menu

Wednesday 10 October 2012

ဗိုလ်ချုပ်အောင်ဆန်းထံမှ သင်ယူခြင်း - ၂ {သွန်းနေစိုး}

 "ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်"

"ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းထံမှ သင်ယူခြင်း - ၁ {သွန်းနေစိုး}

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ရင် ကျနော်တို့ အများဆုံးပြောတတ်ကြတာက သူရဲ့ ရဲရင့်ပြတ်သားတဲ့ သတ္တိကောင်းတဲ့ အပြုအမူတွေကိုပါ။ အများနဲ့မတူ တမူထူးခြားလှတဲ့ သူ့စရိုက်တွေကိုလည်း မြတ်မြတ်နိုးနိုးပြောမိတတ်ကြတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်း စာမူဟာ ကျနော်တို့ အသည်းစွဲပေါ့။
ပြောရရင် ဗိုလ်ချုပ်ရဲ့ တော်လှန်ရေးသမားဘ၀ ရုပ်ပုံလွှာကို အများဆုံး စူးစိုက်ပြောဆိုမိကြတာပါ။

ဒါပေမဲ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးသမားကောင်းသာမက နိုင်ငံတည်ဆောက်သူကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့မှာ ရင့်ကျက်ပြည့်ဝတဲ့စိတ်၊ ငါတကော မကောတတ်တဲ့သဘောထား၊ အမျှော်မြင်ကြီးတဲ့ စိတ်ထားတွေလည်း ရှိနေတယ်။
အခုတင်ပြချင်တာ ဗိုလ်ချုပ်ကို အဲဒီအမြင် ရှုဒေါင့်က လေ့လာလိုခြင်းပါ။

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်


မိန်းခလေး အခွင့်အရေးတွေအတွက်
 လှုပ်ရှားပေးလို့ နိုင်ငံတကာက လှိုက်
လှိုက်လှဲလှဲ အားပေးထောက်ခံမှုကို
ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန်
ကျောင်းသူလေးကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ရာမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။

ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။
ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။

ပြည်သူတွေရဲ့လိုအင်ဆန္ဒ ငြိမ်းချမ်းရေးသည် ပထမ( မောင်သွေးချွန်)



thn-10-10-10
စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ သတင်းများ၊ သတင်းတွေနဲ့အတူ ကပ်ပါလာတဲ့ အယူအဆ ဒဿနများအပေါ် တုံ့ပြန်ဆွေးနွေးချင်တာတွေ ရင်ထဲခေါင်းထဲမှာ ကျင်ခဲဆူဝေနေပါတယ်။ ဗုဒ္ဓသာသနာ့ခေါင်းဆောင် မဟာဂန္ဓာရုံဆရာတော်ကြီး ဥဒါန်း ကျူးရင့်ခဲ့တဲ့ ကဗျာလင်္ကာလေးတစ်ပုဒ်က ကျွန်တော့်အာရုံမှာ အမြဲပဲလှုပ်ရှားသက်ဝင်နေပါတယ်။
ကိုယ်တည်းတစ်ယောက်
ကောင်းဖို့ရောက်ဖို့
ခုလောက်ကြိုးကုတ်
အားမထုတ်ဘူး ...။
လမ်းပေါ်မျှော်ကြည့်လိုက်တော့ ကြည်ပြာရောင်ငြိမ်းချမ်းရေးလှိုင်းလုံးကြီးတွေ။ လူငယ်တွေ။ ကျွန်တော့်သားသမီးအရွယ်တွေက အများစု၊ တကယ့်ကိုပဲ ပြည်သူ့ရင်သွေးလို့ဆိုနိုင်တဲ့ လူငယ်တွေအများစုဟာ မိဘပြည်သူတွေအတွက်၊ အမိနိုင်ငံတော်ကြီးအတွက် လမ်းပေါ်ထွက်ခဲ့ကြပြီ။ အတားအဆီးတွေရှိတာသိလျက်နဲ့ လမ်းပေါ်ထွက်ကြပြီ။ အတားနဲ့အသွား အားပြိုင်နေကြပြီ။

အကြံတူ ဗိုက်ပူကောင်းစမြဲ(နီမင်းဆွေ )




thn-10-10-9
ပဲရစ်မြို့ မြေအောင်ဘူတာရုံတစ်ခု

ကိုယ့်ဘ၀တစ်သက်တာမှာ မေ့မရနိုင်တဲ့ ဆရာတွေတော်တော်များများရှိတဲ့အထဲက ဆရာတစ်ယောက်ကို အခုတလောသတိရနေမိပါတယ်။ အဲဒီလိုသတိရနေရတဲ့ အကြောင်းရင်းကတော့ တစ်ဖက်လူခံသာသည်ဖြစ်စေ မခံသာသည်ဖြစ်စေ အရှိကို အရှိအတိုင်း ဗြောင်ကျကျတဲ့တိုးပြောလေ့ရှိတဲ့ အဲဒီဆရာရဲ့စကားတစ်ခွန်းက ဒီကနေ့ ဖြစ်နေတာတွေနဲ့ တအားတိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။ တစ်ခါတုန်းက ကိုယ်နဲ့ဆရာဟာ  မြို့လေးတစ်မြို့မှာအတူနေကြတုန်းက အနီးအနားက မိုင် ၂၀ လောက်ဝေးတဲ့ တောမြို့လေးတစ်မြို့ကို ဆရာ့ဂျစ်ကားနဲ့ ခရီးသွားဖြစ်ကြတယ်။ လမ်းမှာ ဂျစ်ကားက ဖွတ်ချက်ဖွတ်ချက်နဲ့ မြည်ပြီးရပ်သွားပါတော့တယ်။ ဆရာ့ရဲ့ကားသမားဟာ ကားသာမောင်းတတ်ပြီး ကားမပြင်တတ်သလို ကိုယ်နဲ့ဆရာဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆရာနဲ့ ကားဆရာတို့ဟာ ကားကို တတ်သလောက် မှတ်သလောက်နည်းမျိုးစုံလုပ်ပြီး စက်ပြန်နှိုးကြည့်တော့လည်း ကားက စက်မနိုးတော့ပါဘူး။

မြန်မာပြည်ရောက် တိုယိုတာကားများလည်း ပါဝါဝင်းဒိုးစနစ်ချို့ ယွင်း- မီးလောင်စေနိုင်

Photo: မြန်မာပြည်ရောက် တိုယိုတာကားများလည်း ပါဝါဝင်းဒိုးစနစ်ချို့ ယွင်း- မီးလောင်စေနိုင်

ယနေ့ အောက်တိုဘာလ ၁၀ ရက်က ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းကတော့ တိုယိုတာမှ အန္တရာယ်ရှိ ကားများ ပြန်လည်ခေါ်ယူခြင်း ဖြစ် ပါတယ်။ အစီးရေ စုစုပေါင်း ၇.၄၃ သန်းရှိပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၀ခုနှစ်ကြား ထုတ်တဲ့ မော်ဒယ် ၁၄ မျိုးဖြစ်ပါတယ်။

ချို့ ယွင်းတဲ့နေရာကတော့ ပါဝါဝင်းဒိုး ဖွင့်ပိတ် စနစ်မှာ ဖြစ်ပြီး မီးလောင်နိုင်ချေရှိတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ဒရိုင်ဘာဘေး က ပါဝင်ဝင်းဒိုးက Sticky (စေးကပ်ကပ်) ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဖွင့်အပိတ် စသုံးစဉ်က အဆင်ပြေနေပေမယ့် နောက်ပိုင်းကောင်းကောင်း မလုပ်မလုပ်တဲ့အတွက် ချောဆီများ ထပ်ထည့်ရပါတယ်။ ယင်းသို့ ချောဆီ ထည့်ခြင်းကြောင့် အရည်ပျော်ခြင်း၊ အငွေ့ ထွက်ခြင်း ဖြစ်နိုင်ပြီး မီးလောင် သည့် အခြေအနေအထိ ဆိုးရွားသွားနိုင်တယ်လို့ ဆိုပါတယ်။ တိုယိုတာ ကုမ္မဏီကတော့ အထူး ဖလူအိုရင်း အမဲဆီ(ချောဆီ) (fluorine grease) ကို Switch ထဲ ပြန်လည့်ထည့်သွင်းပေးမယ်လို့ ဆိုထား ပါတယ်။

ခေါ်ယူမယ့် အစီးရေကတော့ အမေရိကန်မှ ၂.၄၇ သန်း၊ တရုတ်နိုင်ငံမှ ၁.၄ သန်း၊ ဥရောပမှ ၁.၃၉ သန်း ၊ ဂျပန်နိုင်ငံမှ ၄သိန်းခွဲ၊ သြစတေးလျမှ ၆သိန်းခွဲ၊ အရှေ့ အလယ်ပိုင်းမှ ၅ သိန်း၊ ကနေဒါမှ ၂သိန်း၎သောင်း၊ အခြားအာရှနိုင်ငံများမှ ၆သိန်းခွဲ ဝန်းကျင်ဆီ အရေအတွက် ရှိပါတယ်။ ဝဘ်ဆိုဒ် တစ်ခုနဲ့တစ်ခု ဖော်ပြတဲ့အရေအတွက် ကလည်း အနည်းငယ်စီ ကွဲလွဲနေပါတယ်။ သေချာတာကတော့ စုစုပေါင်း အစီးရေက ၇.၄၃ သန်း ကတော့ မှန်ကန်နေပါတယ်။

ပါဝင်တဲ့ ကားအမျိုးအစားကတော့ - မြောက်အမေရိကန်မှာ - Yaris, Corolla, Matrix, Camry, RAV4, Highlander, Tundra, Sequoia and Scion models xB နဲ့ xD တို့ပါဝင်ပါတယ်။

ဂျပန်မှာ ပြန်ခေါ်တာကတော့ ဗစ် (Vitz), ဘယ်လ်တာ (Belta), Ractis, Ist, Auris နဲ့ ကိုရိုလာ လွန်မီယွန် (Corolla Lumion) လို့ ဖော်ပြထားပါတယ်။ အချို့ ဝဘ်ဆိုဒ်ကြီးတွေမှာဆို စုံစုံလင်လင်တောင် မဖော်ပြထားပါ ဘူး။ ဖော်ပြပါ စာရင်းထဲက အမျိုးအစားထက်လည်း ပိုနိုင်ပါတယ်။ အများစုကတော့ ၂၀၀၅ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ တိုယိုတာ ကားအတော်များများကို သက်ရောက်ပါ တယ်။ မြန်မာပြည်ရောက်နိုင်ချေ ရှိတဲ့ ကားများကလည်း ဂျပန်ပြည်တွင်းက ကားပဲ ပိုများပါတယ်။ မြန်မာပြည်က ဂျပန်ပြည် တစ်ပတ်ရစ် ဈေးကွက် ကနေ ပြန်လည်ဝယ်ယူရတဲ့အတွက် ဖြစ်ပါတယ်။

ယင်း ခေါ်ယူရန် သတင်းထုတ်ပြန်မှုကြောင့် တိုယိုတာ ကုမ္မဏီရဲ့ ရှယ်ယာဈေး ဟာ ရက်ပိုင်းအတွင်း များစွာ ထိုးကျသွားတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း အစီးရေ ၁၀ သန်းအထိ ပြန်လည်ခေါ် ယူပြင်ဆင်ပေး ရပြီး အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၀ ကလည်း တိုယိုတာထုတ် Lexus ကားများ အမေရိကန်ရဲ့  ကွာလတီ စမ်းသပ်ချက်တွေမှာ ကျရှုံးခဲ့ပြီး အမေရိကန် ဈေးကွက်ဝင်ရန် နောက်ကျခဲ့ပါတယ်။ ကွာလတီနဲ့ ပက်သက်လို့ ယခု နောက်ပိုင်း ပြန်လည်ခေါ်ယူပြင်ဆင်ပေးရမှုများပြားလာတဲ့အတွက် နည်းပညာနှင့် ကွာလတီကို ပြန်လည် စစ်ဆေးဖို့၊ အဆင့်မြင့်တင်ဖို့အတွက် တိုယိုတာ အထွေထွေ မန်နေဂျာ Satoshi Yuzaki မှပြောကြားခဲံပါတယ်။ “အခုလို ပြန်လည်ခေါ်ယူပြင်ဆင်ပေးရမှုအတွက် စိတ်မကောင်းပါ ဘူး။ နောက်ဆိုရင် ဒီထက်မက ပိုဂရုစိုက်ရပါ တော့တယ်။ ဒီဖြစ်စဉ်ကြောင့် လည်း တိုယိုတာ ကားများရောင်းအား ကျသွားမှာ သေချာပေ မယ့် အချိန်တိုတွင်း နဂိုအနေအထား ပြန်လည်ရရှိအောင် ကြိုးပမ်းသွားပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်။

ယင်း ဒရိုင်ဘာဘေး မာစတာကီး(Smart Key) သုံး ပါဝါဝင်းဒိုး အဖွင့်အပိတ် စနစ် မှာ ချို့ ယွင်းချက် ဖြစ်ပေါ်နေမှုဟာ နှစ်အတော်ကြာ အသုံးပြုပြီးမှ သိရှိရမှာ ဖြစ်ပါတယ်။ ၂၀၀၅ ကနေ ၂၀၁၀ အတွင်း သတိမထားပဲ အသုံးပြုလာရကနေ ယနေ့ ပြန်လည် စစ်ဆေးချိန်မှာ အားနည်းချက်တွေ့ ရှိခြင်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ နိုင်ငံတကာ ကွာလတီအဖွဲ့အစည်း များက မရောင်းချမှီ စစ်ဆေးခြင်း (Before sale inspect) နဲ့ ရောင်းချပြီး စစ်ဆေးခြင်း (After sale inspect) ကို အမြဲလုပ်ဆောင်လေ့ ရှိပါတယ်။ ဝယ်သူတို့အတွက် ကုမ္မဏီမှ စစ်ဆေးခြင်းနဲ့အတူ သက်ဆိုင်ရာ နိုင်ငံများ မှလည်း ဘုတ်အဖွဲ့ထားရှိပြီး နှစ်စဉ် စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။ ဒါက ပရီမီယံ ၊ ဘရန်ဒီ -ကုမ္မဏီမှ တိုက်ရိုက်ဝယ်ယူတဲ့ စနစ်မှာပဲ အကြုံးဝင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက်ရောင်းချရမှုအတွက် ကုမ္မဏီက အမြဲဝန်ဆောင်မှုပေးရပါတယ်။

လက်ရှိ မြန်မာပြည်က ဂျပန်လေလံဈေးကွက်မှ ဝယ်စီးရတာ ဖြစ်ပါတယ်။ ကုမ္မဏီမှ တိုက်ရိုက်ရောင်းတဲ့ကား မဟုတ်ပါဘူး။ မရောင်းမှီစစ်ဆေးတဲ့ ဝန်ဆောင်မှု တစ်ခုသာ ပေးစွမ်းထားပါတယ်။ ဒီတော့ မြန်မာပြည်ရောက် တိုယိုတာ ကားများရဲ့ ပါဝါဝင်းဒိုးစနစ်မှာ အားနည်းချက်ရှိနိုင်မရှိနိုင်ကိုတော့ ဝပ်ရှော့သွားပြီး ဖြေရှင်းမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ တိုယိုတာကုမ္မဏီ ကတော့ တိုက်ရိုက်ဝယ်တဲ့ နိုင်ငံများမှ ကားများကို ငွေကြေးအကုန်ကျ ခံပြီး ပြန်လည်ပြင်ဆင်ပေးမှု ပြုလုပ်မယ်လို့ သိရပါတယ်။

အောင်ခမ်း (TSJ team)

ကားပြန်လည်ခေါ်ယူမှု သတင်းများကို အောက်ပါလခ့်များမှာ ဝင်ရောက်ဖတ် ရှုနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့ရေပန်းစား နေတဲ့ သတင်း ဖြစ်ပါတယ်။

http://www.businessweek.com/news/2012-10-10/toyota-recalls-7-dot-43-million-vehicles-on-faulty-window-switch
http://www.ajc.com/ap/ap/top-news/toyota-recalls-743-million-vehicles-globally/nSYrN/
http://www.businessweek.com/news/2012-10-10/toyota-recalls-7-dot-43-million-vehicles-on-faulty-window-switch
http://business.time.com/2012/10/10/toyota-recalls-7-43-million-vehicles-globally/
http://www.bangkokpost.com/news/transport/316360/japan-toyota-to-recall-7-43-million-vehicles-globally
http://online.wsj.com/article/SB10000872396390444799904578047700401681438.html

http://techspacejournal.blogspot.com/2012/10/blog-post_10.html

News from :TechSpace Journal
Post By : Aye Chan Mon
ယနေ့ အောက်တိုဘာလ ၁၀ ရက်က ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းကတော့ တိုယိုတာမှ အန္တရာယ်ရှိ ကားများ ပြန်လည်ခေါ်ယူခြင်း ဖြစ် ပါတယ်။ အစီးရေ စုစုပေါင်း ၇.၄၃ သန်းရှိပြီး
၂၀၀၅ ခုနှစ်မှ ၂၀၁၀ခုနှစ်ကြား ထုတ်တဲ့ မော်ဒယ် ၁၄ မျိုးဖြစ်ပါတယ်။

ချို့ ယွင်းတဲ့နေရာကတော့ ပါဝါဝင်းဒိုး ဖွင့်ပိတ် စနစ်မှာ ဖြစ်ပြီး မီးလောင်နိုင်ချေရှိတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ဒရိုင်ဘာဘေး က ပါဝင်ဝင်းဒိုးက Sticky (စေးကပ်ကပ်) ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဖွင့်အပိတ် စသုံးစဉ်က အဆင်ပြေနေပေမယ့် နောက်ပိုင်းကောင်းကောင်း မလုပ်မလုပ်တဲ့အတွက် ချောဆီများ ထပ်ထည့်ရပါတယ်။ ယင်းသို့ ချောဆီ ထည့်ခြင်းကြောင့် အရည်ပျော်ခြင်း၊ အငွေ့ ထွက်ခြင်း ဖြစ်နိုင်ပြီး မီးလောင် သည့် အခြေအနေအထိ ဆိုးရွားသွားနိုင်တယ်လို့ ဆိုပါတယ်။ တိုယိုတာ ကုမ္မဏီကတော့ အထူး ဖလူအိုရင်း အမဲဆီ(ချောဆီ) (fluorine grease) ကို Switch ထဲ ပြန်လည့်ထည့်သွင်းပေးမယ်လို့ ဆိုထား ပါတယ်။

ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာမောင်းနှင်ယှဉ်ပြိုင်ရမည့် အာဆီယံကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်မည်



ကီလိုမီတာ ၇၀၀၀ ကျော်ကို မောင်းနှင်ရက် ၂၀ ကျော်ကြာ မောင်းနှင်ယှဉ်ပြိုင်ရမည့်  အာဆီယံကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါကားမောင်းပြိုင်ပွဲသို့ မြန်မာအနုပညာရှင်များပါဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတစ်ဆင့် တရားဝင်ဖိတ်ခေါ်လာခြင်းဖြစ်သည်။
"အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာအနုပညာရှင်တွေဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လာတာနဲ့ တာဝန်ရှိသူတွေနဲ့သွားပြီး ဆွေးနွေးဖြစ်ပါတယ်။ ရက်ပေါင်းနှစ်ဆယ် ကျော်ကြာမောင်းရမှာဖြစ်သလို မောင်းရမယ့်ခရီးအကွာအဝေးကလည်း ကီလိုမီတာ ၇၀၀၀ ကျော်ဖြစ်တာကြောင့် သူတို့အနေနဲ့စိတ်ပါဝင်စားတဲ့အနုပညာရှင်တွေထဲက ပြန်လည် ရွေးချယ်သွားမယ်လို့သိရပါတယ်။

ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်း ဖွင့်လှစ်ခွင့်ပြုခဲ့ရာတွင် ကျောင်း ၂၀ မှာ ယာယီခွင့်ပြုကာလ နှစ်နှစ်ရရှိခဲ့ပြီး ကျန်သည့်ကျောင်းများက တစ်နှစ်စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိ




mt6
ရွှေပင်ရွှေသီးကိုယ်ပိုင်အထက်တန်းကျောင်းကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ရာတွင် ကိုယ်ပိုင်ကျောင်း ၂၀ ကို ယာယီခွင့်ပြုကာလဖြင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ကျန်ခုနစ်ကျောင်းအား စမ်းသပ်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။
ယာယီခွင့်ပြုချက်ရရှိသည့်ကျောင်းများမှာ ဖွင့်လှစ်ခွင့်နှစ်နှစ်ရရှိပြီး စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်းများမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ကျောင်းများနှင့်တွဲဖက်၍ တစ်နှစ်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။"ယာယီခွင့်ပြုချက်နှစ်နှစ်ရရှိတဲ့ကျောင်းတွေက အစိုးရကျောင်းများနည်းတူ ကျောင်းအုပ်ကြီးတံဆိပ်တုံး၊ ကျောင်းတံဆိပ်တုံးဆိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ အထက်တန်းကျောင်းဆို အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းဆို အလယ်တန်းကျောင်း၊ မူလတန်းကျောင်းဆို မူလတန်းကျောင်း  စတာတွေရဲ့လုပ်ကိုင်ဆောင်ရွက်ခွင့်ကို အစိုးရကျောင်းများနည်းတူလုပ် ဆောင်လို့ရပါတယ်။

၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ ပြည်ဝင် ခွင့်ဗီဇာရရှိ

Photo: ၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဘာတေးလစ်တနာ က အွန်လိုင်းမှတစ်ဆင့် ဖြေကြားသည်။
ဘာတေးလ်လစ်တနာသည်မြန်မာနိုင်ငံအရေးကို အစဉ်တစ်စိုက်ရေး သားလာခဲ့ပြီး စစ်အစိုးရ၏ အမည်မည်းစာရင်းတွင်ထည့်သွင်းခံရပြီး ၁၉၈၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပိတ်ခံရသည့် ၀ါရင့်သတင်းထောက်တစ်ဦးဖြစ်သည်။
သို့သော် ဦးသိန်းစိန်အစိုးရက အမည်ပျက်စာရင်းဝ င်နိုင်ငံခြားသား ၁၀၀၀ကျော်ကို အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့ရာ ဘာတေးလစ်တနာလည်း ပါဝင်ခဲ့သည်။
သူ၏ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်ပတ် ပြီး နေပြည်တော် သို့ ပြန်ကြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တာဝန်ရှိသူ များနှင့်သွားရောက်တွေ့ဆုံမည်ဟု ဧရာဝတီသတင်းဌာနသို့ ဘာတေးလ်ကပြောကြားထားသည်။
ဓာတ်ပုံတွင် ၁၉၈၆ခုနှစ်က ကချင်ပြည်နယ်သို့ သတင်းယူစဉ်က ရိုက်ကူးထားသော ဘာတေးလစ်တနာကို တွေ့ရ

News from : 7Day News Journal
Post By : Aye Chan Mon
၂၇နှစ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံထားခဲ့ရသော ဆွီဒင်ဝါရင့်သတင်းထောက် ဘာတေးလ်လစ်တနာ သည် ပြည်ဝင် ခွင့်ဗီဇာရရှိသွားပြီး လာမည့်တနလာင်္နေ့(အောက်တိုဘာ၁၅) ရက် တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဘာတေးလစ်တနာ က အွန်လိုင်းမှတစ်ဆင
့် ဖြေကြားသည်။
ဘာတေးလ်လစ်တနာသည်မြန်မာနိုင်ငံအရေးကို အစဉ်တစ်စိုက်ရေး သားလာခဲ့ပြီး စစ်အစိုးရ၏ အမည်မည်းစာရင်းတွင်ထည့်သွင်းခံရပြီး ၁၉၈၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပိတ်ခံရသည့် ၀ါရင့်သတင်းထောက်တစ်ဦးဖြစ်သည်။

အာရုံစိုက်ခံရတဲ့ ဆန္ဒထုတ်ဖော်မှု

Photo: အာရုံစိုက်ခံရတဲ့ ဆန္ဒထုတ်ဖော်မှု

(ဓာတ်ပုံများ - အောင်နေမျိုး)

 မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့လက်ပံတောင်းတောင် တူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း၊ ဖျက်သိမ်းဖို့ တောင်းဆိုပုံတွေကို ဖော်ပြလိုက်ပါတယ်။

ဒီပုံတွေကြောင့် လတ်တလော ဆန္ဒဖော်ထုတ်မှုတွေထဲမှာ လက်ပံတောင်းတောင်အရေးက အများ အာရုံအစိုက်ခံရဆုံး ဖြစ်လာပါပြီ။

ဆည်တည်ရွာသားများက ပါဖောမင့်န် ခေါ် တင်ဆက်ပြသမှုအနုပညာကို ပုံမှာ တွေ့ရတဲ့အတိုင်း အသုံးပြုခဲ့ကြတာပါ။

သေလွန်ပြီးတဲ့ဘိုးဘွားများကတောင်  အသိမ်းခံရတဲ့ လယ်မြေများ ပြန်လည်တောင်းဆိုပုံ သရုပ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

News from : ဧရာသတီသတင်း
Post By : Aye Chan Mon
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့လက်ပံတောင်းတောင် တူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း၊ ဖျက်သိမ်းဖို့ တောင်းဆိုပုံတွေကို ဖော်ပြလိုက်ပါတယ်။

ဒီပုံတွေကြောင့် လတ်တလော ဆန္ဒဖော်ထုတ်မှုတွေထဲမှာ လက်ပံတောင်းတောင်အရေးက အများ အာရုံအစိုက်ခံရဆုံး ဖြစ်လာပါပြီ။

ဆည်တည်ရွာသားများက ပါဖောမင့်န် ခေါ် တင်ဆက်ပြသမှုအနုပညာကို ပုံမှာ တွေ့ရတဲ့အတိုင်း အသုံးပြုခဲ့ကြတာပါ။

တရုတ်ပြည်မ ရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို

Photo: တရုတ်ပြည်မ ရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို

ထိုင်ဝမ် (တရုတ် တိုင်ပေ) အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင် မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရသည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ်ကတည်းက ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခုလည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ်သည့်အတွက် ယခင်ကဲ့ သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ တစ်စိတ်တစ်ပိုင်းဟု Google တွင်ဖော်ပြခဲ့သောကြောင့် ပြဿနာတက်ခဲ့ဖူး သည်။ နိုင်ငံရေးအရ တရုတ်ပြည်မနှင့် ထိုင်ဝမ်တို့သည် ဆက်စပ်မှုမရှိပဲ စစ်ဖြစ်နိုင်ချေ အခြေ အနေတွင် ရှိသည်။ ယခုအခါ ထိုင်ဝမ်ကျွန်းမှ Hsinchu ရှိ ဒုံးပျံထောက် လှမ်းရေး ရေဒါစခန်းကို အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလျံ အကုန်ကျခံ၍ ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ထားသည်။ တည်ဆောက်ရေး စီမံကိန်း မှာ ယခုနှစ် ပြီးဆုံးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ရယူသော အကူအညီ များလည်း ပါဝင်သည်။ ယင်း ဒုံးပျံသည် တရုတ်ပြည် အနောက်မြောက်စွန်း Xinjiang ပြည်နယ်အထိ ပစ်လွတ်လာမည့် တာဝေးပစ် ဒုံးကျည်များ ကို ထောက်လှမ်းနိုင်စွမ်းရှိပြီး ထိုင်ဝမ်နိုင်ငံလုံခြုံရေးအတွက် များစွာ အကျိုးပြုသည်။

အကယ်၍ ယင်း ရေဒါစခန်းကိုသာ မြေပုံတွင်ဖော်ပြထားပါက တရုတ်ပြည်မ မှ အားသာချက်အဖြစ် ယူနိုင်ပြီး ထိုင်ဝမ်ကျွန်းစု လုံခြုံရေး လျော့နည်း သွားနိုင်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ထိုင်ဝမ်မှ သက်ဆိုင်ရာ အရာရှိများက Apple ကို တိုက်ရိုက်ဆက်သွယ် တောင်းဆိုထားကြောင်း သိရသည်။
---
Ref:zdnet.
Aung Kham (TSJ team)

News from : TechSpace Journal
Post By : Aye Chan Mon
ထိုင်ဝမ် (တရုတ် တိုင်ပေ) အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့
် ရေဒါစခန်းများကို Apple မြေပုံတွင် မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရသည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ်ကတည်းက ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခုလည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ်သည့်အတွက် ယခင်ကဲ့ သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အန္တရာယ်ကစားပွဲများနှင့်ကစားနေရသည့် မဒေးလိင်အလုပ်သမများ

Photo: အန္တရာယ်ကစားပွဲများနှင့်ကစားနေရသည့် မဒေးလိင်အလုပ်သမများ -

မိုးဝေ (မြစ်မခ)
by Myit Makha Mediagroup on 10 Oct, 2012

ကျောက်ဖြူမြို့နှင့် မိုင် ၇ မိုင် အကွာရှိ သည့် မဒေးကျွန်းသည် တစ်ချိန်က လူသူအရောက်နည်းပါးသည့်နေရာ။ တံငါသည် ၊ဥယာဉ်လုပ်ငန်း စသဖြင့် လုပ်ကိုင်နေကြသည့် တောရွာ၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း မြစ်ချောင်းများသာ။ မြို့ပေါ်နှင့်ဆက်သွယ်ရာတွင်လည်း ရေလမ်းတစ်ခုသာရှိသည်။
“ဒီမဒေးကျွန်းက ရှင်းရှင်းပြောရရင် တံငါရေလုပ်သားတွေနေတဲ့နေရာပေါ့၊ လူသူအရောက်တဲ့နည်းတဲ့ နေရာ လည်း ဖြစ်တယ်’’ မဒေးကျွန်းမှ ဒေသခံတစ်ဦးကဆိုသည်။
၎င်းမဒေးကျွန်းသည် သုံးနှစ်တာကာလ အကြားအပြောင်းလဲ မြန်ဆန်လာသည်ကိုတွေ့ရသည်။ ညနေတိုင်း ကာရာအိုကေဆိုင်၊ လဖက်ရည်ဆိုင်၊ ဖုန်းဆိုင်၊ အလုပ်သမားစခန်းများစသဖြင့် မဒေးကျွန်းတွင် နေရာယူ လာကြသည်။

ကျေးလက်နေပြည်သူများမှာ မြို့ပြဆန်ဆန်နေထိုင်သွားလာနေကြသည်။ယင်းအထဲ အနောက်တိုင်း ပုံစံဝတ်စုံဖြင့် ဝတ်ဆင်လာကြသည့် အမျိုးသမီးငယ်များလည်း ရောက်ရှိလာသလို အသွင်မျိုးစုံဖြင့် တွေ့နေ ရသည်။
မဒေးကျွန်းသည်လွန်ခဲ့သည့် နှစ်အနည်းငယ်ကစပြီးတရုတ်နိုင်ငံမှစီမံကိန်းများတည်ရှိရာနေရာဖြစ်လာသည်။ ပြည်တွင်းပြည်ပအလုပ်သမားများလည်း အများအပြား တွေ့ရသည်။

ပြည်တွင်းအလုပ်သမားတစ်ဦးလျှင်လုပ်အားခမှာ တစ်သိန်းကျော် အထက်ကိုရှိကြောင်း အလုပ်သမား များ၏ ပြောဆိုချက် များအရ သိရသည်။
“ကျမတို့ဆီကို ပြည်မဘက်မြန်မာပြည်သား အလုပ်သမားတွေလည်း လာကြတယ်၊ အလုပ်အကိုင်တွေက ပုံစံ မျိုးစုံပေါ့’’ မဒေးကျွန်းမှ လိင်အလုပ်သမတစ်ဦးကဆိုသည်။

လိင် အလုပ်သမအများစုမှာ ငွေကိုသာ အဓိကထားသဖြင့် ၄င်းတို့ကိုယ်တိုင် ကာကွယ်ရမည်ကို သိရှိမှု နည်းပါး ကြောင်းဒေသခံတစ်ဦးကရှင်းပြသည်။
မြန်မာနိုင်ငံရှိ လိင်အလုပ်သမတို့မှာ တရားမဝင် လမ်းကြောင်းဖြစ်နေသည့် အတွက် ၄င်းတို့၏ အလုပ်မှာ ထင်သ လောက် မလွယ်ကူဟု မဒေးကျွန်း လိင်အလုပ်သမတစ်ဦးက ဆိုသည်။

“ဒီလမ်းကတရားမဝင်လမ်းကြောင်းဆိုတော့ အားလုံးကိုကြောက်ရတာပေါ့၊“ သူတို့နဲ့ဆက်ဆံတက်အခါ ဘာသာစကား ခက်ခဲတာနဲ့ ကြုံရတယ်၊ ကိုယ်က တစ်ယောက်လို့ ပြောပေမယ့်သုံးယောက်အဲလိုမျိုး ဖြစ်နေ တာတွေရှိတယ်’’ဟုလိင် အလုပ်သမ တစ်ဦးက ရင်ဖွင့်သည်။

ကျောက်ဖြူမြို့တွင်ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး ၊ဓာတ်ငွေ့သန့်စင်စက်ရုံ တည်ဆောက်ရေးတွင် အင်ဒို နီးရှား၊ တရုတ်၊ ကိုးရီးယား၊အိန္ဒိယ လူမျိုးများ အဓိက ဝင်ရောက်လုပ်ကိုင်နေကြပြီး ကျောက်ဖြူမြို့နယ် မဒေး ကျွန်းရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင်လည်း အများစုမှာ တရုတ် လူမျိုးနှင့် အိန္ဒိယ လူမျိုးများ ဝင်ရောက် လုပ်ကိုင်နေကြသည် ၊ မဒေး ကျွန်းတွင် ရေနံသိုလှောင်တိုင်ကီများ တည်ဆောက်နေပြီးးအရှေ့ အလယ်ပိုင်းမှ ရေနံများကို ၄င်းနေရာသို့ သင်္ဘောများဖြင့်သယ်ယူမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရေနံပိုက်လိုင်းဖြင့် တရုတ်ပြည်သို့သွယ်တန်း မည့်စီမံကိန်းဖြစ်သည်။

ထို့ကြောင်း ပြည်ပ အလုပ်သမားများလည်း ဝင်ရောက်လာလျှက်ရှိသည်။ အထူးသဖြင့် တရုတ် အမျိုးသားများ ၄င်းနေရာတွင်ပိုများကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။

“တစ်ချို့မိန်းခလေးအလုပ်သမားတွေနဲ့ တရုတ်လူမျိုးတွေ ရောနှောယှက်တင်မှုတွေလည်း ရှိလာတယ်’’ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။
တခြားနယ်များမှ လိင်အလုပ်လုပ်ကိုင်ရန် အဆိုပါ ဒေသသို့ရောက်ရှိလာသူများလည်းရှိသည်ဟု အဆိုပါ ဒေသခံက ပြောပြသည်။
လိင်လုပ်ငန်းများရှိလာနေသော်လည်းလမ်းပမ်းဆက်သွယ်ရေးအရ အလှမ်းဝေနေသည့် အဆိုပါ မဒေးကျွန်းတွင် မည်သည့် အဖွဲ့အစည်းမှ အသိပညာပေး လုပ်ငန်းများမရှိသေးကြောင်းသိရသည်။
“ဒီလိင်အလုပ်သမတွေက ပညာတတ် အသိုင်းဝိုင်းမဟုတ်ဘဲ ပညာရေးအရ နိမ့်ပါးသူတွေဖြစ်နေတယ်၊ သူတို့က မိသားစု စားဝတ်နေရေး အကျပ်အတည်းကြောင်း ရပ်တည်နေကြသူတွေလဲပါတယ်’’ မဒေးကျွန်းမှ ဒေသခံ တစ်ဦးက ဆိုသည်။
မသူဇာကမူ မိမိဘဝ ကို ပဓာနမထားဘဲမိသား စုအတွက် သာဖြစ်သည်ဟု ပြောပြသည်။
“သမီးတို့က နိုင်ငံခြားကိုလည်း မသွားနိုင်ဘူး၊ ဒီမှာက အလုပ်မရှိဘူး၊ ကောက်စိုက်ရင်လဲ မိသားစု အတွက် အဆင် မပြေဘူး၊ မိသားစု အဆင်ပြေရင် ကျမအတွက်လုပ်ရကျိုးနပ်ပါပြီ’’ဟု ၄င်းက ပြောသည်။
၂၀၀၄ခုနှစ်ဒီဇင်ဘာလတွင် စီမံကိန်းစတင်ခဲ့သည့် အဆိုပါ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်မည်ဖြစ်သည်။
စီမံကိန်းအတွက် ပြည်ပအလုပ်သမားများဝင်ရောက်လာသည်နှင့်အမျှ လိင်အလုပ်သမများလည်း တစတစများ လာသည့် အတွက် ဝေဖန်မှုလည်း ရှိနေသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လိင်အလုပ်သမများ အရေအတွက်ကိုစုဆောင်းရန် ခက်ခဲနေသည်။ လိင်လုပ်သား တို့မှာ စိုးရိမ်စိတ်များရှိနေသလို ပတ်ဝန်းကျင်ကဝေဖန်မှုများလည်းရှိနေသည်ဟု မသူဇာ“ ဝေဖန်ခံရမှုတွေတော့ရှိတာပေါ့၊ ဒါပေမယ့် လူတိုင်းခံယူချက်တော့မတူဘူး’’ ဟုဆက်ပြောသည်။

အိမ်နီးချင်းနိုင်ငံများတွင်လိင်အလုပ်သမတို့အတွက် တရားဝင် အသိအမှတ်ပြုထားသော်လည်း မြန်မာနိုင်ငံတွင် တရားမဝင်လုပ် လို့သတ်မှတ်ထားသည့် လိင်အလုပ်သမတို့မှာ အန္တာရယ်နှင့် ကစားနေရသည်ဟု သူက ဆိုသည်။
လိင်ပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို လုပ်ကိုင်နေသည့် ရခိုင့်သဇင့်(Gay) အဖွဲ့မှ စိုးစိုးက “ ကျောက်ဖြူ ဘက်ကိုတော့ အသိပညာပေးလုပ်ငန်းတွေပေးဖို့သွားမဲ့ အဖွဲ့တွေက မရှိဘူး၊ စစ်တွေမှာကMSF အဖွဲ့ရှိတော့ အဆင်ပြေတယ်’’ဟုပြောသည်။
လိင်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးနေသည့် နယ်စည်းမခြားဆရာဝန်များ အဖွဲ့တွင် လုပ်ကိုင်နေသူတစ်ဦးက

“ကျွန်တော်တို့ စိုးရိမ်မိတာက ၊ကျောက်ဖြူရယ်၊ သံတွဲရယ်ပါ၊ လိင်လုပ်သားတွေအတွက် အသိပညာပေး လုပ်ငန်းတွေလဲ မရှိဘူး၊ ပြီးတော့ဒီလုပ်ငန်းက တရားမဝင်လုပ်ငန်းဖြစ်နေတော့ ၊ ကျနော်တို့ဆီက အကာ အကွယ်ပစ္စည်းတွေ ပေးတာတွေရှိတယ်’’ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် လိင်အလုပ်သမများအား အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်နေသည် အဖွဲ့၎ဖွဲ့ရှိပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့လက်အောက်တွင် လုပ်ကိုင်နေကြသည်။

တရားဝင်မှတ်ပုံတင်မဟုတ်သေးသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးကြောင်း လိင်တူ ချစ်သူများ ကွန်ယက်မှ ကိုနိုင်စို( အမည်ပြောင်း)ကဆိုသည်။
“နယ်ဘက်တွေမှာတော့ အဲလိုမျိုးပညာပေးမှုတွေ မရှိဘူး၊ ကျွန်တော်တို့က အိုင်အမ်ဂျီအိုအဖွဲ့တွေနဲ တွဲလုပ် ရတယ်။ စစ်တွေမှာဆိုရင် လိင်အလုပ်သမ တစ်ရာကျော်ရှိတယ်’’ဟု ၄င်းကပြောသည်။

ကျောက်ဖြူမြို့နယ်မဒေးကျွန်းတွင် ပြည်တွင်းပြည်ပ အလုပ်သမားများ ရှိလာသည်နှင့်အတူ လိင်အလုပ် သမားများလည်း တစတစတိုးလာနေသည်။သို့သော် အဆိုပါလိင်အလုပ်သမတို့မှာ ၄င်းတို့ကိုယ်တိုင် ကာကွယ်ရမည့် အရေးကို သိရှိမှုအားနည်းနေသည်ဟု လိင်ပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်နေ သည့် စစ်တွေမြို့ MSF မှ ကျန်းမာရေးလုပ်သားတစ်ဦးကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း CNOOC ၊ ESSAR ၊CNPC INTERNATIONLLTD ၊ MPRLE&P ၊ DAEWOO INTERNATIONAL၊ONGC VIDESH စသော ပြည်ပရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်လျှက်ရှိသည်။

News from : Myit Makha Mediagroup
Post By : Aye Chan Mon
ကျောက်ဖြူမြို့နှင့် မိုင် ၇ မိုင် အကွာရှိ သည့် မဒေးကျွန်းသည် တစ်ချိန်က လူသူအရောက်နည်းပါးသည့်နေရာ။ တံငါသည် ၊ဥယာဉ်လုပ်ငန်း စသြ
ဖင့် လုပ်ကိုင်နေကြသည့် တောရွာ၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း မြစ်ချောင်းများသာ။ မြို့ပေါ်နှင့်ဆက်သွယ်ရာတွင်လည်း ရေလမ်းတစ်ခုသာရှိသည်။
“ဒီမဒေးကျွန်းက ရှင်းရှင်းပြောရရင် တံငါရေလုပ်သားတွေနေတဲ့နေရာပေါ့၊ လူသူအရောက်တဲ့နည်းတဲ့ နေရာ လည်း ဖြစ်တယ်’’ မဒေးကျွန်းမှ ဒေသခံတစ်ဦးကဆိုသည်။
၎င်းမဒေးကျွန်းသည် သုံးနှစ်တာကာလ အကြားအပြောင်းလဲ မြန်ဆန်လာသည်ကိုတွေ့ရသည်။ ညနေတိုင်း ကာရာအိုကေဆိုင်၊ လဖက်ရည်ဆိုင်၊ ဖုန်းဆိုင်၊ အလုပ်သမားစခန်းများစသဖြင့် မဒေးကျွန်းတွင် နေရာယူ လာကြသည်။

တရုတ်နိုင်ငံသား တစ်ဦး အိပ်ခန်း အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၁ဝ၊ ၂ဝ၁၂

တရုတ်နိုင်ငံသားတစ်ဦး လှိုင်သာမြို့နယ်၊ ၆ ရပ်ကွက်၊ နဝဒေး ဥယျာဉ်အိမ်ယာတွင် သေဆုံးလျက် ရှိကြောင်း သတင်း ရရှိသဖြင့် အောက်တိုဘာ ၁ဝ ရက်တွင် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အတူ ရဲအုပ်မျိုးမြင့် (စခန်းမှူး) - လှိုင်သာယာ ရဲစခန်း တို့မှ သွားရောက် စစ်ဆေးခဲ့ရာ အထက်ပါအိမ်ယာ ၁၄ လမ်း၊ ဘလောက် ၅၇ ၊ အမှတ် ၁၅ ရှိ နေအိမ်
အပေါ်ထပ် အိပ်ခန်း အတွင်း ကုတင်ဘေးအောက်တွင် ပက်လက်အနေအထားဖြင့် မျက်နှာ၊ လည်ပင်းတို့တွင် ညိုမဲဒဏ်ရာ၊ ယာဘက်ဒူးဂေါင်းတွင် ပွန်းပဲ့ဒဏ် ရာ၊ ဝဲဘက်လက်တွင် ကြိုးချည် ထားကာ

ကချင်ဒုက္ခသည်များကို မဖွယ်မရာ နှိပ်စက်သည့် ရဲများ တရားရုံးဆင့်ခေါ်မှုကို ဖီဆန်

Photo: ကချင်ဒုက္ခသည်များကို မဖွယ်မရာ နှိပ်စက်သည့် ရဲများ တရားရုံးဆင့်ခေါ်မှုကို ဖီဆန်

ဧရာဝတီ| October 10, 2012 |

ကချင် တိုင်းရင်းသား ဒုက္ခသည် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အမျိုးသား အချင်းချင်း အဓမ္မ လိင်ဆက်ဆံ ခိုင်းခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၆၊ စက်တင်ဘာ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃ ရက်နေ့တို့တွင် ၃ ကြိမ် ဆင့်ခေါ်ခဲ့ရာ ပျက်ကွက်ခဲ့ကြောင်း ယင်းအမှုကို လိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကချင် တိုင်းရင်းသား ၂ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့နှင့် ဆက်စပ်မှုရှိကြောင်း မသင်္ကာမှုဖြင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၃၇) တပ်ဖွဲ့ နှင့်ပူးပေါင်း၍ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဇွန်လအတွင်း၌ ၎င်းတို့ ၂ ဦးကို ကချင်သူပုန်ဟု စွပ်စွဲ၍ မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ချုပ်နှောင်ခံနေရစဉ်အတွင်း နှိပ်စက် စစ်ဆေးမှုများရှိကြောင်း၊ အချင်းချင်း အဓမ္မ လိင်ဆက်ဆံမှု ပြုခိုင်းကြောင်း၊ အ၀တ်ဗလာနှင့် ကချင်ရိုးရာအက ကပြရန် ခိုင်းစေခဲ့သည့်အပြင်၊ ၎င်းတို့ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန်ဘာသာကို စော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခိုင်းကြောင်း သိရသည်။

တရားလိုပြ သက်သေများ ရောက်မလာသည့်အတွက် ဖမ်းဆီးခံထားရသူများ အနေနှင့် အချိန်ကြာမြင့်စွာ အချုပ်ခံနေရပြီး ယင်းကိစ္စကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ရှေ့နေ ဦးမာခါးက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကို ရဲစခန်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဖြစ်မှု ထင်ရှားပါက ၂ နှစ်ခွဲခန့် ထောင်ဒဏ် ချနိုင်ကြောင်း၊ ယင်း အမှုကို ဆက်လက်ကူညီရန် စီစဉ်ထားကြောင်း ရှေ့နေ ဦးမာခါးက ရှင်းပြသည်။

“ဒီလို အဓမ္မ လိင်ကိစ္စလုပ်ခိုင်းတာကို သူတို့ အင်မတန်ရှက်တယ်၊ မိသားစုအတွက်လည်း ရှက်စရာကောင်းတယ်လို့ သူတို့က ပြောတယ်” ဟု ဦးမာခါးက ဆိုသည်။

“ဒါဟာ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပမာပဲ။ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို စော်ကားတာပဲ” ဟု ဦးမာခါးက ဆက်ပြောသည်။

ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရမည်ဖြစ်ကြောင်း၊ ယခု ၃ ကြိမ် ဆင့်ခေါ်သည့်တိုင် ရဲတပ်ဖွဲ့ဝင်များ တရာရုံးသို့ ရောက်လာခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။

ယခုအခါ အဆိုပါ ကချင်တိုင်းရင်းသား နှစ်ဦးကို တခြားရဲစခန်း တခုသို့ ပြောင်းရွှေ့ထားကြောင်း၊ ဖမ်းဆီးခံထားရသူ ၂ ဦး၏ မိသားစုဝင်များက ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။

ဇွန်လကလည်း မြစ်ကြီးနားမြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ်သူဖြစ်ပြီး ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးကာ စရဖအဖွဲ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ယင်းသို့ စွပ်စွဲဖမ်းဆီးထားသည့် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်ဘေးခိုလှုံသူ ဒုက္ခသည်များ အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်နှင့် တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးကို ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန် စသည့်အချက်များကို ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ အပါအ၀င် ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ရှေ့နေ ဦးမာခါး ပြောပြချက်အရ ကချင်ပြည်နယ် အတွင်း၌ KIO နှင့် ဆက်နွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ် မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ခန့်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယင်းကဲ့သို့ စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော် အဖမ်းခံထားရကြောင်း သိရသည်။


ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ဒုက္ခသည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Reuters)

News from : ဧရာဝတီသတင်း
Post By : Aye Chan Mon
ကချင် တိုင်းရင်းသား ဒုက္ခသည် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အမျိုးသား အချင်းချင်း အဓမ္မ လိင်ဆက်ဆံ ခိုင်းခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၆၊ စက်တင်ဘာ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃ ရက်နေ့တို့တွင် ၃ ကြိမ် ဆင့်ခေါ်ခဲ့ရာ ပျက်ကွက်ခဲ့ကြောင်း ယင်းအမှုကို လိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြောသည်။

ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ

Photo: ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ

ရန်ကုန်၊ အောက်တိုဘာ- ၁၀

ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

"မုန်တိုင်းငယ် က
မ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနားရောက်မှ ဘာဖြစ်သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ မုန်တိုင်းဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ်တိုက်ကြီး အောက်ဖက်ဆင်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသောဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။

ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန

News from :7Day News Journal
Post By : Aye Chan Mon
ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့
တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

"မုန်တိုင်းငယ် က
မ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သွားရောက်

Photo: အဖွဲ့ချုပ်ဥက္ကဌကော့မှူးမြို့နယ်သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊အောက်တိုဘာ(၁၀)ရက်နေ့နံနက်(၉)နာရီ(၂၀)မိနစ်ကကော့မှူးမြို့နယ်သို့ရောက်ရှိသည်။ရှေးဦးစွာဥက္ကဌသည်ကော့မှူးမြို့နယ်အခြေခံအထက်တန်းကျောင်းသို့သွားရောက်ပြီးမြို့နယ်ပညာရေးမှူးကျောင်းအုပ်ဆရာမကြီး၊ဆရာ၊ဆရာမများကခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက်အထက်တန်းကျောင်းရှိဆရာ၊ဆရာမများနားနေဆောင်၌ကော့မှူးမြို့နယ်အတွင်းရှိမူကြို၊မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာ၊ဆရာမကြီးများအားတွေ့ဆုံပြီးပညာရေးနှင့်သက်ဆိုင်သောလိုအပ်ချက်များကိုရဲရဲတင်းတင်းအရှိအရှိတိုင်းတင်ပြရန်ပြောကြားခဲ့သည်။ဆရာ၊ဆရာမကြီးများကလိုအပ်ချက်များကိုတင်ပြဆွေးနွေးခဲ့သည်။ထို့နောက်စာသင်ဆောင်များကိုလိုက်လံလေ့လာကြည့်ရှုပြီးကျောင်းသား၊ကျောင်းသူများအားစာသင်ကြားရာတွင်အခက်အခဲများကိုမေးမြန်းခဲ့သည်။ထို့နောက်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ဒေသလမ်းပန်းဆက်သွယ်ရေးနှင့်စားကျက်မြေများကိစ္စ၊ရေတွင်း၊ရေကန်များတူးဖော်ရေးနှင့်ပျက်စီးနေသောရေတွင်းရေးကန်များပြန်လည်ပြင်ဆင်ရေးဆွေးနွေးခဲ့သည်။ 

News from : National League for Democracy
Post By : Aye Chan Mon
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေ
ါ်အောင်ဆန်းစုကြည်သည်
၂၀၁၂ခု၊အောက်တိုဘာ(၁၀)ရက်နေ့နံနက်(၉)နာရီ(၂၀)မိနစ်ကကော့မှူးမြို့နယ်သို့ရောက်ရှိသည်
။ရှေးဦးစွာဥက္ကဌသည်ကော့မှူးမြို့နယ်အခြေခံအထက်တန်းကျောင်းသို့သွားရောက်ပြီးမြို့နယ်ပညာရေး
မှူးကျောင်းအုပ်
ဆရာမကြီး၊ဆရာ၊ဆရာမများကခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်အထက်တန်းကျောင်းရှိဆရာ၊ဆရာမများနားနေဆောင်၌ကော့မှူးမြို့နယ်အတွင်းရှိ
မူကြို၊မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာ၊ဆရာမကြီးများအားတွေ့
ဆုံပြီးပညာရေးနှင့်သက်ဆိုင်သောလိုအပ်ချက်များကိုရဲရဲတင်းတင်းအရှိအရှိတိုင်းတင်ပြရန်ပြော
ကြားခဲ့သည်။

ဆိုက္ကားလိုင်စင်အဆိုမအောင်မြင်က ဦးဆောင်ဆန္ဒထုတ်ဖော်သွားမည်ဟု NNDPက ဆို

Photo: ဆိုက္ကားလိုင်စင်အဆိုမအောင်မြင်က ဦးဆောင်ဆန္ဒထုတ်ဖော်သွားမည်ဟု NNDPက ဆို


လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှအနှေးယာဉ်ဆိုက္ကားများလိုင်စင်ချ
ထားပေးရေးအဆိုကို လွှတ်တော် တင်ပြသွားမည်ဖြစ်ပြီး အဆိုမအောင်မြင်
ပါက ဦးဆောင်ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိ
ရသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိအနှေးယာဉ်ဆိုက္ကားများအား တရားဝင်ဆိုင်စင်
ချထားပေးရန်အဆိုကို သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တို့မှ အဆိုတင်သွင်းမည်ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ ဖြစ်သည်။ 

“ဒီတစ်ကြိမ် ထပ်တင်ပြဆွေးနွေးမယ် မအောင်မြင်ရင် သူတို့တွေကို ဦးဆောင်ပြီး ဆန္ဒထုတ်ဖော် သွားမယ်၊ အခုက လိုင်စင်လဲ မချပေးဘူး။ လိုင်စင်မဲ့တွေကို သိမ်းတယ်။ ဒဏ်ရိုက်တယ်။ EOက ပြောထားတာရှိတယ်။ ဖမ်းတဲ့လူရှိရင် သူ့ဆီလွှတ်လိုက်၊ တပြားမှ မပေးနဲ့ဆိုပြီးပြောထားတာရှိ
တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က
ပြောသည်။

အထက်ပါ ပုဂ္ဂိုလ်မှ အနှေးယာဉ်ဆိုက္ကားများတရားဝင်မှတ်ပုံတင် လိုင်စင်ချ
ထားပေးရန်ရှိမရှိ မေးခွန်းအား ၂၀၁၂ခုနှစ် ဧပြီလ (၂၅)ရက်နေ့တွင်
ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးအထူး အစည်းအဝေးတွင် မေးမြန်း
ခဲ့ပြီး မေလ (၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်မှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

"လိုင်စင်မဲ့ဆိုက္ကားများအား တရားဝင်လိုင်စင်ချ ထားပေးနိုင်ရေး အစီအစဉ်
မရှိကြောင်း၊ လိုင်စင်များ ထပ်မံခွင့်ပြုပါက မူလလိုင်စင်ကို အမှီပြု၍ နံပါတ်တူ၊ အတု၊ အပွားများ ပိုမိုများပြားလာနိုင်ခြင်းနှင့် လူတစ်ဦး၏ ခွန်အားဖြင့် မိမိတို့လိုရာခရီးသို့ ရောက်မည့် ယခုလို အသက် မွေးလုပ်ငန်း
အား တဖြည်းဖြည်းချင်းလျှော့ချခြင်း၊ ပပျောက်အောင် ဆောင်ရွက်ခြင်း
တို့သာ ဆောင်ရွက်သင့် ပါတယ်"ဟု ၄င်းက စာဖြင့် ပြန်လည်ဖြေကြား
ခဲ့ကြောင်း သိရှိရသည်။ 

"ဆိုက္ကားတွေကိုလိုင်စင်ချပေးဖို့ ထပ်တင်ပြမယ်။ ဆင်းရဲမွဲတေမှုလျော့ချရေး လုပ်ငန်းတွေလုပ်နေတယ် ဆိုရင် အောက်ခြေလူတန်းစားတွေ ကိုယ်ချွေး
ကိုယ်အားနဲ့ လုပ်ကိုင်နေတဲ့ အနှေးယာဉ်တွေအတွက် လိုင်စင်ချပေးတာမျိုး၊ အခြားအလုပ်အကိုင်ရှာပေးတာမျိုးတွေကို အောက်ခြေကနေစပြီးဆောင်ရွက်
ပေးသင့်တယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ကပြောသည်။ 

အနှေးယာဉ်ဆိုက္ကားများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ (၂၈) အရ ကျပ်ငွေ (၁)သောင်းမှ အများဆုံး ကျပ်ငွေ (၅)သိန်းအထိ သတ်မှတ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကာ ယနေ့ အချိန်အထိ လိုင်စင်မဲ့ အနှေးယာဉ် ဆိုက္ကားပေါင်း (၉၅၁၉)စီး သိမ်းဆည်းအရေးယူ
ထားပြီးဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။ 

"လိုင်စင်ချပေးတဲ့အချိန်က မလုပ်လိုက်နိုင်တော့ ရှိတာလေးထုခွဲပြီး လိုင်စင်မရှိတဲ့ ဆိုက္ကားလေးနင်းနေရ တာ။ လိုင်စင်လုပ်ပေး မယ်ဆိုရင် လုပ်ကြမှာပဲ။ အခုလုပ်စားနေတဲ့ ချဲ၊ နှစ်လုံး၊ သုံးလုံး၊ အလောင်းကစား
တွေကြ တော့ လိုင်ကြေးတို့ ပိုက်ဆံပေးလိုက်ရင် ဖမ်းတာတို့ ဆီးတာတို
့မရှိတော့ဘူး။ ဒါတွေက ကိုယ့်တွေ့နော်။ ကိုယ့်ချွေးကိုယ့်အားနဲ့ လုပ်ကိုင်
စားသောက်နေတဲ့ အလုပ်ကိုကြတော့ မရမက ပိတ်ပင်နေကြတယ်"ဟု မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်မှ ဆိုက္ကားသမား ကိုကျော်ကြီးက ၄င်းခံစားချက်ကိုပြောဆိုသည်။ 

နိုင်ငံတော်အစိုးရသို့ တရားဝင်မှတ်ပုံတင်ပြီးလိုင်စင်ပါ ဆိုက္ကားတစ်စီးလျှင် ကျပ် ၅သိန်းမှ ၉သိန်းဝန်းကျင် အထိဈေးရှိကြောင်း၊ လိုင်စင်မဲ့ ဆိုက္ကား
တစ်စီးလျှင် ကျပ် ၃သိန်းဝန်းကျင်ဈေးကွက်ရှိကြောင်း သိရှိရသည်။

News from : Myit Makha Mediagroup
Post By : Aye Chan Mon
လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှအနှေးယာဉ်ဆိုက္ကားများလိုင်စင်ချ
ထားပေးရေးအဆိုကို လွှတ်တော် တင်ပြသွားမည်ဖြစ်ပြီး အဆိုမအောင်မြင်
ပါက ဦးဆောင်ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်းရှိအနှေးယာဉ်ဆိုက္ကားများအား တရားဝင်ဆိုင်စင်
ချထားပေးရန်အဆိုကို သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တို့မှ အဆိုတင်သွင်းမည်ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ ဖြစ်သည်။

အစိုးရ ပြောင်းသော်လည်း မူမပြောင်းတဲ့ နစက အကျင့်ဟောင်းကို ဆက်လက်ကျင့်သုံး

Photo: အစိုးရ ပြောင်းသော်လည်း မူမပြောင်းတဲ့ နစက အကျင့်ဟောင်းကို ဆက်လက်ကျင့်သုံး

ခိုင်သိန်း

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့အကြား နတ်မြစ်ကို ဖြတ်ကျော်ပြီး တစ်နေ့တာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကုန်ကူးနေသူများထံမှ နစကတပ်ဖွဲ့ဝင်များမှ တရားမ၀င် ငွေကောက်ခံနေကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က တစ်နေ့တာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မောင်တောမြို့မှ တက်ကနက်သို့ မော်တော်ဘုတ် တစ်စီးဖြင့်  ပစ္စည်း ကယ်ရီ လုပ်ရန် ရောက်ရှိလာသူ အမျိုးသမီး တစ်ဦးက နစက အရာရှိ တစ်ဦးမှ တရားမ၀င် ငွေကောက်ခံနေပုံကို ယခုလို ပြောသည်။

“ ကျွန်မက ပစ္စည်းနည်းနည်း ဒီကို ယူလာပါတယ်။ ဒီကို တရောက်ပေါ့နော်၊ ကုန်ကျတာက ပစ္စည်းချခ ကျပ် ၃၀၀၊ နစက တပ်ဖွဲ့ကို ၁၀၀၀၊ လ၀ကကို ၁၀၀၀၊ နစက ဗိုလ် ဇော်ရှိန်း အတွက် ၁၀၀၀၊ မောင် တောကနေ တက်ကနက်ကို ကူးတို့ ဘုတ်ခ ၂၀၀၀၊ စုစုပေါင်း ခရီးသည်တဦးရဲ့ တရက်တာ ပတ်စ်ပို့ခရီး ကုန်ကျ စရိတ်က ကျပ် ၅၃၀၀ ပေးရတော့ အမြတ်ဆိုတာ လုံးဝမရှိဘူး” ဟုပြောသည်။

အဆိုပါ ကောက်ခံငွေများမှာ တရားဝင် ဟုတ်မဟုတ်ကိုတော့ သူမ အနေဖြင့် မသိကြောင်း၊ အဆိုပါ ငွေကောက်ခံရာတွင် ငွေလက်ခံရရှိခြင်း ပြေစာ မပေးသဖြင့် သူတို့ စားဖို့ သောက်ဖို့ အတွက် ကောက်ခံသည်ဟု ထင်ကြောင်း အဆိုပါ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့က သူများ ပစ္စည်းတွေကို ကယ်ရီ လုပ်ပေးတာပါ။ အများစုက တစ်နေ့လုပ် တစ်နေ့ရှာ။ အဲသလို စားကြတဲ့သူတွေများပါတယ်။ အလုပ်ကလည်း မောင်တောမှာ မီးရှို့မူ ဖြစ်ပြီးကတည်းက သိပ်မကောင်းဘူး။ ဒါပေမယ့် အလုပ်မရှိတော့ လာလုပ်နေကြရတာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ရခိုင်ပြည်နယ် မောင်းတောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အပြီး နယ်စပ် ဖြတ်ကျော်သွားလာမူကို သုံးလ ကျော်နီးပါး ပိတ်ထားခဲ့ပြီး  များမကြာမှီကမှ  ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အရေးအခင်း အတွင်း တာဝန်ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူ စွပ်စွဲချက်ဖြင့် ယခင် နစက ကွပ်ကွဲရေးမှူးချုပ် ဦးအောင်ကြီးကို ထောင်ဒဏ် အနှစ် (၄၀) ချမှတ်ခဲ့ကြောင်း သိရသည်။

နစက အရာရှိများ၏  လာဒ်ပေး လာဒ်ယူမူကြောင့် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုပါ ထိခိုက်ခဲ့ပြီး  နစကကွပ်ကဲရေးမှူးကိုပါ ထောင်ချခဲ့ရသော်လည်း မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်ရှိ နစက အရာရှိများမှာ ယခုအချိန်ထိ  နောင်တ တစ်စုံတစ်ရာ မရရှိဘဲ အကျင့်ဟောင်းကို ပြန်လည်ကျင့်သုံးပြီး ပြည်သူလူထုထံမှ တရားမ၀င် ငွေကောက်ခံနေသဖြင့် ပြည်သူများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။

အဆိုပါ ငွေကောက်ခံနေမူကို မောင်တောမြို့ ပီအိုပီဂိတ်ကြီးတွင် တပွင့်နှင့် နစကဗိုဘ်  ဇော်ရှိန်း ဆိုသူက တာဝန်ယူ ကောက်ခံနေကြောင်း သူမက ပြောပြသည်။

ရခိုင်ကနေ တက်ကနက်သို့ တရက်တာ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ဖြင့် သယ်ယူလာသည့် ပစ္စည်းများမှာ လုံချည်၊ ပါတိတ် ထမီ၊ ဆပ်ပြာမှုန့်၊ ပတ္တမြားသွေးဆေး၊ ပဲငံပျာရည်၊ ငရုပ်ဆီ၊ နံ့သာတိုင်၊ ဖယောင်းတိုင်တို့ ဖြစ်သည်ဟုသိရ သည်။


နတ်မြစ်ဘေးမှ နစက ကင်းစခန်းတစ်ခု။

News from : Narinjara
Post By : Aye Chan Mon
နတ်မြစ်ဘေးမှ နစက ကင်းစခန်းတစ်ခု
ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့အကြား နတ်မြစ်ကို ဖြတ်ကျော်ပြီး တစ်နေ့တာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ကုန်ကူးနေသူမျာ
းထံမှ နစကတပ်ဖွဲ့ဝင်များမှ တရားမ၀င် ငွေကောက်ခံနေကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က တစ်နေ့တာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မောင်တောမြို့မှ တက်ကနက်သို့ မော်တော်ဘုတ် တစ်စီးဖြင့် ပစ္စည်း ကယ်ရီ လုပ်ရန် ရောက်ရှိလာသူ အမျိုးသမီး တစ်ဦးက နစက အရာရှိ တစ်ဦးမှ တရားမ၀င် ငွေကောက်ခံနေပုံကို ယခုလို ပြောသည်။

"ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်"

Photo: "ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်"

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအမည် ဖြင့်
ရောင်း ချခြင်းမပြုဘဲ မြန်မာ့ တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချ မည် ဟု သိရသည်။ ၄င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်း အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။
''လက်ရှိကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဆက်လက်၍ ၄င်းက ''၄ လပိုင်း ဖုန်းရောင်းပေးမယ်ဆိုပေမယ့် ရက်တော့ သတ်မှတ် မ ထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာလဲ၊ ကုန်ကျ စ ရိတ် တွက်ချက်ပြီးမှ သိရမှာပါ။ ကုမ္ပဏီအပြိုင်အဆိုင် ရောင်းရမှာ ဆိုေ တာ့ တခြား ကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်းလျှော့ရောင်း သွား ရမှာ ပါ'' ဟု ပြောသည်။

News from :Popular Myanmar News Journal
Post By : Aye Chan Mon
ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အမည် ဖြင့်
ရောင်း ချခြင်းမပြုဘဲ မြန်မာ့ တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချ မည် ဟု သိရသည်။ ၄င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်း အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

"OIC ရုံးဖွင့်လှစ်ခြင်းကို ကန့် ကွက်သည် အနေဖြင့် ရခိုင်အမျိုးသမီး ၅၀၀ ခန့် ဆန္ဒထုတ်ဖော်"

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)ရုံးအား စစ်တွေ မြို့  တွင် ဖွင့်လှစ်ခွင့်ရရှိမှု ကို မကျေနပ်၍ မြို့ နေလူထု အမျိုးသမီး ၅၀၀ ၀န်းကျင်က ယခုအခါ ဆန္ဒဖော်ထုတ်မှုကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ အစက လုပ်ထားတာ တစ်နာရီမှာ စပြီး ဆန္ဒပြဖို့ ပါ။ ဒါပေမယ့် ဒီမှာ မိုးတွေရွာနေလို့ အခုမှ လူစုပြီး စရတာပ
ါ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် မြို့ ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
...

ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့

Photo: ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့

Wednesday, 10 October 2012 15:59

ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ် ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

"ကွန်တိန်နာကို ဆိပ်ကမ်းမှာလုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနဆိုင်ရာတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။ တွေ့ရှိချက်အတိုင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်" ဟု  စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၊ MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင်ရောက်ရှိပြီး၊   ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်းစတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ  ၂၂ရက်နေ့ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှတင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ (BLZU -2118418) အား ဖွင့်ဖောက်ရာ ဂျုံစေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ကျည်ကဒ် ၂ခု တို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတားကုမ္ပလီမီတက်မှ အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News from : Eleven Media Group
Photo from : Google
Post By : Aye Chan Mon
ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်
ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ် ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသားများ လုံခြုံရေး စိတ်မချ

စစ်တွေမြို့သို့ အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုရန် ရောက်နေကြသည့် နယ်မှ ကျောင်းသား ကျောင်းသူများ အနေဖြင့် လတ်တလော စစ်တွေတွင် ဖြစ်ပွားနေသော အခြေအနေများကြောင့် လုံခြုံရေး စိတ်မချ ဖြစ်နေကြသည်ဟု ဆိုသည်။

ဆန္ဒပြပွဲများ၊ မီးရှို့မူများ ဆက်တိုင် ဖြစ်ပေါ်နေသဖြင့် ယခုလအတွင်း စာမေးပွဲ ဖြေဆိုကြရမည့် အဝေးသင်တက္ကသိုလ် ကျောင်းသူ/သားများမှာ လုံးခြုံရေး အရ စိုးရိမ်နေကြပုံကို ဥပဒေ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်သူ မနီနီမေမြင့်က ယခုလို ပြောသည်။

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ


မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က သိရှိရသည်။

“ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကွယ်လွန်


 မြန်မာ့တပ်မတော်၏ အမြုတေဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ဗိုလ်ကျော်ဇော (ခေါ်) ဗိုလ်မှူးချုပ်ကျော်ဇော သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ခံယူနေရစဉ် ယနေ့နံနက် ၃ နာရီခွဲခန့်က ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရှိရသည်။


၁၉၅၀ စုနှစ်များအတွင်း ကျုးကျော်သူ ကူမင်တန် တရုတ်ဖြူများအား ရှမ်းပြည်နယ် မြောက်ပိုင်းမှ တွန်းလှန်တိုက်ထုတ်ရာတွင် နာမည်ကျော်လှသည့် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့(ယဉ်ယဉ်နု(မန္တလေး))




မြို့ကလေးဟာ အရင်တုန်းက နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ ပထမဆုံးကားမှာ နာမည်ကြီးဖူးတယ်။
အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို မြန်မာတစ်နိုင်ငံလုံးက သိကြတယ်။သီချင်းနဲ့အတူ မြို့ကလေးလည်း ရွှင်ပျတဲ့ဝတ်စုံကို ခြုံလွှမ်းလို့။ မြို့ကလေးလည်း ဇာတ်ကားပြတဲ့ ရုံရှေ့မှာ မတ်တတ်ရပ်ရင်း ပြုံးပြုံးကြီး ကြည့်လို့ပေါ့။အဲဒါက လွန်လေပြီးသော အခါက ဖြစ်ပါတယ်။ “မြို့သူတွေက အပျိုကြီးတွေ များတယ်”ဒီမြို့ကို အလည်အပတ်ရောက်နေတဲ့ အညာသူ ကောင်မလေးဟာ ယောင်တောင်တောင်နဲ့ မြို့ထဲက တန်ဆောင်းတစ်ခုမှာ လုပ်တဲ့ ပရိတ်စုပေါင်း ရွတ်ပွဲကို ရောက်နေတယ်။ တန်ဆောင်းနဲ့ အပြည့် ယောဂီဝတ်စုံ ဆင်တူမြို့ သူဖြူ ဖြူချောချောတွေကို တအံ့တသြ ငေးလို့ပေါ့။ အသားအရေတွေက ၀င်းဝင်း၊ မျက်နှာတင်းတင်း၊ ဟန်တစ်ခွဲသားနဲ့ အပျိုချောတွေလေ။

“ဟိုးထိပ်က ဖွားခင်က အသက် ၇၀ ကျော် အပျိုကြီး။သူ့နားက အုပ်စုအကုန်လုံး အပျိုကြီးတွေပဲ။ အလယ်နားက ဒေါ်ကျင်မြက ငါးဆယ်ကျော်၊ ခြောက်ဆယ် သူတို့လည်း အပျို ကြီးပဲ။ ဟိုနားက ခင်ခင်တို့ နွယ်နွယ်တို့ သုံးဆယ်ကျော်လေးဆယ် အုပ်စုကလည်း ကျွန်မတို့နဲ့တစ် ရွယ်တည်းတွေ၊ အားလုံး သန့်သန့်ရှင်းရှင်း အပျို ကြီးတွေပဲ”

ခင်ပွန်းနေရာအပြောင်းအရွှေ့ ငွေလိုက်သည့် ဒုရဲမှူးကတော် အလိမ်ခံရ

ရဲတပ်ရင်းအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကျပ်သိန်း ၃၀ လိမ်လည်ယူသွားသူများကို ရဲဝန်ထမ်း၏ ဇနီးကလိမ်လည်မှုဖြင့် တိုင်ကြား အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖြစ်ပွားပုံမှာ မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူးတစ်ဦးအား ပြောင်းရွှေ့လိုသည့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ပေးနိုင်သည်ဟုဆို၍၎င်းဒုရဲမှူ
း၏ ဇနီးဖြစ်သူနှင့် သိကျွမ်းဖူးသူက ဆောင်ရွက်ပေး မည်ဆိုကာ ငွေကျပ်သိန်း ၅၀နှင့် ညှိနှိုင်း သဘောတူခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် လွတ်တော်ကို တောင်းပန်မည်

Photo: တိုင်းဒေသကြီး ၀န်ကြီးချုပ် လွတ်တော်ကို တောင်းပန်မည်။

အောက်တိုဘာ ၁၀၊ ၂၀၁၂၊ မျိုးမင်းထွန်း YPI 

ဆက်လက်ကျင်းပလျှက်ရှိသည့် ဧရာဝတီတိုင်း လွှတ်တော် ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီး တဦးတို့ တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ် ပါဝင်သည်ဟု အစီအစဉ် ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။ 

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွုယ်ရေး ၀န်ကြီး ဦးသန်းထွန်းတို့က တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ်ဖြစ်သည်။ 

ယင်းအစီအစဉ်ပြီးနောက်တွင် တိုင်းဝန်ကြီူးချုပ်နှင့် ၀န်ကြီးတဦးအား စွပ်စွဲပြစ်တင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် လည်းပါဝင်သည်ကို တွေ့ရှိရသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်က လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်နှင့် လုပ်ပိုင်ခွင့် တားဆီး၍ ပြည်သူနှင့် အဆက်ဖြတ်ထားသည် ဟု ဇွန်လအတွင်း စွပ်စွဲပြောဆိုမှုများရှိခဲ့ရာမှ စွပ်စွဲပြစ်တင်မှုြု့ပုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြီးခဲ့သည့် ဇွန်လအတွင်း တင်ပြခဲ့သည်။ 

သို့ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ထိုသို့ မလုပ်ရန် မေတ္တာရပ်ခံသဖြင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဋ္ဌာနချုပ်တွင် ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၄ ရက်နေ့က ပုသိမ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ပြောဆိုသည်။ ယင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၂ ပတ်အကြာတွင် ယခု တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က တောင်းပန်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

ယခုလ ၈ ရက်နေ့မှစတင်သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၏ စတုတ္ထပုံမှန် အစည်းအဝေး  နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ယင်းအစီအစဉ်များကို ထည့်သွင်းထားကြောင်း လွှတ်တော်၌ သတင်းယူနေသည့် သတင်းထောက်က ပြောသည်။ 

ယနေ့နံနက်ပိုင်း လွှတ်တော်တွင်မူ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်မှာ အမေရိကန် ဧည့်သည်နှင့် တွေ့ဆုံရန်ရှိသဖြင့် နံနက်ပိုင်းခွင့် ပန်ကြားထားကြောင်းလည်း သိရှိရသည်။ 

ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး ဆွေးနွေးတင်ပြကြမည့်အကြောင်းအရာများ အနက် ကျုံပျော်မြို့နယ် ရှားခဲအင်း ကျေးရွာသားများအား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် အဆိုလည်း ပါဝင်ကြောင်းသိရှိရသည်။ ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ပါဝင်ဆွေးနွေးရန် စာရင်းပေးထားကြောင်းလည်း သိရသည်။    ။ 

တိုင်းဒေသကြီး လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးတွင် ဥက္ကဋ္ဌ အားမြင်တွေ့ရစဉ်။

News from : Yangon Press International
Post By : Aye Chan Mon
ဆက်လက်ကျင်းပလျှက်ရှိသည့် ဧရာဝတီတိုင်း လွှတ်တော် ယနေ့ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီး တဦးတို့ တိုင်းဒေသကြီးလွှတ်တော်ကို တောင်း
ပန်မည့် အစီအစဉ် ပါဝင်သည်ဟု အစီအစဉ် ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွုယ်ရေး ၀န်ကြီး ဦးသန်းထွန်းတို့က တိုင်းဒေသကြီးလွှတ်တော်ကို တောင်းပန်မည့် အစီအစဉ်ဖြစ်သည်။

ယင်းအစီအစဉ်ပြီးနောက်တွင် တိုင်းဝန်ကြီူးချုပ်နှင့် ၀န်ကြီးတဦးအား စွပ်စွဲပြစ်တင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် လည်းပါဝင်သည်ကို တွေ့ရှိရသည်။

"Y-talk အိမ်နှင့်ရုံးသို့ တိုးချဲ့တော့မည်"

Photo: "Y-talk အိမ်နှင့်ရုံးသို့ တိုးချဲ့တော့မည်"

အိမ်သုံးရုံးသုံး ကွန်ပျူတာများ၌ Y-talk ဖုန်းခေါ်ဆိုနိုင်သည့် စနစ်ကို ယခုလကုန်တွင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီမှ သိရသည်။ လက်ရှိတွင် အွန်လိုင်းမှသာ တရားဝင် ဖုန်းခေါ်ဆိုနိုင် သည့် Y-talk စနစ်ကို အင်တာနက်ဆိုင် များသာ အသုံးပြုနိုင်ပြီး ကိုယ်ပိုင် ကွန်ပျူတာများ သုံးစွဲခွင့်မရရှိသေး ကြောင်းသိရသည်။ ”ကိုယ်ပိုင် ကွန်ပျူ တာတွေ့ Y-talk သုံးစွဲခွင့်ပေးဖို့ မြန်မာ့ဆက်သွယ်ရေးကို ခွင့်ပြုချက် တင်ထာ တာ အခု ခွင့်ပြုချက်ကျလာပါပြီ။ ဒါကြောင့် ဒီလ ကုန်မှာ ဝန်ဆောင် မှု ပေးနိုင်မှာပါ။ လောလောဆယ် မပေးသေးတာက အကောင့်နှုန်း ထားတွေ ပြန်လည်ပြင်နေတဲ့ အတွက် မပေးသေးတာပါ”ဟု VMG TELECOMS ကိုနေလင်းက ပြောသည်။ ယင်းစနစ်ဝန်ဆောင်မှု စတင်ပါက လက်ရှိဖုန်းခေါ်ဆိုခနှုန်းများ အတိုင်း ဝန်ဆောင်မှုပေးမည်ဖြစ် သော်လည်း အကောင့် ဝယ်ယူခွင့်နှုန်း ထားနှင့်ငွေဖြည့်ကတ် ဝယ်ယူသည့် နှုန်းထား များ ပြောင်းလဲဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။ ”ကတ်နှုန်း ထားတွေ သတ်မှတ်တာ အတည်ဖြစ်တာနဲ့ တရားဝင်ကြေညာချက် ထုတ်ပြန် ပြီး ဝန်ဆောင်မှု စတင်သွားမှာပါ။ ပွဲသီး သန့်လုပ်ပြီး ထုတ်ပြန်တာမျိုးတော့ မလုပ်တော့ပါဘူး” ဟု ၄င်းက ဆက်ပြောသည်။ လက်ရှိ ဖုန်းခေါ်ဆို ခနှုန်း ထား များမှာ တရားမဝင် ဖုန်းခေါ်ဆိုသည့် နှုန်းများကဲ့သို့ တစ်မိနစ်လျှင် ဝ ဒသမ ဝ၅ FEC နှုန်းဖြစ်ပြီး အင်တာနက်ဆိုင် များတွင် Y-talk အကောင့်နှင့် ငွေဖြည့် ကတ်များ ဝယ်ယူခြင်းမရှိဘဲ အသုံးပြုနိုင် ကြောင်း သိရသည် ။ Y-talk စနစ်ကို လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊ ပြည်၊ မိတ္ထီလာစသည့်မြို့များနှင့် ရတနာပုံ ဝက်ဘ်ပေါ်တယ်တွင် အ သုံးပြုနိုင်ကြောင်း၊ ယင်းအပြင် ရတနာပုံ Call Center တွင်လည်း ဝန်ဆောင်မှုပေးရန် အစီအစဉ်ရှိကြောင်း ယင်းကုမ္ပဏီက သိရသည်။ Y-talk စနစ်ကိုVMG TELECOMS ကုမ္ပဏီမှ ရတနာပုံ တယ်လီပို့ မြန်မာ့ ဆက်သွယ်ရေး နှင့် ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်းသိရသည်။

News from : AF Ijournal
Post By : Aye Chan Mon
အိမ်သုံးရုံးသုံး ကွန်ပျူတာများ၌ Y-talk ဖုန်းခေါ်ဆိုနိုင်သည့် စနစ်ကို ယခုလကုန်တွင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီမှ သိရသည်။ လက်ရှိတွင် အွန်လိုင်းမှသာ တရားဝင် ဖုန်းခေါ်ဆိုနိုင် သည့်
Y-talk စနစ်ကို အင်တာနက်ဆိုင် များသာ အသုံးပြုနိုင်ပြီး ကိုယ်ပိုင် ကွန်ပျူတာများ သုံးစွဲခွင့်မရရှိသေး ကြောင်းသိရသည်။ ”ကိုယ်ပိုင် ကွန်ပျူ တာတွေ့ Y-talk သုံးစွဲခွင့်ပေးဖို့ မြန်မာ့ဆက်သွယ်ရေးကို ခွင့်ပြုချက် တင်ထာ တာ အခု ခွင့်ပြုချက်ကျလာပါပြီ။ ဒါကြောင့် ဒီလ ကုန်မှာ ဝန်ဆောင် မှု ပေးနိုင်မှာပါ။ လောလောဆယ် မပေးသေးတာက အကောင့်နှုန်း ထားတွေ ပြန်လည်ပြင်နေတဲ့ အတွက် မပေးသေးတာပါ”ဟု VMG TELECOMS ကိုနေလင်းက ပြောသည်။

အရှိန်မကုန်သေးတဲ့ ရေပေါ်ဆီညရပ်ကွက်များ (ဥက္ကာကိုကို၊ ထွန်းခိုင်)

Photo: အရှိန်မကုန်သေးတဲ့ ရေပေါ်ဆီညရပ်ကွက်များ 

ဥက္ကာကိုကို၊ ထွန်းခိုင်

နိုက်ကလပ်များနှင့် လမ်းမများပေါ်မှ ကားပြိုင်ပွဲများ၊ ရန်ပွဲများမှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်နေသည်ဆိုသည့် ယခုကာလတွင်ပင် အရှိန်မကုန်နိုင်သေးဘဲ ထင်ထင်ပေါ်ပေါ် ပါဝါပြိုင်နေကြဆဲဖြစ်သည်။

ရန်ကုန်မြို့တွင်ရှိသည့် နိုက်ကလပ်များတွင် အထက်တန်းလွှာနှင့် လူကုံထံအသိုင်းအ၀ိုင်းမှ လူငယ်များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး ညလူခြေတိတ်ချိန်တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းများမှာ ၎င်းတို့အတွက် မဆန်းကြယ်တော့ကြောင်း နိုက်ကလပ်လုံခြုံရေးများကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ ဆောင်ရွက်လာခဲ့သည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကဆိုသည်။

“ဒါတွေက အမြဲဖြစ်နေကျဆိုတော့ မဆန်းတော့ပါဘူး။ အခုလို လူသိရှင်ကြားဖြစ်ပြီး လာမေးကြတာကပဲ ဆန်းနေတယ်”ဟု သူကပြောသည်။

အထက်တန်းလွှာနှင့် အလယ်အလတ် လူတန်းစားများအတွက် ဖွင့်လှစ်ထားသော နိုက်ကလပ်များတွင် ဖြစ်ပေါ်လာသည့် ပြဿနာများကို ထိုအသိုင်းအ၀ိုင်း အချင်းချင်းကပင် ဖြေရှင်းလိုက်ကြလေ့ရှိသည်။ သို့မဟုတ်ပါကလည်း နိုက်ကလပ်များတွင် ခန့်အပ်ထားသော လုံခြုံရေးဝန်ထမ်းများကသာ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းလိုက်ကြသည်က များသည်ဟု သိရသည်။

“နိုက်ကလပ်တွေက သူတို့လုံခြုံရေးတွေရှိတယ်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမှ ရဲဆီကို ရောက်လာတတ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အောက်တိုဘာလ ၆ ရက် နံနက် ၂ နာရီခွဲခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်တစ်တိုင်အောက်တွင် တန်ဖိုးကြီးမားသည့် အနီရဲရဲပြိုင်ကားတစ်စီး ရောက်ရှိနေသည်။ ပြိုင်ကားအနီပေါ်တွင် ဓာတ်တိုင်က အလယ်တည့်တည့်မှ ပိကျနေခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွနေသည့် မြင်ကွင်းက ယင်းပြိုင်ကားငယ်၏ အရှိန်ပြင်းထန်စွာ မောင်းနှင်လာမှုကို ပေါ်လွင်နေစေသည်။

ထိုအချိန်မှာပင် ပြိုင်ကားနှစ်စီးခန့် ရောက်လာကာ တစ်ဦးက ယာဉ်ထိန်းရဲအရာရှိထံ လျှောက်သွား၍ တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်ပြီး ကားတစ်စီးပေါ် ပြန်တက်သွားသည်ကို တွေ့ရသည်။ ကားနံပါတ်ပြားပေါ်တွင် အင်္ဂလိပ်စာတန်းများ ရေးခြစ်ထားသော ပြိုင်ကားတစ်စီးကလည်း အခြေအနေကို ခေတ္တမေးမြန်းပြီးနောက် လီဗာကို အစွမ်းကုန်နင်းကာ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။

လိုင်းကားများအား ရုံးတက်ရုံးဆင်းချိန်တွင် ရပ်တန့်ခိုင်းကာ ယာဉ်မောင်းကို မကြာခဏ စစ်ဆေးလေ့ရှိတတ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ ဘာမှတ်ချက်မှ  မချနိုင်လောက်အောင် အလုပ်များနေခဲ့ကြပြီး မောင်းထွက်သွားသည့် ပြိုင်ကားနံပါတ်ပြားပေါ်မှ စိတ်ကူးပေါ်ရာ ရေးခြစ်ထားသည့် စာတန်းများကို ဂရုပြုမိကြပုံမရပေ။

အဆိုပါယာဉ်တိုက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် နံနက် သန်းခေါင်ကျော်ဝန်းကျင်က ရန်ပွဲတစ်ပွဲ လတ်တလော ဖြစ်ပွားခဲ့သည့် အင်းလျားလိတ်ဟိုတယ်အတွင်းမှ ဒီဂျေဘား၊ ဂျီတီအာရ်နိုက်ကလပ်များနှင့် မနီးမဝေးမှာပင် ဖြစ်ပွားခြင်းဖြစ်သည်။

ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရပြီး မြန်မာဘုရင်များ နောက်ဆုံးနန်းစိုက်ခဲ့သည့် မြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နာမည်ကြီးရန်ပွဲတစ်ခုကြောင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း နာမည်ကြီးအဆင့်မြင့် ကလပ်နှစ်ခုကို ပိတ်ပင်ခဲ့မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

၎င်းအပြင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှုများလည်း ရှိခဲ့ကြောင်း၊ မန္တလေးကျုံးပတ်လည်တစ်လျှောက်၊ မန္တလေးတောင်ခြေ လမ်းတစ်လျှောက်နှင့် ပြင်ဦးလွင်သို့သွားသည့် လမ်းတစ်လျှောက်တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြိုင်ကားခြောက်စီး၊ ခုနစ်စီးခန့် အပြိုင်မောင်းနှင်လေ့ရှိကြောင်း၊ ၂၀၁၂ ခုနှစ်ရောက်မှ မန္တလေးတွင် ပြိုင်ကားများ အပြိုင်မောင်းနှင်မှု မတွေ့မိတော့ကြောင်း ၎င်းကပြောသည်။

အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားကလပ်တွင် ခရိုနီအသိုင်းအ၀ိုင်းမှ နာမည်ကျော်သူဌေးကြီးတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ကလပ်သို့ လာရောက်သူများ ရပ်နေသည့် နေရာအတွင်းသို့ ကားဖြင့် အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသော ဒဏ်ရာရရှိသူမှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်ပွားခဲ့သည့် ကာယကံရှင်များမှာ ဒီဂျေဘားသို့ လာရောက်ကြသည့် လူငယ်အချင်းချင်းဖြစ်ပြီး ကလပ်အတွင်း စကားများခဲ့ရာမှ လုံခြုံရေးဝန်ထမ်းများက ဇော်ဇော်(ခ)ဇော်စိုးဝင်း (ထူးထရေးဒင်းကုမ္ပဏီဝန်ထမ်း)ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ ဇော်ဇော်သည် သူနှင့်အချင်းများသည့် အာကာပြည့်ဇော်၏ ဟွန်ဒါဘေ့စ်ယာဉ်ကို ၎င်း၏လင့်ခရူဇာယာဉ်ဖြင့် နောက်မှဝင်တိုက်ခဲ့သည်။ ထို့အပြင် လူအများရပ်နေသည့်နေရာသို့ ထပ်မံဝင်တိုက်ရာ အခြားသူများက ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဝေအောင်မှာ မလွတ်မြောက်ခဲ့ပေ။

ထိုသို့ လင့်ခရူဇာဖြင့် အတိုက်ခံရမှုကြောင့် မောင်ဝေအောင်မှာ ညာဘက်ညှပ်ရိုးကျိုး၊ ညာနောက်စေ့ကွဲ၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကွဲ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရပြီး ဇော်ဇော်အား အမှုဖွင့်ထားခြင်းဖြစ်သည်။

“အဲဒီကိစ္စကို ပြောလို့မရဘူး။ ဘယ်သူမေးမေး မပြောရဘူးလို့ ကျွန်တော်တို့ကို မှာထားတယ်”ဟု ဒီဂျေဘားမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောသည်။

သို့သော် ဒဏ်ရာရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့နှင့် တူတော်စပ်သူတစ်ဦး ဖြစ်သောကြောင့် အဆိုပါသတင်းမှာ လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာပေါ်၌ ပျံ့နှံ့သွားခဲ့သည်။

“ကိုယ့်မှာပိုက်ဆံရှိတယ်၊ ဘာရှိတယ်ဆိုတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ ဒီလိုနိုင်ငံမှာ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း မရှိစေချင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဌေးကြွယ်ကပြောသည်။

“လူငယ်ချင်း ထိခိုက်မိတာကနေ ဖြစ်သွားတဲ့သဘောပါပဲ။ ကိုဌေးကြွယ်၊ ကိုဖြိုးမင်းသိန်းတို့နဲ့ တူဖြစ်နေတာပဲ ရှိပါတယ်။ ဒဏ်ရာရတဲ့ ကောင်လေးရဲ့ အမေက ခရီးထွက်နေတော့ ပြန်ရောက်လာရင် အမှုကို ကျေအေးဖို့ရှိပါတယ်။ ဒဏ်ရာကလည်း စိုးရိမ်စရာမရှိတော့ဘူးလို့ ကျွန်တော်တို့ သိထားပါတယ်”ဟု ဇော်ဇော်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် နိုက်ကလပ်ယဉ်ကျေးမှုကို ၁၉၉၅ ခုနှစ်ဝန်းကျင်ခန့်မှ အစပျိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုမှာ ၂၀၀၂ နောက်ပိုင်းတစ်လျှောက် ပီပြင်စွာ အမြစ်တွယ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်တွင် ရန်ကုန်တစ်မြို့တည်း၌ နိုက်ကလပ်ပေါင်း ၂၀ နီးပါး ရှိလာနေခဲ့ပြီဖြစ်သည်။

အဆိုပါ နိုက်ကလပ်များတွင် လူငယ်များ၏ တစ်ညစာသုံးဖြုန်းကြသည့် ငွေကြေးပမာဏများ၊ တန်ဖိုးကြီးမော်တော်ယာဉ်များ၊ မလုံ့တလုံ အ၀တ်အစားများကိုကြည့်၍ ဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း မည်သူမျှ ယုံနိုင်ဖွယ်မရှိပေ။

နိုက်ကလပ်များတွင် အပတ်စဉ် သောကြာ၊ စနေနေ့များ၌ ကားပါကင်နေရာလွတ် မရှိတော့သည်အထိ လူစည်ကားလေ့ရှိပြီး အဆိုပါနေ့များတွင် ကလပ်တစ်ခုလျှင် လူပေါင်းရာနှင့်ချီ ရောက်ရှိလာလေ့ရှိကြောင်း နိုက်ကလပ်လုံခြုံရေး ၀န်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် အကြမ်းဖျင်းအားဖြင့် သိမ်ကြီးဈေး၊ မင်္ဂလာဈေးတို့တွင် ဖွင့်လှစ်ထားသည့် ဈေးနှုန်းသက်သာစွာဖြင့် ၀င်ရောက်နိုင်သည့် ကလပ်များ၊ ဈေးနှုန်းအသင့်အတင့်ရှိသော အလယ်အလတ်တန်းစားကလပ်များ၊ ဟိုတယ်များနှင့်တွဲလျက် ဖွင့်လှစ်ထားသည့် ကလပ်များဟူ၍ သုံးမျိုးသုံးစား ရှိသည်ဟု သိရသည်။ ပြဿနာဖြစ်ပွားမှု အများဆုံးမှာ အောက်ကလပ်ဟု ခေါ်ဝေါ်ကြသော ဈေးနှုန်းသက်သာသည့် ကလပ်များပင်ဖြစ်ကြောင်း နိုက်ကလပ်အသိုင်းအ၀ိုင်းက ဆိုသည်။

“အမြင့်ကလပ်တွေမှာက သိပ်မဖြစ်ရဲကြဘူး။ အမြင့်ကောင်တွေ အချင်းချင်းပဲဖြစ်ကြတာ။ သူတို့ဖြစ်ရင်လည်း အပြင်ကလူတွေက ၀င်မဆွဲရဲဘူး။ လုံခြုံရေးတွေတောင်မှ ၀င်မဆွဲရဲဘူး။ အသိုင်းအ၀ိုင်းတစ်ခုတည်းကလူတွေ ရန်ဖြစ်ရင် ဘယ်သူမှမဆွဲရဲဘူး”ဟု နိုက်ကလပ်များတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သူတစ်ဦးကပြောသည်။

ပြိုင်ကားယှဉ်မောင်းခြင်းများ၊ ရန်ပွဲများအပြင် နိုက်ကလပ်များနှင့် ဆက်နွှယ်နေသည့် နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ အရက်နှင့် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ အရက်ပုလင်းတစ်လုံးကို အဖုံးဖွင့်လိုက်သည်နှင့် အနည်းဆုံး ခုနစ်သောင်းကျပ် ပေးဆောင်ရသည့် နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သည်။

နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲခြင်းကို တွေ့ရှိလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားမည်ဟုလည်း နံရံတွင် စာကပ်ထားရသည့် အခြေအနေများလည်း ရှိနေခဲ့သည်။

သို့သော် မီးရောင်စုံကြားတွင် နာရီပေါင်းများစွာ စည်းချက်ကျကျ မမောနိုင်မပန်းနိုင် ကခုန်နေကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များ မပါဝင်ကြောင်း တပ်အပ်ပြောဆိုရန် ခက်ခဲသည်ဟု အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

“ဆေးပြားတွေက တစ်ညလုံး မအိပ်ဘဲနဲ့ မစားဘဲနဲ့ ကနိုင်တယ်၊ ခုန်နိုင်တယ်၊ ဆိုနိုင်တယ်၊ စိတ်ကိုကြွစေတယ်၊ ရန်လိုချင်တဲ့ဆန္ဒတွေ ပြင်းပြလာတယ်။ မိန်းကလေးတွေ စိတ်တက်ကြွလာရင် ပိုရှုပ်ကုန်မယ်”ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ခိုင်ကပြောသည်။

သန်းခေါင်ကျော် မီးရောင်စုံအောက်တွင် မူးယစ်ပျော်ပါးနေသော အမျိုးသားများအတွက် ပြည့်တန်ဆာဈေးကွက်ကလည်း နိုက်ကလပ်အတော်များများမှာ တွင်ကျယ်လျက်ရှိပြီး အချို့ရန်ပွဲများအတွက် ရင်းမြစ်တစ်ခု ဖြစ်နေတတ်သည်ဟု သိရသည်။

ရန်ပွဲတစ်ပွဲဖြစ်ပွားသည်နှင့် ကိုယ်ခံပညာ တတ်ကျွမ်းထားသော လုံခြုံရေးများက အမြန်ဆုံးရောက်ရှိလာမည်ဖြစ်ပြီး ပြဿနာမကြီးထွားရန် ထိန်းသိမ်းကြမည်ဖြစ်သည်။ လွန်ကဲစွာ မူးယစ်ရမ်းကားနေသူကို ကလပ်အပြင်ဘက်သို့ ဆွဲထုတ်သွားလေ့ရှိပြီး ကလပ်အတွင်း၌ ပြဿနာမဖြစ်ပွားစေရန် အဓိကဆောင်ရွက်ကြကြောင်း နိုက်ကလပ်လုံခြုံရေးတစ်ဦးက ပြောပြသည်။

အမြင့်ကလပ်များတွင် ပြဿနာမှာ အချိန်ခဏအတွင်း ပြီးဆုံးသွားတတ်သော်လည်း ဈေးများတွင် ဖွင့်လှစ်ထားသည့် ၀င်ကြေးသက်သာသည့် ကလပ်များမှာတော့ ပြဿနာက မမျှော်လင့်ဘဲ ကြီးမားသွားတတ်ကြောင်း သိရသည်။

“အဲဒီ့ကလပ်တွေမှာ ပြဿနာတက်ပြီး ရန်ဖြစ်ရင် လုံခြုံရေးတွေက သမတယ်။ အပြင်ကို ဆွဲထုတ်ခံရရင် အပြင်မှာရှိတဲ့ လူခေါ်ပွဲစားတွေက သမတယ်။ တက္ကစီသမားတွေက သမတယ်။ ရန်ပွဲတစ်ပွဲဖြစ်ရင် ဆွမ်းကြီးလောင်းကြတာ အများကြီးပဲ”ဟု နိုက်ကလပ်များတွင် လူစောင့်လေ့ရှိသည့် အငှားယာဉ်မောင်းသူတစ်ဦးက ပြောပြသည်။

“နိုက်ကလပ်တွေအတွက် သီးသန့်လုံခြုံရေးပေးတာ မရှိဘူး။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးတာက ကျောင်းတို့၊ ဈေးတို့လို အများပြည်သူတွေရှိတဲ့ နေရာတွေမှာ လုံခြုံရေးပေးတယ်။ ရဲကိုလာတိုင်ပြီ ဆိုရင်တော့ ရဲကမေးတယ်။ အခင်းဖြစ်တဲ့နေရာအနီး ပတ်ဝန်းကျင်ကို စုံစမ်းတယ်။ ပြီးရင် သံသယရှိသူပုံကို ပန်းချီဆွဲတယ်။ စခန်းအချင်းချင်း ချိတ်ဆက်ပြီးတော့ လိုက်ရှာတယ်။ လာတိုင်ပြီဆိုရင် ရဲကတော့ မပေါ်မချင်း စုံစမ်းနေရမှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“နိုင်ငံတကာမှာလည်း ဒီလိုနိုက်ကလပ်တွေ ရှိနေတာပဲလေ။ သူတို့ ကျောင်းသွားမယ်၊ အလုပ်သွားမယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ ဒီမှာလာပြီး ဖြေလျှော့မယ်၊ ကမယ်၊ ပြီးတော့ ပြန်သွားကြတယ်။ လွတ်လွတ်လပ်လပ် ပျော်ပါးတာ၊ ဆုံစည်းတာ၊ အပြင်ထွက်ကြတာ ရှိတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိနေတဲ့ နိုက်ကလပ်ဆိုတဲ့ဟာက တစ်မျိုးဖြစ်နေတယ်ပေါ့။ အချိန်နဲ့ငွေကို ပေါပေါသုံးနိုင်တဲ့သူတွေ။ ပြီးတော့ ဒီနေရာမှာ ငွေရှာလို့ရတဲ့သူတွေ။ ဒီလိုမျိုးတွေ လာရောက်ပြီးတော့ စုဝေးတာမျိုး မဖြစ်စေချင်ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။

ရောင်စုံဆလိုက်မီးများသည် ပေ ၄၀ x ပေ ၆၀ ခန့် ကျယ်ဝန်းသော အခန်းတွင်း၌ လှည့်ပတ်ကစားလျက် ရှိသည်။ ကခုန်ရန် သတ်မှတ်ပေးထားသော နေရာထဲတွင် လူငယ်အမျိုးသား၊ အမျိုးသမီးလေးများ နှစ်ယောက်တွဲတစ်မျိုး၊ အုပ်စုလိုက်တစ်ဖုံ စည်းချက်ညီညီ လှုပ်ရှားနေကြသည်။ ကပွဲဘေးပတ်ပတ်လည်ရှိ စားပွဲခုံငယ်လေးများတွင် ဈေးမြင့်သည့် အရက်မျိုးစုံကိုယ်စီဖြင့် ထိုင်နေကြသည့် လူငယ်များကို တွေ့ရသည်။ နိုင်ငံခြားသားတချို့ကလည်း အမျိုးသမီးငယ်တချို့နှင့်တွဲလျက် စကားစမြည်ပြောဆိုရင်း တလှုပ်လှုပ်ဖြစ်နေသည်။

အဆိုပါမြင်ကွင်းသည် အင်းလျားလိတ်ဟိုတယ်အတွင်း ဖွင့်လှစ်ထားသော ဒီဂျေဘားနိုက်ကလပ်၏ အောက်တိုဘာလ ၅ ရက်နေ့၊ လူစည်ကားချိန် Friday Night ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဒီဂျေပညာရှင်က လတ်တလော ရေပန်းစားနေသည့် ကိုရီးယားနိုင်ငံရှိ လူကုံထံရပ်ကွက်တစ်ခုအကြောင်း သရော်သီဆိုထားသော တေးသီချင်းကို စဖွင့်လိုက်သည်။ ဒီဂျေဆီမှ ထွက်လာသည့် တေးသီချင်းအား နိုက်ကလပ်အတွင်း ရောက်ရှိနေကြသော လူပေါင်း ၁၀၀ ကျော်မှ ပြိုင်တူလိုက်ဆိုကြသံက ကလပ်အပြင်သို့တိုင် လျှံထွက်သွားပါသည်။

“အိုပါး..ဂန်းနား.. စတိုင်”။    ။

News from : 7Day News Journal
Post By : Aye Chan Mon
နိုက်ကလပ်များနှင့် လမ်းမများပေါ်မှ ကားပြိုင်ပွဲများ၊ ရန်ပွဲများမှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်နေသည်ဆိုသည့် ယခုကာလတွင်ပင် အရှိန်မကုန်နိုင်သေးဘဲ ထင်ထင်ပေါ်ပေါ် ပါဝါပြိုင်ေ
နကြဆဲဖြစ်သည်။

ရန်ကုန်မြို့တွင်ရှိသည့် နိုက်ကလပ်များတွင် အထက်တန်းလွှာနှင့် လူကုံထံအသိုင်းအ၀ိုင်းမှ လူငယ်များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး ညလူခြေတိတ်ချိန်တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းများမှာ ၎င်းတို့အတွက် မဆန်းကြယ်တော့ကြောင်း နိုက်ကလပ်လုံခြုံရေးများကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ ဆောင်ရွက်လာခဲ့သည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကဆိုသည်။

“ဒါတွေက အမြဲဖြစ်နေကျဆိုတော့ မဆန်းတော့ပါဘူး။ အခုလို လူသိရှင်ကြားဖြစ်ပြီး လာမေးကြတာကပဲ ဆန်းနေတယ်”ဟု သူကပြောသည်။

ချိုလိမ်ကြီးနဲ့ ကိုခရိုနီ(သင်းရီ)

Photo: ချိုလိမ်ကြီးနဲ့ ကိုခရိုနီ
 
သင်းရီ

အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ထိုးပြီးသွားပြီ။ ကျွန်တော့်အိမ်မှ သားသမီးတွေ မအိပ်နိုင်ကြသေး။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လှမ်းပို့ပေးနေသော ဓာတ်ပုံတွေကို သူတို့ဝက်ဘ်ဆိုက်ပေါ် တင်နေကြသည်။ သူတို့တင်လိုက်သည့် ဓာတ်ပုံတွေကို စောင့်မျှော်ကြည့်ရှု နေကြသူတွေကလည်း မနည်းလှဟုထင်၏။

အမေရိကားခရီးစဉ်မှ ပြန်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသည့် ပြည်သူများ၏ ဓာတ်ပုံများက အွန်လိုင်းမှတစ်ဆင့် ဟောတစ်ပုံ ဟောတစ်ပုံ ရောက်လာနေသည်။ ကြိုကြသူတွေက လေယာဉ်မဆိုက်မီ အစောကြီးကတည်းကပင် လေယာဉ်ကွင်းသို့ ကြိုတင်ရောက်ရှိနေကြပုံရ၏။ လေဆိပ်ထဲမှာ ပြည့်ကျပ်နေသည်။ သွားကြိုသူတစ်ဦးထံ ဖုန်းဆက်မေးကြည့်တော့ “ဥရောပခရီးစဉ်တုန်းက လာကြိုကြသူတွေထက် နှစ်ဆ၊ သုံးဆလောက်ပိုတယ်။ ခြေချစရာနေရာတောင် ခပ်ရှားရှား”ဟု ဆိုသည်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ခရီးမှ အပြန်ပေပဲ ပျော်စရာကြီးပေါ့ဟု တွေးမိသည်။

အလားတူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသည့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မိန့်ခွန်းပြောကြားပြီး အောက်တိုဘာ ၁ ရက်နေ့ နံနက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ရုပ်ရှင်အနုပညာနယ်ပယ်မှ ထင်ပေါ်ကျော်ကြားသည့် မင်းသား၊ မင်းသမီးတွေ အပါအ၀င် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုကြသည်ကို ဂျာနယ်တွေမှာ တခမ်းတနား မြင်ရတုန်းကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးပါပေပဲဟု လှိုက်သည်းသော မုဒိတာပီတိ ဖြစ်မိခဲ့ရပါသေးသည်။

သို့သော် ထိုသို့ လာကြိုသည့် ပြည်သူတွေထဲတွင် စက်မှုဇုန်စက်ရုံမှ သမ္မတကြီးကိုပင် မသိသော မသိနိုးနား အလုပ်သမလေးတွေကို ဘုမသိဘမသိ ဆွဲခေါ်လာတာတွေလည်း ပါသည်ဟု လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဖတ်လိုက်ရသည့် အခါတွင်တော့ ရသာခြောက်ပါးနှင့်ပြည့်စုံစွာ မြိန်ယှက်ဖွယ်ကောင်းလှသည့် နတ်သုဒ္ဓါစားမြိန်ခွက်ထဲသို့ မစင်စက် မုန်ညင်းစေ့ခန့် စဉ်လာလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အောက်တိုဘာလ ၄ ရက်နေ့ထုတ် အတွဲ-၁၁၊ အမှတ်(၃၀) 7Day News ဂျာနယ်ထဲတွင်ပါသည့် “ကုန်သည်/စက်မှုညီနောင် အသင်းများမှ သမ္မတကြီးဦးသိန်းစိန်ကို ကြိုဆိုရန်အတွက် အသင်းတစ်သင်းလျှင် လူ ၅၀ တောင်းခံခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌက ပြောသည်”ဟု ဖတ်ရပြန်သောအခါတွင်လည်း အဘယ်သို့သော “အနားပျာ” တစ်ဦးဦးကများ ခေတ်ဟောင်းမှာ စို့ခဲ့ဖူးသည့် ချိုလိမ်အဟောင်းကြီးကို ဖြုတ်မထားနိုင်ခဲ့သေးဘဲ လူတွေကို ချောဆွဲခိုင်းပြန်တာပါလိမ့်ဟု ကရုဏာဒေါသဖြစ်ရသည်။

တကယ်တော့ ထိုသို့သော လိမ်ဆင်မျိုးကို ဖန်ဆင်းရန် အကြောင်းမရှိ။ သို့သော်... “ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အခါ ကြိုတဲ့သူတွေများမှာ။ ဒို့သမ္မတကြီး အပြန်မှာ လူများများနှင့် သိုက်သိုက်ဝန်းဝန်း သောင်းသောင်းဖြဖြရှိမှ ကောင်းမယ်။ ငါလည်း မျက်နှာကောင်းရမယ်”ဆိုသည့် အပြိုင်အဆိုင် အနားပျာအတွေး လက်တစ်ဆစ်မျှသာရှိသော ခရိုနီတစ်ဦးဦး၏ ဦးမှန်းမသိ ပဲ့မှန်းမသိ အရိပ်သုံးပါးနားမလည်သော စေတနာရေစီးကမ်းပြို ငဖားကိစ္စဖြစ်ဖို့က သေချာသည်။

“ခရိုနီ”ဆိုသည့် စကားလုံးကို ပုဂ္ဂိုလ်တစ်ဦးကတော့ “မိတ်ဆွေအပေါင်းအသင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကျွန်တော်ကတော့ ထိုသို့မဖွင့်ချင် “လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ”ဟုသာ ဖွင့်ချင်သည်။ ထိုသို့သော သခင်အားရ ကျွန်ဝမ်းဝဆိုသည့် ကိုယ်ကျိုးရှာ အနားပျာတွေ ဆိုသည်က ပွင့်လင်းမြင်သာမှု မရှိသော အာဏာရှင်တို့၏ လက်ထက်မျိုး၌သာ မျိုးပွားရှင်သန်နိုင်သည်ဟု ထင်သည်။ မြန်မာနိုင်ငံဆိုသည်ကလည်း အာဏာရှင်အဆက်ဆက်တို့၏ လက်အောက်တွင် နှစ်ပေါင်းငါးဆယ်ခန့် နေလာခဲ့ရသည် ဆိုသည့်အခါ လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ စိတ်ဓာတ်က အမြစ်ခိုင်နေခဲ့ပြီ။ သည်လိုလူမျိုးတွေက နေရာတကာမှာရှိသည်။ မဆလ၊ န၀တ၊ နအဖလက်ထက်မှ ယခုတိုင် အဆက်ဆက်မှာလည်း ရှိနေခဲ့၊ ရှိနေဆဲဖြစ်သည်။ တည်ဆဲနိုင်ငံရေးပါတီ အချို့ထဲမှာလည်း ရှိလေသည်။

ထိုသို့သော မျက်နှာလိုအားရ ခရိုနီတစ်ဦးတလေကြောင့် သမ္မတကြီးကို ကြိုဆိုသည့်ကိစ္စတွင် သန့်သန့်လေးဖြစ်သင့်ပါလျက် နတ်သုဒ္ဓါထဲ မစင်အမှုန်အမွှား ကျလိုက်သလို စိတ်မကောင်းစရာဖြစ်ရသည်။

တကယ်တော့ သမ္မတကြီးဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အနှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မိန့်ခွန်းပြောခွင့်ရသော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်သာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံသို့ ဦးတည်ပြောင်းလဲရာ လုပ်ငန်းစဉ်များကို စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက်နေသူလည်း ဖြစ်သဖြင့် မိမိတို့ နိုင်ငံသူနိုင်ငံသားများ အနေဖြင့် “တာဝန်”မဟုတ်သော ရင်ခုန်သံပါသည့် လှိုက်လှဲပျူငှာ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းမျိုးဖြင့် ကြိုဆိုအပ်ကြိုဆိုထိုက်လှသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အမြဲတစေ စောင့်ကြည့်ကူညီနေခဲ့သော အမေရိကန်အစိုးရက တမင်ဖန်တီးလေရော့သလားမသိ။ သမ္မတကြီးဦးသိန်းစိန်နှင့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုတွင် ဆုံကြသည်။ ဆုံကြပုံကလည်း လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့် အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ အတိုက်အခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံကြပုံနှင့်မတူ။ အာဏာရနှင့် အတိုက်အခံ ပြိုင်ဘက်တွေ ဆုံပုံမျိုးလည်းမဟုတ်။ ဆွေမျိုးရင်းချာ ညီအစ်ကိုမောင်နှမ ဆန်လှသည်။ မြန်မာ့ရိုးရာအားကစားတစ်ခုနှင့် ပမာပြုရလျှင် “ခြင်းရိုင်ခတ်ပွဲ”တစ်ခုနှင့်တူသည်။

ခြင်းရိုင်ခတ်သည် ဆိုသည်က ၀ိုင်းဖွဲ့၍ ကစားရသောနည်းဖြစ်၏။ လေထဲတွင် ၀ဲနေသည့် ခြင်းလုံးကို မြေမကျရလေအောင် သူ့တွင်လည်း တာဝန်ရှိသည်။ ကိုယ့်တွင်လည်း တာဝန်ရှိသည်။  အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမညီရသည်။ သို့မှလည်း ၀ိုင်းကလှသည်။

အမေရိကားခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တောင့်တင်းခိုင်မာစွာ ဖွဲ့စည်းထားသော အကြံပေးအဖွဲ့ ပါမသွားသည့်တိုင် သမ္မတကြီးတွင်တော့ တောင့်တင်းသော အကြံပေးအဖွဲ့နှင့်အတူ သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီးတို့ ပါသွားကြသည်။

သို့တိုင် သမ္မတကြီးတို့ အဖွဲ့ငါးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကားခရီးစဉ်အတွင်း နေရာအသီးသီး၌ သီးခြားစီ ပြောခဲ့ကြသည့် စကားတို့က တူညီသောပန်းတိုင်ဆီသို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စွာ စည်းချက်ညီ ပြိုင်တူလှမ်းနေကြောင်း ထင်သာမြင်သာရှိလှသည်။ တူညီသောစေတနာ၌ ကိုယ်စီအခြေခံထားသဖြင့်လည်း အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမ ညီလှသော ခြင်းဝိုင်းတစ်ခုနှင့် ထပ်တူရှိလှသည်။

တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြည်သူတွေနဲ့အတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်းပြန်လှည့်ဖို့ မရှိသလောက် ဖြစ်သွားမယ်လို့တော့ ကျွန်မတို့ ယုံကြည်လို့ရပါတယ်”

အခြားတစ်နေရာတွင် သမ္မတကြီးဦးသိန်းစိန်က မြန်မာမီဒီယာသမားနှင့် တွေ့ဆုံရာ၌ “ယနေ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ်ကြောင်း...” ပြောကြားသွားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့၏ စကားအတွင်းသားတို့ ချိတ်ဆက် မိတ်ဖက်ပြုနေမှုက မြင်သာသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် ဘီဘီစီ HARDTALK အစီအစဉ်၌ မေးမြန်းသည့်သူက “ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ သူတို့ဟာ ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို ပြောင်းလဲဖို့ လိုနေပါသေးတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောသည့်အခါ သမ္မတကြီးက “မှန်ပါတယ်။ ကျွန်တော်တို့ဟာ သက်တမ်းအားဖြင့်လည်း တစ်နှစ်ခွဲပဲရှိပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့
လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု ရင်ထဲအတိုင်း ရှင်းရှင်းဘွင်းဘွင်းပြောပုံက မှတ်မှတ်သားသား ဖြစ်စရာတစ်ခု ဖြစ်နေပြန်သည်။

အလားတူပင် “ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအဖြစ် သမ္မတကြီးက ချီးကျူးခဲ့ပါတယ်။ သမ္မတကြီးအနေနဲ့ သူမဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မယ်လို့ ယုံကြည်ပါသလား။ သမ္မတကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်ကို ဦးဆောင်ရာမှာ သူမနဲ့တွဲပြီး လုပ်ဆောင်မယ်လို့ စိတ်ကူးပြီး ပြင်ဆင်ထားပါသလား”ဟု မေးလာသည့်အပေါ်တွင် သမ္မတကြီး ပြန်လည်ဖြေကြားပုံက ရိုးရှင်းလှသည်။

“အားလုံးဟာ ပြည်သူတွေအပေါ် မူတည်ပါတယ်။ ပြည်သူတွေက လက်ခံရင် ကျွန်တော်လည်း လက်ခံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး”ဟူ၏။

ထိုမျှမက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုများ ပြန်လည်ရုပ်သိမ်းရေးမှအစ ပြောခဲ့ကြသော အခြားစကားများစွာတို့၌လည်း တိုင်းပြည်အကျိုးစီးပွားပေါ်၌ နှစ်ဦးသား ညီညွတ်စွာ စကားအတွင်းသားချင်းတွေ ချိတ်ဆက်ညီညွတ် လှပနေခဲ့ကြသည်။ ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏ အမေရိကားခရီးစဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမွမ်းထောပနာ ပြုခဲ့ကြရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း ဒီမိုကရေစီအပြောင်းအလဲကို နှစ်ပေါင်းများစွာ ရင်တမမဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြရသည့် ကျွန်ုပ်တို့အနေဖြင့် သမ္မတကြီး၏ အပြန်ခရီးကို စိတ်ရင်းစေတနာအရင်းခံဖြင့် လှိုက်လှိုက်လှဲလှဲ မကြိုဆိုနိုင်ရန် အကြောင်းမရှိဟု ထင်မိသည်။ သွားကြိုကြသူတွေ အားလုံးထဲမှာလည်း စက်ရုံမှ မဆင်မခြင် ချောဆွဲခံခဲ့ကြရသည့် အလုပ်သမလေးတွေမှအပ အားလုံးမှာ စိတ်ရင်းစေတနာအမှန်များသာ ဖြစ်ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည်မိသည်။

သို့သော် တစ်ခုရှိသည်မှာ နိုင်ငံတော်သမ္မတကြီးဟု ဆိုလင့်ကစား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူဦးရေနှင့် သမ္မတကြီးကို ကြိုဆိုသူဦးရေချင်းတော့ တူချင်မှတူပေလိမ့်မည်။

အကယ်စင်စစ် လူတိုင်းသည် မိမိစိုက်သော သီးနှံကိုသာ မိမိရိတ်သိမ်းကြရသည်ချည်းဖြစ်သည်။

ထိုစကားမှန်လျှင်..ဒေါ်အောင်ဆန်းစုကြည် ပြည်သူနှင့်အတူ စိုက်ခဲ့သည့်အပင်က ငွေရတုတိုင်တော့မည်။ အနှစ်အသား အပွင့်အခက်ဝေလှပြီ။

ပြည်သူနှင့်အတူ သမ္မတကြီးစိုက်ခဲ့သည့် အပင်က ဒေါ်အောင်ဆန်းစုကြည်နည်းတူ မျိုးကောင်းမျိုးသန့်မှန်ပေငြား တစ်နှစ်ခွဲသားမျှသာ ရှိသေးသည်။

မည်သို့ဆိုစေ သမ္မတကြီး၏ ဖြူစင်သော စေတနာ၊ မေတ္တာတို့ကို ကျွန်ုပ်တို့ပြည်သူများက အကြွင်းမဲ့ယုံသည်။ ယုံကြည်မှုနှင့်အတူလည်း မျှော်လင့်အားထားသည်။

ယုံကြည်အားထားကြသည့် အတိုင်းလည်း သမ္မတကြီးအပေါ် တစ်စထက်တစ်စ ထောက်ခံသူတွေ တိုးများလာကြမည်မှာ မလွဲဧကန်ဖြစ်မည်ဟုလည်း ယုံကြည်နေမိသည်။

ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏ နောက်ခရီးစဉ်တစ်ခုခုမှ အပြန်ခရီးလေဆိပ်သို့ စိတ်ရင်းစေတနာ ရင်ခုန်သံအပြည့်နှင့် ပြည်သူများက လှိုက်လှဲပျူငှာ ကြိုဆိုကြမည်ဖြစ်ရာ “ခေတ်ဟောင်းမှ ချိုလိမ်အဟောင်းကြီးကို စို့လျက်သားနှင့် မလာခဲ့ပါနဲ့တော့ ကိုခရိုနီရယ်...”ဟုသာ ပြောလိုက်ရင်းဖြင့်။   

News from : 7 Day News Journal
Post By : Aye Chan Mon
အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ထိုးပြီးသွားပြီ။ ကျွန်တော့်အိမ်မှ သားသမီးတွေ မအိပ်နိုင်ကြသေး။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လှမ်းပို့ပေးနေသော ဓာတ်ပုံတွေကို သူတို့ဝက်ဘ်ဆိုက်ပေါ် တင်နေကြသည်။ သူတို့တင်လိုက်သည့
် ဓာတ်ပုံတွေကို စောင့်မျှော်ကြည့်ရှု နေကြသူတွေကလည်း မနည်းလှဟုထင်၏။

အမေရိကားခရီးစဉ်မှ ပြန်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသည့် ပြည်သူများ၏ ဓာတ်ပုံများက အွန်လိုင်းမှတစ်ဆင့် ဟောတစ်ပုံ ဟောတစ်ပုံ ရောက်လာနေသည်။ ကြိုကြသူတွေက လေယာဉ်မဆိုက်မီ အစောကြီးကတည်းကပင် လေယာဉ်ကွင်းသို့ ကြိုတင်ရောက်ရှိနေကြပုံရ၏။ လေဆိပ်ထဲမှာ ပြည့်ကျပ်နေသည်။ သွားကြိုသူတစ်ဦးထံ ဖုန်းဆက်မေးကြည့်တော့ “ဥရောပခရီးစဉ်တုန်းက လာကြိုကြသူတွေထက် နှစ်ဆ၊ သုံးဆလောက်ပိုတယ်။ ခြေချစရာနေရာတောင် ခပ်ရှားရှား”ဟု ဆိုသည်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ခရီးမှ အပြန်ပေပဲ ပျော်စရာကြီးပေါ့ဟု တွေးမိသည်။

ငွေကျပ် ငါးထောင် သုံးစွဲနိုင်သူအားလုံး GSM ဖုန်းကိုင်ဆောင် အသုံးပြုနိုင်ရန် စီစဉ်နေ

Photo: ငွေကျပ် ငါးထောင် သုံးစွဲနိုင်သူအားလုံး GSM ဖုန်းကိုင်ဆောင် အသုံးပြုနိုင်ရန် စီစဉ်နေ -

ကျပ် ၅၀၀၀ အသုံးပြုနိုင်သူအားလုံး ဖုန်းဆက်သွယ် ပြောဆိုနိုင်မည့် UMTS (Universal Mobile Telecommunications System) စနစ်သုံး နံပါတ်အသေ GSM ကတ်ဖုန်းများအား ငါးနှစ်စီမံကိန်းဖြင့် ယခုနှစ်အတွင်း ရောင်းချပေးသွားမည်ဟု ရွှေပြည်တံခွန်တယ်လီကွန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ဇန်န၀ါရီ ၃ ရက် PARKROYAL ဟိုတယ်၌
ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် အသုံးပြုမည့် UMTS စနစ်မှာ Voice and High Speed Data Techanology စနစ်ဖြစ်ပြီး စီမံကိန်း ပထမနှစ်တွင် ဖုန်းဆက်သွယ်မှုနှင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အဆင့်မြင့် ၀န်ဆောင်မှုအဖြစ် VOIP စနစ်ကိုပါ တွဲဖက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
UMTS စနစ်အား ဂျပန်နိုင်ငံတွင် ၂၀၁၁ခုနှစ်မှ စတင် အသုံးပြုခဲ့ပြီး စရိတ်သက်သာမှု၊ လွယ်ကူလျင်မြန်မှုနှင့် အသုံးပြုစက် ပစ္စည်းများလွယ်ကူမှုကြောင့် ဥရောပနှင့် အမေရိကတိုက်များတွင် ၂၀၀၄ ခုနှစ်ခန့်မှ စတင်အသုံးပြုခဲ့သည်။ အခြား GSM နည်းပညာ များဖြစ်သည့် EDGE, GPRS,EVDO) စနစ်များထက် ပိုမိုအသုံးပြု လာခဲ့ပြီး အာဆီယံနိုင်ငံများတွင် ၂၀၀၇ ခုနှစ်မှ စတင်အသုံးပြုခဲ့သည် ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
"ဒီစီမံကိန်းရဲ့ UMTS စနစ်ကို တာဝါတိုင်တွေလည်း မလိုပါ ဘူး။အရင်တုန်းက ပြည်သူတွေသုံးနိုင်ခဲ့တဲ့GSM ကတ်ဖုန်းတွေလိုပါ ပဲ။ အခုစနစ်ရဲ့ အားသာချက်က နံပါတ်အသေရမှာပါ။ ကတ်တစ်ခါ ၀ယ်တိုင်း နံပါတ်တစ်ခါ ပြောင်းစရာမလိုပါဘူး။ စီမံကိန်းအတွက် ကန် ဒေါ်လာ သန်း ၇၇၀ မြှုပ်နှံမှာဖြစ်ပြီး စီမံကိန်းကာလ ကျော်တာနဲ့ အများပြည်သူအတွက် ရှယ်ယာတွေရောင်းချပေးမှာပါ။စီမံကိန်း ပထမနှစ်မှာ G SIM Card ၁သန်း ရောင်းချမှာဖြစ်ပြီး စီမံကိန်း ဒုတိယနှစ်မှာ 4G အထိ အဆင့်မြှင့်သွားပါမယ်။ စီမံကိန်း ငါးနှစ်တာ ကာလအတွင်း SIM Card သန်း ၃၀ အထိ ထုတ်လုပ်သွားဖို့ စီစဉ် ထားပါတယ်"ဟု ယင်းကဆိုသည်။
အဆိုပါကတ်ဖုန်းများအား ၀၉ နံပါတ်ဖြင့်ပင် ဆက်သွယ်ပြော ဆိုနိုင်ရန်ညှိနှိုင်းနေပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ကာ နယ်မြို့များသို့ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုခများအား မြို့တွင်း တစ် မိနစ် ၂၅ ကျပ်၊ နယ်ဝေး တစ်မိနစ် ၃၀ ကျပ်နှင့်နိုင်ငံတကာ ခေါ်ဆိုမှု နှုန်းထားအား အာဆီယံစံနှုန်းအတိုင်း သတ်မှတ်သွားမည်ဖြစ်ပြီး ငွေ ဖြည့်ကတ်များအား ငါးထောင်ကတ်၊ တစ်သောင်းကတ်နှင့် ငါးသောင်း ကတ်အထိထုတ်လုပ်သွားမည်ဖြစ်ပြီး ငွေဖြည့်ကတ်များတွင် သက်တမ်း ကုန်ဆုံးရက် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
"စီမံကိန်းအစမှာပဲ SIM ကတ်ဝယ်ယူခအတွက် ကျပ် ငါးထောင် သတ်မှတ်တာပါ။ ကြိုက်တဲ့ HandSet နဲ့ သုံးနိုင်ပါတယ်။ စီမံကိန်း ဒုတိယနှစ်၊ တတိယနှစ်တွေမှာ SIM ကတ်ဖိုး ကျပ် ငါးထောင်ကုန် ကျစရာမလိုဘဲ ငွေဖြည့်ကတ်ဝယ်ရုံနဲ့ ဖုန်းဆက်သွယ်ပြောဆိုနိုင်မှာပါ။ စီမံကိန်းက မတ်လမှာစတင်မှာဖြစ်တဲ့အတွက် စက်တင်ဘာလလောက် ကစပြီး နံပါတ်အသေကတ်ဖုန်းတွေ စတင်အသုံးပြုနိုင်မှာပါ"ဟု ယင်းက ထပ်ဆင့်ပြောကြားသည်။
အဆိုပါစီမံကိန်းအား စတင်ရသည့် ရည်ရွယ်ချက်မှာ ဒီဇင်ဘာ ၅ရက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟို ဌာန (MICC) တွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ၀န်ကြီးများ အဆင့်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော် သမ္မတကြီး ဦးသိန်းစိန်မိန့်ကြားခဲ့သည့် "ICT သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသကဲ့သို့ သန့်ရှင်းမှုရှိပြီး ကောင်းမွန် စွာ ဆောင်ရွက်သည့် အစိုးရတစ်ရပ် Good Governance and Clean Government ဖြစ်ရန်အတွက်လည်း အထူးအရေးပါ ပါသည်"ဟူသော မိန့်မှာချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ လက်ရှိအချိန်တွင် ကျပ်ငါး သိန်းဖြင့် ရောင်းချနေသည့် GSM SIM ကတ်များအား ကျပ်ငါး ထောင်ဖြင့် လွတ်လပ်စွာဝယ်ယူနိုင်မည်ဖြစ်ပြီး Transitional Cost များကျဆင်းခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား ဈေးနှုန်း ချိုသာသော ဆက်သွယ်ရေးကဏ္ဍဖြင့် ဆွဲဆောင်နိုင်ခြင်း၊ ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲ တွင် ဆက်သွယ်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးစေခြင်း၊ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလ၊၂၀၁၅ခုနှစ် AFTA နှင့် ကျေးလက် နေ ၀င်ငွေနည်းပါးသူများအတွက် ဆက်သွယ်ရေး ကုန်ကျစရိတ်များ လျော့ကျသွားစေနိုင်သည်ဟု သိရသည်။

News from : Infinity Power
Post By : Aye Chan Mon
ကျပ် ၅၀၀၀ အသုံးပြုနိုင်သူအားလုံး ဖုန်းဆက်သွယ် ပြောဆိုနိုင်မည့် UMTS (Universal Mobile Telecommunications System) စနစ်သုံး နံပါတ်အသေ GSM ကတ်ဖုန်းများအား င
ါးနှစ်စီမံကိန်းဖြင့် ယခုနှစ်အတွင်း ရောင်းချပေးသွားမည်ဟု ရွှေပြည်တံခွန်တယ်လီကွန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ဇန်န၀ါရီ ၃ ရက် PARKROYAL ဟိုတယ်၌
ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် အသုံးပြုမည့် UMTS စနစ်မှာ Voice and High Speed Data Techanology စနစ်ဖြစ်ပြီး စီမံကိန်း ပထမနှစ်တွင် ဖုန်းဆက်သွယ်မှုနှင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အဆင့်မြင့် ၀န်ဆောင်မှုအဖြစ် VOIP စနစ်ကိုပါ တွဲဖက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

သတင်းဆိုးတွေအတွက် ဘယ်လိုမှ မခံစားရပါဘူးဆိုတဲ့ Rဇာနည်ရဲ့ ၀မ်း

Photo: သတင်းဆိုးတွေအတွက် ဘယ်လိုမှ မခံစားရပါဘူးဆိုတဲ့ Rဇာနည်ရဲ့ ၀မ်း

09 OCTOBER 2012  

Rဇာနည်ရဲ့ ဘေးနား မှာ လိုအပ် တာတွေ ဖြည့်ဆည်း ပေးရင်း ပါရမီ ဖြည့်ဘက် အဖြစ်ရပ်တည်ခဲ့တဲ့ ဝမ်းနဲ့ပြောဖြစ်သမျှက-
စင်ကာပုခရီး စဉ်မှာ  လိုက်သွားဖြစ် မလား။
လိုက်သွားမှာပါ။ ကလေးပါ ခေါ်သွားမှာ။ အလည် အပတ်သွားရင်း နဲ့ပေါ့။
အစ်ကို့အတွက် Show ပွဲ မှာ အဆင်ပြေဖို့ အမဘေးကနေပြီး ဘာတွေပြင်ဆင်ပေးလဲ။
ဒီပွဲစပြီး စကားပြောက တည်းက ဝမ်းဆီကို ဆက်သွယ်လာတော့ သူ့ကို ပြောပြတယ်။ သူနဲ့ ချိန်းပေးတယ်။ ပြီးမှ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့မှ လုပ်တာပါ။ သူ့ရဲ့ဖက်ရှင်ပိုင်းမှာလည်း နှစ်ယောက်လုံး တိုင်ပင်တယ်။ သူက ဝတ်ရမယ့်သူလေ။ သူမကြိုက်ဘဲနဲ့ ကိုယ်က အတင်းစီစဉ်ပေးတော့ လည်း အဆင်မပြေဘူးလေ။ နှစ် ယောက်လုံးတိုင်ပင်ပြီးမှ အမြဲဝယ် ပါတယ်။
ခင်ပွန်းသည်အတွက် ပြည်တွင်းက ပွဲတွေမှာ ပရိသတ်အခိုင်အမာ ရှိပြီး သားဆိုတော့ ပြည်ပကပွဲအတွက် ကော ရင်ခုန်မိသေးလား။
ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် အဓိကက ကိုယ့် မြန်မာတွေကိုပဲ သွားဖြေဖျော်တာ ဆိုတော့ဒီကသူ့ပရိသတ်တွေလည်း ပါသွားမယ်။ ဟိုက မြန်မာပရိသတ် တွေလည်းပါမယ် ဆိုတော့ အဲဒါမျိုး တော့ မရှိပါဘူး။
အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ရဲ့ဇနီးဘဝမှာ ဘယ်လိုစိတ်ပင်ပန်းမှု မျိုးတွေရှိလဲ။
သီးသန့်ကြီးတော့ မရှိပါ ဘူး။ တစ်ခါတလေ အလုပ်တွေ အရမ်းပင်ပန်းတဲ့အခါ စိတ်ပင်ပန်းမှု ဆိုတာတော့ရှိတာပေါ။့ ကျန်တဲ့အပိုင်း တော့မရှိပါဘူး။
မိန်းကလေးတစ်ယောက် အိမ်ထောင် ကျပြီးပြီဆိုရင် မိသားစုဘဝတစ်ခု အတွက် ပေးဆပ်လိုက် ရတာများတယ်လေ။ ဝမ်းရော ဘယ် လိုခံစားမိလဲ။
ဒီလိုလုပ်ရတယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲလေ။ကိုယ်ဒီဟာ ကို ကြိုက်လို့ ရွေးချယ်ခဲ့တာပဲလေ။ အဲဒီတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်တဲ့ အတွက် အဆင်ပြေပါ တယ်။ ကိုယ်ဒါကို ရွေးချယ်လိုက်မှ တော့ရွေးချယ်လိုက်တာကိုပဲအောင် မြင်အောင်ကြိုးစားရတော့မှာပေါ့။
သားအတွက် ဆုံးဖြတ်ချက်တွေချ ပြီဆိုရင် နှစ်ယောက်ဘယ်လိုတိုင် ပင်လဲ။
သားအတွက်ဆိုရင် တော့ ဝမ်းကပဲ ဆုံးဖြတ်ရတာများ တယ်။ဒါပေမယ့် ဆုံးဖြတ်ြပီးတိုင်း သူ့ကိုအရင်တိုင်ပင်တယ်။ သူက လည်း ဒါလေးလုပ်ချင်တယ်ဆို ရင်လုပ်ဆိုတာပဲ အမြဲပြောပါတယ်။ ဝမ်းကလည်း သူ့ကိုပဲ အရင်အသိ ပေးတယ်။ တိုင်ပင်ပြီးမှပဲ လုပ်ပါ တယ်။
ကိုRဇာနည်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေထက်လာတဲ့အခါ ဘယ်လိုခံစားရလဲ။
ကိုယ်နဲ့ အတူတူနေနေ တဲ့အခါကျတော့ ဟုတ်လား မဟုတ်လားဆိုတာ ကိုယ်ကအသိ ဆုံးပဲလေ။ နှစ်ယောက်အတူတူ နေတဲ့အခါ သူ့စိတ်ကို ကိုယ်ကသိ တယ်လေ။ အဲဒီအတွက် မဟုတ် ဘူးဆိုရင်လည်း သိတယ်။ ဟုတ် တယ်ဆိုရင်လည်း ချက်ချင်း သိမှာ ပဲ။ အဲဒီအတွက် ဘယ်လိုမှ မခံစား ရပါဘူး။ ဝမ်းကတော့ အေးချမ်း ပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပဲ လိုချင်တာပေါ့နော်။ အဲဒီအတိုင်း ဖြစ်အောင်လည်း အတတ်နိုင်ဆုံး တည်ဆောက်ထားပါတယ်။
 
ဝါ၀ါကြည်

News from : FIRST MUSIC NEWS
Post By : Aye Chan Mon
Rဇာနည်ရဲ့ ဘေးနား မှာ လိုအပ် တာတွေ ဖြည့်ဆည်း ပေးရင်း ပါရမီ ဖြည့်ဘက် အဖြစ်ရပ်တည်ခဲ့တဲ့ ဝမ်းနဲ့ပြောဖြစ်သမျှက-
စင်ကာပုခရီး စဉ်မှာ လိုက်သွားဖြစ် မလား။
လိုက်သွားမှာပါ။ ကလေးပါ ခေါ်သွားမှာ။ အလည် အပတ်သွားရင်း နဲ့ပေါ့။
အစ်ကို့အတွက် Show ပွဲ မှာ အဆင်ပြေဖို့ အမဘေးကနေပြီး ဘာတွေပြင်ဆင်ပေးလဲ။
ဒီပွဲစပြီး စကားပြောက တည်းက ဝမ်းဆီကို ဆက်သွယ်လာတော့ သူ့ကို ပြောပြတယ်။ သူနဲ့ ချိန်းပေးတယ်။ ပြီးမှ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့မှ လုပ်တာပါ။ သူ့ရဲ့ဖက်ရှင်ပိုင်းမှာလည်း နှစ်ယောက်လုံး တိုင်ပင်တယ်။ သူက ဝတ်ရမယ့်သူလေ။ သူမကြိုက်ဘဲနဲ့ ကိုယ်က အတင်းစီစဉ်ပေးတော့ လည်း အဆင်မပြေဘူးလေ။ နှစ် ယောက်လုံးတိုင်ပင်ပြီးမှ အမြဲဝယ် ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis