သူ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအား
ဆယ်စုနှစ်တစုခန့်မျှ ဝန်ပိစေခဲ့သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအားလံ
လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်
နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲ တခု၌
ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာတွင် မြန်မာ
နိုင်ငံတွင် နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်သည့်
တရုတ် အနေဖြင့် ယခုကာလများအတွင်း
မြန်မာနိုင်ငံက အမေရိကန်နှင့် အနောက်
နိုင်ငံများအား လက်ကမ်း ကြိုဆိုနေခြင်းအား ဘာမှစိုးရိမ်စရာ မရှိဟု တရုတ် ခေါင်းဆောင်များအား ပြောခဲ့သည်။





















ကိုယ်ငယ်စဉ်တုန်းက
မဟုတ်တာတစ်ခုခုကို လုပ်ချင်မိပြီဆိုရင် ဘာရယ်ညာရယ်
သိပ်စဉ်းစားမနေတော့ဘူး၊ စွတ်ရွတ်ပြီး လုပ်ချလိုက်တာပဲ။
ကိုယ်လုပ်တဲ့အလုပ်ကို တစ်ချိန်ချိန်မှာ လူတွေသိသွားနိုင်သလား၊
နောက်သိသွားရင် လူတွေကိုယ့်ကို ဘယ်လိုထင်သွားနိုင်မလဲဆိုတာတွေကို
မစဉ်းစားခဲ့ပါဘူး။ အထူးသဖြင့် အသက် ၁၈ နှစ် ၁၉ နှစ်သား အရွယ်လောက်တုန်းကဆို
ပိုဆိုးပါတယ်။ အဲဒီလိုလုပ်လိုက်လို့ ပြဿနာတွေတက်လာပြီဆိုရင် ကိုယ့်အတွက်
သွားရှင်းရလိုက် တောင်းပန်ရနဲ့ အမေ့ခမျာ ဒီသားတစ်ယောက်အတွက်
စိတ်ဆင်းရဲခဲ့ရတဲ့ အကြိမ်ပေါင်းဟာလည်း မနည်းခဲ့ပါဘူး။



