menu

Monday 26 March 2012

ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေထိုင်နေရသူများ အတွက် အမေရိကန် ပြည်ထောင်စုမှ ဒေါ်လာ ၁ ဒသမ ၅ သန်း ကူညီမည်




ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေထိုင်နေရသူများ အတွက် အမေရိကန် ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်း ကူညီမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် မတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါငွေများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတစ်ဆင့် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။


ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေရသူများအား ကူညီထောက်ပံ့ နိုင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅သန်း ထောက်ပံ့သွားမည်ကို ယခုဒီနေရာမှ ကြေညာ ပြောကြားလိုကြောင်း၊  ကြားဖြတ်ရွေးကောက်ပွဲရလဒ်သည် ဒီနိုင်ငံမှ   ပြည်သူများ၏ တာဝန်သာဖြစ်ကြောင်း  .  .  .
 အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ် ချယ်က နေပြည်တော်တွင် အကျိုးရှိ သည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်ခဲ့သည့် အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ထိုသို့တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ကန့်သတ်ထားသည့် အရေးကိစ္စများ မရှိပါကြောင်း၊ ယင်းအတွက် မြန်မာ အစိုးရအား ကျေးဇူးတင်ပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးကိုလည်း ကူညီရာရောက်ပါ ကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခန်းကဏ္ဍတို့တွင် မည်ကဲ့သို့ ကူညီမှုများ ပြုလုပ်နိုင်မည် နည်းဆိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါ ကြောင်း၊ ကချင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေရသူများအတွက်  လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊  တိုင်းရင်းသား လူနည်းစုဒေသများတွင် ပြီးခဲ့သည့်လများ၊ သီတင်းပတ်များ အတွင်း တိုးတက်မှုများ ရှိလာသည်ကို တွေ့ရပါကြောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်နေကြောင်းကို မြန်မာအစိုးရက ပြောကြားပါကြောင်း၊ ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေရသူများအတွက် စိုးရိမ်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် တွေ့ဆုံရာတွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများ အတွက် ကူညီထောက်ပံ့ရန် အကန့်အသတ် ရှိနေသည်ကို သိရှိရပါကြောင်း၊ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေရသူများအား ကူညီထောက်ပံ့နိုင်ရန် ကုသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့သွားမည်ကို ယခုဒီနေရာမှ ကြေညာ ပြောကြားလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည် ဒီနိုင်ငံမှ ပြည်သူများ၏ တာဝန်သာဖြစ်ကြောင်း၊ ဤအရာသည် မိမိတို့ စိတ်ဝင်စားသည့် အရာ မဟုတ်ပါကြောင်း၊ မိမိတို့ စိတ်ဝင်စားသည်မှာ လုပ်ငန်းစဉ်သာ ဖြစ်ပါကြောင်း၊ အဆိုပါလုပ် ငန်းစဉ်သည် လွတ်လပ်တရားမျှတပြီး ထင်သာမြင်သာရှိကာ နိုင်ငံရှိ ပြည်သူများ၏ ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုရမည် ဖြစ်ကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis