်သာ ဖြစ်လာသည်။ စာကတော့ တော်မလာပါ။ ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်းလက်ခံလို့ရနိုင်ပေမယ့် အရွယ်နှင့်မမျှအောင် အလွန်အကျွံရိုက်နှက်ခြင်းကတော့ လုံးဝမဖြစ်သင့်ပါ။ အဲဒီလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား။ အဲဒီလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ထဲမှာ ပန်းချီဝသုန်ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှမရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲဒီလိုအရိုက်ခံရရင် ကျွန်တော်အရမ်းစိတ်ဆိုးတယ်။ ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့။ တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေရှိလာပေလိမ့်မည်။ တချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချိုလို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြဦးမှာလား။

ဓာတ်ပုံ- စိုးဇေယျာထွန်း

အေးချမ်းမွန် Credit To > 7Day News Journal < Thanks
Re-posted By ACM 29-8-2013 
https://www.facebook.com/excellencemedia

ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။

အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။

ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။

ဒေါ်နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချပြီ

Photo: ဒေါ်နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချပြီ
စနေလင်း| August 29, 2013 | 


လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ် တရားရုံး၌ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ယနေ့ နံနက်ပိုင်းတွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက် ၃ ရက်ဆက်တိုက် တရားရုံး ထုတ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲမှူး ဦးကြူအင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုသို့ ရက်ဆက်တိုက် တရားရုံး ထုတ်ခြင်းက နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် လုပ်လေ့လုပ်ထ ရှိသော်လည်း အကျိုးဆောင် ပေးရသော ရှေ့နေများအတွက် အခက်အခဲ ဖြစ်ရကြောင်း ဒေါ်နော်အုန်းလှကို အကျိုးဆောင်ပေးသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်က အခုလို တရားရုံး ဆက်တိုက်ထုတ်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဆက်စစ်မယ်လည်း ဆိုရော ကျနော်က တရားခံ ထောင်ကျတာ တိုင်းပြည်နစ်နာတာပဲဆိုပြီး ထွက်လာတယ်။ ကျနော်တို့ အကျိုးဆောင် ပေးရတဲ့ ရှေ့နေ တွေက တခြားရုံးချိန်းတွေနဲ့ ချိန်ဆပြီး ရက်ချိန်း တောင်းရတော့ အခုလို ဆက်တိုက် ထုတ်တဲ့အခါ ဘယ်လိုမှ ဆောင်ရွက် ပေးလို့ မရဘူး။ ကျနော်လည်း သြဂုတ် ၂၇ ရက် တရက်တည်းပဲ နေနိုင်တာ။ အခု ဒီနေ့ အမိန့်ချတာမှာ ကျနော် မရှိခဲ့ပါဘူး။ ကျနော့် နောက်ကွယ်မှာပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဥပဒေအရ ရှေ့နေမရှိလည်း အမှုစစ်လို့ရ၊ အမိန့်ချလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု ဒေါ်နော်အုန်းလှအမှုသည် အနည်းငယ် အငြင်းပွားမှု၊ ရှုပ်ထွေးမှုများရှိသောကြောင့် မြန်ဆန်စွာ အမိန့်ချခြင်းသည် ဥပဒေအရ အကျုံးဝင်သော်လည်း မသင့်လျော်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှကို ၂၇ ရက်နေ့၌ စတင်စစ်ဆေးရန် ရုံးထုတ်ခဲ့သော်လည်း နောက်တနေ့ ၂၈ ရက်နေ့တွင် ဆက်တိုက် တရားရုံး ထုတ်ခဲ့ရာ အာဏာပိုင်များ၏ မတရား တဘက်သတ် အမှုဖွင့် ရုံးတင်မှုကို ကန့်ကွက်သောအားဖြင့် ရုံးမထွက်ဘဲ ထောင်ထဲတွင် ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှအား ရဲများက ထောင်ထဲမှ အတင်းအဓမ္မ ဆွဲခေါ်ခဲ့မှုကြောင့် အ၀တ်အစားများ စုတ်ပြဲခဲ့ခြင်း၊ ခန္ဓာကိုယ် ပွန်းပဲ့ပြီး သွေးထွက်သံယိုများ ဖြစ်ခဲ့ခြင်းတို့ ရှိခဲ့ကြောင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ တွင်လည်း ဒေါ်နော်အုန်းလှက တရားရုံးသို့ သွားရန် ဆက်လက် ငြင်းဆန်ခဲ့သောကြောင့် ရဲများက အင်အားသုံးခဲ့ကြောင်း၊ ထို့ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒေါ်နော်အုန်းလှကို ၃ ရက်တည်း ရက်ဆက်ရုံးထုတ်ပြီး အမိန့်ချခဲ့တာကို ကြည့်ရင် သူတို့က အတင်းကို အပြစ်ပေးချင် နေတယ် ဆိုတာ အရမ်းသိသာတယ်။ အာဏာပိုင်တွေဘက်မှာ စမဖမ်းခင် ကတည်းက ဒီလိုလုပ်မယ်ဆိုတာ ကြိုတင် စီမံထားတယ်လို့ ကျနော်တော့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့က မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ခွင့်ပြုချက် မတောင်းတော့ဘဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲများက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်းဒေသခံ ၉ ဦး တို့ကို ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးမှုကြောင့် အဆိုပါ နေ့ညနေပိုင်းတွင် ဒေသခံများက မုံရွာရဲစခန်းသို့ သွားရောက် ထိုင်သပိတ် ပြုလုပ်ခဲ့ကြကြောင်း၊ ထို့အတွက် လက်ပံတောင်းဒေသခံ ၉ ဦးကိုမူ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲပြီး ခံဝန်ကတိဖြင့် ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်နော်အုန်းလှကို ပုဒ်မ ၁၈ အပြင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် မုံရွာထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ရန်ကုန်မြို့တို့တွင် လက်ပံတောင်း ဆန္ဒပြပွဲအား မီးလောင် ဗုံးများဖြင့် ဖြို ခွင်းခဲ့မှု ၉ လပြည့် အောက်မေ့ဖွယ်များ ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်း တောင်ခြေရှိ တုံကျေးရွာမှ ဒေသခံအင်အား ၂၀၀ ၀န်းကျင်ဖြင့် စတင် စီတန်း လှည့်လည် ကြမည်ဖြစ်ပြီး ဆည်တဲရွာအထိ သွားရောက်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ဒေသခံ မစန္ဒာက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ၌ မီးလောင် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ခဲ့ကြသူများကို ရည်စူးပြီး ရွှေတိဂုံ ဘုရားရင်ပြင်တွင် ဆုတောင်းပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာလက အချုပ်ခန်းပြောင်းရွှေ့ခံရစဉ် တွေ့ရသည့် ဒေါ်နော်အုန်းလှ (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)

အေးချမ်းမွန် Credit To >  ဧရာဝတီ < Thanks
Re-posted By ACM 29-8-2013 
https://www.facebook.com/excellencemedia
၂၀၁၂ ဒီဇင်ဘာလက အချုပ်ခန်းပြောင်းရွှေ့ခံရစဉ် တွေ့ရသည့် ဒေါ်နော်အုန်းလှ (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)



လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ် တရားရုံး၌ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ယနေ့ နံနက်ပိုင်းတွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက် ၃ ရက်ဆက်တိုက် တရားရုံး ထုတ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲမှူး ဦးကြူအင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုသို့ ရက်ဆက်တိုက် တရားရုံး ထုတ်ခြင်းက နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် လုပ်လေ့လုပ်ထ ရှိသော်လည်း အကျိုးဆောင် ပေးရသော ရှေ့နေများအတွက် အခက်အခဲ ဖြစ်ရကြောင်း ဒေါ်နော်အုန်းလှကို အကျိုးဆောင်ပေးသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဧရာဝတီသို့ ပြောသည်။

မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ

ရန်ကုန်၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး

Photo: ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး

တီဟီရန်၊ သြဂုတ် ၂၈

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

တီဟီရန်၊ သြဂုတ် ၂၈

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

သိန်းလေးရာခန့်တန်သည့် ရတနာများခိုးသည်ဟု သမီးကို ဖခင်က အမှုဖွင့်

ကျပ်သိန်းပေါင်းလေးရာခန့် တန်ဖိုးရှိသော ရတနာပစ္စည်းများ ခိုးယူသည်ဟုဆိုကာ အဘိုးအိုတစ်ဦးက သူ့သမီးကို အမှုဖွင့်တိုင်တန်းမှုတစ်ခု သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။
အမှုဖွင့် တိုင်တန်းသူသည် အသက် ၇၅ နှစ်အရွယ်ရှိ ဦးအောင်သိန်းဆိုသူဖြစ်ပြီး ရန်ကင်းစင်တာတွင် နေထိုင်ပြီး ရတနာများပျောက်ဆုံးသည့်နေ့က ၎င်းနှင့် ဇနီးသည်တို့ ဆရာကန်တော့ပွဲတစ်ခု၌ ကန်တော့ခံရန် သွားရောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထိုဆရာကန်တော့ပွဲမှအပြန် ကုတင်အောက်တွင် ရှုံ့အိတ်ဖြင့်ထည့်ပြီးထွေးခံဖြင့်အုပ်ကာ ၀ှက်ထားသော ကျပ်သိန်း ၃၈၀ ခန့်တန်သော လက်ဝတ်ရတနာပစ္စည်း ၂၁ မျိုးမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း တရားလိုက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

တရုတ်တွင် ကလေးငယ် မျက်လုံး ဖောက်ထုတ်ခံရ

Photo: တရုတ်တွင် ကလေးငယ် မျက်လုံး ဖောက်ထုတ်ခံရ

ဘေဂျင်း၊ သြဂုတ် ၂၅

တရုတ်တွင် ကလေးငယ် တစ်ဦး၏ မျက်လုံးကို ဖောက်ထုတ်ခဲ့သည့် ပြစ်မှု ကျူးလွန်သူကို သတင်း ပေးနိုင်သူအား တရုတ် ယွမ်ငွေ တစ်သိန်းပေးမည် ဟု ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံ ရှန်ရှီပြည်နယ် ဖန်ရှီဒေသတွင် သြဂုတ်လ ၂၄ ရက်နေ့က အသက် ခြောက်နှစ်အရွယ် ကလေး တစ်ဦးသည် အိမ်အပြင် ထွက်ကစား ခဲ့ရာတွင် မိဘများက ပြန်လည် ရှာတွေ့ခဲ့သည့် အချိန်၌ မျက်စိ နှစ်လုံး ဖောက်ထုတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါမျက်လုံး အဖောက်ခံထားရသော ကလေးငယ်၏ မိဘများမှာ လယ်သမားများဟု ဆိုကြပြီး ကလေးငယ် အပြင်ထွက် လမ်းလျှောက်နေစဉ် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်လုံး အဖောက်ခံရသည့် ကလေးငယ်က ပြန်လည် ပြောပြခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ကလေးငယ်၏ မျက်လုံး နှစ်လုံးကို ရဲက ပြန်လည် တွေ့ရှိခဲ့ပြီး မျက်ကြည်လွှာကိုမူ မတွေ့ရကြောင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းချရန် ယခုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းစာများ၏ အစောပိုင်း သတင်းများတွင် ဖော်ပြထား သည်။

သို့သော် ပြန်လည် တွေ့ရှိသည့် မျက်လုံး နှစ်လုံးတွင် မျက်ကြည်လွှာ ပျောက်ဆုံးနေခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယခုအခါ ကလေးငယ်သည် ဆေးရုံတွင် အခြေအနေ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ကြောင်း၊ ယခုပြစ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို တရုတ် ယွမ်ငွေ တစ်သိန်း (အမေရိကန် ဒေါ်လာ ၁၆၃၄၀) ဆုကြေးငွေ ပေးအပ်မည် ဟု ရဲတပ်ဖွဲ့က ကြေညာထားသည်။

“ဒီအမှုကို အစွမ်းကုန် ကြိုးစား ဖော်ထုတ်သွားမယ်” ဟု လျူ အမည်ရသော ရဲတစ်ဦးက ပြောကြားသည်။

ဘေဂျင်း၊ သြဂုတ် ၂၅

တရုတ်တွင် ကလေးငယ် တစ်ဦး၏ မျက်လုံးကို ဖောက်ထုတ်ခဲ့သည့် ပြစ်မှု ကျူးလွန်သူကို သတင်း ပေးနိုင်သူအား တရုတ် ယွမ်ငွေ တစ်သိန်းပေးမည် ဟု ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံ ရှန်ရှီပြည်နယ် ဖန်ရှီဒေသတွင် သြဂုတ်လ ၂၄ ရက်နေ့က အသက် ခြောက်နှစ်အရွယ် ကလေး တစ်ဦးသည် အိမ်အပြင် ထွက်ကစား ခဲ့ရာတွင် မိဘများက ပြန်လည် ရှာတွေ့ခဲ့သည့် အချိန်၌ မျက်စိ နှစ်လုံး ဖောက်ထုတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါမျက်လုံး အဖောက်ခံထားရသော ကလေးငယ်၏ မိဘများမှာ လယ်သမားများဟု ဆိုကြပြီး ကလေးငယ် အပြင်ထွက် လမ်းလျှောက်နေစဉ် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်လုံး အဖောက်ခံရသည့် ကလေးငယ်က ပြန်လည် ပြောပြခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis