"လူထုက ရွေးချယ်ပြီး လွှတ်တော်ထဲ ရောက်လာတယ်ဆိုရင် ဘယ်သူကိုမဆို ကျွန်တော်တို့ ကြိုဆိုမှာပဲ၊ ကြိုဆိုပါတယ်"'
၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုအနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကြားဖြတ်
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၀ နေရာအတွက် ရလဒ်ကြေညာပြီးသည့်အချိန်အထိ တစ်နေရာမှ အနိုင်မရရှိသေးပေ။ ကနဦးရရှိသော
သတင်းများအရ ဧပြီ ၁ ရက်တွင် ကျင်းပသော မဲဆန္ဒနယ် ၄၅ နေရာစလုံး၌ ပြည်ခိုင်ဖြိုးပါတီမှာ ရှုံးနိမ့်ရန် များနေသည်။ ထို့ကြောင့်
ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဧပြီ ၃ ရက်နံနက်ပိုင်းတွင် တယ်လီဖုန်းမှ
တစ်ဆင့် တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင် အကယ်ဒမီ
စိုးပြည့်သဇင် ပင်ဖြစ်သည်။ သရုပ်ဆောင် သက်တမ်းအချိန်တိုအတွင်းပင်
အနုပညာရှင်တို့၏ အမြင့်ဆုံးဆုဟု ဆိုရမည့် အကယ်ဒမီဆုအား
ဆွတ်ခူးရရှိပြီးနောက် ဒရာမာဇာတ်ကားများတွင် သာမက ဟာသ၊ ဖန်စီစသည့်
ဇာတ်ရုပ်များတွင်ပါ ပီပြင်အောင် ကြိုးစားလာခဲ့သူ စိုးပြည့်သဇင်သည် သူမ၏
ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ‘ချစ်သူရွေးမယ်’ ကို ထွက်ရှိနိုင်ရန်
ပြင်ဆင်လျက်ရှိသူဖြစ်သည်။ သရုပ်ဆောင်နယ်ပယ် တွင်သာမက ဂီတနယ်ပယ်အတွက်ပါ
ပြင်ဆင်လာခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်၏ အနုပညာရေးရာ
အဖြာဖြာနှင့် လူငယ် အနုပညာရှင်တစ်ယောက်၏ အနုပညာအပေါ် ခံယူချက်ကို
မေးမြန်းဖြစ်ခဲ့ရာ . . .