menu

Wednesday 7 March 2012

ရွေးကောက်ပွဲနှင့် စတုတ္ထမဏ္ဍိုင်တာဝန်(ရဲထွဋ်)



ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလက ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် သတင်းမီဒီယာများ သတင်းရယူနေကြစဉ်
ဒီမိုကရေစီစနစ်၏ အဓိက လက္ခဏာတစ်ရပ်မှာ ကာလအပိုင်းအခြား သတ်မှတ်ပြီး ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်သည်။ ရွေးကောက်ပွဲများတွင် ပြည်သူတို့က ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ အတိတ်က လုပ်ဆောင်ချက်များ၊ ရှေ့ဆက်အကောင်အထည် ဖော်မည့်မူဝါဒများကို မှတ်ကျောက်တင် ဆန်းစစ်ကြသည်။ ဒါတွေကို မူတည်ပြီး ရွေးချယ်မှုပြုကြသည်။ ထိုကဲ့သို့ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေက မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေ လိုသည်။ ထိုသတင်းအချက်အလက် များကို ဖြည့်ဆည်းပေးနိုင်သည်က သတင်းမီဒီယာများဖြစ်သည်။ ထို့ကြောင့်လည်း ဒီမိုကရေစီစနစ်၏ နောက်ထပ် လက္ခဏာတစ်ရပ်အဖြစ် သတင်းလွတ်လပ်ခွင့်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးကိုသာ မဲပေးရန် ခြိမ်းခြောက်မှုအပေါ် ကျားဖြူ တိုင်တန်း

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမည်ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆိုသည့် မန့်ပန်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ထားသည်။
အခြားပါတီများကို မဲထည့်လျင် ရွာမှနှင်ထုတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းတို့ ခံရမည်ဟု ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် မြို့နယ်များတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ရွာလုံးကျွတ် အစည်းအဝေးများ ခေါ်ယူပြီး ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ကျားဖြူပါတီမှ တောင်ကြီးမြို့နယ် ဥက္ကဌ စောယွန်းပိုင်က ပြောသည်။
“သူတို့ကို အတိုက်အခံတွေလဲ သွားလုပ်လို့ မဖြစ်သေးဘူးလေ။ ဒီကိစ္စကို ကော်မရှင်အဖွဲ့က ဖြေရှင်းပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်လို့မရဘူး။ ကိုယ့်ဟာနဲ့ကိုယ် စည်းရုံးရမှာပေါ့။” ဟု စောယွန်းပိုင်က ပြောသည်။

ကွန်ပျူတာမျိုးစုံနှင့် ဖုန်းများတွင်ပါ သုံးနိုင်မည့် Windows 8 စမ်းသပ်ဆဲဗားရှင်းကို အခမဲ့ဖြန့်ချိ





ကာလရှည်ပြိုင်ဘက် အက်ပဲလ်၏ ကျော်တက်မှုကိုခံခဲ့ရသော မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် ဦးဆောင်နေဆဲ နယ်ပယ်ဖြစ်သော ပီစီကွန်ပျူတာများအတွက် သာမက ယနေ့ခေတ် ရေပန်းစားနေသော လက်ပ်တော့၊ သင်ပုန်းကွန်ပျူတာ၊ စမတ်ဖုန်းများတွင်ပါ သုံးနိုင်မည့် ကွန်ပျူတာမောင်းနှင်စနစ်(Operating System)အသစ် Windows 8 စမ်းသပ်ဆဲဗားရှင်းကို စမ်းသပ်သုံးစွဲနိုင်ရန် အခမဲ့ ဖြန့်ချိခဲ့ကြောင်း သိရသည်။
Windows 8 စမ်းသပ်ဆဲ ဗားရှင်းကို အင်တာနက်မှတစ်ဆင့် http://windows.microsoft.com/en-US/windows-8/download လိပ်စာတွင် အခမဲ့ ဒေါင်းလုပ်ရယူ သုံးစွဲကြည့်နိုင်သည်။
သင်ပုန်းကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့်အတူ ရေပန်းစားသည့် ထိတွေ့ထိန်းချုပ်မျက်နှာပြင်(Touch-screen) စနစ်အတွက် အထူးအဆင်ပြေစေရန် ဖန်တီးပေးထားပြီး ကွန်ပျူတာနှင့် လက်ပ်တော့များတွင် သတ် မှတ်စွမ်းဆောင်ရည်ရှိပါက သုံးနိုင်မည်ဖြစ်သည်။

မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် လေးမြွှာပူးကလေးများကို အောင်မြင်စွာမွေးဖွား




ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆေးရုံတာဝန်ခံ ဒေါက်တာစောစိုးမင်းက လေးမြွှာပူးကလေးများကို အောင်မြင်စွာ မွေးဖွားပေးပြီးနောက် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက်ပေးပို့ ပြုစုစောင့်ရှောက်ထားရှိရာ ယခုအခါ အမြွှာကလေး လေးဦးစလုံး ပေါင်ချိန်များ တိုးမြင့်လာပြီး ကျန်းမာစွာရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါ လေးမြွှာပူးကလေးများကို လှိုင်းဘွဲ့မြို့နယ် ကော့စိန်ကျေးရွာနေ ဦးပြည်ထိုက် ၂၅ နှစ်၊ ဒေါ်ခင်ညွန့် ၃၄ နှစ်တို့ သဘာဝအတိုင်း ရိုးရိုးမွေးဖွားခဲ့ခြင်းဖြစ်ပြီး အမြွှာကလေးများမှာ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးသုံးဦးတို့ ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး(ကလျာ (စီးပွားရေးတက္ကသိုလ်))


မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။
ပင်လယ်ထွက်ပေါက်အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။
မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွား ဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊ မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ်တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။
သယံဇာတပေါကြွယ်ဝခြင်းသည် လောကတွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်ဖြာသောရလဒ်များ ခံစားရမြဲဖြစ်သည့်အားလျော်စွာ ထိုအချက်များကြောင့် တစ်ကြောင်းအားဖြင့် မြန်မာ နိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ ဖူးလေပြီ။
ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုယ့် လူမျိုး၊ ကိုယ့်ဓလေ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက် ရှိပေသည်။

ကမ္ဘာ့ ပညာတတ်နှုန်း အမြင့်ဆုံး ၁၀ နိုင်ငံ(ညီစောလွင်)



လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းပြီးသူ အရေအတွက် နှစ်ဆတိုးတက်သွားသည်ဟု Organisation for Economic Co-operation and Development (OECD) အဖွဲ့၏ အစီရင်ခံစာသစ် (Education at a Glance 2011) က ဆိုသည်၊
ပညာတတ်အများဆုံးနိုင်ငံများမှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံများ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ တို့သည် ပညာတတ်အများဆုံးရှိရာ နို်င်ငံများဖြစ်သလို ကမ္ဘာပေါ်တွင် ဂျီဒီပီ အမြင့်ဆုံး နိုင်ငံများလည်းဖြစ်ကြသည်။
တဦးချင်း ဂျီဒီပီအနေဖြင့် ဒုတိယနှင့် ဆဌမ အများဆုံးနိုင်ငံများဖြစ်သည့် နော်ဝေ၊ သြစတြေလျား တို့သည်လည်း ပညာတတ်အများဆုံး မွေးထုတ်ရာ နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ချမ်းသာသည့် အလျှောက်လည်း ပညာရေးကဏ္ဍတွင် သဲကြီးမဲကြီး ရင်းနှီးမြှုပ်နှံထားကြလေသည်။

GUN N LAPTOP


ပြည်တွင်း ရေကြောင်းမှ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ စစ်တွေ၊ မြောက်ဦးမြို့များသို့ အပျော်စီးခရီးစဉ်များ ပထမဆုံး စတင်ပြေးဆွဲမည်






4495 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ပြည်ပ ခရီးသွားများအား ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ စစ် တွေ၊ မြောက်ဦးမြို့များသို့ ဦးတည်၍ အပျော်စီးခရီးစဉ်များ စီစဉ်ပြေးဆွဲ သွားမည်ဟု သိရသည်။
နိုင်ငံခြားခရီးသွားများ ပြည်တွင်း၌ ရေကြောင်းမှ ခရီးသွားလာရာတွင် ၀န်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် အတွက်လည်းကောင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်အတွက် လည်းကောင်း စီစဉ်ခြင်းဖြစ်ကြောင်း သိရ သည်။
အပျော်စီးခရီးစဉ်များ စီစဉ်သွားမည့် ဒေသများမှာ ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲ နယ်မြေ၊ မန္တလေးအခြေပြု ဧရာဝတီဌာနခွဲနယ် မြေနှင့် စစ်တွေအခြေပြု ရခိုင်ဌာနခွဲ နယ်မြေတို့ဖြစ်သည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ မြတ်သန္တာ ရေယာဉ်၊ တိုးပွားရေ ယာဉ်နှင့် ‘T’ နှင့် ‘S’ အမျိုးအစား ရေယာဉ်နှစ်စီး စုစုပေါင်း သင်္ဘောလေးစီးအား မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အားပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ပါ(ကိုကြီးတင်)




ဂျာနယ် မဂ္ဂဇင်းတွေဖတ်ရင်းနဲ့ သတိထားမိတာတစ်ခုရှိတယ်။ စာရေးဆရာတွေဟာ သူတို့နဲ့ခေတ်ပြိုင် အချင်းချင်းဆိုရင် သေမှပဲ ရွှန်းရွှန်းဝေအောင် ချီးကျူးထောပနာပြုတတ်ကြတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အသက်ရှင်နေ ဆဲ စာရေးဆရာချင်း တစ်ယောက်ကိုတစ်ယောက် ချီး ကျူးစကားပြောတာ တော်တော် တွေ့ရခဲတယ်။

ချီးကျူးစကားပြောဖို့ ၀န်လေးနေတာလောက်ဆို တော်သေးတယ်။ အတော်များများက မစ္ဆရိယစကား တွေပြောတတ်ကြတာ သတိထားမိတယ်။ နှုတ်ကထုတ်မပြောပေမယ့် ငါသာ အတော်ဆုံး၊ အတတ်ဆုံး၊ အသိဆုံးဆိုတဲ့ မာနတွေ တံခွန်ထူနေကြတာ သိသာထင်ရှားနေတယ်။ ဒါ တွေကို တွေ့ရဖတ်ရဖန်များတော့ ပြည့်တဲ့အိုးများ ဘောင်ဘင် မခပ်ပါလားဆိုတာ ကျွန်တော့်ကိုသိသွားစေခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပြေးပြီးသတိရလိုက်မိတယ်။ အဲဒါလေး ဖောက်သည်ချချင်ပါတယ်။

မြန်မာ့လေကြောင်းလိုင်းလေယာဉ်ဘီးပေါက်


မြန်မာနိုင်ငံအနှံအပြားသို့ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28) ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀ အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌ လေယာဉ်၏ နောက်ဘက်  ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။

ဟင်္သာတမြို့ မှာ ယနေ့ နံနက် ဗုံးတလုံးထပ်မံတွေ့ ရှိ

ယနေ့ နံနက် ဗုံးထပ်မံတွေ့ ရှိတဲ့နေရာ

ဧရာဝတီတိုင်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးတွင်တတိယမြောက် ဗုံးတစ်လုံး ကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှာ ထပ်မံတွေ့ရှိကြောင်းသိရပါတယ်။
မတ်လ ၆ ရက်နေ့ ကလည်း  ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း ဟင်္သာတမြို့ခံများက Myanmar News Now ကို ပြောကြားပါတယ်။

ဟိုချီမင်းနှင့် ရန်ကုန်ကို ညီနောင်မြို့တော်အဖြစ် သတ်မှတ်ရေးအတွက် အပြန်အလှန် သဘောတူစာချုပ် ချုပ်ဆိုမည်













အနာဂတ်ကာလတွင် ဗီယက်နမ်၏မြို့တော် ဟိုချီမင်းနှင့် ရန်ကုန်မြို့တို့ အကြားတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို အကျိုးတူပြုလုပ်နိုင်ရန် မျှော်မှန်းပြီး ညီနောင်မြို့တော်အဖြစ် သတ်မှတ်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား အပြန်အလှန် သဘောတူ စာချုပ်များကို မကြာမီ ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ဗီယက်နမ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ရန်ကုန်မြို့တော်ခန်းမတွင် လာမည့် မတ်လ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တော်ဝန်နှင့် အဖွဲ့ သည် မြန်မာနိုင်ငံသို့ မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်အထိ ချစ်ကြည်ရေး ခရီးစဉ်လာရောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့ တွင် ဟိုချီမင်းမြို့တော် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်ကြမည်ဖြစ်သည်။

အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ

နှစ်သိန်းတန်ဖုန်း ရန်ကုန်၊ မန္တလေးတွင် ကနဦး အသုံးမပြုနိုင်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် မတ်လလယ်တွင် စတင် ရောင်းချမည့် အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့တွင် ဧပြီလကုန်အထိ အသုံးပြုနိုင်မည် မဟုတ်ကြောင်း ယင်းဖုန်းများ ရောင်းချမည့် E-lite Tech မှ အထွေထွေ မန်နေဂျာ ဦးမင်းဆက်ပိုင်က The Voice Weekly သို့ ပြောကြားသည်။
GSM ဖုန်းများကို အဆိုပါ မြို့ကြီး နှစ်မြို့မှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဖုန်းအရောင်းဆိုင် များတွင် ကျပ်နှစ်သိန်းဖြင့်ပင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ GSM ဖုန်း ဈေးနှုန်းထက် CDMA 800 Mhz ဖုန်းများ ကျပ်ငါးသောင်း ဈေးပိုရခြင်းမှာ အင်တာနက်လိုင်း ပိုမိုကောင်းမွန် သောကြောင့် ဖြစ်ကြောင်း E-lite မှ အရောင်း တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။
ယင်းဖုန်းများကို ရန်ကုန်နှင့် မန္တလေး မြို့တော်များတွင် ဧပြီလ ကုန်ပိုင်းမှ စ၍ ရောင်းချသွားမည် ဖြစ်ကြောင်း ဦမင်းဆက်ပိုင်က ပြောဆိုပြီး အတည်မပြု နိုင်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်ဟု ယူဆရသော ထုတ်ပြန်ချက် တစ်ရပ်တွင်မူ မေလဆန်းတွင် စတင် ရောင်းချမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်စစ်တပ်စွမ်းရည် ဆက်လက် တိုးမြှင့်သွားမည်

တရုတ်နိုင်ငံ စစ်တပ်ရဲ့ကဏ္ဍအသီးသီးမှာ အဆင့်အတန်း တိုးမြှင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်း ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ခေတ်မီအောင် ပြုလုပ်မှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် က ပြောဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့တာဝန်တွေဟာ စစ်ရေးအရ ခုခံကာကွယ်ရေးအပြင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းရေး၊ သဘာဝ ဘေးအန္တရာယ်တွေ အရေးပေါ်အကူညီတွေ ပံ့ပိုးပေးရမယ့် တာဝန်တွေပါ အပ်နှင်းထားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
တနင်္ဂနွေနေ့တုန်းက တရုတ်နိုင်ငံရဲ့ အခုနှစ် စစ်ရေးဘတ်ဂျက် အသုံးစားရိတ်ကို ၁၁.၂ ရခိုင်နှုန်း တိုးမြှင့် သုံးစွဲမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံ အသုံးပြုမယ်လို့ ကြေညာပါတယ်။ ဒါဟာ အမေရိကန်ပြီးရင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအတွက် ငွေကြေးအသုံးပြုမှု အများဆုံး နိုင်ငံဖြစ်ပါတယ်။

ဆီးရီးယားလူမျိုး ၉,၀၀၀ လက်ဘနွန်သို့ ထွက်ပြေးကြောင်း ကုလခန့်မှန်း


သွေးထွက်သံယို နှိမ်နင်းမှုတွေကြောင့် အိမ်နီးချင်း လက်ဘနွမ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံရတဲ့ ဆီးရီးယားဒုက္ခသည်ဟာ အနည်းဆုံး ၉,၀၀၀ လောက်ရှိမယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစပြီး လက်ဘနွမ်နိုင်ငံထဲ ထွက်ပြေးခိုလှုံ သူပေါင်း ၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့   လက်ဘနွမ်အစိုးရ တို့ရဲ့ စာရင်းဇယားတွေအရ သိရတယ်လို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ  ဒေနာ ဆူလေမန် (Dana Suleiman) က ဘေရွတ်မှာ VOA ကိုပြောပါတယ်။
မကြာခင်ရက်တွေအတွင်း ဟုမ်းစ်မြို့မှာ ဖြစ်ပွားတဲ့ အကြမ်းဘက်မှုတွေကြောင့်  နယ်စပ်ဒေသက  ဘက်ကာ (Bekaa )တောင်ကြား ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်က  ၂,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

မဲဆန္ဒရှင်အမည်စာရင်း အမှားအယွင်းတွေ တွေ့နေ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရှေ့လမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်မယ့် မဲဆန္ဒရှင် အမည်စာရင်း မှားယွင်းနေတာကြောင့် အန်အယ်လ်ဒီပါတီက သက်ဆိုင်ရာကို မဲစာရင်းအတည်ပြုမယ့်အချိန် တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
www.nldburma.org
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
မတ်လ ၄ ရက်က အန်အယ်လ်ဒီပါတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကူးယူခွင့်ပေးခဲ့တဲ့ မဲဆန္ဒရှင်အမည်စာရင်းတွေကို ရပ်ကွက်ကျေးရွာတွေထဲမှာ ဆင်းပြီး အသေအချာ လိုက်လံစိစစ်ကြည့်တဲ့အခါ ကွဲလွဲမှုတွေရှိနေတာ တွေ့ရတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်က ပြောပြပါတယ်။

၂၀၁၂ အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တွေထဲ မြန်မာအမျိုးသမီးတဦးပါဝင်


၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာအောင်က ရရှိခဲ့ပါတယ်။
မဇင်မာအောင်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် ၁၁ နှစ်ကြာ အကျဉ်းကျခံနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက် ဖြစ်ပါတယ်။ သူဟာ ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးအရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်


ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ် (John Baird) ဟာ ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီး ဖြစ်ပေါ်လာဖို့ အားပေးရာ ရောက်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။
မစ္စတာ ဘာ့ဒ် ဟာ မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို အခုလို သမိုင်းဝင် ခရီးစဉ်ကနေ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးတဲ့ ခရီးစဉ်တစ်ခုဖြစ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း ကနေဒါနိုင်ငံအခြေစိုက် ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူးက ပြောပါတယ်။

စစ်ကိုင်းတိုင်း NLD အောင်နိုင်ရေး ထွန်းအိန္ဒာဗိုလ်နှင့် ဆောင်းဦးလှိုင် သွားရောက်စည်းရုံးရန် စီစဉ်




စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ နယ်၊ ရေဦးမြို.နယ်၊ ကန့်ဘလူမြို့ နယ်နှင့်
ခင်ဦးမြို့ နယ် တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးနှင့်စည်းရုံးရေးအတွက်
မတ်လ ၁၃ ရက်နေ့ (13.3.2012) တွင် အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒာဗိုလ်နှင့်
 အဆိုတော်ဒေါက်တာဆောင်းဦးလှိုင် တို့လာရန်စီစဉ်နေသည်ဟု တန့် ဆည်မြို့ နယ်
အဖွဲ့ ချုပ်ဝင်များထံမှ သတင်းရရှိပါသည်။

Myanmar News Now

ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ


ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။
YPI
ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်း

နှစ်သိန်းတန်ဖုန်း ရောင်းချမည့် အစီအစဉ်များ


 ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဒေသတွင်း ဆက်သွယ်မှု ဆောင်ရွက်သည့် ကုမ္ပဏီတို့ ညှိနှိုင်း၍ မိုဘိုင်းလ် တယ်လီဖုန်းများ ရောင်းချမည့် အစီအစဉ်များမှာ
(က) ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။
(ခ) ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး (၇) ခု၌ (ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး မြို့မှအပ) GSM မိုဘိုင်းလ်ဖုန်းများ စတင်ရောင်းချပါမည်။
(ဂ) ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များ၌ GSM မိုဘိုင်းလ်ဖုန်းများ စတင် ရောင်းချပါမည်။

ဧ၀ရက်တောင်၏ အမြင့်ကို တိတိကျကျ တိုင်းတာပေးရန် နီပေါတောင်းဆို





ကာလကြာ အငြင်းပွားမှုဖြစ်ပွားနေသည့် ဧ၀ရက်တောင်၏ အမြင့်နှင့်ပတ်သက်ပြီး တိတိကျကျ တိုင်းတာမှုတွင် နိုင်ငံတကာအလှူရှင်များ ပါဝင်ကူညီရန် နီပေါအစိုးရက တောင်းဆိုခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြော ကြားခဲ့သည်။
နီပေါနှင့် တရုတ်နိုင်ငံ ကြားခွလျက်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို အိန္ဒိယမြေတိုင်းအဖွဲ့တစ်ခု က ၁၉၅၄ ခုနှစ်တွင် တိုင်းတာခဲ့ပြီးနောက်တွင် အမြင့် ၈၈၄၈ မီတာ (၂၉၀၂၉ ပေ) ရှိသည်ဟု မှတ်ယူခဲ့သည်။ သို့သော်လည်း အခြား လေ့လာရေးအဖွဲ့များက လတ်တလော တိုင်းတာခဲ့ရာတွင် မီတာပေါင်းများစွာ ခြားနားမှုများ ဖြစ်ပေါ်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန် အမျိုးသားပထ၀ီဝင်အသင်းကြီးက GPS နည်းပညာများကို အသုံးပြုပြီး တိုင်းတာရာတွင် ဧ၀ရက်တောင်၏ အမြင့်သည် ၈၈၅၀ မီတာရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။ တရုတ်နိုင်ငံကမူ နှင်းဖုံးနေသော တောင်ထိပ်ကို ထည့်မတွက်ဘဲ တိုင်းတာခဲ့ရာတွင် ၈၈၄၄ မီတာသာ ရှိခဲ့သည်။

နှလုံးသားထဲက ကစ္ဆပနဒီ(သားရွှေဦး(ကစ္ဆပ))




ကစ္ဆပနဒီတံတားနှင့် ကစ္ဆပနဒီခေါ် ကုလားတန်မြစ်
လူ့အဖွဲ့အစည်းများ၊ လူ့သမိုင်းကြောင်းများသည် မြစ်ကြီးများကို အမှီပြု ဖြစ်ထွန်းလာကြသည်။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်သည်လည်း ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုတို့ စတင်အခြေချရာမြစ်တစ်ခု ဖြစ်သည်။ ယင်းမြစ်ကမ်းနံဘေးတွင် လက်ဝဲကိုးဆယ့်ကိုးမြို့၊ လက်ယာ ကိုးဆယ့်ကိုးမြို့ တည်ထောင်နေထိုင်ခဲ့ကြသည်။ မြစ်များ၊ ချောင်းများသည် ဒေသခံများအတွက် ဆက်သွယ်သွားလာရာ ဘ၀အတွက် မှီခိုရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် ရွက်လှေများ၊ ပိုက်လောင်းငယ်များက ပန်းချီကားတစ်ချပ်အလား ယခုထိ မြင်တွေ့နိုင်သေးသည်။ လှေကလေးတစ်စင်းကိုအမှီ ပြုမြစ်ကို ဆန်ခါဆန်၊ စုန်ခါစုန်တစ်ရွာခွာ တစ်ရွာကပ် ရုန်းကန်နေသည့် ဘ၀တွေကိုလည်း ကုလားတန်မြစ်ပြင်တကြော တွေ့မြင်နိုင်သည်။
ကုလားတန်မြစ်သည် ဟိုးချင်းတောင်တန်းကြီးများပေါ်က အဖျားခံစီးဆင်းကာ အင်းပေါက်ဝတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်နေသည်။ ကုလားတန်မြစ်နံဘေးတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပလက်ဝမြို့လေး မြို့ကတည်ရှိနေသည်။ မြစ်ရေသည် မြို့နှစ်မြို့ကို ရေငန်ပေးသော်လည်း မြို့နှစ်မြို့ကို ရေချိုပေးထားသည်။ အထက်ပိုင်းမြစ်ရေသည် စိမ်းဖန့်ဖန့် အရောင်ဖြစ်နေပြီး ပကတိကြည်လင်နေသည်။ မြစ်ရေကိုအားထားကာ စိုက်ပျိုးသီးနှံတို့ စိုက်ပျိုးနိုင်ကြသည်။ မြစ်ဝပိုင်းဒေသခံတို့က မြစ်ရေဖြင့် မွေးမြူရေးလုပ်နိုင်ကြသည်။

ဟင်္သာတမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲရသေးသော ဗုံးတစ်လုံးတွေ့ရှိ




bba
ဗုံးပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားသော မြို့နယ်
အုပ်ချုပ်ရေးရုံး တစ်နေရာ
ဟင်္သာတမြို့တွင် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိုနေ့တွင်ပင် မပေါက်ကွဲရသေးသော ဗုံးတစ်လုံးအား ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မတ်လ (၆)ရက် နေ့ နံနက် ၁၀ နာရီဝန်းကျင်၌ ဟင်္သာတမြို့၊မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအ၀င်ဝတွင် ဗုံးတစ်လုံးပေါက်ကွဲ ခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူ မရှိခဲ့သော်လည်း အဆိုပါရုံးရှိသွပ်များ လန်သွားခြင်း၊ မှန်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရုံးအ၀င်လမ်း အောက်ခြေဖောင်ဒေးရှင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် အုတ်များ ခြံဝင်းအပြင်သို့ လွှင့်စင်သွားခဲ့သော်လည်း အခြားရုံးများ အိမ်များအား ထိခိုက်မှု မရှိကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis