menu

Thursday 20 March 2014

ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံကျင်းပမည်

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်, ကြားဖြတ် ရွေးကောက်ပွဲ, ပြည်သူ့ လွှတ်တော်, ဦးတင်အေး, လစ်လပ် မဲဆန္ဒနယ် ၃၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး(ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံတ၀န်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လှည်းကူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေသည့် မဲဆန္ဒနယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရန် ရှိမရှိ မေးမြန်းရာ ကျင်းပပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ မည်သည့်အချိန်တွင် ကျင်းပ မည် ဆိုသည်ကို တိကျစွာ ဖြေဆိုမှု မရှိခဲ့ပေ။
ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် အတွင်း ပထမဆုံး အကြိမ် ကျင်းပခဲ့သေးသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က“ဘယ်အချိန် ကျင်းပမယ်ဆိုတာတော့ အတိအကျ ပြောမသွားပါဘူး၊ ကျင်း ပမယ့် အချိန်ကို ၃ လ ကြိုတင် ကြေညာပေးမယ်၊ ရာသီဥတု သာယာတဲ့ အချိန်အခါကို ရွေးပြီး လုပ်ပေးမယ်လို့ပဲ ဖြေဆိုသွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိဟု သြစတြေးလျ ပြော
Thursday, March 20, 2014

သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ဆက်သွယ်ရေးဂြိုလ်တုဓါတ်ပုံတွေအရ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပက်သက်ပြီး ယုံကြည်ရနိုင်တဲ့ အရာ ၂ ခုကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ သြစတြေးလျပါလီမန်မှာ မတ် ၂၀ ရက် ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်က သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်တွေဟာ လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်နိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေ ရထားပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျလေတပ်က ဆက်သွယ်ရေးလေယာဉ် အိုရီယမ် အပါအ၀င် လေယာဉ် ၄ စင်းကို တွေ့ရှိတဲ့နေရာကို သွားရောက်နေပြီး သဘောင်္ ၂ စီးလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုလည်း တွေ့ရှိချက်အသစ်တွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆိုပြီး ဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က သတိပေးပြောဆိုရမှာတော့ ဂြိုလ်တုက တွေ့ရှိထားတဲ့ အရာ ၂ ခုဟာ သွားရောက်ရှာဖွေရာမှာ အလွန်အမင်း ခက်ခဲနိုင်ပြီး ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ လုံးဝ မပတ်သက်တဲ့
http://www.myanmarcnn.com/2014/03/blog-post_7520.html

Thursday, March 20, 2014

သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ဆက်သွယ်ရေးဂြိုလ်တုဓါတ်ပုံတွေအရ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပက်သက်ပြီး ယုံကြည်ရနိုင်တဲ့ အရာ ၂ ခုကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ သြစတြေးလျပါလီမန်မှာ မတ် ၂၀ ရက် ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်က သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်တွေဟာ လေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်နိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေ ရထားပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ပျောက်ဆုံးနေတဲ့လေယာဉ်နဲ့ ပတ်သက်နိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျလေတပ်က ဆက်သွယ်ရေးလေယာဉ် အိုရီယမ် အပါအ၀င် လေယာဉ် ၄ စင်းကို တွေ့ရှိတဲ့နေရာကို သွားရောက်နေပြီး သဘောင်္ ၂ စီးလည်း စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကိုလည်း တွေ့ရှိချက်အသစ်တွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆိုပြီး ဖြစ်ပါတယ်။

လေထန်ကုန်းလက်သည်များ...(မင်းလူ)

    ဒီအကြောင်းကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့မိ၏။ အရေးမပါလောက်ဘူးဟု ထင်သောကြောင့်ဖြစ်၏။
    သို့ရာတွင် အစဖော်သူများရှိလာသဖြင့် ပြန်လည်စဉ်းစားသုံးသပ်ရပါတော့သည်။
    တစ်လောက အင်တာဗျူးဂျာနယ်မှာ အယ်ဒီတာများ၏တာဝန်ပေးချက်အရဆိုပြီး တူးတူးသာဆိုသောမိန်းကလေး ကျွန်တော့်ဆီ ရောက်လာသည်။ သူနှင့်ကျွန်တော်မှာ နဂိုကတည်းက သိကျွမ်းပြီးသားဖြစ်၏။ သူသည် ကာတွန်းဆရာအနောင်၏ သမီးဖြစ်ပြီး ဆရာအောင်ပြည့်၏တူမလည်းဖြစ်၏။ သူက မေးစရာလေး ရှိလို့ပါဟု ဆို၏။
    ကျွန်တော်သည် ခုနောက်ပိုင်းမှာ အင်တာဗျူးတွေကို ရှောင်လေ့ရှိသည်။ ပြောစရာထွေထွေထူးထူးလည်းမရှိလှ။ ထူးထူးခြားခြားရှိလာလျှင်လည်း ဂျာနယ်တွေမှာ ဆောင်းပါးရေးပြီး တင်ပြလို့ရသောကြောင့်လည်းဖြစ်၏။
    ခုတစ်ခါတော့ မဗျူးလို့မဖြစ်သည့်အခြေအနေ။ တူးတူးသာက ယခုလာရောက်ရသည့်ကိစ္စမှာ သူ၏ဂျာနယ်သမား ဘ၀တွင် ပထဦးဆုံးသော အားထုတ်ကြိုးပမ်းမှုဖြစ်ပါသည်ဟု ဆို၏။ ကျွန်တော့်အနေဖြင့် တက်ကြွနေသော မျိုးဆက်သစ် လူငယ်တစ်ယောက်၏ ပွဲဦးထွက်အတွေ့အကြုံကို အလဲလဲအပြိုပြို တပ်လှန့်သွားတာမျိုးမဖြစ်စေချင်။ ပြီးတော့ သူက အင်တာဗျူးဆိုသော်လည်း အားလုံးပေါင်းမှ မေးခွန်းတစ်ခုတည်းသာမေးမှာပါဟု ဆို၏။
    ဒီမေးခွန်းကလည်း တစ်ခုဆို ဆိုသလောက်ပါပဲ။ သာမန်အားဖြင့်တော့ ဘာမှအရေးကြီးသောကိစ္စမဟုတ်။ စာပေလောကအတွက်လည်း သိပ်အကျိုးရှိတယ်လို့ မဆိုသာ။ သို့တိုင်အောင် စာပေသမားအားလုံးနှင့် သက်ဆိုင်နေသည်။ အထူးသဖြင့် နယ်က စာပေ၀ါသနာရှင်များ၊ စာဖတ်ပရိသတ်များ စိတ်ဝင်စားကြသောကိစ္စဖြစ်နေ၏။
    ဒီတော့ ကျွန်တော်ဖြေမှဖြစ်မည်။

၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ

Photo: ၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ
Thursday, March 20, 2014

တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆
နှစ်အရွယ် ဆယ်တန်းကျောင်းသားခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက

ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့်

http://www.myanmarcnn.com/2014/03/blog-post_6702.html

Thursday, March 20, 2014

တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆
နှစ်အရွယ် ဆယ်တန်းကျောင်းသားခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက
ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့်

စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

Photo: ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး
Thursday, March 20, 2014

မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌
ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး

ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း

http://www.myanmarcnn.com/2014/03/blog-post_6022.html
မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌
ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး

Thursday, March 20, 2014

ခရီးသွားများ နှစ်သက်သော
ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း

ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

လွန်းတင်ရန်ဆွဲလာသော ငါးဖမ်းစက်လှေ ရွက်တိုင်နှင့် မီးပြကျောက်တိုင် ငြိပြီး တိမ်းစောင်းနစ်မြုပ်

Photo: လွန်းတင်ရန်ဆွဲလာသော ငါးဖမ်းစက်လှေ ရွက်တိုင်နှင့် မီးပြကျောက်တိုင်
ငြိပြီး တိမ်းစောင်းနစ်မြုပ်

ရန်ကုန်၊ မတ် ၂၀

၂၀.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ်၊ 
ပုဇွန်တောင်ချောင်း၊ ဟိုင်လုံဆိပ်ကမ်းရှိ အဏ္ဏ၀ါအောင်ဆိပ်ခံတံတားမှ 
ပဲ့နင်း သန်းထိုက်အောင်၊ (၂၇)နှစ်၊ (ဘ)ဦးသန်းတင် မောင်းနှင်သော အလျား(၉၅)ပေ၊ အနံ(၂၃)ပေ၊ ရေစူး(၁၃)ပေခန့်ရှိ “ထူးမြတ်အဏ္ဏ၀ါ” ငါးဖမ်းစက်လှေဖြင့် အရွယ်အစားတူ “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေကို တွံတေးတူးမြောင်းဝရှိ“ထွန်းသော်တာ”လွန်းကျင်းသို့
ဒေါက်တင်ရန်ဆွဲလာစဉ် တွံတေးတူးမြောင်းဝအရောက် နှင်းများထူတပ်စွာ
ကျနေသဖြင့် မီးပြကျောက်တိုင်နှင့်ငြိမိပြီး  “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေမှာ ရွက်တိုင်ကျိုး၍ ၀ဲဘက်သို့တိမ်းစောင်းကာ ရေယာဉ် ၀ဲဘက်ခြမ်း ရေ၀င်နစ်မြုပ်လျက်ရှိသဖြင့် ပြန်လည်ဆယ်ယူနိုင်ရေး
ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါငါးဖမ်းစက်လှေနစ်မြုပ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု
မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး (၁၀)သိန်းကျပ်ခန့်ရှိကြောင်း 
သိရှိရပါသည်။

အခင်းဖြစ်ရပ်သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနမှ တာဝန်
ရှိသူများ ရောက်ရှိစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားရန် စီစဉ်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရန်ကုန်၊ မတ် ၂၀

၂၀.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ်၊
ပုဇွန်တောင်ချောင်း၊ ဟိုင်လုံဆိပ်ကမ်းရှိ အဏ္ဏ၀ါအောင်ဆိပ်ခံတံတားမှ
ပဲ့နင်း သန်းထိုက်အောင်၊ (၂၇)နှစ်၊ (ဘ)ဦးသန်းတင် မောင်းနှင်သော အလျား(၉၅)ပေ၊ အနံ(၂၃)ပေ၊ ရေစူး(၁၃)ပေခန့်ရှိ “ထူးမြတ်အဏ္ဏ၀ါ” ငါးဖမ်းစက်လှေဖြင့် အရွယ်အစားတူ “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေကို တွံတေးတူးမြောင်းဝရှိ“ထွန်းသော်တာ”လွန်းကျင်းသို့
ဒေါက်တင်ရန်ဆွဲလာစဉ် တွံတေးတူးမြောင်းဝအရောက် နှင်းများထူတပ်စွာ
ကျနေသဖြင့် မီးပြကျောက်တိုင်နှင့်ငြိမိပြီး “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေမှာ ရွက်တိုင်ကျိုး၍ ၀ဲဘက်သို့တိမ်းစောင်းကာ ရေယာဉ် ၀ဲဘက်ခြမ်း ရေ၀င်နစ်မြုပ်လျက်ရှိသဖြင့် ပြန်လည်ဆယ်ယူနိုင်ရေး
ဆောင်ရွက်လျက်ရှိပါသည်။

သုံးခွဈေးအတွင်း ခြင်ဆေးခွေမီးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်

Photo: သုံးခွဈေးအတွင်း ခြင်ဆေးခွေမီးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်

ရန်ကုန်၊ မတ် ၂၀

၁၉.၃.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊
တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော
ခြင်ဆေးခွေမီးမှ ကုန်ခြောက်များကိုစတင်လောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း
များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်
ခဲ့သဖြင့်၂၀၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း(၁၀)ခန်းနှင့်ကုန်ပစ္စည်းများ စုစုပေါင်း တန်ဘိုးငွေကျပ်(၂၄)သိန်းခန့်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်စဉ်ထိခိုက်မိသဖြင့် ကိုသက်အောင်တွင် ၀ဲလက်ဖျံနှင့်ကျောကုန်းပွန်း၊ ခါးနာကျင်ဒဏ်ရာ၊ အရန်မီးသတ်ဦးမြအုန်းတွင် ကျောကုန်းဖူးရောင်၊ယာခြေဖမိုးပြတ်ရှဒဏ်ရာ
တို့ရရှိခဲ့ကြသောကြောင့် သုံးခွဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ
အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ ငြိမ်းသူကို သုံးခွမြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်၊

ရန်ကုန်၊ မတ် ၂၀

၁၉.၃.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊
တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော
ခြင်ဆေးခွေမီးမှ ကုန်ခြောက်များကိုစတင်လောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း
များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်
ခဲ့သဖြင့်၂၀၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း(၁၀)ခန်းနှင့်ကုန်ပစ္စည်းများ စုစုပေါင်း တန်ဘိုးငွေကျပ်(၂၄)သိန်းခန့်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်စဉ်ထိခိုက်မိသဖြင့် ကိုသက်အောင်တွင် ၀ဲလက်ဖျံနှင့်ကျောကုန်းပွန်း၊ ခါးနာကျင်ဒဏ်ရာ၊ အရန်မီးသတ်ဦးမြအုန်းတွင် ကျောကုန်းဖူးရောင်၊ယာခြေဖမိုးပြတ်ရှဒဏ်ရာ
တို့ရရှိခဲ့ကြသောကြောင့် သုံးခွဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ
အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

လက်မပါ ပါးစပ်၊ ခြေထောက်သုံး ပန်းချီပညာရှင်

Photo: လက်မပါ ပါးစပ်၊ ခြေထောက်သုံး ပန်းချီပညာရှင် 

Huang Guofu အမည်ရ တရုတ်လူမျိုးဟာ အသက် ၄ နှစ်သားတုန်းက အက်ဆီးဒန့်တစ်ခုကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အသက် ၁၂ နှစ်သားကစလို့ ခြေထောင်ဖြင့် ပန်းချီဆွဲခြင်းကို ကိုယ်တိုင်လေ့ကျင့် သင်ကြားခဲ့ပြီး နေ့မအိပ်၊ညမအိပ်ကြိုးစားခဲ့ပါတယ်။

 အသက် ၁၈ နှစ်ရောက်တော့ ပန်းချီဆွဲရင်း အသက်မွေးမယ် ဆုံးဖြတ်ချက် နဲ့ ကျောင်းထွက်ပါတယ်။ ဖျားနေတဲ့ အဖေအိုအတွက် ဆေးဖိုးလည်း လိုအပ်နေလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကြိုးစား ပန်းစားဆွဲရင် Huang ရဲ့  ပန်းချီကားများ လူသိများ အောင်မြင်လာပြီး နိုင်ငံခြားသားများတောင် ဝယ်ယူလာကြ ပါတယ်။ 

ယခု ဆိုရင် Chonqing Talents Museum မှာလည်း သူ့ပန်းချီကားများ ကို မြင်တွေ့နိုင်ပြီး ကမ္ဘာတစ်လွှားကနေ အော်ဒါမှာ ဝယ်ယူသူ များပြားကြောင်း သိရ ပါတယ်။ 
--
Ref:maze-facts
အောင်ခမ်း (ရိုးရာလေး)

.

YoYarLay

မောင်တော ဘင်္ဂါလီ ကျေးရွာတွင် လက်နက်ထပ်မိ

ရန်ကုန်၊ မတ် ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂါလီများ နေထိုင်သည့် လေယာဉ်ကွင်း ကျေးရွာတွင် မတ်လ ၁၉ ရက်နေ့က ငါးလုံးပြူး သေနတ်တစ်လက်နှင့် ကျည်ဆန် တစ်ထောင့် ထပ်မံ ဖမ်းမိကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလယ်သံကျော် ကျေးရွာအုပ်စုရှိ အဆိုပါ ကျေးရွာတွင် နေထိုင်သူ ငါးဦးထံမှ မတ်လ ၁၅ ရက်နေ့ကလည်း ငါးလုံးပြူး သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် ဖမ်းဆီးမိခဲ့ကြောင်း၊ အဆိုပါ ငါးဦးအနက် တစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့တွင် ဝင်ရောက် ရှာဖွေရာ လက်နက် ထပ်မံ ဖမ်းမိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်

Photo: ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်

ရန်ကုန်၊ မတ် ၁၉

သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်နှစ်တွင် ပေ ၁၀၀ နှင့် အထက် သင်္ကြန်မဏ္ဍပ် အကြီး ၄၁ ခုသာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးကာ စုစုပေါင်း မဏ္ဍပ်ကြီး ၅၇ ခုထိ ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း၊   ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် ၁၀ ခု၊ ပြည်လမ်းတွင် လေးခုနှင့် ကျန်နေရာများတွင် မဏ္ဍပ်ကြီးများကို အသီးသီး ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အကြီးတန်း အရာရှိက ပြောကြားသည်။

ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှု ၈၀ ကျော် ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု အများဆုံး ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၅၄ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ထုတ်ပြန်ထားသည်။

“ကျွန်တော်က ဒီနှစ်မှ မဏ္ဍပ် စလုပ်တာ အရင်နှစ်တွေကတည်းက လုပ်နေကြသူတွေပဲ လုပ်ခွင့်ကြမှာပဲလို့ ပြောသံကြားတယ်။ ဘာပဲဖြစ်ဖြစ် သေသေချာချာ စိစစ်ပြီးတော့ အသစ် စလုပ်မယ့် သူတွေကိုလည်း ခွင့်ပြုပေးစေချင်တယ်” ဟု ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ၊ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် ဦးရန်နောင်က ပြောကြားသည်။

မဏ္ဍပ်များ လျှောက်ထားခွင့် ပြုရာတွင် မဲနှိုက်သည့် စနစ်ဖြင့် ခွင့်ပြုပေးမည် ဖြစ်ကာ မဲပေါက်သည့်သူများ အနေနှင့် မဲပေါက်သော နေရာတွင်သာ ဆောက်လုပ်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ယခင်နှစ် ဆောက်လုပ်ခွင့် ရရှိခဲ့သော သူများအနေနှင့် စည်းကမ်း ချိုးဖောက်မှုများ ရှိခဲ့ပါက ယခုနှစ်တွင် ဆောက်လုပ်ခွင့် ရရှိနိုင်ရန် နည်းပါးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိက ပြောကြားသည်။

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်မည့် သူများအနေနှင့် စည်းကမ်းချက် ၄၉ ချက် လိုက်နာရမည် ဖြစ်ကာ အဆိုပါ စည်းကမ်းချက်များတွင် မဏ္ဍပ်အကြီးများသည့် အာမခံ စပေါ်ငွေ ကျပ် ၇၅သိန်း၊ မဏ္ဍပ် အလတ်များသည် အာမခံ စပေါ်ငွေ ကျပ် ၄၅သိန်း ကြိုတင် ပေးသွင်းရမည် ဖြစ်ကြောင်း၊ ရေကစား မဏ္ဍပ်များသည် နေ့စဉ် နံနက် ၇ နာရီမှ စတင်ကာ ညနေ ၆ နာရီတွင် နောက်ဆုံးထား ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး သုံးစွဲရာတွင် ယာယီမီတာ တပ်ဆင် သုံးစွဲရမည် ဖြစ်ကြောင်း၊ မဏ္ဍပ်တိုင်း  မီးသတ်ဆေးဘူးများ ထားရှိရမည် ဖြစ်ကြောင်း အဆိုပါ စည်းကမ်းချက်များအရ သိရှိရသည်။

ရန်ကုန်၊ မတ် ၁၉

သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်နှစ်တွင် ပေ ၁၀၀ နှင့် အထက် သင်္ကြန်မဏ္ဍပ် အကြီး ၄၁ ခုသာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးကာ စုစုပေါင်း မဏ္ဍပ်ကြီး ၅၇ ခုထိ ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် ၁၀ ခု၊ ပြည်လမ်းတွင် လေးခုနှင့် ကျန်နေရာများတွင် မဏ္ဍပ်ကြီးများကို အသီးသီး ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အကြီးတန်း အရာရှိက ပြောကြားသည်။

ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှု ၈၀ ကျော် ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု အများဆုံး ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၅၄ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ထုတ်ပြန်ထားသည်။

နိုင်ငံပိုင်သတင်းစာများ အရှုံးမရှိဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ပြောကြား

Photo: နိုင်ငံပိုင်သတင်းစာများ အရှုံးမရှိဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ပြောကြား

နေပြည်တော်၊ မတ် ၁၉

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ အရှုံးပေါ်နေချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေနေသည့် နိုင်ငံပိုင် သတင်းစာများ အနေနှင့် အရှုံးပေါ်နေခြင်း မရှိဘဲ အမြတ်ငွေရရှိလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေသုံးငွေများနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထုအတွက် သတင်းစာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သော်လည်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ၁၁ လတာအတွင်း ရရှိငွေသည် ကျပ်သန်းပေါင်း ၁၇၂၅၃ ဒသမ ၀၀၆ သန်း ဖြစ်ပြီး သုံးငွေ ကျပ်သန်း ပေါင်း ၁၂၄၉၀ ဒသမ ၉၈၃ သန်းဖြစ်သည့်အတွက် ပိုငွေ ၄၇၆၂ ဒသမ ၀၂၃ ကျပ်သန်း ရှိကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

သတင်းမီဒီယာများတွင် အဆိုပါ သတင်းစာများ အရှုံးခံ ထုတ်ဝေနေသည်ဆိုသော သတင်းများ ဖော်ပြနေခြင်းကိုလည်း ဒုတိယဝန်ကြီးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းများရှိပြီး ဝန်ကြီးဌာန တစ်ခုလုံးအတွက် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ငွေရရှိမှုမှာ ကျပ်သန်းပေါင်း ၂၇၂၉၆ ဒသမ ၃၁၈ ဖြစ်ပြီး သုံးငွေ ၂၁၅၉၄ ဒသမ ၉၀၈ ကျပ်သန်း ရှိခဲ့ကာ အမြတ်ငွေ ရရှိမှုမှာ  ၅၇၀၁ ဒသမ ၄၁၈ ကျပ်သန်း ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အစိုးရ သတင်းစာများအနေနှင့် လက်ခွဲ သတင်းစာတိုက်များ၊ ပုံနှိပ်စက်များ၊ ဝန်ထမ်းများကို ယခင်အစိုးရ လက်ထက် ကတည်းက ပိုင်ဆိုင်ထားပြီး ဖြစ်သည့်အပြင် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို အသုံးပြုခွင့် ရရှိသည့်အပြင် အစိုးရ၏ ဘတ်ဂျက်ငွေ လုံလောက်စွာ ရရှိသည့်အတွက် တစ်စောင်လျှင် ကျပ်ငါးဆယ်နှုန်းဖြင့် ရောင်းချသော်လည်း ရှုံးစရာ မရှိကြောင်း Tomorrow သတင်းဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။

“သူတို့က ရှုံးစရာတော့ အကြောင်းမရှိဘူး၊ အစိုးရ လုပ်သမျှကို ကာကွယ် စောင့်ရှောက်ပြီးတော့ ပြည်သူလူထုရဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြမှု ဘက်မှာတော့ သူတို့က တာဝန်ပျက်ကွက် နေတယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ သူတို့ဟာ တာဝန်သိ မီဒီယာတစ်ခုလို့ မှတ်ချက်ပြုဖို့တော့ ခဲယဉ်းတာပေါ့။ စီးပွားရေးအရ မရှုံးဘူး ဆိုတာတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ လူမှုတာဝန်သိ မီဒီယာတစ်ခု ဖြစ်ဖို့တော့ သံသယရှိတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော် ပိတ်ပင်ထားခဲ့သည့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများကို ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ထုတ်ဝေခွင့်ပြုခဲ့ရာ လက်ရှိတွင် နေ့စဉ်ထုတ် သတင်းစာ ၂၀ ဝန်းကျင်ရှိပြီး အားလုံးမှာ အရှုံးခံ ထုတ်ဝေနေခြင်း ဖြစ်ကြောင်း သတင်းစာ ထုတ်ဝေသူများထံမှ သိရသည်။

ပုဂ္ဂလိက သတင်းစာများမှာ စတင်ထုတ်ဝေသည့် ကာလ ဖြစ်သည့်အတွက်  ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း ဈေးကွက်ဝေစု နည်းပါးခြင်းနှင့် ဝန်ထမ်းလစာ စသည်တို့ကြောင့် အစိုးရ သတင်းစာများက အသာရရှိ နေသော်လည်း ရေရှည်တွင် အစိုးရ သတင်းစာများကို ယှဉ်ပြိုင်နိုင်လာမည် ဖြစ်ကြောင်း ရွှေဂုံတိုင် အခြေပြု သတင်းစာဂျာနယ် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက မြန်မာ့အလင်း၊ ကြေးမုံနှင့် အင်္ဂလိပ် ဘာသာဖြင့် The New Light of Myanmar သတင်းစာ သုံးစောင်ကို ထုတ်ဝေနေခြင်း ဖြစ်သည်။

နေပြည်တော်၊ မတ် ၁၉

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ အရှုံးပေါ်နေချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေနေသည့် နိုင်ငံပိုင် သတင်းစာများ အနေနှင့် အရှုံးပေါ်နေခြင်း မရှိဘဲ အမြတ်ငွေရရှိလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေသုံးငွေများနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထုအတွက် သတင်းစာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သော်လည်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ၁၁ လတာအတွင်း ရရှိငွေသည် ကျပ်သန်းပေါင်း ၁၇၂၅၃ ဒသမ ၀၀၆ သန်း ဖြစ်ပြီး သုံးငွေ ကျပ်သန်း ပေါင်း ၁၂၄၉၀ ဒသမ ၉၈၃ သန်းဖြစ်သည့်အတွက် ပိုငွေ ၄၇၆၂ ဒသမ ၀၂၃ ကျပ်သန်း ရှိကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

"သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ"

Photo: "သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ"

လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ်ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင်ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

 သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာသမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည်တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။ စတုဒိသာကျွေးတယ်။ ဆယ်တန်း ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက်ပိုင်း သင်္ကြန်နဲ့ ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေတာ များ တယ်။ အပြင် သိပ်မထွက်ဖြစ် ဘူး။ နောက်ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း ရက်တွေလိုပဲ ဖြစ်လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့ အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း ရေစိုချင်တယ်။ အပြင် ထွက်ရမှာလည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန်က ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ်ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင်ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။

သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ် ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာသမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည်တယ်။

သွားဖြူချင်သူများ အတွက်

Photo: သွားဖြူချင်သူများ အတွက် 

သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။

သွားဖြူစင်အောင်

သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။

သွားအရောင်ခြင်း မတူညီကြ

လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။

သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်

သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။

ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်

သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။

မျိုးရိုးအရ သွားဝါနေခဲ့လျှင်

မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။

Good Healths

သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။

သွားဖြူစင်အောင်

သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။

သွားအရောင်ခြင်း မတူညီကြ

လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။

ဝက်မကြီးမှ လူဦးခေါင်းနှင့် တူသော ဝက်ငယ်တစ်ကောင် ပေါက်ဖွား

Photo: ဝက်မကြီးမှ လူဦးခေါင်းနှင့် တူသော ဝက်ငယ်တစ်ကောင် ပေါက်ဖွား

မန္တလေး  မတ် ၂

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်း မြရေနံရပ်ကွက် ကြက်သွန်ဖိုနေ ဦးငွေအောင်- ဒေါ်ချိုတို့၏ ဝက်မတစ်ကောင်မှ လူဦးခေါင်း ပုံသဏ္ဌာန်ရှိ  ဝက်ငယ်တစ်ကောင်

ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီက ပေါက်ဖွားခဲ့သည်။ အဆိုပါ ဝက်လေးသည် လူတစ်ယောက်၏ မျက်နှာနှင့်တူညီပြီး ထူးခြားချက်မှာ အပေါ်သွား သုံးချောင်း ပါရှိခြင်း၊ ဦးခေါင်းမှာ လူကဲ့သို့ ဗွေပါရှိခြင်း၊ လူ၏လည်ပင်းများကဲ့သို့ လည်ရစ်များ ပါရှိခြင်း၊ မျက်စိနှင့် မျက်ခုံးမွေးသည် လူနှင့်ဆင်တူခြင်း၊ ဦးခေါင်းတွင် အမှတ်ပါခြင်း၊ လူ၏လျှာကဲ့သို့ အပြားကြီးခြင်းတို့ ပါဝင်သည်။ ၎င်းဝက်ကလေးသည် ၁၁ လအရွယ် ဝက်မကြီး၏    ပထမအကြိမ် ပေါက်ဖွားသည့် ခုနစ်ကောင်အနက် ခြောက်ကောင်မြောက် မွေးခဲ့သော ဝက်မလေးဖြစ်သည်။ ဝက်လေး၏ အသွင်သဏ္ဌာန် ထူးခြားချက်များကြောင့် မန္တလေးမြို့ပေါ်မှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 
http://www.myawady.net.mm/incredibleworld/abnormalities/item/37657-2014-03-03-09-37-39

ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ

ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ
Wednesday, March 19, 2014

ထက်ဖြိုးပိုင် ၊ သထုံ၊ မတ် ၁၅

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

''ဒီကျောက်ဖားကို ဆွံ့အ နား မကြားလူငယ်တစ်ယောက်က ကရင်ပြည် နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရွာချောင်း ထဲကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရရှိခဲ့တယ်လို့ ပြောတယ်။ ကျောက်ဖားအ ပြင် ဥတွေပါ တွေ့ရတယ်ဆိုတော့
http://www.myanmarcnn.com/2014/03/blog-post_8930.html

ထက်ဖြိုးပိုင် ၊ သထုံ၊ မတ် ၁၅

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

''ဒီကျောက်ဖားကို ဆွံ့အ နား မကြားလူငယ်တစ်ယောက်က ကရင်ပြည် နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရွာချောင်း ထဲကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရရှိခဲ့တယ်လို့ ပြောတယ်။ ကျောက်ဖားအ ပြင် ဥတွေပါ တွေ့ရတယ်ဆိုတော့
တော် တော်ထူးဆန်းတယ်လို့ ဆိုရမယ်။ ပြီးတော့ ကျောက်ဖားသာပြောတယ် တကယ့်ဖား အစစ်အတိုင်း ခုန်ထွက်တော့မယ့်ဟန် ဖြစ်နေတယ်''ဟု အဘယသုခကျောင်း တိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Photo: မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

ကိုးကား - Business Insider၊ Time

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ  မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ) 

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

ကိုးကား - Business Insider၊ Time

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

Photo: တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

ရန်ကုန်၊ မတ် ၁၉

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှု မတိုင်မီ မတ်လဆန်းပိုင်းကလည်း တပ်မတော် (ရေ) ၏ အနော်ရထာ စစ်ရေယာဉ်မှ ရေယာဉ်ပစ် ဒုံးပျံ တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း တပ်မတော် (ရေ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း တပ်မတော် ကြည်း၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို မိတ္ထီလာဒေသတွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဆင့်မီ တပ်မတော်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ အတွင်းက ပြောကြားထားသည်။

ရန်ကုန်၊ မတ် ၁၉

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။

မော်လဒိုက် ကျွန်းပေါ်က ပျံသွားတာ MH 370 မလေးရှား လေယာဉ်ဖြစ်နိုင်

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက် 
ကျော် ကြာလာဖြစ်သည်။ 

 ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH 370

မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်
နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှု တခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာ ရပ်ခံချက် အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်း
ဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။ 

ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော် ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာ
ရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။ အဆိုပါ အချိန်က MH370 ၏ ဆက်သွယ်ရေးစက်မှ ၎င်း၏ တည်နေရာနှင့် အမြင့်ကို နောက်ဆုံး ထုတ်လွှင့်ပေးချက် နှင့် ကိုက်ညီနေသည်။ 

ကိုယ့်ကိုကိုယ် ဖော်ချွတ်ရိုက်မှ နာမည်ကြီးမယ်ဆိုတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ဆိုတဲ့ မော်ဒယ် မိုးမြင့်သဇင်

၂၀၁၀ခုနှစ်ရဲ့အကယ်ဒမီဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရတဲ့ မော်ဒယ်လ် မိုးမြင့်သဇင်ကို လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘မိုးမြင့် အခုလတ်တလောမှာတော့ ဓာတ်ပုံတွေ လောက်ပဲ ရိုက်ဖြစ်နေပါတယ်။ အခု သင်္ကြန်နားနီးတော့ သင်္ကြန်အတွက် ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ဖြစ်ပါတယ်။ ဒါပေမဲ့သိပ်အများကြီးတော့ မရိုက်ဖြစ်ဘူး။ ရိုက်ခဲ့ပြီးသမျှ ၁၂ကားလောက်တော့ ရှိမယ်။ ဒီလ၂၉ရက်နေ့မှာ လေယဉ်ပျံပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။’လို့ သူမက ပြောပါတယ်။
ခုနောက်ပိုင်း အလွယ်တကူနာမည်ကြီးဖို့အတွက် ဖော်ချွတ်ပြီး ဓာတ်ပုံအရိုက်ခံလာကြတဲ့ သူတွေရှိလာတဲ့အပေါ် သူမက ‘မော်ဒယ်ဆိုတာ သူ့မှာ ကန့်သတ်ချက်ရှိတယ်။ သတ်မှတ်ချက် ရှိတယ်။ ဒါပေမဲ့ ငါနာမည်ကြီးချင်လို့ဆိုပြီး ကိုယ့်ကိုကိုယ်တော့ ဖော်ချွတ်ရိုက်မှ နာမည်ကြီးမယ်ဆိုတဲ့ မော်ဒယ်တွေကိုတော့ မိုးမြင့် လုံးဝအထင်မကြီးဘူး။ ဘာပဲပြောပြော မော်ဒယ်လ်ဆိုတဲ့ ဂုဏ်သိက္ခာ ရှိတဲ့၊ နာမည်ရှိတဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် မိုးမြင့်တို့ ကိုယ်တိုင်လည်း ကြိုးစားခဲ့ရတာပါပဲ။ ဖေ့ဘွတ်ပေါ်ကနေ ပုံတွေတင်ပြီး နာမည်ရလာတဲ့ မော်ဒယ်လ်တွေကတော့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့နော်။

ဧပြီလ ၁ ရက်နေ့မှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမည်

နေပြည်တော်၊ မတ် ၁၉

လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား မရရှိသေးသော်လည်း ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ယင်းဆုံးဖြတ်ချက်ကို မတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ် ၁၈ ဦးက ကန့်ကွက်ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့သဖြင့် အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ အကြိတ်အနယ် ညှိနှိုင်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေနှင့် အရှုံးပေါ်နေသည့် အတွက် တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးခင်မောင်စိုးက ဆိုသည်။

မရွှေ့ရန် ရေလောင်း မလောင်း၍ ရွှေ့

Photo: မရွှေ့ရန် ရေလောင်း မလောင်း၍ ရွှေ့
---------------
ရေးသားသူ- အေးသူစံ

ဝန်ကြီးဌာန ၃၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ အစိုးရ၀န်ထမ်းပေါင်းကိုးသိန်း၏ အပြောင်းအရွှေ့ကို ကိုင်တွယ်ရာတွင် အဓိကအချက်နှစ်ချက်ရှိသည်။ ပြစ်ချက်ရှိသူဝန်ထမ်းများကို ဝေးလံခေါင်ဖျားဒေသသို့ အပြစ်ပေးသည့်အနေဖြင့် ပို့ဆောင်တာဝန်ထမ်းဆောင်စေခြင်းနှင့် နှစ်အပိုင်းအခြားသတ်မှတ်၍ အပေးအယူသဘောဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ဖြစ်သည်။

တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သော်လည်း ၀န်ထမ်းအပြောင်းအရွှေ့မူဝါဒတွင် ယင်းနှစ်ချက်ကို အဓိကကျင့်သုံးနေကြောင်း အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းကဆိုသည်။ ထို့ကြောင့် အလှည့်ကျ အပြောင်းအရွှေ့ တာဝန်ထမ်းဆောင်သည့်စနစ်က အပေးအယူနှင့် မသမာမှုများစွာ ရှိနေခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မျှော်လင့်ခဲ့သူများထဲတွင် အစိုးရ၀န်ထမ်းနှင့် ၎င်းတို့၏မိသားစုများလည်း ပါဝင်ကြသည်။ သို့သော် နေရာဒေသမရွေး တာဝန်ထမ်းဆောင်ရမည်ဟူသော သဘောတူညီချက် လက်မှတ်ရေးထိုးထားသော အဆက်အသွယ်မရှိသည့်၊ ငွေကြေးမတတ်နိုင်သည့် ၀န်ထမ်းများမှာ စည်းကမ်းချက်အတိုင်းပင် ပို့သည့်နေရာသွားကြရသည်။ မသွားနိုင်ပါက တစ်ခုတည်းသော ရွေးစရာလမ်းမှာ အလုပ်မှနုတ်ထွက်ကြရရုံသာဖြစ်သည်။

‘‘လွန်ခဲ့တဲ့သုံးနှစ်လောက်က  မန္တလေးမှာတာဝန်ကျနေချိန် ဘူးသီးတောင် မောင်တောကို သွားရမယ်လို့ လူကြီးကခေါ်တယ်။ အဲဒီအချိန်မှာ စီးပွားရေးကလည်း အဆင်မပြေဘူး။ အိမ်ကလည်းငှားနေရတယ်။ မိန်းမကလည်း ကလေးမီးဖွားထားတာ မကြာသေးဘူး။ တစ်ယောက်ချိန်းပေးပါလို့ ပြောတယ်။ လူကြီးက မရဘူးသွားရမယ်လို့ သုံးလေးခေါက်ပြောလာတော့ ကျွန်တော်လည်း အလုပ်ပဲထွက်လိုက်ရတယ်’’ဟု လာဘ်လာဘမပေးနိုင်ဘဲ အလုပ်မှနုတ်ထွက်လိုက်ရပြီး ယခုတောင်ကြီးတွင် ဆိုင်ကယ်ကယ်ရီဆွဲနေသူ ယခင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၀န်ထမ်းဟောင်းတစ်ဦးကပြောသည်။

နှစ်အပိုင်းအခြားအလိုက် ဝေးလံဒေသတွင် တစ်နှစ်၊ နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက မိမိနှစ်သက်ရာဒေသကို တောင်းခံပြောင်းရွှေ့နိုင်သည် ဆိုခြင်းကြောင့် ၀န်ကြီးဌာနစကား ယုံစားသူဝန်ထမ်းများအတွက် လက်တွေ့တွင် ထင်သလိုဖြစ်မလာပါ။ နှစ်နှင့်ချီ၍ အမေ့လျော့ခံထားရသူများလည်း ရှိနေပြန်ပါသေးသည်။

‘‘ရာထူးတိုးလည်းမဟုတ်၊ ပြစ်ဒဏ်ထိတာလည်း မဟုတ်၊ အဲဒီလိုနဲ့ ဒီကိုပြောင်းပေးတာ။ ပို့လိုက်ပြီဆိုရင်လည်း တမေ့တမောထားဖူးတာကို ကြုံရတယ်။ ဒီမှာပဲ လေးနှစ်ခွဲလောက် တာဝန်ထမ်းဆောင်သွားတဲ့ ကျွန်တော့်ဝန်ထမ်းတွေ ဒီနှစ်ဆန်းပိုင်းကမှ ပြန်ပြောင်းသွားရရှာတယ်။ ကျွန်တော်ဆို ၂ နှစ်ခွဲတောင် ကျော်သွားပြီ။ အပြောင်းအရွှေ့မှာ ကျန်နေခဲ့တုန်းပဲ’’ဟု ကချင်ပြည်နယ် ပူတာအိုရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးကပြောကြားသည်။

အကပ်ကောင်းသူ၊ ငွေကြေးပံ့ပိုးပေးနိုင်သူ၊ လူကြီးနှင့်အဆင်ပြေသူတို့မှာတော့ မည်မျှဝေးသည့်ဒေသဖြစ်ပါစေ၊ ရန်ကုန်မြို့အပါအ၀င် အဓိက အချက်အချာမြို့ကြီးများကနေ တစ်ဖ၀ါးမှမခွာ သက်တောင့်သက်သာ အလုပ်လုပ်နေနိုင်ပါသည်။ ဝေးလံခေါင်ဖျား လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း ၀င်ငွေရလမ်းဖြောင့်ဖြူးပြီး အကြံအဖန်ကောင်းသည့် ဒေသများတွင်မူ လုပ်ချင်သူဝန်ထမ်းများ ပြုံတိုးနေတတ်ပြီး လာဘ်ပေးလာဘ်ယူမှုအပါအ၀င် မပြောင်းရွှေ့ရန် မျိုးစုံကြိုးစားကြသည်များလည်း ရှိတတ်ကြသည်။

‘‘ကျွန်မ မဲဆန္ဒနယ်ကွန်ဟိန်းဆိုရင် တော်ရုံနဲ့မြို့ပေါ်ပြန်မပြောင်းချင်ကြဘူး။ ဘယ်လိုပြောရမလဲ။ ပိုက်ဆံရှာရလွယ်တော့လေ’’ဟု ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကဆိုသည်။

‘‘ကျွန်မဆရာမအဖြစ်နဲ့ မန္တလေးတိုင်းထဲမှာ တာဝန်ကျတုန်းက နာမည်စာရင်းသာရောက်လာပြီး လူမရောက်တဲ့သူတွေအများကြီးပဲ။ အပြောင်းအရွှေ့ကို ၂နှစ်ပြည့်မှ စဉ်းစားပေမယ့်လည်း ၂ နှစ်ပြည့်တိုင်းလည်း ပြောင်းရဖို့မသေချာဘူး။ စာရင်းရှိပြီး ရောက်မလာတဲ့သူတွေနေရာမှာ ဆရာမတွေ ထပ်ခန့်တယ်။ စာရင်းထဲကလူတွေကတော့ မြို့ပေါ်မှာ အခြေမပျက်အလုပ်လုပ်တုန်းပဲ’’ဟု စာရေးဆရာမခင်ခင်ထူးက ၎င်းမူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများကို ပြောပြသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူတိုင်းမသွားချင်သည့် နေရာများ၊ အထူးသဖြင့် ပဋိပက္ခဒေသများ၊ စစ်ပွဲများဖြစ်နေသည့် ဒေသများသို့ ပြစ်ချက်ရှိသည့်ဝန်ထမ်းကို ပြောင်းရွှေ့လိုက်ခြင်းမှာ ကာယကံရှင်ဝန်ထမ်းအတွက်ရော ဒေသအတွက်ပါ ကောင်းကျိုးလုံးဝမဖြစ်လာနိုင်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ပြောသည်။

‘‘အပြစ်ရှိလို့ ပို့ရအောင် ကျွန်တော်တို့ ရခိုင်ပြည်နယ်က အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးတဲ့နေရာလားလို့ အစိုးရကို ကျွန်တော် လွှတ်တော်မှာမေးဖူးတယ်။ သူတို့ကတော့ မဟုတ်ပါဘူး၊ ပေါ်လစီအရပါလို့ဖြေတယ်။ အပြစ်ပေးလို့ ဒီလာရတယ်ဆိုကတည်းက ၀န်ထမ်းကလည်း ပိုပြီးအဆင်မပြေဖြစ်တော့ ကျွန်တော်တို့ဒေသ မိအေးနှစ်ခါနာတာပေါ့ဗျာ’’ဟု ၎င်းကဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတွင် ၎င်းတာဝန်ကျစဉ် ရန်ကုန်ရှိ ရဲမှူးကြီးတစ်ယောက် အမှုတစ်ခု ထိန်းသိမ်းကိုင်တွယ်ရာ ပြဿနာပိုကြီးသွားသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် စစ်တွေသို့ ပြောင်းရွှေ့လိုက်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရသတင်းစာများက ဖော်ပြခဲ့ဖူးသည့် သာဓကရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကပြောသည်။

‘‘ဒါတွေတကယ်ဖြစ်ခဲ့တာပဲ။ အစိုးရရဲ့ ၀န်ထမ်းအပြောင်းအရွှေ့ဟာ အတော်ရှုံ့ချည်နှပ်ချည်နိုင်တယ်။ ၀န်ကြီးဌာနကလည်း တစ်ခုနဲ့တစ်ခုမတူကြပြန်ဘူး။ တပ်ထဲမှာတောင် အကြံအဖန်ကောင်းတဲ့ တပ်ကိုလိုချင်လို့ တပ်ရင်းမှူးအဖြစ်နဲ့ပြောင်း၊ စစ်ဆင်ရေးပြီးရင် နောက်တပ်တစ်တပ်နဲ့ပြန်ချိန်းတဲ့အခါ အကြံအဖန်ကလည်း ဆက်ရချင်တော့ တပ်ရင်းမှူးအဖြစ်နဲ့ပဲ နောက်တပ်ကို ပြန်သွားချင်လို့ ကက(ထူး)ကို လာဘ်ပေးတဲ့သူတွေတောင် ကြုံဖူးတာပဲ။ တပ်မှာတောင် ဒီလိုဆို အရပ်ထဲမှာတော့ ပြောမနေနဲ့တော့’’ဟု ၎င်းကပြောသည်။

အရွှေ့အပြောင်းရှောင်လိုသူများအတွက် နေရာ၊ ဌာနအလိုက် နှုန်းထားဂါရ၀အသီးသီးရှိသလို သက်ဆိုင်ရာဝန်ထမ်း၏ ခြေတံလက်တံ မည်မျှရှည်သည်ကလည်း  အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲစေနိုင်သည်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ဝေးလံခေါင်ဖျားသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ထောက်ပံ့ကြေး နှစ်သောင်းတိုးပေးခဲ့ပြီး ထပ်တိုးထောက်ပံ့ကြေး သုံးသောင်းကို ဒုတိယအကြိမ် ပေးအပ်ထားသည်။

ဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်ပါက ခံစားခွင့်လစာ နှစ်ဆပေးသော်လည်း အစစအရာရာ ဈေးနှုန်းကြီးမြင့်ပြီး ပိုက်ဆံရှိ၍ပင် ၀ယ်မစားနိုင်သည့် ဒေသများတွင်မူ မိသားစုကိုပင် ခေါ်ထားဖို့အဆင်မပြေ။ 

‘‘ပိုက်ဆံရှိပြီး အငတ်နေရတယ်ဆိုတဲ့ ဒေသမျိုးဆိုတာ ပူတာအိုပေါ့။ အစစအရာရာ ရှားပါးဈေးကြီးလှပါတယ်။ လမ်းကြောင်း (ကားလမ်း)ပြတ်သွားတဲ့အချိန်ဆိုရင် ကြက်ဥက တစ်ထောင်ဖိုးသုံးလုံးပဲ။ ကားလမ်းဆိုတာကလည်း ၁၂ လလုံးလုံး သွားလို့အဆင်ပြေတဲ့ လမ်းမျိုးမဟုတ်ဘူး။ မိုးရာသီဝင်တယ်ဆိုတာနဲ့ပဲ လမ်းကြောကပြတ်ပြီလေ။ ဒီကြားထဲ မြစ်ကြီးနားနဲ့ ပူတာအိုကြားက ကားလမ်းဆိုတာက အညိုရောင်ကိုဖြတ်သန်းခဲ့ရတဲ့လမ်းလေ။ ဒေသထွက်ဆန်တောင် တစ်ထောင်ဖိုး သုံးဘူးအထိ ဖြစ်သွားခဲ့ဖူးသေးတယ်လေ။ ပြောချင်တာကတော့ မိသားစုကို ထိထိရောက်ရောက်ပြန်ထောက်ပံ့မပေးနိုင်တာ’’ဟု ပူတာအိုအစိုးရ နည်းပညာသင်တန်းကျောင်းအုပ်ကြီးကဆိုသည်။

ဝေးလံဒေသတွင် တာဝန်ထမ်းဆောင်လိုစိတ်နည်းပါးသူများတွင် မြေပြန့်မှ ၀န်ထမ်းများသာမက ဒေသခံတိုင်းရင်းသားအချို့လည်းပါဝင်ကြောင်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အနီးရှိ ဒွန်းကျေးရွာတွင် မူလတန်းပြဆရာမအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦးကပြောသည်။

‘‘ကျွန်မတို့လို ပြည်မကလာတဲ့ဆရာမတွေကို မြို့နယ်ပညာရေးမှူးတွေက ခက်ခဲတဲ့ဒေသတွေဆီကိုပဲ တာဝန်ချလေ့ရှိပါတယ်။ လခနှစ်ဆရလို့ မိသားစုကို
ထောက်ပံ့နိုင်ပေမယ့် တစ်နှစ်တစ်ခါပြန်ဖို့ကိုတောင် လမ်းစရိတ်က အရမ်းဈေးကြီးတဲ့အပြင် သွားရတဲ့လမ်းကလည်း အရမ်းအန္တရာယ်များလွန်းတဲ့အတွက် တော်တော်စဉ်းစားရတာတွေရှိပါတယ်။ ၂ နှစ်ပြည့်ရင် ပြောင်းပေးမယ်လို့ မူလက ကတိစကားတွေရှိထားပေမယ့် တကယ်တမ်းတော့ အဲဒီလိုပြောင်းပေးတာ အရမ်းရှားပါတယ်’’ဟု ၎င်းကပြောသည်။

ဗဟိုချုပ်ကိုင်မှုပုံစံဖြင့် အလုပ်နေရာများကို အစိုးရကသာ စီစဉ်ခန့်ထားနေပြီး ပေးထားသည့်လစာက ၀န်ထမ်း၏ စားဝတ်နေရေးကို လုံလောက်အောင်မပံ့ပိုးနိုင်သမျှ ယခုပြဿနာများကိုဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၏ ပါမောက္ခဌာနမှူး ဒေါက်တာရဲမြင့်ကျော်(စာရေးဆရာလင်္ကာရည်ကျော်)ကပြောသည်။

‘‘အရင် လွန်ခဲ့တဲ့ ၂၆ နှစ်က အလုပ်စလုပ်တုန်းကဆို ကိုယ်သွားမယ့်နေရာ မဲနှိုက်ရတဲ့ခေတ်ရှိဖူးတယ်။ ပေါက်တဲ့နေရာသွား၊ ဆရာတို့နှိုက်ရတဲ့မဲမှာ ရန်ကုန်- မန္တလေးမပါဘူး။ ၀င်ဝင်ချင်းလူက မြို့ပေါ်မှာမနေရဘူးပေါ့။ တော်တော်ပတ်သက်မှုများတဲ့သူတွေမဲက နယ်မှာစာရင်းပေါက်နေပေမယ့် ရန်ကုန်မှာပဲ ဆက်လုပ်နေကြတာတွေရှိတယ်။ ဒါကြီးက ပြုပြင်ဖို့ကြိုစားနေလည်း မောရုံပဲရှိမှာပဲ။ စနစ်ကိုက ယိုယွင်းနေတာ’’ဟု ၎င်းကဆိုသည်။

မတ်လ ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက အစီရင်ခံစာဖတ်ကြားရာတွင် ကယားပြည်နယ်တွင်း တာဝန်ကျဆရာဝန်တစ်ဦး သုံးကြိမ်ခန့်ခေါ်ယူထားသော်လည်း ယနေ့အထိ လာရောက်တာဝန်ထမ်ဆောင်ခြင်းမရှိသေးဟု ဆိုသည်။

ဝန်ထမ်းအပြောင်းအရွှေ့မူဝါဒကို ၀န်ကြီးဌာနများကသာ အဓိကချုပ်ကိုင်ထားပြီး အပြောင်းအရွှေ့များတွင် မသမာမှုများပုံစံအမျိုးမျိုးဖြင့် ရှိနေသည်။ နှစ်ပြည့်သော်လည်း ၀န်ကြီးဌာနက မေ့ထားခံရ၍ နောက်ဆုံးတွင် အလုပ်မှ နုတ်ထွက်သွားသော ၀န်ထမ်းပေါင်းများစွာအတွက် ကျွမ်းကျင်ဝန်ထမ်းများလိုအပ်နေသည့် နယ်စွန်နယ်ဖျားဒေသများကို များစွာထိခိုက်စေသည်။

အစိုးရ၏ ၀န်ထမ်းအပြောင်းအရွှေ့ ကတိအတိုင်းသာ အလှည့်ကျ တာဝန်ထမ်းဆောင်ရသည့်စနစ်ပီပြင်ပါက ညွှန်ကြားချက်အမိန့်များပေါ်တွင်သာ ကတိတည်ပါက တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ၊ တာဝန်ကျဝန်ထမ်းများက မျှော်လင့်ချက်အပြည့်ဖြင့် ထမ်းဆောင်ကြမည်သာဖြစ်ကြောင်း ပူတာအိုနည်းပညာအထက်တန်းကျောင်းအုပ်ကြီးက အကြံပြုသည်။

‘‘အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီလိုဝေးလံဒေသမှာ တာဝန်သာထမ်းဆောင်နေရတယ်။ ငါ့ကို ဘယ်အချိန်မှ ပြန်ပြောင်းပေးမှာလဲ...အကြာကြီးထားမှာလားဆိုတဲ့ နောက်ဆံတင်းနေတဲ့စိတ်နဲ့ ဘယ်လိုများ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်မှာလဲ’’ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- အေးသူစံ

ဝန်ကြီးဌာန ၃၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ အစိုးရ၀န်ထမ်းပေါင်းကိုးသိန်း၏ အပြောင်းအရွှေ့ကို ကိုင်တွယ်ရာတွင် အဓိကအချက်နှစ်ချက်ရှိသည်။ ပြစ်ချက်ရှိသူဝန်ထမ်းများကို ဝေးလံခေါင်ဖျားဒေသသို့ အပြစ်ပေးသည့်အနေဖြင့် ပို့ဆောင်တာဝန်ထမ်းဆောင်စေခြင်းနှင့် နှစ်အပိုင်းအခြားသတ်မှတ်၍ အပေးအယူသဘောဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ဖြစ်သည်။

တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သော်လည်း ၀န်ထမ်းအပြောင်းအရွှေ့မူဝါဒတွင် ယင်းနှစ်ချက်ကို အဓိကကျင့်သုံးနေကြောင်း အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းကဆိုသည်။ ထို့ကြောင့် အလှည့်ကျ အပြောင်းအရွှေ့ တာဝန်ထမ်းဆောင်သည့်စနစ်က အပေးအယူနှင့် မသမာမှုများစွာ ရှိနေခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မျှော်လင့်ခဲ့သူများထဲတွင် အစိုးရ၀န်ထမ်းနှင့် ၎င်းတို့၏မိသားစုများလည်း ပါဝင်ကြသည်။ သို့သော် နေရာဒေသမရွေး တာဝန်ထမ်းဆောင်ရမည်ဟူသော သဘောတူညီချက် လက်မှတ်ရေးထိုးထားသော အဆက်အသွယ်မရှိသည့်၊ ငွေကြေးမတတ်နိုင်သည့် ၀န်ထမ်းများမှာ စည်းကမ်းချက်အတိုင်းပင် ပို့သည့်နေရာသွားကြရသည်။ မသွားနိုင်ပါက တစ်ခုတည်းသော ရွေးစရာလမ်းမှာ အလုပ်မှနုတ်ထွက်ကြရရုံသာဖြစ်သည်။

ရင်နင့်စာ

Photo: ရင်နင့်စာ
------------
ရေးသားသူ- ငြိမ်းချမ်း

‘‘(၁) အမေကို အိမ်နဲ့ခြံနဲ့ထားချင်တယ်။ (၂) ငါလဲ ကိုအိုးကိုအိမ်နဲ့ အေးအေးချမ်းချမ်းနေချင်တယ်။ ဒါကြောက် ငွေရှာမှဖြစ်မယ် ငွေရှိမှလဲ လုပ်ချင်တာကို လုပ်လိုရမှာဖြစ် ငွေကိုရအောင်ရှာရမယ်’’ 
(မူရင်းစာလုံးပေါင်းအတိုင်းသာ ဖြစ်ပါသည်။)

၂၀၁၃ နိုဝင်ဘာ ၂၄ ရက်က သမီးဖြစ်သူ နှင်းကေခိုင် ရေးသားထားသောစာကို မိခင်ဖြစ်သူ ဒေါ်အေးကြွယ်ဖတ်လိုက်ရသည့်နေ့က သမီးသေဆုံးပြီး ခြောက်ရက်အကြာ ၂၀၁၄ မတ်လ ၄ ရက်နေ့ပင်။

ခုနစ်နှစ်အရွယ်ကတည်းက ကွဲကွာသွားသောသမီးကို ဒေါ်အေးကြွယ်တွေ့လိုက်ရသည်က အသက်(၂၉)နှစ်အရွယ် သမီးငယ်နှင်းကေခိုင် ပြိုကျနေသော အုတ်ပုံကြား သေဆုံးနေသည့်ဓာတ်ပုံသာဖြစ်သည်။

မိခင်ဖြစ်သူဒေါ်အေးကြွယ်နှင့်အတူ နေထိုင်လိုသူ နှင်းကေခိုင်သည် ထိုင်းနိုင်ငံရှိ အီတာလျံထိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအနက် တစ်ဦးဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နှင်းကေခိုင် သေဆုံးရခြင်းဖြစ်သည်။

‘‘အုတ်ပုံကြားက သမီးအလောင်းဓာတ်ပုံကိုမြင်တော့ ကျွန်မသမီးမှန်း ချက်ချင်းသိတယ်’’ဟု သမီးဖြစ်သူ၏ ပတ်စပို့စာအုပ်ကိုကြည့်ကာ ဒေါ်အေးကြွယ်က ငိုရင်းပြောသည်။

နှင်းကေခိုင်ခုနစ်နှစ်အရွယ်တွင် မိခင်ဒေါ်အေးကြွယ်၏ သူငယ်ချင်းတစ်ယောက်က ရန်ကုန်မြို့ရှစ်မိုင်ရှိ ဒေါ်အေးကြွယ်၏ ညီမတစ်ဝမ်းကွဲထံ ပို့ပေးခဲ့သည်။ အဒေါ်ဝမ်းကွဲဖြစ်သူထံတွင် ကလေးအပ်ထားသည်ကို ဒေါ်အေးကြွယ်အား အသိမပေးခဲ့သဖြင့် ကလေးပျောက်ပါသည်ဟူ၍သာ နှင်းကေခိုင်မိခင်က သိထားခဲ့သည်။ နောက်ခုနစ်နှစ်အကြာ နှင်းကေခိုင် (၁၅)နှစ်အရွယ်ရောက်မှ သမီးဖြစ်သူသတင်းကို ကြားသဖြင့် ရှစ်မိုင်အဒေါ်အိမ်မှ သမီးကိုပြန်ခေါ်ပြီး သုံးနှစ်ခန့်အတူနေခဲ့သည်ဟု အသက် (၆၄)နှစ်အရွယ် ဒေါ်အေးကြွယ်ကပြောသည်။ သုံးနှစ်ခန့်အတူနေရင်း ဆင်းဆင်းရဲရဲနေထိုင်ရခြင်းကို မမြင်ရက်သဖြင့် ရှစ်မိုင်အဒေါ်အိမ်သို့ ပြန်ပို့ခဲ့သည်။ အဒေါ်ဝမ်းကွဲနေအိမ်တွင် စိတ်ချလက်ချထားခဲ့ပြီး သားအမိနှစ်ယောက် အဆက်အသွယ်ပြတ်နေခဲ့သည်။ ယခုကဲ့သို့ သမီးဆုံးသွားကြောင်း သတင်းရမှသာ ထိုင်းနိုင်ငံသို့ရောက်ရှိနေကြောင်း သိရှိခဲ့ရသည်ဟုဆိုသည်။ နှင်းကေခိုင်၏ အဒေါ်က ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ နှင်းကေခိုင် (၂)နှစ်သမီးအရွယ်တွင် ၎င်းဖခင်သေဆုံးသွားပြီးနောက် ဒုတိယတန်းထိသာ ပညာသင်ပေးခဲ့ကြောင်း ဒေါ်အေးကြွယ်ကဆိုသည်။

‘‘ကျွန်မသိရင် သူများနိုင်ငံကိုမပို့ပါဘူး။ အတူတူကို ကောင်းကောင်းမနေရသေးဘူး။ သူသေသွားတယ်’’ဟု ဒေါ်အေးကြွယ်ကပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း ပျောက်ဆုံးနေသည့်မိခင်ကို ရှာဖွေရင်း အသတ်ခံရသည့် အမျိုးသမီးတစ်ယောက်အကြောင်း မီဒီယာများတွင် ရေးသားခဲ့ဖူးသည်။

၂၀၁၃ ဧပြီ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ အသတ်ခံလိုက်ရသော မမြင့်မြင့်အေးသည် မိခင်ဖြစ်သူကိုတွေ့ဖူးချင်၍ အမေပျောက်ရှာဖွေနေသူဖြစ်သည်။ ၎င်းမသေဆုံးမီ ၁၀ ရက်အလိုက သင်္ကြန်အလုပ်ပိတ်ရက်ဖြစ်၍ မိခင်အိမ်ထံပြန်ချင်ကြောင်း၊ ထို့ကြောင့် အမေကိုလိုက်ရှာနေကြောင်း စသည့်စာများကိုရေးသား၍ အမေပျောက်လိုက်ရှာရင်း ထိုင်းနိုင်ငံတွင် အသတ်ခံခဲ့ရသူဖြစ်သည်။

နှင်းကေခိုင်သည် ထိုင်းနိုင်ငံသို့ရောက်ရှိပြီး ကိုသက်မောင်မောင်ဆိုသူနှင့် အိမ်ထောင်ကျခဲ့သည်မှာ တစ်နှစ်ခွဲခန့်ပင်ကြာပြီဖြစ်ကြောင်း နှင်းကေခိုင်သေဆုံးမှုနှင့်ပတ်သက်၍  ကူညီစောင့်ရှောက်ပေးခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော မဦးကပြောသည်။ နှင်းကေခိုင်သည် ၎င်း၏မိခင် ဒေါ်အေးကြွယ် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်နေသည်ဟုသာသိရှိပြီး နေရပ်လိပ်စာကို တိတိပပမသိရှိပေ။

ဒေါ်အေးကြွယ်တွင် နောက်ထပ်သားတစ်ယောက်ရှိကာ အလွန်ဆိုးသွမ်းသောကြောင့် ပစ်ထားခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိနေပြီး ယခုအခါ သူ၏သား ဘယ်ဆီရောက်နေသည်ကို ဒေါ်အေးကြွယ် မသိရှိပေ။ ခင်ပွန်းဖြစ်သူသေဆုံးပြီး သမီးဖြစ်သူနှင့် ထပ်မံကွဲကွာရာ သားဖြစ်သူနှင့်ပါ ကွဲကွာနေသော ဒေါ်အေးကြွယ်သည် မင်္ဂလာဒုံမြို့နယ် ရှမ်းကြီးဝရပ်ကွက်ရှိ ကျောင်းဆရာမတစ်ဦး၏အိမ်တွင် အိမ်ဖော်လုပ်ကိုင်နေသည်။

နွေရာသီကျောင်းပိတ်ရက်များတွင် အဆိုပါ ကျောင်းဆရာမအိမ်၌မနေဘဲ ရပ်ကွက်အတွင်းရှိ အိမ်များတွင် အ၀တ်လျှော်ခြင်း၊ ထမင်းဟင်းချက်ခြင်းဖြင့် သူ့တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေစားသောက်ဖြေရှင်းနေခြင်းဖြစ်သည်။

‘‘ကျောင်းပိတ်ရက်ဆိုတော့ အလုပ်လည်းသိပ်မရှိတော့ ဆရာမအိမ်မှာမနေတော့ဘူး။ သူများအိမ်တွေမှာ လိုက်ပြီးနေတယ်။ ကျောင်းတွေပြန်ဖွင့်မှ ဆရာမအိမ်ကိုပြန်သွားတယ်’’ဟု ပြောသည်။ ဒေါ်အေးကြွယ် ယခုလို အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည်မှာ ၁၀ နှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီက လျော်ကြေးငွေ ဘတ်တစ်သိန်းပေးမည်ဟုပြောဆို၍ နှင်းကေခိုင်၏နာရေးကို ကူညီစောင့်ရှောက်ပေးခဲ့သော မဦးသည် ထိုငွေမှာ နှင်းကေခိုင်၏မိခင်နှင့်သာ ထိုက်တန်သည်ဟုဆိုကာ ဒေါ်အေးကြွယ်ကို လူမှုကွန်ရက်မှတစ်ဆင့် ရှာဖွေခဲ့သည်။

ထိုသတင်းကို မင်္ဂလာဒုံမြို့နယ်၊ ရှမ်းကြီးဝရပ်ကွက်မှ ဒေါ်အေးကြွယ် အ၀တ်လျှော်ပေးနေသည့် အိမ်တစ်အိမ်မှ ဒေါ်လဲ့လဲ့ဝင်းက ကြားသိပြီး ဒေါ်အေးကြွယ်အားပြောပြကာ မှတ်ပုံတင်စသည်တို့ကို ထိုင်းနိုင်ငံရှိ မဦးထံပေးပို့ရာမှ ငွေရရှိခြင်းဖြစ်သည်။

သမီးဖြစ်သူ သေဆုံးမှုအတွက် အီတာလျံထိုင်းဆောက်လုပ်ရေးကုမ္ပဏီမှ လျော်ကြေး ထိုင်းဘတ်ငွေတစ်သိန်း (မြန်မာကျပ်ငွေပျမ်းမျှ ၃၂ သိန်းဝန်းကျင်)
ဒေါ်အေးကြွယ်ရရှိခဲ့ပါပြီ။ ထိုဘတ်ငွေတစ်သိန်းထဲမှ နှစ်သောင်းကို သမက်ဖြစ်သူကို သက်မောင်မောင်က နုတ်ယူထားခဲ့သည်။ ထိုသို့နုတ်ယူထားကိုလည်း ကျေနပ်ပါသည်ဟု ဒေါ်အေးကြွယ်ကဆိုသည်။ ထိုသို့ရရှိသည့်ငွေများကို မသုံးရက်၍ နေထိုင်သော ရပ်ကွက်အတွင်းနှင့် ရွှေတိဂုံစေတီ၊ အခြားနေရာများကို သမီးဖြစ်သူအတွက် အလှူအတန်းများ ပြုလုပ်ပေးနေပါသည်။

‘‘သမီး အသက်နဲ့ရင်းပြီးရှာပေးတဲ့ပိုက်ဆံကို ထိုက်ထိုက်တန်တန် လှူပေးမယ်လို့ စိတ်ကူးထားတယ်။ အဲဒီငွေကို မသုံးရက်ပါဘူး’’ဟု ဒေါ်အေးကြွယ်က ငိုသံဖြင့်ပြောသည်။

‘‘သူ့နောင်ရေးအတွက်ဆိုပြီး ဘဏ်မှာ ၁၀ သိန်းအပ်ထားတယ်။ ရပ်ကွက်ထဲက လမ်းခင်းဖို့အတွက်ရယ်၊ နောက် သူက ရွှေတိဂုံစေတီမှာ သီလရက္ခိတအသင်းဝင်ဖြစ်လို့ ရွှေတိဂုံစေတီမှာ လှူချင်တယ်ပြောတယ်။ သူ့ကိုလည်း မြန်မာနိုင်ငံအနှံ့ ဘုရားဖူးပို့ပေးဖို့စီစဉ်နေပါတယ်’’ဟု ဒေါ်အေးကြွယ်၏ငွေများကို ထိန်းသိမ်းထားသော မလဲ့လဲ့ဝင်းကပြောသည်။

အသက်(၂၉)နှစ်အရွယ်ထိ ၁၀ နှစ်သာ အတူနေထိုင်လာခဲ့ရသော သမီးဖြစ်သူက အမေကို အိမ်နဲ့ထားချင်တယ်၊ အေးအေးချမ်းချမ်းနေချင်တယ်ဟု ရေးသားထားသောစာကို ဖတ်ရသည့်ညက ဒေါ်အေးကြွယ် အိပ်မပျော်ခဲ့ပါ။

‘‘နောင်ဘ၀ဆက်တိုင်းမှာ ဒီလိုဘ၀မျိုးတွေနဲ့မကြုံပါရစေနဲ့လို့ ဆုတောင်းပါတယ်။ ဒီလိုသမီးလေးနဲ့ ဘ၀ဆက်တိုင်းမှာ အတူတူနေရပါစေ။ သမီးလေးကောင်းရာမွန်ရာရောက်ပါစေလို့ အမြဲဆုတောင်းနေပါ့မယ်’’ဟု ၀မ်းနည်းစွာဖြင့် ဒေါ်အေးကြွယ်ကပြောသည်။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- ငြိမ်းချမ်း

‘‘(၁) အမေကို အိမ်နဲ့ခြံနဲ့ထားချင်တယ်။ (၂) ငါလဲ ကိုအိုးကိုအိမ်နဲ့ အေးအေးချမ်းချမ်းနေချင်တယ်။ ဒါကြောက် ငွေရှာမှဖြစ်မယ် ငွေရှိမှလဲ လုပ်ချင်တာကို လုပ်လိုရမှာဖြစ် ငွေကိုရအောင်ရှာရမယ်’’
(မူရင်းစာလုံးပေါင်းအတိုင်းသာ ဖြစ်ပါသည်။)

၂၀၁၃ နိုဝင်ဘာ ၂၄ ရက်က သမီးဖြစ်သူ နှင်းကေခိုင် ရေးသားထားသောစာကို မိခင်ဖြစ်သူ ဒေါ်အေးကြွယ်ဖတ်လိုက်ရသည့်နေ့က သမီးသေဆုံးပြီး ခြောက်ရက်အကြာ ၂၀၁၄ မတ်လ ၄ ရက်နေ့ပင်။

ခုနစ်နှစ်အရွယ်ကတည်းက ကွဲကွာသွားသောသမီးကို ဒေါ်အေးကြွယ်တွေ့လိုက်ရသည်က အသက်(၂၉)နှစ်အရွယ် သမီးငယ်နှင်းကေခိုင် ပြိုကျနေသော အုတ်ပုံကြား သေဆုံးနေသည့်ဓာတ်ပုံသာဖြစ်သည်။

မိခင်ဖြစ်သူဒေါ်အေးကြွယ်နှင့်အတူ နေထိုင်လိုသူ နှင်းကေခိုင်သည် ထိုင်းနိုင်ငံရှိ အီတာလျံထိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအနက် တစ်ဦးဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နှင်းကေခိုင် သေဆုံးရခြင်းဖြစ်သည်။

သဲအိုးထဲက ရေအေးအေး

Photo: သဲအိုးထဲက ရေအေးအေး
----------------
ရေးသားသူ- ညီညီဇော်

တစ်စတစ်စပူပြင်းလာသည့် ရာသီဥတုကြောင့် ရေအေးအေးတစ်ခွက်တော့ဖြင့် တကျိုက်ကျိုက်သောက်ချင်သည့်ဆန္ဒ မကြာခဏပေါ်ပေါက်နိုင်ပါသည်။ ခေတ်ကာလအလျောက် ရေခဲသေတ္တာတို့၊ ရေအေးစက် (၀ါတာကိုလာ)တို့က လက်တစ်ကမ်းမှာ အလွယ်တကူရောက်နေကြပြီမို့ ရေအေးအေးတစ်ခွက် သောက်ရဖို့ အခက်အခဲတော့မရှိနိုင်ပါ။ ထိုကဲ့သို့ နည်းပညာဖြင့် ရေအေးအောင်ပြုလုပ်နိုင်သည့် တန်ဖိုးကြီးပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်သည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းလေးတစ်မျိုးရှိနေပါသည်။ ထိုပစ္စည်းလေးက ရေခဲသေတ္တာတို့၊ ရေအေးစက်တို့လို ရေအေးအေးတစ်ခွက်သောက်ရဖို့အရေး ငွေသိန်းချီသုံးရန်မလိုပါ။ အစိုးမရတတ်သည့် လျှပ်စစ်မီးကိုလည်း မျှော်နေစရာမလိုပါ။ မြန်မာ့ရိုးရာ လက်ဖြစ်သဲအိုးလေးတစ်လုံး ဆောင်ထားရန်သာလိုသည်။

ထိုသဲအိုးထဲမှ ရေအေးအေးလေးကိုသောက်ရဖို့ ဖြတ်သန်းရသည့်လုပ်ငန်းတွေက များလွန်းလှသည်။ ပထမဆုံးအဆင့်အနေဖြင့် ရွှံ့စေးမြေများကို သံတူရွင်းများဖြင့် စတင်တူးယူရသည်ဟု မြေသဲအိုးများထွက်ရှိနေသည့် သမိုင်းဝင်မြင်းခြံခရိုင် ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ ရန္တပိုရွာသည် ဧရာဝတီမြစ်ဘေးတွင်ရှိ၍ မြစ်ရေကျချိန် မြစ်ကမ်းပါးဘေး အလွှာအထပ်ထပ် မြေသားများထဲမှ အလယ်ရွှံ့စေးမြေကို တူးယူကြသည်။ တူးလာသည့်ရွှံ့စေးမြေခဲကြီးများကို အိမ်တွင်အခြောက်လှန်းရသည်။ အခြောက်လှန်းပြီးလျှင် စဥ့်အိုးပြတ်ဖြင့် ရေစိမ်ရသည်။ ရေစိမ်ပြီးရွှံ့စေးမြေများကို သဲဖြင့်တစ်ခါ အချိုးအစားအလိုက် ပြန်နယ်ရသည်။ သဲနယ်တာကိုတော့ များသောအားဖြင့်
အမျိုးသားတွေက ပြုလုပ်ရတာများသည်။ ချွေးဒီးဒီးကျသော အလုပ်ဖြစ်သောကြောင့်ဖြစ်၏။

ပီနံအိတ်ကိုဖြန့်ကာ သဲကိုအောက်ကခင်း၊ အပေါ်ကရွှံ့စေးမြေတင်ကာ ခြေထောက်ဖြင့်နယ်ရခြင်းဖြစ်သည်။ ထိုသဲနယ်သည့်နေရာတွင်တော့ သတိထားရသည်။ သဲများလေအေးလေဆိုပေသိ သဲများသွားလွန်းလျှင်လည်း အိုးက ရေစိမ့်လွန်းအားကြီးသည်။ သဲနည်းသွားလျှင်လည်း မအေးတော့ပြန်။ သတ်မှတ်ထားသည့် အချိုးအစားကတော့ ရွှံ့စေးမြေ ရှစ်ပြည်ဝင်ခွဲဝင်တောင်း ခြောက်တောင်းဆို သဲကသုံးတောင်းဖြစ်သည်။

သဲနယ်ပြီးသား မြေတွေကိုတော့ အိုးပြင်တဲ့နေရာမှာ အိုးထွင်းရသည်။ အိုးထွင်းအပြီး ရလာတဲ့အိုးပုံကြမ်းကို နှစ်နာရီခန့် နေရောင်နုနုပြရသည်။ နေရောင်ပြပြီးအိုးကို အရိပ်ထဲတွင်ထားကာ လေဖြင့်ခြောက်သွေ့စေရသည်။ အရိပ်ထဲတွင်ထားဖို့ အိုးအရေအတွက်များတာမို့ အိုးထားဖို့နေရာမရှိတာကြောင့် အိမ်အပေါ်ထပ်တွင်ပါ သိမ်းရတော့သည်။ ဒါကြောင့် ရန္တပိုရွာကအိမ်တွေရဲ့ အပေါ်ထပ်မှာ အိမ်သားတွေနေဖို့ဝေးစွ။ အိုးတွေက ပြောင်ပြောင်ပင် အိမ်ဦးခန်းမှာနေရာယူထားကြသည်။ ‘‘အိမ်ရဲ့ကောင်းတဲ့နေရာ သူတို့ယူထားတာ။ လူတွေကတော့ ဖြစ်သလို အိမ်အောက်ထပ်ချောင်ကြိုချောင်ကြားထဲပဲ နေလိုက်တာပဲ’’ဟု ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ရယ်မောရင်းပြောပြသည်။

အဲဒီလို လေနဲ့ အနည်းငယ်ခြောက်သွားသည့် အိုးစိမ်းတွေကို တစ်နေ့မှာ ပုံဖော်ရပါသည်။ အဲဒီအဆင့်ကိုတော့ အိုးလောင်းသည်ဟုခေါ်ပါသည်။ အိုးလောင်းပြီး ပန်းဒီဇိုင်းဖော်တာကို အိုးမော်သည်ဟုခေါ်ပြန်သည်။ နောက်ဆုံး အချောသပ်တာကိုတော့ အိုးရှပ်သည်ဟုခေါ်ပြန်သတဲ့။

အိုးစိမ်းအဆင့်ပြီးပြီဆို အိမ်အတွင်းမှာ ပြန်သိမ်းထားရသည်။ မိမိတို့သတ်မှတ်ထားသော အိုးအရေအတွက်ပြည့်ပြီဆိုလျှင် အိုးဖုတ်ရန်အတွက် ပြင်ဆင်ကြပြီဖြစ်သည်။ များသောအားဖြင့် အိုးအလုံးရေနှစ်ထောင်မှ လေးထောင်ကြား ဖုတ်ကြတာများသည်။ အိုးစိမ်းအဆင့်လုပ်ငန်းတွေမှာတော့ မိမိအိမ်မှာရှိတဲ့မိသားစုနဲ့ လုပ်လို့ရပေမယ့် အိုးဖုတ်တဲ့အဆင့်ကတော့ အိမ်ရှိလေးငါးယောက်ဖြင့် လုပ်၍မရတော့ပါ။

ရန္တပိုရွာ၏ အိုးလုပ်ငန်းဓလေ့ကတော့ ရွာအတွင်း အိမ်တစ်အိမ် အိုးဖုတ်တော့မည်ဆိုလျှင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် လာကူရသည်ဟုဆိုပါသည်။ နေ့ခင်းနေရောင်ဖြင့်သာ အိုးဖုတ်ရမည်မို့ နေပူပြင်းသည့်အချိန် မွန်းတည့်ဆယ့်နှစ်နာရီဝန်းကျင်ဆို အိုးဖုတ်မည့်အိမ်တွင် ရွာသူရွာသားတွေဆုံကြပြီ။ အတော်အားကုန်မည့် အလုပ်ပေမို့ များသောအားဖြင့် အမျိုးသားတွေလုပ်ရ၏။ အိုးဖုတ်မည့်အိမ်ဝင်းကွင်းပြင် နေပူပူတွင် ဖုတ်ရမည်ဖြစ်သည်။ ဖုတ်မည့်အိမ်ကွင်းပြင်တွင် သစ်ရွက်ခြောက်များကို အရင်ခင်းရသည်။ သစ်ရွက်ပေါ်မှာတော့ ထင်းတွေထပ်ခင်းရသည်။ ထင်းအပေါ်ကျ အိုးတွေကို ခရုပတ်ခွေပုံစံ အထပ်ထပ်စီရတာဖြစ်သည်။ စီပြီးအိုးတွေပေါ်မှာ ကောက်ရိုးထပ်ခင်း၊ ကောက်ရိုးပေါ်မှာ ရေဆွတ်ထားသောပြာအစို ထပ်တင်၍ ဖုတ်ရတာဖြစ်သည်။ အဲသည်လို လာကူသည့် ရွာသားတွေကို အိုးလုပ်တဲ့အိမ်ရှင်က အခကြေးငွေပေးရန်မလိုပါ။ အိုးဖုတ်တဲ့နေရာနား အရိပ်ကောင်းကောင်းမှာ ဖျာတစ်ချပ်ခင်းပေးပြီး ရေနွေးအိုးတည်ပေးထားသည်။ အဆာပြေမုန့်လက်ဆောင်း၊ လက်ဖက်သုပ်၊ ကြံသကာ၊ မုန့်ဟင်းခါး၊ ထန်းလျက် စသည့်မုန့်တစ်မျိုးမျိုး ကျွေးမွေးတတ်သည်။ ညနေစောင်း အိုးတွေစီပြီး ဖုတ်ထားသည့်အဆင့် ရောက်ပြီဆိုလျှင်တော့ လာကူတဲ့သူတွေ အလုပ်ပြီးပြီမို့ အရက်ကြမ်းလေးများဖြင့် ဧည့်ခံရသည်။

အိုးဖုတ်တာက သုံးညအိပ်လေးရက်လောက်ကြာပြီး အဲဒီလိုရက်တွေဆို အိုးလုပ်သူတွေ ညကောင်းကောင်းမအိပ်ရတော့။ အိုးတွေမီးအရှိန်ကြောင့် မည်းမသွားစေရန် ဂရုစိုက်ရသည်။ တုတ်တစ်ချောင်းဖြင့် လေပေါက်လေးတွေ သွားဖောက်ပေးရသည်။ အိုးဖုတ်တဲ့အချိန် ရာသီဥတုကောင်းရင်တော့ အိုးဖုတ်တဲ့လုပ်ငန်း အထမြောက်အောင်မြင်ပေသိ၊ ရုတ်တရက် မိုးလေကျလာပြီဆိုရင်ဖြင့် အိုးဖုတ်သူတွေ ဒုက္ခရောက်ကြပြီ။ အိုးတွေမှာ တဖြည်းဖြည်းအရည်ပျော်ကာ မြေသို့ပြားပြားဝပ်သွားကြသည်ဟုဆိုသည်။

‘‘တစ်ဖိုဆိုရင် ဆယ်သိန်းကျော်တယ်။ လုပ်အားခတွေအပြင် ထင်းဖိုးတွေ၊ ကောက်ရိုးဖိုးတွေပါ ရှုံးကုန်တာ။ တစ်နှစ်ကဆို ရွာထဲက ငါးဖိုလောက်ကို ပျက်သွားတာ’’ဟု ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဦးကဆိုသည်။

နာဂစ်ဖြစ်တုန်းက မိမိတို့ဒေသထွက်အိုးတွေ သုံးစွဲလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် အပျက်အစီးများခဲ့တာမို့ အိုးတွေ ရောင်းအားကျခဲ့သည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်သူများကပြောသည်။ အဲဒီဒေသကလူတွေက အသက်နဲ့ကိုယ်ပင် အိုးစားကွဲခဲ့ကြချိန်၊ ရေအိုးလေးတစ်လုံးတည်ဖို့တောင် မဖြစ်နိုင်ကြတော့တာမို့ ရန္တပိုရွာထိပင် နာဂစ်ဒဏ်ရိုက်ခတ်တာခံခဲ့ရသည်။

‘‘အဲဒီတုန်းက ရေအိုးတွေ အိမ်ဝင်းထဲ အပြည့်မှောက်ထားရတာ။ ရေညှိတွေတောင် တက်တယ်’’ဟု မခင်မာချိုကပြောပြသည်။

ယခုလို ပူပြင်းစပြုလာသည့် နွေဦးပေါက်ကာလအချိန်အခါမျိုးဆို မြန်မာလူမျိုးဓလေ့ ရေအိုးအသစ်လဲကြပြီ။ မိုးတွင်းနဲ့ တဆောင်းလုံး ဘာသိဘာသာထားခဲ့ကြသည့် မိမိတို့အိမ်အတွင်းက သဲရေအိုးတွေရဲ့အခြေအနေ ဆန်းစစ်ကြပြီ။ မှုန်တေတေဖြစ်လာတာမျိုး၊ သဲကုန်ပြီး မအေးတော့တာမျိုးဆို ရေအိုးအသစ်ဝယ်ဖို့ စဉ်းစားကြပြီ။ မြန်မာလူမျိုးတော်တော်များများ သဲအိုးကို မက်ကြသည်မှာလည်း ဆန်းတော့မဆန်း။ ညဘက်တစ်ရေးနိုးသည့်အချိန်၊ နံနက်ခင်းအိပ်ရာထသည့်အချိန်၊ နေ့ခင်းနေ့လယ်ဘက် အပြင်ကပြန်လာသည့်အချိန်ဆို သဲအိုးလေးထဲက ရေအေးအေးသောက်ရသည်မှာ အရသာရှိလိုက်သည့်ဖြစ်ခြင်း။ မြန်မာလူမျိုးတော်တော်များများကတော့ အအေးဆုံးလဖြစ်တဲ့ ပြာသိုလမှာလုပ်တဲ့ ပြာသိုအိုးကို အမက်မောဆုံးဟု အိုးလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။

အချို့သဲအိုးမက်မောသူများဆို သဲအိုးနှစ်လုံး တစ်ခါတည်းဝယ်သွားသည်။ လေးငါးရက်လောက် စမ်းသောက်ပြီး မအေးဘူးဆို အပိုဝယ်လာသည့်အိုး ချက်ချင်းလဲပစ်သတဲ့။ အချို့တွေကျ ရေအိုးဆိုင်တွေမှာ ၀ယ်ရတာအားမရဘဲ ဖိုအထိလာမှာတတ်သူတွေလည်း ရှိသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ အိုးတစ်လုံးကို သဲများများဖြင့် လုပ်ခိုင်းသည်။ နောက်တစ်လုံးကို ပုံမှန်သဲအိုးတစ်လုံးဝယ်သည်။ သဲများတဲ့အလုံးထဲ ရေထည့်၊ အောက်ကစဥ့်အိုးခံ၊ စဥ့်အိုးထဲကျလာတဲ့ရေကိုမှ နောက်ထပ်သဲအိုးတစ်လုံးထဲ ထပ်ထည့်ကာ သောက်တတ်ကြသူတွေလည်းရှိသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများကပြောပါသည်။

မိမိတို့လုပ်တဲ့အိုးတွေကို မက်မက်မောမောသုံးစွဲကြသည်မို့ အကွဲအနာများ မပါသွားစေရန် ဂရုစိုက်ရသည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။

‘‘ဒီမှာသာ သုံးလေးရာတန်တာ။ သူတို့ဆီရောက်သွားရင် တစ်ထောင်လောက်ဖြစ်ကုန်တာဆိုတော့ အကွဲတွေဘာတွေ ပါသွားမှာစိုးတယ်။ ဒီမှာက တစ်လုံးလောက်ပစ်လိုက်လည်း ဘာမှမဖြစ်ဘူး’’ဟု မခင်မာချိုကဆိုပါသည်။ ရေအိုးလေးကို လှအောင်ပအောင်၊ အေးမြအောင် စိတ်ထဲထားပြီး လုပ်နေရသည့်အတွက် ကုသိုလ်ရသည်ထင်ကြောင်း ရန္တပိုရွာသူများကပြောသည်။

‘‘ပင်ပန်းပေမယ့် ကိုယ့်အလုပ်က အကုသိုလ်အတော်ကင်းတဲ့အလုပ်လို့တွေးပြီး ကြည်နူးရတယ်’’ဟု ရန္တပိုရွာသူတစ်ဦးကပြောပြသည်။

မြန်မာလူမျိုးများ ရေအိုးအေးအေးလေးကို မိမိတို့တစ်အိမ်တည်း သောက်ရရုံတင်အားမရတတ်။ လမ်းပေါ်က လမ်းသွားလမ်းလာတွေပါ သောက်ရအောင် ရေချမ်းစင်ထားတတ်သည့်ဓလေ့ကလည်း ရှိပါသေးသည်။ မိမိတို့အိမ်ရှေ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ရှိပြီဆို ရေအိုးစင်လေး တည်ထားတတ်ကြသည်။ လမ်းသွားလမ်းလာတွေ အားရပါးရသောက်သွားတာမြင်ရင် ပီတိတွေဖြာတတ်ကြသည်။ ရေကုန်လောက်ပြီဆို အပြေးအလွှား သွားဖြည့်တတ်ကြသည်။ ယခုတော့
ထိုဓလေ့က မြို့ပေါ်မှာနည်းသွားလေပြီ။ သို့ပေသိ ကျေးလက်တောရွာမှာတော့ အတန်အသင့်ရှိနေတုန်း။ ခေတ်ကာလပြောင်းလာတော့ အရင်လိုအုန်းမှုတ်ခွက်ကို
အရိုးတပ်တာတွေ သိပ်မတွေ့ရတော့။ ပလတ်စတစ်ခွက်လေးတွေဖြစ်ကုန်သည်။ ရေအိုးစင်တွေကို ရွာအ၀င်တို့၊ တစ်ရွာနဲ့တစ်ရွာအကူး ခရီးတစ်ဝက်လောက်က အရိပ်ကောင်းကောင်း အပင်အောက်မှာတို့တွင် တည်ထားတတ်ကြသည်။

အဲဒီ ရေအိုးစင်တွေ တည်ထားသည့် ရေအိုးစင်အလှူရှင်က ရွာကနေ ဆိုင်ကယ်တစ်စီးဖြင့် ပလတ်စတစ်ပုံးများဖြင့် ထည့်လာသည့်ရေများကို လာလာဖြည့်သွားတတ်ကြသည်။ သောက်ရေခွက်လေးတွေကို ဆေးကြောပေးသွားတတ်ကြသည်။ ထိုရေအိုးစင်လေးတွေက တောသွားတောပြန်တွေ၊ မြို့နှင့်တော ကုန်ကူးနေသူတွေ၏ အိုအေစစ်လေးတွေလို့ ပြောရင်လည်းမမှားနိုင်။‘‘ရေအိုးစင်တည်ဖို့ လာဝယ်တယ်ဆို ရောင်းမနေဘူး။ ပေးပစ်လိုက်ကြတာပဲ’’ဟု အိုးလုပ်ငန်းလုပ်သူ ဦးသိန်းဦးကပြောသည်။

ဒီနှစ် နွေဦးပေါက်မှာတော့ဖြင့် အိုးတွေ ဈေးကောင်းကာ အတော်လေးလုပ်နေရသည်ဟု ရန္တပိုရွာသူများကဆိုသည်။ အရင်နှစ်တွေက အိုးတစ်လုံးနှစ်ရာ့ငါးဆယ်၊ သုံးရာလောက်သာ ပေးရပေမယ့် ဒီနှစ်ကတော့ လေးရာလောက်ရနေသည်ဟုဆိုသည်။

‘‘ခတ်လိုက်ရတာ (အိုးကိုရိုက်ရတာ) လက်မောင်းကိုအောင့်လို့’’ဟု ရန္တပိုရွာသူ အိုးလုပ်ငန်းလုပ်သူ မခင်မာချိုကပြောသည်။ နည်းပညာတွေ မြင့်မားလာတာကြောင့် ရေအေးအေးတစ်ခွက်သောက်ရဖို့ ဘယ်လောက်ပင်လွယ်ကူနေပါစေ။ ခက်ခက်ခဲခဲနှင့်ရလာသည့် သဲအိုးထဲက ရေအေးအေးလေးတွေကိုတော့ဖြင့် မက်မက်မောမော သောက်နေကြသူများကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။

ဓာတ်ပုံ − ညီညီဇော်

ရေးသားသူ- ညီညီဇော်

တစ်စတစ်စပူပြင်းလာသည့် ရာသီဥတုကြောင့် ရေအေးအေးတစ်ခွက်တော့ဖြင့် တကျိုက်ကျိုက်သောက်ချင်သည့်ဆန္ဒ မကြာခဏပေါ်ပေါက်နိုင်ပါသည်။ ခေတ်ကာလအလျောက် ရေခဲသေတ္တာတို့၊ ရေအေးစက် (၀ါတာကိုလာ)တို့က လက်တစ်ကမ်းမှာ အလွယ်တကူရောက်နေကြပြီမို့ ရေအေးအေးတစ်ခွက် သောက်ရဖို့ အခက်အခဲတော့မရှိနိုင်ပါ။ ထိုကဲ့သို့ နည်းပညာဖြင့် ရေအေးအောင်ပြုလုပ်နိုင်သည့် တန်ဖိုးကြီးပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်သည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းလေးတစ်မျိုးရှိနေပါသည်။ ထိုပစ္စည်းလေးက ရေခဲသေတ္တာတို့၊ ရေအေးစက်တို့လို ရေအေးအေးတစ်ခွက်သောက်ရဖို့အရေး ငွေသိန်းချီသုံးရန်မလိုပါ။ အစိုးမရတတ်သည့် လျှပ်စစ်မီးကိုလည်း မျှော်နေစရာမလိုပါ။ မြန်မာ့ရိုးရာ လက်ဖြစ်သဲအိုးလေးတစ်လုံး ဆောင်ထားရန်သာလိုသည်။

ထိုသဲအိုးထဲမှ ရေအေးအေးလေးကိုသောက်ရဖို့ ဖြတ်သန်းရသည့်လုပ်ငန်းတွေက များလွန်းလှသည်။ ပထမဆုံးအဆင့်အနေဖြင့် ရွှံ့စေးမြေများကို သံတူရွင်းများဖြင့် စတင်တူးယူရသည်ဟု မြေသဲအိုးများထွက်ရှိနေသည့် သမိုင်းဝင်မြင်းခြံခရိုင် ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ ရန္တပိုရွာသည် ဧရာဝတီမြစ်ဘေးတွင်ရှိ၍ မြစ်ရေကျချိန် မြစ်ကမ်းပါးဘေး အလွှာအထပ်ထပ် မြေသားများထဲမှ အလယ်ရွှံ့စေးမြေကို တူးယူကြသည်။ တူးလာသည့်ရွှံ့စေးမြေခဲကြီးများကို အိမ်တွင်အခြောက်လှန်းရသည်။ အခြောက်လှန်းပြီးလျှင် စဥ့်အိုးပြတ်ဖြင့် ရေစိမ်ရသည်။ ရေစိမ်ပြီးရွှံ့စေးမြေများကို သဲဖြင့်တစ်ခါ အချိုးအစားအလိုက် ပြန်နယ်ရသည်။ သဲနယ်တာကိုတော့ များသောအားဖြင့်
အမျိုးသားတွေက ပြုလုပ်ရတာများသည်။ ချွေးဒီးဒီးကျသော အလုပ်ဖြစ်သောကြောင့်ဖြစ်၏။

မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရလက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က သမ္မတဦးသိန်းစိန်ထံ စာပို့

Photo: မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရလက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က သမ္မတဦးသိန်းစိန်ထံ စာပို့

မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရလက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က သမ္မတဦးသိန်းစိန်ထံ စာပို့ပြီး ပြောကြားလိုက်သည်။

မတ် ၁၇ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သော ထိုစာတွင် CPJ ၏ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က လက်မှတ်ရေးထိုးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း၊ ယူနတီ သတင်းဂျာနယ်မှ သတင်းထောက်များ ထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရခြင်းတို့အပေါ် CPJ ၏ စိုးရိမ်မှုများအား ပြောကြားသည်။

အဆိုပါပေးစာ ပထမပိုဒ်တွင် လွှတ်တော်၌ အတည်ပြုထားသော မီဒီယာဥပဒေကြမ်းများကို ပြန်လည်ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်းနှင့် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် အစိုးရ အာဏာပိုင်များ အနေဖြင့် ဆင်ဆာဖြတ်တောက်မှု လုပ်ခွင့်ပေးထားသည့်အပြင် သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ရရှိခဲ့သော ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးအချို့ နောက်ကြောင်းပြန်လှည့်စေရန် ခြိမ်းခြောက်နေသည်ဟု CPJ က ဆိုသည်။

“သတင်းသမားများ၏ စိတ်ဆန္ဒ ပါဝင်ခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ မူကြမ်းရေးဆွဲခဲ့သော ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေသည် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ၏ စောင့်ကြည့်ကြီးကြပ်မှုမှ ကင်းလွတ်စေရန် ကဏ္ဍများစွာတွင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ဥပဒေတွင် ‘ဘာသာရေးကို စော်ကားသော’၊ ‘တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သော’၊ ‘မငြိမ်သက်မှုများ ဖြစ်ပေါ်စေသော’၊ ‘အခြေခံဥပဒေကို ချိုးဖောက်သော’ (သို့မဟုတ်) ‘တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိပါးနှောင့်ယှက်သော’ အကြောင်းအရာများ ထုတ်ဝေခြင်းကို ကျယ်ကျယ်ပြန့်ပြန့် တားဆီးပိတ်ပင်ထားပေသည်” ဟု CPJ ပေးစာ၌ ရေးသားခဲ့သည်။

ထို့ပြင် ဥပဒေအရ အသစ်ခန့်အပ်သော မှတ်ပုံတင်အရာရှိသည် စာနယ်ဇင်းများကို ထုတ်ဝေခွင့်ချထားပေးခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်းအပေါ် အထူးသြဇာအာဏာ ရရှိမည်ဖြစ်ပြီး CPJ ၏ လေ့လာချက်စစ်တမ်းများအရ ထိုကဲ့သို့ သြဇာအာဏာ ရှိသူများသည် အခြားနိုင်ငံများတွင် ၎င်းတို့၏အာဏာကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အလွဲသုံးစားပြုမှုများ ရှိခဲ့ကြောင်း၊ စာနယ်ဇင်းများမှ ထုတ်ဝေခွင့် အချိန်မရွေး ပြန်လည်ရုပ်သိမ်းခံရနိုင်ခြင်းကြောင့် အကဲဆတ်လွယ်သော အကြောင်းအရာများ ရေးသားရာတွင် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ် ဆင်ဆာဖြတ်တောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဆက်လက်ရေးသားခဲ့သည်။

ထိုအချက်များသည် သမ္မတ၏ မိန့်ခွန်းတွင်ပါဝင်သော စာနယ်ဇင်းများကို စတုတ္ထမဏ္ဍိုင်အဖြစ် လုပ်ဆောင်စေမည်ဟူသော ကြွေးကြော်ချက်နှင့် ဆန့်ကျင်နေပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည်လည်း သမ္မတ၏ ကတိက၀တ်နှင့် ဆန့်ကျင်နေသည်ဟု CPJ ကဆိုသည်။

“အကောင်းဆုံး ဥပမာတစ်ခုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ လျှို့ဝှက်လက်နက်စက်ရုံအကြောင်း သတင်းရေးသားမှုကြောင့် ယူနတီအပတ်စဉ် သတင်းဂျာနယ်မှ သတင်းထောက်လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။ ထိုကဲ့သို့ ကျယ်ပြန့်ပြီး သေချာစွာ ရှင်းလင်းထားခြင်းမရှိသော ဥပဒေအရ အပြစ်ရှိကြောင်း ထွက်ပေါ်လာပါက ၎င်းတို့အနေဖြင့် တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ် ကျခံရဖွယ်ရှိနေသည်။

သမ္မတကြီး၏ အစိုးရအနေဖြင့် နိုင်ငံခြား သတင်းဌာနများ၏ သတင်းတင်ပြမှုများကိုလည်း လျှော့ချရန် ကြိုးပမ်းချက်အနေဖြင့် နိုင်ငံခြား သတင်းသမားများ၏ ဗီဇာသက်တမ်း လျှော့ချခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းကဲ့သို့သော လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့သည်” ဟု ပေးစာတွင် ရေးသားခဲ့သည်။

ထိုလုပ်ရပ်များသည် သမ္မတအနေဖြင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်အစိုးရ လက်ထက်က စာနယ်ဇင်းများအပေါ် ဖိနှိပ်ခဲ့မှုများနှင့် ဆင်တူနေသည်ဟု ၎င်းတို့က ဆက်လက်ရေးသားသည်။

“သမ္မတကြီး၏ အစိုးရအနေဖြင့် ရရှိခဲ့သော ပြုပြင်ပြောင်းလဲမှုများအပေါ် ယုံကြည်မှု ပြန်လည်ရရှိစေရန်အတွက် သမ္မတကြီး၏ အတည်ပြုချက် စောင့်ဆိုင်းနေသော မီဒီယာဥပဒေကို စွန့်ပယ်ရန်နှင့် သတင်းသမားများကို နှောင့်ယှက်သော၊ ခြိမ်းခြောက်သော၊ ထောင်ဒဏ်ချမှတ်နိုင်သော အခြားဥပဒေများကို ဖျက်သိမ်းပေးနိုင်ပါသည်” ဟု CPJ က ရေးသားခဲ့ပြီး သမ္မတထံမှ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ရေးသားခဲ့သည်။

CPJ က သမ္မတဦးသိန်းစိန်ထံသို့ မတ် ၁၇ ရက် နေ့စွဲဖြင့် ပေးစာရေးသား ပေးပို့ခဲ့သော်လည်း ပေးစာတွင် ပယ်ဖျက်ရန် တိုက်တွန်းခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို သမ္မတက လက်မှတ်ထိုးပြီး ပြဋ္ဌာန်းလိုက်ခြင်းကို မတ် ၁၉ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

CPJ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့်စာကို တွေ့ရစဉ်
CPJ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့်စာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရလက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က သမ္မတဦးသိန်းစိန်ထံ စာပို့ပြီး ပြောကြားလိုက်သည်။

မတ် ၁၇ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သော ထိုစာတွင် CPJ ၏ အမှုဆောင်ညွှန်ကြားရေးမှူး Joel Simon က လက်မှတ်ရေးထိုးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း၊ ယူနတီ သတင်းဂျာနယ်မှ သတင်းထောက်များ ထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရခြင်းတို့အပေါ် CPJ ၏ စိုးရိမ်မှုများအား ပြောကြားသည်။

အဆိုပါပေးစာ ပထမပိုဒ်တွင် လွှတ်တော်၌ အတည်ပြုထားသော မီဒီယာဥပဒေကြမ်းများကို ပြန်လည်ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်းနှင့် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။

လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်မှ ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေ၏ အစီအစဉ်ဖြင့်Elite ကား ငါးစီးဖြင့် လူဦးရေ ၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ ကော့မှူးမြို့နယ်က မြို့နယ်သူမြို့နယ်သားအားလုံး ကျွန်မတတ်နိုင်သမျှ ကော့မှူးအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာ လက်ခံတယ်။ ဦးခင်ရွှေလည်း လက်ခံမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ကျွန်မတို့ တတ်နိုင်သမျှ ကျွန်မတို့ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့မြို့နယ်က တိုးတက်မှာ ဖွံ့ဖြိုးမှာ။ ကျွန်မတို့မြို့နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဘ၀က ပိုပြီးတော့ ချမ်းသာမှာ အဲဒီတော့မြို့နယ်က ပုဂ္ဂိုလ်တွေကလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီလိုလုပ်နိုင်တဲ့ အခွင့်အရေးရတာ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီကို စပြီးတော့ကျင့်သုံးတာ။ အဲဒီတော့ ဒီမိုကရေစီကို စပြီးကျင့်သုံးလာလို့ ကျွန်မတို့ ပူးပေါင်းပြီးတော့ ဒီမြို့နယ် တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကိုရတာ။
အဲဒါကြောင့်မို့ ဒီမိုကရေစီက ရတဲ့အခွင့်အရေးတွေကို သုံးရုံတင်မရဘူး။ ကိုယ်ကလည်း ပြန်ပြီးတော့ ကိုယ့်တာဝန်အရ ကူညီရမယ်၊ မစရမယ်။ နောက်ဆုံးကျတော့ ဒီမိုကရေစီနိုင်ငံမှာဆိုရင် ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ်တာဝန်ယူရမယ်။ နောက်ဆုံးကိုယ်ပဲ တာဝန်ယူရမယ်၊ ကိုယ်ရွေးလိုက်တဲ့သူကိုလည်း ကိုယ်ရွေးလိုက်ခြင်းအားဖြင့် တာဝန်ပေးတာပဲ။ ကိုယ့်ရွေးတဲ့သူကို ဘယ်လိုလူမျိုး ရွေးတယ် ဆိုတာ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ရွေးပြီးမှ မကြိုက်ပါဘူးလို့ ပြောနေလို့ရှိရင် ဒါလည်းပြောပိုင်ခွင့်ရှိပါတယ်။ ရွေးတာတော့ မှားမှာပေါ့။ နောက်တစ်ခါ မမှားစေနဲ့ပေါ့။ ဒီလိုပဲ လုပ်ရမှာပေါ့။ အဲဒီတော့ ညီညီညွတ်ညွတ် ရှိရမယ်။ ဟိုဘက်က နိုင်လို့နိုင်တဲ့သူကို ချော်လဲအောင်လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ်တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာသိက္ခာရှိတဲ့ နိုင်ငံရေးမဟုတ်ဘူး။
သိက္ခာရှိတဲ့ နိုင်ငံရေးမလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်းတစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။
ကျွန်မနဲ့ ဦးခင်ရွှေက သဘောတူတယ်။ ကျွန်မဆုံးဖြတ်မယ်။ ဦးခင်ရွှေက ပိုက်ဆံပို့။ ဒါတစ်ယောက်နဲ့ တစ်ယောက်ငြင်းစရာအကြောင်း မဟုတ်ဘူး။ အဓိက ကတော့ ကျွန်မတို့ ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့ရဲ့မြို့နယ်အတွက် အကျိုးဖြစ်စေရမယ်။ အဲဒီလို အကျိုးဖြစ်မယ်ဆိုရင် ကျွန်မတို့လုပ်တာမှန်ပြီလို့ သတ်မှတ်ရမယ်။ ဒီတော့ ကျွန်မတို့မြို့နယ်ထဲက ကျွန်မတို့ပြည်သူပြည်သားတွေကလည်း ဒီလိုပဲ စိတ်ထားရမယ်။ သူက ဘယ်ပါတီက ငါက ဘယ်ပါတီက ဒီလိုခွဲခြားမှုကတော့ အတိုင်းအတာတစ်ခုထိတော့ ရှိမှာပေါ့။ ရှိနိုင်တယ်။ ဒါကိုယ့်ရဲ့နိုင်ငံရေးယုံကြည်ချက်အရ ဒါပေမဲ့ မြို့နယ်တိုးတက်ရေးအတွက်တော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ နောက်ပြီးတော့ မိတ်ဖြစ်ဆွေဖြစ်နေကြပါ။ တကယ်ရင့်ကျက်တဲ့ နိုင်ငံကြီးတွေမှာဆိုရင် ရွေးကောက်ပွဲမှာ အကြိတ်အနယ်ပြိုင်ဆိုင်၊ ပြီးတော့ မိတ်ဆွေလိုပဲ နေတာပဲ။ ဘာမှ မိတ်ပျက်တာတွေ မရှိ ဘူး။ အဲဒီတော့ ကျွန်မတို့ ကော့မှူးကို စံပြမြို့နယ်တစ်ခု ဖြစ်စေချင်တယ်”ဟု ဆိုသည်။

ထို့အပြင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အဓိကကျကြောင်းလည်း ထည့်သွင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှာ ခေါင်းဆောင်ပိုင်း အချင်းချင်းသင့်မြတ်မှု ရှိနေသည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ် ၆ ရက်က မီဒီယာများကို ပြောကြားထားသည်။

မတ် ၁၉ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
မတ် ၁၉ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။

လွှတ်တော်သို့ လာရောက်လေ့လာသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်မှ ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေ၏ အစီအစဉ်ဖြင့်Elite ကား ငါးစီးဖြင့် လူဦးရေ ၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ ကော့မှူးမြို့နယ်က မြို့နယ်သူမြို့နယ်သားအားလုံး ကျွန်မတတ်နိုင်သမျှ ကော့မှူးအတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာ လက်ခံတယ်။ ဦးခင်ရွှေလည်း လက်ခံမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ကျွန်မတို့ တတ်နိုင်သမျှ ကျွန်မတို့ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့မြို့နယ်က တိုးတက်မှာ ဖွံ့ဖြိုးမှာ။ ကျွန်မတို့မြို့နယ်မှာရှိတဲ့ ပြည်သူ ပြည်သားတွေရဲ့ ဘ၀က ပိုပြီးတော့ ချမ်းသာမှာ အဲဒီတော့မြို့နယ်က ပုဂ္ဂိုလ်တွေကလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီလိုလုပ်နိုင်တဲ့ အခွင့်အရေးရတာ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီကို စပြီးတော့ကျင့်သုံးတာ။ အဲဒီတော့ ဒီမိုကရေစီကို စပြီးကျင့်သုံးလာလို့ ကျွန်မတို့ ပူးပေါင်းပြီးတော့ ဒီမြို့နယ် တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကိုရတာ။

မလေးရှား ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်မှ ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်လေဆိပ်သို့ ခေတ္တဆင်းသက်

မတ် ၁၈ ရက်က မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ပျံသန်းစဉ် ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေတ္တဆင်းသက်ခဲ့ရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ဒါကာမြို့သို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ် ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်သည် မတ် ၁၈ ရက်က မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းစဉ် ည ၉ နာရီ ၅၃ မိနစ်အချိန်တွင် လေယာဉ်ပေါ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခရီးသည်တစ်ဦး အရေးပေါ် ဆေးကုသမှုလိုအပ်၍ လေကြောင်းထိန်း မျှော်စင်သို့ အကြောင်းကြားပြီး ရန်ကုန်လေဆိပ်၌ ဆင်းသက်ရန် တောင်းဆိုခဲ့သည်။

“ခရီးသည်တင်လေယာဉ်က ထားဝယ်မြို့အနားကို ဖြတ်သန်းနေတဲ့အချိန်မှာ သူတို့လေယာဉ်ပေါ်မှာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ လူနာတစ်ဦးပါလာလို့ ရန်ကုန်လေဆိပ်မှာ ဆင်းသက်ဖို့ ခွင့်တောင်းပါတယ်။ ဒါကြောင့်မို့ လေကြောင်းဦးစီးဌာနက ခွင့်ပြုပေးခဲ့ပြီး ရန်ကုန်လေဆိပ်မှာ လေယာဉ်ကိုဆင်းစေပြီး ကူညီမှုတွေ ပေးခဲ့တယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက မတ် ၁၉ ရက်က ဆိုသည်။

နေ့စဉ် ဘုရားဖူးသိန်းနှင့်ချီ လာရောက်လေ့ရှိသော ရွှေစက်တော် ပွဲတော်အတွင်း မီးလောင်မှုဖြစ်ပွားပြီး တဲကျောင်းအတွဲ ငါးတွဲနှင့် လုံးချင်းတည်းခိုဆောင်များ အပါအ၀င် အဆောက်အအုံ ၁၄ လုံးပျက်စီးဆုံးရှုံး

Photo: နေ့စဉ် ဘုရားဖူးသိန်းနှင့်ချီ လာရောက်လေ့ရှိသော ရွှေစက်တော် ပွဲတော်အတွင်း မီးလောင်မှုဖြစ်ပွားပြီး တဲကျောင်းအတွဲ ငါးတွဲနှင့် လုံးချင်းတည်းခိုဆောင်များ အပါအ၀င် အဆောက်အအုံ ၁၄ လုံးပျက်စီးဆုံးရှုံး

နေ့စဉ် ဘုရားဖူးဦးရေသိန်းနှင့်ချီ လာရောက်လေ့ရှိသော မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ပွဲတော်အတွင်း မတ် ၁၉ ရက် နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တည်းခိုဆောင်ပေါင်း ၁၆ လုံးရှိသည့် နမ္မဒါအဆင့်မြင့် ဧည့်ရိပ်သာဝင်းရှိ တဲကျောင်းအတွဲ ငါးတွဲနှင့် လုံးချင်းတည်းခိုဆောင်များ အပါအ၀င် အဆောက်အအုံ ၁၄ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များနှင့် မကွေးတိုင်း မီးသတ်ဦးစီးဌာန အတည်ပြုချက်များအရ သိရသည်။

အဆိုပါတည်းခိုဆောင်၌ ပျဉ်းမနားမြို့မှ လာရောက်တည်းခိုနေသော ဦးဇော်မင်းသိန်း၏ အဆောင် ၅၊ အခန်းအမှတ် ၆ အတွင်း ခြင်ဆေးခွေမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သက်ဆိုင်ရာဌာနများမှ အတည်ပြုထားသော်လည်း ကာယကံရှင်မိသားစုက ၎င်းတို့အခန်းမှ စတင်လောင်ကျွမ်းခြင်း မဟုတ်ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ကားသံတွေဆူညံနေပြီး ခရာမှုတ်သံတွေကြားလို့ ချောင်းရေလျှံလာတာလားဆို ထကြည့်မိတော့ မီးတောက်ကြီးတွေ မြင်ခဲ့တယ် အဲဒီအချိန်ထိ ဂေါပကအဖွဲ့က တောမီးလောင်တာပါလို့ အသံချဲ့စက်နဲ့ အော်နေတယ်။ မီးတောက်တွေဆီ သွားကြည့်တော့ နမ္မဒါကွင်းထဲ မန်းချောင်းတောင်ဘက်က စလောင်တဲ့မီးက ချောင်းတစ်ဖက်ကိုကျော်ကူး လောင်နေတယ် ပြီးတော့သန့်စင်ခန်းတွေပါ ကူးကုန်တယ်။ နမ္မဒါကွင်းက ဂေါပကအဖွဲ့က တိုက်ရိုက်ကိုင်တဲ့ တဲကျောင်းတွေပါ၊ ကံကောင်းတာက ပုဂ္ဂလိကပိုင် အခန်းတွေဘက် မကူးလို့ဘဲ ကူးလာရင်တော့ အကုန်ပါမှာ” ဟု ရွှေစက်တော်ပွဲတော်တွင်း နှစ်စဉ်လာရောက်သည့် အမှတ်တရပစ္စည်းဆိုင်ရှင် တစ်ဦးကဆိုသည်။

မီးလောင်မှုနှင့် ပတ်သက်၍ နမ္မဒါအဆင့်မြင့် ဧည့်ရိပ်သာတာဝန်ခံ ဦးသန်းဋ္ဌေးအောင်က “မီး မီးဆိုတော့ ကားတွေအရင်ထွက်နိုင်အောင် လုပ်ခဲ့ရတယ်။ စလောင်တဲ့နားက အခန်းမှာ အသက် ၈၀ ကျော် ဘိုးဘွားတွေရှိလို့ သူတို့ကို အရင်ထုတ်ရတယ် ကလေးတွေကိုလည်း ဦးစားပေး ထွက်ခိုင်းရတယ်။ အရင်ရက်ကလို ကားတွေထွက်မရအောင် ကျပ်နေရင်တော့ အကုန်လောင်ကုန်တော့မှာပါ။ လူတွေဘာမှမဖြစ်တာရောကြောင့် အရမ်းကံကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုသို့ ရွှေစက်တော်ပွဲတော်တွင်း မီးသတ်ဌာနနှင့် မကွေး၊ မင်းဘူး၊ လယ်ကိုင်း၊ ငဖဲမြို့များမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်ရှစ်စီး မီးသတ်အင်အား ၇၀ ခန့် အပါအ၀င် ပွဲတော်ဝန်းအတွင်း နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ နံနက် ၃ နာရီတွင် မီးလုံးဝငြိမ်းခဲ့ကြောင်း၊ မီးလောင်မှု စတင်သည်ဟု ယူဆရသည့် အခန်းတွင် တည်းခိုနေခဲ့သူ ဦးဇော်မင်းသိန်းအား စကုရဲစခန်းမှ (ပ)၂၅/၂၀၁၄၊ ဥပဒေပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲအတွင်း မီးလောင်မှုဖြစ်ပွားပြီးနောက် အပျက်အစီးများအား ရှင်းလင်းနေစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

နေ့စဉ် ဘုရားဖူးဦးရေသိန်းနှင့်ချီ လာရောက်လေ့ရှိသော မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ပွဲတော်အတွင်း မတ် ၁၉ ရက် နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တည်းခိုဆောင်ပေါင်း ၁၆ လုံးရှိသည့် နမ္မဒါအဆင့်မြင့် ဧည့်ရိပ်သာဝင်းရှိ တဲကျောင်းအတွဲ ငါးတွဲနှင့် လုံးချင်းတည်းခိုဆောင်များ အပါအ၀င် အဆောက်အအုံ ၁၄ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များနှင့် မကွေးတိုင်း မီးသတ်ဦးစီးဌာန အတည်ပြုချက်များအရ သိရသည်။

အဆိုပါတည်းခိုဆောင်၌ ပျဉ်းမနားမြို့မှ လာရောက်တည်းခိုနေသော ဦးဇော်မင်းသိန်း၏ အဆောင် ၅၊ အခန်းအမှတ် ၆ အတွင်း ခြင်ဆေးခွေမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သက်ဆိုင်ရာဌာနများမှ အတည်ပြုထားသော်လည်း ကာယကံရှင်မိသားစုက ၎င်းတို့အခန်းမှ စတင်လောင်ကျွမ်းခြင်း မဟုတ်ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis