menu

Sunday 3 February 2013

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6017-2013-02-03-09-24-51#.UQ3jMfJafro

Credit to :မြ၀တီ
https://www.facebook.com/excellencemedia
အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

"ဗြောသံ" ပျောက်တဲ့နှစ်



ha-23-1-5
ထွန်မည်ယက်မည်၊ စိုက်ပျိုးမည်နှင့်၊ ရိတ်မည်နယ်မည်၊ လှေ့သိမ်းမည်ဟု၊ တိုင်းပြည်အကျိုး၊ သူမျှော်ကိုး၍...
                                                                                                            မင်းသုဝဏ်
မိခင်နယ်မြေသို့ ခဏတာ ပြန်ရောက်စဉ်က တောင်သူများ စိုက်ပျိုးထားကြသည့် လယ်ယာမြေများကို ငေးရီကြည့်မိရင်း ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာလေးတစ်ပိုင်းတစ်စကို သတိရ ရေရွတ်မိလိုက်သည်။
နှစ်စဉ် မိုးရေစက်များ၏အောက်တွင် ကျွဲ၊ နွားများနှင့်အပြိုင် ထွန်ယက်စိုက်ပျိုးကြ၊ ဆောင်းနှင်းမှုန်တွေရဲ့ အကြားမှာ စပါးတွေကို အပြိုင်ရိတ်သိမ်းကြနဲ့ မမောမပန်းနိုင်တဲ့ အညာမြေဆီက တောင်သူများ ယခုနှစ်မှာတော့ ကိုရွှေမိုးက ရက်စက်ပြခဲ့တော့ သူတို့တတွေရဲ့ ရင်ထဲမှာက သောကအပူတွေ တောက်လောင်နေကြရပြီ။ မိုးရေကိုပဲ အဓိကအားထား စိုက်ပျိုးနေကြရတဲ့ တောင်သူများမှာ မိုးရချိန်လက်မ နည်းပါးခဲ့သောကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးကြရပြီး အထွက်နှုန်းပါ လျော့ကျသွားရတော့သည်။
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုးကြသည့် မြန်မာနိုင်ငံမှာက ဆန်စပါးကို အများဆုံး ထုတ်လုပ်စိုက်ပျိုးကြခြင်းလည်း ဖြစ်သည်။ နိုင်ငံတော်၏ ဆန်လိုအပ်ချက်၊ ပြည်သူပြည်သားမှ အစိုးရအဆုံး တောင်သူများ စိုက်ပျိုးကြသည့် ဆန်စပါးကို အဓိကအားထား စားသုံးနေကြရသည်။ တောင်သူများ၏ စီးပွားရေး ထိခိုက်ပါက နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်မှုတစ်ခုလည်း ဖြစ်ပါသည်။

ဘုရားသခင် ကူမတော်မူပါ(နီမင်းဆွေ)



w1-30-1-7
သမ္မတအဖြစ် ပြန်လည်အရွေးခံရတဲ့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့က ဒုတိယအကြိမ်အဖြစ် ကျမ်းသစ္စာကျိန်ဆို သွားရာမှာ I do solemnly swear that I will faithfully execute the Office of President of the United States, and will to the best of my Ability, preserve, protect and defend the Constitution of the United States. လို့ ဆိုပြီးတဲ့နောက် နောက်ဆုံးပိတ် စကားလုံးအဖြစ် နိုင်ငံတော် တရားသူကြီးချုပ်က ကျမ်းစာထဲမှာ မပါတဲ့ So help me God. ဆိုတဲ့ စာသားကို ထည့်ပြီး ရွတ်ဆိုရာမှာ အိုဘားမားကလည်း နောက်ကနေ လိုက်ဆိုသွားခဲ့ပါတယ်။
နိုင်ငံတကာက နိုင်ငံရေးလောကမှာ ခုလိုသိပ္ပံပညာ အလွန်တိုးတက်တဲ့ ခေတ်ကြီးထဲမှာတောင် ဘာသာရေးကို ပစ်ပယ်ထားလေ့ မရှိကြသေး ဘူး ဆိုတာကို တွေ့နေရပါတယ်။ ရှေးယခင်ကတော့ တချို့နိုင်ငံတွေရဲ့ အုပ်စိုးသူတွေအနေနဲ့ သူတို့ကို ဘုရားသခင်က စေလွှတ်ပေးထားတာ ဖြစ်တယ်လို့ ပြည်သူလူထုကို ၀ါဒဖြန့်ထားလေ့ ရှိကြပါတယ်။

ပန်းတနော်ဆန္ဒထုတ်ဖော်ပွဲအပြန် အဖမ်းခံခဲ့ရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်



ဖေဖော်ဝါရီလ (၁)ရက်နေ့က  ပန်းတနော်ဒေသခံတစ်ထောင်ကျော်၏ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌရာထူးမှ မပြောင်းရွှေ့ရန်တောင်းဆို ခဲ့ကြသည့် ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ ဆန္ဒထုတ်ဖော်ပွဲအပြန်ခရီးတွင် ဖမ်းဆီးခံခဲ့ရသည်။

 

ဒီကနေတော့ ၂နာရီကျော်ကျော်လောက်က ပြန်သွားတာပဲဗျ၊ အဲ့ဒါ ၃နာရီခွဲလောက်မှာ ဗိုလ်မြတ်ထွန်းတံတား နားမှာ အဖမ်းခံရတယ်လို့ ကြားရတာပဲ၊ ဘာ့ကြောင့်ဖမ်းလဲဆိုတာတော့ မသိရသေးဘူးဗျဟု ဆန္ဒထုတ်ဖော်ပွဲ တွင်ပါဝင်သူ ပန်းတနော်မြို့ခံတစ်ဦးက ပြောသည်။

 

ကိုနေမျိုးဇင်အား ပန်းတနော်ဆန္ဒထုတ်ဖော်ပွဲအပြီး ရဲဝန်ထမ်းများမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကိုလည်း you tube တွင် တင်ထားသည့် ၄င်း၏ ဗွီဒီယိုမှတ်တမ်းများအရ သိရသည်။

 

တစ်ခါသုံး ရောဂါ ၀ယ်ယူကြသူများ


ကင်ထားတဲ့ ငါးတစ်ကောင်ကို အချဉ်ရည်သုတ်ပြီးတော့ ဖော့ဘူးဖြူဖြူလေးထဲထည့်၊ ရုံးပတီသီး နဲ့အချဉ်ရည်ကို ကျတော့ ကြွတ်ကြွတ်အိပ်ထဲထည့်ပြီး “ထောင့်ငါးရာပါ ဆိုပြီး လှမ်းပေးရင်း ငါးကင်ထည့်ပေးတဲ့လူက
ကျေးဇူးပဲနော် အကို နောက်ရက်တွေလည်း ကျွန်တော်တို့ဆိုင်မှာအားပေးပေါ့ အဲ့လိုပြောပြီး တခြားလူတွေ ပါဆယ်မှာထားတဲ့ ငါးကင်တွေကို ဖော့ဘူးတွေထဲ ထည့်နေတယ်။
ငါးကင်လို့ ပြောလျှင် ကမာရွတ်မြို့နေ ပြည်သူတွေက လှည်းတန်းကိုသာ ပြေးမြင်ကြမှာပါ။
တစ်နေ့လျှင် ငါးအကောင်ပေါင်းများစွာ ကင်လျှက်ရှိပြီး၊ ပါဆယ်မှာ သူများအတွက်လည်း ဖော့ဘူးပေါင်းများစွာ အသုံးပြုလို့နေပါတယ်။
အဆိုပါ တစ်ခါသုံးပစ္စည်းတွေအတွက် ဖော့ဘူး၊ ပလက်စတစ်ဘူးတွေကို ယခုခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပြီး နေရာတိုင်းမှာ တွေ့နေရတယ်။

ကချင် ပြည်နယ် မိုးညှင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား

Photo: ကချင် ပြည်နယ် မိုးညှင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့ အထွက် ပြည်ထောင်စု လမ်းမကြီး နံဘေး ဆင်ဘို ကုန်း ကျေးရွာ စက်သုံးဆီ အရောင်း ဆိုင်တန်းတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၈ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က မိုးညှင်းမြို့နယ် ဆင်ဘိုကုန်း ကျေးရွာရှိ မအကီး(ခ) မခင်မာကြူ၏ စက်သုံးဆီ အရောင်း ဆိုင် အလုပ်သမား မောင်ဟာရှင်သည် ဓာတ်ဆီ ပီပါ အတွင်းမှ ဓာတ်ဆီကို ပလတ်စတစ်ပုံး အတွင်းထည့်၍ အဖုံးပိတ်ကာ ဆိုင်ရှေ့ ထွက်လာစဉ် အပူရှိန် လွန်ကဲမှုကြောင့် ဓာတ်ဆီပုံး အဖုံး ပွင့်ထွက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်။

မီးလောင်ရာသို့ မိုးညှင်းမြို့နယ် ဒေသအရန် မီးသတ်စခန်း တာဝန်ခံ ဦးဟိန်းမင်းထက်နှင့် အဖွဲ့ဝင် ၁၅ ဦး၊ မီးသတ် မော်တော်ယာဉ် နှစ်စီး၊ရေသယ်ယာဉ် တစ်စီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူး ဘဝင်းနှင့် တပ်ဖွဲ့ဝင် ၁၅ ဦး၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့မှ တပ်မတော်သား ၁ဝ ဦးနှင့် ပြည်သူ အများ ဝိုင်းဝန်း ငြှိမ်းသတ် ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မီးငြိမ်း သွားသည်။

ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် မအကီး(ခ) မခင်မာကြူ ၅ဝ နှစ်အား မိုးညှင်း ရဲစခန်းမှ (ပ) ၇/ ၂ဝ၁၃ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်လှစ် စစ်ဆေး လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/crimenews/item/5860-2013-02-01-12-45-44#.UQ3Js_Jafro

Credit to : ၊မြ၀တီ
https://www.facebook.com/excellencemedia
ကချင်ပြည်နယ် မိုးညှင်းမြို့ အထွက် ပြည်ထောင်စု လမ်းမကြီး နံဘေး ဆင်ဘို ကုန်း ကျေးရွာ စက်သုံးဆီ အရောင်း ဆိုင်တန်းတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၈ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က မိုးညှင်းမြို့နယ် ဆင်ဘိုကုန်း ကျေးရွာရှိ မအကီး(ခ) မခင်မာကြူ၏ စက်သုံးဆီ အရောင်း ဆိုင် အလုပ်သမား မောင်ဟာရှင်သည် ဓာတ်ဆီ ပီပါ အတွင်းမှ ဓာတ်ဆီကို ပလတ်စတစ်ပုံး အတွင်းထည့်၍ အဖုံးပိတ်ကာ ဆိုင်ရှေ့ ထွက်လာစဉ် အပူရှိန် လွန်ကဲမှုကြောင့် ဓာတ်ဆီပုံး အဖုံး ပွင့်ထွက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်။

လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန်

Photo: လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦ ပုံစံများကို ထုတ်ပြန် 

Saturday, 02 February 2013 10:34

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြုကာ ခြောက်မီတာ အရွယ်အစားရှိ ပုံစံများ ထုတ်မည်ဖြစ်ကြောင်း သိရသည်။

လပေါ်ရှိ တောင်ဝင်ရိုးစွန်းတွင် တည်ဆောက်ရန် အဆိုပြုထားပြီး ယင်းအဆောက်အဦ၌ လူလေးဦး နေနိုင်အောင် ပြုလုပ်ထားကာ ယင်းထက် ပိုနေနိုင်ရန် ထပ်မံတိုးချဲ့နိုင်သည်ဟုလည်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ါရှင်တန်ပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က regolith ဆိုသော အရာဝတ္ထုကို တွေ့ရှိခဲ့ပြီး ယင်းထဲတွင် ဆီလီကွန်၊ အလူမီနီယံ၊ သံ၊ မဂ္ဂနီဆီယမ်အောက်ဆိုဒ်တို့ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းပစ္စည်းကို သရီးဒီပရင့်တာများ သုံးပြီး မာခဲသော အရာဝတ္ထုများ ဖန်တီးနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆောက်အဦ တည်ဆောက်မည့် အစီအစဉ်ကို ဥရောပသမဂ္ဂ အာကာသအေဂျင်စီ အပါအ၀င် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်သာ အကောင်အထည် ဖော်လာနိုင်ခြင်းဖြစ်သည်။ ယင်းအဆောက်အဦ ဆောက်မည့် အစီအစဉ်ကို စီစဉ်နေသော အမေရိကန် ကုမ္ပဏီ Deep Space Industries (DSI) သည် ၀င်ဘလေအားကစားကွင်း၊ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ၊ ပေကျင်း လေဆိပ် စသည်တို့အပါအ၀င် အဆောက်အအုံအချို့ကို သရီးဒီပရင့်တာများဖြင့် ပုံစံထုတ်ပေးခဲ့ကြောင်း သိရသည်။    

Ref:BBC

Credit to : Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

Saturday, 02 February 2013 10:34

လမျက်နှာပြင်ရှိ မြေသားများကိုသာ အသုံးပြုပြီး လပေါ်တွင် တည်ဆောက်မည့် အဆောက်အဦတစ်ခု၏ ပုံစံများကို ဗိသုကာလုပ်ငန်း Foster+ Partners က ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အဦ ပုံစံကို ကမ္ဘာမြေမှ သယ်ယူသွားမည်ဖြစ်ပြီး သရီးဒီ ပရင့်တာများဖြင့် ထုတ်ထားသည့် အလွန်ကြီးမားသော အိမ်အရွယ်အစား အခွံတစ်ခုဖြင့် ဖုံးအုပ်လိုက်မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကုမ္ပဏီ Monolite ၏ ယင်းပရင့်တာဖြင့် regolith ဟု လူသိများသော လပေါ်ရှိမြေကို အသုံးပြုကာ ခြောက်မီတာ အရွယ်အစားရှိ ပုံစံများ ထုတ်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်မှူး ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် Air Bagan လေယာဉ် ပျက်ကျခြင်းဖြစ်

Photo: လေယာဉ်မှူး ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် Air Bagan လေယာဉ် ပျက်ကျခြင်းဖြစ်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ Air Bagan လေယာဉ်ပျက်ကျ ခဲ့ရတာဟာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချေက် မှားယွင်းမှုကြောင့်ဖြစ်ကြောင်း လေယာဉ်ပျက်ကျမူ စုံစမ်းစစ်ဆေးရေးအဖွဲ့က မနေ့က ပြောကြား လိုက်ပါတယ်။

Black Box လို့ လူသိများတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို သြစတြေးလျနိုင်ငံပို့ပြီး စစ်ဆေးခဲ့ရာမှာ လေယာဉ်စက်ပိုင်းနဲ့ အစိတ်အပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုသော်လည်းကောင်း၊ လေယာဉ်ကွင်း မှားယွင်းဆင်းသက်မှုနဲ့ တခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေနဲ့ ပတ်သက်တာမျိုးကို သော်လည်းကောင်း မတွေ့ရကြောင်း၊ အခုပျက်ကျမှုအတွက် အဓိကတာဝန်ရှိသူဟာ လေယဉ်မှူးသာဖြစ်ကြောင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် လေကြောင်းပညာသိပ္ပံကျောင်းမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်း က ပြောကြားခဲ့ပါတယ်။

"လူမှားတာလား၊ စက်ပျက်တာလားဆိုရင် အားလုံးကတော့ လူနဲ့ပဲဆိုင်တာပဲ၊ ရာသီဥတု မကောင်းဘူးလို့ပြောရင် မတက်ဘူး၊ တက်မယ်ဆိုတာ ရာသီဥတုက ဆုံးဖြတ်တာမဟုတ်ဘူး လူကဆုံးဖြတ်တာ၊ အဲ့ဒါကြောင့်မို့ လေယာဉ်တစ်ခုမှာ အဆုံးအဖြတ်သည် လူပဲ"

ဒါဟာ လက်ရှိကာလအထိ တွေ့ရှိထားတဲ့ ဖြစ်နိုင်ချေ အချက်လက်တွေကိုသာ ပြောဆိုတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာ တင်ပြနိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။

Credit to : RFA Burmese
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ Air Bagan လေယာဉ်ပျက်ကျ ခဲ့ရတာဟာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချေက် မှားယွင်းမှုကြောင့်ဖြစ်ကြောင်း လေယာဉ်ပျက်ကျမူ စုံစမ်းစစ်ဆေးရေးအဖွဲ့က မနေ့က ပြောကြား လိုက်ပါတယ်။
Black Box လို့ လူသိများတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို သြစတြေးလျနိုင်ငံပို့ပြီး စစ်ဆေးခဲ့ရာမှာ လေယာဉ်စက်ပိုင်းနဲ့ အစိတ်အပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုသော်လည်းကောင်း၊ လေယာဉ်ကွင်း မှားယွင်းဆင်းသက်မှုနဲ့ တခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေနဲ့ ပတ်သက်တာမျိုးကို သော်လည်းကောင်း မတွေ့ရကြောင်း၊ အခုပျက်ကျမှုအတွက် အဓိကတာဝန်ရှိသူဟာ လေယဉ်မှူးသာဖြစ်ကြောင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် လေကြောင်းပညာသိပ္ပံကျောင်းမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်း က ပြောကြားခဲ့ပါတယ်။

အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဖိလစ်ပိုင် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိမည်

Photo: အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဖိလစ်ပိုင် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိမည်

အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ပုံမှန် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

USS Cheyenne (SSN 773) သည် ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်း Zambales ပြည်နယ် Subic ပင်လယ်အော်ရှိ အမေရိကန် ရေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြ ခဲ့ပါသည်။ Los Angeles အတန်းအစား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ရိက္ခာများ ဖြည့်တင်းရန်နှင့် တပ်ဖွဲ့ဝင် များအား အနားပေးရန် အတွက် အဆိုပါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

USS Cheyenne (SSN 773) သင်္ဘောသည် အလျား ၃၆ဝ ပေ အရှည်ရှိပြီး ရေအောက်၌ ငုပ်လျှိုး နေချိန်၌ အလေးချိန် ၆,၉ဝဝ တန် ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5968-2013-02-02-09-15-34#.UQykwfJafro

Credit to : မြ၀တီ
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ပုံမှန် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

USS Cheyenne (SSN 773) သည် ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်း Zambales ပြည်နယ် Subic ပင်လယ်အော်ရှိ အမေရိကန် ရေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြ ခဲ့ပါသည်။ Los Angeles အတန်းအစား ရေငုပ်သင်္ဘော USS Cheyenne (SSN 773) သည် ရိက္ခာများ ဖြည့်တင်းရန်နှင့် တပ်ဖွဲ့ဝင် များအား အနားပေးရန် အတွက် အဆိုပါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

ရေဆင် ဆိုတာတကယ်ရှိသလား ???

Photo: ရေဆင် ဆိုတာတကယ်ရှိသလား ???

ရေဆင်ဆိုသော သတ္တဝါ ရှိမရှိ ယခုတိုင် အငြင်းပွားဆဲဖြစ်ပါသည်။ သို့သော် ဆင်သမားတိုင်းကတော့ရေဆင်တကယ်ရှိကြောင်း ပြောဆိုနေကြဆဲပါ။ ရေဆင်သည် ရေထဲတွင် ငါးများကဲ့သို့ နေနိုင်ပြီး ကုန်းပေါ်တွင် နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါသည်။ ရေဆင်သည် ဆင်ပုံစံအသေးစားလေးဖြစ်ပြီး အရွယ်အစားမှာ အလျားလေးလက်မ၊ ငါးလက်မ၊ အမြင့် သုံးလက်မခန့် ရှိသည်ဆိုသည်။ ရေထဲရှိ ရေမှော်ပင်များကို စားသောက်ကာ အသက်ရှင်နေကြပြီး ညအခါကြမှ ကုန်းပေါ်သို့ တက်တတ်သည်ဟုဆိုသည်။ ကျောက်ဆောင်ကျောက်တုံးများ ပေါသောရေအိုင်များတွင် အနေများတတ်သည်။ ရေဆင်သည် အဆိပ်ပြင်းသည်ဟု ဆိုကြသည်။ ရေဆင်ရှိသော နေရာများကို ကုန်းဆင်ကြီးများ မလာရဲကြပေ။ ရေဆင်ကိုက်လျှင် ချက်ချင်းသေတတ်သည်ဟု သိရသည်။

၁၉၇၀- ပြည့်နှစ်လောက်တွင် ရေဆင်အကြောင်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ဘူးလေသည်။ ၁၉၇၀- ပြည့်နှစ်၊ သြဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် သံတွဲမြို့နေ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးဘမြိုင်ကိုယ်တိုင် ရေဆင်အမတစ်ကောင်၊ အထီးတစ်ကောင်(အသေ)ကို တံငါသည်များမှတဆင့် ရရှိခဲ့ဖူးကြောင်း ပါရှိလေသည်။ ရေဆင်အမကို ၁၉၃၀-ပြည့်နှစ်တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့၊ သရွန်ဂါကျွန်းအုပ်စု အပါအဝင် ဆံတော်ရှင်ကျွန်းတောင်ဖက်ကမ်းမှ ရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅-ခုနှစ်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဖက်မှ ရရှိခဲ့ဖူးကြောင်း ရေးသားထားသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား တောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေအိုင် တစ်ခုမှ ရေဆင်တစ်ကောင် အရှင်ဖမ်းမိခဲ့သည်ဟု ရေးသားခဲ့သည်။ ရေဆင်အမ၏ အရောင်သည် မွဲပြာ၍ ချောမွေ့သည်။
ခြေနှင့်လက်ပါရှိသည်။ ခြေချောင်းငယ် လေးချောင်းစီပါသည်။ အထက်အောက် အံ့သွားနှစ်ချောင်းစီ တွေ့ရသည်။ ဆင်မတစ်ကောင်၏ အစိတ်အပိုင်းပါရှိသည်။ အသားစားသည့် လက္ခဏာမရှိ၊ ရေမှော်များသာ စားသည်။ ရေဆင်အထီးသည် မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်။ ခြေချောင်း လေးချောင်းစီရှိသည်။ အဖြူရောင်အစွယ်ရှိပြီး လုံးပတ်မှာ မီးခြစ်ဆံချောင်းခန့် ရှိသည်။ အထက်အောက် အံ့သွား ပါရှိသည်။ မျိုးပွားအင်္ဂါ အပြည့်အစုံ ပါရှိသည်။

မန်လည်မြို့ဟောင်းရှိ မန်လည်ဆရာတော်ပြတိုက်တွင် မီးခြစ်ဆံချောင်းခန့်ရှိသော ရေဆင်စွယ်ကို ပြသထားလေသည်။ တစ်ချိန်က ရုပ်ရှင်မင်းသားတစ်ဦးသည် နိုင်ငံတော်ကို ထူးဆန်းသည့် ရေဆင်(အသေ)တစ်ကောင်ကို လှူဒါန်းကြောင်း သတင်းစာထဲတွင် ပါရှိလေသည်။ ထိုလှူဒါန်းလိုက်သော ရေဆင်သည် ရေဆင်အစစ်မဟုတ်ဘဲ မြေကြွက်ကို လုပ်ထားကြောင်း စာရေးဆရာ သာဂဒိုးက စိုက်ပျိုးရေးပြတိုက်သို့ တင်ပြအသိပေး ဖော်ထုတ်ဖူးသည်။ ထိုသို့ ဇာတ်လမ်းများကြောင့် အထောက်အထား လက်ဆုပ်လက်ကိုင်
ပြစရာမရှိသဖြင့် ရေဆင်ဆိုသည်မှာ ပုံပြင်ပမာဖြစ်သွားခဲ့ရလေသည်။


*ကိုးကား။ ။ ဖိုးကျော့၏ ဆင်သင်္ချိုင်း ရှာပုံတော်နှင့် အခြားဝတ္ထုတိုများ၊
မောင်ကြည်သန့်၏ အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာဖြစ်ရပ်(၁၀၀)၊
သာဂဒိုး၏ စာနယ်ဇင်း စွမ်းအား အသုံးမှားသော် ဆောင်းပါး၊

Credit by : မော်နီကာ

Credit to : ထူးထူးဆန်းဆန်း
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ရေဆင်ဆိုသော သတ္တဝါ ရှိမရှိ ယခုတိုင် အငြင်းပွားဆဲဖြစ်ပါသည်။ သို့သော် ဆင်သမားတိုင်းကတော့ရေဆင်တကယ်ရှိကြောင်း ပြောဆိုနေကြဆဲပါ။ ရေဆင်သည် ရေထဲတွင် ငါးများကဲ့သို့ နေနိုင်ပြီး ကုန်းပေါ်တွင် နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါသည်။ ရေဆင်သည် ဆင်ပုံစံအသေးစားလေးဖြစ်ပြီး အရွယ်အစားမှာ အလျားလေးလက်မ၊ ငါးလက်မ၊ အမြင့် သုံးလက်မခန့် ရှိသည်ဆိုသည်။ ရေထဲရှိ ရေမှော်ပင်များကို စားသောက်ကာ အသက်ရှင်နေကြပြီး ညအခါကြမှ ကုန်းပေါ်သို့ တက်တတ်သည်ဟုဆိုသည်။ ကျောက်ဆောင်ကျောက်တုံးများ ပေါသောရေအိုင်များတွင် အနေများတတ်သည်။ ရေဆင်သည် အဆိပ်ပြင်းသည်ဟု ဆိုကြသည်။ ရေဆင်ရှိသော နေရာများကို ကုန်းဆင်ကြီးများ မလာရဲကြပေ။ ရေဆင်ကိုက်လျှင် ချက်ချင်းသေတတ်သည်ဟု သိရသည်။

" လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို"

Photo: " လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို"

ဖြူးမြို့နယ်၊
ဖေဖော်ဝါရီ ၂ ရက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံ
ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ
ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့် လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စပါး စိုက် ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒ ရှိသည့် စပါးကို သာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာ
စိုက်ပျိုးကြရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန် မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေများ များစွာရှိကြောင်း၊ယင်းလယ်ယာမြေ
များကို တောင်သူ လုပ်ကိုင်စားသောက်ရန် ပြန်ပေးသင့်သည်များကို ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှု မရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင်ရန်
ပြောကြားခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ ) ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ဦးအုန်းမြင့် (မွေး/ရေ )နှင့်လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။
ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်း
မှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက်ကြည့် ရှုခဲ့ကြောင်းသိရသည်။
ဓါတ်ပုံ အောင်ထက် (NYK)

Credit to : Popular Myanmar News Journal
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံ
ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ
ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့် လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

ကချင် ပြည်နယ် ငြိမ်းချမ်းရေး ဝင်ရောက် လုပ်ကိုင်ရန် ဆန္ဒရှိ ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို

Photo: ကချင် ပြည်နယ် ငြိမ်းချမ်းရေး ဝင်ရောက် လုပ်ကိုင်ရန် ဆန္ဒရှိ ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို
.........................................................................................

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် သက်တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
"လွှတ်တော် ပြင်ပမှာ ဆောင်ရွက် ရမယ့် ဟာက ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း ပြောရမယ့် ကိစ္စလို့ ယူဆ ပါတယ်" ဟု ၄င်းက ဆိုသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီ တွင်လည်း အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်သည်။

ကချင် ပြည်နယ် ငြိမ်းချမ်းရေး အဆို တင်သွင်း ခဲ့သူ အင်ဂျန်းယန် မြို့နယ် ပြည်သူ့ လွှတ်တော် ဒေါ်ဒွဲဘူ ကမူ "လွှတ်တော် ထဲက အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ် တစ်ဦး ပါဝင် လာမယ် ဆိုတော့ နှစ်ဖက် ယုံကြည်မှု တည်ဆောက် မှုက ပိုမို ခိုင်မာ လာမယ်လို့ ယုံကြည် ပါတယ်" ဟု မှတ်ချက် ပေးသည်။

ကေအိုင်အေနှင့် အစိုးရ ဆွေးနွေးမှုကို တရုတ်နိုင်ငံ ရွှေလီ မြို့တွင် လေးကြိမ်တိုင် တွေ့ဆုံ ခဲ့သော်လည်း သဘော တူညီမှု မရရှိ ခဲ့ပေ။

ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များ တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု “ဝ” သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ဌာနချုပ် နယ်မြေတွင် တွေ့ဆုံရန် ရှိကြောင်း UWSA ၏ ထုတ်ပြန်ချက် များအရ သိရသည်။

Credit to :The Voice Weekly
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် သက်တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

Photo: ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။

“ကျတော်တို့ ၁ဝ ဦးက ဒီနေ့ပဲ ဒုတိယခရိုင်တရားရုံးကနေပြီးတော့ ၅ နာရီလောက်မှာ အခုလွတ်လာပါပြီခင်ဗျ၊ ဒီအမှုမှာ ကျနော်တို့က အမှုမမြောက်ဘူး၊ အမှုမှာ မထင်ရှားဘူးပေါ့၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ တရားရုံးက အဲသည်လို ဆုံးဖြတ်ပါတယ်ခင်ဗျ”

မနေ့က လွတ်မြောက်လာတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို အဲဒီကျေးရွာတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ ခမရ-၃၇၅ တပ်ရင်းက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပါတယ်။

သူတို့ကို စစ်တွေအကျဉ်းထောင်မှာ ထားရှိခဲ့ပြီးနောက် စစ်တွေ ဒုတိယခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၄၃၆ အိုးအိမ်ဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု အားပေးကူညီမှုစတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ဒါပေမယ့် တရားလိုပြသက်သေ ၁၅ ဦးကို စစ်ဆေးအပြီးမှာ တရားရုံးက အခုလို သူတို့ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ လက်ရှိအမှုရင်ဆိုင်နေရသူ ၁၅ ဦး ကျန်ရှိနေသေးတယ်လို့လည်း မနေ့က လွတ်မြောက်လာသူ ဦးအေးမောင် က ပြောပါတယ်။

Credit to : RFA Burmese
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ၁ဝ ဦးကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့ မနေ့ ညနေမှာ တရားသေလွှတ်လိုက်ပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားမတွေ့ရှိဖူးဆိုပြီး သူတို့ကို အခုလိုအပြီးသတ် လွှတ်လိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ဦးအေးမောင် က RFA ကို ပြောပါတယ်။

ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ

Photo: ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ

February 2, 2013Home, သတင်း 

ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်းအကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း  နှင့် သစ်မာစိုက်ခင်းစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး  လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ်  ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။
ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး  မှ သတင်းတစ်ခုထူးခြားကြောင်း “တော ဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။ အဆိုပါသတင်းကြာရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်းအကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ ၄၀၀ ခန့်အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။
ပဲခူးအနောက်ဆင်ပစ်မုဆိုးအန္တရာယ်   ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များ  ပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေကြောင်း သိရသဖြင့်  သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။ ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့်  ၀ါးခြံစည်းရိုးအား ဖြုတ်ပြီးထမင်းချက်ခန်း   အနီးသို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်း   ကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွာဲး့သည်။
ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း  တောအုပ်ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း  ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာ  ရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြ ပါသည်။
၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက်  (၇း၀၀) နာရီခန့် တောအုပ်မင်းသန့်ဇင်၊ တောင်ခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း  ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း  စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြားလျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်ကြတ်စင်ဆောက်ရန် မျောသစ်  လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်း သူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက်   ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး  ကြတ်စင်ဆောက်လုပ်နေကြောင်း တူမီး  သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား  ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။
မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်းကုမ္ပဏီ မှ အထွေထွေမန်နေဂျာ ဦးအောင်ဖိုး၊ လ/ထမန်နေဂျာဒေါ်ရတနာသိန်းနှင့် ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေးအဖွဲ့သည်ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။ ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အားမတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။
ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း  မင်းအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့် ရောင်းရကြောင်း၊ ဆင်နှာမောင်းကို  အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ်တစ်ပိဿကျပ်ငါးသိန်း   ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့    ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက်တွင်ရှိကြောင်း ပြောကြား သည်။ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့်  သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရအမှုဖွင့်အရေး ယူလျက်ရှိသည်။


မောင်ဘုန်း (ဥပဒေ)

Credit to : The Hot News
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်းအကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်းစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။
ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခုထူးခြားကြောင်း “တော ဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။ အဆိုပါသတင်းကြာရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်

Photo: အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်

ဗွီအိုအေ (မြန်မာဌာန)
02.02.2013

အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။
 
နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။

အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။https://www.facebook.com/excellencemedia

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။

Credit to : ၊ VOA
https://www.facebook.com/excellencemedia

အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis