menu

Sunday 1 September 2013

နိုင်ငံရေးဆွေးနွေးမှု လွှတ်တော်သို့လွှဲမည်ကို ကေအင်န်ယူ စိုးရိမ်

ရန်ကုန်-တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုများအတွက် လွှတ်တော်သို့ လွှဲပြောင်းပေးလိုက်မည်ကို ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ( KNU ) မှ အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းက ပြောသည်။

နေပြည်တော်တွင် သြဂုတ် ၃၁ ရက်ကပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ် ၎င်းက တင်ပြပြော ဆိုခဲ့ခြင်းဖြစ်သည်။

နေ့မင်းသားတို့ ပျော်စံရာ (ရဲဇွန်အောင်၊ စိုးမိုး)


“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ”
 
အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။

ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။

‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။

လမ်းကြုံခေါ်တင်ခဲ့သည့် အမည်မသိအမျိုးသမီး(၂)ဦးမှငွေအိတ်အားခွဲကာ ငွေကျပ်(၁၀၇)သိန်းကို ခိုးယူသွားမှု

၃၀.၈.၂၀၁၃ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြို့နယ်ရှိ ---- ပွဲရုံကိုယ်စားလှယ် ဦးမြင့်ကြိုင်သည် ပွဲရုံပိုင်ရှင်၏ ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ ပီနံအိတ်
(၂)လုံးအား ယာဉ်မောင်းရဲလတ်ဝင်း မောင်းနှင်သည့် ပွဲရုံပိုင်၂ခ/--- 4D
အမျိုးအစား(၆)ဘီးယာဉ်၏ နောက်ခန်းတွင်တင်ဆောင်၍ ၎င်းမှ ယာဉ်နောက်လိုက် များဖြစ်ကြသော ပြည့်စုံ၊ လှဝင်းတို့နှင့်အတူယာဉ်၏
ရှေ့ခန်းတွင်စီနင်းခဲ့ပြီး လှိုင်သာယာမြို့နယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့ ထွက်ခွာလာခဲ့ကြကြောင်း၊ ထိုသို့ ယာဉ်အားမောင်းနှင်
လာစဉ် ၂၀:၄၅ အချိန်ခန့်၌ ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာကွေ့ အရောက် တွင်အမည်မသိ အမျိုးသမီး(၂)ဦးမှလမ်းကြုံလိုက်လိုသဖြင့်

ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ

Sunday, September 1, 2013

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။


စစ်ဆေးရေးဂိတ်တွင် တိုယိုတာကိုရိုလာ အမျိုးအစား အငှားယာဉ်တစ်စီးကို လုံခြုံရေးတာဝန်အရ စစ်ဆေးနေစဉ် ယင်းကား၏ နောက်ပိုင်းကို အရှိန်ဖြင့် မောင်းနှင်လာသည့် Probox အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကိုရိုလာ (အငှားယာဉ်) ယာဉ်ရှေ့ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်က ဘင်္ဂလာဒေခ်ျ့ကို အဆင့်မြင့် စစ်သင်္ဘော တစ်စီး ကူမည်

ဘင်္ဂလာဒေခ်ျ့ ရေတပ် သင်္ဘော တစ်စီး။
ဘင်္ဂလာဒေခ်ျ့ ရေတပ် သင်္ဘော တစ်စီး။
အမေရိကန် နိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ကို ရေတပ် အတွက် ခေတ်မီ လက်နက်နှင့် အဆင့်မြင့် နည်းပညာဆိုင်ရာ ကရိယာများ တပ်ဆင်ထားသော စစ်သင်္ဘော တစ်စီးကို ကူညီ ပေးသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ကိုးကားပြီး သတင်းစာများတွင် ယနေ့ ရေးသားဖေါ်ပြသည်။
၎င်းစစ်သင်္ဘောမှာ အရှည်ပေ ၃၇၈ ရှိပြီး ယခုနှစ် နိုဝင်္ဘာလတွင် ရောက်ရှိမည် ဖြစ်ကြောင်း အမေရိကန် သံအမတ် Dan W Mozena က ပြောသည်။
အမေရိကန် သံရုံးနှင့် The Centre for East Asia Foundation တို့က ပူပေါင်း ပြုလုပ်သော နှီးနှောဖလှယ်ပွဲတွင် ထိုသို့ အမေရိကန် သံအမတ်က ထုတ်ဖေါ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
သင်္ဘော၏ အမည်မှာ Samudra Joi ဖြစ်ပြီး မြန်မာလိုပြန်က ‘ ပင်လယ်ပြင်ကို အောင်နိုင်သူ’ ဟု အဓိပ္ပါယ်ရသည်။
စစ်သေင်္ဘာ တစ်စီးအား ဘင်္ဂလာဒေခ်ျ့ ရေတပ်သို့ ထောက်ပံ့ ကူညီရခြင်းမှာ ဘင်္ဂလာဒေခ်ျ့ ရေတပ်အား အင်အား ခိုင်မာလာစေရန်နှင့် ပင်လယ်ပြင် လုံခြုံရေးကို တိုးမြှင့်ကာကွယ်နိုင်ရန်အတွက် ဖြစ်ကြောင်း သံအမတ်က ထပ်လောင်း ပြောဆိုသည်။

အားကျလိုက်တာ.....


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း


နေပြည်တော်-စက်တင်ဘာ၁

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့အတိုင်း ယခုလည်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လဆန်းပိုင်းက ကျွန်တော်ပြောကြားခဲ့သလို ကျွန်တော်တို့ အစိုးရတာဝန်ယူရမယ့် ငါးနှစ်တာကာလရဲ့ ပထမပိုင်းလို့ ဆိုရတဲ့ လပေါင်း(၃၀)မှာ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်နှစ်ခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင် လိုမှုနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်လိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခံ အုတ်မြစ်များကို ကြိုးစားချမှတ်ခဲ့ပါတယ်။

သတိခေါင်းကွဲတတ်သည်

သတိခေါင်းကွဲတတ်သည်

"ဂုတ် " ကနဲ အုတ်နံရံနဲ. ခေါင်းနဲ. ပစ်ဆောင်.သံအဆုံးမှာတော.အမျိုးသမီး တစ်ယောက်ရဲ.ခေါင်းကသွေးတွေဖျာကျလာပြီး "အမလေးသေပါပြီ" ဆိုပြီးငြီးတွားနေပါတယ် ။ လမ်းဘေးဝဲယာကလူတွေဝိုင်းအုံလာကြပြီး ပလာစတာကပ်ပေးသူက ကပ်ပေး၊သွေး တွေကို သုတ်ပေးသူက သုတ်ပေးကြပါတယ်။ အဲဒါကတော. နေ.စဉ် လူသာပြောင်းသွား ပေမယ်. ရန်ကုန်မြို.လယ်ကမပြောင်းလဲတဲ.ဇာ တ်လမ်းလေးတစ်ပုဒ်ပါပဲ။

ရန်ကုန်မြို.ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ. ပန်းဆိုးတန်းလမ်းထောင်. Ruby Mart ကုန်တိုက်ရှေ.မှာ ပန်းဆိုးတန်းဂုံးတံတားပေါ်တက်ဖို. ဆောက်ထားတဲ. လှေကားတစ်ခုရှိပါတယ်။ အဲဒိလှေကားရဲ.အဓိကတာဝန်ကတော. တံတားကြီးပေါ်ကိုတက်ချင်တဲ.သူတွေ လွယ်လွယ်ကူကူတက်လို.ရအောင် ဆောက်ပေးထားတာပါ။ ဒါပေမယ်. တံတားဟာ သူ.ရဲ.မူရင်းတာဝန်ကိုသာမက လမ်းသွာလမ်းလာများရဲ.ခေါင်းကို ခွဲတဲ. တာဝန်ကိုပါပူးတွဲထမ်းဆောင်နေတာကြာပါပြီ ။

"ဘယ်လိုအင်ဂျင်နီယာကများ ဘယ်လိုစိတ်ကူးနဲ ဆောက်ခဲ.တယ်တော. မသိပါဘူးဗျာ ၊ဆောက်တော. လူသွားလူလာများတဲ.ဗိုလ်ချုပ်လမ်းပ လက်ဖောင်းအလယ်တည်.တည်. မှာ ကန်.လန်.ကြီး ၊ပြီးတော. လှေကားရဲ. ပထမဆင်. အင်္ဂတေကြမ်းခင်းဟာ လူတွေရဲ. နဖူးတွေခေါင်းတွေနဲ.တည်.တည်.ပဲ ...ဒီနေရာမှာသွားနေကြမဟုတ်ရင်တော. အုတ်နံရံနဲ.ခေါင်းဆောင်.မိဖို.ကသေ ချာသလောက်ပဲ၊ တကယ်ဆို တစ်ပေလောက် အပေါ်ကို မြှင်.ဆောက်ခဲ.ရင်လဲရပါတယ် ဒါဆိုလူတွေခေါင်းနဲ.လွတ်သွားပြီး ဒုက္ခမရောက်တော.ဘူးပေါ. ၊အခုတော. တစ်နေ.ကိုငါးယောက် ခြောက်ယောက်လောက်ကတော. ပုံမှန်ဝင်တိုက်နေကြပဲ တစ်ချို.ဆို ခေါင်းကွဲပြီး သွေးတွေထွက်လာတတ်တယ်" ဟု တံတားကြီးအနီးမှဈေးသည်တစ်ဦးကပြောသည် ။

ယခင်အစိုးရလက်ထက်ကဘာနေ.အမီ၊ ညာနေ.အမီ ဟုလမ်းများတံတားများကိုတက် သုတ်ရိုက် ဖွင်.လှစ်ခဲ.သော်လည်း အရည်အသွေးပိုင်း၊အသုံးဝင်မှုအပိုင်းကိုမစဉ်း စားပဲ ဖြစ်ကတတ်ဆန်းတည်ဆောက်ခဲ.သော အကျင်.ကြောင်.ဤသို.ဖြစ်ရသည် ကိုယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြုပြင်သင်.ကြောင်း၊နိုင်ငံခြားမှာဆ ခေါင်းကွဲသူက တရားစွဲလျင် တံတားတည်ဆောက်ခဲ.သော အဖွဲ.မှာ ဒေါ်လာ သိန်းနှင်.ချီကာ လျော်ကြေးပေးဆော င်ရနိုင်ကြောင်း အများသူငါက ပြောနေကြပေသည်။

ယခုအခါအမြင်မတော်သူများက တံတားနှင်.ခေါင်းဆောင်.မိမည်.နေရာတွင်" သတိခေါင်းကွဲတတ်သည် " သော စာရွက်ကလေးကို ချိတ်ဆွဲထားကြသည်။ သို.သော် ကံဆိုးသူများကတော. နေ.စဉ်ခေါင်းနှင်.အုတ်ခုံမိတ်ဆက်လျက်ရှိသ ည် ။

Ko Nyi

"ဂုတ် " ကနဲ အုတ်နံရံနဲ. ခေါင်းနဲ. ပစ်ဆောင်.သံအဆုံးမှာတော.အမျိုးသ
မီး တစ်ယောက်ရဲ.ခေါင်းကသွေးတွေဖျာကျလာပြီး "အမလေးသေပါပြီ" ဆိုပြီးငြီးတွားနေပါတယ် ။ လမ်းဘေးဝဲယာကလူတွေဝိုင်းအုံလာကြပြီး ပလာစတာကပ်ပေးသူက ကပ်ပေး၊သွေး တွေကို သုတ်ပေးသူက သုတ်ပေးကြပါတယ်။ အဲဒါကတော. နေ.စဉ် လူသာပြောင်းသွား ပေမယ်. ရန်ကုန်မြို.လယ်ကမပြောင်းလဲတဲ.ဇာ တ်လမ်းလေးတစ်ပုဒ်ပါပဲ။

ရန်ကုန်မြို.ဗိုလ်ချုပ်အောင်ဆန်
းလမ်းနဲ. ပန်းဆိုးတန်းလမ်းထောင်. Ruby Mart ကုန်တိုက်ရှေ.မှာ ပန်းဆိုးတန်းဂုံးတံတားပေါ်တက်ဖို. ဆောက်ထားတဲ. လှေကားတစ်ခုရှိပါတယ်။ အဲဒိလှေကားရဲ.အဓိကတာဝန်ကတော. တံတားကြီးပေါ်ကိုတက်ချင်တဲ.သူတွေ လွယ်လွယ်ကူကူတက်လို.ရအောင် ဆောက်ပေးထားတာပါ။ ဒါပေမယ်. တံတားဟာ သူ.ရဲ.မူရင်းတာဝန်ကိုသာမက လမ်းသွာလမ်းလာများရဲ.ခေါင်းကို ခွဲတဲ. တာဝန်ကိုပါပူးတွဲထမ်းဆောင်နေတာကြာပါပြီ ။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၃၁

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။  တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်တွင်တစ်ကြိမ် တွေ့ဆုံထားသည်။ 

၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်းယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်း  ထားသည်။

ရန်ကုန်၊ သြဂုတ် ၃၁

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။ တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

ပွဲသိမ်းမြန်၍ ပရိသတ်အကြိုက် တွေ့ခဲ့သည့် MMA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံလုပွဲ ကျင်းပ

ပွဲသိမ်းမြန်၍ ပရိသတ်အကြိုက် တွေ့ခဲ့သည့် MMA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံလုပွဲ ကျင်းပ
====================================

Sunday, September 1, 2013


မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပသည့် MMA ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ လုပွဲအား ယမန်နေ့ ညနေ ၃ နာရီမှ စတင်ခဲ့ကာ ည ၆ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ပထမဦးဆုံးပွဲ ဖြစ်သော MMA Myanmar National Championship လုပွဲ၌ မန္တလေး မှ ဖိုးသားကြီး နှင့် တောင်ကလေး ကလပ်မှ ထက်အောင်ဦး တို့ပွဲတွင် ဒုတိယအချီ ၁၀ စက္ကန့်တွင် ဖိုးသားကြီး ၏ တိုက်ရိုက် လက်သီးချက်ဖြင့် ပွဲသိမ်းခဲ့၍ ဖိုးသားကြီးမှာ MMA Myanmar National Championship ဖြစ်သည်။

ဆက်လက်၍ MMA Myanmar Indochina Bantamweight Championship ပွဲအား ဆက်လက် ကျင်းပရာ ဆွီဒင်နိုင်ငံသား Ricky Granstad နှင့် ဖိလစ်ပိုင် နိုင်ငံသား Joel " Sniper " Rafols တို့အတွဲတွင် ဆွီဒင် နိုင်ငံသား Ricky Granstad က ပထမအချီ ၃၀ စက္ကန့်၌ ပင့်လက်သီးဖြင့် ပွဲသိမ်းခဲ့သည်။

MMA Myanmar Indochina Featherweight Championship ပွဲတွင် နာမည်ကြီး ဖိလစ်ပိုင် နိုင်ငံသား Dean Bermude နှင့် ထိုင်းနိုင်ငံသား Jitsada Pong Thong တို့ပွဲတွင် ပထမအချီ ၃၂ စက္ကန့်၌ ထိုင်းနိုင်ငံသား Jitsada Pong thong ကအလဲထိုး၍ နိုင်သည်။ ၄င်းပွဲမှာ ပရိသတ်များ အကြိုက် တွေ့ခဲ့သည့် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။

MMA Myanmar Indochina Lightweight Championship ပွဲတွင် နယူးဇီလန် နိုင်ငံသား Bradley Stephen Riddell နှင့် မလေးရှား နိုင်ငံသား Chee Jian Kai တို့ပွဲတွင် နယူးဇီလန် နိုင်ငံသားက ဒုတိယအချီ မိနစ် ၂၀ တွင် အလဲထိုး အနိုင်ယူခဲ့သည်။

MMA Myanmar Indochina Welterweight Championship ပွဲတွင် သြစတြေးလျ နိုင်ငံသား Ashley Bren နှင့် အီရန် နိုင်ငံသားး Alierza " King Punisher " Jadidi တို့ပွဲတွင် ပထမအချီ ၁ မိနစ် ၁၀ စက္ကန့် ၌ အီရန် နိုင်ငံသား မှ အနိုင် ရရှိခဲ့သည်။

MMA Myanmar Indochina Welterweight Championship ပွဲတွင် ဂျပန်နိုင်ငံသား Kenko Samurai Ura နှင့် သြစတြေးလျ နိုင်ငံသား တို့ပွဲတွင် ဒုတိယအချီ ၂၄ စက္ကန့်၌ ဂျပန်နိုင်ငံသား မှ အနိုင် ရရှိခဲ့သည်။

နောက်ဆုံးပွဲ ဖြစ်သော MMA World Series Heavyweight Championship ပွဲတွင် အီရန် နိုင်ငံသား Akbar Karimi နှင့် ဟောင်ကောင် နိုင်ငံသား Northerwan " Pak Attack " Khanzada ဖြစ်သူတို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပထမအချီ ပြီးဆုံးရန် စက္ကန့် အနည်းငယ် အလိုမှာပင် အရှေ့တိုင်း ရိုးရာဖြစ်သော ကရာတေး ကိုယ်ခံပညာ ဖြင့် ဟောင်ကောင် နိုင်ငံသား အား ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဟောင်ကောင် နိုင်ငံသား မယှဉ်နိုင်ဘဲ အရှုံးပေး ခဲ့ရသည်။ ယင်းပွဲ၌ အီရန် နိုင်ငံသား မှ MMA World Series Heavyweight Championship ရရှိသည်။

MMA ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ လုပွဲများအား ပရိသတ်များ အကြိုက် တွေ့ခဲ့သော်လည်း ပွဲများ၏ စည်းမျဉ်းများ နှင့် အနည်းငယ် စိမ်း နေသောကြောင့် ပရိသတ် တို့မှာ မည်သူရှုံးမည် ဆိုသည်ကို မဆုံးဖြတ် တတ်ကြကြောင်း တွေ့ရှိရသည်။

Myawady

Sunday, September 1, 2013

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပသည့် MMA ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ လုပွဲအား ယမန်နေ့ ညနေ ၃ နာရီမှ စတင်ခဲ့ကာ ည ၆ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ပထမဦးဆုံးပွဲ ဖြစ်သော MMA Myanmar National Championship လုပွဲ၌ မန္တလေး မှ ဖိုးသားကြီး နှင့် တောင်ကလေး ကလပ်မှ ထက်အောင်ဦး တို့ပွဲတွင် ဒုတိယအချီ ၁၀ စက္ကန့်တွင် ဖိုးသားကြီး ၏ တိုက်ရိုက် လက်သီးချက်ဖြင့် ပွဲသိမ်းခဲ့၍ ဖိုးသားကြီးမှာ MMA Myanmar National Championship ဖြစ်သည်။

ဆက်လက်၍ MMA Myanmar Indochina Bantamweight Championship ပွဲအား ဆက်လက် ကျင်းပရာ ဆွီဒင်နိုင်ငံသား Ricky Granstad နှင့် ဖိလစ်ပိုင် နိုင်ငံသား Joel " Sniper " Rafols တို့အတွဲတွင် ဆွီဒင် နိုင်ငံသား Ricky Granstad က ပထမအချီ ၃၀ စက္ကန့်၌ ပင့်လက်သီးဖြင့် ပွဲသိမ်းခဲ့သည်။

အင်းဆက်ပိုး တစ်မျိုးကြောင့် မျက်နှာပြင် အစိတ်အပိုင်းအချို့ ဖယ်ရှားခံခဲ့ရသူ အမျိုးသမီး မျက်နှာအတု တပ်ဆင် အသုံးပြု

အင်းဆက်ပိုး တစ်မျိုးကြောင့် မျက်နှာပြင် အစိတ်အပိုင်းအချို့ ဖယ်ရှားခံခဲ့ရသူ အမျိုးသမီး မျက်နှာအတု တပ်ဆင် အသုံးပြု

Sunday, 01 September 2013 

စကော့တလန်နိုင်ငံမှ လူမှုဝန်ထမ်း အမျိုးသမီးတစ်ဦးသည် အသားစား အင်းဆက်တစ်မျိုး ကူးစက်တိုက်ခိုက် ခံရမှုကြောင့် သူမ၏မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ယခုအချိန်တွင် ခွဲစိတ် ဆရာဝန်များ ပြုလုပ်ဖန်တီး ထားသည့် မျက်နှာတုကို တပ်ဆင်ထားနိုင်ပြီဟု သိရသည်။
အသက် ၅၄ နှစ်ရှိပြီ ဖြစ်သော လော့ဂျက်သည် ဇာထိုးပန်းထိုး အတတ်ပညာဖြင့် လူမှုရေးအသင်းများ အတွက် ရန်ပုံငွေရရှိစေရန် ကူညီပေးသူ တစ်ဦးဟု သိရသည်။ သူမသည် ၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ရေချိုးခန်း၌ ချော်လဲ ကျရာမှ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကာ ယင်းဒဏ်ရာတွင် အသားစား အင်းဆက်တစ်မျိုး ကူးစက်ခဲ့ရာမှ နောက်ပိုင်း တွင် သူမ၏ မျက်နှာအစိတ်အပိုင်း အများစုကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

သူမ၏မျက်နှာ အစိတ်အပိုင်းများကို မဖယ်ရှားပါက အသားစား အင်းဆက်ပိုးသည် သူမ၏ကိုယ်တွင်း အင်္ဂါများ အထိ ပျံ့နှံ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသည်ဟု ဆရာဝန်များက ပြောကြားခဲ့ရာမှ အင်းဆက်ပိုးကူးစက် ခံထားရသည့် မျက်နှာပြင် အစိတ်အပိုင်းများကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ လော့ဂျက်သည် သူမ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မျက်နှာကို နေရာပြန်လည် ဖွဲ့စည်းနိုင်ရန် ငါးနှစ်ကြာခန့် ခွဲစိတ်ကုသမှုများ ခံယူခဲ့ ရပြီး ယခုချိန်တွင် ဆရာဝန်များက သူမအတွက် အထူးပြုလုပ်ထားသည့် မျက်နှာအတု တစ်ခုကို တပ်ဆင်ထား လျက်ရှိသည်ဟု သိရသည်။

Sunday, 01 September 2013

စကော့တလန်နိုင်ငံမှ လူမှုဝန်ထမ်း အမျိုးသမီးတစ်ဦးသည် အသားစား အင်းဆက်တစ်မျိုး ကူးစက်တိုက်ခိုက် ခံရမှုကြောင့် သူမ၏မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ယခုအချိန်တွင် ခွဲစိတ် ဆရာဝန်များ ပြုလုပ်ဖန်တီး ထားသည့် မျက်နှာတုကို တပ်ဆင်ထားနိုင်ပြီဟု သိရသည်။
အသက် ၅၄ နှစ်ရှိပြီ ဖြစ်သော လော့ဂျက်သည် ဇာထိုးပန်းထိုး အတတ်ပညာဖြင့် လူမှုရေးအသင်းများ အတွက် ရန်ပုံငွေရရှိစေရန် ကူညီပေးသူ တစ်ဦးဟု သိရသည်။ သူမသည် ၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ရေချိုးခန်း၌ ချော်လဲ ကျရာမှ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကာ ယင်းဒဏ်ရာတွင် အသားစား အင်းဆက်တစ်မျိုး ကူးစက်ခဲ့ရာမှ နောက်ပိုင်း တွင် သူမ၏ မျက်နှာအစိတ်အပိုင်း အများစုကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

ခါးအောက်ပိုင်း (မင်းလူ)



    လောကကြီးမှာ ရယ်စရာတွေ အလွန်ပေါများသည်။ ကြည့်တတ်၊ မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကိုတွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
    ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။
                                   
    ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီအထဲမှာမှ ဟာသဇာတ်ကားစစ်စစ် တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။
    စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။ ရေးတဲ့လူကလည်း နည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်းသိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။

Miss Supranational 2013 ပြိုင်ပွဲကြီး၏ တရားဝင် Vote System စက်တင်ဘာ ၂ရက် စမည်

Miss Supranational 2013 ပြိုင်ပွဲကြီး၏ တရားဝင် Vote System စက်တင်ဘာ ၂ရက် စမည်

ဘယ်လာရုစ်-စက်တင်ဘာ၁
Miss Supranational 2013 ပြိုင်ပွဲကြီးရဲ့  တရားဝင် Vote System စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပါသည်။
Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး မဲပေးနိုင်ကြောင်းသိရသည်။
http://www.misssupranational.com/VotingPage.html

ပရိသတ်များ မဲပေးနိုင်သောနည်လမ်း (၃)မျိုးရှိပြီးယခင်ပေးခဲ့ခြင်းသည်လည်း အားလုံး အကျိုးရှိပါသည်။
Russian Webisite မှ ပေးမည့် Most Beautiful Woman In the World ဆုအတွက် အောက်ပါ link တွင် မဲပေးနိုင်သည်။
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Missosology မှ ချီးမြှင့်သော People Choice Award အတွက်အောက်ပါ Link မှာ LIKE , SHARE နဲ့ Comment များပေးနိုင်ပါသည်.
https://www.facebook.com/photo.php?fbid=714665621883038&set=a.714663815216552.1073741903.138158146200458&type=1&theater

Miss Supranational 2013 ပြိုင်ပွဲကြီး၏ Miss Internet ဆုနှင့် စကာတင်Top (20)စာရင်းဝင်ဖြစ်ရန် အတွက် တရားဝင် Vote System ကတော့ စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပြီး Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး အောက်ပါLink မှ မဲပေးနိုင်ကြောင်းသိရပါသည်။
http://www.misssupranational.com/VotingPage.html

https://www.facebook.com/telekanalont page မှ Miss Supranational 2013 ပြိုင်ပွဲကြီးကို ထုတ်လွှင့်ပြသပေးမည့်ရုပ်သံလိုင်းဖြစ်၍ ၄င်း pageမှကြည့်ရှု့အားပေးနိင်ကြောင်းသိရသည်။

်from-https://www.facebook.com/misssupranationalmyanmar

ဘယ်လာရုစ်-စက်တင်ဘာ၁

Miss Supranational 2013 ပြိုင်ပွဲကြီးရဲ့  တရားဝင် Vote System စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပါသည်။
Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး မဲပေးနိုင်ကြောင်းသိရသည်။
http://www.misssupranational.com/VotingPage.html

ပရိသတ်များ မဲပေးနိုင်သောနည်လမ်း (၃)မျိုးရှိပြီးယခင်ပေးခဲ့ခြင်းသည်လည်း အားလုံး အကျိုးရှိပါသည်။
Russian Webisite မှ ပေးမည့် Most Beautiful Woman In the World ဆုအတွက် အောက်ပါ link တွင် မဲပေးနိုင်သည်။
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Missosology မှ ချီးမြှင့်သော People Choice Award အတွက်အောက်ပါ Link မှာ LIKE , SHARE နဲ့ Comment များပေးနိုင်ပါသည်.
https://www.facebook.com/photo.php?fbid=714665621883038&set=a.714663815216552.1073741903.138158146200458&type=1&theater

မဏိပူနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ် အထူးစောင့်ကြပ်

Sunday, September 1, 2013

မဏိပူနယ်စပ်တစ်လျှောက် မြန်မာတပ်ဖွဲ့ဝင်တွေ ၀င်လာတယ်ဆိုတဲ့ သတင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံရိုင်ဖယ်တပ်က အထူးစောင့်ကြပ်ကင်းလှည့်နေတယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနက မနေ့က ဖော်ပြပါတယ်။

မိုရေးမြို့  အခြေအနေလေ့လာဖို့ မဏိပူပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဆင့်မြင့်ကော်မတီတရပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကို မကြာခင်က သွားရောက်ခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမြဲရှိနေတာမို့ ပြဿနာကို ချောချောမွေ့မွေ့ဖြေရှင်းနိုင်ခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။

စခန်းတစ်ခုတည်ဆောက်ဖို့ မြန်မာအာဏာပိုင်တွေက တောတချို့ရှင်းတာကို အိန္ဒိယက ကန့်ကွက်တဲ့အတွက် ရပ်ဆိုင်းသွားပြီလို့ဆိုပါတယ်။ လက်ရှိအခြေအနေတွေကို သိရအောင် Haolenphai ရွာအထိသွားခဲ့တယ်လို့ မဏိပူပြည်နယ် ပြည်ထဲရေးအတွင်းဝန်ကပြောပါတယ်။

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

Photo: ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသောအကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလသမဂ္ဂသဘောတူညီမှုမပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိသည်ဟုဆိုကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန်သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလောတကြီးအလျင်အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။

စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီးယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီးစွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ်က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။
http://myawadynews.blogspot.com/2013/08/blog-post_31.html

သမ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း

Photo: ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း
Saturday, August 31, 2013

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှစကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်
လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ 

သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက်ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သူပုန်များ၏ အဆိုအရ ဒုံးကျည် အစိတ်အပိုင်းများ၊ ဒုံးပစ်လောင်ချာ
များနှင့် ဆက်စပ်ပစ္စည်းများကို တာပေါ်လင်စများဖြင့် ဖုံးအုပ်ကာ နောက်
တွဲယာဉ်များဖြင့် သယ်ဆောင်၍ ရွှေ့ပြောင်းလျက်ရှိကြောင်း၊ ၎င်းရွှေ
့ပြောင်းမှုတွင် ကီလိုမီတာ ၃ဝဝ ကျော်အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အရှည် ၁၁ မီတာရှိ စကာ့ဒ်ဒုံးကျည် နှစ်ဒါဇင်ထက်မနည်း ပါဝင်ကြောင်း သိရသည်။

Saturday, August 31, 2013

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှစကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်
လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက်ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင်

Photo: တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင် 

လော့ခ်ျနက်စ် ရေအိုင်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော ရေဂယက်ထမှုကြီးကြောင့် လော့ခ်ျနက်စ် ရေနဂါးကြီး၏ ပုံပြင်သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။ အသက်(၅၀) အရွယ်ရှိ အပျော်တမ်း ဓာတ်ပုံဆရာ ဒေးဗစ်အဲလ်ဒါသည် ဗြိတိန်နိုင်ငံ၊ စကော့တလန် ကုန်းမြင့်ဒေသရှိ နာမည်ကျော် ရေအိုင်ကြီးတွင် သဘာဝ ရှုခင်းများကို ဓာတ်ပုံရိုက်နေစဉ် အဆိုပါ ရေဂယက်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်နေသော ရေထဲတွင် အကြောင်းအရာ အတိအကျ မသိဘဲ လှိုင်းထလာသော အခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ခန့်မှန်း ပြောဆိုနေသည့် လော့ခ်ျနက်စ် ရေနဂါးကြီး အမှန်တကယ် ရှိနေသလောဆိုသည့် မေးခွန်းများ ပြန်လည် နိုးကြားလာသည်။ ဒေးဗစ်က မိမိသည် အနက်ရောင် ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်လိုက်ကြောင်း ဆိုသည်။ 

ဒေးဗစ်သည် ထိုစဉ်က ဖို့တ်အော်ဂက်စတို အနီးတွင် ငန်းတစ်ကောင်ကို ဓာတ်ပုံရိုက်နေရင်း ယခုမြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အရှေ့ ကီလ်ဘရိုက်ဒ်တွင် နေထိုင်သော ဒေးဗစ်က "ကျွန်တော့် ညာဘက်ထောင့်နားက ရေထဲမှာ အနက်ရောင် အရိပ်ကြီး တစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။ အရှည်က (၁၅)ပေလောက် ရှိလိမ့်မယ်။ အဲဒီကနေပြီးတော့ လှိုင်းတွေ ထလာတာပါ။ ကျွန်တော် သေချာပေါက်ပြောနိုင်တာက ဒီရေလှိုင်းတွေဟာ ရေအောက် တက်လာတဲ့ အနက်ရောင် အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်လာတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

၎င်းက "အဲဒီအချိန်မှာ ရေက အရမ်းကို ငြိမ်နေတာပါ။ လှိုင်းကြက်ခွပ်လေးတွေတောင် မရှိသလောက်ပဲ။ ရေထဲမှာ တခြားဘာလှုပ်ရှားမှုမှလည်း မတွေ့ရဘူး။ လှေလည်းမရှိဘူး။ လော့ခ်ျနက်စ် ကန်ကြီးထဲမှာ ဘယ်သူမှလည်း ရှိမနေဘူး။ ဒါက ကျွန်တော် ရှင်းမပြတတ်တဲ့ အခြေအနေ တစ်ခုပါ"ဟုလည်း ဖွင့်ဟခဲ့သည်။ လော့ခ်ျနက်စ် ရေသတ္တဝါကြီး၏ သတင်းသည် နှစ်ပေါင်း(၈၀)ကျော်ကြာ တိမ်မြုပ်လိုက်၊ ပေါ်ပေါက်လာလိုက်နှင့် သံသရာ လည်နေခဲ့သည်။ (၁၉၃၄)ခုနှစ်က ဗိုလ်မှူးကြီးရောဘတ်ကင်းနက်သ် ဝီလ်ဆင်က ရေသတ္တဝါကြီး၏ ဦးခေါင်းပေါ်နေသော ဓာတ်ပုံကို ရိုက်ကူးခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းမှာ အတုအယောင် လိမ်ညာမှုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လော့ခ်ျနက်စ်တွင် အမျိုးအမည်မသိ ရေသတ္တဝါကြီးတစ်ကောင် ရှင်သန်နေဆဲဟု ယုံကြည်နေသူ အမြောက်အမြားလည်း ရှိနေဆဲ ဖြစ်သည်။ အချို့သော ပညာရှင်များက လော့ခ်ျနက်စ်တွင် ကျက်စားနေသည်မှာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောမျိုးစိတ် တစ်ခုဖြစ်သည့် ပလယ်စီအိုဆောရပ်စ် တစ်ကောင် မျိုးမသုဉ်းဘဲ ကျန်ရှိနေခြင်းဟုလည်း ခန့်မှန်းနေကြသည်။ အဆိုပါ သတ္တဝါများသည် ရှည်လျားသွယ်လျသော လည်တံရှိပြီး ခြေလက်များအစား ရေယက်များသာ ပါဝင်ကာ တိုတောင်းသော အမြီးမျိုး ရှိတတ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

လော့ခ်ျနက်စ် ရေအိုင်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော ရေဂယက်ထမှုကြီးကြောင့် လော့ခ်ျနက်စ် ရေနဂါးကြီး၏ ပုံပြင်သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။ အသက်(၅၀) အရွယ်ရှိ အပျော်တမ်း ဓာတ်ပုံဆရာ ဒေးဗစ်အဲလ်ဒါသည် ဗြိတိန်နိုင်ငံ၊ စကော့တလန် ကုန်းမြင့်ဒေသရှိ နာမည်ကျော် ရေအိုင်ကြီးတွင် သဘာဝ ရှုခင်းများကို ဓာတ်ပုံရိုက်နေစဉ် အဆိုပါ ရေဂယက်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်နေသော ရေထဲတွင် အကြောင်းအရာ အတိအကျ မသိဘဲ လှိုင်းထလာသော အခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ခန့်မှန်း ပြောဆိုနေသည့် လော့ခ်ျနက်စ် ရေနဂါးကြီး အမှန်တကယ် ရှိနေသလောဆိုသည့် မေးခွန်းများ ပြန်လည် နိုးကြားလာသည်။ ဒေးဗစ်က မိမိသည် အနက်ရောင် ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်လိုက်ကြောင်း ဆိုသည်။

ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ ကချင်အဖွဲ့ တို့ကြား အပစ်ရပ်နိုင်ရေး အတွက် အချက် ၇ ချက်ပါ သဘောတူညီချက် တရပ်ကို လက်မှတ် ထိုးထားတဲ့ ကြားမှာပဲ၊ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေ တုန်းက ပန်ဝါ ဒေသမှာ NDAK အဖွဲ့ကနေ အသွင်ပြောင်း ထားတဲ့ နယ်ခြားစောင့် တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ သလို၊ ဩဂုတ်လ ၂၈ ရက် ၂၉ ရက်တွေ မှာလည်း အဲဒီ ဒေသ အနီး တဝိုက်မှာပဲ၊ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲ ထပ်ဖြစ် ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အစိုးရ တပ်ဘက်က ၂ ဦး ကျသွားပြီး လက်နက်ကြီး တလက်လည်း ကေအိုင်အေ ဘက်က သိမ်းယူ သွားတယ်လို့ အစိုးရဘက် အကြောင်းကြားလာ ခဲ့တယ်လို့ မြစ်ကြီးနား မြို့မှာ ရှိတဲ့ ကေအိုင်အို ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ Technichal Adivisory Team ပြောခွင့် ရသူ ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါ တယ်။

Sky Net ရုပ်သံလိုင်းမှ တရားဝင် ကြေညာထားသည့် အခွင့်အရေးများအတိုင်း မပေးဟုဆိုကာ အများစု မကျေနပ်

Sunday, 01 September 2013

Sky Net ရုပ်သံလိုင်းမှ သက်တမ်းကျန်ရှိနေသေးပြီး ဘောလုံးပွဲ ကြည့်ရှုရန်အတွက် ပြောင်းလဲသက်တမ်းတိုးလိုသူများအား တရားဝင် ကြေညာထားသည့်အတိုင်း အခွင့်အရေးများ မပေးသည့်သဘော ဖြစ်နေသည့်အပေါ် သွားရောက်ပြောင်းလဲ သက်တမ်းတိုးသူများက ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ကြသည်။

နိုင်ငံပိုင် သတင်းစာများတွင် Sky Net ရုပ်သံလိုင်းမှ တရားဝင် ထည့်သွင်းကြော်ငြာရာ၌ ယခင် SN-2 ယူထားသူများ အနေဖြင့် ဘောလုံးပွဲများ ကြည့်ရမည့် SN-3 သို့ ပြောင်းလဲကြည့်ရှုမည် ဆိုပါက သက်တမ်းကျန်နေ သူများသည် ခြားနားသည့် ကြည့်ရှုခကို ထပ်မံပေးသွင်းခြင်းဖြင့် ပြောင်းလဲကြည့်ရှုရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

ဂြိုဟ်တုထိပ်ဖူး လဲစဉ်ကလည်း တစ်လအခမဲ့ ကြည့်ရမည်ဟု ပြောကြားထားသော်လည်း ယခုသက်တမ်းတိုးရာတွင် အဆိုပါ တစ်လအား ထည့်သွင်းတွက်ချက်ပေးခြင်း မရှိသည့် မြို့နယ်အချို့ရှိကြောင်း စမ်းချောင်းမြို့နယ်တွင် သက်တမ်းသွားရောက် တိုးခဲ့သူများက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး စင်ကာပူ ခရီးစဉ်တွင် မြန်မာနိုင်ငံ အပြောင်းအလဲ ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလအတွင်း စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၂၀ မှ ၂၂ ရက်ထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် "မြန်မာနိုင်ငံ အပြောင်းအလဲ" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားထားသူများသာ တက်ရောက်ခွင့်ရသည့် အဆိုပါ အစည်းအဝေးပွဲသည် Global-Asia၊ စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့၊ စင်ကာပူ ငွေကြေးအာဏာပိုင် အဖွဲ့တို့က ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာနတို့နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အကူးအပြောင်း ကာလတွင် ရောက်ရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ရည်ရွယ်ချက်များတွင် စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးမှု လမ်းကြောင်းများထဲမှ သင်ခန်းစာ ယူရန်လည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

Photo: ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်
-----------------------
ရန်ကုန်-  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။ 
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

နွေဦးမှာ လေရူးတွေတိုက်ဆဲပါ (ရေးသားသူ- ဘစီ)

Photo: နွေဦးမှာ လေရူးတွေတိုက်ဆဲပါ
---------------
ရေးသားသူ- ဘစီ

ကျုပ်တို့ဆီက နိုင်ငံရေး အပြောင်းအလဲတွေကို ကမ္ဘာက နာမည်လှလှပေးထားတာ မြန်မာ့နွေဦးပါတဲ့။ ဒါကိုကျုပ်ရဲ့သတင်းစာဖတ် မိတ်ဆွေများအဖို့လည်း မတွေ့ချင်မှအဆုံးဖြစ်နေတဲ့ စကားလုံးလေးပါဗျာ။
	
ဒါပေသိ ကျုပ်ရွာက လယ်သမားကြီးတွေက မြန်မာ့နွေဦးဆိုတာ ဘာတုံးတဲ့။ ကျုပ်ကိုလှမ်း မေးကြသဗျ။ ရော ခက်ကပြီ။ ကျုပ်လည်း သူများက နွေဦးလို့သာ နွေဦးလိုက်ရတာ။ အနှီ နွေဦး ဆိုတာ ဘယ့်နှယ့်ဟာမှန်းချက်ကျ  လက်ကျပြောနိုင်တာ မဟုတ်ဘူး ဗျ။
	
“ဟဲ့ ဘစီနင်တို့သင်္ကြန်စာ လို စာရွက်တွေထဲမှာ ပါပါနေတဲ့ မြန်မာ့နွေဦးဆိုတာ ဘယ့်နှယ့် ဟာတုံး”တဲ့။ ကျုပ်ဘကြီးကတော့
လုပ်ပြီ။  သင်္ကြန်စာမဟုတ်ဘူးဗျ ဘကြီးရ။ အဲဒါဟာ သတင်းစာလို့ခေါ်တယ်။ ပုဂ္ဂလိကသတင်းစာဗျလို့ ကျုပ်မှာ ရှင်းရလင်းရတယ်။
	
“အေးငါက နင်တို့မြို့ပေါ်က သင်္ကြန်စာလိုလို သတင်းစာတွေကို ဖတ်မိတော့ “မြန်မာ့နွေဦး” ဆိုတာကို မြင်သဟဲ့။ အနှီဟာက ဘယ့်နှယ်နွေဦးတုံး။ အဲဒီနွေဦးမှာ ငါတို့ဘာပင်တွေ စိုက်လို့ ရမတုံး။ ငါတို့တော့ မြန်မာပြည်မှာ ဥတုသုံးမျိုးပဲရှိတယ်လို့ သိထားသဟေ့”
	
ကျုပ်ဘကြီးကလည်း တောင်သူပီသတယ်။ ဘယ်ရာသီမှာ ဘာသီးနှံစိုက်လို့ရမလဲဘဲ တွေးနေတာ။ သူ့စိတ်ထဲမြန်မာပြည်မှာ နောက်ထပ်ရာသီသစ် တစ်မျိုး တိုးလာတယ်လို့ မှတ်နေတာ။ ရာသီတွေကလည်း ကပြောင်းကပြန် ဖြစ်နေတာဆိုတော့ သူတွေးနေတာလည်းမမှားဘူး။
	
သူတို့တောင်သူတွေဆိုတာက ဆောင်းဆိုလည်း ဆောင်းသီးနှံစိုက်လား စိုက်ရဲ့။ မိုးဆိုလည်း မိုးသီးနှံ၊ နွေအခါဆိုရင်လည်း ရာသီအလိုက် နွေသီးနှံဆိုတာမျိုးတွေ စိုက်တာတောင်မှာ သူ့မယ် ကြွေးမကျေရှာတော့ ကြံမိကြံရာကြံတာလည်း ဖြစ်နိုင်တာပဲဗျ။ နွေဦးမှာ ဘာပင်စိုက် လို့ရမလဲတဲ့။ အကျင့်ပါနေတာပြောပါတယ်။ အခု နွေဦးဆိုတဲ့ အသံကြားတော့ သူ့အာရုံဝင်စားလာတာ ဘာမှမဆန်းဘူး။
	
အဲ၊ ကျုပ်အဖို့ပဲ ဆန်းနေတာ။ ကျုပ်တစ်ခါမှ မြန်မာ့နွေဦးဆိုတာကို တွေးမထားဘူး။ ဒါနဲ့ နီးစပ်ရာ စာတတ်ပေတတ်တွေဆီလိုက်မေးတော့ ဟိုးကျုပ်တို့နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ အာရပ်တို့ရဲ့ ကမ္ဘာဆီမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က တော်လှန်ရေးကြီးတွေဖြစ်သတဲ့။ တူနီးရှားဆိုတဲ့ တိုင်းပြည်က လမ်းဘေးဈေးသည်လေးတစ်ယောက်ဟာ သူ့ကိုယ်သူမီးရှို့ပြီး အစိုးရကို ဆန္ဒပြသတဲ့။
 	
အဲဒီကနေ အာရပ်တို့ရဲ့ အတိုင်းတိုင်းအပြည်ပြည်ကို ကူးစက်ပြီးသကာလ တော်လှန်ရေးကြီးဖြစ်ပွားလိုက်တာ အုပ်ချုပ်တဲ့ အာဏာရှင်တွေ ဆင်းပြေးရကောတဲ့။ ဒါကိုနာမည်ပေးကြတာကဖြင့် အာရပ်နွေဦးပါတဲ့။
	
နွေဦးဆိုတာကတော့ ဘယ်လိုဟာလဲလို့ ကျုပ်လေ့လာတဲ့အခါ ဥရောပတိုင်းပြည်မှာ  ဆောင်းတွင်းဆိုရင် နှင်းတွေချည်းဖုံးနေတာတဲ့။ အဲဒါနွေဦးပေါက်ရာသီရောက်လာတော့မှ နှင်းတွေဟာ တဖြည်းဖြည်းအရည်ပျော်ပြီးတော့ စီးဆင်းသွားသတဲ့။ ရေဖြစ်ပြီးစီးသွားတဲ့အထဲမှာ 
အမှိုက်သရိုက်တွေ၊ အညစ်အကြေးတွေပါသွားရော။ နွေဦးဆိုတာ တစ်ခွင်တစ်ပြင် သန့်ရှင်းကြည်လင်သွားတဲ့သဘောကို ဆိုလိုတာပါတဲ့ဗျာ။
	
ဒီလိုနဲ့ ရှေးအတီအတေကတည်းက တစ်ဖက်နဲ့တစ်ဖက် တင်းမာနေတဲ့ နိုင်ငံရေးအုပ်စုတွေ အချင်းချင်း လက်ဆွဲနှုတ်ဆက်၊ ပြုံးပြ၊ ဓာတ်ပုံအရိုက်ခံ၊ အဲဆွေးနွေးပွဲတွေလုပ်ပြီး ပြေလည်ရာ ပြေလည်ကြောင်း နှုတ်ရေး စကားစလုပ်ကြတာမျိုးကို နိုင်ငံရေးအရ နှင်းခဲပျော်ချိန်လို့ဆိုသဗျာ။ နှင်းခဲတွေ အရည်ပျော်သွားတယ်ဆိုတာကလည်း နွေဦးရောက်မှ ဖြစ်နိုင်တာကိုး။
	
ကျုပ်တို့ရွှေပြည်ကြီးမှာလည်း ၂၀၁၀ ရွေကောက်ပွဲအပြီးမှာ အာဏာရလာတဲ့ အစိုးရမင်းများဟာ သူတို့အရင် စစ်ဗိုလ်ကြီး များဖြစ်ချိန်တုန်းက ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးတယ်။ နောက်စကားတွေ ပြောကြတယ်။ ဘာစကားတွေပြော
တယ်ဆိုတာ ကျုပ်တို့ပြည်သူတွေ မသိရတာဘဲရှိတယ်။ အဲ၊ ပြီးတော့ ဓာတ်ပုံရိုက်ကြတယ်လေဗျာ။
	
ဓာတ်ပုံဆိုလို့ ကျုပ်မှတ်မိပြီ။ ဟိုသမ္မတကြီးရဲ့ အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံကြီးကို နောက်ခံထားရိုက်ထားတဲ့ပုံလေ။ အဲဒီဓာတ်ပုံထွက်လာပြီးကတည်းက ကျုပ်တို့ဆီမှာ နွေဦးဆိုသော ရာသီကြီးဟာ စတင်ဆိုက်ရောက်လာတယ် လို့ ပညာရှင်များရဲ့ ဆိုစကားကို မှတ်သားထားမိသဗျ။
	
ဥရောပဌာနေမှာ ပြောကြသလိုဆိုရင်ဖြင့် နှင်းခဲတွေ အရည်ပျော်ပြီပေါ့လေ။ ဒါပေသိ ကျုပ်တို့ ရွှေပြည်ကြီးမှာက တောတွေပြုန်း၊ တောင်တွေ ကုန်ဖြစ်နေလို့ နှင်းခဲဖို့မပြောနဲ့ နှင်းတောင်မှမြင်ရဖို့ ခက်နေတာ။ နှင်းခဲတွေထက်စာရင် ပူလွန်းလို့ ကျတဲ့ချွေးတွေပဲရှိတယ်။ အဲဒီချွေးတွေရယ်၊ စားဝတ်နေရေးအတွက် ပြေးလွှားရုန်းကန်ရာကနေ ခြေမအထိကျလာတဲ့ ချွေးတွေရယ်ပဲရှိတယ်။ အနှီပူလောင်ပြင်းပြ ဒုက္ခအဖုံဖုံကြားက ကျတဲ့ချွေးတွေသာ ခဲချင်ခဲသွား၊ ခဲရာကနေ ခုနလို နွေဦးမှာ အရည်ပျော်သွားရင် ချွေးခဲပျော်ချိန်လို့ နာမည်ပေးတာကမှ ဖြစ်နိုင်သေးဗျာ။
	
ဒါပေသိပညာရှင်ဆိုတာ ကျုပ်တို့လို့ ဘုန်းကြီးကျောင်း သားထက်တော့ သာတာပဲဗျ။ အမြင်ရှိတာပဲဗျ။ လောကဓာတ် တစ်ခွင်သန့်စင်ကြည်လင် လာတော့မယ်ဆိုတဲ့ အတိတ်နိမိတ်နဲ့ ကျုပ်တို့ကို မြန်မာ့နွေဦးလို့နာမည်ပေးတာဖြစ်မှာပေါ့။ ဒါဖြင့်ရင် အနှီနွေဦးမှာ ကျုပ်တို့အကြားမှာ တင်းမာမှုတွေ၊ မပြေလည်မှုတွေ၊ နှင်းခဲတွေ အရည်ပျော်သလို ပျော်သွားပြီလား၊  ကြည့်ရမှာပေါ့။
	
ကျုပ်ဖြင့် မြန်မာ့နွေဦးအခါသမယမှာ ဟိုနေရာ၊ ဒီနေရာ ကြည့်မိပါသဗျာ။ ကြည်လင်သန့် ရှင်းမြင်ကွင်းလှလှမမြင်ရပါကလား။ ကျုပ်မျက်လုံးပဲ တိမ်သလာ  ဖုံးနေလို့လားမသိ။ ကြည့်လေရာ တစ်ခွင်တစ်ပြင်မှာ ပြာရီအုံ့မှိုင်း ဆိုင်းဆိုင်းဝေေ၀ပါပဲခင်ဗျာ။
	
“တိမ်မည်းတွေက၊ ရွာမလိုလိုနဲ့ပင်”ဆိုတဲ့ ရှေးဟောင်း သီချင်းကလေးရှိမို့လား။ အခုလည်း မြန်မာ့နွေဦးဟာ အဲဒီအတိုင်းပဲဗျ။ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေပါပြီ ဆိုလို့ ကျုပ်တို့မှာ ပျော်ရမယ်မှ မကြံသေး၊ ဟိုး မြောက်ပိုင်းမှာ စစ်ပွဲတွေ ထဖြစ်လာရော။ ဟိုးအနောက်ဖျားဆီမှာ ကြည့်ပြန်တော့ ဆော်ကြနှက် ကြနဲ့သွေးထွက်သံယိုတွေအကြားမှာ ဒုက္ခသည်တွေက များများလာတယ်။
	
လွတ်လွတ်လပ်လပ်ဆနပြ ရမလားမှတ်တယ်။ ကြိုတင်ခွင့်ပြု ချက်က ယူနေရတယ်။ နောက် တစ်ခါလွတ်လပ်စွာ ရေးခွင့်ကလေးရနေလို့ ပျော်ရမယ် မကြံရ သေးဘူး။ အခုတစ်ခါလွှတ်တော် မှာ စာနယ်ဇင်းဥပဒေဆိုလား တင်လာရဲ့။
	
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုလို့ ကျုပ်တို့အလုပ် ကလေးများ ရမလားမှတ်တယ်။ အခုမီးမှန်မှန်ပေးနိုင်၊ မပေးနိုင် မသေချာလို့ နောက်ကြောင်းပြန်တဲ့ ကုမ္ပဏီကပြန်နေတယ်ဆိုလား။ ပြီးတော့ဒလဘက်မှာ တံတားကြီးထိုးမယ်ဆိုလို့ ကျုပ်တို့ဖြင့်ပျော် လိုက်ရတာ။ ဒလမြို့
နေ ချစ်မိတ်ဆွေများ အဆင်ပြေပြေဖြစ်တော့ မယ်လို့ ၀မ်းသာရမယ် မကြံရသေးဘူး။ အစိုးရက သူ့သက်တမ်းမှာ
တော့ ဒလနဲ့ပတ်သက်ပြီး ဘာမှလုပ်မှာ မဟုတ်ဘူးတဲ့။ ကျုပ်တို့မှာ နတ်ကရာ ကျီးမောနေရတဲ့ဘ၀တွေ က မလွတ်သေးပါကလားဗျာတို့။
	
ကျုပ်လည်းရွာက ကျုပ်ဘ ကြီးမေးလိုက်တဲ့ မြန်မာ့နွေဦးကို စီကာစဉ်ကာ သုတေသနပြုပြီး သကာလ လျှောက်စဉ်းစားနေလိုက်တာ “ဆန်စဉ်ရာ ကျည်ပွေ့ လိုက်”သလိုဖြစ်ကုန်ပြီလားမသိ ဘူး။ ကျုပ်ဘကြီးကို ဘယ်နှယ် လုပ်ပြီး “နွေဦးဋီကာ”ဖွင့်ရပါလို့ စဉ်းစားရင်းက တွေးမိတာလေးတွေပြန်ပြီး ဖောက်သည်ချတာ ပါခင်ဗျာ။
	
သေချာတာက မြန်မာမှာ နွေဦးရာသီရယ်လို့ သီးသန့်မရှိ ဘူးဗျ။ ဒါပေမဲ့ နွေဦးပေါက်ကာလလို့တော့ ကျုပ်တို့မှန်းဆပြောကြတာရှိတယ်။ ဆောင်းအကုန် နွေအကူး၊ ရွက်ဝါတွေ မြေလူးတယ်ဆိုတဲ့ စာချိုးလေးတောင်မှ ရှိသေး။ အနှီနွေအကူးဟာ မြန်မာ့နွေဦးလို့မှတ်ဗျ။
	 
ဥရောပနွေဦးနဲ့တော့  ပြောင်းပြန်ပေါ့ဗျာ။ သူတို့နွေဦးက နှင်းခဲတွေပျော်ပြီး အမှိုက်သရိုက်၊ ဒိုက်သရောတွေလည်း ရေနဲ့ အတူ မျောသွားတာ။ ပတ်ဝန်းကျင်တစ်ခွင်သန့်ရှင်းကြည်လင်လာတာ။ ကျုပ်တို့ရဲ့ နွေဦးကျတော့ ဆောင်းအကုန်မှာ မြောက်ပြန်လေကလည်း ကျသေး။ တောင်ပြန်လေကလည်း စတင်တိုက်ခတ်လာ။ ဒီကြားထဲမှာ အရှေ့လေကလည်း တစ်ချက်တစ်ချက်ဝင်နှောက်လိုက်သေးတော့ နွေဦးအခါ လေရူးတိုက်တာလို့ ကျုပ်တို့ဆီမှာ အဆိုရှိသဗျ။ ရံဖန်ရံခါလေကြောင်းတွေ စုံမိသွားတဲ့အခါ လေပွေကလေးတွေ ဖြစ်သွားတာမြင်ဖူးကြမှာပါ။
	
ပြီးတော့ နွေဦးအခါလေရူးတွေတိုက်သောအခါမှာ သစ်ပင်ပေါ်က ရွက်ဝါကြွေတွေဟာ  ဖြုတ်ဖြုတ်ကြွေကြကုန်တယ်လေဗျာ။ ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေတာပေါ့။ ဒီတော့ကျုပ်တို့ရဲ့ မြန်မာ့နွေဦးဟာ  ဥရောပနွေဦးတွေလို သစ်ရွက်တွေ 
နှင်းခဲပျော်ချိန်မှာ မျောပါသွားတာမဟုတ်ဘူးဗျ။ လေရူးတွေအကြားမှာ အမှိုက်သရိုက်တွေ ပိုများလာတာပဲရှိသဗျ။ မြန်မာ့နွေဦးလို့ အမည်ပေးခဲ့တဲ့ ပညာရှင်တွေဟာ ဒီအချက်ကိုတွေးမိပုံမရဘူးဗျ။
	
နောက်ထပ်ပြောစရာရှိတာက နွေဦးပေါက်မှာ လက်ပံတွေ ပွင့်တယ်လေဗျာ။ လက်ပံတွေ ရဲရဲနီပွင့်ချိန်ဆိုရင် ကျုပ်တို့ကျေးလက်မှာတော့ ခွေးရူးတွေပေါတဲ့ အချိန်ပဲဗျ။ ကျုပ်ဘကြီးကို မြန်မာ့နွေဦးဆိုတာ ကျုပ်တို့ရွာမှာဆိုလက်ပံပွင့်ချိန်နဲ့ တူတယ်ဗျလို့ ပြောလိုက်ရင် ဘကြီးက 
ဒက်ခနဲ သဘောပေါက်သွားမှာပဲဗျ။ ကဲ၊ ကျုပ်ရဲ့ မြန်မာ့နွေဦးဋီကာဟာ မရှင်းပါလားခင်ဗျာ။
	
ဒီနေ့မြန်မာ့နွေဦးအခါသမ ယမှာ ဟိုဟိုဒီဒီက စိတ်လေစရာ အသံဗလံပေါင်းစုံကို ကြားရ၊ မြင်ရရင်ဖြင့် မြူထတဲ့ နွေဦးအခါမို့ လေရူးတွေတိုက်နေတာပဲလို့ နှလုံးသွင်းတော်မူကြပါ။ စာဖတ်သူမိတ်ဆွေတို့ခင်ဗျား။ အနှီလိုဆို ရင်ဖြင့် လေရူးတွေ  ခြွေချလိုက်တဲ့ ရော်ရွက်ဝါတွေလည်းမြေပေါ်မှာ ပွစာကျဲနေတာ ဘာမှမဆန်းတော့ဘူးမို့လား။
ကျုပ်တို့ဆီက နိုင်ငံရေး အပြောင်းအလဲတွေကို ကမ္ဘာက နာမည်လှလှပေးထားတာ မြန်မာ့နွေဦးပါတဲ့။ ဒါကိုကျုပ်ရဲ့သတင်းစာဖတ် မိတ်ဆွေများအဖို့လည်း မတွေ့ချင်မှအဆုံးဖြစ်နေတဲ့ စကားလုံးလေးပါဗျာ။

ဒါပေသိ ကျုပ်ရွာက လယ်သမားကြီးတွေက မြန်မာ့နွေဦးဆိုတာ ဘာတုံးတဲ့။ ကျုပ်ကိုလှမ်း မေးကြသဗျ။ ရော ခက်ကပြီ။ ကျုပ်လည်း သူများက နွေဦးလို့သာ နွေဦးလိုက်ရတာ။ အနှီ နွေဦး ဆိုတာ ဘယ့်နှယ့်ဟာမှန်းချက်ကျ လက်ကျပြောနိုင်တာ မဟုတ်ဘူး ဗျ။

“ဟဲ့ ဘစီနင်တို့သင်္ကြန်စာ လို စာရွက်တွေထဲမှာ ပါပါနေတဲ့ မြန်မာ့နွေဦးဆိုတာ ဘယ့်နှယ့် ဟာတုံး”တဲ့။ ကျုပ်ဘကြီးကတော့
လုပ်ပြီ။ သင်္ကြန်စာမဟုတ်ဘူးဗျ ဘကြီးရ။ အဲဒါဟာ သတင်းစာလို့ခေါ်တယ်။ ပုဂ္ဂလိကသတင်းစာဗျလို့ ကျုပ်မှာ ရှင်းရလင်းရတယ်။

ဆီးရီးယားကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ကွန်ဂရက် သဘောတူညီချက် ရရှိရေး ကြိုးပမ်းသွားမည်ဟု သမ္မတအိုဘားမား ပြောကြား

Z-1-9
မြေထဲပင်လယ်တွင် အမေရိကန်က စေလွှတ်ထားသော ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘော ငါးစင်း၏ ဓာတ်ပုံကို အမေရိကန် ရေတပ်ဝက်ဘ်ဆိုက်မှ ရယူထားပုံ
ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ အစိုးရကို အရေးယူရန် ဆီးရီးယားကို တိုက်ခိုက်သင့်သည်ဟု ဆုံးဖြတ်ထားကြောင်း သို့သော်လည်း ကွန်ဂရက်၏ သဘောတူ ခွင့်ပြုချက် ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတ ဘားရက်အိုဘားမားက သြဂုတ် ၃၁ ရက်က အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၅၀ မိနစ်၌ မိန့်ခွန်းပြောကြားခဲ့သော သမ္မတ အိုဘားမားက ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စစ်ရေးအရ အရေးယူ ဆောင်ရွက်ရန် ကွန်ဂရက်ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများသည် သြဂုတ် ၃၁ ရက်နေ့က ဆီးရီးယားမှ ပြန်လည်ထွက်ခွာလာပြီး လုံခြုံရေးကောင်စီသို့ နောက်ဆုံးအစီအရင်ခံစာ တင်ပြရန် ပြင်ဆင်နေကြပြီး အစီအရင်ခံစာ တင်သွင်းရန်အတွက် အချိန်တစ်ပတ်ခန့် ကြာမြင့်နိုင်သည်။
ဥပဒေပြု အမတ်များနှင့် ဆက်ဆံရေး မကျေမလည်ရှိသော အိုဘားများအတွက် ဆီးရီးယားအရေး ကွန်ဂရက်တွင် ဆွေးနွေးမှုသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ အိုဘားမားအနေဖြင့် ဗြိတိန်ပါလီမန်တွင် ဆီးရီးယားကို အရေးယူရန် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ရှုံးနိမ့်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရနိုင်သည်။

မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။

ဗိုလ်ချုပ်စိုးရှိန်က တောင်သူများကို လက်နက်ကိုင်ကာ ခြိမ်းခြောက်ခဲ့ သည်ဆိုသည့် အမှုကို လာရောက်ညှိနှိုင်းနေ

ဗိုလ်ချုပ်စိုးရှိန် (အလယ်)အားဦးသန်းရွှေ နှင့်အတူ တွေ့ ရစဉ်
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်က ဖြစ်ပေါ်ခဲ့သည့် ဗိုလ်ချုပ်စိုးရှိန်က လက်နက်ကိုင် ခြိမ်းခြောက်ခဲ့သည်
ဆိုမှုနှင့် ပတ်သက်၍ တိုင်ကြားခံရသူ ဗိုလ်ချုပ်စိုးရှိန်ဘက် မှ ဩဂုတ်လ ၁၉ ရက်နေ့က ထုံးဖိုတဲစု
တွင် လာရောက်ညှိနှိုင်းမှုရှိခဲ့သည်ဟု တိုင်ကြားသူဘက်က ပြောသည်။

"သူတို့ဘက်က လာပြီးညှိနှိုင်းတော့ ခြိမ်းခြောက်မှုဖြစ်ခဲ့တဲ့ ထုံးဖိုတဲစု ဒေသခံတောင်သူတွေရဲ့
အကွက်ကို ၀ယ်မယ်။ ဒါပေမဲ့ အမှုကို ပြန်ရုပ်သိမ်း ပေးရမယ်။ နောက်ပြီး ဂျာနယ်တွေမှာ ဖော်ပြ
ထားတာတွေကိုလည်း သတင်းအမှားဆိုပြီး ပြန်ပြင်ခိုင်းတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့
နောက်ဆုံးတောင်းဆိုထားတာကို လုံးဝသဘောမတူနိုင်ဘူး။ ကျန်တဲ့ အချက်နှစ်ချက်အတွက်
လည်း စဉ်းစားနေတုန်းပဲ။ ဒီကိစ္စအတွက်ကို ဗိုလ်ချုပ် စိုးရှိန်နဲ့ပဲ တိုက်ရိုက်ညှိနှိုင်းချင်တယ်"ဟု
လက်နက်ဖြင့် ခြိမ်းခြောက်ခံရသည်ဆိုသူ ကိုအောင်သန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

တရားလိုနှင့် တိုင်ကြားခံရသူတို့နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီးပြေလည်မှုရရှိခဲ့လျှင် တိုင်ကြားချက်ကို
ပြန်လည်ရုပ်သိမ်းပေး နိုင်သည်ဟု လယ်ဝေးမြို့နယ် မြို့မ ရဲစခန်း မှ စခန်းမှူး ဦးစိုးမင်းသိန်းက
ဩဂုတ်လ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

R-1-9
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အခင်းဖြစ်ပွားရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေရာအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုနှစ်ပိုင်းမှာဆိုရင် ရဲတွေကို ပြစ်မှုကျူးလွန်တဲ့ သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းဖမ်းဆီးမှုတွေ ပြုလုပ်တဲ့အခါမှာ ကျူးလွန်သူတွေရဲ့ အင်အားထက် ပိုများတဲ့ ရဲတပ်ဖွဲ့အင်အားကို တိုးပြီးတော့ ဖမ်းဆီးသွားမယ်။ တိုက်ခိုက်တဲ့ သူတွေကိုလည်း မူလပြစ်ဒဏ်အပြင် ၀တ္တရားနှောင့်ယှက်မှုနဲ့ ပြန်လည်တိုက်ခိုက်တဲ့ ပြစ်မှုအပေါ် မူတည်ပြီးတော့ ထပ်မံအရေးယူ သွားပါမယ်" ဟု သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီများကို ထပ်မံလက်မခံနိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဘင်္ဂါလီ အများအပြားကို လက်ခံထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာမည့် ဘင်္ဂါလီများကို ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သြဂုတ် ၂၉ ရက်က ပြောဆိုလိုက်သည်ဟု The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ထိုအကြောင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် နိုင်ငံကိုယ်စားလှယ် ခန့်အပ်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ မကြာသေးမီက သွားရောက်အပြီးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက သူ့အနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို ခံစားနေရသည့်အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် ဘင်္ဂါလီဦးရေ ၃၀၀၀၀ ခန့် ခိုလှုံလျက် ရှိသည်။

Myanmar Newsweek ဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံနှင့်ပတ်သက်ရ်ျ ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား

သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။
"ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်" ဟု ကိုသီဟန်က ဆိုသည်။
ယင်းသတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများတွင် ဖော်ပြထားသည်ကို Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ်စာမျက်နှာတွင် ဖော်ပြအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis