menu

Wednesday 4 April 2012

ပိုလို့

by Aung Maw

မိုးခါးရေ(နန္ဒ၀င်း(ဆေး-၁))

တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ၀န်ထမ်းအားလုံးကို အခွင့်အရေး တစ်ခုအနေနှင့် ပြီးပြည့်စုံတဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက် လွှမ်းခြုံမှု ပေးချင်ပါသေးတယ်။ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကျန်းမာတဲ့ ၀န်ထမ်းတွေရဲ့ ပံ့ပိုးမှု မဖြစ်မနေ လိုအပ်မှာပါ ...


ဝန်ထမ်း လစာတွေကို တိုးမှာလား၊ မတိုးဘူးလား ဖြစ်နေတဲ့ကာလတုန်းက ကျွန်တော်ဟာ လူတစ်ယောက်နှင့် သူပြောတဲ့စကားတွေကို သတိရမိနေပါတယ်။ သူဆိုတာက ကျွန်တော် ဆရာဝန်ဖြစ်စ ဟိုးတောင်တန်းဒေသ မှာ တာဝန်ကျတုန်းက တွေ့ခဲ့ဖူးတဲ့ ကျန်းမာရေး ၀န်ထမ်းတစ်ဦးပါ။ အဲဒီ တောင်တန်းဒေသ မြို့ကလေးဟာ အင်မတန် ချစ်စရာကောင်းတဲ့ မြို့ကလေးပါ။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ငါးထောင်နှစ်ရာ ရှစ်ဆယ်မှာ ရှိလို့ ကျွန်တော်က မေတ္တာကို ၁၀ ဆ ပွားတဲ့မြို့လို့တောင် တင်စားမိပါသေးတယ်။ ဌာနဆိုင်ရာ တော်တော်များ များကလည်း ဧည့်သည်တွေ များကြပြီး အထက်အောက် သူ့ဌာန ငါ့ဌာန မခွဲခြားဘဲ မိသားစုတွေလို စိတ်သဘောထားတဲ့ လူချင်းမခွဲဘဲ တတွဲတွဲနှင့် အချိန်ကာလတစ်ခုကို ကုန်လွန်စေကြပါတယ်။ နီးစပ်ရာ အုပ်စုလေးတွေ ဖွဲ့နေတတ်ကြပါတယ်။
ကျွန်တော့်ရဲ့ သုံးသပ်ချက်အရ အဓိက အုပ်စု သုံးစု ကွဲသွားကြပါတယ်။ ဘာသာရေး လိုက်စားတဲ့ အုပ်စု၊ အေးမြတဲ့ တောင်ပေါ်ရာသီဥတုကို ယမကာနှင့် စုပေါင်း အန်တုကြတဲ့ အုပ်စု၊ တပျော်တပါးကြီး စုဝေး အိမ်လည်ကြ တဲ့ အုပ်စုဆိုပြီးတော့ ဖြစ်ပါတယ်။

မီးမပျက်တဲ့ နိုင်ငံတွေမှာ တစ်နာရီကြာ မီးမှိတ်ခဲ့ကြတဲ့ 2012 Earth Hour



နယူးယောက်မြို့ရှိ အင်ပါယာ စတိတ်အဆောက်အအုံ၊ ပါရီမြို့ရှိ အီဖယ်မျော်စင်၊ ဆစ်ဒနီမြို့ရှိ အော်ပရာ ပြဇာတ်ရုံတို့တွင် မတ်လ ၃၁ ရက်က နှစ်စဉ်ပြုလုပ်နေကျ မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ် တစ်နာရီကြာ မီးမှိတ်ခြင်းကို ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြုမိစေရေးအတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် ရောက်ရှိနေသော ဒတ်ခ်ျအာကာသယာဉ်မှူး Andre Kuipers က ယခုနှစ် ကမ္ဘာတစ်ဝန်း မီးမှိတ်သည့် အခမ်းအနားကို စောင့်ကြည့်ပြီး ဓာတ်ပုံများတင်မည်ဟု သိရသည်။
ယခုနှစ်တွင် နိုင်ငံနှင့် ပိုင်နက် ၁၅၀ ခန့်၌ မြေကမ္ဘာနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို ဦးစီးကျင်းပခဲ့သူများက မြေကမ္ဘာနေ့ အခမ်းအနားအတွက် YouTube channel တစ်ခုပြုလုပ်ခဲ့ပြီး တစ်မိနစ်လျှင် ကြည့်ရှုသူ ၂၀၀၀၀ ရှိကြောင်း သိရသည်။

ငိုအောင်စရင် ငိုတတ်မှ(ဂျူး)



လေတစ်ချက်အဝှေ့တွင် တဖျတ်ဖျတ်ရွေ့လျားသွားသော
ရွက်ကြွေလေးများကို မြင်ဖူးကြရဲ့မဟုတ်လား …
ချာလည် ချာလည် ၀ဲကာ ကြွေကျလာသော
ပွင့်ဖတ်ကလေးများကိုရော… မြင်ဖူးကြပါရဲ့လား …
                                                                           ------------------------------
            ‘မိုး’ သည် လေကြောင့်လှုပ်ရှားနေသည့် ခြင်ထောင်စကလေးကို ငေးနေသည်။ မျက်ရည်ဝေ့နေဟုန်ရှိသော မျက်လုံးတို့သည် စိုက်မိစိုက်ရာ စိုက်ငေးနေကြသည်။ ဇာခြင်ထောင်စ ပြာပြာလေးသည် ‘မိုး’ အာရုံတွင် ရှိမနေသည်က သေချာပါသည်။
            ‘မိုး’ သည်ရင်ဘတ်ပေါ်က လက်ကိုင်ပ၀ါခေါက်ကလေးတစ်ခုကို အသာဆွဲယူရင်း မျက်စိမှတ်ထားလိုက်သည်။ ထို့နောက် လက်ကိုင်ပ၀ါလေးကို အသာအယာနမ်းလိုက်ပါသည်။
            မီးခိုးရောင် ယောက်ျားကိုင် လက်ကိုင်ပ၀ါတစ်ထည် ဖြစ်ပါသည်။
                                                                  ----------------------------------------------
            ဗြုန်းဆို မောင်မောင့်ကို မြင်လိုက်ရတုန်းက သူများ လန့်သွားတာအမှန်ပဲ။ ဟုတ်မှ ဟုတ်ရဲ့လားလို့ အံ့သြမိတာလဲအမှန်ပါပဲ။ ထင်မှ မထင်ခဲ့ပဲ။ ဒီလို ကျောင်းရှေ့ကအုတ်ခုံပေါ်မှာ ထိုင်ရဲလိမ့်မယ်လို့ မောင်မောင့်ကို ထင်မထားခဲ့ပါဘူး။ မောင်စဉ်းစားကြည့်၊ ဘယ်လောက်ကြောင်တဲ့ အလုပ်ကြီးလဲ … ဆိုတာ။

မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း


ဓာတ်ပုံ ASSOCIATED PRESS
ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စံနစ်တကျ၊ မျှတစွာ၊ ထင်သာမြင်သာရှိရှိ၊ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာကြောင့် အာစီယံအသင်းကြီးက အားရကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီး ညီလာခံမှာလည်း အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လည်းဖြစ်ပြီး  နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ Hor Namhong က ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ကြားဖြတ်ရွေးကောက်ပွဲကို အပြုသဘောကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် တိုက်တွန်း လိုက်ပါတယ်။
ဒီကနေ့ စတင်ကျင်းပတဲ့ အကြိမ် (၂၀) မြောက် အာစီယံ ထိပ်သီး ညီလာခံမှာ အာစီယံ ခေါင်းဆောင်တွေက   မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တယ်လို့ ကမ္ဘောဒီးယားတာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။ ဒီ ကြားဖြတ် ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအ၀ိုင်းထဲ ပြန်လည် ၀င်ဆံ့အောင် တွန်းအားပေးသင့်တယ် လို့ အာစီယံခေါင်းဆောင်တွေက မှတ်ချက်ပြုကြပါတယ်။

သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့်တွေ့ဆုံခြင်း


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်တွေ့ဆုံခြင်း
မေး။   ။အန်တီအခုအနိုင်ရပြီဖြစ်တဲ့အတွက်ဘယ်လိုခံစားရပါသလဲ။ဘာပြောချင်ပါသလဲ။
ဖြေ။   ။အဲတော့ဘယ်လိုခံစားရလဲဆိုတော့ အန်တီတို့ရည်မှန်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်တီတို့ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ အန်တီတို့အဖွဲ့ချုပ်အနေနဲ့ လွှတ်တွင်းကနေ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ညီတဲ့ ပြုပြင်ပြောင်းလဲသင့်တာကိုဆက်လက်ပြီးတော့ အရှိန်အဟုန်နဲ့ ပိုပြီးတော့ ထိထိရောက်ရောက်ပြုပြင်ပြောင်းလဲသွားနိုင်မယ်လို့အန်တီတော့ယုံတယ်။

မေး။   ။NLD ဘာကြောင့် အနိုင်ရရှိတယ်ထင်ပါသလဲ။
ဖြေ။   ။အန်တီတို့ရဲ့ရပ်တည်ချက်ကလဲ စစ်မှန်တဲ့ရပ်တည်မှုဖြစ်တယ်လို့ဒါကို အန်တီတို့ကိုယ်တိုင်လဲယုံတယ် ပြည်သူလူထုကလဲ အန်တီတို့နဲ့ တစ်သားထဲပဲယုံကြည်မှုရှိတယ် ပြည်သူလူထုကလဲအန်တီတို့ကိုအားကိုးတယ် အားကိုးသလို အန်တီတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ  ပြည်သူလူထုရဲ့ဆန္ဒ ပြည်သူလူထုရဲ့အခက်အခဲ ပြည်သူလူထုရဲ့ခံစားချက်ကိုအန်တီတို့ကအမြဲတစေသိနေတဲ့အတွက်ကြောင့်လို့အန်တီထင်တယ။်

ဟန်ဂေရီသမ္မတ၏ PhD စာတမ်း ခိုးကူးချခဲ့ခြင်း မရှိကြောင်း သက်သေပြရ

ဝန်ကြီးချုပ်ဗစ်တာအော်ဘန်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ ဟန်ဂေရီသမ္မတသည် ပါရဂူဘွဲ့စာတမ်းအတွက် အပုံလိုက် ခိုးယူကူးချမှု ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို ရှင်းလင်းခဲ့သည်။ ဝေဖန်မှုများနှင့် ဆန္ဒပြပွဲငယ်တို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။
ဆမ်မဲဝေ့စ်တက္ကသိုလ် စုံစမ်းရေးကော်မီတီက သမ္မတ Pal Schmitt ပါလ်ရှမစ်၏ ၁၉၉ခုနှစ်က သီးဆစ်စာတမ်းထဲတွင် - ဘာသာပြန်ထားသောပမာဏ အလွန်များပြားခဲ့ကြောင်း - သို့ရာတွင် ၄င်းအချိန်က သူတက်ရောက်ခဲ့သည့် တက္ကသိုလ်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း အကြောင်းပြန်ကြားခဲ့သည်။
တက္ကသိုလ်အပေါ်တွင် အပြစ်တင်စရာသာရှိပြီး သီးဆစ်ကို ပြန်လှန်စစ်ဆေးခဲ့သည့် ခုံသမာဓိ ဂျူရီလူကြီးမင်းများအနေနှင့် ယင်းအချိန်က သိမြင်ခဲ့သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဘူဒါပတ်ပါလီမန်ရှေ့တွင် ဆန္ဒပြသူ၅၀ ခန့် စုရုံးခဲ့ကြသည်။ သမ္မတ ရှမစ်ကို နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး ဟန်ဂေရီမှာ၀၁၀ ခုနှစ်တွင် အော်ဘန်အာဏာရလာကတည်းက အကျိုးအပြစ်မခံစားရသော တိုင်းပြည်ဖြစ်လာနေကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

အမေရိကန်ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating)ဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း စတင်ဆောင်ရွက်နေပြီဖြစ်




သိမ်ဖြူငွေလွှဲကောင်တာတွင် ဧပြီလရက်နေ့၊ နှုန်းရှင်စနစ်ဖြင့် ငွေလွှဲကောင်တာ စတင်ဖွင့်လှစ်သည့်ဈေးနှုန်းများ
မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းများကို နှုန်းထားတစ်မျိုးတည်း ပေါင်းစည်းသည့် ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက် ပေါက်ဈေးအတိုင်း ဧပြီလရက်နေ့မှ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
''ငွေလဲနှုန်းကို ဒီနေ့ကစပြီး နှုန်းရှင်စနစ်နဲ့ လဲပေးဖို့ ဗဟိုဘဏ်ကနေ စတင်ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးနဲ့ FEC  ဈေးကိုတော့ midrate နဲ့ ဗဟိုဘဏ်က တစ်နေ့ချင်း ချပေးသွားမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ money exchange counter မှာ ငွေလဲပေးတဲ့အခါ + ၀ ဒသမရာခိုင်နှုန်း၊ - ၀ ဒသမရာခိုင်နှုန်းနဲ့ သွားမှာပါ။ ဒီနေ့ စဖွင့်ဖွင့်ချင်းမှာ အမေရိကန်ဒေါ်လာရော၊ FEC ရော ၀ယ်ဈေးက ကျပ်၁၁ နဲ့ ရောင်းဈေးက ကျပ်၅ ပါ။ midrate ကို ဗဟို ဘဏ်ကပဲ ဆုံးဖြတ်ပေးပါတယ်။ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးကိုတော့ လက်ရှိပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ အချိုးချပြီး Cross rate နဲ့ တွက်ပါတယ်။ ဈေးနှုန်းကတော့ Float လုပ်ထားတဲ့အတွက် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ဒီနေ့ ဗဟိုဘဏ်က ချပေးတဲ့နှုန်းက ကျပ်ဆိုပေမယ့် နောက်နေ့ ကျပ်ဝ လည်း ဖြစ်နိုင်တယ်။ ကျပ်၁၀ လည်း ဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က + ၀ ဒသမရာခိုင်နှုန်း၊ - ၀ ဒသမရာခိုင်နှုန်းနဲ့ သွားမှာပါ''ဟု CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ငွေကြေးအား နှုန်းရှင်အဖြစ် စတင်သတ်မှတ်ခြင်းကို ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အောက်တွင် ပြုလုပ်ခြင်းဖြစ်သော်လည်း FEC မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက်မည်


ယခုလ အတွင်းမှာ မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက် မှုကြောင့် မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက် သွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

ပြတ်တောက် ရာမှာလည်း မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက်မယ့် မြို့ကြီး ၈ မြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မကွေး၊ မုံရွာ၊ မူဆယ်နဲ့ မြစ်ကြီးနား တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းသိရှိရသည်။

“ဒီလို ဆောင်ရွက် သွားရာ မှာလည်း GSM, UMTS မိုဘိုင်းဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း၊ ZTE GSM Care Network မှာ စက်အသစ်များ ပြောင်းလဲ ချိတ်ဆက်ခြင်း၊ Cutover လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ် သွားမှာ ဖြစ်တယ်” ဟု မြန်မာဆက်သွယ်ရေးမှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

အချုပ်ခန်း ဖောက်ပြေးလို့ ရဲကပစ်ခတ်ရာ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးညင်းမြို့နယ် ရဲစခန်းရှိ အချုပ်ခန်းထဲက တရားခံတွေဟာ မနေ့ မနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဟန့်တားခဲ့ရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။
(Photo: AFP)
မြန်မာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပါသည်။ (Photo: AFP)
မိုးညင်းရဲစခန်းရှိ အမျိုးသားအချုပ်ခန်း ၃ အတွင်းက တရားခံတွေဟာ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီကျော်ခန့်မှာ အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တာကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး ဟန့်တားပေမယ့် တားဆီးမရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်တားခဲ့ရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"သူတို့ ထွက်ပြေးချင်လို့  မီးအရင်ရှို့တာလေ၊ မီးရှို့တော့ အစိုးရပစ်လိုက်တာပေါ့၊ သေတာက နှစ်ယောက်တဲ့၊ ကျန်တဲ့ ၈ ယောက်က ဆေးရုံတက်နေတယ်"
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးကတော့ ရဲစခန်းအတွင်း သစ်သားဖျက်သံကြားရလို့ တာဝန်ကျ ရဲကင်းမှူးက ကြည့်ရှု့စစ်ဆေးခဲ့ရာ အချုပ်တံခါး သစ်သားတန်းတွေကို ဖျက်ဆီးပြီး အချုပ်ခန်းအပြင်ကို တရားခံတချို့ ရောက်နေတာတွေ့လို့ ၀ိုင်းတားခဲ့ရာ မရတာကြောင့် သေနတ် ၅ ချက် မိုးပေါ်ထောင်ဖောက် ချောက်လန့် ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် အချုပ်သား တရားခံတွေက တားမရဘဲ စောင်တွေ အ၀တ်အစားတွေ မီးရှို့ကြတဲ့အတွက် နောက်ထပ် သေနတ် ၅ ချက် ထပ်ပစ်ခဲ့ရာ တစ်စုံတစ်ရာ ငြိမ်သက်မသွားတာကြောင့် နောက်ထပ် သေနတ် ၇ ချက် ဆက်တိုက်ပစ်ခတ်ခဲ့ရာက အခုလို သေဆုံး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ ခေါင်းဆောင်များ ချီးကျူး ဂုဏ်ပြု

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်နီးပါး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
(Photo: AFP)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။ (Photo: AFP)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းက ဒီရလဒ်ဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုမို ကောင်းမွန်လာဖို့အတွက် ထင်ရှားတဲ့ နောက်တစ်ဆင့် တိုးတက်မှုအဖြစ် မနေ့က ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဆက်လက်ပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သွားဖို့ မစ္စတာ ဘန်ကီးမွန်းက တိုက်တွန်းတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က အာအက်ဖ်အေကို ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲက ရရှိလာတဲ့ အရေးကြီးတဲ့ အောင်မြင်မှုရလဒ်ကို တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ နိုင်ငံရေးပါတီအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလဒ်များ ထုတ်ပြန်ကြေညာ၊ NLD (၄၃)နေရာ၊ ပြည်ခိုင်ဖြိုး (၁)နေရာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (၁)နေရာ ရရှိ



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်များ ကို ယနေ့ညနေ ၆ နာရီတွင် ထုတ်ပြန်ကြေညာသွားပါသည်။ အဆိုပါ ကြေညာသွားသည့် မဲဆန္ဒနယ်များအားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စာလှယ်များ အနိုင်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုသွားပါသည်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်အရ အနိုင်ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်များ ကို ဧပြီ ၂ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဧပြီ ၃ရက်နေ့တွင် ကျန်ရှိနေသေးသည့် မဲဆန္ဒနယ် ၅ နေရာ၏ ရလဒ်များကို ထုတ်ပြန်ကြေညာသွားပါသည်။ အဆိုပါ ကြေညာသွားသည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် (၄၅) နေရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ (၄၃)နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)နေရာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ (၁)နေရာ အသီးသီး အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုသွားပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်အရ ဧပြီ ၁ ရက်နှင့် ဧပြီ ၂ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏  ရလဒ်များအရ အနိုင်ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တောင်တရုတ်ပင်လယ်အရေး ASEAN ညီညွတ်ဖို့ ဖိလစ်ပိုင်တိုက်တွန်း

ဒေသတွင်းတင်းမာမှုတွေ လျော့ပါးစေဖို့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတရပ်ရေးဆွဲဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) အသင်းဝင်တွေကို ဖိလစ်ပိုင်သမ္မတ Benigno Aquino က တိုက်တွန်းလိုက်ပါတယ်။ ဒီအစီအစဉ်ကိုလည်း တရုတ်နိုင်ငံနဲ့ဆွးနွေးညှိနှိုင်းမှုတွေ မလုပ်မီ ဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာပါ။

ပြဿနာကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ တရုတ်နိုင်ငံနဲ့ဆွေးနွေးမှုတွေမှာ စုစည်းညီညွတ်ဖို့ လိုတယ်လို့လည်း အသင်းဝင်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့က ထိပ်သီးအစည်းအဝေးပွဲအတွင်း အင်္ဂါနေ့က ပြောလိုက်တာဖြစ်ပါတယ်။

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်(လူထုစိန်ဝင်း)

နွေရာသီ ရေခန်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှဖြစ်တော့မယ်လို့ အမှန်အတိုင်း ပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထားကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေးပြောကြားတယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်နေကြတာပါ  .

အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။

လာလိုက်ပျက်လိုက်ကြာလာတော့  လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့စက်က နှစ်လုံးထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့အခါနဲ့ ရေချိုးခန်း သန့်စင်ခန်း ၀င်တဲ့အခါ အတူသယ်သွားဖို့ ဆိုင် က မှာရတဲ့ အောက်ဆီဂျင်ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။ အခုရက်ပိုင်းကျတော့ မီးက ခါတိုင်းနှစ်တွေကို အလှည့်ကျပေးတယ်လို့ ကြေညာ မထားပေမယ့် နေ့ရောညပါ နေ့တိုင်းပျက်တယ်။ တစ်ခါတလေ သိပ်အကြာကြီးမဟုတ်ဘဲ ပျက်လိုက် လာလိုက်၊ လာလိုက် ပျက်လိုက် ခဏခဏဖြစ်ပြီး တစ်ခါတလေကျတော့ နှစ်နာရီ သုံးနာရီ ကြာချင်လည်း ကြာသွားတယ်။ အဲဒီတော့ အောက်ဆီဂျင်ဘူး အကြီးရော အသေးပါ မှာရတော့တယ်။

သေနတ်ဖြင့် ပစ်ခံရသူ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှုဖွင့် ထား



လှည်းကူးမြို့နယ် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး တစ်ဦး လှည်းကူးမြို့နယ် ရာအိမ်မှူးနှင့် အချင်းများရာမှ အဆိုပါ ရာအိမ်မှူးကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ သည့် ဧပြီ(၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ် မှာ ယင်းနေ့ ည ၈ နာရီအချိန် ဦးသိန်းဇော် (၃၃)နှစ် ရာ အိမ်မှူး ပန်းတောကုန်းကျေးရွာ ၊ ဖောင်ကြီး အရှေ့ကျေးရွာ အုပ်စု လှည်းကူးမြို့နယ် နေသူသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ တာဝန်ပေးချက်အရ လှည်းကူးမြို့နယ် “၀” ဂိတ်သို့
ဆန္ဒမဲပေးပြီး ပြန်သွားသူများ၏ သွားလာရေး အခက်အခဲကို ကြည့်ရှုရန် ဆယ်အိမ်မှူး ဦးကြည်ရှင်း နှင့် အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာ ငမိုးရိပ်ဆည် အလယ်ဂိတ် အလွန် တောင်ပေါ် အရောက် မျက်နှာခြင်းဆိုင်မှ မီးထွန်း မောင်းနှင် လာသော ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်လိုက်စဉ်  ဆိုင်ကယ်မောင်းသူမှ ဦးသိန်းဇော်အား “ (-----) ၊ ဘယ်လိုမောင်းတာလဲ” ဟု အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးကျော်ဦးက  ဆဲဆိုပြီး   ဆိုင်ကယ်ကို ရပ်လိုက်၍ ဦးသိန်းဇော် ကလည်း ဆိုင်ကယ်ကို ရပ်လိုက်ကာ “ငါ့ကိုဆဲတာ ဘယ်သူလဲ” ဟု ပြောဆိုစဉ် ဗိုလ်ကြီး ကျော်ဦးက “ငါ့ကို ဘာကောင်ထင်လဲ” ဟုပြောဆိုကာ MA-5 ပစ္စတို သေနတ်ဖြင့် ဦးသိန်းဇော်၏ မျက်နှာဝဲဘက်အခြမ်း ၊ ဘယ်ဘက် နားထင် အား တစ်ချက်ရိုက်ကာ သေနတ်ဖြင့် ပစ်သောကြောင့် ဦးသိန်းဇော်၏ ဝဲဘက်ပုခုံးတွင် ပေါက်ထွက် ဒဏ်ရာရရှိခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis