menu

Friday 25 October 2013

ကမ္ဘာကျော် စစ်ကျောင်းတော်ကြီး ဆင်းဟတ်စ် (Sandhurst)....(စိုးမြင့်မိုး (ဘူမိ))

8.1.1
ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်သို့ သွားရောက် လည်ပတ်ကာ အမှာစကား ပြောကြားသည်။ Sandhurst စစ်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်မြင့် စစ်ကျောင်းကြီး တစ်ကျောင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ စစ်တက္ကသိုလ်များထဲတွင် အမေရိကန် ပြည်ထောင်စုမှ West Point စစ်တက္ကသိုလ်၊ ဗြိတိန်နိုင်ငံမှ Sandhurst စစ်တက္ကသိုလ်၊ ပြင်သစ်နိုင်ငံမှ Saint Cyr စစ်တက္ကသိုလ်တို့သည် နှစ်ပေါင်းရာကျော် သက်တမ်းရှိကြပြီး အစဉ်အလာကြီးမား ကျော်ကြားလှသည့် စစ်တက္ကသိုလ်ကြီးများ ဖြစ်ကြသည်။
ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်
ဆင်းဟတ်စ် ဆိုသည်မှာ ရွာကလေး၏ အမည်ဖြစ်သည်။ လန်ဒန်မြို့တော်နှင့် မိုင် ၃၀ ခန့်ဝေးသော ကင်ဘာလေ (Camberley) မြို့ကလေး အနီးတွင် ဆင်းဟတ်စ်ရွာ ရှိသည်။ ယင်းကိုအစွဲပြု၍ ဆင်းဟတ်စ် စစ်တက္ကသိုလ်ဟု ခေါ်ကြခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့တော် ၀ူးဝစ် (Woolwich) အရပ်ရှိ ဘုရင့်စစ်တက္ကသိုလ် (Royal Military Academy) နှင့် ဆင်းဟတ်စ် (Sandhurst) ရှိ ဘုရင့်စစ်ကောလိပ် (Royal Military College) တို့ကို ပေါင်းပြီး ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ် (The Royal Military Academy Sandhurst) ဟု ပြောင်းလဲခေါ်ဆို ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ကျောင်းဆင်းပွဲကို ဆဋ္ဌမမြောက် ဂျော့ဘုရင် တက်ရောက် ချီးမြှင့်ခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ

Photo: ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
Friday, October 25, 2013

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့ နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က  ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ၀န်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။

voaburmese

Friday, October 25, 2013

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့ နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

မန္တလေးဂေါဝိန်ဆိပ် လုယက်မှုများကြောင့် လုံခြုံရေးကြီးကြပ်

news_mdy_mgllkg_mmn

မန္တလေး၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း သီပေါမင်းနှင့် စုဖုရားလတ်တို့ ပါတော်မူချိန် အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည့် သင်္ဘောဆိုက်ကပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး မန္တလေး ဂေါဝိန်ဆိပ်ကမ်း၌ အောက်တိုဘာလအတွင်း လုယက်မှုများရှိလာ၍ လုံခြုံရေးကြီးကြပ် လုပ်ဆောင်လျက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ တာဝန်ရှိသူထံမှ သိရသည်။
“ညဘက်ကျရင် လှေနဲ့ အုပ်စုလိုက်လာပြီး ကုန်စည် စက်လှေတွေပေါ်က ပစ္စည်းတွေလုတာ တွေ့ရတယ်။ သူတို့ကို မြင်လို့ သူခိုးလို့ လှမ်းအော်တဲ့သူတွေကို လေးခွနဲ့ ပစ်ကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယခုအောက်တိုဘာလအတွင်း လုယက်မှုလေးမှု ဖြစ်ပွားခဲ့ကာ သုံးမှုမှာ ကုန်တင်ကုန်ချနှင့် လူစီးသင်္ဘောများပေါ်တွင် ဖြစ်ပွားခဲ့ပြီး တစ်မှုမှာ သင်္ဘောဆိပ်ခံပေါ်တွင် ခိုးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သမ္မတရာထူး ဝင်ပြိုင်ခွင့်ရရန် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားမည်ဆိုသည့် သတင်းများကို အာနိုးငြင်းဆို

entertm_tywapktan_ctm.com

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၄

အာနိုးရှဝါဇန်နဂါတစ်ယောက် သမ္မတရာထူး ဝင်ရောက် ယှဉ်နိုင်ဖို့အတွက် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတော့မယ်ဆိုတဲ့ သတင်းတွေကို ကာယကံရှင်ဖြစ်တဲ့ ဟောလိဝုဒ် ဝါရင့် သရုပ်ဆောင်ကြီးအာနိုးက ငြင်းဆန်လိုက်ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ်ဆက် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အာနိုးဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရာထူး နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်း ပတ်ထဲက ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ အာနိုးဟာ သြစတြီးယားနိုင်ငံမှာ မွေးဖွားသူတစ်ယောက် ဖြစ်ပြီး ၁၉၈၃ ခုနှစ်ကမှ အမေရိကန်နိုင်ငံသား ခံယူခွင့် ရခဲ့သူ တစ်ယောက်ဖြစ်ကာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမေရိကန်နိုင်ငံဖွား မဟုတ်သူတွေဟာ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတဲ့အတွက် သူ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရင်ကြိုးစားလိမ့်မယ်ဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။

ဂျာမန်ဝန်ကြီးချုပ်၏ ဆက်သွယ်ပြောကြားမှုများ လျှို့ဝှက်ထောက်လှမ်းခြင်း မရှိဟု သမ္မတအိုဘားမား အာမခံ

news_for_gwspldmtoa_ap

ဝါရှင်တန်၊ အောက်တိုဘာ ၂၃

ဂျာမန်ဝန်ကြီးချုပ်မာကယ်၏ ဆက်သွယ် ပြောကြားမှုများကို လျှို့ဝှက် ထောက်လှမ်းခြင်း မရှိသလို ထောက်လှမ်းရန်လည်း အစီအစဉ်မရှိဟု အမေရိကန် သမ္မတအိုဘားမားက အာမခံပြောကြား လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ဂျာမန်ဝန်ကြီးချုပ်၏ တယ်လီဖုန်း ဆက်သွယ် ပြောကြားချက်များကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက ကြားဖြတ် နားထောင်နေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျာမန်ဝန်ကြီးချုပ်တို့ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
“လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပူးပေါင်းရင်ဆိုင်နိုင်ရေး အမေရိကန်နဲ့ ဂျာမနီ အနီးကပ် ပူးပေါင်းဆောင်ရွက် နေတာတွေကို အရမ်းကို တန်ဖိုးထားပါတယ်” ဟု အိမ်ဖြူတော်က ပြောကြားသည်။
ထို့အပြင် လုံခြုံရေးနှင့် ပုဂ္ဂလိက သီးသန့် အခွင့်အရေးကြား မျှခြေရှိစေရန် ထောက်လှမ်းရေးသတင်း စုဆောင်းသည့် စနစ်များကို အမေရိကန်ပြည်ထောင်စုက ပြန်လည်သုံးသပ်နေကြောင်း ထုတ်ဖော် ပြောကြားသည်။

နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးမည် မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

North-Korea-Military ( netnewsledgers)

ပြုံယမ်း၊ အောက်တိုဘာ ၂၄
မြောက်ကိုရီးယားနိုင်ငံအပေါ် ခြိမ်းခြောက်နေသည့် ပြင်ပနျူကလီးယား အန္တရာယ်များကို ဖယ်ရှားမပေးပါက နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးမည် မဟုတ်ဟု မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန် ကြေညာလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
“ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး ဖြေရှင်းရေးမှာ အပြန်အလှန် တုံ့ပြန် လုပ်ဆောင်ချက်တွေက အခြေခံမူတွေ ဖြစ်နေတာကြောင့် မြောက်ကိုရီးယားတို့က တစ်ဖက်သတ် လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းရှင်းရေးဟု ဆိုရာတွင် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား လက်နက်များကို တစ်ဖက်သတ် ဖျက်သိမ်းပေးသည်ကို ဆိုလိုခြင်း မဟုတ်ဘဲ ကျွန်းဆွယ်အပေါ် သက်ရောက်နေသည့် ပြင်ပ နျူကလီးယား ခြိမ်းခြောက်မှု များကိုလည်း တစ်ပြိုင်နက်တည်း ဖြေရှင်းသွားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူတစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ရပ်ကွက်၊ဇေယျဝတီ ၄လမ်းနေမ......(၁၇)နှစ်သည်ကျူရှင်တက် ရန်အိမ်မှ ထွက်သွားရာ ညနေပိုင်းအချိန်အထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူကလိုက်လံရှာဖွေ ရာညဆယ်နာရီအချိန်ခန့် တွင် သမီးဖြစ်သူမှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက်ရှိနေကြောင်းသိရပြီးလိုက်သွားခဲ့သည်ဟုဆိုသည်။
သမီးဖြစ်သူမ..... အားမေးမြန်းကြည့်ရာမှ တစ်ရပ်ကွက်ထဲနေ အသက်(၂၉) နှစ် အရွယ် အဘ ဦးကျော်ကျော်ဝင်း၏ သားဖြစ်သူမှာ သန်လျင်သို့ဘုရားဖူးသွားမည်ဟု ခေါ်ဆောင်သဖြင့် မ….မှာလိုက်ပါသွားခဲ့ရာ သန်လျင်မြို့ရှိ “မြိုင်” တည်ခိုခန်းသို့ခေါ်ယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သဖြင့် သွေးသွန်ခဲ့ပြီး ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မ…....က မိခင်ဖြစ်သူကို ပြန်ပြောပြခဲ့သည်။

Miss International ပြိုင်ပွဲမှာ ဂုဏ်ရည်အေးကျော်က ကချင် ဝတ်စုံနဲ့ ဘာကြောင့် ယှဉ်ပြိုင်မှာလဲ

ဂုဏ်ရည်အေးကျော်, ကချင်တိုင်းရင်းသား
Miss Myanmar ဂုဏ်ရည်အေးကျော် (ဓာတ်ပုံ – ဂုဏ်ရည်အေးကျော် facebook မှ)

Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်က ကချင်ပြည်နယ်နဲ့ လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ အသွေးအသား ထဲက တခု အပါအ၀င်ပါ ဆိုတာကို သက်သေပြချင်တဲ့ အနေနဲ့ သူသွားရောက် ယှဉ်ပြိုင်မယ့် Miss International 2013 ပွဲရဲ့ အမျိုးသားဝတ်စုံနဲ့ ပြိုင်ပွဲကဏ္ဍမှာ ကချင်တိုင်းရင်းသား ၀တ်စုံကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ ကချင်နဲ့ မြန်မာတွေရဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတကာကလည်း တော်တော်လေး အာရုံစိုက်နေတဲ့ အထဲမှာ ပါတယ်လေ။ အဲဒီတော့ ကချင်ဝတ်စုံကို ရွေးချယ်ခြင်းအားဖြင့် နိုင်ငံကို ကိုယ်စားပြုမယ့် ၀တ်စုံသည် ကချင်၊ ဆိုတော့ ကချင်လူမျိုးတွေ အတွက်ကိုရော ဗမာလူမျိုးတွေ အတွက်ကိုပါ ကျမတို့ ရင်ထဲမှာ တသွေးတည်း၊ တသားတည်း ရှိနေပါ သေးတယ်လို့ အဓိက ပြချင်တာပါ။ မြန်မာပြည်ရဲ့ အသွေးအသားထဲမှာ ကချင်ပြည်လည်း ပါပါတယ်ဆိုတာ သူတို့ကို သွေးချင်း အနေနဲ့ ယူဆထားတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့် ၀တ်စုံကို ကချင်အဖြစ် ရွေးချယ် ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာကို ပြချင်တာက ဗမာနဲ့ ကချင်သည် အခုချိန်အထိ တသွေးတည်း၊ တသားတည်း ရှိနေပါတယ် ဆိုတာကိုပါ။ ဒါသည် ပြန်လည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုချင်လို့ပါ။ ပြီးတော့ ကျမတို့ပြိုင်ပွဲ Logo ကလည်း Peace ပါတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ကျမတို့ ပြန်လည် ဖော်ဆောင်ချင်လို့ ကျမတို့ ၀ိုင်းစဉ်းစားပြီး ရွေးချယ် ထားတာပါ။ အဲဒီလို ပြသခွင့် ရနိုင်မယ့် အတွက်လည်း အရမ်း ကျေနပ်မိပါတယ်” လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။

ဗုံးစွန့်ကျင်း သို့မဟုတ် ဉာဏ်ကြီးရှင်တို့ ဖန်တီးမှု

အောင်မင်္ဂလာ အဝေးပြေး ကားဝန်းမှာတွေ့ရတဲ့ ဗုံးစွန့်ကျင်း ဆိုတဲ့ ဖေ့စ်ဘုတ် က ဒီနေရာမှာ တင်ထားတဲ့ ဓာတ်ပုံကို မြင်တော့ အတွေးဆန့်မိဖြစ်တယ်။ ဒီဓာတ်ပုံကိုမြင်ပြီး ဉာဏ်ကြီးရှင်တို့ရဲ့ ဖန်တီးမှု လို့ ပြောရမ လားပါဘဲ။ 



ဓာတ်ပုံ- Kyaw Kyaw Htun's Facebook

တလော ဗုံးတွေပေါက်၊ ဗုံးတွေတွေ့နဲ့ လူအများလည်း ဗုံးလန့်ကြ၊ စိုးရိမ်ကြနဲ့ လူတွေလည်း မသွားရဲ၊ မလာရဲ နဲ့ ဖြစ်ခဲ့ကြတယ်။ 

အခု ဒီလို ဗုံးစွန့်ကျင်းထဲကို သံသယဖြစ်ဖွယ် ဗုံး ဆိုတဲ့ အရာကြီးကို ပြည်သူတွေက ယူသယ်သွားပြီး စွန့်ရ မယ့် သဘော ဖြစ်နေတယ်။  ဘယ်လောက် အန္တရာယ်များလိုက်မလဲ ဆိုတာ တာဝန်ရှိသူတွေ မစဉ်းစားပဲ လုပ်မိတယ် ထင်ပါရဲ့။ ဆေးမြီးတိုနဲ့ ကုစားတဲ့ ခေတ်ကို လွန်မြောက်ဖို့ လိုနေပြီလို့ ပြောရမှာပါ။ 

အမေရိကန်ဒေါ်လာသုံးထောင်ချီးမြှင့်မည့် Miss Popular Vote ဆုအတွက် ပရိသတ်အားပေးစေလိုသည့် ထားထက်ထက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် Miss Grand Myanmar ထားထက်ထက်နှင့် တွေ့ဆုံ၍ မေးခွန်းအချို့မေးဖြစ်ခဲ့သည်။

အားကစားစိတ်ဓာတ်လေးသိချင်ပါ တယ်။
---------------------------------------------
ညီမတို့ ကျွမ်းဘားကစား တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရတယ်။ အားကစား ကစားတဲ့အကွက်အချင်းချင်း စည်းလုံးမှုရှိတယ်။ ကျန်းမာရေးလဲ ကောင်းတယ်။ ငယ်ငယ်ကတည်း က အားကစားလိုက်စားတဲ့ သူဆို ရင် သူများတွေထက် စိတ်ဓာတ်ကပိုပြီး ခိုင်မာတယ်။ တခြားလူငယ်တွေကို ဘယ် အားကစားမဆို ကိုယ်နှစ်သက်တဲ့ အား ကစားမျိုးကို ကစားစေချင်ပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ ကျွမ်းဘား အားကစားကို ဘာကြောင့်ရွေးချယ်ခဲ့ပါ သလဲ။
---------------------------------------------------------------

ထိုင်းဘုရားဖူးကားမှောက် ၂၂ဦး သေ၊ ၁၆ဦးဒဏ်ရာရ


ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့် လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။

ဘုရားဖူးများသည် ဗုဒ္ဓဘာ သာဝင်များ ကုသိုလ်ကောင်းမှုရရှိ စေရန် အခမ်းအနားကျင်းပခြင်း နှင့် သီလဆောက်တည်ခြင်းများ ပြုလုပ်ရန် ဘုရားကျောင်းသို့ လာ ရောက်ကြခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် အမျိုးသမီးအ များဆုံးပါဝင်ကြပြီး ကားသမား သည် လူသေစေနိုင်သောစည်းကမ်း မဲ့ကားမောင်းနှင်မှုဖြင့် တရားစွဲခံ နေရကာ ထောင်ဒဏ် ၁ဝနှစ်ထက် မနည်း ကျခံရနိုင်ကြောင်း ဗိုလ်မှူး ဆွမ်ဒက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) စိုးရိမ်မှုအပေါ် သဘောထားမှတ်ချက်များ

“စိုးရိမ်ရင်လဲ စိုးရိမ်မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေက တဖြည်းဖြည်း အရှိန်မြင့်လာတာကိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ လုပ်နေတာတွေ အားလုံးနဲ့ နောက်ပြီး ဟိုရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေက သူ့ကို နောက်ကျောမလုံအောင် လုပ်နေသလို ဖြစ်နေပြီ။ နောက်ပြီး မြစ်ဆုံကိစ္စတို့၊ လက်ပံတောင်းကိစ္စ စတဲ့ စီးပွားရေးကိစ္စ တွေမှာ ပြဿနာတွေ ဖြစ်လာတယ်။ အားလုံးကလည်း ပြောရဲ ဆိုရဲ ရေးရဲ ဖြစ်လာတော့ သူအာဏာမလွှဲခင်က ဖြစ်ခဲ့တာတွေကို မဖော်ထုတ်ဘူးလို့ အာမမခံနိုင်တော့ဘူး။
နိုင်ငံအကြီးအကဲ လုပ်ခဲ့တဲ့သူဟာ ချန်ထားခဲ့တဲ့ နိုင်ငံကို အေးအေးဆေးဆေးနဲ့ မြင်ချင်မှာပေါ့ ။ ဒါမှသူ့ကို မထိခိုက်မှာလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး

အာဆီယံ ဥက္ကဋ္ဌ မြန်မာကို စိန်ခေါ်မှုများက စောင့်ဆိုင်းနေ

အာဆီယံ, ဥက္ကဋ္ဌ, နိုင်ငံခြားရေး, ဒေသတွင်း, ပြည်တွင်းရေး
အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျ ရာထူးကို ဘရူနိုင်းထံမှ မြန်မာက လွှဲပြောင်းရယူခဲ့သည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး တာဝန်ထမ်းဆောင်ရန် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သုံးသပ်လေ့လာသူများက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လာမည့်နှစ် ဇန်န၀ါရီလ မှ စတင် ထမ်းဆောင်ရမည်ဖြစ် ပြီး ပထမဆုံး စိန်ခေါ်မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး က ဧရာဝတီကို ပြောသည်။
“နံပတ် ၁ က ကျနော်တို့ နိုင်ငံရဲ့ ချမှတ်ထားတဲ့ Foreign Policy (နိုင်ငံခြားရေးမူဝါဒ)၊ အဲဒါနဲ့ Regional Bloc ( ဒေသတွင်း အသင်း) ရဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ နိုင်ငံတကာ ပေါင်းစည်းမှုတွေပေါ့။ အဲဒီ ၂ ခုကို ကျနော်တို့က Balancing (ဟန်ချက်ညီရေး ) ဘယ်လို လုပ်မလဲဆိုတာအရေးကြီးတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍ တက်ကြွသည့် ကြားနေ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေခြင်း ဖြစ် ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း အကြား အတိတ်ကတည်းက ဖြစ်နေသည့် အငြင်းပွားမှုများနှင့် လတ်တ လော အငြင်းပွားမှုများ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့် အဖွဲ့ဝင်နိုင်ငံများနှင့် ကျန်နိုင်ငံ များ အကြား ကိစ္စရပ်များအပေါ် မည်ကဲ့သို့ အကောင်းဆုံး အဖြေရှာမည် ဆိုသည်မှာ အရေးပါကြောင်း ဦးဇော်ဋ္ဌေးက ဆက်ပြောသည်။

မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်

Photo: မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၄

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေး ပေးဆောင်ကာ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

တရားမဝင် လုပ်သားများ ပြည်တော် ပြန်ခွင့်ရရှိရန် အထူးဖြတ်သန်းခွင့် (Special Pass) ရရှိရေးအတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေးကို ရင်းဂစ် ၅၀၀ ပေးဆောင်ရပြီး ကလေးဆိုပါက ရင်းဂစ် ၃၀၀ ပေးရပြီး အခြားကိစ္စများ ဆောင်ရွက်ရန် ရင်းဂစ် ၁၅၀ ခန့် အလုပ်သမားများက ပေးဆောင်ရကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ၏အဆိုအရ သိရှိရသည်။

ဒဏ်ကြေး ဆောင်ပြီးသူများ မြန်မာနိုင်ငံ ပြန်လာရန် လေယာဉ်လက်မှတ်ကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့က ပူးပေါင်း လှူဒါန်းကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) မှ အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားသည်။
“ဒီတစ်ကြိမ်မှာတော့ လေယာဉ် လက်မှတ်လောက်ပဲ လှူဒါန်းတယ်။ နောက်တစ်ခေါက်ဆိုရင် ဒုက္ခသည်စခန်းက လူတွေခေါ်မယ်။ အဲဒီအခါတော့ အားလုံး Free ခေါ်မယ်” ဟု ၎င်းကဆိုသည်။

မလေးရှား ဒုက္ခသည်စခန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်ခန့် နေရပ်ပြန်ပို့ပေးရန် ကျန်ရှိနေသေးကြောင်းနှင့် MAI စင်းလုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာလုပ်သား ၁၇၆ ဦး အနက် ကလေးငယ်ကိုးဦး ပါရှိကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့ထံမှ သိရှိရသည်။

ယခုပြန်လည် ရောက်ရှိလာသည့် လုပ်သားများမှာ မလေးရှားနိုင်ငံတွင် ဖမ်းဆီးမခံရရေး တိမ်းရှောင်နေရသူများ၊ အလုပ်လက်မဲ့ ဖြစ်နေသူများနှင့် မသန်မစွမ်း ဖြစ်နေသူများမှာ အများစု ပါဝင်ကြောင်း ပြန်လည် ရောက်ရှိ လာသည့် လုပ်သားများကို မေးမြန်းချက်အရ သိရသည်။
“ဟိုမှာနေရတာက ပတ်စ်ပို့ မရှိတော့ ဘယ်တော့ ဖမ်းမလဲဆိုပြီး လန့်နေရတယ်၊ အဲ့ဒါနဲ့ မထူးဘူးဆိုပြီး ပြန်လာခဲ့တာ” ဟု မလေးရှားနိုင်ငံတွင် သုံးနှစ်ခန့် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ဦးဇော်မြင့်အောင်က ပြောကြားသည်။

မလေးရှားရောက် မြန်မာလုပ်သားများကို ဆဋ္ဌမ အကြိမ်မြောက် ခေါ်လာခြင်း ဖြစ်ပြီး လုပ်သား တစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးထားပြီး ဖြစ်ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၄

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေး ပေးဆောင်ကာ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

တရားမဝင် လုပ်သားများ ပြည်တော် ပြန်ခွင့်ရရှိရန် အထူးဖြတ်သန်းခွင့် (Special Pass) ရရှိရေးအတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေးကို ရင်းဂစ် ၅၀၀ ပေးဆောင်ရပြီး ကလေးဆိုပါက ရင်းဂစ် ၃၀၀ ပေးရပြီး အခြားကိစ္စများ ဆောင်ရွက်ရန် ရင်းဂစ် ၁၅၀ ခန့် အလုပ်သမားများက ပေးဆောင်ရကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ၏အဆိုအရ သိရှိရသည်။

ဒဏ်ကြေး ဆောင်ပြီးသူများ မြန်မာနိုင်ငံ ပြန်လာရန် လေယာဉ်လက်မှတ်ကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့က ပူးပေါင်း လှူဒါန်းကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) မှ အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားသည်။

International Business Times က ရွေးချယ်သော ဘီကီနီဝတ်စုံဖြင့် အလှပဆုံး ပြိုင်ပွဲဝင်သုံးဦးတွင် မိုးစက်ဝိုင် ပါဝင်

Photo: International  Business Times က ရွေးချယ်သော ဘီကီနီဝတ်စုံဖြင့် အလှပဆုံး ပြိုင်ပွဲဝင်သုံးဦးတွင် မိုးစက်ဝိုင် ပါဝင်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရောက်ရှိနေသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အလှမယ်များအနက် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ဖိလစ်ပိုင်အလှမယ် Ariella Arida၊ အမေရိကန်အလှမယ် Erin Brady တို့နှင့်အတူ ဘီကီနီဝတ်စုံဖြင့် ကြည့်အကောင်းဆုံး ခန္ဓာကိုယ် ပိုင်ရှင်များအဖြစ် International Business Times ဝက်ဘ်ဆိုက်၏ ရွေးချယ်ခြင်း ခံရကြောင်း၊ ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မိုးစက်ဝိုင်သည် မြန်မာနိုင်ငံရှိ ကျန်းမာရေး လေ့ကျင့်ရေးစင်တာဖြစ်သော Real Fitness ရှိ သင်တန်းနည်းပြ တစ်ဦးထံမှ အကြဉာဏ်များ ရယူကာ၊ လှပသော ခန္ဓာကိုယ် အချိုးအစား ရရှိစေရန် လေ့ကျင့်ခဲ့ကြောင်း၊ ယင်းသို့ လေ့ကျင့်မှုများကို Miss Universe Myanmar ဆုကို ရရှိပြီးချိန်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး  ထိုင်းနိုင်ငံသို့ သွားရောက်၍လည်း သူမခန္ဓာကိုယ်၏ အဓိကကျသော အစိတ်အပိုင်းများကိုလည်း အချိုးအစား ကျနစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Miss Universe ပြိုင်ပွဲဝင်များကို ဘီကီနီဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ အင်တာဗျူး အစီအစဉ်များပေါ်တွင် မူတည်၍ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်ကို သွားရောက် အားပေးရန်အတွက် Miss Universe Myanmar ပြိုင်ပွဲမှ တာဝန်ရှိသူ အချို့နှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ လိုက်ပါသွားမည် ဖြစ်ကြောင်း၊ မိုးစက်ဝိုင်၏ မြန်မာရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်မှုအတွက် မြန်မာ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် ဓလေ့ထုံးစံကို ဖော်ပြနိုင်ရန်အတွက် ရှေးခေတ် နန်းတွင်းတွင် မင်းသမီးများ ဝတ်ဆင်ကြ သည့် ဝတ်စုံကို ချုပ်လုပ်ဖန်တီး ပေးထားကြောင်း၊ ပိုးအစစ်ပေါ်တွင် ဒီဇိုင်းများကို လက်ဖြင့် အပင်ပန်းခံ ရေးဆွဲကာ အလှပဆုံး ဖန်တီးပေးထားကြောင်း မိတ်ကပ်နှင့်ဆံပင် ဒီဇိုင်းထူးချွန် ပညာရှင် (Best Make Up Asia Award) ဆုရှင် တိုးတိုးက ပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရောက်ရှိနေသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အလှမယ်များအနက် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ဖိလစ်ပိုင်အလှမယ် Ariella Arida၊ အမေရိကန်အလှမယ် Erin Brady တို့နှင့်အတူ ဘီကီနီဝတ်စုံဖြင့် ကြည့်အကောင်းဆုံး ခန္ဓာကိုယ် ပိုင်ရှင်များအဖြစ် International Business Times ဝက်ဘ်ဆိုက်၏ ရွေးချယ်ခြင်း ခံရကြောင်း၊ ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မိုးစက်ဝိုင်သည် မြန်မာနိုင်ငံရှိ ကျန်းမာရေး လေ့ကျင့်ရေးစင်တာဖြစ်သော Real Fitness ရှိ သင်တန်းနည်းပြ တစ်ဦးထံမှ အကြဉာဏ်များ ရယူကာ၊ လှပသော ခန္ဓာကိုယ် အချိုးအစား ရရှိစေရန် လေ့ကျင့်ခဲ့ကြောင်း၊ ယင်းသို့ လေ့ကျင့်မှုများကို Miss Universe Myanmar ဆုကို ရရှိပြီးချိန်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်၍လည်း သူမခန္ဓာကိုယ်၏ အဓိကကျသော အစိတ်အပိုင်းများကိုလည်း အချိုးအစား ကျနစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မှောင်ခိုလမ်းကို အစိုးရတပ်များ ဝင်ရှင်းသဖြင့် ကချင် စစ်ပြေး ဒုက္ခသည်များ ထိတ်လန့်

ကချင်, ဒုက္ခသည်, မန်စီ, အစိုးရစစ်တပ်, KIA
ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို အောက်တိုဘာ ၂၂ ရက်နေ့က ဝင်ရောက်ရှင်းလင်းရာ စစ်ပြေး ဒုက္ခသည်များ ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။
ဗန်းမော်အခြေစိုက် အစိုးရ တပ်များသည် လက်နက်များဖြင့် မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည်စခန်းကို ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ကျေးရွာသားများလည်း ကြောက်လန့်စိတ်ဖြင့် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် လာရောက် နားခိုနေကြကြောင်း မိုင်းခေါင်ကျေးရွာမှ သင်းအုပ်ဆရာ ဖာသာ ပီတာ ဇလွန်တုက ဧရာဝတီသို့ ပြောသည်။
“မြန်မာစစ်တပ်က ရွာအ၀င်လမ်းမှာ လက်နက်တွေနဲ့ ပစ်ခတ်တာကို ရွာသားတွေက ကြောက်ပြီး ထွက်ပြေးတာပါ။ တိုက်ပွဲ လို့တော့ ပြောလို့လည်း မရဘူး။ ခြိမ်းခြောက်တဲ့ သဘောပေါ့။ အဲဒီနေရာမှာက မှောင်ခိုလမ်းတွေရှိတယ်။ သစ်မှောင်ခို လုပ်တဲ့လမ်းကို လာရှင်းတာ လို့လည်း ပြောတာပဲ။ ဒါပေမယ့် ရွာသား နှစ်ဦး ဒဏ်ရာရတယ်လို့ ကြားထားပါတယ်” ဟု ဖာသာ  ပီတာ ဇလွန်တုက ဆိုသည်။

သစ်ခိုးထုတ် မှုကို အကြောင်း ပြသည့် တိုက်ပွဲတော့ မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) ငြင်းဆို

Photo: သစ်ခိုးထုတ် မှုကို အကြောင်း ပြသည့် တိုက်ပွဲတော့ မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) ငြင်းဆို
***************************************** 
   ရှမ်းပြည် မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇)  စစ် ကြောင်းတို့၏ ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ် စကနမ်ခုန် ရွာဟောင်း၌ ဖြစ်ပွား ခဲ့သည့် (၆) နာရီကြာတိုက်ပွဲ သည် ယမာန်နေ့ ညနေ (၄)နာရီတွင် ပြီးဆုံး သွားခဲ့ပြီးယနေ့ ညနေ အထိ ငြိမ်သက် နေသည်ဟုအမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

“ သစ်ခိုး ထုတ်တာကို လိုက်စစ်ဆေးရင်း တိုက်ပွဲ ဖြစ်တယ်လို့ အကြောင်း ပြရင် ကွင်းဆင်း စစ်ဆေး ကြည့်ရင် ပိုကောင်း လိမ့်မယ်။ ဒါမှ လက်တွေ့ ပိုကျ မယ်ပေါ့။ ဟုတ်မှ မဟုတ်တဲ့ ကိစ္စကို နည်းပရိယာယ်တွေ သိပ်မသုံး သင့်တော့ဘူး။ အဲဒီ နေရာမှာ ဘာသစ် ခိုးထုတ် မှုမှ မရှိဘူး။ အလကား ပြောနေ တာပါ” ဟု ဆိုပါသည်။

ယမာန်နေ့ တိုက်ပွဲတွင် KIA ဖက်မှ (၃) ဦး ဒါဏ်ရာ ရပြီး၊ အစိုးရ ဖက်မှ (၁၀) ဦးထက်မနည်း ကျဆုံး ဒါဏ်ရာရ ခဲ့သည်ဟု ဆိုပါ သည်။ လောလော ဆယ်တွင် နှစ်ဖက် တပ်များ ရင်ဆိုင် နေလျှက် ရှိပြီး အစိုးရ တပ်များ၏ လှုပ်ရှားမှု အပေါ်တွင် မူတည်ပြီး တိုက်ပွဲ ဖြစ်ပွား လာနိုင် ဖွယ်ရာ ရှိကြောင်း ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး ပုံစံသည် သတင်း ပေါက်ကြားမှု မရှိသည့် လှုပ်ရှားမှုဖြင့် တပ်ရင်း (၁၂) ၏ လမ်းပမ်း ဆက်သွယ်ရေး ဧရိယာရှိ ကျေးရွာ များအား ရွာဝင် ရွာထွက် ကိစ္စများကို ထိမ်းချုပ်ခြင်း၊ ကျေးရွာရှိ တယ်လီဖုန်း များအား ပိတ်ခိုင်း ခဲ့ခြင်းဖြင့် လှုပ်ရှား လာခဲ့ ပေသည်။  ဤကဲ့သို့ ဆောင်ရွက် ပြီးမှ နောက်ဆုံးတွင် KIA တပ်ရင်း (၁၂) ၏ တပ်ဖွဲ့ ရှိရာကို တောလမ်း အတိုင်း လှို့ဝှက် ထိုးစစ် ဆင်လာ ခဲ့ရာမှ တပ်ရင်း (၁၂) ၏ တပ်ရေး အဖွဲ့နှင့် တိုးပြီး မမျှော် လင့်ဘဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထို့အပြင် ယခု စစ်ဆင် နေသည့် ဧရိယာ တွင်လည်း မည်သည့် သစ်လုပ်ငန်းမှ ထုတ်လုပ်ခြင်း မရှိသည့် အတွက် သစ်ခိုးထုတ် မှုကို အကြောင်းပြ ခြင်းသည် နည်းပရိယာယ်သာ ဖြစ်လိမ့်မည်ဟု တပ်ရင်း (၁၂) မှူးက ယူဆ ခဲ့ပါသည်။

အမည်မဖေါ် လိုသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက် ဆိုင်ရာ လုံခြုံရေး ဌာန အရာရှိ တဦး ကလည်း ယခုကဲ့သို့ တိုက်ပွဲဖြစ် ပွားခဲ့ ခြင်းသည် အစိုးရ တပ်များက သစ်ခိုးထုတ် သူများကို လိုက်လံ စစ်ဆေးရင်း တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု  အလဲဗင်း မီဒီယာအား အောက်ပါ လင့်အတိုင်း ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။
https://www.youtube.com/watch?v=2ZHdaSRTW14

ဤသို့ကြောင့် KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ကမူ အစိုးရ တပ်ဖွဲ့၏ ယခု စစ်ဆင်ရေးသည် နယ်မြေ စိုးမိုးရေး အတွက် KIA ၏ လမ်းပမ်း ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး လူထုနှင့် ကင်းကွာ စေရန် ဆောင်ရွက်သည့် စစ်ဆင်ရေးဟု နားလည် ထားကြောင်း ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာ စစ်ဆင်ရေး တိုက်ပွဲကြောင့် KIA နည်းပညာ အထောက် အကူပြု အဖွဲ့သည်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း အားလည်းကောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သို့လည်းကောင်း ဖြေရှင်း ပေးပါရန် ယမာန် နေ့က တောင်းဆို လိုက်ပါသည်။

ဤသို့ ကြောင့် ယင်းကိစ္စနှင့် ပါတ်သက်ပြီး သမ္မတသည် ယမာန်နေ့ ညတွင် ၀န်ကြီး ဦးအောင်မင်းအား ခေါ်ယူ တွေ့ဆုံ ခဲ့သည်ဟု အစိုးရ ငြိမ်းချမ်းရေး စင်တာ MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောကြောင်း KIA နည်းပညာ အထောက် အကူပြု အဖွဲ့မှ ဆရာဒေါင်းခါးက ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသည် လာမည့် အောက်တိုဘာ လကုန်တွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေး ပွဲကို ထိခိုက် နိုင်လိမ့်မည် မဟုတ်ဟု တိုင်းရင်းသား ခေါင်းဆောင် များက သုံးသပ် နေပါသည်။ အကြောင်းမှာ လိုင်ဇာ ထိပ်သီး ဆွေးနွေး ပွဲသည် အစိုးရ အပါအ၀င် တရုတ် တို့၏ နားလည်မှုဖြင့် ကျင်းပ သောကြောင့် ဖြစ်ပါသည်။
    Written by  ရွှေဟင်္သာသတင်းဌာန

ရှမ်းပြည် မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇) စစ် ကြောင်းတို့၏ ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ် စကနမ်ခုန် ရွာဟောင်း၌ ဖြစ်ပွား ခဲ့သည့် (၆) နာရီကြာတိုက်ပွဲ သည် ယမာန်နေ့ ညနေ (၄)နာရီတွင် ပြီးဆုံး သွားခဲ့ပြီးယနေ့ ညနေ အထိ ငြိမ်သက် နေသည်ဟုအမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

“ သစ်ခိုး ထုတ်တာကို လိုက်စစ်ဆေးရင်း တိုက်ပွဲ ဖြစ်တယ်လို့ အကြောင်း ပြရင် ကွင်းဆင်း စစ်ဆေး ကြည့်ရင် ပိုကောင်း လိမ့်မယ်။ ဒါမှ လက်တွေ့ ပိုကျ မယ်ပေါ့။ ဟုတ်မှ မဟုတ်တဲ့ ကိစ္စကို နည်းပရိယာယ်တွေ သိပ်မသုံး သင့်တော့ဘူး။ အဲဒီ နေရာမှာ ဘာသစ် ခိုးထုတ် မှုမှ မရှိဘူး။ အလကား ပြောနေ တာပါ” ဟု ဆိုပါသည်။

ယမာန်နေ့ တိုက်ပွဲတွင် KIA ဖက်မှ (၃) ဦး ဒါဏ်ရာ ရပြီး၊ အစိုးရ ဖက်မှ (၁၀) ဦးထက်မနည်း ကျဆုံး ဒါဏ်ရာရ ခဲ့သည်ဟု ဆိုပါ သည်။ လောလော ဆယ်တွင် နှစ်ဖက် တပ်များ ရင်ဆိုင် နေလျှက် ရှိပြီး အစိုးရ တပ်များ၏ လှုပ်ရှားမှု အပေါ်တွင် မူတည်ပြီး တိုက်ပွဲ ဖြစ်ပွား လာနိုင် ဖွယ်ရာ ရှိကြောင်း ဆိုပါသည်။

အိပ်ခန်းထဲ ဝင်ခိုးသည့် သူခိုးကို တံခါးသော့ခတ်ပြီး ဖမ်းဆီး

ကိုဂျူ (ကသာ)

ကသာ ၊ အောက်တိုဘာ ၂၄ ။ ။ အောက်တိုဘာ၂၄ရက် နံနက်၉ နာရီခွဲက အိပ်ခန်းထဲအထိ ဝင် ရောက်ခိုးယူနေသည့် သူခိုးတစ်ဦးကို မိန်းကလေးငယ်တစ်ဦးက ဉာဏ် ကောင်းစွာဖြင့် အိပ်ခန်းတံခါး အား သော့ခတ်ပေးထားမှုကြောင့် ရဲ တပ်ဖွဲ့ဝင် များမှ အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့ အ မှတ်(၇)ရပ်ကွက်နေ ဒေါ်ရင်တိုး (ခ)ဒေါ်တင်တင်တိုး သည် အလှ ပြင်ဆိုင်သို့ရောက်ရှိနေစဉ် အိမ် တွင်ကျန်ရှိနေခဲ့သော သမီးငယ် မယဉ်မွန်အောင် ၁၇ နှစ်က ဖုန်း ဆက်၍ အိမ်ရှိအိပ်ခန်းအတွင်း သူခိုးတစ်ဦး ဝင်ရောက် ပြီး ငွေ များ ခိုးယူနေသည် ကို တွေ့ရ၍ အိပ်ခန်းတံခါးကို သော့ခတ်ထား လိုက်ကြောင်း အသိပေးခဲ့သည်။

သမီးငယ်၏ပြောဆိုချက် အရ မိခင်ဒေါ်ရင်တိုးမှ ကသာ ရဲစခန်းသို့ ဆက်လက်သတင်းပို့ ခဲ့ရာ ရဲစခန်းမှတပ်ဖွဲ့ဝင်များလိုက် ပါလာကာ အခန်းတံခါးသော့ဖွင့် ၍ အလွယ်တကူဖမ်းဆီးရမိနိုင်ခဲ့ ခြင်းဖြစ်သည်။

ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်ကဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ပန်းမြတ်ဇော်

ရှစ်ကြိမ်မြောက် ကျင်းပသည့်ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့် မင်းသားကင်ဒုံဝန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းကို ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ကျင်းပသည့် ညစာစားပွဲ တွင် ထည့်သွင်းပြောကြားကို အောက်တိုဘာလ ၂၄ ရက်တွင် သမ္မတရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်း ရုပ်ရှင်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကိုကုန်သည်ကြီးများဟိုတယ်တွင်ကျင်းပခဲ့ရာ ကိုရီးယားမင်းသား ကင်ဒုံဝန်က ပြောကြားခဲ့သည်။

ကင်ဒုံဝန်သည် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ကျန်းမာရေးအခြေအနေ ကြောင့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ ညစာစားပွဲသို့သာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။

မင်းသားကင်ဒုံဝန်က “အချိန်ရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ အေးမြတဲ့နေရာတစ်ခုမှာ အနားယူချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့ စိတ်ကူးလည်းရှိပေမယ့် မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည်မရှိဘူးသိရတာကြောင့် မတွေ့ဖြစ်တော့ပါဘူး။

စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့်အနုပညာရှင်များတက်ရောက်မည်


ပန်းမြတ်ဇော်

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် စင်ကာပူနိုင်ငံ Kreta Ayer Peoples' Theatre တွင် ပြသမည်ဖြစ်သည်။ ပြပွဲသို့ ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ စိုးမြတ်သူ ဇာ၊ အိန္ဒြာကျော်ဇင်နှင့် ဖွေးဖွေးတို့ တက်ရောက်မည်ဖြစ်သည်။

ဒါရိုက်တာဝိုင်းက “ဒီကနေ နိုဝင်ဘာ ၂ ရက်နေ့စသွားမယ်။ ၇ ရက်နေ့မဟုတ်ရင် ၈ရက်နေ့တော့ ပြန် ရောက်မယ်။ ပထမတစ်ခေါက်ပြတုန်းက ကျွန်တော်လိုက်မသွားဖြစ်ဘူး။ ဒီတစ်ခေါက်ပွဲမှာတော့ပရိသတ် တွေဆီက စကားသံနားထောင်ချင်တယ်။ ဘာတွေလိုအပ်လဲ၊ ဘာတွေထည့်ဖြည့်စရာလိုလဲဆိုတာ နား ထောင်မယ်။ နောက်တစ်ခါ ဒီလိုထပ်သွားပြမယ်ဆိုရင် ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲဆိုတာကို အဓိကနားထောင်မယ်” ဟု ပြောပြသည်။

ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်


ဇော်ဇော်ထွေး

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့် ကိစ္စဖြင့် စကားများ၍ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ် သေမှုတစ်ခုဖြစ်ပွားပြီး နောက်ရက်တွင် ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသားတစ်ဦး အလားတူ ဆွဲကြိုးချ သတ်သေခဲ့မှုတစ်ခုလှိုင်မြို့နယ်တွင် အောက်တိုဘာ ၂၃ ရက်က ထပ်မံ ဖြစ်ပွားခဲ့သည်။

အမှုမှာ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ အမှတ် (၁၅)နေအိမ်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ကိုဝင်းဗိုလ် (၃၂)နှစ် ဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၎င်းသည် နေအိမ်အပေါ်ထပ်အမြင့်ရှစ်ပေလေးလက်မခန့်ရှိ ထုတ်တန်းတွင် တစ်မတ်လုံးခန့်ရှိ နီညိုရောင် ပလပ်စတစ်ကြိုးအား ချည်နှောင်ပြီး ကျန်ကြိုးစတစ်ဖက်အား လည်ပင်းတွင် ကွင်းလျှောချည်နှောင်ပြီး ကြမ်းပြင်၌ ဒူးကွေးလျက်သေဆုံးနေသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ဗုံးစီးရီးတွေက သံသယများလျော့ကျသွားသလား

Photo: ဗုံးစီးရီးတွေက သံသယများလျော့ကျသွားသလား
---------------
ရေးသားသူ- ခိုင်ထွန်း၊ မင်းဟိန်းကျော်

နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက အစိုးရနှင့်ပြည်သူအကြား တည်ဆောက်ဆဲ ယုံကြည်မှုတို့ ကျိုးပြတ်ကာ မယုံကြည်မှုသံသယများကို တိုးပွားစေခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကို ကေအင်န်ယူနှင့်ပတ်သက်ကြောင်း အစိုးရကထုတ်ဖော်ပြောကြားပြီးနောက် တစ်ချိန်ကဗျူဟာများ ပြန်သုံးနေပြီလားဟု အစိုးရအပေါ် သံသယပိုမြင့်မားစေခဲ့သည်။ သို့သော် စွပ်စွဲခံရသည့် ကေအင်န်ယူတာဝန်ရှိသူများက မြန်မာအစိုးရနှင့် လာရောက်စကားပြောခြင်းဖြင့် ထိုသံသယများ လျော့ပါးသွားစေခဲ့သည်။ ထို့ကြောင့် ဗုံးပေါက်ကွဲမှုများမှ ထိုအမြတ်ရလိုက်သည်ဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုကြသည်။

တိတ်ဆိတ်နေသည့် ရန်ကုန်မြို့လယ် ညချမ်းသည် ကုန်သည်ကြီးများဟိုတယ်၏ အခန်းအမှတ် ၉၂၁ မှစတင်၍ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။

အခန်းအမှတ် ၉၂၁ ဗုံးပေါက်ကွဲမှုမှ ဆူးလေဘုရားလမ်းပေါ် တစ်စဆီကြွေလင့်လာသည့် မှန်စများ၊ နည်းတူဆက်တိုက်ဖြစ်ပေါ်နေခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် မြန်မာနိုင်ငံ၏ ထွန်းသစ်စ အကူးအပြောင်းကာလသည်လည်း မှန်စများလို တစ်စဆီကြွေကျမလားဆိုသည့် မေးခွန်းများ တသီတတန်းကြီး ထွက်ပေါ်လာသည်။

ပေါက်ကွဲမှုများကလည်း တိုင်းပြည်၏နိုင်ငံရေးရေချိန်မြင့်နေချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးစားနေချိန်၊ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားနေချိန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် ညှိနှိုင်းနေသည့်အချိန်များနှင့် ချိန်သားကိုက်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများက လူများ၏သံသယစိတ်ကို ပိုမိုသက်ဝင်စေခဲ့သည်။

“ကျွန်တော်တို့ကတော့ ဇာတ်ညွှန်းတစ်ခုရေးပြီး ကပြန်ပြီ။ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကို အာရုံလွှဲပြန်ပြီလို့ တွက်လိုက်မိတယ်”ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဦးစောဝင်းထွန်းကပြောသည်။

ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ယခင်က အစိုးရစွပ်စွဲလေ့ရှိသည့် မြေအောက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများသည်လည်း အစိုးရနှင့် ဆက်ဆံရေးကောင်း ရရှိထားခဲ့ပြီဖြစ်သောကြောင့် ဖောက်ခွဲမှုများနှင့်ပတ်သက်၍ ယခုတစ်ခေါက်တွင် အစိုးရက မည်သူ့ကို လက်ညှိုးထိုးမည်နည်းဆိုသည်မှာလည်း လူအများစိတ်ဝင်စားသည့်မေးခွန်း ဖြစ်ခဲ့ရသည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် ယခင်အတိတ်နှင့်မတူခြင်းမှာ ပေါက်ကွဲမှုပြီးနောက် လက်သည်ကို ဖော်ထုတ်သည့်အပိုင်းတွင် လူအများအံ့အားသင့်စရာပင်ဖြစ်ခဲ့ရသည်။ ယခင်က ပေါက်ကွဲမှုဖြစ်တိုင်း တစ်ဖက်နှင့်တစ်ဖက် အပြစ်ဖို့ကြသည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းနှစ်ခုသည် ယခုတစ်ခေါက်တွင်မူ အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အဖွဲ့အစည်းအဖြစ် နှစ်ပေါင်းခြောက်ဆယ်ကျော် ရပ်တည်ခဲ့သည့် အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဖြေရှင်းကာ ကျော်လွှားနိုင်ခဲ့သည့် ယခုပြဿနာသည် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာလေမလားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေတော့သည်။

“အစိုးရ၊ ဒါမှမဟုတ် MPC က ရှင်းရင်တောင် ကျွန်တော်တို့ ဒီလောက်ယုံမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ တိုင်းပြည်အတွက် နိုင်ငံရေးအရ အလားအလာကောင်းတဲ့ကိစ္စလို့ မြင်တယ်”ဟု အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်စွာပြုလုပ်ကြရန် အမြဲတစေတိုက်တွန်းနေသည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းကပြောသည်။

အတိတ်ကာလများက ယခုကဲ့သို့ ဆက်တိုက်ဗုံးကွဲမှုများမှာ မကြာခဏဆိုသလိုဖြစ်ခဲ့သည်။ အထင်ရှားဆုံးအဖြစ် ၂၀၀၅ ခုနှစ် ကုန်တိုက်များ ဗုံးခွဲတိုက်ခိုက်ခံရမှု၊ ၂၀၁၀ သင်္ကြန်တွင်း X2O မဏ္ဍပ် ဗုံးဖောက်မှုနှင့် ၂၀၁၁ မန္တလေး၊  ပြင်ဦးလွင် ဗုံးပေါက်မှုများပင်ဖြစ်သည်။ ယင်းပေါက်ကွဲမှုများ ဖြစ်ပွားတိုင်း အစိုးရနှင့် အတိုက်အခံတို့အကြား အပြန်အလှန်ပြစ်တင်မြဲဖြစ်သည်။

“အခြေအနေတွေပြောင်းသွားပြီလို့မြင်တယ်။ အစိုးရက နိုင်ငံရေးလိုအပ်ချက်အရ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်။ နှစ်ဖက်အကြားမှာ ငြိမ်းချမ်းရေးရဖို့လည်း တော်တော်လေးနီးစပ်လာပြီ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလည်းဖြစ်လာနိုင်တဲ့ အနေအထားရှိနေတယ်။ ဒီလိုအမှားမခံတဲ့ကာလမျိုးမှာဖြစ်တဲ့ ဖောက်ခွဲမှုကို နှစ်ဖက်အကြား နားလည်မှုနဲ့ ဖြေရှင်းတာကို ကျွန်တော်တို့က ကြိုဆိုတယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်ကပြောသည်။

ပေါက်ကွဲမှုတစ်ခုဖြစ်တိုင်း နိုင်ငံရေးသမားများအိမ်ရှေ့တွင် စောင့်ကြည့်တတ်သည့် ထောက်လှမ်းရေးများ ယခုတစ်ခေါက်တွင် ရောက်မလာခဲ့ခြင်းကလည်း ကောင်းမွန်သည့်တိုးတက်မှုဟု သူကရှုမြင်သည်။

ယခင်ကပေါက်ကွဲမှုများဖြစ်တိုင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အပြစ်ဖို့လေ့ရှိသည့် အစိုးရနှင့် KNU တို့သည် ယခုတစ်ခေါက်တွင် တစ်ဖက်နှင့်တစ်ဖက် ကာကွယ်ပြောဆိုမှုများပင် ရှိခဲ့သည်။

“KNU အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ယုံကြည်ပါတယ်”ဟု အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထည့်သွင်းပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် အစိုးရအရာရှိတစ်ဦးက ယင်းကဲ့သို့ပြောကြားသည်မှာ အထူးအဆန်းတစ်ခုလိုပင် ဖြစ်သည်။	

ယခင်တုန်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပါက သတင်းစာရှင်းလင်းပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် ပြစ်တင်လေ့ရှိခဲ့သည်။

“အရင်ကတော့ ပြေလည်မှုတွေမရှိသေးတော့ တစ်ခုခုဖြစ်ရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တခြားအဖွဲ့အစည်းတွေကို ပုံချတာတွေရှိတာပေါ့။ စွပ်စွဲတာတွေရှိတာပေါ့။ အခုကတော့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလ ဖြစ်တယ်။ KNU အနေနဲ့ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်တာကို လှိုက်လှဲဝမ်းသာပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

ဒေါ်ဒွဲဘူပြောသလိုပင် ယခင်ကဖြစ်ပွားခဲ့သည့် ပြဿနာများတွင် လက်သည်တရားခံအား ရှာဖွေခြင်းအပြင် နိုင်ငံရေးအရ အသုံးချမှုများ၊ အမှန်တကယ်မကျူးလွန်သူများကိုပါ အမှုအတွင်း ထည့်သွင်းလေ့ရှိကြောင်း အစိုးရအား မကြာခဏဝေဖန်ခဲ့ကြသည်။

အထင်ရှားဆုံး အဖြစ်အပျက်များအနက် တစ်ခုအဖြစ် ၁၉၈၉ သန်လျင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မြို့တော်ခန်းမ ဗုံးပေါက်ကွဲမှုဖြင့်သာ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုညီညီကို ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ခြင်းပင်ဖြစ်သည်။ ၂၃ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး အစိုးရသစ်တက်လာချိန်တွင် ပြန်လည်လွတ်မြောက်လာသည့် ကိုညီညီက ယင်းဖြစ်စဉ်ကို ကျူးလွန်ခြင်းမရှိဘဲ ကျူးလွန်ကြောင်းလည်း ၀န်ခံခဲ့သည့် KNU မှ  ဗိုလ်မှူးကို ဖမ်းမိခဲ့သော်လည်း သူ့အား ဆက်လက်ထိန်းသိမ်းခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့်အချိန်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လူသိများသည့် ၂၀၀၅ ခုနှစ် ဈေးဝယ်စင်တာများ ဗုံးခွဲတိုက်ခိုက်ခံရမှုများသည် KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အတိုက်အခံ နိုင်ငံရေးသမားများလက်ချက်ဟု အစိုးရက တစ်ဖက်သတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါဖြစ်ရပ်အပြီး ရှစ်နှစ်အကြာ ယခုတစ်ကြိမ် ပေါက်ကွဲမှုများတွင် အခြေအနေများပြောင်းသွားခဲ့သည်။ သံသယရှိခံရသူများနှင့် ပတ်သက်သည့် အဖွဲ့အစည်းပါ ရှင်းပြခွင့်ရခဲ့သည်။

“ကျွန်တော်တို့ KNU ကလည်း ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ချင်တာကြာလှပြီ။ အခွင့်အရေးမပေါ်လို့။ ကျွန်တော်တို့ ဒီလိုမြို့ပေါ်တက်ပြီး စကားပြောရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ။ ဒါ...ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေပဲလေ”ဟု ဖောက်ခွဲမှုများသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း KNU က အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ KNU ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်ကဖြေကြားခဲ့သည်။

ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပါက ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအပါအ၀င် တိုင်းပြည်စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းကဆိုသည်။ သို့သော်လည်း အဆိုးထဲကအကောင်းအဖြစ် ပြဿနာကိုဖြေရှင်းရာတွင် အစိုးရနှင့် KNU အကြား ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

သူစိုးရိမ်သလိုပင် ဗုံးပေါက်ကွဲမှုများက နိုင်ငံ၏ခရီးသွားများ အဓိကသွားလာရာနေရာအချို့ကို ဦးတည်နေသည်။

နှစ်ပေါင်းလေးဆယ်ကျော်အကြာတွင် ဒေသတွင်း အကောင်းဆုံး အားကစားသမားများ ပြန်လည်စုဝေးမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပမည့် မြို့ကြီးများတွင် ဖြစ်ပွားသည့် အဆိုပါပေါက်ကွဲမှုများကြောင့် ပြိုင်ပွဲအတွက်စိုးရိမ်ကြောင်း နိုင်ငံအချို့ကဆိုလာသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် အဓိကနေရာဖြစ်သည့် မြို့တော်သစ် နေပြည်တော်မှ မိုင် ၇၀ ခန့်သာကွာသည့် တောင်ငူတွင် အောက်တိုဘာ ၁၁ ရက်က စတင်သည့် ပေါက်ကွဲမှုပြီးနောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို ပြိုင်ပွဲကျင်းပမည့် အခြားမြို့များဆီသို့လည်း ကူးစက်သွားသည်။

တောင်ငူပေါက်ကွဲမှုအပြီး နောက်နှစ်ရက်အကြာတွင် နိုင်ငံ၏  အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်လေဆိပ်နှင့် ငါးမိနစ်ခန့် ခရီးအကွာအဝေးတွင်ရှိသည့် စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်လည်း ဗုံးပေါက်ခဲ့ပြန်သည်။ 

နောက်တစ်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင်လည်း ဆီးဂိမ်းကျင်းပမည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့တွင်လည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြန်သည်။ ယင်းနေ့တွင်ပင် ရန်ကုန်ရှိ
အကောင်းဆုံးဟိုတယ်နှင့် စားသောက်ဆိုင်စာရင်းဝင် ကုန်သည်ကြီးများဟိုတယ်၊ WesternPark Ruby 2 စသည့်နေရာများကို ဦးတည်၍ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ 

အဆိုပါဖြစ်ရပ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုင်းပြည်တွင်းမလာရောက်စေရန် ရည်ရွယ်သည်ဟု အစိုးရဘက်ကဆိုသည်။ KNU ဘက်ကတော့ ရည်ရွယ်ချက်က ယခုထက်ပိုသည်ဟုဆိုသည်။ အစိုးရနှင့် KNU ကြား ငြိမ်းချမ်းရေးပျက်ပြားရန်နှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားအောင် ရည်ရွယ်ကြောင်း ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

အဆိုပါဖြစ်ရပ်များ၏ နောက်ကွယ်မှ လက်သည်တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ မဖော်ထုတ်နိုင်သေး။

သို့သော်လည်း ယခုတစ်ခေါက် ဗုံးကွဲပြီးနောက်တွင် အစိုးရက အတိုက်အခံများအိမ်ရှေ့ လူလွှတ်၍လည်း စောင့်မနေတော့။ သတင်းထုတ်ပြန်သည့်အပိုင်းတွင်လည်း ထိန်းထိန်းသိမ်းသိမ်း
လုပ်ဆောင်ရန် သတင်းဌာနများကိုပါ ပြန်လည်တောင်းဆိုလာခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုလည်း လုပ်နိုင်ခဲ့သည်။

“ဒီအချိန်မှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရင် တိုင်းပြည်ကမလွယ်တော့ဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာတွေရှိတယ်။ ဒီလိုအချိန်မှာတောင် ဒါမျိုးတွေဖြစ်တယ်။ ဒါတောင် နိုင်ငံရေးဆွေးနွေးပွဲတွေ မလာသေးဘူး။ နောင်ဖြစ်လာမယ့် ပြဿနာတွေအတွက်လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ စံနမူနာကောင်းလို့ထင်တယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်ကပြောသည်။	     ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- ခိုင်ထွန်း၊ မင်းဟိန်းကျော်

နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက အစိုးရနှင့်ပြည်သူအကြား တည်ဆောက်ဆဲ ယုံကြည်မှုတို့ ကျိုးပြတ်ကာ မယုံကြည်မှုသံသယများကို တိုးပွားစေခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကို ကေအင်န်ယူနှင့်ပတ်သက်ကြောင်း အစိုးရကထုတ်ဖော်ပြောကြားပြီးနောက် တစ်ချိန်ကဗျူဟာများ ပြန်သုံးနေပြီလားဟု အစိုးရအပေါ် သံသယပိုမြင့်မားစေခဲ့သည်။ သို့သော် စွပ်စွဲခံရသည့် ကေအင်န်ယူတာဝန်ရှိသူများက မြန်မာအစိုးရနှင့် လာရောက်စကားပြောခြင်းဖြင့် ထိုသံသယများ လျော့ပါးသွားစေခဲ့သည်။ ထို့ကြောင့် ဗုံးပေါက်ကွဲမှုများမှ ထိုအမြတ်ရလိုက်သည်ဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုကြသည်။

တိတ်ဆိတ်နေသည့် ရန်ကုန်မြို့လယ် ညချမ်းသည် ကုန်သည်ကြီးများဟိုတယ်၏ အခန်းအမှတ် ၉၂၁ မှစတင်၍ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။

အခန်းအမှတ် ၉၂၁ ဗုံးပေါက်ကွဲမှုမှ ဆူးလေဘုရားလမ်းပေါ် တစ်စဆီကြွေလင့်လာသည့် မှန်စများ၊ နည်းတူဆက်တိုက်ဖြစ်ပေါ်နေခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် မြန်မာနိုင်ငံ၏ ထွန်းသစ်စ အကူးအပြောင်းကာလသည်လည်း မှန်စများလို တစ်စဆီကြွေကျမလားဆိုသည့် မေးခွန်းများ တသီတတန်းကြီး ထွက်ပေါ်လာသည်။

ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

Photo: ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ ကျော်ဆိုတော့ ၁ သိန်းဝန်းကျင် တန်ဖိုးရှိမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။ 

BioLite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက် ရင်ရေကျိုချက် လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။ အိုင်ဖုန်း ဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ ရပါတယ်။ ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄ မိနစ်ဝန်းကျင်ပဲ ကြာပါ တယ်။ ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။ ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ လောင်နိုင်တဲ့ ဘယ်လိုလောင်စာအမျိုးအစားကို မဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ် ပါတယ်။ 

ယင်းမီးကနေ အပူထွက်မယ်။ ယင်းအပူကို သာမိုအလက်ထရစ် ဂျန်နရေတာ က ဆွဲယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးပါမယ်။ ယင်း လျှပ်စစ် ဓာတ်အား က USB ပေါက်ကနေ Apple တို့ Gadget တိုင်းကို အားသွင်းလို့ ရမှာ ဖြစ် ပါတယ်။ Android အတွက်လည်း ရှိတယ်လို့ ဆိုပါတယ်။ ဖုန်းတင်မကပဲနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကိုလည်း အားသွင်းနိုင်မှာ ဖြစ်ပါ တယ်။ 

အသေးစိတ်အချက်အလက်များကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://biolitestove.com

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/science-tech/electronic/38420-biolite-stove

.

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ ကျော်ဆိုတော့ ၁ သိန်းဝန်းကျင် တန်ဖိုးရှိမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။

BioLite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက် ရင်ရေကျိုချက် လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။ အိုင်ဖုန်း ဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ ရပါတယ်။ ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄ မိနစ်ဝန်းကျင်ပဲ ကြာပါ တယ်။ ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။ ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ လောင်နိုင်တဲ့ ဘယ်လိုလောင်စာအမျိုးအစားကို မဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ် ပါတယ်။

ပြစ်ဒဏ်များ လျှော့သော်လည်း အီလက်ထရောနစ် ဥပဒေ တင်းကြပ်ဆဲ

အီလက်ထရောနစ်, ဥပဒေ, ဆက်သွယ်ရေး, အီးမေးလ်
ရန်ကုန်က အင်တာနက်ဆိုင် တစ်ဆိုင် (ဓာတ်ပုံ – Reuters)
ယခင်က နိုင်ငံရေး အတိုက်အခံများကို အီးမေးလ် တစောင်ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်းမျှဖြင့် ဖမ်းဆီးထောင်ချနိုင်ရန် အသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ တင်းကြပ်သော အီလက်ထရောနစ် နှင့် ဆက်သွယ်ရေး ဥပဒေသည် အသက်ဝင်နေ ဆဲဖြစ်သော်လည်း ထိုဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အစားထိုးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြသည်။
ယခုအပတ်အတွင်းတွင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဥပဒေပါ ပြစ်ဒဏ်များကို လျှော့ချပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုပြုခဲ့ရာ အောင်မြင်မှုရခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် များက ထောင်ဒဏ်အစား ဒဏ်ငွေဖြင့် အစားထိုးရန် မဲပေးဆုံးဖြတ်ခဲ့ကြသည်။
ဥပဒေကို ပယ်ဖျက်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ပြောသည်။ “အစိုးရသစ် ပေါ်ပေါက်လာပြီးတော့ ကျင်းပတဲ့ စတုတ္ထအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာကတည်းက ဒီဥပဒေနဲ့ ပတ်သက်လို့ ကျနော် တင်ပြခဲ့ပါတယ်” ဟု သူက ဆိုသည်။

ဒေ၀ါလီအကြို ရန်ကုန်လာကြမယ့် အိန္ဒိယက အထင်ကရများ

လာမယ့် သောကြာနေ့ ညနေပိုင်း ရန်ကုန်မှာ ဒေ၀ါလီ အကြို ဖျော်ဖြေရေးပွဲကြီးတခု ရှိပါတယ် တဲ့။

ဒေ၀ါလီပွဲ သို့မဟုတ် ဒီပါဝလီပွဲအကြို လာရောက် ဖျော်ဖြေမယ့်သူများထဲမှာ အိန္ဒိယက ထင်ရှားတဲ့ ဂီတလောကသမားတချို့ ပါဝင်ပါတယ်။


ဟိန္ဒိ၊ တမီလ်၊ တီလ်ဂူ၊ ဘိုဂ်ျပူရီ ရုပ်ရှင်သီချင်း အက အလှများ၊ ဟဒယရွှင်ဆေးများနဲ့ တင်ဆက်မယ်လို့ ဆိုထားပါတယ်။ 

(အပေါ်ကပုံမှာ တွေ့ရတာကတော့
Mei Yang Chang နဲ့ Poorvi တို့ ဖြစ်ပါတယ်။
အဆိုတော် Mei Yang Chang က တရုတ်လူမျိုးပါ။ သို့သော်လည်း အိန္ဒိယမှာမွေးတဲ့သူဖြစ်ပုံရပါတယ်။
ပန်ဂျပ်က အမျိုးသမီးအဆိုတော်  Poorvi   လည်း ပါဝင်ပါတယ်။ တခြား အဆိုတော်များရဲ့ အမည်တွေကို အောက်က ကြော်ငြာမှာ တွေ့ရပါလိမ့်မယ်)

အမျိုးသမီးများနဲ့ ထင်ရှားသောမှဲ့ ၇ မျိုး

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

LG ၏ Smart ဖုန်းအသစ် G2 ပြည်တွင်းအတွက် စတင်မှာယူနိုင်ပြီ

Photo: LG ၏ Smart ဖုန်းအသစ် G2 ပြည်တွင်းအတွက် စတင်မှာယူနိုင်ပြီ
====================================

ရန်ကုန် အောက်တိုဘာ ၂၅

LGမှ Feature အသစ်များစွာ ထည့်သွင်းထားသည့် G2 Smart ဖုန်းကို TMW Enterprise ၏ ဝေယံအီလက်ထရောနစ် ဆိုင်များတွင် ကြိုတင်စာရင်းပေး မှာယူခြင်း စတင်ပြုလုပ်နိုင်ပြီဖြစ်သည်။

LG G2 Smart ဖုန်း အသစ်ရောင်းချခြင်းကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကြိုတင်မှာယူထားသူများနှင့် ၄င်းနေ့တွင် ၀ယ်ယူမည့်သူများအတွက် အထူးနှုန်း ၅၉၉၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

အဆိုပါ Smart ဖုန်းကို 5.2 လက်မရှိပြီး Full HD မျက်နှာပြင်အကျယ် တပ်ဆင်ထားပြီး အခြားဖုန်းများနှင့် မတူညီပဲ နောက်ကျောဘက်တွင် အသံတိုးကျယ် ၊ ပါဝါ ဖွင့်ပိတ် ခလုတ်တို့ တပ်ဆင်ပေးထားသည်။

ဖုန်းပါဝါအလွယ်တကူ ဖွင့်နိုင်စေရန် မျက်နှာပြင်ကို နှစ်ချက်ခေါက်ရုံဖြင့် ပါဝါ ပွင့်နိုင်မည့် အာရုံခံ Knock On စနစ်ကို လည်း ထည့်သွင်းထားကြောင်းသိရသည်။

ဖုန်းအတွင်း အသုံးပြုနေသည့် အချက်အလက်များကို တခြားသူ မသိစေရန် အကောင့် ခွဲ သိမ်းဆည်းနိုင်မည့် Guest Mode ၊ Video ရိုက်ကူးထားရာတွင် မိမိကြားလိုသည့် နေရာ၏ အသံကိုသာ ရွေးချယ်၍ တိုးကျယ် နိုင်မည့် Audio Zoom စနစ်လည်းပါဝင်သည်။ ထို့အပြင် နားကြပ် ( သို့ ) USB ကြိုးတပ်သည်နှင့် သက်ဆိုင်ရာ App များ အလိုအလျောက် ပွင့်လာစေမည့် Plug & Pop အပြင် အ၀င်ဖုန်းကို နားနှင့်ကပ်ရုံဖြင့် စကားပြောနိုင်မည့် Answer Me စနစ်များလည်း ပါဝင်သည်။

သုတလင်း

ရန်ကုန် အောက်တိုဘာ ၂၅

LGမှ Feature အသစ်များစွာ ထည့်သွင်းထားသည့် G2 Smart ဖုန်းကို TMW Enterprise ၏ ဝေယံအီလက်ထရောနစ် ဆိုင်များတွင် ကြိုတင်စာရင်းပေး မှာယူခြင်း စတင်ပြုလုပ်နိုင်ပြီဖြစ်သည်။

LG G2 Smart ဖုန်း အသစ်ရောင်းချခြင်းကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကြိုတင်မှာယူထားသူများနှင့် ၄င်းနေ့တွင် ၀ယ်ယူမည့်သူများအတွက် အထူးနှုန်း ၅၉၉၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

အဆိုပါ Smart ဖုန်းကို 5.2 လက်မရှိပြီး Full HD မျက်နှာပြင်အကျယ် တပ်ဆင်ထားပြီး အခြားဖုန်းများနှင့် မတူညီပဲ နောက်ကျောဘက်တွင် အသံတိုးကျယ် ၊ ပါဝါ ဖွင့်ပိတ် ခလုတ်တို့ တပ်ဆင်ပေးထားသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်မပြု


နေပြည်တော်၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသော ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပေးပို့လာသော သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုဘဲ နိုင်ငံတော် သမ္မတထံ ပြန်လည် ပေးပို့ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ သဝဏ်လွှာကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်မပြုဘဲ နိုင်ငံတော်သမ္မတထံ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းဖြင့် ငှားရမ်းခွင့်ပြု

Photo: မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းဖြင့် ငှားရမ်းခွင့်ပြု

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန်အတွက် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ငှားရမ်းခွင့်ပြု ထားကြောင်း သိရသည်။

မန္တလေးဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ် အထိနှင့် ခေါင်မိုးလဟာပြင် အထပ်များကို နှစ်ရှည်စာချုပ်ဖြင့် ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းခွင့်အား ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး လုပ်ကိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခု အနက်မှ ယခုနှစ် ဧပြီလ အတွင်း၌ Adventure Myanmar Group ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။

''လုပ်ကိုင်ခွင့်ပြုဖို့ ရွေးချယ်ပြီးပါပြီ လုပ်ထုံးလုပ်နည်း တွေအရ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီကနေ လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြန်လည် တင်ပြဖို့ အချက်တွေ ကျန်နေသေးတယ်။ အဲဒီအချက်တွေ တင်ပြပြီး ကော်မရှင်က ခွင့်ပြုတာနဲ့ စာချုပ်စချုပ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၃)မှ စီးပွားရေး မန်နေဂျာက ပြောကြားသည်။

လုပ်ကိုင်ခွင့် ရွေးချယ်ခြင်းကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ရုံးတွင်ပြုလုပ်ခဲ့ပြီး ကြမ်းခင်းဈေး သတ်မှတ်ခြင်း မရှိဘဲ ကုမ္ပဏီများမှ တင်သွင်းသည့် လုပ်ငန်းစဉ်၊ ဒီဇိုင်းနှင့် ငွေပမာဏများကို စိစစ်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေး ဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ်အထိ သုံးလွှာနှင့် ခေါင်မိုးပြင်မှာ စုစုပေါင်း ဧရိယာ ၁၆၀၉၄၈ စတုရန်းပေ အကျယ်အ၀န်းရှိပြီး နှစ် ၃၀ စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေးမြို့၌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် ပုပ္ပားဟိုတယ် အမှတ် (၁) နှင့် အမှတ်(၂)ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် အတွက် တင်ဒါခေါ်ယူမှုများ ပြုလုပ်နေကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကာ သုံးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(မန္တလေး ဘူတာကြီးအား တွေ့ရစဉ်)

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန်အတွက် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ငှားရမ်းခွင့်ပြု ထားကြောင်း သိရသည်။

မန္တလေးဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ် အထိနှင့် ခေါင်မိုးလဟာပြင် အထပ်များကို နှစ်ရှည်စာချုပ်ဖြင့် ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းခွင့်အား ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး လုပ်ကိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခု အနက်မှ ယခုနှစ် ဧပြီလ အတွင်း၌ Adventure Myanmar Group ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။

''လုပ်ကိုင်ခွင့်ပြုဖို့ ရွေးချယ်ပြီးပါပြီ လုပ်ထုံးလုပ်နည်း တွေအရ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီကနေ လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြန်လည် တင်ပြဖို့ အချက်တွေ ကျန်နေသေးတယ်။ အဲဒီအချက်တွေ တင်ပြပြီး ကော်မရှင်က ခွင့်ပြုတာနဲ့ စာချုပ်စချုပ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၃)မှ စီးပွားရေး မန်နေဂျာက ပြောကြားသည်။

၂၀၁၃ ခုနှစ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီး ၀င်ခွင့်ရမှတ် အမြင့်ဆုံးဖြစ်

Photo: ၂၀၁၃ ခုနှစ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီး ၀င်ခွင့်ရမှတ် အမြင့်ဆုံးဖြစ်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီးဝင်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံးတွင် ရပ်တည်လျက် ရှိနေကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။

ယခင်နှစ်က အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံး နေရာတွင် ရပ်တည်ခဲ့သော်လည်း ယခုနှစ်၌ အမျိုးသမီးများအတွက် ၀င်ခွင့်ပြုသည့် ဆေးတက္ကသိုလ်ဝင်ခွင့် ရမှတ်မှာ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အသီးသီးမှ ၀င်ခွင့်ပြုသည့် ရမှတ်ထက် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက် တက္ကသိုလ်များမှ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် နှစ်ခုမှာ ဆေးတက္ကသိုလ်နှင့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်(ရန်ကုန်)တို့ ဖြစ်ကြပြီး ဆေးတက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ ကျား ၄၈၆ မှတ်နှင့် မ ၅၀၅ မှတ်တို့ ဖြစ်ကြပြီး၊ အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)မှ ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ကျား ၅၀၂ မှတ်နှင့် မ ၄၉၆ မှတ် တို့ ဖြစ်ကြသည်။

အလားတူ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အချို့၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်များမှာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၌ ကျား ၄၆၅ မှတ် နှင့် မ ၄၉၅ မှတ်၊ ဆေးဝါး တက္ကသိုလ်များ၌ ကျား ၄၅၉ မှတ်နှင့် မ ၄၅၉ မှတ်၊ ရေကြောင်းပညာ တက္ကသိုလ်၌ ကျား ၄၇၇ မှတ် နှင့် မ ၄၈၁ မှတ်၊ ရတနာပုံ ဆိုက်ဘာစီးတီး ၌ ကျား ၄၇၀ မှတ်နှင့် မ ၄၆၈ မှတ်၊ ကွန်ပျူတာ တက္ကသိုလ် (ရန်ကုန်)၌ ကျား/မ၃၉၉ မှတ်စီ၊ နည်းပညာ တက္ကသိုလ်များ (GTC) ၌ ကျား ၃၈၀ မှတ်နှင့် မ ၃၈၉ မှတ်၊ စီးပွားရေး တက္ကသိုလ်(ရန်ကုန်)၌ ကျား/မ ၃၉၅ မှတ်စီ၊ ရန်ကုန်အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်၌ ကျား ၄၈၀ မှတ်နှင့် မ ၄၈၀ မှတ်တို့ ဖြစ်ကြသည်။ အဆိုပါ တက္ကသိုလ်များ၏ ယခုနှစ် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ယခင်နှစ်က ထက်လည်း အနည်းငယ် လျော့နည်းခဲ့သည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (YUFL) ၌ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်များအား ကျား၊မ အမှတ်တူ ခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာ (၄၇၉) မှတ်၊ ဂျပန် (၄၆၉) မှတ်၊ တရုတ် (၄၅၇) မှတ်၊ ပြင်သစ် (၄၅၀)မှတ်၊ ကိုရီးယားဘာသာ (၄၅၁) မှတ်၊ ဂျာမန် (၄၄၉) မှတ်၊ ရုရှား (၄၃၅) မှတ်နှင့် ထိုင်း (၄၄၆) မှတ်တို့ ဖြစ်သည်။

အဆိုပါ ၂၀၁၃ ခုနှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့ကြသည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် စာရင်းများနှင့် အနိမ့်ဆုံး ၀င်ခွင့်ပြု ဦးရေစာရင်းများအား အဆင့်မြင့်ပညာ ဦးစီးဌာနများတွင် နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

(ရန်ကုန်ပညာရေး တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနေသည်ကို တွေ့ရစဉ်)
(ရန်ကုန်ပညာရေး တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနေသည်ကို တွေ့ရစဉ်)
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီးဝင်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံးတွင် ရပ်တည်လျက် ရှိနေကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။

ယခင်နှစ်က အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံး နေရာတွင် ရပ်တည်ခဲ့သော်လည်း ယခုနှစ်၌ အမျိုးသမီးများအတွက် ၀င်ခွင့်ပြုသည့် ဆေးတက္ကသိုလ်ဝင်ခွင့် ရမှတ်မှာ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အသီးသီးမှ ၀င်ခွင့်ပြုသည့် ရမှတ်ထက် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက် တက္ကသိုလ်များမှ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် နှစ်ခုမှာ ဆေးတက္ကသိုလ်နှင့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်(ရန်ကုန်)တို့ ဖြစ်ကြပြီး ဆေးတက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ ကျား ၄၈၆ မှတ်နှင့် မ ၅၀၅ မှတ်တို့ ဖြစ်ကြပြီး၊ အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)မှ ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ကျား ၅၀၂ မှတ်နှင့် မ ၄၉၆ မှတ် တို့ ဖြစ်ကြသည်။

ပြည်ပသို့ ရော်ဘာကုန်ကြမ်းတန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိ

Photo: ပြည်ပသို့ ရော်ဘာကုန်ကြမ်းတန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိ

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိထားကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ရငွေမှာ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ တင်ပို့မှုမှ ရငွေဖြစ်ပြီး ယခင်နှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်သာ ရှိသဖြင့် ယခုနှစ်တွင် တင်ပို့မှုမှ ရငွေမှာ ပိုမိုနေခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော် ပိုမိုတင်ပို့ ထားသော်လည်း နိုင်ငံတကာ ရော်ဘာဈေးမှာ ကျဆင်းနေမှုကြောင့် ပြည်တွင်းရော်ဘာ လုပ်ငန်းရှင်များမှ ပြည်ပသို့ တင်ပို့ရာတွင် ဈေးနိမ့်ဖြင့် တင်ပို့နေရခြင်းကြောင့် ရငွေလျော့နည်းရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခုနှစ်အတွင်း မိုးများဆက်တိုက် ရွာသွန်းမှု ရှိခဲ့သဖြင့်လည်း ခြံဖွင့်ချိန် နောက်ကျခဲ့ခြင်းကြောင့် ဈေးကွက်အတွင်းရှိ လက်ကျန်ရော်ဘာ များကိုသာ ပြည်ပသို့ တင်ပို့မှု ပြုလုပ်ထားရပြီး ခြံဖွင့်ချိန်တွင်လည်း ရော်ဘာဈေးမှာ ကျဆင်းမှု ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဆိုသည်။

ရော်ဘာကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့မှု အများဆုံးဖြစ်ကာ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ၀ယ်ယူမှုရှိကြောင်း သိရသည်။

(ရော်ဘာခြံ တစ်ခြံတွင် နေလှန်းထားသည့် ရော်ဘာကုန်ကြမ်း အပြားများအား တွေ့ရစဉ်)
(ရော်ဘာခြံ တစ်ခြံတွင် နေလှန်းထားသည့် ရော်ဘာကုန်ကြမ်း အပြားများအား တွေ့ရစဉ်)

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိထားကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ရငွေမှာ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ တင်ပို့မှုမှ ရငွေဖြစ်ပြီး ယခင်နှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်သာ ရှိသဖြင့် ယခုနှစ်တွင် တင်ပို့မှုမှ ရငွေမှာ ပိုမိုနေခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော် ပိုမိုတင်ပို့ ထားသော်လည်း နိုင်ငံတကာ ရော်ဘာဈေးမှာ ကျဆင်းနေမှုကြောင့် ပြည်တွင်းရော်ဘာ လုပ်ငန်းရှင်များမှ ပြည်ပသို့ တင်ပို့ရာတွင် ဈေးနိမ့်ဖြင့် တင်ပို့နေရခြင်းကြောင့် ရငွေလျော့နည်းရခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ်အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်းအဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည်

Photo: ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ်အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်းအဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည်

ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ် အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်း အဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာ အဆင့်မီ ဟိုတယ်နှင့် Service Residence များပါ ၀င်သော စီမံကိန်း အဆင့် (၂) လုပ်ငန်းအား လုပ်ကိုင်ရန် Straits Greenfield Limited မှ လျှောက်ထားခြင်းကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၂/ ၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိ ဆီဒိုးနားဟိုတယ်၏ ဆက်စပ် မြေနေရာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ပြီး အခန်းပေါင်း ၄၂၀ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ် ၈၅၉ လုံး ဖွင့်လှစ်ခွင့် ပြုထားပြီး ရန်ကုန်မြို့တွင် ဟိုတယ် အလုံးပေါင်း ၂၁၇ လုံးဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြပြီး နိုင်ငံသားများ အပါအ၀င် နိုင်ငံခြား လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ဆက်တိုက် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လျက် ရှိကြပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်မည့် ဟိုတယ်များ ရှိသကဲ့သို့ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းများလည်း ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဟိုတယ်အပါအ၀င် ရုံးခန်းနှင့် ရှော့ပင်းမောလ်များ ထည့်သွင်း တည်ဆောက်မည့် စီမံကိန်းအချို့ကို နိုင်ငံခြား လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့် ချပေးထားကြောင်း သိရသည်။

(စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
(စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ် အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်း အဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာ အဆင့်မီ ဟိုတယ်နှင့် Service Residence များပါ ၀င်သော စီမံကိန်း အဆင့် (၂) လုပ်ငန်းအား လုပ်ကိုင်ရန် Straits Greenfield Limited မှ လျှောက်ထားခြင်းကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၂/ ၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိ ဆီဒိုးနားဟိုတယ်၏ ဆက်စပ် မြေနေရာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ပြီး အခန်းပေါင်း ၄၂၀ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

Photo: မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ဗြိတိန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် မွတ်စလင် ဘာသာဝင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ငြင်းဆိုခဲ့သည်။ အဆိုပါ မေးမြန်းမှုတွင် ဘီဘီစီမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများတွင် လူနည်းစု မွတ်စလင် ဘာသာဝင်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အသွင် ရှိနေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

''ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ပါဘူး။ နိုင်ငံတကာ အနေနဲ့ နားလည်ပေးဖို့လိုတဲ့ အချက်ကတော့ ကြောက်ရွံ့ထိတ်လန့် မှုတွေဟာ မွတ်စလင် အသိုင်းအ၀ိုင်း ကြားထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် တွေမှာလည်း စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်'' ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လွန်ခဲ့သော လပိုင်းအတွင်းက မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ကြောက်ရွံ့စိုးရိမ် မှုများကို အခြေခံကာ ဖြစ်ပွားခဲ့ကြောင်း၊ ထိုကဲ့သို့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်ရန် ဖန်တီးမှုကို သူမအနေဖြင့် ရှုံ့ချကြောင်း ပြောကြားခဲ့သည်။

''ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ကြောက်ရွံ့မှုတွေ ကနေ အသိုင်းအ၀ိုင်း နှစ်ခုကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ မြန်မာနိုင်ငံ အနေနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုကို လိုအပ်နေပါတယ်။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုဆီ လျှောက်လှမ်းနေတယ် ဆိုတာကို ယုံကြည်ဖို့ လိုပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့လူ့ အဖွဲ့အစည်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များ၏ အင်အားကြီးမား လာမှုကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် ပဋိပက္ခများ ဖြစ်ပွားရန် တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch)၏ ဧပြီလ ထုတ်ပြန်ချက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစွန်းရောက် အဖွဲ့များမှ လူမျိုးသုဉ်း သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။ အဆိုပါ ပဋိပက္ခများသည် ဗုဒ္ဓဘာသာ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မအနေနဲ့ အမုန်းတရားနဲ့ အစွန်းရောက်မှု အခြေခံတဲ့ လှုပ်ရှားမှု မှန်သမျှကို ဆန့်ကျင်ပါတယ်။ ဒီအပေါ်မှာ အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကျွန်မရဲ့ အမြင်ကို မေးနေမယ့်အစား အစိုးရရဲ့ မူဝါဒ ဘယ်လိုရှိသလဲ ဆိုတာကို မေးသင့်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၉၆၉ လှုပ်ရှားမှုတွင် အဓိက ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးဝီရသူအား အရေးယူသင့် မယူသင့်သည် အစိုးရနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခများ ပြီးချိန်တွင် မွတ်စလင် ဘာသာဝင်များအား သီးသန့်ခွဲခြား၍ ဒုက္ခသည် စခန်းများတွင် ဆက်လက် ထားရှိသည်ဟု စွပ်စွဲချက်ကိုလည်း ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေပြီး ကြာသပတေးနေ့ နေ့လည်ပိုင်းက အိုင်ယာလန် ခွဲထွက်သူပုန်များနှင့် ဗြိတိသျှ တပ်မတော်အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ပုံကို လေ့လာရန် မြောက်အိုင်ယာလန်သို့လည်း သွားရောက်ခဲ့သည်။

Ref: BBC,The Guardian

(မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington College တွင် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံစဉ် (Photo-AFP))
(မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington College တွင် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံစဉ် (Photo-AFP))


ဗြိတိန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် မွတ်စလင် ဘာသာဝင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ငြင်းဆိုခဲ့သည်။ အဆိုပါ မေးမြန်းမှုတွင် ဘီဘီစီမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများတွင် လူနည်းစု မွတ်စလင် ဘာသာဝင်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အသွင် ရှိနေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

''ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ပါဘူး။ နိုင်ငံတကာ အနေနဲ့ နားလည်ပေးဖို့လိုတဲ့ အချက်ကတော့ ကြောက်ရွံ့ထိတ်လန့် မှုတွေဟာ မွတ်စလင် အသိုင်းအ၀ိုင်း ကြားထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် တွေမှာလည်း စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်'' ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis