menu

Monday 20 January 2014

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

Photo: ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထား ပါတယ်။

Good Health

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

အိပ်စက်ချိန် မခြွေတာ သင့်သည့် အကြောင်းရင်း (၁၀)ခု

Photo: အိပ်စက်ချိန် မခြွေတာ သင့်သည့် အကြောင်းရင်း (၁၀)ခု

ကျန်းမာ ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လို သူများအနေနှင့် အိပ်ချိန် ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။

အိပ်ရေးမ၀သည့် အခြေ အနေများသည် ကျန်းမာရေး အတွက် ဆိုးရွားသော အခြေအနေများ သက်ရောက် လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေး ပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှု များအပြင် အခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာ များပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်း ကိုပါ ထိခိုက် လာစေနိုင် သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀) မှ သန်း(၇၀) ကြားအထိသည် အိပ်ရေး မ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည်ဟု ဆရာဝန် များက ဆိုသည်။

သုတေသန ပြုလုပ်မှု များအရ အိပ်ရေးမ၀ ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ (၁၀) ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ စစ်တမ်းများ အရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သော သူများသည် ပို၍ ဝလာ နိုင်ကြောင်း သိရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းက ဆာလောင် စေသော ဟော်မုန်း များကို ပိုထွက်စေ သောကြောင့် ဖြစ်သည်။

၂။အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသော အစားများကို ကြိုက်နှစ်သက် သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီး များ ဖြစ်ကြသည်။

၃။ အိပ်ချိန် နည်းပါးမှုသည် ဆီးချို ဖြစ်နှုန်းနှင့် တိုက်ရိုက် အချိုးကျကြောင်း သိရသည်။

၎။တစ်ညတွင် (၅)နာရီ အောက်သာ အိပ်သော အမျိုးသမီးများ၏ (၄၅) ရာခိုင်နှုန်းမှာ နှလုံး ရောဂါ ပိုမို ဖြစ်ပွား တတ်ကြောင်း သိရသည်။

၅။အဝလွန်သူများ၊ အိပ်နေစဉ် အသက်ရှူ ပိတ်တတ် သူများမှာ သွေးတိုး ရောဂါ ဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။

၆။ ယဉ်မတော်တဆ မှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်း သူများကြောင့် ဖြစ်ပါသည်။

၇။အိပ်ရေး မဝသော သက်ကြီးရွယ်အို များတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆ အထိ မြင့်တက်ကြောင်း သိရသည်။

၈။ အိပ်ရေး မဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။

၉။အိပ်ရေး မဝသော ကလေးများတွင် ADHDဟု ခေါ်သည့် အာရုံ စူးစိုက်မှု မရှိ၊ ဂဏှာ မငြိမ် ရောဂါ ပို၍ ဖြစ်ပွားပါသည်။

၁၀။တစ်ညတွင် (၅)နာရီ အောက်သာ အိပ်သော သူများမှာ မည်သည့် အကြောင်းပြ ချက်မျှ မရှိဘဲနှင့် ယျေဘူယျ အားဖြင့် အသက်တို တတ်ကြောင်း သိရှိရသည်။

အထက်ပါ အကြောင်းပြချက် များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုး ကဲ့သို့ အပြုအမူများကို ရှောင်ကြဉ် သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ် သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော် ထားကြောင်း သိရသည်။

ရိုးရာလေး

ကျန်းမာ ပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လို သူများအနေနှင့် အိပ်ချိန် ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။

အိပ်ရေးမ၀သည့် အခြေ အနေများသည် ကျန်းမာရေး အတွက် ဆိုးရွားသော အခြေအနေများ သက်ရောက် လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေး ပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှု များအပြင် အခြားသော ကျန်းမာရေး ဆိုင်ရာ ပြဿနာ များပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်း ကိုပါ ထိခိုက် လာစေနိုင် သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀) မှ သန်း(၇၀) ကြားအထိသည် အိပ်ရေး မ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည်ဟု ဆရာဝန် များက ဆိုသည်။

သုတေသန ပြုလုပ်မှု များအရ အိပ်ရေးမ၀ ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ (၁၀) ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ စစ်တမ်းများ အရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သော သူများသည် ပို၍ ဝလာ နိုင်ကြောင်း သိရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းက ဆာလောင် စေသော ဟော်မုန်း များကို ပိုထွက်စေ သောကြောင့် ဖြစ်သည်။

၂။အိပ်နေစဉ်တွင် အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသော အစားများကို ကြိုက်နှစ်သက် သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီး များ ဖြစ်ကြသည်။

မြန်မာနယ်စပ်ကိုသွားမယ့် ပါကိစ္စတန် အကြမ်းဖက်သမား ၃ ဦးကို ဘင်္ဂလားရဲက ဖမ်းဆီး


(နိရဉ္စရာ- ၂၀ ဇန်န၀ါရီလ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာနယ်စပ်အနီးမှာ တည်ရှိတဲ့ တက်ကနက်မြို့ကို ဒက္ကားမြို့ကနေ သွားဖို့ကြိုးပမ်းတဲ့ ပါကိစ္စတန် နိုင်ငံက အကြမ်းဖက်သမားတွေလို့ ယူဆရသူ (၃) ကို ဖမ်းဆီးလိုက်တယ်လို့ banglanews24 သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့သုံးဦးဟာ ပါကိစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ TTP ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ယမန်နေ့ညနေ ၁၀ နာရီက ဒက္ကာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးကတော့ မေဟ်မူဒ် (၂၆)နှစ်၊ အိုစမာန် (၂၃) နှစ်နဲ့ ဖောခရူလ် ဟာဆန် (၅၀) နှစ်တို့ ဖြစ်ကြတယ်လို့ banglanews24 သတင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကရင်ရွာသို့ရောက်ရှိစဉ် နေရေး၊ စားရေး တာဝန်ယူခဲ့ဖူးသည့် ကရင်အဘွားအိုကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကပလီကျေးရွာသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိခဲ့စဉ်က နေထိုင်စားသောက်ရေးကို တာဝန်ယူခဲ့သည့် အသက်(၉၄)နှစ်အရွယ် ကရင်လူမျိုး အဘွားအို ဒေါ်နော်ဒါးအားကရင်ပြည်နယ်သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနေထိုင်ရာနေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလက ကျရောက်ခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကပလီကျေးရွာသို့ စည်းလုံးရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း  လာရောက်ခဲ့စဉ်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နော်ဒါးက ဗိုလ်ချုပ်အောင်ဆန်း၏ စားသောက်ရေးကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။
““ဗိုလ်ချုပ်ဘာစားချင်လဲမေးတော့ ကရင်ရွာကိုရောက်တာဆိုတော့ ကရင်တာလပေါဟင်းစားချင်တယ်ပြောလို့ ကရင်တာလပေါဟင်းကို ချက်ကျွေးရတယ်””ဟု ဒေါ်နော်ဒါးက ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းသည် နေထိုင်ရန်အတွက် ကြီးကြီးကျယ်ကျယ်စီစဉ်ခိုင်းခြင်းမရှိဘဲ ရွာ၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ဘက်ရှိ ပိန္နဲပင်အောက်တွင်ရှိနေသော တန်းလျားပေါ်တွင်သာ အိပ်စက်သွားခဲ့သည်ဟု အသက်(၉၄)နှစ်အရွယ်ရှိ ဒေါ်နော်ဒါးကဆိုသည်။

ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ

Photo: ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

မြို့တော် ဘန်ကောက်ရပ်ဆိုင်းရေး ဆန္ဒပြပွဲအား အတိုက်အခံ အင်အားစုများက အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ် ပြီးခဲ့သည့် သောကြာနေ့က ဆန္ဒပြခေါင်းဆောင် ဆူတက်တာဆူဘန်ရှိရာ အနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုထပ်မံဖြစ်ပွားသော ပေါက်ကွဲမှုမှာ အတိုက်အခံ အင်အားစုများ၏ ဆန္ဒပြ သပိတ်စခန်း တည်ရှိရာ နေရာတစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူများတွင် ဂျာနယ်လစ်တစ်ဦးလည်း ပါဝင်ကြောင်း အမျိုးသားလုံခြုံရေး အကြီးအကဲက ပြောကြားသည်။

ဘန်ကောက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည့် အချိန်မှစ၍ လူပေါင်းရှစ်ဦး သေဆုံးခဲ့ပြီဖြစ် ပြီး ၄၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တို့၏ အဆိုအရ သိရသည်။

ယခုနောက်ဆုံးဖြစ်ရပ်တွင် တိုက်ခိုက်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများရှိရာ နေရာသို့ ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်သူများကို လိုက်လံ ဖမ်းဆီးသော်လည်း လွတ်မြောက်သွားကြောင်း ဆန္ဒပြ အင်အားစုများက ပြောကြားသည်။

“(ဘန်ကောက်က) အောင်မြင်မှု ကျောက်တိုင်မှာရှိတဲ့ သပိတ်စခန်းကို တိုက်ခိုက်တဲ့သူတွေက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ်သွားကြတာပါ။ ဖမ်းလို့ မရသေးပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအနက်မှ လူတစ်ဦးမှာ ယင်းဒဏ်ရာကြောင့် စနေနေ့တွင် သေဆုံးသွားသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် ဆန္ဒပြမှုများမှာ ပိုမို အရှိန်မြင့်တက်လာဖွယ် ရှိပြီး ဆူပူအကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများအထိ ပေါ်ပေါက်လာမည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်ပူပန်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ လတ်တလော နိုင်ငံရေး တင်းမာမှုများ ပြေလျှော့ရန် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံ ဒီမိုကရက်ပါတီ အပါအဝင် ဆန္ဒပြအင်အားစုများက ယင်းရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

Aye Chan Mon# Credit To :The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

မြို့တော် ဘန်ကောက်ရပ်ဆိုင်းရေး ဆန္ဒပြပွဲအား အတိုက်အခံ အင်အားစုများက အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ် ပြီးခဲ့သည့် သောကြာနေ့က ဆန္ဒပြခေါင်းဆောင် ဆူတက်တာဆူဘန်ရှိရာ အနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုထပ်မံဖြစ်ပွားသော ပေါက်ကွဲမှုမှာ အတိုက်အခံ အင်အားစုများ၏ ဆန္ဒပြ သပိတ်စခန်း တည်ရှိရာ နေရာတစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူများတွင် ဂျာနယ်လစ်တစ်ဦးလည်း ပါဝင်ကြောင်း အမျိုးသားလုံခြုံရေး အကြီးအကဲက ပြောကြားသည်။

"အကယ်ဒမီ ရခြင်း၊ မရခြင်းက အနုပညာ ဖန်တီးမှုအပေါ် သက်ရောက်မှု မရှိဟု နေတိုးပြော"

Photo: "အကယ်ဒမီ ရခြင်း၊ မရခြင်းက အနုပညာ ဖန်တီးမှုအပေါ် သက်ရောက်မှု မရှိဟု နေတိုးပြော"

အနုပညာ လောကထဲ မှာ အောင်မြင်မှု တစ်ခု ရအောင် ကူညီ ပံ့ပိုးပေး တဲ့ ကျေးဇူးတွေက အဖေ နဲ့ အမေရယ်၊ ဂျော်လီဆွေ နဲ့ သားများဖြစ်ကြောင်း လည်း ပြောပြခဲ့ဖူး သူ နေတိုးက အကယ်ဒမီဆုရှင် များကို မွေးထုတ်ပေးတဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ပါတယ်။ အခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ ဒါရိုက်တာ ဝိုင်း အကယ်ဒမီ မရရှိခြင်းအပေါ် နေတိုး က
“အကယ်ဒမီ ရခြင်း၊ မရခြင်းက ကျွန်တော်တို့ရဲ့ အနုပညာ ဖန်တီးမှုကို ဘာမှသက် ရောက်မှု မရှိပါ ဘူး။ အရှင်းဆုံး ပြောရရင် ကျွန်တော်တို့ အားလုံးက အနုပညာ တစ်ခုကို ဖန်တီး တဲ့အချိန်မှာ အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ဖန်တီးကြတာပဲ။ အကယ်ဒမီ ဆိုတာ တစ်နှစ် တစ်ခါ ကျွန်တော် တို့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုတဲ့ သဘောပါ။ အကယ်ဒမီ စည်းမျဉ်းစည်းကမ်းတွေ ဝင်နေတဲ့ ဇာတ်ကား တွေကတော့ အကယ်ဒမီ ရကြတာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။

ဆက်လက်ပြီး အနုပညာ သမား တစ်ယောက် အတွက် အကယ်ဒမီ ဆို တာ ပေးဆပ်မှု တစ်ခုကို အသိအမှတ်ပြုပေးတဲ့ အနု ပညာ မှတ်တိုင် တစ်ခု လို့ ပြောရင်ရပါ သလား လို့ မေးကြည့်တော့
“အနုပညာ သမားတွေရဲ့ ပေးဆပ်မှု ကတော့ ဒီအကယ်ဒမီဆု ကိုရဖို့ မျှော်မှန်းပြီးတော့ လုပ်တဲ့လူ ရှားကြတယ် လို့ မြင်ပါတယ်” လို့ ပြောပြ ခဲ့ပါ တယ်။

အဲဒီနောက် မှာတော့ ခုဒါရိုက်တာဝိုင်း နဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးမှာ ကိုနေတိုးကို ပရိသတ်တွေက ဘယ်လို ဇာတ်ရုပ်မျိုး မြင်တွေ့ရမှာလဲ လို့ မေး ကြည့်တော့
“ကျွန်တော် သိပ်ခန့်မှန်းရ ခက်တဲ့ ကောင်မလေး တစ်ယောက်ကို ချစ်မိတဲ့ အခါမှာ သူ့အတွက်ဆို ဘာမဆို လိုက် လုပ်ပေးတဲ့လူ တစ်ယောက် အဖြစ် ဒီဇာတ်ကား မှာ ပရိသတ်တွေ မြင်ရ မှာပါ” လို့ ကိုနေတိုးက ပြောပြခဲ့ပါ တယ်။

Aye Chan Mon# Credit To :Popular Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

အနုပညာ လောကထဲ မှာ အောင်မြင်မှု တစ်ခု ရအောင် ကူညီ ပံ့ပိုးပေး တဲ့ ကျေးဇူးတွေက အဖေ နဲ့ အမေရယ်၊ ဂျော်လီဆွေ နဲ့ သားများဖြစ်ကြောင်း လည်း ပြောပြခဲ့ဖူး သူ နေတိုးက အကယ်ဒမီဆုရှင် များကို မွေးထုတ်ပေးတဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ပါတယ်။ အခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ ဒါရိုက်တာ ဝိုင်း အကယ်ဒမီ မရရှိခြင်းအပေါ် နေတိုး က
“အကယ်ဒမီ ရခြင်း၊ မရခြင်းက ကျွန်တော်တို့ရဲ့ အနုပညာ ဖန်တီးမှုကို ဘာမှသက် ရောက်မှု မရှိပါ ဘူး။ အရှင်းဆုံး ပြောရရင် ကျွန်တော်တို့ အားလုံးက အနုပညာ တစ်ခုကို ဖန်တီး တဲ့အချိန်မှာ အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ဖန်တီးကြတာပဲ။ အကယ်ဒမီ ဆိုတာ တစ်နှစ် တစ်ခါ ကျွန်တော် တို့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုတဲ့ သဘောပါ။ အကယ်ဒမီ စည်းမျဉ်းစည်းကမ်းတွေ ဝင်နေတဲ့ ဇာတ်ကား တွေကတော့ အကယ်ဒမီ ရကြတာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။

ဆက်လက်ပြီး အနုပညာ သမား တစ်ယောက် အတွက် အကယ်ဒမီ ဆို တာ ပေးဆပ်မှု တစ်ခုကို အသိအမှတ်ပြုပေးတဲ့ အနု ပညာ မှတ်တိုင် တစ်ခု လို့ ပြောရင်ရပါ သလား လို့ မေးကြည့်တော့
“အနုပညာ သမားတွေရဲ့ ပေးဆပ်မှု ကတော့ ဒီအကယ်ဒမီဆု ကိုရဖို့ မျှော်မှန်းပြီးတော့ လုပ်တဲ့လူ ရှားကြတယ် လို့ မြင်ပါတယ်” လို့ ပြောပြ ခဲ့ပါ တယ်။

နိုင်ငံတော်သမ္မတထံသို့ပေးစာ ...

Photo: နိုင်ငံတော်သမ္မတထံသို့ပေးစာ ...
-------------
ရေးသားသူ- ရဲမိုး

သို့- နိုင်ငံတော်သမ္မတကြီး
မှ- သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး

သမ္မတကြီးခင်ဗျား။ ချစ်ခင်လေးစားစွာဖြင့် စာရေးသားအပ်ပါသည်။ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။

ဤစာကို ရေးသားဖြစ်သည့် တွန်းအားကတော့ သမ္မတကြီး၏မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်းအမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။ သူ့ကိုအားကျ၍ အခွင့်ရလျှင် အနီးကပ်လျှပ်တစ်ပြက်အော်ဟစ်ချင်သည့်တိုင် ကျွန်တော်တို့နေထိုင်ရာဒေသကို သမ္မတကြီးလာလည်ဖို့ အစီအစဉ်မရှိသေးသည့်အတွက် ယခုလို စာရေးသားရခြင်းဖြစ်ပါသည်ခင်ဗျား။

သမ္မတကြီးအုပ်ချုပ်သည့်ကာလအတွင်းမှာ စိတ်ချမ်းသာရသည့်အကြောင်းရင်းများကို ဦးစွာပြောပြချင်ပါသည်။ ယခင်က ရပ်ကွက်များအတွင်းမှာ ရန်ထောင်စွာကျယ်လုပ်ခဲ့ကြသည့် စွမ်းအားရှင်များကို မမြင်တွေ့ရတော့သည့်အတွက် ပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့နေကြရပါသည်ခင်ဗျား။ သူတို့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မြင်တွေ့ခွင့်မရအောင် သမ္မတကြီးက စွမ်းဆောင်ပေးနိုင်မည်ဟုလည်း မျှော်လင့်မိပါသည်။

ညဥ့်သန်းခေါင်မှာ တံခါးခေါက်ပြီး ခြင်ထောင်ထဲကို ဓာတ်မီးဖြင့်လှမ်းထိုးသည့် ဧည့်စာရင်းစစ်သူများလည်း အတော့်ကိုမတွေ့ရတော့သည့်အတွက် နှလုံးပီတိဂွမ်းဆီထိရပါသည်။ သမ္မတကြီးစတင်အုပ်ချုပ်စဉ်ကာလကတော့ ညဥ့်သန်းခေါင်မှာ သူတို့ရောက်မလာကြတော့သည့်အတွက် အိပ်မပျော်တောင်ဖြစ်မိပါသည်။ တစ်ခုခုမှားယွင်းနေပြီလားဟုပင် တွေးမိပါသည်။ အခုတော့ရိုးသွားပါပြီခင်ဗျား။ ဒီအတွက်လည်း ရပ်ကွက်အတွင်းရှိ ပြည်သူအများက သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ဒီစာကတစ်ဆင့်ပြောပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံကြပါသည်။

တယ်လီဖုန်းဆင်းမ်ကတ်များလည်း ရရှိကြပါသည်။ ရိုးရာမပျက် မသမာမှုများရှိသည့်တိုင် ကျွန်တော်တို့မှာ ဒီထက်မက ခံနိုင်ရည်များရှိသည့်အတွက် မတုန်လှုပ်ကြပါ။ လျှပ်စစ်မီးလည်း အရင်ထက်စာရင် အပျက်နည်းလာပါသည်။ ပျက်တော့ပျက်နေဆဲဖြစ်ပါသည်။ တစ်ခါတစ်ရံ မီးပျက်၍မှောင်နေသည့်တိုင် နေပြည်တော်ကြီး ထိန်ထိန်ညီးတောက်ပနေမည်ဆိုသည့် စိတ်ကူးဖြင့် မုဒိတာပွားမိပါသည်။

နိုင်ငံရေးအပြောင်းအလဲကို ဂျာနယ်များမှာ တွေ့နေရပါသည်။ သို့သော် အပြောင်းအလဲကို ရပ်ကွက်အတွင်းက ဘ၀များမှာတော့ မတွေ့ရသေးပါ။ မုန့်ဟင်းခါးတစ်ပွဲ ကျပ်သုံးရာမှ ကျပ်လေးရာ၊ ကွမ်းကျပ်တစ်ရာဖိုးလေးယာမှ သုံးယာ၊ အမဲသားတစ်ပိဿာ ကျပ်ခြောက်ထောင်မှ ကျပ်ကိုးထောင်၊ ကြက်သွန်တစ်ပိဿာ ကျပ်ရှစ်ရာမှ ကျပ်ထောင့်တစ်ရာ၊ ကန်စွန်းရွက်တစ်စည်း ကျပ်တစ်ရာမှ ကျပ်နှစ်ရာအထိ ညီညီညာညာ တက်လာနေခဲ့ပါသည်။

ကုန်ဈေးနှုန်းများတက်လာနေသည့်အတွက် သမ္မတကြီးက လစာတစ်ဝက်လျှော့ယူမည်ဟု ပြောခဲ့တုန်းက သမ္မတကြီးအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့ကြပါသည်။ လာဘ်မစားသည့်အတွက် လစာနှင့်မလောက်မငဖြစ်မှာစိုး၍ ဖြစ်ပါသည်။ လွှတ်တော်အမတ်မင်းများကတော့ လစာတိုးသွားပြီဖြစ်သည့်အတွက် သူတို့အတွက် ကျွန်တော်တို့ ပြည်သူများက စိုးရိမ်ပူပန်စရာမလိုတော့ပါ။ ကျွန်တော်တို့အတွက်ကတော့ ရိုးနေပြီဖြစ်သည့်အတွက် မပူပန်ကြပါနှင့်။ ဤစာကိုရေးရသည့်အကြောင်းရင်းကို ယခုပြောပါတော့မည်။ သမ္မတကြီးက နှလုံးမှာစက်ထည့်ထားရသည်ဟုကြား၍ ကျန်းမာရေးအတွက် ချက်ချင်းမပြောသေးဘဲ နိဒါန်းပျိုးနေခဲ့ရတာဖြစ်ပါသည်။

သမ္မတကြီး တာဝန်စတင်ထမ်းဆောင်ခဲ့သည့်အချိန်မှစပြီး ပြီးခဲ့သည့်သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ရပ်ကွက်ပြည်သူများ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရှိခဲ့ပါသည်။ သမ္မတကြီး၏ ရုံးခန်းအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို နောက်ခံထားပြီး ရိုက်ကူးထားသည့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ဓာတ်ပုံကို မြင်တွေ့ရသည့်နေ့ဖြစ်ပါသည်။ ခေါင်းဆောင်များမခေါ်မပြောလုပ်ကြလျှင် ရပ်ကွက်နေပြည်သူများ စိတ်နှလုံးညှိုးချုံးကြရပါသည်။ ခေါင်းဆောင်ကြီးများ အဆင်မပြေသည့်အခါ “စွမ်းအားရှင်များ”ရပ်ကွက်ထဲမှာ ပြူတစ်ပြူတစ် လုပ်လာတတ်ကြပါသည်။ ထိုဓာတ်ပုံကို တွေ့ရသည့်နေ့ကတော့ မင်္ဂလာရှိဆုံးနေ့အဖြစ် ကျွန်တော်တို့အားလုံး ၀မ်းသာခဲ့ကြပါသည်။ ထိုနေ့က ပျော်လွန်း၍ ရုပ်မြင်သံကြားကလွှင့်သည့် ကိုရီးယားဇာတ်လမ်းတွဲက “ဂျူမုံ”ကိုတောင် မကြည့်ဖြစ်ခဲ့ကြပါ။ ယခုတစ်ခါ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သမ္မတကြီး၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံချင်သည်ဟု တောင်းဆိုနေပါသည်။ သမ္မတကြီးတို့က မတွေ့နိုင်သေးဟုကြားရ၍ ကျွန်တော်တို့စိုးရိမ်ပူပန်ကြရပါသည်။

ရပ်ကွက်နေပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာလေးစားချစ်ခင်ကြပါသည်။ သူမအပေါ် ကရုဏာလည်းသက်ကြပါသည်။ ယခင်အစိုးရများက သမ္မတကြီးလို သဘောမကောင်းကြပါ။ သူမခင်ပွန်း မကွယ်လွန်မီမှာတောင် သူမဆီ လာတွေ့ခွင့်မပေးခဲ့ကြပါ။ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် မြှုပ်နှံထားပြီးသူဖြစ်ပါသည်။ တပ်မတော်ဖခင်ကြီး၏သမီးဖြစ်သည့်အတွက် တပ်မတော်ကိုလည်း သံယောဇဉ်အလွန်ရှိသူဖြစ်ပါသည်။

သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့စေလိုပါသည်။ တွေ့ဆုံသည့်အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း တစ်ပါတည်းခေါ်ထားစေချင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးထံကိုတော့ ကျွန်တော်တို့ သီးခြားစာမရေးတော့ပါ။ သမ္မတကြီးမှတစ်ဆင့် ပြောကြားပေးရန်ဖြစ်ပါသည်။

လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်သူဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အတိုက်အခံခေါင်းဆောင်ကို တွေ့ကိုတွေ့ဖို့ တာဝန်ရှိကြောင်း ရပ်ကွက်အတွင်းက ဆွမ်းလောင်းရုံမှာ ပြောဆိုနေကြတာ ကျွန်တော် ကြားခဲ့ပါသည်။ အဖြေတစ်ခုမထွက်သေးသည့်တိုင် တွေ့ဆုံစကားပြောဆိုသင့်သည်ဟု သူတို့ကပြောဆိုကြပါသည်။ ကျွန်တော်တို့အားလုံးကလည်း မျှော်လင့်နေကြပါသည်။

တွေ့ဆုံစကားပြောဖြစ်လျှင် သမ္မတကြီး၏သက်တမ်းအတွက် အအောင်မြင်ဆုံးမှတ်တိုင်ဖြစ်ပါမည်။ သဘောတူနားလည်မှုရပါက သမ္မတကြီးအနေဖြင့် တာဝန်မှအနားယူသည့်အခါ တိုင်းပြည်အတွက် အသင့်လျော်ဆုံးလူကို ထားခဲ့နိုင်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏သမ္မတသက်တမ်းကို ပြည်သူများက အလွန့်အလွန်မျှော်လင့်နေကြပါသည်။ ဆွမ်းလောင်းရုံနားမှာ ရပ်ကွက်သားတစ်ဦးက အခုလိုပြောပါသည်။

“ခင်ဗျားတို့စဉ်းစားရမှာက နိုင်ငံခြားသားဖြစ်ပေမယ့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ သားတွေရဲ့မိခင်ကို သမ္မတအဖြစ်ရွေးမလား၊ နိုင်ငံသားဖြစ်ပေမယ့် လက်ဝါးကြီးအုပ်စီးပွားရေးလုပ်နေတဲ့ သားသမီးတွေရဲ့မိဘတွေကို ရွေးမှာလားဆိုတာပဲ”

သူပြောတာ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိပါသည်။ စာလည်းရှည်သွားပါပြီ။ သမ္မတကြီးအနေဖြင့် တွေ့ဆုံပွဲကိုစီစဉ်နိုင်မည်ဟု ယုံကြည်ထားပါသည်။ စကားမစပ် နေပြည်တော်မှာ သွားရင်းလာရင်း ကျွန်တော်တို့မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုတွေ့မိလျှင် ကျွန်တော်တို့က သတိရကြောင်း ပြောပေးပါခင်ဗျား။ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြန်မတွေ့တော့သည့်အတွက် နေရေးစားရေးပူပန်မိခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ရပ်ကွက်ထဲက လမ်းကလေးသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခင်းပြီးပြီဖြစ်ကြောင်းကို သူ့ကိုသိစေလိုပါသည်။

တော်သေးပြီ။
လက်ရေးသည်းခံပါ။
သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး
စာကြွင်း- အလုပ်မအားလျှင် အရေးတကြီးစာပြန်ရန်မလိုပါ။

Aye Chan Mon# Credit To :7Day News Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ရေးသားသူ- ရဲမိုး

သို့- နိုင်ငံတော်သမ္မတကြီး
မှ- သင်၏သစ္စာရှိသော နိုင်ငံသားတစ်ဦး

သမ္မတကြီးခင်ဗျား။ ချစ်ခင်လေးစားစွာဖြင့် စာရေးသားအပ်ပါသည်။ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။

ဤစာကို ရေးသားဖြစ်သည့် တွန်းအားကတော့ သမ္မတကြီး၏မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်းအမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။ သူ့ကိုအားကျ၍ အခွင့်ရလျှင် အနီးကပ်လျှပ်တစ်ပြက်အော်ဟစ်ချင်သည့်တိုင် ကျွန်တော်တို့နေထိုင်ရာဒေသကို သမ္မတကြီးလာလည်ဖို့ အစီအစဉ်မရှိသေးသည့်အတွက် ယခုလို စာရေးသားရခြင်းဖြစ်ပါသည်ခင်ဗျား။

သမ္မတကြီးအုပ်ချုပ်သည့်ကာလအတွင်းမှာ စိတ်ချမ်းသာရသည့်အကြောင်းရင်းများကို ဦးစွာပြောပြချင်ပါသည်။ ယခင်က ရပ်ကွက်များအတွင်းမှာ ရန်ထောင်စွာကျယ်လုပ်ခဲ့ကြသည့် စွမ်းအားရှင်များကို မမြင်တွေ့ရတော့သည့်အတွက် ပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့နေကြရပါသည်ခင်ဗျား။ သူတို့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မြင်တွေ့ခွင့်မရအောင် သမ္မတကြီးက စွမ်းဆောင်ပေးနိုင်မည်ဟုလည်း မျှော်လင့်မိပါသည်။

စာချုပ်ချုပ်ပြီးဟောသည့် ဗေဒင်ဆရာအဖွဲ့ တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့် ဖမ်းခံရ


ကိုတိုးကြီး| တနင်္လာနေ့၊ ဇန်နဝါရီ ၂ဝရက်၊ ၂ဝ၁၄ခုနှစ်။

ပင်လယ်ဘူး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်တွင် စာချုပ်ချုပ်ဆိုပြီး ထီပေါက်ကိန်းရှိသည်ဟု ဟောပြောသည့် ဗေဒင်ဆရာအဖွဲ့ကို နှစ်ဆယ့်ငါးကျပ်တန် အခွန်တံဆိပ်ခေါင်း အတုပြုလုပ်မှုဖြင့်
ဖမ်းဆီးအရေးယူလိုက်သည်ဟု ပင်လယ်ဘူးမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂ဝ တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ဗေဒင်၊ လက္ခဏာဟောပြောသူများသည် ယာဉ်အမှတ် ၃က၊ ၂၁၂၉ ဘင်ကားအဖြူရောင်းဖြင့် ပင်လယ်ဘူးမြို့ အတွင်းရှိ လူနေရပ်ကွက်များသို့ လှည့်လည်၍ ဟောပြောခြင်း၊ ဟောစာတမ်းများ ရောင်းချခြင်း ပြုလုပ်နေချိန်တွင် ပင်လယ်ဘူးမြို့မရဲစခန်း ခေတ္တရဲစခန်းမှူး ရဲအုပ်အောင်အောင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နှစ်ဆယ့် ငါးကျပ်တန်အခွန်တံဆိပ်ခေါင်းများကို အတုပြုလုပ်၍ ဟောစာတမ်းများ ရေသားကာ အများပြည်သူမှ ယုံကြည်အောင် လိမ်လည်ပြောဆိုပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

DVD အချက်ပေါင်း ၇သောင်းခွဲနဲ့ညီမျှတဲ့ Data Storage အသစ်

Photo: DVD အချက်ပေါင်း ၇သောင်းခွဲနဲ့ညီမျှတဲ့ Data Storage အသစ်

ပုံမှာ မြင်တွေ့နေရတဲ့ ဖန်ပြား အဝိုင်းလေး တစ်ခုပမာ ပစ္စည်း ဖြစ်ပြီး ဗြိတိန်နဲ့ နယ်သာလန် Scientist တို့ တီထွင် ဖန်တီးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ယင်းဖန်ပြားငယ်လေးက 4.7 GB ဝန်းကျင်ရှိတဲ့ Standard DVD အချပ်ပေါင်း ၇သောင်းခွဲရဲ့  သိမ်းဆည်းအားနဲ့ ညီမျှကြောင်း ဆိုပါတယ်။

အတိအကျအားဖြင့် 360 TB (Terabytes) ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အသိမ်းခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁ သန်းကျော်တောင် မပျက်ဆီး မဆုံးရှုံးနိုင်အောင် ထိန်းသိမ်း၊ သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အချက် အလက် သိမ်းဆည်း ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်နေတာ ကို တွေ့မြင်ရ ပါတယ်။ ဒါကြောင့် သူ့ကို "Superman Memory Crystal" လို့ အမည်ပေးထားပါတယ်။ သေးငယ်လှတဲ့ အချက်ပြားက အမှန်တော့ အထပ်ပေါင်းများစွာ ခံထားပြီး အတွင်းသို့ အချက်အလက်များကို လေဆာနဲ့ အသုံးပြုလို့ သိမ်းဆည်း စေခြင်း ဖြစ်ပါတယ်။

အပူချိန် ၁၀၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ လေထုပတ်ဝန်းကျင်မှာတောင် ဘာမှ မပျက်ဆီးအောင် သူ့အလိုအလျောက် ထိန်းသိမ်းထားနိုင်တဲ့ ပစ္စည်း ဖြစ်ပါ တယ်။ 2013 Conference of Lasers and Electro-Optics မှာ ဝင်ရောက် မိတ်ဆက်သွားတဲ့ နည်းပညာ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အများအသုံးပြု နိုင်ရန် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: piysicsworld.com
အောင်ခမ်း ( www.innewsmyanmar.com )

http://www.innewsmyanmar.com/2014/01/dvd-data-storage.html

Aye Chan Mon# Credit To :International news for myanmar> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ပုံမှာ မြင်တွေ့နေရတဲ့ ဖန်ပြား အဝိုင်းလေး တစ်ခုပမာ ပစ္စည်း ဖြစ်ပြီး ဗြိတိန်နဲ့ နယ်သာလန် Scientist တို့ တီထွင် ဖန်တီးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ယင်းဖန်ပြားငယ်လေးက 4.7 GB ဝန်းကျင်ရှိတဲ့ Standard DVD အချပ်ပေါင်း ၇သောင်းခွဲရဲ့  သိမ်းဆည်းအားနဲ့ ညီမျှကြောင်း ဆိုပါတယ်။

အတိအကျအားဖြင့် 360 TB (Terabytes) ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အသိမ်းခံခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁ သန်းကျော်တောင် မပျက်ဆီး မဆုံးရှုံးနိုင်အောင် ထိန်းသိမ်း၊ သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အချက် အလက် သိမ်းဆည်း ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်နေတာ ကို တွေ့မြင်ရ ပါတယ်။ ဒါကြောင့် သူ့ကို "Superman Memory Crystal" လို့ အမည်ပေးထားပါတယ်။ သေးငယ်လှတဲ့ အချက်ပြားက အမှန်တော့ အထပ်ပေါင်းများစွာ ခံထားပြီး အတွင်းသို့ အချက်အလက်များကို လေဆာနဲ့ အသုံးပြုလို့ သိမ်းဆည်း စေခြင်း ဖြစ်ပါတယ်။

မုံရွာမြို့တွင် မူးယစ်သောက်စားပြီး အုပ်စုဖွဲ့ရိုက်နှက်သူများ ဖမ်းဆီးအရေးယူ


မုံရွာ ဇန်နဝါရီ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် အရက်သေစာ သောက်စား မူးယစ်ကာ အုပ်စုဖွဲ့ အကြောင်းမဲ့ ရမ်းကားပြီး လမ်းသွား လမ်းလာများအား တုတ်ဖြင့် လိုက်လံ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ည(၁ဝ)နာရီ(၅ဝ)မိနစ်ချိန်ခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ် ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် ကွေ့ကြီး ရပ်ကွက်နေ သီဟ(ဘ)ဦးရွှေရ၊ သန်းအောင်(ဘ) ဦးကျော်သူအောင်၊ ဖိုးဇော်(ခ)ဇော်ဇော်ဦး(ဘ)ဦးသန်းထီ၊ ပေါက်စ(ခ)ဟိန်းမင်းလတ်(ဘ)ဦးဥာဏ်လင်းထွန်း၊ ဖြိုးစည်သူ(ဘ) ဦးဇော်ဝင်းတို့(၅)ဦးသည် အရက်သေစာ များသောက် စားမူးယစ်ပြီး (၂x၁)လက် သစ်သားတုတ်ကိုင်လျက် လမ်းသွားလမ်းလာများကို လိုက်လံရိုက်သဖြင့် ကိုနောင်(ဘ)ဦးမျိုးမြင့်၊ ငြိမ်းချမ်းမိုး(ဘ)ဦးအောင်ရွှေ တို့နှစ်ဦး သည် ဒဏ်ရာများ ရရှိခဲ့သည်။

လမ်းတွေကို ပြင်မှာလား၊ စိတ် အမူအကျင့်တွေကို ပြင်မှာလား

Photo: လမ်းတွေကို ပြင်မှာလား၊ စိတ် အမူအကျင့်တွေကို ပြင်မှာလား

ထက်အောင်ကျော်| January 20, 2014 | 


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ကျနော်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက် စာ Social Visa နဲ့ သွားတဲ့ အတွက် သတင်း ၈ ပတ်ကြာခဲ့တယ် ဆိုပါတော့။ အဲဒီသတင်း ၈ ပတ်အတွင်းက နေ့ရက် အတော်များများဟာ တနေရာနဲ့ တနေရာ သွားရင်း လမ်းပေါ်မှာ ကုန်ဆုံးခဲ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံက လမ်းမတွေပေါ် သွားရင်းနဲ့ အောက်ဖေါ်ပြပါ လမ်းပေါ်က အမှား တွေကို ကျနော်မြင်ခွင့်ရခဲ့ ပါတယ်။

အဝေးပြေး ကားလမ်းပေါ်က အမှားတွေကို မပြောခင် အားလုံး နေ့စဉ်ကြုံတွေ့ မြင်သိနေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို အရင်ဆုံးလေ့လာ ကြည့်ရအောင်ပါ။ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရတာက လေယာဉ်ကွင်းနဲ့ မြို့ထဲ ပြေးတဲ့ လေယာဉ်ကွင်း ရထားတို့၊ လေယာဉ်ကွင်း ဘတ်စ်ကားတို့ ရန်ကုန်မှာ မရှိသေးတဲ့ ကိစ္စ။ ဒီတော့ ဈေးကြီးတဲ့ တက္ကစီကိုပဲ အားကိုးရတာပေါ့။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ရန်ကုန်က တက္ကစီတွေရဲ့ အပြင်အဆင် ကိုလည်း ကြည့်ပါဦး။ နော်ဝေးက တက္ကစီနဲ့ မယှဉ်နဲ့၊ ဘန်ကောက်က တက္ကစီနဲ့ ယှဉ်ရင် တောင် အတော် ကျန်နေခဲ့ပြီ။ တိုင်းပြည်က ဆင်းရဲနေဆဲ ဖြစ်လို့ ကားကောင်းကောင်း မတင်သွင်းနိုင်သေးတာ၊ လမ်းကောင်း ကောင်း မဖေက်လုပ်နိုင်သေးတာကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် ကားဆရာတွေရဲ့ ဧည့်ဝတ်မကျေမှု၊ ဧည့်သည်ကို ဘယ် လိုဆက်ဆံရမယ် ဆိုတဲ့ အခြေခံမူလေးတောင် မသိမှုတွေ အတွက်တော့ စိတ်ပျက်သွားမိ ပါတယ်။

တက္ကစီပေါ် ရောက်ရောက်ချင်း ထိုင်ခုံ ခါးပတ် ပတ်ဖို့ပြင်တဲ့ လူကို “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်”လို့ တက္ကစီ ဆရာက စပြောပါတယ်။ တကယ်က ဒီမှာတော့ အဲဒီလောက်ထိ စည်းကမ်း မကျပ် သေးဘူး၊ ထိုင်ခုံခါးပတ် မပတ်ရင် အရေး ယူတာမျိုး မရှိသေးဘူး။ ဒါကြောင့် ပတ်စရာမလိုဘူး စသဖြင့် ရှင်းပြသင့်တယ် ထင်ပါတယ်။

ပြီးတော့ ရန်ကုန်က တက္ကစီသမားတိုင်း လိုလို ကွမ်းစား၊ ဆေးလိပ်သောက်တာ တွေ့ရပါတယ်။ လမ်းဆုံ မီးပွိုင့်မှာ ကားရပ်ရင် ကားတံခါးကို ဟပြီး ကွမ်းသွေး ထွေးကြပါတယ်။ မြို့လယ်ခေါင် ကတ္တရာလမ်းမကြီး ပေါ် “ဗြစ်” ဆိုပြီး ဒီအတိုင်း ထွေးချလိုက် တာပါ။ “ကားဆရာ ကြည့်လုပ်နော်။ နောက်က ဆိုင်ကယ် ၀င်တိုက်မိမယ်။ ရဲ နဲ့တိုးရင် ဒုက္ခရောက်နေဦးမယ်” ဆိုပြီး ပြောမိပြန် ပါတယ်။ ဒီတော့ ကားဆရာက “ခင်ဗျားမြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” ဆိုတဲ့ စကားလုံးကို အသံနဲ့မပြောတော့ဘဲ မျက် လုံး၊ မျက်ခုံးနဲ့ ပြပါတယ်။

မြို့လယ်ရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ လူကူး မျဉ်းကြားမှာ လူတွေဖြတ်ကူး နေတာကို မြင်ရဲ့ သားနဲ့ ကားဟွန်း အဆက်မပြတ်တီးပြီး အရှိန်နဲ့ မောင်းဝင်ပါတယ်။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” လို့ ထပ်အပြောခံရမှာ စိုးတဲ့ အတွက် ဘာမှထပ် မပြောတော့ပါ။ မှတ်တမ်းမှတ်ရာနဲ့ တင်ပြနိုင်ဖို့ အတွက် ကင်မရာအလုပ်ကိုသာ အာရုံစိုက်ရ ပါတော့ တယ်။

ရန်ကုန်ကနေ နယ်မြို့တွေသွားတဲ့အခါမှာလည်း လေယာဉ်တွေ၊ ရထားတွေထက် ကားလမ်းကိုသာ လူတွေ အဓိကထား သွားကြတာ တွေ့ရပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေး၊ မန္တလေး-တောင်ကြီး၊ တောင်ကြီး-ရန်ကုန် ခရီးစဉ်တွေ အားလုံးကို ကျနော် ဘတ်စ်ကား စီးပြီး သွားခဲ့ပါတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း တိုင်းပြည်က ဆင်းရဲနေ ဆဲ မို့ လမ်းတွေ ကောင်းကောင်း မပြင်နိုင်သေးတဲ့ ကိစ္စကို အပြစ်တင်စရာ မရှိပါ။

ဒါပေမယ့် လမ်းအခွန် ကောက်တဲ့ စနစ်ကတော့ တိုင်းပြည် ဆင်းရဲတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြင် အခု ရနိုင်တဲ့ ငွေကုန်ကြေးကျ မများတဲ့ လုပ်ငန်းစဉ်လို့ ထင်မိပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးလမ်း တွေမှာ ကျနော်ပဲ အိပ်ငိုက် နေလို့လား မသိပါ၊ မြို့ဝင်ကြေး ကောက်တာမျိုး မတွေ့မိပါ။ ကုမ္ပဏီတွေက ဆောက်လုပ်ထားတဲ့ အဝေးပြေးလမ်း Toll ဂိတ်တွေမှာ လမ်းခွန် ကောက်တာကိုတော့ တွေ့မိပါတယ်။

ကိုယ်က နောက်မှာ ထိုင်တာ ဆိုတော့ ကားဆရာနဲ့ ဂိတ်ဆရာ ဘာတွေ ပြောမှန်းမသိပါ။ နော်ဝေးနဲ့ ထိုင်းမှာ တွေ့ဖူးသလောက် ကတော့ Toll ဂိတ်မှာ ဘာမှပြောစရာ မလိုပါ။ ကားကြီး ဘယ်လောက်၊ ကားငယ် ဘယ်လောက်၊ ကျသင့်တဲ့နှုန်းကို ပေးရင် ဂိတ် တခါး ပွင့်မယ်။ လက်မှတ်ရမယ်။ အားလုံး ကွန်ပျူတာ စနစ်နဲ့ထိမ်းချုပ်ထားတယ်။ ဒီလို နားလည်ထားပါတယ်။

ဒါပေမယ့် မန္တလေးကနေ တောင်ကြီး၊ တောင်ကြီးကနေ လင်းခေးမြို့ဆီသွားတဲ့ ခရီးစဉ်တွေမှာတော့ ဘတ်စ်ကားကြီး တွေ အစား ဗင်ကားလို့ ဒေသခံတွေက ခေါ်တဲ့ လူ ၄ ယောက်စီး တက္ကစီလို ကားမျိုးကို စီးမိပါတယ်။ ကားသမားဘေး က ရှေ့ခုံမှာ ထိုင်ခွင့်ရတော့ ကားသမား ပြောသမျှ၊ ကားသမားလုပ်သမျှ အကုန်မြင် နေရပါတယ်။ စဥ့်ကူ၊ ကျောက်ဆည်၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ အေးသာယာ၊ တောင်ကြီး အထိ မြို့တိုင်းမှာ မြို့ဝင်ကြေး ၃၀၀ ကျပ်စီ ပေးတာ တွေ့ရပါတယ်။

အလားတူ ဟိုပုန်း၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့အ၀င်တွေမှာလည်း ၃၀၀ ကျပ်စီ ပေးရပါတယ်။ ဒါပေမယ့် ၅၀၀ တန်ပေးလိုက်ရင် ပြန် မအမ်းတော့ပါ။ ၃၀၀ အတွက်လည်း ဘာလက်မှတ်မှ မရပါ။ “ဘာလို့ ငွေလက်ခံဖြတ်ပိုင်း မတောင်းတာ လဲ” ဆိုပြီး ကားဆရာကို ကျနော်က မေးတော့ “အလုပ်ရှုပ်ပါတယ်ဗျာ။ အဲဒါ တောင်းနေရင် ကား အကြာကြီး ရပ်နေရလိမ့်မယ်” လို့ဖြေပါတယ်။

အင်း မြို့ဝင်ကြေး ကောက်တဲ့ ဂိတ်တွေမှာ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် အခွန်ပြေစာ မပေးနိုင်သေးတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက်တခါ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် တနေ့တနေ့ ကားဘယ်နှစ်စီး ဒီဂိတ်ကနေ ဖြတ်သွားတယ် ဆိုတာကိုလည်း ဘယ်သူကမှ အသေချာ မှတ်တမ်းတင်ထားပုံ မရပါ။

ကား ဘယ်နှစ်စီး ဖြတ်တယ် ဆိုတာ မှတ်တမ်း မရှိဘဲနဲ့ ဂိတ်ကြေး ဘယ်လောက်ရတယ် ဆိုတာကို ဘယ်လို တွက်ချက်သလဲ။ ဒီဂိတ်မှာ တာဝန်ယူတဲ့ သူတွေ ပြောတဲ့အတိုင်းပဲ မြို့တော်ဝန်တို့၊ အခွန်ဝန်ကြီးဌာနတို့၊ ကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာနတို့က လက်ခံလိုက်တာပဲလား။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူး နဲ့တူတယ်” လို့ ထပ် အပြောခံရဦးမယ့် ကိန်းပါပဲ။

ထားတော့။ တိုင်းပြည်က ဆင်းရဲနေဆဲ ဆိုတော့ ကွန်ပျူတာစနစ် မလုပ်နိုင်သေးတဲ့ အတွက် ဒါတွေကို စိစစ်ဖို့ မဖြစ်နိုင် သေး ဘူး ပေါ့။ ဒါပေမယ့် ကွန်ပျူတာစနစ်နဲ့ အသေအချာ ထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ဝင်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်မှာလည်း အလားတူ အဖြစ်ကို ကြုံရတော့ ကျနော် အတော်အံ့သြသွားရ ပါတယ်။ Toll ဂိတ် တွေရောက်တိုင်း ပေးနေကျ အခကျေးငွေကို ကားဆရာက ထုတ်ပေးတာ ကျနော် မြင်လိုက်ရပါတယ်။

“ဟာ အစ်ကိုကြီးကလဲ၊ အချင်းချင်းတွေကို ပိုက်ဆံလာပေး နေပြန်ပြီ။ ပိုက်ဆံ မယူဘူး။ ပြန်လာမှ မုန့်ဝယ်လာခဲ့လေ”လို့ Toll ဂိတ်ကောင်တာ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက ပြန်ပြောပါတယ်။ ကျနော့် နားကို ကျနော် မယုံလို့ ကောင် မလေး ရှေ့က ကွန်ပျူတာကို အသေအချာလှမ်းကြည့် ပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ ဘာတွေ ပေါ်နေမှန်း ကောင်းကောင်း မမြင်ရပါ။ ပြီးတော့ ဘေးမှာ CCTV ကင်မရာတွေကော မရှိဘူးလား ဆိုပြီး ကျနော် လိုက်ကြည့်ပေမယ့် ဘာမှ မတွေ့ရပါ။

ကျနော့် နားနဲ့ မျက်စိအာရုံတွေ ချွတ်ယွင်းနေတာတော့ မဟုတ်လောက်ပါဘူး။ Toll ဂိတ်စနစ်နဲ့ အကောက် ၀န်ထမ်းတွေ၊ ကား သမားတွေရဲ့ တာဝန်ယူမှု၊ ကိုယ်ကျင့်သိက္ခာတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမယ့် ဒါကို လွဲချော်ခြင်း တခု၊ ကိုယ်ကျင့်သိက္ခာ ခြ စားခြင်းတခု၊ လာဘ်စားမှု တခုဖြစ်တယ်လို့ ကားသမားရော၊ Toll ဂိတ် ၀န်ထမ်းတွေကပါ ရှုမြင်ထားပုံ မရပါဘူး။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” လို့ ခဏခဏ အပြောခံနေရတဲ့ ကျနော်တဦးတည်းကသာ ဒီလိုမြင်နေတာ ဖြစ် ပုံရပါတယ်။

ထားတော့။ နယ်စွန်နယ်ဖျား မို့လို့ ဒီလို လွဲချော်နေတာ ဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံး ဒီလို လွဲနေတာ မျိုးတော့ မဟုတ်လောက်ပါဘူး လို့ တွေးရင်း ရှမ်းပြည်ကနေ ကျနော် ပြန်လာခဲ့ပါတယ်။ မန္တလေးကို မ၀င်ခင် စစ်ကိုင်း တောင်ရိုး ပေါ်က ပြန်အဆင်း၊ ဧရာဝတီမြစ်ကူးတံတား (အရင် အင်းဝတံတား) ဘေးက သတိပေး ဆိုင်းဘုတ်တွေကိုမြင်ရတော့ နောက်ထပ် ထူးခြားချက် တခု ကို တွေ့လိုက်ရ ပြန်ပါတယ်။

“ဌာနဆိုင်ရာ မော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့် မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” တဲ့။ တမျိုးကြီး ပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုး သတိပေးချက် မတွေ့ မိပါဘူး။ အသေအချာ ပြန်ဖတ်ကြည့်တော့ “ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင် တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများ မပေးဘဲ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနေလို့” ဒီလို မေတ္တာရပ်ခံရတာပါ တဲ့။

ဆိုလိုတာက ဌာနဆိုင်ရာကား ဆိုရင် တံတားကြေး၊ ဂိတ်ကြေး ပေးစရာ မလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီ ကားတွေက မြေနဲ့ မထိ ဘဲ၊ လမ်းနဲ့မထိဘဲ လေပေါ်မှာ မောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ် ကားဖြစ်ဖြစ် လမ်းပေါ် ဖြတ်တဲ့ ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပျူတာစနစ်ထဲမှာ ဌာနဆိုင်ရာကားဆိုရင် စခရင် (Screen) မှာ မပေါ်ဘဲ ကိုယ်ဖျောက် စနစ်နဲ့ ဖြတ်သွားလေရော့ သလား။ တခြား နိုင်ငံတွေက ကွန်ပျူတာ စနစ်နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ စနစ် မတူကြဘူးလား။

အင်း လမ်းပေါ်က အမှားတွေ အတွက် လမ်းကိုပဲ အရင်ပြင်ရ မလား၊ မြို့ဝင်ကြေးကောက်တဲ့ ဂိတ်စနစ် ကိုပဲ အရင်ပြင်ရ မလား။ Toll ဂိတ်တွေက ကွန်ပျူတာစနစ်ကိုပဲ အရင်ပြင်ရ မလား။ ဒါမှမဟုတ် တာဝန်ကျ ၀န်ထမ်းတွေ၊ ကားသမားတွေ၊ လူတွေရဲ့ စဉ်းစားပုံ Mindset ကိုပဲ အရင်ပြင်ရ မလား။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး ဝေဖန်သမျှကို မျက်စိမှိတ်စွတ်ငြင်း လေ့ ရှိတဲ့ အမူအကျင့်ကိုပဲ အရင်ပြင်ရ မလား။ မန္တလေး-ရန်ကုန် အမြန်လမ်းပေါ် ပြေးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း ကျနော် စဉ်းစားနေမိပါတယ်။     ။

ဘတ်စ်ကားများ ပြည့်ကြပ်နေသည့် ရန်ကုန်မြို့လမ်းမတခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Aye Chan Mon# Credit To  ဧရာဝတီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ထက်အောင်ကျော်| January 20, 2014 |

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ကျနော်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက် စာ Social Visa နဲ့ သွားတဲ့ အတွက် သတင်း ၈ ပတ်ကြာခဲ့တယ် ဆိုပါတော့။ အဲဒီသတင်း ၈ ပတ်အတွင်းက နေ့ရက် အတော်များများဟာ တနေရာနဲ့ တနေရာ သွားရင်း လမ်းပေါ်မှာ ကုန်ဆုံးခဲ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံက လမ်းမတွေပေါ် သွားရင်းနဲ့ အောက်ဖေါ်ပြပါ လမ်းပေါ်က အမှား တွေကို ကျနော်မြင်ခွင့်ရခဲ့ ပါတယ်။

အဝေးပြေး ကားလမ်းပေါ်က အမှားတွေကို မပြောခင် အားလုံး နေ့စဉ်ကြုံတွေ့ မြင်သိနေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို အရင်ဆုံးလေ့လာ ကြည့်ရအောင်ပါ။ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရတာက လေယာဉ်ကွင်းနဲ့ မြို့ထဲ ပြေးတဲ့ လေယာဉ်ကွင်း ရထားတို့၊ လေယာဉ်ကွင်း ဘတ်စ်ကားတို့ ရန်ကုန်မှာ မရှိသေးတဲ့ ကိစ္စ။ ဒီတော့ ဈေးကြီးတဲ့ တက္ကစီကိုပဲ အားကိုးရတာပေါ့။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ထိုင်းရောက် မြန်မာနှစ်ထောင်ခန့် လစဉ်ထောက်ပံ့ကြေး တစ်ဦး ဘတ် ၅၀၀ ရမည်


ရန်ကုန်၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေရှိ ရေလုပ်ငန်း စက်ရုံတစ်ရုံဖြစ်သော MWRN ပုစွန်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား နှစ်ထောင်ဝန်းကျင်ကို အလုပ်လုပ်ရက် နည်းပါးသည့်လတွင် ထောက်ပံ့ကြေး တစ်ဦးလျှင် ဘတ် ၅၀၀ (မြန်မာကျပ် ၁၅,၀၀၀ ခန့်) ပေးရန် ညှိနှိုင်းပေးရာ အလုပ်ရှင်က လိုက်လျော လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက် (MWRN) မှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ပုစွန်နည်းပါး၍ တစ်ပတ် အလုပ်လုပ်ရက် ခြောက်ရက်အစား ငါးရက်သာ လုပ်ကိုင်ရသည့် လများတွင် ယင်းထောက်ပံ့ ကြေးကိုပေးရန်၊ အလုပ်ရုံရှိ ပြဿနာများ လျော့ပါးသွားစေရန် အလုပ်သမား ကော်မတီ ပြန်လည် ဖွဲ့စည်း၍ အလုပ်ရှင်လုပ်သား ညှိနှိုင်းဆောင်ရွက်ရန် စသည့် အချက်များကို အလုပ်ရှင် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရနှင့် တပ်မတော် သဘောမတူပါက လူထုအင်အားဖြင့် အခြေခံဥပဒေ ပြင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


လှိုင်းဘွဲ့၊ ဇန်နဝါရီ ၁၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးတွင် အစိုးရနှင့် တပ်မတော်က သဘောမတူပါက လူထုအင်အားဖြင့် ပြင်ဆင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၌ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ရှိရင် တချို့တွေက ကျွန်မကို မေးပါတယ်။ တပ်မတော်က မပြောင်းရင် ဘယ့်နှယ့်လုပ်မလဲလို့ မေးကြတာ ရှိတယ်။ ဘာလုပ်မလဲဆိုတော့ ကျွန်မ လူထုအင်အားနဲ့ ပြင်မယ်။ ကျွန်မ လူထုအားကို အားကိုးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူလူထုပေါ်တွင် မူတည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အာဏာသည် ပြည်သူ့ လက်ထဲတွင်သာ ရှိကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရန် တပ်မတော်နှင့် အစိုးရက သဘောမတူပါက လူထုအင်အား အသုံးပြုပြီး ပြင်ဆင်မည်ဟု ပြောဆိုသော်လည်း လူထုအင်အားကို မည်သို့ အသုံး ပြုမည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

" လင်းလင်း နဲ့ ချစ်သုဝေတို့ နှစ်ဦးစိတ်ကူး ပုံဖော်ထားတဲ့ မင်္ဂလာဖိတ်စာ အကြောင်း "

Photo: " လင်းလင်း နဲ့ ချစ်သုဝေတို့ နှစ်ဦးစိတ်ကူး ပုံဖော်ထားတဲ့
မင်္ဂလာဖိတ်စာ အကြောင်း "

တေးသံရှင် လင်းလင်း နဲ့ တေးသံရှင် ချစ်သုဝေတို့ ဂီတ စုံတွဲက ဇန်န ဝါရီလ ၂၈ ရက်နေ့ မှာ လက်ထပ် မင်္ဂလာပွဲ ကျင်းပပြီး နှစ်ကိုယ်တူ ရွှေလက်တွဲ တော့ မှာဖြစ်ပါ တယ်။ လင်းလင်း နဲ့ချစ်သုဝေ တို့ချစ်သူနှစ်ဦး ရဲ့ မင်္ဂလာပွဲ အတွက် မင်္ဂလာ ဖိတ်စာ များကိုတော့ သူတို့နှစ်ဦး ကိုယ်တိုင်ပဲ Hand Made ပြုလုပ်ထားတယ်လို့ သိရ တာကြောင့် စိတ်ဝင်တစား နဲ့ လင်းလင်း ကို မေးမြန်းကြည့်တဲ့ အခါ

“ကျွန်တော် နဲ့ ထရီဇာ တိုင်ပင် တယ်။ ဖိတ်စာကို ဖိတ်တဲ့အခါမှာ အမှတ်တရလေးလည်း ကျန် အောင်၊ အသုံးလည်း ဝင်အောင် ဘယ်လို လုပ်မလဲ စဉ်းစားကြတော့ သစ်သား box လေးတွေကို ရန်ကုန်မှာ လက် သမားတွေ နဲ့အပ်တယ်။ ကျွန်တော်က အဲဒီ box လေးမှာ ထည့်မယ့် စက်ဘီး သေးသေးလေး၊ ပန်း လေး တွေ၊ ထီးလေးတွေ ကို ဘန်ကောက်မှာ တစ်ခုချင်း စီလိုက်စုပြီး ဝယ်တယ်။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ကော်လေးတွေ နဲ့ လိုက်ကပ်ပြီး အသေးစိတ် လုပ်တယ်။ အဲဒီ သစ်သား box ထဲက ကလစ်လေးမှာ ကျွန်တော်တို့ ဖိတ်စာလေး ပါ မယ်။ အဲဒီ box ကိုမှ စက္ကူဘူး လေး နဲ့ ထည့်ထားတယ်။

အဲဒီ ဖိတ်စာလေးက ထောင်လို့ လည်း ရတယ်။ လှဲလို့လည်း ရတယ်။ ပြီးရင် ဓာတ်ပုံတွေ ဘာတွေ ညှပ်ပြီး ချိတ်ထား ချင်လည်း ရတယ်။ အဲဒီလို လေး လုပ်ထားပါ တယ်” လို့ လင်း လင်း ကပြောပါ တယ်။ လင်း လင်း တို့ရဲ့ မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီ ၂၈ ရက် ပိဋကတ် သုံးပုံနိကာယ် စာသင်တိုက်မှာ မင်္ဂလာဦး ဆွမ်းကျွေးမှာ ဖြစ်ပြီး ၃ဝ ရက်နေ့မှာ တော့ စိန့်မေရီချက် ကျောင်းမှာ မင်္ဂလာ ညစာစားပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာတော့ လင်းလင်း တို့ချစ်သူ နှစ်ဦး က ခင်မင်တဲ့ မိတ်ဆွေများ နဲ့ အတူ ချောင်းသာမှာ Beach Party လေးလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် လက်ထပ် ပြီးပြီးချင်း မှာပဲ သြစတြေးလျကို ပညာရေး ရန်ပုံငွေ အတွက် မောင်နှံနှစ်ဦး စလုံး ဖျော်ဖြေ ရေး သွားရမှာမို့ ပြန်လာမှပဲ တခြား ကိစ္စတွေကို တိုင် ပင်တော့မယ် လို့လည်း လင်းလင်းက ပြောပါတယ်။

ရဲရဲ

Aye Chan Mon# Credit To :Popular Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

တေးသံရှင် လင်းလင်း နဲ့ တေးသံရှင် ချစ်သုဝေတို့ ဂီတ စုံတွဲက ဇန်န ဝါရီလ ၂၈ ရက်နေ့ မှာ လက်ထပ် မင်္ဂလာပွဲ ကျင်းပပြီး နှစ်ကိုယ်တူ ရွှေလက်တွဲ တော့ မှာဖြစ်ပါ တယ်။ လင်းလင်း နဲ့ချစ်သုဝေ တို့ချစ်သူနှစ်ဦး ရဲ့ မင်္ဂလာပွဲ အတွက် မင်္ဂလာ ဖိတ်စာ များကိုတော့ သူတို့နှစ်ဦး ကိုယ်တိုင်ပဲ Hand Made ပြုလုပ်ထားတယ်လို့ သိရ တာကြောင့် စိတ်ဝင်တစား နဲ့ လင်းလင်း ကို မေးမြန်းကြည့်တဲ့ အခါ

“ကျွန်တော် နဲ့ ထရီဇာ တိုင်ပင် တယ်။ ဖိတ်စာကို ဖိတ်တဲ့အခါမှာ အမှတ်တရလေးလည်း ကျန် အောင်၊ အသုံးလည်း ဝင်အောင် ဘယ်လို လုပ်မလဲ စဉ်းစားကြတော့ သစ်သား box လေးတွေကို ရန်ကုန်မှာ လက် သမားတွေ နဲ့အပ်တယ်။ ကျွန်တော်က အဲဒီ box လေးမှာ ထည့်မယ့် စက်ဘီး သေးသေးလေး၊ ပန်း လေး တွေ၊ ထီးလေးတွေ ကို ဘန်ကောက်မှာ တစ်ခုချင်း စီလိုက်စုပြီး ဝယ်တယ်။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ကော်လေးတွေ နဲ့ လိုက်ကပ်ပြီး အသေးစိတ် လုပ်တယ်။ အဲဒီ သစ်သား box ထဲက ကလစ်လေးမှာ ကျွန်တော်တို့ ဖိတ်စာလေး ပါ မယ်။ အဲဒီ box ကိုမှ စက္ကူဘူး လေး နဲ့ ထည့်ထားတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး


ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှ နေပြည် တော်သို့ ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေးခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့် ကား ပဲခူးမြို့ နယ်မှာ ယာဉ်တိုက်မှုဖြစ် တဦးသေဆုံး


ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis