menu

Saturday 21 December 2013

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း

Photo: ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင် ခွင့်တောင်းခံ ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့်ကို ပြည်နယ်ရဲဌာနမှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လူသူစုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနားစသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ယင်းလူထု အစည်းအဝေးသည် လေးနာရီခန့်ကြာ စုဝေးခဲ့ပြီး အဓမ္မ ဆက်ကြေးကောက်တဲ့ ကေအိုင်အေ အလိုမရှိ၊ အဓမ္မစစ်သား စုဆောင်းသည့် ကေအိုင်အေ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဗညားဦးက ''ကျွန်တော်တို့ နိုင်ငံမှာက ဆီးဂိမ်းစ်ကာလကို အရေးပေါ်ကာလလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီကာလ ကျော်သွားရင်တော့ ခွင့်ပြုနိုင်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းတာတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ တရားဝင် ခွင့်ပြုချက်ရရင်တော့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့ အသင့်ရှိပါတယ်'' ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ''ကျွန်မသားကို ဖမ်းသွားတာ လာမယ့် တပို့တွဲလဆန်း ၁၃ ရက်ဆိုရင် နှစ်နှစ်ပြည့်ပြီ။ သားရော သမက်ရော ဖမ်းသွားတာ။ သမက်ကတော့ ထွက်ပြေးပြီး လွတ်လာတယ်။ သားကတော့ သေလားရှင်လား မသိရဘူး။ သူ့ဆန္ဒနှင့် လက်နက်ကိုင်တာ မဟုတ်ဘူး။ အခင်းမှာ အလုပ်လုပ်နေရင်း စုဆောင်းရေး ပါသွားတာ။ အဖေသေတာလည်း တွေ့မသွားရဘူး။ အားလုံးကို သားပြန်လာနိုင်ဖို့ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်'' ဟု The Daily Eleven သို့ ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ခုနစ်သိန်းကျော် ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာ အဖွဲ့က ပြောဆိုနေသော်လည်း အစိုးရ စာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာ စာရင်းရှိကြောင်း သိရသည်။

(ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်))

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင် ခွင့်တောင်းခံ ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့်ကို ပြည်နယ်ရဲဌာနမှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လူသူစုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနားစသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ

Photo: ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။

''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံးအသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။

''ကျွန်တော့် မိသားစုကို ဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်း ထွက်ပြီးတော့ နေ့တိုင်းလာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံ အသင်းမှ မပါတော့တာ သွားမကြည့်ချင် တော့ဘူး။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်း အထက်တွေချည်းပဲ'' ဟု ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

(၀ဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲလက်မှတ် မှောင်ခိုဈေးနှုန်း ကျပ် ၆၀၀၀၀ အထိ ရောက်ရှိ


ဆီးဂိမ်းစ်ဖွင့်ပွဲ ခမ်းနားမှုအပေါ် မူတည်၍ ပိတ်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှုရန် ပရိသတ်များ စိတ်ဝင်စားသော်လည်း လက်မှတ်များ ကုန်သွားသဖြင့် ပြင်ပမှောင်ခို ပေါက်ဈေး ငွေကျပ် ၆၀၀၀၀ ၀န်းကျင် ဈေးရှိနေကြောင်း သိရသည်။

ပိတ်ပွဲအခမ်းအနား ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းသည် ထိုင်ခုံအရေအတွက် ပရိသတ် ၃၀၀၀၀ ဆံ့သာ ဖြစ်သည့်အတွက် အများပြည်သူ ကြည့်ရှုနိုင်ရန် လက်မှတ်အရေအတွက် ၈၀၀၀ ကျော်ကိုသာ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း အားကစားဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ အများပြည်သူကို ရောင်းထားပြီးတဲ့ ပိတ်ပွဲလက်မှတ် အရေအတွက်က ၈၀၀၀ ကျော်လောက် ရှိမယ်။ ကျွန်တော်တို့က လက်မှတ်ရောင်းတာတွေကို ကျွန်တော်တို့ အားကစား ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ အား/ကာ ဦးစီးဌာနကနေပဲ ကိုင်တွယ်တာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးအနေနဲ့ ကော်မတီတွေခွဲပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အများပြည်သူအတွက် လက်မှတ်တွေကတော့ ကုန်သွားပါပြီ။ ဒါပေမဲ့ ပြည်ပပရိသတ်တွေ အတွက် ခွဲတမ်းချပေးထားတဲ့ ဒေါ်လာ ၃၀ တန်၊ ၅၀ တန် လက်မှတ်တွေတော့ ရောင်းဖို့ ကျန်ပါသေးတယ်'' ဟု အဆိုပါ အဆင့်မြင့် အရာကြီးရှိက ဆိုသည်။ အဆိုပါ ပိတ်ပွဲလက်မှတ်များကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ရောင်းချ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၉၆၉ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့လျှင် ဦးဝီရသူက သားအမိလို သဘောထားကြောင်း မိန့်ကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၉၆၉ သံဃာအဖွဲ့ တွေ့ဆုံရန် ကြားဝင် ညှိနှိုင်းသူများက ပြုလုပ်ပေးလျက် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် အတည်မပြု သေးကြောင်း ဒီဇင်ဘာလ ၁၉ရက်တွင် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဆရာတော် ဦးဝီရသူက မြန်မာ သံတော်ဆင့်သို့ မိန့်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၉၆၉ သံဃာအဖွဲ့ကို စတင် ကမ်းလှမ်းခဲ့ခြင်း မဟုတ်ဘဲ ပြည်သူအချို့နှင့် အရေးပါသူဟု ယူဆရသူ လူတစ်စုက ကြားဝင်ကာ တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလိုတော်ပြည့် ဆရာတော်ပါမှသာလျှင် တွေ့ဆုံနိုင်မည် ဟူသော သတင်းစကား များလည်း ထွက်ပေါ်လျက် ရှိသည်။ …
၉၆၉ မန္တလေး အသင်းအဖွဲ့ဝင် ဦးဝီရသူက “ဦးဇင်းကို ချိတ်ပေးတဲ့ သူရှိတယ်။ အဲဒီဘက်က အတည်မပြုဘူး။ တကယ်လို့ တွေ့ဆုံရင်လည်း အလိုတော်ပြည့် ဆရာတော် ပါပါ၊ မပါပါ တွေ့လို့ရပါတယ်။ ဦးဇင်းတို့ကို တွေ့သင့်တယ်လို့ ထင်တဲ့ ပြည်သူတွေရော၊ သံဃာရောက အကြံပေး စီစဉ်ကြတာ ရပ်မိ ရပ်ဖလိုမျိုး တကယ်ကို အရာရောက်တဲ့ မိဘပြည်သူတွေ ပါပါတယ်။ ပြောဖို့က ခက်တယ်။ ဟိုဘက်ကလည်း အကြောင်း မပြန်သေးပါဘူး။ တွေ့မြင်ခဲ့ရင်လည်း ဘာမှတော့ စေ့စပ် ညှိနှိုင်းစရာတော့ မရှိပါဘူး။ ဒကာမကြီးကို ဒီမိုကရေစီရေးတို့၊ တရားဥပဒေ စိုးမိုးရေး ငြိမ်းချမ်းရေး တို့ဘက်မှ အားကိုး ပြီးသားပဲလေ။ အမျိုးသားရေးနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေတွေ တင်ပြမယ်။ တကယ်တမ်း ပြောရရင် အမေလို အားကိုးခဲ့ပြီး သားအမိလို စိတ်ထားပါတယ်”” ဟူ၍ မိန့်ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးဝင်းနိုင် မြန်မာအသင်း အနိုင်ရရှိရေးအတွက် အော်မိ၊ ဆဲမိကြောင်း ပြောကြား

မြန်မာအသင်းက အင်ဒိုနီးရှား အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် ပရိသတ်များ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းဆူပူ အကြမ်းဖက်သူများထဲမှ ၆ ဦးနှင့် ကွင်းအတွင်းသို့ ဆင်းသူ ၃ ဦးတို့အား သင်္ဃန်းကျွန်း ရဲစခန်းက ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းရှိ ဓမ္မာရုံ၌ ရန်ကုန်တိုင်း အစိုးရရုံးမှ ရဲမှူးကြီး ဦးဝင်းနိုင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဦးဇော်ဇော်နှင့် ၎င်းဖမ်းဆီးထား သူများ တွေ့ဆုံခဲ့ပြီး မြန်မာအသင်း အနိုင်ရရှိရေးအတွက် အော်မိ၊ ဆဲမိကြောင်း ၎င်းက တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
ထိုကဲ့သို့ အုပ်စုအဆင့်မှ ထွက်ခဲ့ရမှုကြောင့် မြန်မာဘောလုံးအသင်း ပရိသတ်များအနေဖြင့် ကွင်းအတွင်းရှိ ခုံများအား ရိုက်ချိုးလွှင့်ပစ်ခြင်း၊ ကွင်းအတွင်း၌ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပိုစတာ လှုံ့ဆော်မှုများအား မီးရှို့ ဖျက်ဆီးခြင်း၊ ကွင်းအပြင်တွင် မြန်မာအသင်း ဘောလုံးအင်္ကျီများအား မီးရှို့ဖျက်ဆီးခြင်း၊ ရဲများအား ခဲများဖြင့် ပစ်ပေါက်ခြင်း စသည့် အဖြစ်အပျက်များ ဆူပူသောင်းကျန်း ဖျက်ဆီးမှုများအား ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ဆင်းသက်သူ ၃ ဦးနှင့် သောင်းကျန်းသူ ၆ ဦးတို့ကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ ဒီဇင်ဘာလ ၁၆ ရက် ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ …

ကချင်ပြည်နယ် အစိုးရကို ဒေသခံ ရှမ်းအမျိုးသားတို့ အယုံအကြည် မရှိ

KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် မပေးတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူထု အစည်းအဝေးပွဲတရပ်က ကချင်ပြည်နယ်အစိုးရကို ရှုံ့ချကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။  KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ ရှမ်းလူထုအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလဆန်းပိုင်းက စပြီး KIA က ဖမ်းဆီးသွားတဲ့ ရှမ်းလူမျိုးတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် လူ၎သောင်းလောက်တက်ရောက်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ  ဆန္ဒပြဖို့ မူလက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အာဏာပိုင်တွေဆီက စီတန်းလှည့်လည်ဆန္ဒပြခွင့် ခွင့်ပြုချက်မရတာကြောင့် စုရပ်ဖြစ်တဲ့ ၀န်းသိုကျောင်းတိုက်မှာပဲ လူထုအစည်းအဝေးကျင်းပခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။

" ပြည်နယ်ရေးမှူးကနေပြီးတော့ မနေ့ညက ၇နာရီမှာ ဒီရက်ကို ခွင့်မပြုဘူးဆိုတာ အကြောင်းပြန်ကြားပါတယ်။ ကြိုတင်ပြီးမှ ကျနော်တို့က မသိရဘူး။ ကျနော်တို့ကတော့ ဆန္ဒပြဖို့က အဆင်သင့်ပဲ။ ဒါပေမဲ့ ဥပဒေအရ တားထားတယ်ဆိုတော့ ကျနော်တို့က ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ဘူးပေါ့လေ။ ဒီလမ်းလျောက်ပြီးမှ ဆန္ဒပြခွင့် မရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးကျောင်းမှာပဲ စုခွင့်ရတဲ့အတွက် ဒီမှာ လူထုအစည်းအဝေး လုပ်တာပေါ့လေ။ ရှမ်းအားလုံးရဲ့ လူထုအစည်းအဝေး လုပ်လိုက်တာပေါ့လေ။ "

ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်


ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အာဏာပိုင်တွေဖက်က မူကြမ်း အဖြစ် ရေးဆွဲထားတဲ့ ပညာရေး မူဝါဒက အချက်တွေကို တက္ကသိုလ် အသီးသီးက ဆရာများ သမဂ္ဂက လက်မခံနိုင်ကြဘူးလို့ သိရပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာန ထိန်းချုပ်မှုအောက်ကနေ ဗဟိုကောင်စီ ထိန်းချုပ်မှုအောက်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် အမည်သာ ပြောင်းလဲသွားပြီး တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တကယ်တမ်း မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ အတွင်းရေးမှုး ဦးဇော်မျိုးလှိုင်ကို မေးမြန်းကြည့်တဲ့ အခါ အခုလ ၁ဂ ရက်နေ့တုန်းက အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို သူတို့ကို ပြခဲ့ပြီး တက္ကသိုလ် ဗဟို ကောင်စီ မလိုဘူးလို့ ပြောခဲ့ကြောင်း သူက ရှင်းပြပါတယ်။

မူကြမ်းထဲမှာ ပါမောက္ခချုပ်တွေ ၇၅ ရာခိုင်နှုန်း ၊ တခြား အဖွဲ့က ပညာရှင်တွေ ၂ဝ ကျော်နဲ့ ဆရာ တယောက်စီ ၊ ကျောင်းသား တယောက်စီ ပါဝင် ဗဟိုကောင်စီကို ဖွဲ့စည်းဖို့ ပြင်ထားတယ်လို့ သူက ဆိုပါတယ်။

"ဧရာဝတီမြစ်ရေတွင် ပြဒါးအဆိပ်ပါဝင်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော သတ်မှတ်စံနှုန်းထက် ငါးဆပိုမို"

"ဧရာဝတီမြစ်ရေတွင် ပြဒါးအဆိပ်ပါဝင်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော သတ်မှတ်စံနှုန်းထက် ငါးဆပိုမို"
******************************
ဧရာဝတီမြစ်ရေတွင် ပြဒါးအစိတ် ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သတ်မှတ်ထားသော စံနှုန်းထက် ငါးဆပိုမြင့် နေကြောင်းကို ဧရာတီလင်းပိုင် သုတေသနပညာရှင် ဦးအောင်မျိုးဆွေက ပြောကြားသည်။

''ဧရာဝတီမြစ်အတွင်း ပြဒါးဓာတ် ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ ငါးရဲ့ အသားစနမှုနာကို ယူပြီးတော့ လူရဲ့ဆံပင်နဲ့ ပြဒါးပါဝင်တဲ့နှုန်းကို တိုင်းတဲ့အခါမှာ WHO က သတ်မှတ်ထားတဲ့ အဆင့်ထက် လေးဆ ငါးဆလောက် ပိုမြင့်နေတာကို တွေ့ရတယ်။ EPA သတ်မှတ်ထားတဲ့ အဆင့်ထက် ငါးဆင့်လောက် သာနေတာကို တွေ့ရတယ်'' ဟု ပြောကြားသည်။

''အဲလိုဖြစ်တာက မြစ်ကြောင်းတစ်လျှောက် နားမှာရှိတဲ့ စက်ရုံတွေကနေ အညစ်အကြေးတွေကို မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ အဲ့လိုအညစ်ကြေးတွေ စွန့်ပစ်တော့ ငါးသယံဇာတတွေ နည်းလာတယ်။ ဧရာဝတီ လင်းပိုင်တွေဆို သူတို့ရဲ့ စားကျက်နေရာက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင်ရှိသော စက်ရုံများမှ စွန့်ပစ်သော အညစ်အကြေးများကြောင့် မြစ်ရေများ ညစ်ညမ်းလာခြင်း ငါးဖမ်းသမားများ၏ မဆင်မခြင် ငါးဖမ်းမှုများကြောင့် ငါးမျိုးစိတ်များပါ ပျောက်ဆုံး လာကြောင်းကို ပြည်မြို့နယ် သဲကုန်းမြို့ရှိ ဒေသခံ မိုင်သီရာအေးကျော်က ပြောကြားသည်။

''အရင်တုန်းက ငါးဖမ်းရင် မိရိုးဖလာ ငါးဖမ်းနည်းအတိုင်း ဖမ်းကြတယ်။ နောက်ပိုင်းမှာ နိုင်လွန်ပိုက်တွေ ပေါ်လာတယ်။ ကျားပိုက်တွေ ပေါ်လာတယ်။ ပိုက်စိတ်တွေ ပေါ်လာတယ်။ အရင်တုန်းက လူတွေက ပိုက်ဘယ်လိုပဲချချ ငါးရတယ်။ နောက်ပိုင်းငါးရ နည်းလာတဲ့အခါ နည်းမျိုးစုံ အသုံးပြုလာကြတယ်။ ပြီးတော့ လျှပ်စစ်တိုက်ပြီး ငါးဖမ်းတာလည်းပါတယ်။ လျှပ်စစ်လျှော့ တိုက်တာက တဖြည်းဖြည်းနဲ့ ဆိုးလာပြီးတော့ အခုဆို ငါးကြောင်းဆိုတဲ့ငါးက လုံးဝကို မရှိတော့ဘူး'' ဟု ပြောကြားသည်။

EMG

ဧရာဝတီမြစ်ရေတွင် ပြဒါးအစိတ် ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သတ်မှတ်ထားသော စံနှုန်းထက် ငါးဆပိုမြင့် နေကြောင်းကို ဧရာတီလင်းပိုင် သုတေသနပညာရှင် ဦးအောင်မျိုးဆွေက ပြောကြားသည်။

''ဧရာဝတီမြစ်အတွင်း ပြဒါးဓာတ် ဘယ်လောက်ရှိလဲဆိုတာ သိချင်လို့ ငါးရဲ့ အသားစနမှုနာကို ယူပြီးတော့ လူရဲ့ဆံပင်နဲ့ ပြဒါးပါဝင်တဲ့နှုန်းကို တိုင်းတဲ့အခါမှာ WHO က သတ်မှတ်ထားတဲ့ အဆင့်ထက် လေးဆ ငါးဆလောက် ပိုမြင့်နေတာကို တွေ့ရတယ်။ EPA သတ်မှတ်ထားတဲ့ အဆင့်ထက် ငါးဆင့်လောက် သာနေတာကို တွေ့ရတယ်'' ဟု ပြောကြားသည်။

''အဲလိုဖြစ်တာက မြစ်ကြောင်းတစ်လျှောက် နားမှာရှိတဲ့ စက်ရုံတွေကနေ အညစ်အကြေးတွေကို မြစ်ထဲကို တိုက်ရိုက်စွန့်ပစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ အဲ့လိုအညစ်ကြေးတွေ စွန့်ပစ်တော့ ငါးသယံဇာတတွေ နည်းလာတယ်။ ဧရာဝတီ လင်းပိုင်တွေဆို သူတို့ရဲ့ စားကျက်နေရာက ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း

Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း 

Gresso ဆိုတာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် ဇိမ်ခံစမတ်ဖုန်း သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယခု အသစ် ထုတ်လိုက်တဲ့ စမတ်ဖုန်း ကတော့ Android အမျိုးအစား ဖြစ်ပြီး Gresso Radical Luxury Smartphone လို့ အမည်ပေး ထားပါတယ်။ 

Android OS 4.1.2 ဗားရှင်းကို ထည့်သွင်းထားပြီး အပြင် Hardware ကြောင့် မို့ အဓိက ဈေးကြီးရတာ ဖြစ်ပါတယ်။ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ပြီး  တိုက်တေနီယမ် လိုဂို တပ်ဆင်ထားတဲ့ Gresso ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းပြီး သူ့ကို R1 လို့အမည်ပေး ပါတယ်။ 18K အရည်အသွေး ရွှေပြားနဲ့ ဖန်တီးထားတဲ့ ကိုယ်ထည်သုံး စမတ်ဖုန်းကိုတော့ အမေရိကန်ဒေါ်လာ ၂၃၀၀ သတ်မှတ်ပြီး Radical R2 လို့အမည်ပေး ထားပါတယ်။ 18K အရည်အသွေး ရွှေဖြူ (ပလက်တီနမ်) သုံး Gresso ကိုတော့ R3 လို့အမည်ပေးပြီး အမေရိကန်ဒေါ်လာ ၂၃၀၀ ပါပဲ။ 

ကင်မရာ 8 Megapixel ရှိပြီး၊ Internal Storage က 36 GB ရှိပါတယ်။ Dual SIM ဖြစ်တာမို့ ကဒ် ၂ ကဒ် support လုပ်မှာ ဖြစ်ပါတယ်။ Hardware ကော၊ အတွင်း Software အပိုင်းကော အခြား Feature များစွာ ပါဝင် နေပါသေး တယ်။ သူ့ကို အော်ဒါမှာယူသူများအတွက် အခမဲ့ အိမ်အရောက်ပို့ပေး တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဥရောပနဲ့ အမေရိကန်နိုင်ငံ များအတွက် ပဲ ဖြစ်မှာပါ။ Gresso ဖုန်းရဲ့  အသေးစိတ် အချက်အလက်ကို သူ့ရဲ့  Official Wesite - http://www.gresso.com/catalog/smartphones/ မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး ) 

.

Gresso ဆိုတာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် ဇိမ်ခံစမတ်ဖုန်း သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယခု အသစ် ထုတ်လိုက်တဲ့ စမတ်ဖုန်း ကတော့ Android အမျိုးအစား ဖြစ်ပြီး Gresso Radical Luxury Smartphone လို့ အမည်ပေး ထားပါတယ်။

Android OS 4.1.2 ဗားရှင်းကို ထည့်သွင်းထားပြီး အပြင် Hardware ကြောင့် မို့ အဓိက ဈေးကြီးရတာ ဖြစ်ပါတယ်။ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ပြီး တိုက်တေနီယမ် လိုဂို တပ်ဆင်ထားတဲ့ Gresso ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းပြီး သူ့ကို R1 လို့အမည်ပေး ပါတယ်။ 18K အရည်အသွေး ရွှေပြားနဲ့ ဖန်တီးထားတဲ့ ကိုယ်ထည်သုံး စမတ်ဖုန်းကိုတော့ အမေရိကန်ဒေါ်လာ ၂၃၀၀ သတ်မှတ်ပြီး Radical R2 လို့အမည်ပေး ထားပါတယ်။ 18K အရည်အသွေး ရွှေဖြူ (ပလက်တီနမ်) သုံး Gresso ကိုတော့ R3 လို့အမည်ပေးပြီး အမေရိကန်ဒေါ်လာ ၂၃၀၀ ပါပဲ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေ

Photo: ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေ

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေသော်လည်း သွားရောက် လုပ်ကိုင်သူ များလာကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်တွင် ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၇ သန်းမှာ တရားဝင် လုပ်ကိုင်လျက်ရှိပြီး ကျန်ရှိသည့် ၁ ဒသမ ၅ သန်းမှာ အထောက်အထား မရှိဘဲ တရားမ၀င် လုပ်ကိုင်နေကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်း)မှ အကြံပေး ဦးထူးချစ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများစုမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံ နေရမှုများ ရှိသည့်အပြင် ၎င်းတို့၏ အခွင့်အရေးမှာလည်း အပြည့်အ၀ မရရှိဘဲ အလုပ်လုပ်ကိုင် နေရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
''ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာ အစိုးရထံ မှတ်ပုံတင်တာ တစ်သန်းခုနစ်သိန်းလောက် ရှိပါတယ်။ ကျန်တာကတော့ မှတ်ပုံမတင်ရသေး တဲ့သူတွေ။ အဲဒီမှာ အများစုက လုပ်အားခေါင်းပုံ ဖြတ်ခံနေရတာတွေ ရှိတယ်'' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် သွားရောက်လုပ်ကိုင် ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ လူနေမှု အဆင့်အတန်း ကွာဟမှုစသည့် အမျိုးမျိုးသော အခြေအနေ များကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလုပ်အကိုင် ရှာဖွေရန် သွားရောက်ကြရသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အရေအတွက်မှာ တစ်နေ့တခြား များပြားလာကြောင်း အပြည်အပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ သူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။

(မြန်မာရွှေ့ပြောင်း အများစု အလုပ်လုပ်ကိုင် လျက်ရှိသည့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ဟောင်း နေရာအား ယခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း))

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေသော်လည်း သွားရောက် လုပ်ကိုင်သူ များလာကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်တွင် ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၇ သန်းမှာ တရားဝင် လုပ်ကိုင်လျက်ရှိပြီး ကျန်ရှိသည့် ၁ ဒသမ ၅ သန်းမှာ အထောက်အထား မရှိဘဲ တရားမ၀င် လုပ်ကိုင်နေကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်း)မှ အကြံပေး ဦးထူးချစ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများစုမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံ နေရမှုများ ရှိသည့်အပြင် ၎င်းတို့၏ အခွင့်အရေးမှာလည်း အပြည့်အ၀ မရရှိဘဲ အလုပ်လုပ်ကိုင် နေရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
''ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာ အစိုးရထံ မှတ်ပုံတင်တာ တစ်သန်းခုနစ်သိန်းလောက် ရှိပါတယ်။ ကျန်တာကတော့ မှတ်ပုံမတင်ရသေး တဲ့သူတွေ။ အဲဒီမှာ အများစုက လုပ်အားခေါင်းပုံ ဖြတ်ခံနေရတာတွေ ရှိတယ်'' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် သွားရောက်လုပ်ကိုင် ရခြင်းဖြစ်ကြောင်း သိရသည်။

ဆီးရီးယားရှိ အယ်လ်ကေဒါ လျှို့ဝှက်ထောင်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါ်ပေါက်

Photo: ဆီးရီးယားရှိ အယ်လ်ကေဒါ လျှို့ဝှက်ထောင်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါ်ပေါက်

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၈

ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေဒါ လျှို့ဝှက် အကျဉ်းထောင်များတွင် နှိပ်စက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ အစီရင် ခံစာကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှုရှိသော အဖွဲ့များက ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေပြီး ကလေးသူငယ်များကို ကြာပွတ်များဖြင့် ပြင်းထန်စွာ ရိုက်နက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အလတ်ပိုနှင့် အယ်ရာကွာ ဒေသများကို ဂျီဟတ်အုပ်စု တစ်ခုဖြစ်သော အိုက်စစ်အဖွဲ့က လွှမ်းမိုးထားပြီး ယင်းအဖွဲ့၏ ရက်စက်မှုများကို ဒေသခံများ ရင်ဆိုင် ခံစားနေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းဒေသများအတွင်း အိုက်စစ်အဖွဲ့၏ ထိန်းသိမ်းရေးစခန်း ခုနစ်ခုထိ ရှိကြောင်း Amnesty အဖွဲ့၏ အစီရင်ခံစာဖြစ်သော အကြောက်တရားဖြင့် လွှမ်းမိုးမှု- ဆီးရီးယားမြောက်ပိုင်း ထိန်းသိမ်းရေးစခန်း များတွင် ဖြစ်ပွားနေသော အိုက်စစ်အဖွဲ့၏ အလွဲသုံးစားပြုမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အိုက်စစ်အဖွဲ့ ထိန်းသိမ်းခံရ သူတွေထဲမှာ ကလေးငယ်တွေ ပါဝင်ပြီး လူကြီးတွေနဲ့ အတူရော ဖမ်းထားတယ်။ ရက်စက်၊ လူမဆန်တဲ့ အခြေအနေအောက်မှာ အတူတူ ဖမ်းဆီးခံနေရပါတယ်” ဟု Amnestty Internation အဖွဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးအကဲ ဖီလစ်လူသာက ပြောကြားသည်။

ဖမ်းဆီးခံရသူ အချို့မှာ အစ္စလာမ်ကို ဆန့်ကျင်သည့် ပြစ်မှု များဖြစ်သော ဆေးလိပ်သောက်ခြင်း၊ လက်မထပ်ရသေးခင် လိင်ဆက်ဆံခြင်း စသည့် ပြစ်မှုများဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ပြီး အချို့မှာ ပြိုင်ဘက် လက်နက်ကိုင် အုပ်စုများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဆီးရီးယား တိုက်ပွဲများအကြောင်း ရေးသားဖော်ပြသည့် ဂျာနယ်လစ်များနှင့် အခြားသော တက်ကြွလှုပ်ရှားသူ များကိုလည်း အိုက်စစ်အဖွဲ့က ဖမ်းဆီးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အိုက်စစ်ဂျီဟတ် အုပ်စုကို အာရပ် နိုင်ငံများဖြစ်သော အီရတ်၊ လစ်ဗျား၊ တူနီးရှား၊ ဆော်ဒီအာရေးဗီးယားနှင့် ရုရှားကော့ကေးဆပ်၊ ဥရောပဒေသများမှ နိုင်ငံခြားသား ဂျီဟတ်များဖြင့် ဖွဲ့စည်းထားပြီး ကူညီ ပံ့ပိုးမှုကောင်းစွာ ရရှိသဖြင့် အခြားသော လက်နက်ကိုင် တပ်ဖွဲ့များထက်  စွမ်းရည်ပိုမို ထက်မြက်သည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အိုက်စစ်အဖွဲ့က စစ်ရေးအောင်ပွဲများစွာ ရရှိခဲ့ပြီး အနောက်သြဇာခံ လွတ်လပ်သော ဆီးရီးယား တပ်မတော် တပ်ဖွဲ့ဝင်များကို တိုက်ထုတ်ကာ နိုင်ငံမြောက်ပိုင်း တူရကီနယ်ခြား ဒေသအများစုကို  သိမ်းပိုက်ခဲ့သည်။

အိုက်စစ်အဖွဲ့၏ သြဇာ ကြီးမားလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင် လာခြင်းကြောင့် ယင်းအဖွဲ့နှင့် အခြားသော လက်နက်ကိုင် အဖွဲ့များသို့ ပေးပို့ပေးသော လက်နက် ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် Amnesty Interanational အဖွဲ့က အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့သည့် ၂၀၁၁ ခုနစ် မတ်လမှစ၍ လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး ဒေသခံ သန်းပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၈

ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေဒါ လျှို့ဝှက် အကျဉ်းထောင်များတွင် နှိပ်စက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ အစီရင် ခံစာကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှုရှိသော အဖွဲ့များက ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေပြီး ကလေးသူငယ်များကို ကြာပွတ်များဖြင့် ပြင်းထန်စွာ ရိုက်နက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အလတ်ပိုနှင့် အယ်ရာကွာ ဒေသများကို ဂျီဟတ်အုပ်စု တစ်ခုဖြစ်သော အိုက်စစ်အဖွဲ့က လွှမ်းမိုးထားပြီး ယင်းအဖွဲ့၏ ရက်စက်မှုများကို ဒေသခံများ ရင်ဆိုင် ခံစားနေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မုံရွာအကျဉ်း ထောင်တွင် ရမန်ယူ ချုပ်နှောင်ထားသော အမျိုးသမီးတစ်ဦး သေဆုံး


မုံရွာ ၊ ဒီဇင်ဘာ ၁၉ ။ ။ မူးယစ်ဆေးဝါး မှုဖြင့် ရမန်ယူ၍ ချုပ်နှောင်ထား သော အမျိုးသမီးကြီးတစ်ဦး ဒီဇင်ဘာ ၁၉ရက် နံနက် ၁၁ နာရီခန့်က သွေးတိုးရောဂါ ခံစား ရသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ကုသစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့က မုံ ရွာအကျဉ်းဦးစီးဌာန အကျဉ်း ထောင်တွင် မုံရွာခရိုင်တရားရုံး ၏ အမှုအမှတ် ၁၃/၂၀၁၃ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၁၉(က)၂၁ဖြင့် အချုပ်ရမန် ပေး၍ ချုပ်နှောင်ထားသော အချုပ်သူထောင်ဝင်အမှတ် မရ/၁၃/၀၀၇၀/ခ မညိုရှိ ၆၀ နှစ် စက်မှုဇုန်ရပ်ကွက် မုံရွာမြို့ နေသူသည် သွေးတိုးရောဂါ ခံ စားနေရသောကြောင့် မုံရွာ ဆေးရုံကြီးသို့ အရေးပေါ် ပို့ ဆောင်ဆေးကုသခံနေစဉ် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် မုံရွာ အကျဉ်းထောင်မှ ထောင်မှူး (ဦးစီးအရာရှိ)မောင်ထွေးက တရားလိုပြုလုပ်၍ မုံရွာမြို့မရဲ စခန်းသို့ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်မဟုတ် စစ်ဆေးနိုင် ရန်အတွက် တိုင်တန်းရာ သေမှု သေခင်းအမှတ်စဉ် ၂၅/၂၀၁၃ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

ကိုသစ္စာ - Yangon Media Group

ရွက်လှေ ရွှေတံဆိပ် ဆုရှင် ဖုန်းကျော်မိုးမြင့်နှင့် တွေ့ဆုံခြင်း


ဆီးဂိမ်း, ရေဒါ (Half Rater) ရွက်လှေ ပြိုင်ပွဲ, ငွေဆောင်, ဖုန်းကျော်မိုးမြင့်
ဖုန်းကျော်မိုးမြင့် (ဘယ်) နှင့် အစ်ကိုဖြစ်သူ စည်သူမိုးမြင့် (ညာ) အတူ လေ့ကျင့်နေစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ ရွက် လှေ အဖွဲ့ချူပ်)
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ရွက်လှေ အားကစား ပြိုင်ပွဲကို ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေရှိ ငွေဆောင် ရွက် လှေ ကလပ်မှာ တပတ်ကြာ ကျင်းပ နေပါတယ်။ ဒီဇင်ဘာ ၁၁ ရက်က ဖွင့်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၁၅ မှ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီမှာတော့ ဆုရ အားကစားသမားများကို ကြေညာပြီး ဆုပေးမှာ ဖြစ်ပါတယ်။ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင် စတဲ့ အာဆီယံ ၆ နိုင်ငံက အားကစားသမား ၁၂၅ ဦး ပါဝင် ယှဉ်ပြိုင်နေပြီး ရွှေတံဆိပ် ၁၃ ခု ပေးအပ်မှာ ဖြစ်ပါတယ်။
ရွက်လွှင့် အားကစားနည်းဟာ တခြား အားကစားများနဲ့မတူဘဲ လေတိုက်နှုန်း အနေအထား(မိုးလေ၀သ ကောင်းမွန်မှု)၊ လှေနဲ့ အလေးချိန်တွေပေါ်မှာ မူတည်တဲ့အတွက် တခါတရံ ခန့်မှန်းသလို မဖြစ်တတ်တာလည်း ရှိနိုင်ပါတယ်။ ရေဒါ ရွက်လွှင့်နည်းကို ဒီဇင်ဘာ ၁၆ နဲ့ ၁၉ ရက်အထိ ပြိုင်ပွဲငယ် ၁၂ ပွဲ ရွက်လွှင့်ကစားပြီး မြန်မာက ထိပ်ဆုံးမှာ အမြဲ ရှိနေပါတယ်။
ရွက်လွှင့် ကစားနည်း ၁၃ မျိုးထဲက အသက် ၁၅ နှစ်အောက် အုပ်စုလိုက် ရွက်လွှင့် ပြိုင်ပွဲမှာ ထိုင်းက ရွှေတံဆိပ်၊ စင်္ကာပူ က ငွေ နဲ့ မလေးရှားက ကြေးတို့ကို ဆွတ်ခူးထား ပါတယ်။ ၃ ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ အတွင်း ကျန်တဲ့ ရွက်လှေစီးနည်း ၁၁ မျိုး (Half Rater မှအပ)ထဲမှာတော့ မလေးရှားက ထိပ်ဆုံးက ပြေးနေပြီး ထိုင်းက ဒုတိယလိုက်နေပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ရေဒါ (Half Rater) ရွက်လှေ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက စည်သူမိုးမြင့် နဲ့ ဖုန်းကျော်မိုးမြင့် တို့က ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis