menu

Thursday 7 June 2012

GSM/ WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင်မှုကို လွယ်ကူစွာ ဆောင်ရွက်နိုင်



GSM/WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင် အသုံးပြုမှုကို ကျပ် ၁၀၀၀၀ ပေးသွင်းကာ ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးရုံးများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ ဖွင့်လှစ်ထားသော ဆိုင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆက်သွယ်ရေး မန်နေဂျာရုံးများတွင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် GSM/ WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင်မှုများကို ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီးနှင့် Elite ၊ ရတနာပုံတယ်လီပို့တို့မှ ဖွင့်လှစ်ထားသော ဆိုင်များတွင် ငွေကျပ် ၁၀၀၀၀ ပေးသွင်းကာ လျှောက်ထားနိုင်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာရုံးများသို့ သွားရောက်ကာ ငွေကျပ် ၁၀၀၀၀ ပေးသွင်း၍ လျှောက်ထားနိုင်ပါသည်။

တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်ရပ်ဆိုးသင်ခန်းစာ......(မိုးသီးဇွန်)

လျှပ်စစ်မီး မရှိတဲ့ပြသနာ။ လုပ်ခလစာ မလုံလောက်တဲ့ပြဿနာတွေကို မေ့အောင်လုပ်ကြတော့မှာလား။ လွတ်လပ်မှုကို တောင်းဆိုဖို့ထက် ဘာအရေးကြီးရဦးမှာလဲ။

၁၉၆၈ ခုနှစ် တရုတ်-ဗမာ အဓိကရုဏ်းကြီးရဲ့ ကြေကွဲဘွယ်ရာဖြစ်ရပ်တွေကို မမေ့ကြဖို့ပါပဲ။ အပြစ်မရှိတဲ့ တရုတ်-မြန်မာ တွေ သေကြရတယ်။

"သန်းခြောက်ဆယ်ကိုထွက်ပေါက်ပေးခဲ့သူ"


ဌာနချင်းမတူလို့ သူသိပ်သိမှာမဟုတ်ပေမယ့်. . . တပ်မတော်သားဘဝက. . .။
သူနဲ့အတူအမိုးအကာတစ်ခုထဲအောက်က ရုံးတစ်ရုံးမှာ
၇နှစ်လောက်အတူရှိနေခဲ့ဘူးတယ်။


အဲဒီတုန်းက. . .။ မှူးကြီးနဲ့အထက်အဆင့်တွေသာအပေါ် Car Park
မှာရပ်ခွင့်ရှိပြီး ကျွန်တော်တို့အငယ်တွေက အောက်မှာကားရပ်ပြီး
သုံးဖာလုံလောက်လမ်းလျှောက်တက်ရလေ့ရှိတဲ့
ကားလမ်းရှည်ကြီးကို သူက ကာနယ်ဖြစ်ပေမယ့် မလှမ်းမကမ်းသူ့အိမ်လေးကနေ
ကားမစီးပဲ လမ်းလျှောက်ပြီးဘဲ အမြဲတက်လေ့ရှိတာမှတ်မိနေတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည်



မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ

ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေးကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။

ဘာသာဝင်ကောင်းမပာုတ်ပာု သတ်မှတ်ရခြင်းမှာ အစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအား အလိုမတူဘဲ ပေါင်းသင်းဆက်ဆံ၍ မရကြောင်း၊အလိုတူပါကလည်း မိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိသဖြင့်ဘာသာရေးကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု  မြန်မာနိုင်ငံအစ္စလမ်သာသနာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

ဘာသာရေးခေါင်းဆောင်များ "ပြောင်းကြပါ"(သီတဂူဆရာတော်)


***မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းစဉ် တို့တွင် သတ္တ လောကကြီး၏ အခြေအနေကို တစ်နေ့နှင့် တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော် မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီး တစ်ရပ် အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါ တစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိ ကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာ မက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော် မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏ တို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံ ကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကို လိုက်နာ ကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။

အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိနေတဲ့ အယ်လ်ကိုင်းဒါး ဒုတိယခေါင်းဆောင် Abu Yahya Al Libi ကို အမေရိကန် အဝေးထိန်း ဒုံးလက်နတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်နိုင်တာဟာ အကြမ်းဖက်အုပ်စုကို သိသိသာသာ ထိခိုက်မှု ဖြစ်စေခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောလိုက်ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ Jay Carney က Al Libi ရဲ့သေဆုံးမှုကို အမေရိကန်စုံစမ်းစစ်ဆေးရေး သတင်း ရင်းမြစ်တွေအရ အတည်ပြုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ Al Libi ဟာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အထွေထွေမန်နေဂျာဖြစ်ပြီး သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမယ်ဆိုတာ ကွဲကွဲပြားပြားမသိရသေးဘူးလို့ Jay Carney က ပြောပါတယ်။

ဆီးရီးယားအစိုးရက နိုင်ငံ ၁၁ နိုင်ငံမှ သံတမန်များကို နှင်ထုတ်




ဆီးရီးယားသမ္မတ အာဆတ် ဇွန်လ ၃ ရက်နေ့က ပါလီမန်တွင် မိန့်ခွန်းပြောရန် ရောက်ရှိလာစဉ်
ဆီးရီးယား သံတမန်များကို အမေရိကန်အပါအ၀င် နိုင်ငံရှစ်နိုင်ငံခန့်က နှင်ထုတ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဆီးရီးယားကလည်း နိုင်ငံ ၁၁ နိုင်ငံမှ သံတမန်အချို့ကို နှင်ထုတ်ခဲ့ကြောင်း ဇွန်လ ၅ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ တူရကီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ဂျာမနီနှင့်ကနေဒါတို့မှ သံတမန်များကို နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် နော်ဝေနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီမည်


သဘာဝအခြေခံခရီးသွားနေရာတစ်ခုဖြစ်သည့် အလောင်းတော် ကဿဖသို့ သွားရာလမ်းတစ်နေရာ။၊
ဓာတ်ပုံ-အောင်ရှင်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နော်ဝေနိုင်ငံ အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ကူညီဆောင်ရွက်သွားမည် ဖြစ်သည်ဟု မေလ ၂၈ ရက်နေ့က နေပြည်တော် ဇမ္ဗူ သီရိဟိုတယ်တွင် ကျင်းပသည့် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။
"ကိုယ့်နိုင်ငံက ခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီးတဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းကို နော်ဝေ အစိုးရနဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ရဲ့ အထောက်အပံ့နဲ့ ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါပြီ"ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေးဈေးကွက်သို့ ဆွီဒင်နှင့်အမေရိကန်အခြေစိုက်ကုမ္ပဏီများဝင်ရောက်မည်

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်းသို့ ဆွီဒင်နှင့် အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများ က ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဆွီဒင်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Ericsson နှင့် ဖရန်ကိုအမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ နေရာတစ်ခုရရှိရန် ဝင်ရောက်လာတော့မည်ဖြစ်သည်။

“ပြည်ပကုမ္ပဏီတွေဝင်လာရင် ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဒီလထဲတောင် ပြည်ပနိုင်ငံကုမ္ပဏီတွေ ၀င်လာပြီး ကုမ္ပဏီရုံးခန်း လာဖွင့်မယ်”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်ရပ်မှန်စုံစမ်းဖို့ အမေရိကန်တိုက်တွန်း

ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်းရှိတာကြောင့် အခြေအနေတွေအပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။

ပိတ်ဆို့မှု ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို

အရင် စစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အခုအခါ ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မနေ့က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း ပိတ်ဆို့အရေးယူမှုတွေ ပြန်ရုပ်သင့် မသင့် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများမှ တစ်ဆင့် သင်ခန်းစာယူရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား သမ္မတတိုက်တွန်း





မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများမှ တစ်ဆင့် မြောက်ကိုရီးယား အနေဖြင့် သင်ခန်းစာယူသင့်ပြီး ဆယ်စုနှစ်များစွာအကြာ နိုင်ငံတကာနှင့် မဆက်ဆံဘဲ အထီးကျန်စွာနေထိုင်မှုကို အဆုံးသတ်ရန် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ဇွန်လ ၆ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဇွန်လ ၆ ရက်တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အောက်မေ့ဖွယ်နေ့ (ကိုရီးယားစစ်ပွဲနှင့် အခြားစစ်ပွဲများတွင် သေဆုံးခဲ့သူများကို ဂုဏ်ပြုသည့်နေ့) တွင် လီမြောင်ဘတ်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis