menu

Thursday 12 April 2012

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် အငြင်းပွား


Handout photo shows members of Philippine Army inspecting one of eight Chinese fishing boats spotted in the Scarborough Shoal, a small group of rocky formations whose sovereignty is contested by the Philippines and China, in the South China Sea, about 124
ဓာတ်ပုံ Reuters
ဖိလစ်ပိုင် ရေတပ်က အဓိက ကျွန်း ဖြစ်တဲ့ လူဇွန် (Luzon) ကျွန်းက ရေမိုင် ၁၂၄ မိုင် အကွာ စကာဘာရို ရှိုး (Scarborough Shoal) တွင် တွေ့ရသော တရုတ် ငါးဖမ်း သင်္ဘော ရှစ်စီးမှ တစ်စီး အား စစ်ဆေးစဉ်
တောင်တရုတ် ပင်လယ် မှာ ရေပိုက်နက် အငြင်းပွားမှု နဲ့ ပတ်သက်ပြီးတော့ ရေတပ် နှစ်တပ် ထိပ်တိုက် ရင်ဆိုင်တွေ့ နေကြတဲ့ ကိစ္စမှာ တင်းမာမှု တွေ လျော့ပါးသွားအောင် လုပ်ဆောင်တဲ့ အနေနဲ့ ဖိလစ်ပိုင် အစိုးရဟာ အဲဒီနေရာကနေ သူတို့ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီး ကို ပြန်ခေါ်ယူလိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံရဲ့ အနောက်မြောက်ဘက် ၁၄၃ မိုင် အကွာက စကာဘာရို ရှိုး (Scarborough Shoal) မှာ ရောက်နေတဲ့ စစ်သင်္ဘော နေရာမှာ ကမ်းခြေစောင့် တပ်ရဲ့ သင်္ဘော အသေးလေး ဘဲ ထားတော့မယ် လို့ နိုင်ငံခြားရေး ဝန်ကြီး အယ်ဘတ် ဒဲ ရိုစာရီယို (Albert del Rosario) က ဒီကနေ့ဘဲ ပြောကြားသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သတင်းနှင့် မြင်ကွင်းများ




tg11
၂၀၁၂ ခုနှစ်မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်အသီးသီး၌ အနုပညာရှင်များနှင့် အတူဖွင့်ပွဲများ အသီးသီးကျင်းပခဲ့ပြီး ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားများပြားခဲ့သည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် လည်းတင်ဆက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ ရန်ကုန်မြို့၏ ရေကစားမဏ္ဍပ် အများစုကို မွန်းလွဲပိုင်းမှသာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကိုသာ နံနက်အစောပိုင်းတွင် ပထမ ဆုံးဖွင့်လှစ်ခဲ့ခြင်းကြောင့် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ရေပက်ခံထွက်သူများ အတန်ငယ်နည်းပါးခဲ့သော်လည်း မွန်းလွဲပိုင်းမှစတင်ကာ ရေကစားမဏ္ဍပ်များတည်ရှိသည့် ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း အပါအ၀င် နေရာအသီးသီး၌ စည်ကားများပြားခဲ့သည်ဟု သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အကြည်ညိုဆုံးပုဂ္ဂိုလ်မှာဗိုလ်ချုပ် အောင်ဆန်းသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထုတ်ဖော် ပြောဆို


ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အကြည်ညိုဆုံးပုဂ္ဂိုလ်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်း ယူနီဖောင်းသုံးစုံသာရှိကြောင်း၊ သက်တမ်းတိုတောင်းသော်လည်း တိုင်းပြည်အတွက် အလုပ်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့သည်ဟု ဦးခင်အောင်မြင့်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်

“မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို လုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ ဟေ့ … ဒီနိုင်ငံမှာ သူအကြည်ညိုဆုံးက ဗိုလ်ချုပ် အောင်ဆန်းပဲရှိတယ်၊ ဒီလို ခေါင်းဆောင်မျိုးရှာကြည့် လုံးဝမရှိဘူး” ဟု ပြောဆိုကြောင်း ဦးခင်အောင်မြင့်က ပြောသည်။

တိုကျိုမြို့တွင် ပက်ထရိယော့ ဒုံးကျည်များ စတင်ချထား



မြောက်ကိုရီးယားက ဂြိုဟ်တုပါသော ဒုံးကျည်ပစ်လွှတ်ရန် နီးကပ်လာရာ ဂျပန်ကလည်း မြို့တော်တိုကျိုတွင် ကာကွယ်ရေး အဆင့်မြှင့်သည့်အနေဖြင့် ဒုံးခွင်းစနစ်များ စတင်ချထားကြောင်း သိရသည်။

တိုကျိုမြို့ရှိ စစ်စခန်းသုံးခုတွင် ပက်ထရိယော့ ဒုံးကျည်များကို ဧပြီလ ၇ ရက်က ချထားခဲ့ပြီး ပင်လယ်ထဲမှနေ၍ ဒုံးကျည်များကို ခြေရာခံပစ်ချနိုင်သော Aegis ဖျက် သင်္ဘောသုံးစီးကိုလည်း ကာကွယ်ရေးဝန်ကြီးက အရှေ့တရုတ်ပင်လယ် သို့ စေလွှတ်ထားကြောင်း သတင်းထွက်ပေါ်နေသည်။
မြောက်ကိုရီးယား ဒုံးကျည်က ဂျပန်ပိုင်နက်ကို ခြိမ်းခြောက်လာပါက ပစ်ချရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ခွင့်ပြုချက်ပေးထားပြီး ဖြစ်သည်။

မိုးရေတစ်စက်ချင်းမှသည် ...ငြိမ်းချမ်းရေးဆီသို့


ယာယီစခန်းတစ်ခုမှ ကလေးငယ်တစ်ဦး နေ့လည်စာစားရန် ပြင်ဆင်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
"စစ်တိုက်ဖို့ ဆုံးဖြတ်ချက်ချတဲ့သူတွေထဲမှာ မိန်းမတွေမပါပါဘူး။ တိုက်နေကြ တဲ့ စစ်ပွဲတွေတိုင်းမှာလည်း မိန်းမတွေ မပါပါဘူး။ ယောက်ျားတွေအချင်းချင်း မာန်မာနတွေ တိုက်ခိုက်နေတဲ့ကြားထဲမှာ ကျွန်မတို့မိန်းမသားတွေ ဘာကြောင့် အလွယ်တကူ သားကောင်ဖြစ် နေရလဲ"လို့ မေးလိုက်တဲ့ သူ့ရဲ့လေသံဟာ ခက်ထန် မာကျောပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်တွေဝိုင်းလို့နေပါတယ်။
မေးခွန်းမေးပြီးတဲ့ တဒင်္ဂမှာ ဘာစကားမှ ထပ်မပြောနိုင်လောက်အောင် ငြိမ်သက်သွားပေမယ့် မျက်တောင်တွေကို ပုတ်ခတ်လိုက်ရင်း သူတို့ရဲ့ ကချင်ပြည် နယ် ခရီးစဉ်အတွေ့အကြုံတွေကို တက် ရောက်လာတဲ့ ဧည့်ပရိသတ်ကို တစ်ဆင့် ဝေမျှနေပါတယ်။

ပါးရိုက်ခက ငါးကျပ်ပဲဆိုတော့ . . .(မောင်ဆွေငယ်)

ပါးရိုက်မှုကို စီရင်ဆုံးဖြတ်သည့် ကာလကိုလည်း အံ့သြစရာ ဖြစ်ရသည်။ အမှုဖွင့် အရေးယူခဲ့သည်မှ အပြီးသတ် စီရင်ချက်ချမှတ်သည်အထိ တစ်နှစ်နှင့် ၁၀ လကျော် ကြာမြင့်ခဲ့သည်။ ဤအမှုကိုပင် ဤမျှ ကြာမြင့်သည် ဆိုပါက ထို့ထက်ကြီးမားသော အမှုများဆိုလျှင် ...


ကျွန်တော်ငယ်စဉ်က ဟာသတစ်ပုဒ် ဖတ်ဖူးပါသည်။ ကြာတော့ ကြာလှပါပြီ။ သို့သော် တကယ့် ဟာသရသမြောက်၍ ယခုအထိ ကျွန်တော်မမေ့ခဲ့။ ဇာတ်လမ်းက ဤ သို့ဖြစ်ပါသည်။

တစ်ခါက မြို့တစ်မြို့တွင် လူနှစ်ဦးစကားများကြရာမှ လက်ရောက်မှုဖြစ်သည်။ တစ်ဦးက စိတ်မထိန်းနိုင်၍ အခြားတစ်ဦးကို ပါးရိုက်မိခဲ့သည်။ တရားရုံးသို့ တိုင်ကြားသည့်အခါ တရားသူကြီးက ''ပါးရိုက်ခ ငါးကျပ် ဒဏ်ဆောင်စေ''ဟူ၍ အမိန့်ချမှတ်ပါသည်။ ထိုအခါ ပါးရိုက်သူက ငွေတစ်ဆယ်ကျပ်တန်ကို ထုတ်ပေးသည်။ အရိုက်ခံရသူက အကြွေ အမ်းစရာမရှိဟု ဆိုသည်။ ထိုအခါ ပါးရိုက်သူက ''အမ်းစရာမလိုတော့ဘူး''ဟု ဆိုကာ နောက်တစ်ချက် ထပ်ရိုက်လိုက်ပါတော့သည်။

ယခုနှစ် မန္တလေးသင်္ကြန် ကျုံးနံဘေးတွင် မဏ္ဍပ် ၃၅ ခုဖြင့် အစည်ကားဆုံးဖြစ်မည်




မန္တလေး Alpine မဏ္ဍပ်ရှေ့မြင်ကွင်း
၂၀၁၂ ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင်လည်း ယခင်နှစ်များနည်းတူ ကျုံးပတ်ပတ်လည်၌ သင်္ကြန်မဏ္ဍပ်စုစု ပေါင်း ၃၅ ခုအပါအ၀င် မြို့တွင်း မဏ္ဍပ်တစ်ခုနှင့်  မြို့တော်ဝန်မဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်များ အပါအ၀င် စုစုပေါင်း ၃၆ ခုတည်ရှိ မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် Metal Zone တေးဂီတအဖွဲ့နှင့်အတူ မြန်မာပြည်သိန်းတန်၊ ခင်မောင်ထူး၊ သန်းမြတ်စိုး၊ မန္တလေးသိန်းဇော်၊ ရဲလေး၊ ချစ်သုဝေ၊ Lဆိုင်းဇီ၊ ရတနာ မိုင်တို့ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော်ဝန်မဏ္ဍပ်သို့ လာရောက်ဖျော်ဖြေသော အနုပညာရှင်များသည် ကျုံးပတ်ပတ်လည်ရှိ မဏ္ဍပ်များသို့ အလှည့်ကျ လှည့်လည် ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရပြီး Alpine မဏ္ဍပ်တွင် Rဇာနည်၊  ကောင်းမြတ်၊ ဟန်ထွန်း၊ ဖိုးကာ၊ ခန့်စည်သူ၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗိုလ်၊ တင်ဇာမော်၊ ၀ိုင်းစုခိုင်သိန်း၊ ရတနာ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်တို့က ဖျော်ဖြေသွားမည်ဖြစ်သည်။

စက်ရုပ်တစ်ရုပ်နဲ့ ချစ်ခင်ခြင်း - ၂(ဂျူး)


              

                ရန်ကုန်သို့ ကျွန်မ ရောက်သည့်ရက်များတွက် တစ်ခါတလေ ကျွန်မလာလို့များ သူ့ရုံးကို ဖျက်လိမ့်မည်မထင်နှင့်  ၊ နံနက် ကိုးနာရီဆိုလျှင် အမြဲရုံးသွားလေ့ရှိသည် ။ ရုံးမသွားမီ နံနက်စောစော ကျွန်မ အိမ်သို့ သူရောက်လာလေ့ရှိသည် ။ အနီးအနား က ဆိုင် တစ်ဆိုင်သို့သွား၍ နှစ်ယောက်အတူတူ မုန့်စား ၊ ကော်ဖီ သောက်ကြမည် ။ ပြီးလျှင် သူရုံးသွားမည် ။ကျွန်မက မြို့ထဲ သွားစရာရှိလျှင် ဘတ်စ်ကားအတူစီးမည်။ ဘတ်စ်ကားပေါ်မှာ တစ်ခုံတည်း ထိုင်ရလို့လည်း စကားဖောင်ဖွဲ့ပြောမည်မထင်နှင့် ၊ တစ်ခွန်းမျှ မပြောဘဲ တစ်လမ်းလုံး ငြိမ်သက်စွာလိုက်လာမှာပဲ ။ ဆင်းခါနီးမှ … "  မ .. တစ်ယောက်တည်း ဖြစ်ရဲ့လား ၊ ကိုယ် လိုက်ဖို့ လို သလား " ဟု ၀တ္တရားကျေ မေးတတ်သည်။ကျွန်မက ဘယ်နှယ့်လုပ်ပြီး လိုက်ပို့ပါဟု ပြောထွက်မလဲ ၊ မဟုတ်ဘူးလား ။

ရွှေဥ ယူမလား ငန်းယူမလား(ဇာနည်ဦး)

ဂျာမဏီ တွင် အခြေစိုက်သော ကုမ္ပဏီကြီး တစ်ခုမှ ယနေ. အကြောင်းပြန်စာ ရောက်လာ သည်။ ရက်သတ္တပတ် သုံးပတ်မျှ ကြာမြင်.မည်. ၎င်း ၏ စီးပွားမိတ်ဖက်များအတွက် ကျေးဇူး တုံ.ပြန်သည်. အနေနှင်. မေတ္တာဖြင်.  စီစဉ်ပေး သော ခရီးစဉ်  (Incentive Tour) တစ်ခု ပတ်သတ်၍ အကြောင်းပြန်ခြင်းဖြစ်သည်။  ခရီးသည် အရေအတွက် ၈၀ ခန်. မြန်မာနှင်.ဗီယက်နမ် တစ်နိုင်ငံ မဟုတ် တစ်နိုင်ငံ သွားရောက် လည်ပတ်ရန်ဖြစ်သည်။ ထိုခရီးစဉ်နှင်. ပတ်သတ်၍ ဆွေးနွေးညှိနှိုင်း နေခဲ.သည်မှာ လွန်ခဲ. သော တစ်လလောက်ကတည်းက ဖြစ်ပြီး ယနေ. အကြောင်းပြန်သည် မှာ ယင်းအာမခံ ကုမ္ပဏီ၏ အမှုဆောင်အဖွဲ.သည် မြန်မာ နှင်. ဗီယက်နမ် နှစ်နိုင်ငံအနက် ဗီယက်နမ် ကို သွားရောက် လည်ပတ်ရန် ရွေးချယ်လိုက်သည်. အကြောင်းပင် ဖြစ်သည်။ ဗီယက်နမ် ကို ရွေးချယ်ရသည်. အကြောင်းအရင်းမှာ မြန်မာနိုင်ငံနှင်. ယှဉ်လိုက်လျှင် ခရီးစဉ်ဈေးနှုန်းများ အလွန်အမင်း သက်သာ သောကြောင်. ဖြစ်သည်ဟု ဆိုသည်။ ထို.ထက်ပို၍ လေးနက်သော အကြောင်းပြချက်မှာ  “Value for Money”  ဖြစ်သည်. ပေးရသည်. ပိုက်ဆံနှင်. ပြန်ရသော တန်ဖိုး ၊ ၀န်ဆောင်မှု အရည်အသွေး ၊ စိတ်ကျေနပ်မှု တို.တွင် ဗီယက်နမ် က မြန်မာ ထက် များစွာ သာသည် ဟူ၍ဖြစ်လေသည်။

ဦးခင်ညွန့်ကြောင့်နိုင်ငံရေးရှုပ်ထွေးမည်ကို စိုးရိမ်နေကြ



ဒီပဲယင်း လုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ခဲ့သည်ဟု ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့မှုအပေါ် နေပြည်တော်အစိုးရ အဖွဲ့အတွင်းစိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ၎င်းအား ပြန်လည် ဖမ်းဆီးနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
စစ်အစိုးရဟောင်း လက်ထက် အမိန့်ဖီဆန်မှု၊ အကျင့်ပျက်ချစားမှုတို့ဖြင့် စွပ်စွဲခံရ၍ ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ် အကျယ်ချုပ် ချထားရာက လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခင်ညွန့်ကို ကောင်းမွန်စွာနေရန် ပြောဆို၍ ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းသည် နိုင်ငံရေး တိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု တစုံတရာဖြစ်သွားနိုင်ကြောင်း နေပြည်တော် အသိုင်းအ၀ိုင်းတွင် ပြောနေကြသည်။

NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်မည်

သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ  ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ် ငြင်းဆို

ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook)

၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဦးခင်ညွန့်က ပြောဆိုခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်ဟာ မှားယွင်းတယ်လို့ မြန်မာအစိုးရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။

ဒီမိုကရေစီခရီးစဉ် လွယ်ကူဖွယ်ရာမရှိ


မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ၀င်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်က ဝါရှင်တန် ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု လျော့ချရေး ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်နေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တလောက သူတယ်လီဖုန်းပြောခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ရောက်ပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဟာ "စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာခြင်း တနည်းအားဖြင့် နိုင်ငံရေးမှာ အပေးအယူလုပ်ရမယ့်" နိုင်ငံရေးသဘောမျိုး အဓိကဖြစ်လာလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားလည်းဖြစ်တယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းအပေးအယူလုပ်ခြင်းဟာ ညစ်ညမ်းတဲ့ ဝေါဟာရမဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် ယခင်နှစ်ထက် ပိုချထားပေး ၊ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်တွင် ရေကစားမဏ္ဍပ် အများဆုံးတည်ရှိမည်




ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ဆောက်လုပ်ဆဲမဏ္ဍပ်တစ်ခုကို တွေ့ရစဉ်
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များအား ပြီးခဲ့သည့်နှစ်ထက် ပိုမိုချထားပေးခဲ့ကြောင်း မဏ္ဍပ်စာရင်းများအရ သိရှိရသည်။ မဏ္ဍပ်စာရင်းများအရ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်တွင် ရေကစားမဏ္ဍပ်အကြီး ၂၀ ခန့်ဖြင့် အများ ဆုံး ရှိမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန်အတွက် ကန်တော်ကြီး ကန်ပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ဆရာစံလမ်း၊ စက်မှု ၁ လမ်းစသည်တို့တွင် ရေကစားမဏ္ဍပ် အကြီးစုစုပေါင်း ၃၁ ခု ခန့်သာခွင့်ပြုခဲ့ သော်လည်း  ယခုနှစ် သင်္ကြန်တွင် အဆိုပါနေရာများ၌ မဏ္ဍပ်အကြီး စုစု ပေါင်း ၄၀ ကျော်ကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis