menu

Thursday 12 September 2013

ခင်ဝင့်ဝါ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ပြီ

ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၇ မိနစ်

Miss #Supranational ပြိုင်ပွဲတွင် Miss Internet ဆုအပါအ၀င် ဆုလေးဆု ဆွတ်ခူးရရှိထားသည့် ခင်ဝင့်ဝါသည် စက်တင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်းမာရေးကြောင့် ခေတ္တအနားယူရာမှ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာအနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင် သွားတော့မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းသို့လုပ်ဆောင်ရာတွင် သူမ၏ပထမဆုံးအနုပညာလှုပ်ရှားမှုအဖြစ် မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာအတွက် ရိုက်ကူးခြင်းကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် Miss Supranational Myanmar အေဂျင်စီနှင့် တိုင်ပင်ကာ တစ်စတစ်စလုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ခင်ဝင့်ဝါက ပြောဆိုလိုက်သည်။

ဆေးရွက်ကြီး၊ ဆေးလိပ်နှင့် အီး-စီးကရက် အန္တရာယ်များ

Photo: ဆေးရွက်ကြီး၊ ဆေးလိပ်နှင့် အီး-စီးကရက် အန္တရာယ်များ
---------------
ခင်မေဇော်(၀ါရှင်တန်ဒီစီ)

ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများကို တွေ့ရသည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့်တူပြီး ဆေးလိပ်အစစ်မဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း စက်တင်ဘာ ၇ ရက် တနင်္ဂနွေနေ့တွင် Lancet Medical Journal တွင် ဖော်ပြလိုက်သော သုတေသနစာတမ်းတစ်စောင်ကဆိုသည်။

လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများနည်းတူ သက်ရောက်မှုရှိသည်ဟု ဆိုသည်။ အီးစီးကရက်ဖြင့် ဆေးလိပ်ဖြတ်လိုသူ၊ လျှော့လိုသူများကို များစွာကူညီနိုင်ကြောင်း သုတေသနလေ့လာမှုကိန်းဂဏန်း အစီရင်ခံစာများနှင့် ဖော်ပြသည်။

ဆေးလိပ်သည် တစ်နှစ်ကို လူပေါင်းခြောက်သန်းသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူရှစ်သန်းကျော်အထိ တိုးလာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ဆထားသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ၁၀၀ တွင် ၁၉ ဦးနှင့် အမျိုးသမီး ၁၀၀ တွင် ၁၈ ဦးနှုန်းသည် ဆေးလိပ်ကြောင့် သေဆုံးနေသည်ဟု ကမ္ဘာ့အဆုတ်ဖောင်ဒေးရှင်းနှင့် အမေရိကန်ကင်ဆာအသင်းက ထုတ်ပြန်သည့် ဆေးလိပ်ကမ္ဘာ့မြေပုံ (Tobacco Atlas) အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆေးလိပ်သောက်သူဦးရေတွင် အမျိုးသားက အမျိုးသမီးများထက် တစ်ဆကျော်ပိုများနေသည်။ သို့သော် ဆေးလိပ်ကြောင့် သေဆုံးရာတွင်မူ ကွာခြားမှုမများလှကြောင်း တွေ့ရသည့်အတွက် အနီးအနားမှ ဆေးလိပ်ငွေ့ရှူရှိုက်ပြီး ရောဂါရရှိကြသည်ဟု ဆိုနိုင်သည်။ မြန်မာကလေးသူငယ် ၁၀၀ တွင်လည်း ၃၄ ဦးက ဆေးလိပ်သောက်သုံးသူ လူကြီးများနှင့်အတူ နေထိုင်နေကြပြီး ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်နေရသည်။ မြန်မာများ ဆေးလိပ်ဖိုးအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ၁၄ သန်း ကုန်ကျခံနေသည်ဟုလည်း သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလကထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၆၆၅၉ ဦးရှိခဲ့ပြီး အထွေထွေအဆုတ်ရောဂါကြောင့် သေဆုံးသူမှာ ၁၆၃၃၈ ဦး ရှိသည်။ ဆေးလိပ်ဟုဆိုလိုက်လျှင် အဆုတ်ရောဂါဖြစ်ပေါ်သည်ကိုသာ အသိများကြသည်။ သို့သော် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဆေးလိပ်၏အန္တရာယ်က ထင်ရ၊ မြင်ရသည်ထက်ကို ပိုဆိုးနေသည်။ အဆစ်အမြစ်ကိုက်ရောဂါသည်ပင် ဆေးလိပ်ကြောင့် နှစ်ဆတိုးလာနိုင်သည်ဟုဆို၏။

အာရှအမျိုးသမီးများတွင် အဖြစ်များသည့် အရိုးပါးရောဂါသည်လည်း ဆေးလိပ်ကြောင့် ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သလို မျက်စိအမြင်အာရုံကို ထိခိုက်စေပြီး တိမ်ဖြစ်ပေါ်စေသည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံလို ဆေးဝါးကုသမှုနိမ့်ကျသော ဒေသတွင် မည်သည့်ရောဂါကြောင့်မှန်းမသိကြဘဲ သေဆုံးသွားသူများစွာရှိနေသဖြင့် ဆေးလိပ်၏ရိုက်ခတ်မှု မည်မျှအထိကြီးမားမည်ကို အတိအကျမသိနိုင်ပေ။ စာရင်းသွင်းရရှိထားသော အရေအတွက်ထက် များစွာပိုမည်က အသေအချာပင်။

ယခုအခါ အီးစီးကရက် ပေါ်ထွက်လာ၍ ဆေးလိပ်စွဲသူများအတွက် ဆေးလိပ်ဖြတ်ရန် သတင်းကောင်းဟု ဆိုနိုင်သော်လည်း ဆိုးကျိုးများကလည်း ရှိလာပြန်သည်။ အီးစီးကရက်ကလည်း စွဲစေသည်သာဖြစ်သည်။ ဆေးရွက်ပါသော ဆေးလိပ်လောက် အန္တရာယ်မများသော်လည်း လုံးဝအန္တရာယ်ကင်းသည်တော့လည်း မဟုတ်ပါ။ အီးစီးကရက်တွင် အဆိပ်ဖြစ်စေသော ဓာတုဆေး Carcinogens နှင့် နောက်ဓာတုဓာတ်ဖြစ်သည့် Diethylene Glycol ပါဝင်သည်။ ၎င်းဓာတုဓာတ်များက လူ့ကျန်းမာရေးကို ထိခိုက်စေပြန်သည်။ အီးစီးကရက်သောက်ပြီး အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပေါ်ကြောင်း သတင်းပေးပို့ချက်များ ရှိခဲ့သည်။

နောက်ပြဿနာတစ်ခုမှာ ဆေးလိပ်ကို အသက်အရွယ်ကန့်သတ်ရောင်းချသည့် နိုင်ငံများတွင် အီးစီးကရက်ကို ကန့်သတ်ခြင်းမရှိသဖြင့် ဆယ်ကျော်သက်များ ၀ယ်ယူခွင့်ရနေခြင်းဖြစ်သည်။ ထိုမှ သုံးစွဲသူလူငယ်လည်း ပိုများလာသည်။ အမေရိကန်နိုင်ငံတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အီးစီးကရက်သုံးစွဲမှု များပြားနေကြောင်း လေ့လာမှုများက ပြဆိုသည်။ 

အီးစီးကရက်ထုတ်လုပ်သူများက ကလေးနှင့် လူငယ်များအတွက် ထုတ်လုပ်ခြင်းမဟုတ်ပါဟု ဆိုနေသော်လည်း ချယ်ရီ၊ စတော်ဘယ်ရီ၊ ဗာနီလာ အစရှိသော ကလေးကြိုက်အနံ့များထည့်ပြီး ထုတ်လုပ်နေသည်။ လက်ရှိတွင် စီးကရက်ကြော်ငြာဆိုင်ရာဥပဒေသည် အီးစီးကရက်အပေါ် အကျုံးမ၀င်ပါ။

ဤအတောအတွင်း ဂရိနိုင်ငံသုတေသီများ၏ လေ့လာချက်အရ အီးစီးကရက်သုံးစွဲသူများတွင် အဆုတ်အားနည်းလာသည်ကို တွေ့ရသည်။ နီကိုတင်းငွေ့ကို အဆုတ်တွင်းတိုက်ရိုက်ရှူသွင်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေါ်လာချိန်မကြာလှသေးသဖြင့် ရေရှည်တွင် မည်သို့သောအကျိုးဆက်များ ပေါ်ထွက်လာဦးမည် မသိရသေးပါ။

ဆေးလိပ်စွဲသူများ ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုစေသည်ဟု ဆိုသော်လည်း ဆေးလိပ်စွဲသူများမဟုတ်သည့် ကလေး၊ လူငယ်များအတွက် အီးစီးကရက် ကျယ်ကျယ်ပြန့်ပြန့်စွဲသည့် အချိန်တစ်ခုရောက်လာမည်ကို စိုးရိမ်နေရပေသည်။

ဓာတ်ပုံ- အင်တာနက်

ခင်မေဇော်(၀ါရှင်တန်ဒီစီ)

ယခင်က ဆေးလိပ်မသောက်ရဟု စာချိတ်ထားသောနေရာတွင် စီးကရက်သောက်နေသူများကို တွေ့ရသည်။ သို့သော် အနံ့ထွက်မလာပါ။ နောက်မှ သတိပြုမိသည်မှာ ဆေးလိပ်နှင့်တူပြီး ဆေးလိပ်အစစ်မဟုတ်သည့် အီးစီးကရက်ဖြစ်နေသည်။ ဆေးလိပ်ဖြတ်လိုသူများအတွက် နီကိုတင်းကို တိုက်ရိုက်ရှူခြင်းဖြင့် လိုအပ်နေသော နီကိုတင်းကို ဆေးလိပ်မပါဘဲရရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများအတွက် အီးစီးကရက်ခေါ် လျှပ်စစ်စီးကရက်က အကူအညီများစွာဖြစ်စေကြောင်း စက်တင်ဘာ ၇ ရက် တနင်္ဂနွေနေ့တွင် Lancet Medical Journal တွင် ဖော်ပြလိုက်သော သုတေသနစာတမ်းတစ်စောင်ကဆိုသည်။

လက်မောင်းတွင်ကပ်သော နီကိုတင်းအကွက်ပြားလေးများနည်းတူ သက်ရောက်မှုရှိသည်ဟု ဆိုသည်။ အီးစီးကရက်ဖြင့် ဆေးလိပ်ဖြတ်လိုသူ၊ လျှော့လိုသူများကို များစွာကူညီနိုင်ကြောင်း သုတေသနလေ့လာမှုကိန်းဂဏန်း အစီရင်ခံစာများနှင့် ဖော်ပြသည်။

ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ကန့်ကွက်ခံရ


ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က လက်ရှိထုတ်ဝေနေသော တစ်ထောင်တန်အထိ ငွေစက္ကူများမှာ ပါတီတစ်ခုကို ကိုယ်စားပြုသော ခြင်္သေ့ ပုံတံဆိပ် ထည့်သွင်းရိုက်နှိပ် ထားခြင်းမှာ မသင့်တော်ဟု
ပြောကြားခဲ့သည်။

ဝန်ကြီးဌာနများကို လွှတ်တော် ကတိကဝတ်ကော်မတီ ကွင်းဆင်း စစ်ဆေးမည်


ရန်ကုန်၊ စက်တင်ဘာ ၁၁

လွှတ်တော်တွင် ပေးထားသော ကတိအတိုင်း အစိုးရက မလုပ်ဆောင်ဟု ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းထားသည့် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စု အစိုးရအဖွဲ့ လက်အောက်ခံလုပ်ငန်း ၂၆ခုကို ပထမအကြိမ် ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ ဝန်ကြီးဌာန လုပ်ငန်းများကို အဖွဲ့လေးဖွဲ့ခွဲကာ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်ကြာ ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

တိုက်ပွဲအတွင်းဖမ်းဆီးရမိသော တပ်မတော်အရာရှိတစ်ဦးအား KIA မှခေါင်းဖြတ်သတ်

ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ၂ ခါဖြစ်ခဲ့ပြီး နေ့ခင်းဘက်မှာ ၃ ယောက် ကျဆုံးသွားခဲ့ကာ ညဘက် အနီးကပ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လိုက်သွားခဲ့တဲ့ စစ်တပ်ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူစုကွဲသွားတဲ့ အရာရှိကို KIA မှ ဖမ်းမိ သွားခဲ့ပါတယ်... အဖမ်းခံခဲ့ရတဲ့ အရာရှိ (ဗိုလ်ဇော်မျိုးထက်) ကို ဒဏ်ရာရနေတဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ်ကာ ဗိုက်ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေကိုပါ သတ်ခဲ့ပါတယ်...

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အရာရှိကတော့ အပတ်စဉ် ၅၂ မှ ဖြစ်ပြီး မိဘများကတော့ ရန်ကုန်ကပါ.. အခု သားကို ရိုးရိုးတိုက်ပွဲ ကျသွားတယ်လို့ပဲ သိရှိထားတဲ့ မိဘတွေကတော့ တပ်ကို လိုက်သွားကြပြီလို့ သိရှိရပါတယ်...

(ကျန်ရစ်သူမိသားစု များနှင့် ထပ်တူ ၀မ်းနည်းကျေကွဲလျှက်)

>> သွေးသစ္စာ <<

(မှတ်ချက် - ပုံကတော့ ကချင်ပြည်နယ် ရှေ့တန်း တစ်နေရာမှာ ကျဆုံး သွားကြတဲ့ တပ်မတော်သား ၂ ယောက်ရဲ့ပုံပါ)

အေးချမ်းမွန် Credit To >Thway Thit Sar < Thanks
Re-posted By ACM 12-9-2013 
https://www.facebook.com/excellencemedia
(မှတ်ချက် - ပုံကတော့ ကချင်ပြည်နယ် ရှေ့တန်း တစ်နေရာမှာ ကျဆုံး သွားကြတဲ့ တပ်မတော်သား ၂ ယောက်ရဲ့ပုံပါ)
ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...
ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ၂ ခါဖြစ်ခဲ့ပြီး နေ့ခင်းဘက်မှာ ၃ ယောက် ကျဆုံးသွားခဲ့ကာ ညဘက် အနီးကပ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လိုက်သွားခဲ့တဲ့ စစ်တပ်ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူစုကွဲသွားတဲ့ အရာရှိကို KIA မှ ဖမ်းမိ သွားခဲ့ပါတယ်... အဖမ်းခံခဲ့ရတဲ့ အရာရှိ (ဗိုလ်ဇော်မျိုးထက်) ကို ဒဏ်ရာရနေတဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ်ကာ ဗိုက်ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေကိုပါ သတ်ခဲ့ပါတယ်...

ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခု သတင်းအပါ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ရဲ့ ကနဦး ရှင်းလင်းချက်

https://www.facebook.com/ye.htut.988/posts/449278525185755 မှ ကူးယူဖေါ်ပြပါသည်။
ဒီနေ့ ထုတ် Daily Eleven မှာ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ဖော်ပြထားပါတယ်။ အဲဒီသတင်းဆောင်းပါးမှာ အခုလို ရေးသားထားခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် ကေဘယ်ကားပြေးဆွဲရန် ဂျပန်နှင့် ဆွေးနွေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော် တောင် တက် လမ်းတွင် သက်ကြီး ရွယ်အိုဘုရားဖူးများ သွားလာရေး လွယ်ကူရန် အတွက် Cable Car ပြေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Asia Africa Cooperation Environment Center (ACEC) Myanmar INGO အသင်းဥက္ကဋ္ဌ Mr. Mitsuru Suzuki နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁ဝနာရီက မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ မွန် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဦး သက်ဝင်း၊ စည်ပင် သာယာဝန် ကြီး ဒေါက်တာတိုးတိုး အောင်၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးဝင်းမော်ဦးနှင့် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်း ထွန်းတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မြ၀တီမြို့ ထွတ်ပြေးရောက်ရှိ


မလေးရှားမှထွတ်ပြေးလာသောမြန်မာအလုပ်သမား ၁၅၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် စက်တင်ဘာ ၁၁ ရက်နေ့က မြ၀တီမြို့သို့ရောက်ရှိလာခဲ့သည်။

၎င်းအလုပ်သမားများသည် မလေးရှားမှ ၃ညအိပ် ၄ရက်ခရီးဖြင့်နယ်စပ်ကိုဖြတ်ကျော်ကာ ထွတ်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

မြ၀တီမြို့ခရိုင်အုပ်ချုပ်ရေးမှုးနှင့်တာဝန်ရှိသူများက ယင်းအလုပ်သမားများ၏ နေရပ်အသီးသီးသို့ ဘက်စ်ကားကြီးများနှင့်အခမဲ့တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

NW

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

" လောကဓံခေါင်းလောင်းသံနှင့် ပလက်ဖောင်းပေါ်က နှလုံးလှစာသင်ကျောင်း "

ည ၇ နာရီကျော် ..။ နေ့အလင်း ရောင်ကွယ်ပျောက်ပြီး လမ်းမကြီးဘေးရှိ ဆိုင်အချို့ ပိတ်သိမ်းနေပြီဖြစ်သည်။ ဆိုင်ကယ်များ ဥဒဟိုသွားလာနေ သည့် မန္တ လေးမြို့ ၇၈ လမ်းမကြီးဘေး၊၃၁  နှင့်၃၂ လမ်း ကြားရှိ  ကလေးကစားစရာအရောင်းဆိုင် Fantasy World  ဘေးကပ် လျက်ပိတ်ထားသည့်ဆိုင်ရှေ့ ပလက် ဖောင်းပေါ်ရှိ လမ်းေ ဘးမီးရောင်အောက်၊ မြက်ဖျာနှစ်ချပ်ခင်း၍ ကလေး ၁၃ ဦး ခန့်  ဗလာစာအုပ်များကို ဖွင့်ဖတ်နေသည်။ အသက် ၆ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးများ မိုးတစ်ဖျောက်ေ ဖျာက် ကျနေ သည့်ကြားမှာပင်  ထိုနေရာကို စွန့်ခွာမ သွားဘဲ စာအုပ်ပေါ်တွင် အာရုံစိုက်နေ ကြသည်။ အရွယ်စုံ ကလေးငယ် ၁၃ ဦးကြား တွင် ဆံပင်အရှည်နှင့် အသက် ၄ဝ ခန့်ရှိ ပုဂ္ဂိုလ်တစ်ဦး ကလေးတစ်ဦးချင်းစီသို့ လှည့်၍ စာပြကာ အလုပ်ရှုပ်နေသည်။ကျောက်သင်ပုန်းမရှိ၊ စာရေးခုံတစ် လုံးမှ မရှိ။ ကလေးအချို့က ပိတ်သိမ်းပြီး ဆိုင်ရှေ့လှေ ကားကို စာရေးခုံအဖြစ်အ သုံးပြုကာ သင်ရိုးစာအုပ်ပေါ်မှ စာအချို့ ကို ဗလာစာအုပ်ထဲသို့ ကူးရေးနေသည်။
ဆံပင်အရှည်ဖြင့် ပုဂ္ဂိုလ်က ထိုင်နေ ရာမှထကာ ကိုထွန်းလွင်ပါဟု သူကိုယ်သူ မိတ်ဆက်လိုက်ပြီး ”ဒါက ကျူရှင်သင် ပေးနေတာပါ။ ငွေကြေးမယူဘဲ အခမဲ့ပါ” ဟု ¤င်းက ရှင်းပြသည်။ ငွေကြေး တတ်နိုင်သူက ဆရာ၊ ဆရာမကို အိမ်ခေါ်ကာ အဲယားကွန်းနှင့် ဆိုဖာဆက်တီခုံပေါ်၌ ထိုင်ခိုင်းကာ မိမိတို့၏ ကလေးကို စာသင်ပေးနေကြ သည့်အချိန်၊ အမိုး၊ အကာ၊ အခင်း လုံခြုံ စွာဖြင့် ကလေးငယ်တို့ကို နွေးထွေး စွာထား၍ မီးအလင်းရောင်ဖြင့် စာသင် ခုံပေါ်တွင် သီးသန့် ကျူရှင်သင်နေကြ သည့်အချိန်တွင် ထိုပလက်ဖောင်း ပေါ်မှ ကျူရှင်ဝိုင်းက မြန်မာပြည်ပေါ်တွင် တစ် ခုတည်းသာ ရှိလိမ့်မည်ဟု ထင်ကြောင်း ကိုထွန်းလွင်က ဆိုသည်။

" ထန်းကိုင်းရေနံမှော်ကို တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်း "

Photo: " ထန်းကိုင်းရေနံမှော်ကို တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်း " 

ထန်းကိုင်း-စက်တင်ဘာ ၁၁					

		ထန်းကိုင်းရေနံမှော်အတွင်းရေနံတွင်းတူးသူများ၊ရေနံခပ်သူများ၊ရေနံစိမ်းရောင်းဝယ်ပြုလုပ်နေသူများနှင့်ဈေးဆိုင်ဖွင့်ရောင်းချနေသူများအားလုံးကိုရက်ကန့်သတ်လျှက် တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်းကြောင်းသ တင်းရရှိသည်။

မှော်အတွင်းပြည်သူ(၂)သိန်းဝန်းကျင်ခန့် ရောက်ရှိ၍
 ရေနံလက်ခပ်တွင်းများဖြင့်လုပ်ကိုင်ရှာဖွေနေမှုကို၉-၉-၂၀၁၃နေ့တွင် 
သရက်ခရိုင် ရဲမှူးမှစာတစ်စောင်ပြ၍ လုပ်ငန်းခေါင်းဆောင်ဟုယူဆသူများ ကိုခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။
	
“စာမှာဘာပါလဲဆိုတော့ ဈေးဆိုင်ခန်းရောင်းချသူတွေကို(၅)ရက်အတွင်
ဖယ်ရှားရမယ်၊ ရေနံတွင်းတူးသူတွေ၊ ခပ်သူတွေ၊၀ယ်ရောင်းသယ်ပို့နေသူတွေကို(၇)ရက်အတွင်း
အပြိးဖယ်ရှားပေးရမယ် လို့` ပါတယ်၊ရဲအင်အားက ပထမ(၅၀) ၊နောက်ထပ်ရောက်တာနဲ့ဆိုရင်(၁၅၀)လောက် တော့ရှိ မှာ ပေါ့၊စာကဘယ်သူထုတ်တာမှန်းမသိရဖူး၊
လက်မှတ်ထိုးမထားဖူး၊စည်းတံဆိပ်ရိုက်မထားဖူးဗျ” စာလက်ခံရရှိသူရွာသစ်ကြီးကျေးရွာဒေသခံတစ်ဦးမှပြောကြားခဲ့သည်။

ထန်းကိုင်းရေနံမှော်ကို(၂၀၀၇)ခုနှစ်မှ(၂၉-၄-၂၀၁၃)ထိ မြန်မာ့ရေနံမှ ကုမ္ပဏီများဖြင့် နိုင်ငံ
တော်အစိုးရ၏ခွင့်ပြုချက်ဖြင့် တူးဖော်ခဲ့သည်ဟုဒေသခံတစ်ဦးမှဆိုပါသည်။
ရေနံမှော်အတွင်းဓားမဦးချလုပ်ကိုင်ခဲ့သောတောင်သူကြီးများထံပြန်လည်အပ်နှံခံရသည့်အချိန်မှစ၍ဒေသခံများမှာလယ်ယာစိုက်ပျိုမှု မဖြစ်ထွန်းတော့သောရေနံမြေအား လက်ယက်တွင်းများပြုလုပ်၍ရေနံတူးဖော်ခဲ့ရာမှယခုကဲ့သို့နယ်အရပ်အသီးသီးမှလာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။
	
“ကျမတို့ကမြိုင်ဖက်ကပါ၊ဟိုမှာမိုးမကောင်းလို့ ယာတွေသိုက်တာမဖြစ်ဖူး၊ဒါကြောင့်စား စ ရိတ်ရရဆိုပြိးရေနံပုံးလာရွက်တာ၊တစ်ခေါက်(၅၀၀)ရပါတယ်”	ရွှံ့ထဲဗွက်ထဲတွင် ရေနံပုံးရွက်နေသူကဆိုပါသည်။	အများနည်းသူရေနံလာရောက်တူးသူများမှာလည်းလယ်ယာစိုက်ပိျုးရေးမကောင်းသဖြင့် လယ် ပေါင်၊ယာရောင်းဖြင့် ရင်းနှီးလုပ်ကိုင်သူများကိုပါတွေ့မြင်ခဲ့ရသည်၊ အချို့မှာအရင်းအနှီးမရှိ သဖြင့် လက်ခစားလုပ်ကိုင်သူမှားလည်းတွေ့ရသည်။	

“သားကရေနံခပ်တယ်၊ကျနော်ကဈေးရောင်းပေါ့၊တစ်နေ့တစ်သောင်းလောက်ဝင်တယ်ဗျ ၊ခုတင် နေတဲ့စားကြွေးလေးကျေအောင်ဆပ်နိုင်တော့မယ်”လို့ အကွေးမြို့ မယ်လှတောင်ရွာမှနေ့စဉ် မုန့်ပဲသွားရေစာရောင်းချသူတစ်ဦးကပြောပြပါသည်။	ယခုရေနံမှော်နေရာသည် မြန်မာ့ရေနံမှပိုင်ဆိုင်ပြီးရေနံတူးခြင်းရပ်နားထားချိန်တွင် တောင် သူများစိုက်ပျိုးစားရန် ပေးထားခြင်းဖြစ်ပြီး၊
တရားမ၀င်ရေနံတူးမှုကိုတားမြစ်ပေးရန် မြန်မာနိုင်ငံပြည် သူ့ရဲသို့အကူအညီတောင်းခံထားခြင်းဖြစ်သည်။

စာထုတ်ဝေခြင်းမှာမိမိတို့နှင့်မသက်ဆိုင်ကြောင်းနှင့်ယခင်ဧပြီလအတွင်းမှကတဲကဖယ်ရှားခိုင်းခဲ့သည်ကိုမဖယ်ရှားသဖြင့် သရက်ခရိုင်ရဲမှူးကြီးအစီ အ စဉ်ဖြင့် ထပ်မံဖယ်ရှားခိုင်းခြင်းသာဖြစ်ကြောင်းထန်းကိုင်းရေနံမြေMOGEမှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။
	
ထပ်မံစုံစမ်းကြည့်ရာတွင် စာထုတ်ဝေခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးအော်ဟစ်ခြင်းပြုခဲ့သည်မှာမှန်သော်လည်း၊ဖြန့်ဝေသောစာတွင် မည်သည့်အဖွဲ့အစည်း၊ တာဝန်ရှိသူ၏လက်မှတ်များရေး ထိုးထားခြင်း မရှိသောစာများဖြစ်နေသဖြင့် မှော်အတွင်းအင်တိုက်အားတိုက်လုပ်ကိုင်နေသူများ
အနေဖြင့် ဖယ်ရှားပေးမည်မဟုတ်ပဲလက်မှတ်များကောက်ခံကာ
သမ္မတထံလိပ်မူ၍ ဆက်လက်လုပ်ကိုင်ခွင့်တင်ပြတောင်းခံသွားမည်ဟု
သတင်းရရှိသည်။  

ဦးမင်း

ထန်းကိုင်း-စက်တင်ဘာ ၁၁

ထန်းကိုင်းရေနံမှော်အတွင်းရေနံတွင်းတူးသူများ၊ရေနံခပ်သူများ၊ရေနံစိမ်းရောင်းဝယ်ပြုလုပ်နေသူများနှင့်ဈေးဆိုင်ဖွင့်ရောင်းချနေသူများအားလုံးကိုရက်ကန့်သတ်လျှက် တစ်ပတ်အတွင်းအပြီးဖယ်ရှားခိုင်းကြောင်းသ တင်းရရှိသည်။

မှော်အတွင်းပြည်သူ(၂)သိန်းဝန်းကျင်ခန့် ရောက်ရှိ၍
ရေနံလက်ခပ်တွင်းများဖြင့်လုပ်ကိုင်ရှာဖွေနေမှုကို၉-၉-၂၀၁၃နေ့တွင်
သရက်ခရိုင် ရဲမှူးမှစာတစ်စောင်ပြ၍ လုပ်ငန်းခေါင်းဆောင်ဟုယူဆသူများ ကိုခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။

“စာမှာဘာပါလဲဆိုတော့ ဈေးဆိုင်ခန်းရောင်းချသူတွေကို(၅)ရက်အတွင်
ဖယ်ရှားရမယ်၊ ရေနံတွင်းတူးသူတွေ၊ ခပ်သူတွေ၊၀ယ်ရောင်းသယ်ပို့နေသူတွေကို(၇)ရက်အတွင်း
အပြိးဖယ်ရှားပေးရမယ် လို့` ပါတယ်၊ရဲအင်အားက ပထမ(၅၀) ၊နောက်ထပ်ရောက်တာနဲ့ဆိုရင်(၁၅၀)လောက် တော့ရှိ မှာ ပေါ့၊စာကဘယ်သူထုတ်တာမှန်းမသိရဖူး၊
လက်မှတ်ထိုးမထားဖူး၊စည်းတံဆိပ်ရိုက်မထားဖူးဗျ” စာလက်ခံရရှိသူရွာသစ်ကြီးကျေးရွာဒေသခံတစ်ဦးမှပြောကြားခဲ့သည်။

စစ်မှုမထမ်းမနေရ ပြဌာန်းဖို့ ကျားဖြူပါတီ သဘောတူ

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းရေးဆွဲဖို့ သဘောတူညီခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကျားဖြူပါတီ ခေါင်းဆောင်တွေဟာ တောင်ကြီးမြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ဒီနေ့အထိ ကျင်းပခဲ့တာပါ။ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းစေလိုတဲ့ အကြောင်းကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က အခုလိုပြောပါတယ်။

မုံရွာအကျဉ်ထောင်၌ (၁၃)ရက်ကြာ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့

မုံရွာ၊   စက်တင်ဘာ ၁၂ရက်၊ ကြာသာပတေးနေ့ ၀၄ နာရီ ၅၅ မိနစ်

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မုံရွာမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံထားရသူ ဒေါ်နော်အုန်းလှသည် ထိုနေ့ ညနေ ၅ နာရီအချိန်မှ စတင်၍ မုံရွာအကျဉ်း ထောင်အတွင်း၌ အစာအငတ်ခံ ဆန္ဒပြလျက်ရှိခဲ့ရာ ၁၃ ရက်ပြည့်သည့် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့် က မန္တလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ဖြစ်ကြောင်း မုံရွာ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိ ရသည်။

ထိုသတင်းရပ်ကွက်မှ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ ဆန္ဒစတင်ပြသည့် အချိန်ခန့်က သက်ဆိုင်ရာ ထောင်ဆရာဝန်၏ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ချက်များအရ ထိုသူ၏ ကိုယ်အလေး အချိန်မှာ (၁၈၆)ပေါင် ခန့်ရှိခဲ့သော်လည်း ယနေ့မနက် ၀၆ နာရီ အချိန် ကျန်းမာရေး စစ်ဆေးချက်များအရ ကိုယ်အလေးအချိန်မှာ (၁၇၄)ပေါင်ခန့် သာရှိတော့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ထိုသူ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အား အနီးကပ် စောင့်ကြည့်နိုင်ရန် အတွက် မန္တလေး အကျဉ်းဦးစီးဌာနရှိ ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ တာဝန်ယူ စောင့်ရှောက်နေရသည်ဟု သိရသည်။

တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများဖြင့် ရွှေထည်များဝယ်ယူ


ရန်ကုန်၊ စက်တင်ဘာ ၁၁

လှိုင်သာယာမြို့နယ် မီးခွက်ဈေးရှိ နန်းထိုက်အောင် ရွှေဆိုင်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က တစ်ထောင်ကျပ်တန် ငွေစက္ကူ အတုများ ရောနှောအသုံးပြုကာ ရွှေထည်ပစ္စည်း ကျပ်ငါးသိန်းကျော် ဝယ်ယူမှု ဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အဆိုပါရွှေဆိုင်သို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး သုံးပဲငါးရွေးရှိ ရွှေလက်ကောက် နှစ်ကွင်းနှင့် ခြောက်ပဲ ငါးရွေးရှိ ရွှေဆွဲကြိုး တစ်ကုံးကို ဝယ်ယူသွားခဲ့ရာ ညနေ ၅ နာရီတွင် ဆိုင်ပိုင်ရှင်က ရောင်းရငွေများ စစ်ဆေးရာ၌ အဆိုပါ အမျိုးသမီး ပေးချေသွားသည့် ရွှေထည်တန်ဖိုးငွေ ကျပ်ငါးသိန်းရှစ်သောင်း အနက် တစ်ထောင် ကျပ်တန် အသေးငွေစက္ကူ ၂၃၃ ရွက်မှာ အတုဖြစ်ကြောင်း သိရှိကာ ရဲစခန်းသို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

“ငွေစက္ကူအတုမှန်း သိသာပါတယ်။ ရေစာတံဆိပ် ရေစာကြိုးမပါဘူး။ စာရွက်သားက အရမ်းချောနေတာ” ဟု ၎င်းက ရှင်းပြသည်။

ပိုလန်ပါလီမန်ရှေ့ ဆန္ဒပြနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် လမ်းဆင်းလျောက်ခဲ့ရ

ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့ အသုံးချနေတာ မြင်ရဖို့ အတွက် မိုးစိုခံရတာ ထိုက်တန်ပါတယ် ( ဒေါ်အောင်ဆန်းစုကြည်)

ဝါဆော(ပိုလန်)-စက်တင်ဘာ ၁၂

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်ပါလီမန်ကို အလည်အပတ် သွားရောက်ရာ ပါလီမန်ရှေ့တွင် လမ်းကိုပိတ်ပြီး ဆန္ဒပြနေသည့် ပိုလန်အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များကြောင့် ကားပေါ်က ဆင်းလမ်းလျောက်သွား ခဲ့ရပြီး ထိုအချိန်တွင် မိုးရွာနေသဖြင့် မိုးမိသွားခဲ့သော်လည်း စိတ်အနှောက်အယှက်မဖြစ်ဘဲ ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့ အသုံးချ ဆောင်ရွက်နေကြတာကို မြင်ရတာ အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုခဲ့သည် ။

အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား

Photo: အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွား

လုပ်ခလစာ နည်းပါးခြင်း၊ မဆင်းမနေရ အချိန်ပိုဆင်းရခြင်းများ အပါအ၀င် အလုပ်သမား အခွင့်အရေးများကို အလုပ်ရှင်များမှ အပြည်အ၀ မပေးဘဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့၌ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက်ရှိပြီး Hong Tex အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများမှာ ပြေလည်မှု ရရှိပြီး ဖြစ်သည်ဟု သိရသည်။

အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးရေး၊ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို မခေါ်ရေး၊ အချိန်ပိုကြေး တိုးမြှင့်ရရှိရေး၊ အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး၊ အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရေး စသည့်အချက်များ အပါအ၀င် ဥပဒေပါ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အလုပ်ရှင်များက လိုက်လျောမှု မရှိသဖြင့် ထိုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ကျွန်မတို့ ဆန္ဒထုတ်ဖော်တာ သုံးရက်ရှိပါပြီ။ အလုပ်ရှင်နဲ့ ညှိနှိုင်းခွင့် ရပေမဲ့လည်း လိုက်လျောမပေးဘူးလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရုံးကိုတော့ တိုင်ကြားထားပါတယ်။ ကျွန်မတို့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေ အပြည့်အ၀ရဖို့ကို ခုံသမာဓိကောင်စီအထိ အဆင့်ဆင့်တင်ပြ တောင်းဆိုသွားမှာပါ" ဟု ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရှိ Force ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မခိုင်ဇင်မင်းက ပြောပါသည်။

ထို့အပြင် အလုပ်ရှင်များ အနေဖြင့် ယခင်ဇွန်လက ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြ၍ အလုပ်မှ ထုတ်ပယ်ခြင်းများနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ပြုလုပ်မှုများ ရှိနေကြောင်းလည်း အလုပ်သမားအရေး ကိစ္စများ ဆောင်ရွက်နေသူများထံမှ သိရသည်။

အလုပ်ထုတ်ပယ်ခြင်းခံရသော အလုပ်သမားများကို ပြန်လည်ခန့်အပ်ရန်အတွက် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း အလုပ်ရှင်များက လိုက်နာမှု မရှိခြင်းကြောင့် ခုံသမာဓိကောင်စီအထိ တိုင်ကြားထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောကြားသည်။

စက်ရုံအလုပ်ရုံ အများစုသည် အလုပ်သမားများ၏ အခြေခံ လုပ်အားခလစာကို အနိမ့်ဆုံးဖြစ်စေရန် သတ်မှတ်ထားခြင်း၊ မဆင်းမနေရ အချိန်ပို ဆင်းခိုင်းခြင်းများ၊ အချိန်ပိုလုပ်ခ နည်းစွာဖြင့် တစ်ရက်လျှင် ၁၃ နာရီခန့် ခိုင်းစေမှုများ ရှိကြောင်း၊ တစ်ရက်လျှင် ၁၂ နာရီခန့် မတ်တပ်ရပ် အနေအထားဖြင့် အလုပ်လုပ်ခိုင်းစေမှုများ ရှိနေခြင်း၊ နားနေချိန် နည်းပါးစွာ ခိုင်းစေမှုများ ရှိနေခြင်းများ အပါအ၀င် အလုပ်သမား ဥပဒေများအား လိုက်နာဆောင်ရွက်မှုများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

(လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများမှ ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်)
(လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံရှေ့တွင် အလုပ်သမားများမှ ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်)

လုပ်ခလစာ နည်းပါးခြင်း၊ မဆင်းမနေရ အချိန်ပိုဆင်းရခြင်းများ အပါအ၀င် အလုပ်သမား အခွင့်အရေးများကို အလုပ်ရှင်များမှ အပြည်အ၀ မပေးဘဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့၌ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက်ရှိပြီး Hong Tex အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများမှာ ပြေလည်မှု ရရှိပြီး ဖြစ်သည်ဟု သိရသည်။

အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးရေး၊ အလုပ်သမားများ လစာတိုးမြှင့်ပေးရေး၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို မခေါ်ရေး၊ အချိန်ပိုကြေး တိုးမြှင့်ရရှိရေး၊ အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး၊ အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရေး စသည့်အချက်များ အပါအ၀င် ဥပဒေပါ အလုပ်သမား အခွင့်အရေးများကို တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ အလုပ်ရှင်များက လိုက်လျောမှု မရှိသဖြင့် ထိုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရဲဘော်တစ်ဦးမှ ဒုအရာခံ ဗိုလ်တစ်ဦးအား လူမဆန်စွာ မီးရှို့သတ်ဖြတ်မှုအား တပ်ရင်းမှူးမှ အချုပ် (၂) ပတ်သာ ပြစ်ဒဏ်ချမှတ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရခိုင်ပြည်နယ် ၊ အမ်းမြို့ရှိ လလစ (၇၅၇) တပ်တွင်း စားသောက်ဆိုင်တွင် ၁၈.၈.၂၀၁၃ နေ့  ည(၈း၀၀) အချိန်ခန့်တွင် ကိုယ်ပိုင်အမှတ် ၅၂၇၅၆၅ ဒုအရာခံဗိုလ် စံလွင် နှင့် ကိုယ်ပိုင်အမှတ် တ-၂၇၄၆၂၈ တမ်သားအေးကျော်တို့သည် ကတောက်ကဆဖြစ်ခဲ့ရာ တမ်သားအေးကျော်မှ ဆဲဆိုစိန်ခေါ်၍ ဒုအရာခံဗိုလ်စံလွင်မှ လက်သီးဖြင့် (၂) ချက်ထိုးခဲ့သည်။

ထိုကိစ္စအား မကျေနပ်၍ တပ်သားအေးကျော်မှ ၁၈.၈.၂၀၁၃ နေ့ ည (၁၂း၀၀) အချိန်ခန့်တွင် ဒုအရာခံဗိုလ် စံလွင် အိပ်စက်နေသော လက်နက်ပြင်အခန်း၏ ပြတင်းပေါက်မှန်အားရိုက်ခွဲ၍ အတွင်းသို့ ဓါတ်ဆီနှင့် အင်ဂျင်ဝိုင်ရောထားသော ပလပ်စတစ်ပုံးအား မီးစာတပ်၍ ပစ်သွင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ နောက်တစ်နေ့ နေ့လည်ပိုင်းတွင်လည်း တပ်ကြပ်ကြီး သန်းထွန်း၏ ဖုန်းအားခေါ်ဆို၍ \"ဒုအရာခံဗိုလ် စံလွင်သေပြီလား\" ဟု ဆက်သွယ်မြေးမြန်းခဲ့ပါသည်။

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို

Photo: ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်းများ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။

(ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်း မြင်ကွင်းအား စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
(ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်း မြင်ကွင်းအား စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ


မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားပုဂ္ဂလိကဆေးခန်း မွေးကင်းစကလေး အရောင်းအဝယ်ပြု၍ စီးပွားရှာ

နိုင် ဂျီးရီးယားနိုင်ငံ၏ Moonlight Maternity ဆေးခန်းပိုင်ရှင်က မွေးဖွားကာစ ကလေးငယ်များကို ရောင်းစားနေသည်ဆိုသော စွပ် စွဲမှုနှင့် ပတ်သက်ဆွေးနွေးပြော ကြားရန် လိုလားခြင်းမရှိကြောင်း သိရသည်။ စွပ်စွဲမှုအရ ယောက်ျား လေးများသည် မိန်းကလေးများ ထက် ပိုမိုဈေးရရှိသည်ဟု ဆိုသည်။
အသက်ရ၄နှစ်အရွယ်ရှိ ဘင်အက္ကပူဒါချီသည် အန်အူဂူ မြို့အရှေ့တောင်ဘက်ပိုင်းရှိ ဆေး ခန်းပိုင်ရှင်ဖြစ်သည်။ အက္ကပူဒါချီ ၏ဆေးခန်းအား လုံခြုံရေးတပ်ဖွဲ့ က စစ်ဆင်ရေးတစ်ရပ်အဖြစ် ဝင် ရောက်စီးနင်းခဲ့ပြီးနောက် ကလေး စက်ရုံကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ မေလအတွင်းက အက္ကပူဒါချီ၏နေအိမ်သို့ ရဲတပ် ဖွဲ့က စီးနင်းဝင်ရောက်ရှာဖွေရာ ရောင်းချမည့် မွေးကင်းစကလေး များကို တွေ့ရှိခဲ့ကြသည်။

အက္ကပူဒါချီ၏ဆေးခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အား နေရာထိုင်ခင်းစီစဉ်ပေးပြီး မွေးဖွားလာသောကလေးများကို ရောင်းချရန် ကမ်းလှမ်းမှုပြုကြောင်း၊ အချို့သောအမှုများတွင် ဆန္ဒမပါ ဘဲ သို့မဟုတ် မုဒိမ်းပြုကျင့်ခဲ့ရမှု ကြောင့် မီးဖွားမှုပြုရသောအမျိုး သမီးငယ်များမှ မွေးဖွားလာသော ကလေးများကို မှောင်ခိုဈေးကွက် တွင် ရောင်းချမှုပြုခြင်းဖြစ်သည်။ များသောအားဖြင့် အက္ကပူဒါချီ ၏ဆေးခန်းတွင် လက်ထပ်ထား ခြင်းမရှိသော အမျိုးသမီးများမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ ရရာမှ ဆေးခန်းသို့ ရောက်လာ ကာ မွေးဖွားခဲ့ကြကြောင်း ရဲတပ် ဖွဲ့က ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis