menu

Thursday 13 February 2014

အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံးကြီး ဖားကန့် ဝှေခါရွာအနီး တွေ့ရှိ


ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာနတ်ကြီးစင် အဟောင်းအောက်မော်သောင်းကျေးရွာ အဆင်းလမ်းတွင် အရွယ်အစား အလွန်ကြီး မားသောကျောက်စိမ်း အရိုင်းတုံးကြီး တစ်တုံးတွေ့ရှိကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အကြောင်းကြားခဲ့သည်။

ဖားကန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် အဖွဲ့များသွားရောက်ကြည့်ရှုရာ ဝှေခါကျေးရွာရတနာကြယ်ကုမ္ပဏီ၊ တစ်သုံးလုံးကုမ္ပဏီ၊ ဧရာရတနာကုမ္ပဏီလုပ်ကွက်များနှင့် မျက်နှာ ချင်းဆိုင် ပေ ၁၅၀၀ ခန့်အကွာတွင် အရွယ်အစားပေ ၂၀ ပတ်လည်ခန့် ကျောက်စိမ်းအရည်အသွေး(ပဲရည်/ပဲသား)ခန့်မှန်း အလေးချိန် (၁၅)တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရှိခဲ့သဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အထူးကြပ်မတ်စောင့်ကြပ်လျက်ရှိသည်။

ဒဏ္ဍာရီ(ပျဉ်းမနား)
စံတော်ချိန် နေ့စဉ်သတင်းစာ

ဆေးထိုးမှား၍ သေဆုံးရသည် စွပ်စွဲပြီး အထူးကုဆေးရုံ ဆရာဝန်ကို အမှုဖွင့်


ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်မြို့နယ်တွင် ဆေးထိုးမှား၍ လူတစ်ဦးသေဆုံးရသည်ဟု စွပ်စွဲပြီး အထူးကုဆေးရုံမှ ဆရာဝန်ကို အမှုဖွင့်တိုင်တန်းထားသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုကို ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ ပြည်တော်သာလမ်းတွင် နေထိုင်သည့် သေဆုံးသူ၏ ဇနီးတော်စပ်သူက အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းဖြစ်စဉ်တွင် ဆေးထိုးမှားခြင်း လုံးဝမရှိခဲ့ဘဲ လူနာ၏ နှလုံးရောဂါ အခံကြောင့်သာ အမောဖောက်ပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားရခြင်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂလိကဆေးရုံမှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာစိန်ဌေးက မဇ္ဈိမကို ပြောကြားခဲ့သည်။

အမှုမှာ ဇန်နဝါရီလ ၂၅ ရက် ည၁၀နာရီအချိန်က ခင်ပွန်းဖြစ်သူသည် ရင်ခါင်းပူ၍ ဗိုက်အောင့်သဖြင့် ကိုယ်တိုင်ကားမောင်းပြီး အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်ရှိ အထူးကုဆေးရုံသို့ သွားရောက်ပြသခဲ့သည်ဟု တရားလိုက ရဲထံတွင် ပြောပြထားသည်။

မိခင်နှင့်အစ်မတို့ရန်ဖြစ်စဉ် ၀င်ရောက် သတ်ပုတ်သည့်မောင်ကို အစ်မဖြစ်သူမှ ဓါးဖြင့်ထိုး၍ သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

၁၂.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွန်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၂၁၀၀ အချိန်ခန့်က မိခင်ဖြစ်သူဒေါ်ထွေးကြည်နှင့် သမီးဖြစ်သူမတင်မာညိုတို့ (၂)ဦးမှာ စကားများရန်ဖြစ်ကြကြောင်း၊ ထိုစဉ် မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းက မိခင်နှင့်ရန်ဖြစ်နေသည့် အစ်မဖြစ်သူမတင်မာညိုကို ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊  ထိုသို့ သတ်ပုတ်ခဲ့၍ အစ်မဖြစ်သူ မတင်မာညိုက အနီးရှိထရံ၌ ထိုးထားသော အရိုးအသွား(၁၀)လက်မခန့်ရှိ ဓါးမြှောင်ဖြင့် မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းကို ထိုးခဲ့သဖြင့် ကိုမျိုးမင်းထွန်းတွင် ၀ဲရင်အုံအောက်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ ပါသည်။

၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း


ရန်ကုန်၊ မဇ္ဈိမ။ ။ ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေသည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

အဆိုပါ တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည် (၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး တရားမဝင်သင်္ဘော လိုင်းများဖြင့် ချိတ်ဆက်၍ သင်္ဘောသားများထံမှ ငွေကြေးရယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ ရုံးခန်းရှိရာ ကျောက်တံတားမြို့နယ်၊ (၆)ရပ်ကွက်၊ (၃၈)လမ်း၊ အမှတ် (၉၀)သို့ ဦးစီးအရာရှိ ဦးခင်ဇော်နှင့် အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တောင်ငူ ဗဟိုဈေးကြီး မီးလောင် ၈၀ရာခိုင်းနှုန်းခန့် လောင်ကျွမ်းမှုဖြစ်




ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆နာရီအချိန်တွင် တောင်ငူမြို့ ၆လမ်း ဗဟိုဈေးကြီး အလယ်ပေါက် အနီးမှ စတင်လောင်ကျွမ်းခန့်ပြီး လောင်ကျွမ်းမှု အချိန်မြင့်မားသောကြောင့် မီးသတ်တပ်ဖွဲ့များ ခက်ခဲစွာ ငြိမ်းသတ်နေရသည်။

မီးလောင်ကျွမ်းမှုကို လက်ရှိ အခြေအနေထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးသောလည်း တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့များဖြစ်သည့် အုတ်တွင်း၊ ကျွဲပွဲ၊ ရေတာရှည်၊ ရေနီ၊ ဖြူး၊ဆွာတို့မှ မီးသတ်ယာဉ်များ လာရောက် ငြိမ်းသတ်လျှက်ရှိသည်။

ချစ်သူများနေ့တွင် အမျိုးသမီးများ အတူတွေ့ချင်ဆုံး အမျိုးသားအဖြစ် ဒေးဗစ်ဘက်ခမ်း သတ်မှတ်ခံရ

Photo: ချစ်သူများနေ့တွင် အမျိုးသမီးများ အတူတွေ့ချင်ဆုံး အမျိုးသားအဖြစ် ဒေးဗစ်ဘက်ခမ်း သတ်မှတ်ခံရ

လန်ဒန်၊ ဖေဖော်ဝါရီ ၁၂

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော် အမျိုးသား သရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး ချစ်သူများနေ့မှာ အမျိုးသမီးတွေ ချိန်းအတွေ့ချင်ဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဗယ်လင်တိုင်းနေ့ (ချစ်သူများနေ့) မှာ တစ်နေကုန် အတူလျှောက်လည်ပြီး ညစာ အတူစားဖို့အတွက် နာမည်ကျော် အမျိုးသားတွေထဲက ဘယ်သူ့ကို ရွေးချယ်ချင်လဲဆိုပြီး  အရွယ်ရောက်ပြီးသား ဗြိတိသျှ အမျိုးသမီးတွေကို ဆန္ဒမဲ ပေးစေခဲ့ရာမှာ ဒေးဗစ်ဘက်ခမ်းက ဆန္ဒမဲ ၁၈ ရာခိုင်နှုန်းရရှိပြီး ဗြိတိသျှ အမျိုးသမီးတွေရဲ့ အိပ်မက်ထဲက ချစ်သူအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ နောက်မှာတော့ ဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဘရက်ဒလေကူးပါးက ဆန္ဒမဲ ၁၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ရိုင်ယန်ဂိုးစလင်းက ဆန္ဒမဲ ၁၃ ရာခိုင်နှုန်းနဲ့ တတိယနေရာတို့မှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

ဗြိတိသျှ အမျိုးသားတွေ ဗယ်လင်တိုင်းနေ့မှာ ချိန်းအတွေ့ချင်ဆုံး အမျိုးသမီးဘွဲ့ကိုတော့ ရုပ်သံ အစီအစဉ် တင်ဆက်သူ ဟိုလီဝီလော့ဘီက နာမည်ကျော် အမျိုးသမီး သရုပ်ဆောင်တွေဖြစ်တဲ့ မီဂန်ဖောက်စ်၊ ကယ်လီဘရွတ်ခ်နဲ့ ဂျနီဖာ လောရင့်စ်တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူး သွားခဲ့ပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ ဗယ်လင်တိုင်းနေ့အတွက် ဗြိတိသျှ အမျိုးသား၊ အမျိုးသမီးတွေရဲ့ အိပ်မက်ထဲက ချစ်သူကို သိရှိနိုင်ဖို့ ကောက်ယူခဲ့တဲ့ အဆိုပါ စစ်တမ်းကို OnePoll လို့ အမည်ရတဲ့ ဈေးကွက် သုတေသန ကုမ္ပဏီက ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်၊ ဖေဖော်ဝါရီ ၁၂

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော် အမျိုးသား သရုပ်ဆောင်တွေကို ကျော်ဖြတ်ပြီး ချစ်သူများနေ့မှာ အမျိုးသမီးတွေ ချိန်းအတွေ့ချင်ဆုံး အမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဗယ်လင်တိုင်းနေ့ (ချစ်သူများနေ့) မှာ တစ်နေကုန် အတူလျှောက်လည်ပြီး ညစာ အတူစားဖို့အတွက် နာမည်ကျော် အမျိုးသားတွေထဲက ဘယ်သူ့ကို ရွေးချယ်ချင်လဲဆိုပြီး အရွယ်ရောက်ပြီးသား ဗြိတိသျှ အမျိုးသမီးတွေကို ဆန္ဒမဲ ပေးစေခဲ့ရာမှာ ဒေးဗစ်ဘက်ခမ်းက ဆန္ဒမဲ ၁၈ ရာခိုင်နှုန်းရရှိပြီး ဗြိတိသျှ အမျိုးသမီးတွေရဲ့ အိပ်မက်ထဲက ချစ်သူအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ နောက်မှာတော့ ဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဘရက်ဒလေကူးပါးက ဆန္ဒမဲ ၁၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ရိုင်ယန်ဂိုးစလင်းက ဆန္ဒမဲ ၁၃ ရာခိုင်နှုန်းနဲ့ တတိယနေရာတို့မှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

ဇူကာဘတ်ကို Facebook မှာ ဘလော့လို့ မရ


Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့်ကို Block လုပ်လို့ မရပါဘူး။

သေချာအောင် သတင်းဖတ်သူတို့ https://www.facebook.com/zuck မှာ ဝင်ရောက် စမ်းသပ်နိုင်ပါတယ်။ ပေါ်လာတဲ့ စာကတော့ overload ဖြစ်နေလို့ Block လို့ မရကြောင်း ရေးထားခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Block နေလို့တော့ မဟုတ်ပါဘူး။ လှည့်ကွက်နဲ့ ပိတ်ဆို့ထားခြင်းသာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဇူကာဘတ်ကို ဘယ်သူမှ ဘလော့လို့ မရ ပါဘူး။

ဇူကာဘတ်ရဲ့  နောက်တစ်ခု ထူးခြားချက်က နေ့စဉ် နေ့တိုင်း နီးပါး အညိုရောင် Facebook တီရှပ်ကိုသာ ဝတ်ဆင်လေ့ ရှိပါတယ်။ အဲ့ဒါကို လည်း ကိုယ်တိုင် ရှာဖွေ ကြည့်နိုင် ပါတယ်။ ပွဲတက်ဝတ်ဆုံနဲ့ အနက်ရောင် အနွေးထည်က လွဲလို့ သူဟာ အညိုရောင်ကိုသာ စွဲစွဲ လမ်းလမ်း ဝတ်လေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

နံရံပေါ်မှ မျက်လုံးများ

Written by  ကျော်ဦးနိုင်

ပြောလေ့ပြောထ ရှိသည်မှာ နံရံများတွင် နားတွေရှိသည် ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် နံရံများပေါ်တွင် မျက်လုံးများ တပ်ဆင်လာကြပြီ ဖြစ်သည်။
(က)
ဂျင်းဘောင်းဘီနှင့် အင်္ကျီဖြူနီ ကွက်ကျား ဝတ်ဆင်ထားသည့် အသက် ၂၀ ကျော် အမျိုးသား တစ်ဦးသည် ဖုန်းဆိုင် တစ်ခုအတွင်း မိုဘိုင်းလ်ဖုန်းများကို အကြိမ်ကြိမ်အခါခါ မေးမြန်းစမ်းသပ်ရင်း အရောင်းကောင်တာမှ ငါးပေခန့်သာ ကွာဝေးသည့် ထိုင်ခုံမှ အရောင်းကောင်တာသို့ အခေါက်ခေါက်အခါခါ ကူးလူးနေသည်။
နောက်တစ်နာရီခန့် အကြာတွင် အသက် ၃၀ ကျော်အမျိုးသားတစ်ဦး ဆိုင်အတွင်းသို့ ကတိုက်ကရိုက် ပြေးဝင်လာသည်။ အရောင်းကောင်တာနှင့် ငါးပေခန့် အကွာရှိ ထိုင်ခုံ၊ စားပွဲဝိုင်းများအနီး တစ်စုံတစ်ခုကို ရှာဖွေနေရင်း အရောင်းကောင်တာမှ ဝန်ထမ်းတစ်ဦးကို ‘ကျွန်တော်ဖုန်းတွေ မေ့ပြီးကျန်ခဲ့တာ သိမ်းထားမိသေးလား’ ဟု မေးလိုက်ရာ ဆိုင်ဝန်ထမ်းများလည်း ပျာယာ ခတ်ကုန်ကြသည်။
ယင်းဖြစ်စဉ်မှာ ယုဇနပလာဇာ နောက်ကျောတွင် ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသည့် Sky ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်မှ အဖြစ်အပျက် ဖြစ်သည်။

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

Photo: မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ် အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး ဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက် သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေး အများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲ လေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည် လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီး လွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအား ကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေသက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မား စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့  ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုး ပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန် လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့ အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေး မမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲ နိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်း ထားပါ။

မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

Valentine's Day မှာ ချစ်သူကို အချိန်ပေးမယ်ဆိုတဲ့ ချစ်စနိုးဦး

ဂီတ ဘက် တွင် ရှိုးပွဲ များစွာ သီဆို နေပြီး သရုပ်ဆောင် ဘက် နှင့် အနည်းငယ် အဆက် ပြတ်သ လို ဖြစ် နေသည့် အကယ် ဒမီ ချစ်စနိုးဦး က Valentine's Day ကို ချစ်သူ နှင့် အတူ တူ ပျော်ရွှင် စွာ ဖြတ် သန်း မည် ဖြစ်ကြောင်း ပြောပြ သည်။

ဒီအရွယ်ကြီးရှိနေမှတော့ ရည်း စားမရှိဘူး လား ဆိုရင် ရှိတယ် ပေါ့နော်။ အမှန်အတိုင်းပြောရရင် သိနေ တာ ကြာ ပါပြီ။ ငယ်ငယ်ကတည်းကပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှ ချစ်သူဖြစ်သွားတာပါ။ နှစ် ယောက်စလုံး ကလ ည်း သိနေတာကြာပြီ ဆိုတော့ အထူးတစ် လည် နားလည်မှုတော့ ယူစရာမရှိပါဘူး။ အနုပညာ ရှင် အချင်းချင်း ဖြစ်နေ တော့လေ။ကိုယ်လည်း သူ့အကြောင်း သိ၊ သူလည်း ကိုယ့် အကြောင်း သိဆိုတော့ မလိုပါဘူး။ အဓိက က တော့ နားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာ ရှိပြီး ချစ် ရင် တော့ ပျော်ရွှင်စရာကောင်း ပါတယ်။ ချစ် သူများနေ့ မှာ ချစ်သူကို ဘယ်လို လက် ဆောင် ပေးရမလဲ ဆိုတဲ့ စိတ် ကူး တော့ မရှိ ပါဘူး။ ဒါပေမယ့် စဉ်း တော့ စဉ်းစားနေတယ်။ ဘယ်လိုလေးပေးရင် ကောင်း မလဲပေါ့။ ကိုယ်က ဘယ်လို ပေးပါ ရယ်လို့ မရှိ ပါဘူး။

ကျွဲတိုက်မိပြီး တိမ်းမှောက်နေသော ပရိုဘောက်ယာဉ်အား ဆူဇူကီးဝက်စ်ဂွန်းယာဉ်မှ ထပ်မံဝင်တိုက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ထွန်းထွန်းမင်း(၂၈)နှစ် မောင်းနှင် လာသည့် BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ကျွဲအားရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်၍ သစ်ပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။ ထိုသို့တိုက်မိရပ်တန့်နေစဉ် မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ကျော်ဇင်ဦး(၂၃)နှစ် မောင်းနှင် လာသော ၁ဂ/xxxx ဆူဇူကီးဝက်စ်ဂွန်းယာဉ်သည် အဆိုပါနေရာတွင် အရှိန်မထိန်းနိုင်ဘဲ ပရိုဘောက်ယာဉ် အား ပွတ်တိုက်မိပြီး လမ်းမပေါ်လဲကျနေသည့် ကျွဲအား ထပ်မံတိုက်မိကာ တိမ်းမှောက်ခဲ့သည်။

ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့

Photo: ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့

********************

ထုံးစံအတိုင်း သာကေတ ၃၅ ကားဂိတ်တွင် လူက အပြုံလိုက်။ ကျွန် တော်ကတော့ တစ်စီးချင်း လွှတ်ပေးလိုက် သည်။ ထိုင်ခုံရ မှဖြစ်မည်။ ညလုံးပေါက် နီးပါး စာရေး ခဲ့သဖြင့် မတ်တတ်စီးနိုင် မည်မဟုတ်။ အနည်းငယ် ငိုက်မှေးစီး သွားမှသာ အလုပ်တွင် လန်းလန်းဆန်း ဆန်း ရှိမည်။

 ဟော မီနီဘတ်စ် တစ်စီးက ကျွန်တော့် ရှေ့တည့်တည့်သို့ ထိုးဆိုက်လိုက် စဉ် ခပ်သုတ်သုတ်ပင် လှမ်းတက်လိုက် သည်။ လူပါးသွားချိန်မို့ ထင်သည်။ ကား ကဟောင်းလောင်း။ ကောင်းလေ စွ။ တစ်ဦးတည်းမို့ ပြတင်းပေါက်ဘေး နောက်ဆုံး ထောင့်ခုံပေါ် ဝင်ထိုင်ကာ မျက်လုံး တို့ကို မှိတ်ထားလိုက်သည်။ မည်သူတွေ တက်၍ မည်သူ တို့ ဆင်း သည်မသိ။ ကားက ရပ်လိုက် သွား လိုက်ဟု ထင်သည်။ ကျွန်တော် မသိ တော့။ ရုတ်တရက် ဆူဆူညံညံ အသံများ ကြောင့် ကျွန်တော် လန့်နိုး သွားသည်။ အိပ်ချင် မူးတူးဖြင့် မျက်လုံး ဖွင့်ကြည့် တော့ မထူးဆန်းတော့သော စပယ်ယာ နှင့်ခရီးသည် ကားတွင်း တိုက်ပွဲ။ သို့ သော် ခရီးသည်က အဘိုးအို တစ် ဦးဖြစ် နေပြီး အရွယ်နှင့် မမျှအောင်ပင် အသံ ကမာသည်၊ ပြတ်သည်၊ မြန်သည်။

 ”မောင်ရင် တယ်အပြောကြမ်း ပါလား။ ခရီးသည်က မင်းတို့ထမင်းရှင် မဟုတ်ဘူးလား”

 ”အဘ အေးအေးဆေးဆေး စီးချင် ရင် တက္ကစီငှားစီးသွား။ ကျွန်တော်တို့ လည်း ဒီအပေါက် နဲ့လုပ်စားနေရတာ။ အဘ ကန့်လန့် လုပ်နေရင် လူဘယ်လို တင်မလဲ”

”စည်းကမ်း အတိုင်းလုပ်ကြပေါ့ ကွ။ မင်းတို့ကား အရွယ်နဲ့ သင့်တော်သ လိုတင်ပေါ့”

 အဘိုးအိုကလည်းမခံ။

စပယ်ယာ ကတော့ ဒေါသထွက် လာဟန်ဖြင့် လူအုပ်ကို တိုးရင်း ”အဘ လူကြီး မို့လို့နော်။ အလုပ် ပျက်တယ်ဗျာ။ ဘာစည်းကမ်းလဲ။ အဲဒီစည်းကမ်း ကကျုပ် တို့ကို ထမင်း မကျွေးဘူး။ ဒီခေတ်မှာ ပိုက်ဆံရဖို့ နည်းလမ်းပဲ လိုတာဗျ။ စည်း ကမ်းမလိုဘူး” ဟုအော်ပြောလိုက်သည်။

နောက်တော့ ကျွန်တော့်ဘေးမှ တစ်ယောက် ထပေးလိုက်တော့ အဘိုး ဝင်ထိုင်လိုက်သော်လည်း မကျေမနပ် ဖြစ်နေသည်က အသေအချာ။ ကျွန် တော်လည်း ကြည့်ရင်း မှ အဘိုးအို၏ ရှုသိုးသိုး မျက်နှာကို ရင်းနှီးနေသလို ခံ စားရသော်လည်း ကိုယ့် မလန်းဆန်းမှု နှင့်ကိုယ် အာရုံမစိုက်နိုင်။ ပြန်မှေးနေ လိုက်ရသည်။

မည်မျှကြာ သွားသည်မသိ။ အရှိန်ဖြင့် ဆောင့်ရပ် လိုက်သည့် ကား ကြောင့် ကျွန်တော် ပြန်နိုးရပြန်သည်။ ထိုအချိန် နံဘေးမှ အဘိုးက သွက်လက် စွာ တိုးဝှေ့ ဆင်းရင်း စကား တစ်ခုကို နာ နာကြည်းကြည်း ဖွဖွရေရွတ် သွားသည်။ ခြေလက်ကား ယား၊ ဘောက်ဆတ်ဘောက် ဆတ်ဖြင့် လျှောက်သွား သော ကိုယ်ဟန် သွယ်သွယ်၊ ကတုံး ဆံပင်ကဲ့သို့ ခပ်ပါးပါး ဦးခေါင်း နောက်ပိုင်း ကိုငေး ရင်းထိုစကား အတွက် ရုတ် တရက် ကျွန်တော် ကြက် သီးထသွားသည်။

”ဗမာတွေ စောက်ကျင့် မပြင်ကြသေးဘူးပဲ”တဲ့။

ကျွန်တော် ကြက်သီးသာ ထသွားသည်။ အကြောင်း ရင်းကိုမသိ။ သေသေချာချာ လည်းမတွေးမိဘဲ ပြန်ငိုက် ရန်သာကြိုးစားနေမိသည်။

 ”ရောက်ပြီရောက်ပြီ ဆင်းဆင်း” ကိုယ်ကိုပုတ်၍ လှုပ် နှိုးလိုက်သောကြောင့် ကျွန် တော် ကမူးရှူး ထိုးထကာ ကားပေါ်မှ ဆင်းလိုက်ရ သည်။ ဇိမ်ပျက်သွား၍ ကြို တော့ မနှိုးဟု ဘုတွေးတွေး ရင်းမျက်လုံးကို ပွတ်သပ် ကြည့်လိုက်တော့ ”ဟင်” ကျွန်တော် ကားမှားစီးမိသည်လား။ ဘယ် နှယ့် ကျွန်တော် သွားရမှာက ဘားလမ်း။ အ ခုတော့ ရှေ့တည့်တည့်တွင် ရန်ကုန် တက္ကသိုလ်။ ပြီးတော့ မြူနှင်းတွေ က လည်း ဘယ်တုန်း ကတည်းက ကျနေ သည်မသိ။ မှုန်မှုန်မှိုင်းမှိုင်း အဖြူအ မည်း။ ဒုက္ခပါပဲ.. .ဟု တမိသော်လည်း ခြေထောက်တွေက ဘာရယ်ကြောင့် မသိ၊ အဓိပတိလမ်း ၏ခေါ်ရာနောက် လိုက်သွားမိသည်။ သိသလိုလို မသိသ လိုလို။ ထူ ပိတ်နေသောမြူ တို့ကြောင့် ရှေ့ကိုသေချာ မမြင်ရသော်လည်း အ လင်းရောင် တစ်ခုကို တွေ့လိုက်စဉ်မှာ တော့ ထိုနေရာကို ကျွန်တော် စွတ်ဝင် လိုက်သည်။ အဆောင် တစ်ခုလေလား။ ကျွန်တော် မသိ။ မြင်တွေ့လိုက်သည့်လှေ ကား အတိုင်း တက်သွားမိသည်။ ဘာ ကြောင့် တက်သွားမိသည်ကိုလည်း ကျွန်တော် မသိပါ။ ဘာဖြစ်နေပါသလဲ။

၁၁၃ တဲ့။ ကျွန်တော် ထိုအခန်း ရှေ့ရပ်နေမိသည်။ တစ်စုံတစ်ရာ ကညှို့ ထားသလို အခန်းတွင်း ဝင်လိုက်မိသည်။ အခန်းက ဖရိုဖရဲ။ စာအုပ်ပုံ တစ်ထပ် ကြီးတွေ့သော် လည်း ပြိုတစ်ဝက် စီ တစ်ဝက်။ ခုတင်ပေါ်တွင် ခြင်ထောင် က ဒီအတိုင်း၊ သို့သော်တစ်စ ကပြုတ်ကာ တွဲလောင်း ကျနေသည်။ စောင်ကကြမ်း ပေါ်မှာ။ အခုထိ ကျွန်တော် အူကြောင် ကြောင်ဖြစ်နေဆဲ။ အခန်းတွင်း အမှတ် မထင် ဝေ့ကြည့်လိုက်တော့ ”ဟင်” ပြတင်းပေါက်အနီး ကျွန်တော့် ဘက် ကျောပေးကာ ခါးထောက်ရပ်နေ သော လူတစ်ဦး။ ကျွန်တော် တစ်ယောက် တည်း မှမဟုတ်ဘဲ။ အနည်းငယ် အားရှိ သွားသလို ခံစားမိသဖြင့် စကားစရန် ကျွန်တော်ပြင်လိုက် စဉ် ထိုသူက ရုတ် တရက် ရပ်နေရာ မှ ထိုနေရာလေးတွင် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသည်။

ဘာများ အလိုမကျနေပါသလဲတော့ မသိ၊ ခြေသံကတော့ ဒေါနှင့် မောနှင့် လျှောက်နေမှန်း သိသာလွန်းအောင်  ပြင်းထန်လှပါသည်။

ထိုသူ ဖယ်လိုက်မှပင် ခုနက သူ ကွယ်ထား၍ မမြင်လိုက်မိသော အရာ ကို ကျွန်တော် တွေ့လိုက်သည်။ တီဗီ တစ်လုံး။ ဖန်သားပြင်ပေါ် တွင်တော့ သက်ဝင်နေ သည့် လွှတ်တော်မြင်ကွင်း။ သူ ဒါကိုကြည့်၍ စိတ်အလိုမကျဖြစ် နေသလား ။ အခုထိ ကျွန်တော် ကတော့ ကြောင်အအပင်။ အခန်းတွင်း လည်း အလင်းရောင် က မပီတပီမို့ ထိုသူ မည် သူမှန်းမသဲကွဲ။ သို့သော် လူးလာခေါက် တုံလျှောက်နေသော ထိုသူက ရုတ်တ ရက် ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် ရပ်လိုက်ပြီး -

”အစိုးရ တာဝန်ရှိသူတွေ ပိုင်ဆိုင် မှုစာရင်း တင်ပြရမယ် ဆိုတာက ဘာ ဖြစ်သွားလဲ ကိုယ့်လူသိလား”

ဟာ……။ ထိုသူ၏ မျက်နှာ နှင့် အသံကို သဲသဲကွဲကွဲ မြင်လိုက်ရချိန် အံ့သြ ထိတ်လန့်မှုနှင့်အတူ ကျွန်တော် ရုတ်ချင်း ဆွံအ သွားသလိုပင်။ အဖြေ ကိုသိလို ၍ မေးခြင်း မဟုတ်ဘဲ ထိုမေး ခွန်းနှင့်အသံ၏ ခံစားမှု ပေါ်လွင်လွန်း၍ ကျွန်တော် အလိုလို ဆို့နင့်ဝမ်းနည်းလာ သည်။ ကျွန်တော် အသံမထွက်နိုင်။ သူ …သူ …။

”ဗိုလ်ချုပ် ဆိုရင် ရှပ် အင်္ကျီနှစ် ထည်၊ ဘောင်းဘီနှစ်ထည် ပဲရှိတယ်။ အဲဒီနှစ်ထည်ထဲမှာ တစ်ထည်ကလည်း ခပ်စုတ်စုတ်လောက် သာအဖတ်တင်ပြီး ကျန်ရစ်ခဲ့တဲ့ ဗိုလ်ချုပ် ဟာ သူ့လို အင်မ တန်ကြီးကျယ်တဲ့ အရှိန်အဝါ၊ ကြီး ကျယ်တဲ့ တန်ခိုး သြဇာ၊ ကြီးမားတဲ့အချိန် မှာ ဘယ်လောက် အထိ ကိုယ့်စိတ်ကို နိုင်နိုင်နင်းနင်းနဲ့ ချုပ် တည်း သွားနိုင် တယ်ဆိုတာကို ထင်ထင်ရှားရှားကြီး ခင်ဗျားတို့ သိပါလိမ့်မယ်”

ဟင့်အင်း၊ အဲဒါ ကျွန်တော် မပြော ဘူး။ ကျွန်တော့်အသံ မဟုတ်ဘူး။ အ ဝေးမှ လွင့်လာသည်နှင့် တူသော အသံ တစ်ခုက လိုဏ်သံကဲ့သို့ပင်။

 ”အခုလို တိုင်းပြည် ဆင်းရဲနေရ တာဟာ တိုင်းသူ ပြည်သားတွေကို ငဲ့ခဲ့ ရလို့ ဟုတ်လား။ ဟမ်…ဟား ဟား ဟားဟား”

 ကျွန်တော် တုန်သွားသည်။ ကြောက် ၍မဟုတ်။ ဝမ်းနည်း၍။ ကျွန်တော် ငို ချင်လာသည်။

”လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေး က ထွက်တော့မယ်။ မထွက်လို့လည်း မဖြစ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လွတ် လပ်ရေး ရပြီးရင် အာဏာနိုင်ငံရေး လာ တော့မယ်။ အာဏာနိုင်ငံရေး နဲ့ ကျွန် တော် နဲ့မဖြစ်ဘူး။ အဲဒီအခါကျရင် သူ တို့လုပ်ပုံတွေ ဘေးကထိုင် ကြည့်ပြီး ရယ် နေချင်တယ်ဗျာ”

ဟုတ်သည်၊ ရယ်နေပါသည်။

သို့သော် ရယ်သံက နာနာကျင် ကျင်။ ဝမ်းနည်းတကြီး။ ကျွန်တော် မခံ နိုင်တော့ ထိန်းမရဘဲ ရှိုက်ရှိုက် ငိုလိုက်မိ သည်။ သူကျွန်တော့် ကို စေ့စေ့ကြည့် နေသည်။ သူ့မျက်ဝန်း တွင် သနားကရု ဏာမရှိ။ အပြစ်တင် လိုဟန်သာရှိသည်။ သို့သော် သူဘာမှ မပြောပါ။ ထပ်၍သာ မေးခွန်းထုတ်ပြန်သည်။

”ရွှေလက်နဲ့ခေါ်လို့မလာရင် ဘူး လက်(ကျည်ဆန်)နဲ့ ခေါ်မယ်ဆို ဟုတ် လားဗျ”

ကျွန်တော်ဖြေရန်မလို။ သူသိပြီး သားဖြစ်မည်။

တစ်ချိန်ကတော့….။

”ကျွန်တော်ဟာ စောစံဘိုးသင်ပဲ။ ခင်ဗျားရဲ့ ရန်သူဖြစ်ပါတယ်။ သူက တော့ ကျွန်တော့်ကို ကြည့်ပြီး ဘယ်လို ပြောသလဲ ဆိုရင် ”A Brave Enemy is a good Friend” (ရဲရင့်တဲ့ ရန်သူ ဟာမိတ်ဆွေကောင်းပါပဲ) လို့ပြောတယ်”

အားးးး၊ အသံတွေ အသံတွေ ကျွန်တော် ကြားလာရသည်။ ကျွန်တော် တို့ ညီအစ်ကိုတွေ အဖမ်းဆီး အနှိပ်စက် ခံ ကျဆုံး ခဲ့ရတယ်။ တချို့တွေ တစ်ဘဝ လုံး။ အခုထိ ကျွန်တော် တို့ဟာ ကြောက် နေရဆဲ၊ ကြောက်နေရဆဲပါ။ ကျွန် တော်တို့ ငတ်မွတ်နေဆဲ။ ကျွန်တော်တို့ ထွက်ပြေးနေရဆဲ။ ကျွန်တော်တို့ သေ နတ်သံတွေ ကြားနေရဆဲ။ ကျွန်တော်တို့ အသိမ်းဆည်း ခံနေရဆဲ။ ကျွန်တော်တို့ ကျွန်တော်တို့….ဆို့နင့်စွာနှင့်ပင် စကားတို့က အပြင်သို့ မထွက်နိုင်ပါ။

”ကိုယ်နဲ့ ဆန့်ကျင်ဘက် လုပ်တဲ့သူ တွေကို ဖိနှိပ်ရှင်းလင်းဖို့ ဆိုတာ (Ambition ရှိတဲ့လူမျိုးမှ) ကိုယ်ကျိုး အရင်းခံရှိတဲ့ လူမျိုးမှ လုပ်နိုင်တဲ့စိတ် ရက်စက်နိုင်တဲ့ စိတ်ရှိ တယ်။ ကျုပ်ကတော့ အဲဒီကိုယ် ကျိုးရှာ အရင်းခံ စိတ်ထားမျိုး မရှိဘူး”

ဟုတ်ကဲ့ သိပါတယ်။ သိပါတယ် ခင်ဗျာ။ ဒါပေမဲ့ ဒါပေမဲ့ဗျာ…။ ကျွန်တော် အငြင်းစကား တစ်ခုခုဆိုဖို့ အားထုတ်မိတော့ သူက လက်ကာပြ ရင်း ”အဲဒီ အရေးကြီးတဲ့ တိုင်းပြုပြည် ပြုလွှတ်တော် ရွေးကောက်ပွဲမှာ စွန့်စား စရာ ရှိတဲ့အချိန်မှာ ဘာမှ မစွန့်စားတဲ့ စားဖားကြီးတွေကို ခင်ဗျားတို့ တင်ချင် တယ်ဆိုရင် ခင်ဗျားတို့ ထက် မိုက်တာ မရှိဘူး။ ဗမာပြည် တစ်သက်လုံးမှောက် မှာပဲ” ကျွန်တော် ဒူးထောက် ကျသွား သည်။ အားမရှိ။ ငြင်းရန် အားမရှိ။ တုံ့ပြန်ဆိုရန် စကားမရှိ။ နှစ်ပေါင်း ၂၅ နှစ်။ ကျွန်တော် တို့ကြောက်ရွံစွာ။ အ ကြောက်တရား ထဲမှာ။ နံရံလေးဘက် နောက်မှာ။ အခုရော အခုရော…။ ထမင်း တစ်နပ် ပါးတစ်ချက်။ စီမံကိန်း တွေ ပြည်သူက ပြည်သူက…. ကျွန် တော် မျက်ရည်များ သာကျနေမိသည်။

”ခေါင်းဆောင် လုပ်တဲ့ လူတွေဟာ နောက်လိုက်တွေ ထက်ပိုပြီး အမြင် ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူ ပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ယောင်ချာချာ လုပ် ရင် ခေါင်းဆောင် မဟုတ်ဘူး။ ခေါင်းဆောင် လုပ်တဲ့သူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည် သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင် ရမယ်။ အသက်စွန့်သင့်တဲ့နေ ရာမှာ စွန့်ရဲရမယ်။ ပရိယာယ် သုံးသင့်တဲ့နေရာ မှာသုံးရမယ်။ အချိန်အခါ လိုက်ပြီး လုပ် ရမယ်။ အများယောင်လို့ ယောင်ရ တယ်။ အမောင်တောင် မှန်းမြောက်မှန်း မသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး”

သူ့အသွင်က တဖြည်းဖြည်း မှုန်ဝါး လာသလိုပင်။ မြူနှင်းတို့ကွဲပြီလား။ နေ ရောင်ရော ထွက်ပြီလား။ သူ့အသွင်ကို ကျွန်တော် ဘယ်အချိန်ဖြစ်ဖြစ်မမေ့။ အိမ်နံရံ များပေါ်၊ အင်္ကျီ များပေါ်၊ လမ်း ဘေးမှာ ဆိုင်တွေမှာ ကားတွေမှာ ဟင့် အင်း ဟင့်အင်းမဟုတ်ဘူး။ ဒီလောက်နဲ့ ကျွန်တော်တို့ အချစ်က ဖက်ရှင်လား။

”လူမျိုးရေး အရ ကွဲပြားနေတဲ့ လူများစု လူနည်းစု ကိစ္စတွေမှာတော့ လူများစု လူ မျိုးစုကလူနည်းစု လူမျိုးတွေ အပေါ်လွှမ်း မိုးမှုမရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုး အရ ဘာသာအရ လိင်အရ အခွင့်အရေး ခွဲခြားမှု၊ နှိမ့်ချမှုတွေ ကို ဥပဒေအရ ပယ် ဖျက်ပြီး ဒီလိုနှိမ်နင်း တာတွေ မျိုးတွေ့ရင် ဥပဒေ အရ အပြစ်ပေးတာ မျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်”

အသံက ဝေးဝေးသွားသည်။

သူ့ပုံရိပ်က မှုန်ဝါးလာသည်။

 ဟင့်အင်း ဟင့်အင်း၊ ကျွန်တော် တားရန် အားမရှိ။ အားမရှိ။

”အခြား လွတ်လပ်သော တိုင်းပြည် များ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ခြေ လေးငါး လှမ်းလှမ်းနိုင်မှ တော်ရုံကျမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာ လည်း မျက် နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချို သွေးရနဲ့ ‘ဖာသည်’နိုင်ငံဖြစ်မှာပဲ”

  ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဖြစ် နေပါပြီဗျာ။

”ကျွန်တော်တမင် ကြမ်းကြမ်းတမ်း တမ်းပြောလိုက်တာပဲ။ ဒါမှလူတွေ မှတ် မိမယ်။ ဒါကို ဝေဖန်နေကြတာ ခက်တာပဲ။ အခုလည်းပြောခဲ့ လိုက်မယ်။ ခင်ဗျား တို့ စောက် ကျင့်တွေ ပြင်ဖို့လိုနေပြီ”

 စောက်ကျင့်တွေ။ စောက်ကျင့် တွေ။ ကျွန်တော် စိတ်ထိန်း မရတော့။ ရင်ထဲမှာ ဆို့တက်လာသော ခံစားမှုဖြင့် အားရပါးရ ဟစ်အော်ပြောနိုင်ရန် ကြိုးစားမိသည်။ မရ မရ။ ဝမ်းနည်းမှုဖြင့် ကျွန်တော် ကုန်းရုန်း ထလိုက်သည်။

”ဟေ့လူ ထထ။ ကားကဂိတ် တောင်ဆုံးနေပြီ”

 ”ဟင်” ဘာဖြစ်တာလဲ။ ကျွန် တော် သတိထားလိုက်တော့ ကားပေါ် မှာပဲ ကျွန်တော် ရှိနေသေးသည်။ ဟင် အိပ်မက်လား။ မဟုတ်ဘူး။ ဒါ အိပ် မက်မဟုတ်ဘူး။ စိတ်မှာ ဂယောင် က တမ်းဖြင့် ငြင်းနေမိသော် လည်း လတ် လတ်ဆတ်ဆတ်ပင် မဟုတ်လား။

ကျွန်တော် လူးလဲ ထလိုက်တော့ ပေါင်ပေါ်တွင် ခွေခေါက်နေသောလွယ် အိတ်ထဲမှ စာအုပ်တွေ ပြုတ်ကျကုန် သည်။ လူတွေခြေထောက် ကြားတွင် စာအုပ် တစ်အုပ်။ အဖုံးတွင် ဗိုလ်ချုပ် အောင်ဆန်း။ တကယ်တော့ ကျွန်တော် ဒီဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေး နေ့ အတွက် ဆောင်းပါးရေးရန် အတွေးက ပြင်းထန်လွန်း၍ ဤသို့ အိပ်မက်မက် ခြင်းဖြစ်မည်။ သို့သော် ထိုအိပ်မက်ဟု ဆိုဆို စိတ် ကစဥ့်ကလျား ဖြစ်သည်ပဲ ပြောပြော ကျွန်တော် အရေးတကြီး ချ ရေးစရာရှိပါသည်။ အချိန်မီမှ ဖြစ်မည်။ မဟုတ်လျှင် ထပ်၍ သူနာကျင်ရမည်။ သူခံစားရမည်။ သူမမြင်စေလို။ ထပ်၍ မမြင်စေလိုတော့။ ကျွန်တော် အားလုံး ကို သတိပေးရမည်။ အားလုံးသိအောင် ပြောရ မည်။ ကျွန်တော် ရုံးပေါ် အလောတ ကြီး အပြေးတက်၍ စာရွက်လွတ် တစ်ခု ပေါ်ကပျာကသီ ချရေးလိုက်ပါသည်။

‘ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့”

နက္ခတ်နီ

ဦးနု
ကိုးကား – အောင်သန်း၏အောင်ဆန်း

ထုံးစံအတိုင်း သာကေတ ၃၅ ကားဂိတ်တွင် လူက အပြုံလိုက်။ ကျွန် တော်ကတော့ တစ်စီးချင်း လွှတ်ပေးလိုက် သည်။ ထိုင်ခုံရ မှဖြစ်မည်။ ညလုံးပေါက် နီးပါး စာရေး ခဲ့သဖြင့် မတ်တတ်စီးနိုင် မည်မဟုတ်။ အနည်းငယ် ငိုက်မှေးစီး သွားမှသာ အလုပ်တွင် လန်းလန်းဆန်း ဆန်း ရှိမည်။

ဟော မီနီဘတ်စ် တစ်စီးက ကျွန်တော့် ရှေ့တည့်တည့်သို့ ထိုးဆိုက်လိုက် စဉ် ခပ်သုတ်သုတ်ပင် လှမ်းတက်လိုက် သည်။ လူပါးသွားချိန်မို့ ထင်သည်။ ကား ကဟောင်းလောင်း။ ကောင်းလေ စွ။ တစ်ဦးတည်းမို့ ပြတင်းပေါက်ဘေး နောက်ဆုံး ထောင့်ခုံပေါ် ဝင်ထိုင်ကာ မျက်လုံး တို့ကို မှိတ်ထားလိုက်သည်။ မည်သူတွေ တက်၍ မည်သူ တို့ ဆင်း သည်မသိ။ ကားက ရပ်လိုက် သွား လိုက်ဟု ထင်သည်။ ကျွန်တော် မသိ တော့။ ရုတ်တရက် ဆူဆူညံညံ အသံများ ကြောင့် ကျွန်တော် လန့်နိုး သွားသည်။ အိပ်ချင် မူးတူးဖြင့် မျက်လုံး ဖွင့်ကြည့် တော့ မထူးဆန်းတော့သော စပယ်ယာ နှင့်ခရီးသည် ကားတွင်း တိုက်ပွဲ။ သို့ သော် ခရီးသည်က အဘိုးအို တစ် ဦးဖြစ် နေပြီး အရွယ်နှင့် မမျှအောင်ပင် အသံ ကမာသည်၊ ပြတ်သည်၊ မြန်သည်။

”မောင်ရင် တယ်အပြောကြမ်း ပါလား။ ခရီးသည်က မင်းတို့ထမင်းရှင် မဟုတ်ဘူးလား”

”အဘ အေးအေးဆေးဆေး စီးချင် ရင် တက္ကစီငှားစီးသွား။ ကျွန်တော်တို့ လည်း ဒီအပေါက် နဲ့လုပ်စားနေရတာ။ အဘ ကန့်လန့် လုပ်နေရင် လူဘယ်လို တင်မလဲ”

ဦးကိုနီနှင့် ဦးမြအေး ပါဝင်ဟောပြောမည့် စာပေဟောပြောပွဲ ကန့်ကွက်ခံရ၍ ဖျက်သိမ်း


ဟိန်းကိုစိုး၊ ရွှေရည်ဝင်းထက်|ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့်အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက်ခဲ့သောကြောင့် ဟောပြောပွဲဖျက်သိမ်းခဲ့သည်ဟု ပွဲစီစဉ်သူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးထွဋ်က ပြောသည်။

ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အ ကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူလည်းဖြစ်သည့် ဦမျိုးထွဋ်က ဆိုသည်။

ဟောပြောမည့်သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိသည်ကို သိရှိသည်ဟု ဆိုသည်။

လူခြောက်သန်းကို လျှပ်စစ်ပေးမည့်စက်ရုံ မန္တလေးတွင် အမေရိကန်ဆောက်မည်


အောင်မင်း|ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂ၀ပ်ထုတ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံတစ်ရုံ မြန်မာနိုင်ငံ၌ တည်ဆောက် ခွင့်ရရှိခဲ့ပြီဟု အမေရိကန်နိုင်ငံအခြေစိုက် စွမ်းအင်ကုမ်ဏီ APR Energy PLC မှကြေညာခဲ့သည်ဟု Wall Street သတင်းတစ်ရပ်၌ ဖေဖေါ်ဝါရီ ၁၂ ရက်က ဖော်ပြထားသည်။

“ဒါဟာ အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ” ဟု APR ၏ အာရှပစိဖိတ်ဒေသ စီးပွားရေးလုပ်ငန်း တိုး မြှင့်ရေး အကြီးအကဲ ကလစ်တာတန်က ပြောသည်။ သို့သော် သဘာဝဓာတ်ငွေသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံအတွက် မည်မျှရင်းနှီးမြှုပ်နှံမည်ဆိုသည်ကိုမူ အသေးစိတ် ထုတ်ဖော်ပြောဆိုသွားရန် ငြင်းဆန် ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော APR Energy PLC ၏ ကြေငြာချက်၌ ကုမ္ပဏီ၏ ရင်းနှီးမြှုပ် နှံမှုမှာ မြန်မာနိုင်ငံတွင်းရှိ အကြီးဆုံးသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်ခုအပါအ၀င် ဖြစ် သည်ဟု ဖော်ပြထားသည်။

အိမ်မပြန်ချင်သေးသည့် ယိုးဒယားမြေမှ ကြက်ကြော်သည်လေး

Photo: အိမ်မပြန်ချင်သေးသည့် ယိုးဒယားမြေမှ ကြက်ကြော်သည်လေး 
------------------
ရေးသားသူ- အေးသူစံ

“မြန်မာပြည်ပြန်ရင် ဘာလုပ်စားရမလဲ။ ကျွန်တော့်တစ်ယောက်စာတောင် မလောက်ဘူး။ အခုဒီမှာ ကျွန်တော်တစ်ယောက်ပဲရှာ တစ်အိမ်လုံးထိုင်စားလို့ရတယ်လေ”

လေးပေနှစ်ပေပတ်လည် တွန်းလှည်းလေးပေါ်မှာ တင်ထားသည့် ပွက်ပွက်ဆူနေသောဆီအိုးထဲသို့ မုန့်နှစ်စိမ်ထားသည့် ကြက်သားတုံးတွေကို ပစ်ထည့်ရင်းက ကိုမင်းထိုက်တစ်ယောက် ဘန်ကောက်မြို့၏ အချက်အချာကျသော နရသီဝလမ်းမကြီးတစ်လျှောက် ပျားပန်းခပ်မျှသွားလာနေသောလူများကိုကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

အေပရွန်ခပ်လတ်လတ်ကို ၀တ်ဆင်ထားပြီး လက်အိတ်စွပ်ထားသည့် လက်တွေက ကြက်ကြော်လာဝယ်သူများကို သွက်လက်စွာထုပ်ပိုးရောင်းချသည့် ကိုမင်းထိုက်လို မြန်မာအလုပ်သမားတစ်သန်းကျော် ထိုင်းနိုင်ငံကို မှီခိုရပ်တည်နေရသည်မှာ အဆန်းတော့မဟုတ်ပါ။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်ပရောက် မြန်မာအလုပ်သမားများ ပြန်လာကြဖို့ တိုက်တွန်းဖိတ်ခေါ်ခဲ့သည်မှာ ၂ နှစ်ကျော်ပြီဖြစ်သော်လည်း ကျိုက်မရောဇာတိ မွန်တိုင်းရင်းသား ကိုမင်းထိုက်အပါအ၀င် ပြည်ပရောက် မြန်မာအလုပ်သမားအများစုက အိမ်ပြန်ရန်စိတ်မကူးနိုင်ကြသေး။

အထည်ချုပ်၊ ဖိနပ်ချုပ် စသည့်စက်ရုံလုပ်သားများအတွက် တစ်နေ့လုပ်အားခ ကျပ် ၅၆၀၀ ရရှိရေးအတွက်ကိုပင် အလုပ်သမားများ တိုက်ပွဲဝင်နေရဆဲ မြန်မာနိုင်ငံသို့ ပြည်ပရောက် မြန်မာလုပ်သားများ ပြန်လာရေးကို မဆွဲဆောင်နိုင်သေးပေ။

စက်မှုဇုန်များတွင် လုပ်ခ၊ လစာနှင့် အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြမှုများကလည်း ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း ကြက်ကြော်သည်ပင် ပြန်လာရန်ဆန္ဒမရှိသေးလျှင် ခေတ်ပညာတတ်အရည်အချင်းပြည့် မြန်မာနိုင်ငံသားများ အမိမြန်မာနိုင်ငံပြန်လာရေးသည် အိပ်မက်သာဖြစ်နေပေဦးမည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် အလုပ်အကိုင်နေရာတစ်သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)ကလည်း တိုးတက်လာကြောင်း သမ္မတကပြောကြားထားသည်။

“အခု ၂ နှစ်လောက်အတွင်းမှာ အဆင်ပြေမယ်ထင်ပြီး စုဆောင်းထားတာလေးကိုင်ပြီး ပြန်သွားတာ။ ကုန်လည်းကုန်ရော ဒီပြန်ရောက်လာတာပဲ။ ဟိုမှာစက်ရုံမှမရှိတာ။ ဒီမှာက ပညာမတတ်လည်း တောက်တိုမည်ရလုပ်ရင်တောင် ပိုက်ဆံပေးမယ့်အလုပ်တွေရှိနေတာကိုး”ဟု ဘ၀တူအလုပ်သမားအချို့ မွေးရပ်မြေပြန်သွားကြပြီး အဆင်မပြေသည့် ပြဿနာများကို အပြန်အလှန်ကူညီဖေးမနေကြသည့် အတွေ့အကြုံများကို MBK ကုန်တိုက်တွင် ၁၃ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်း-မြန်မာဘာသာပြန်လုပ်ကိုင်နေသည့် ကရင်တိုင်းရင်းသား ကိုဝင်းသိန်းကပြောပြသည်။

“မြန်မာပြည်မှ အပြောင်းအလဲတွေ ဖြစ်လာနေတယ်ဆိုပေမယ့် ပုံမှန်ဝင်ငွေရှိတဲ့အလုပ်ရဖို့ မလွယ်သေးပါဘူး။ ရှိသမျှလုပ်ငန်းကြီးတွေနဲ့ လယ်မြေယာမြေတွေဟာလည်း စစ်တပ်နဲ့ ခရိုနီတွေလက်ထဲမှာဆိုတော့ အလုပ်လက်မဲ့မြန်မာတွေ ထိုင်းကို ထပ်ထွက်လာဖို့ပဲရှိတော့တယ်”ဟု ထိုင်းနိုင်ငံတွင် ကာလရှည်ကြာနေထိုင်နေပြီး မြန်မာ့မျက်မှောက်ရေးရာအဖြာဖြာနဲ့ ပတ်သက်သည့် ဆောင်းပါးများရေးသားနေသူ ဆောင်းပါးရှင်ဦးဇော်မင်းကပြောသည်။

ပြည်ပရောက် ပညာတတ်လူတန်းစားအချို့ ပြည်ပအခြေစိုက်မီဒီယာနှင့် အင်န်ဂျီအိုတို့တွင် လုပ်ကိုင်ခဲ့သည့် မြန်မာအချို့မှာပင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၎င်းတို့ လက်သင့်ခိုင်နိုင်သည့် အလုပ်အကိုင်နှင့် လစာတို့ရရှိနေခြင်းကြောင့် ပြည်တော်ပြန်ဝင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယခု မြန်မာပိစ်စင်တာမှာလုပ်နေတဲ့သူတွေ သမ္မတအကြံပေးလုပ်နေသူတွေဆို သူတို့ပြည်တွင်းမှာလုပ်လိုတဲ့ အနေအထားနဲ့ အလုပ်အကိုင်တွေရရှိတဲ့အခါ မြန်မာပြည်ပြန်ပြီးအလုပ်လုပ်တာဖြစ်တယ်။ လက်ရှိပြည်တွင်းက လုပ်ငန်းတွေကတော့ သာမန်လူတွေအဖို့ မက်လောက်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

မြန်မာအလုပ်သမားချင်းအတူတူ ဘန်ကောက်မြို့ပေါ်နှင့် ဘန်ကောက်အပြင်ဘက် မဟာချိုင်၊ ဖန်င၊ မဲဆောက် စသည့်နယ်စပ်မြို့များတွင် အလုပ်လုပ်ကိုင်ရသူများအနေအထားချင်း မတူညီကြ။ ဘန်ကောက်မြို့လယ်ကောင်တွင် ၀င်ငွေထွက်ငွေမျှတစွာဖြင့် ရပ်တည်နိုင်သော်လည်း နယ်စပ်များတွင်တော့ တစ်လလုပ်အားခ အများဆုံးဘတ် ၂၅၀၀ ဖြင့် ပင်ပန်းဆင်းရဲစွာ ရပ်တည်ကြရဆဲဖြစ်သည်။

ကြက်ကြော်နှင့် ကောက်ညှင်းထုပ်များကို သပ်သပ်ရပ်ရပ်ထုပ်ပိုးနေသည့် ကိုမင်းထိုက်က မြန်မာသမ္မတကြီးက ပြန်လာဖို့ခေါ်နေတာကိုပင် သူက အံ့သြတကြီးဖြစ်နေသည်။ သမ္မတဟူသည့် မြန်မာအသုံးအနှုန်းကိုပင်မသိ၍ ထိုင်းဘာသာဖြင့် ဖုရိုင်(လူကြီးမင်း)ဟု ရှင်းပြတော့မှ သူသဘောပေါက်သွားပြီး ပြန်လာဖို့ခေါ်သည့် မြန်မာဖုရိုင်ကို သူတစ်ခုလောက်မေးလိုသည်ဟုဆိုသည်။

“ဖုရိုင်က ကျွန်တော်တို့ကို ဘာလို့ပြန်ခေါ်တာလဲ။ ဒီမှာကြက်ကြော်ရောင်းတာ တစ်နေ့ ဘတ် ၅၀၀၀ ရတယ်။ ၂၀၀၀ လောက် မြတ်တယ်။ ကျွန်တော့်ရွာမှာ အဖေ၊ အမေ၊ ယောက္ခမ၊ သားသုံးယောက်နဲ့ မိန်းမ ထိုင်စားလို့ရတယ်။ မြန်မာပြည်မှာ ကြက်ကြော်ရောင်းရင် အဲဒီလိုနေလို့ရမလားလို့။ ကျွန်တော်လုပ်တတ်တာလည်း ဒါပဲရှိတယ်လေ”ဟု ဘန်ကောက်တွင် ၁၀ နှစ်ကြာရောက်ရှိနေပြီး ကြက်ကြော်ရောင်းသည်မှာ ၆ နှစ်ရှိပြီဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တယဏရွာမှ လာရောက်အလုပ်လုပ်ကိုင်သူ ကိုမင်းထိုက်က နားမလည်စွာမေးသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်မှဘွဲ့ရတစ်ဦး၏ လက်ရှိအခြေခံတစ်ရက်ဝင်ငွေမှာ ကျပ် ၂၀၀၀ မှ ကျပ် ၄၀၀၀ ကြားဖြစ်ပြီး ထိုင်းနိုင်ငံတွင်မူ လမ်းဘေးဈေးရောင်းသူ၊ အရောင်းဝန်ထမ်း စသည့်အောက်ခြေလုပ်သားပင်လျှင် တစ်ရက်ဝင်ငွေ ဘတ် ၃၀၀ (မြန်မာငွေ ကျပ် ၉၀၀၀ )ခန့် ရရှိနေပြီဖြစ်သည်။ 

အကျပ်အတည်းဘယ်လောက်တွေ့တွေ့ ၀င်ငွေထွက်ငွေမျှတပြီး စားပွဲထိုးတတ်လျှင်တောင် ထမင်းမငတ်သည့် ထိုင်းနိုင်ငံကနေ စွန့်ခွာဖို့သတ္တိနည်းနေသေးကြောင်း MBK ကုန်တိုက်ရှိ ဖိနပ်ဆိုင်တွင် (၁၀)နှစ်ကျော်ကြာ လုပ်ကိုင်နေသော အသက်(၃၂)နှစ်အရွယ် ကိုစိုးသက်နိုင်ကပြောသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသာမဟုတ် ခေတ်ပညာတတ်အများစုရှိရာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသားတစ်ဦးက ယခုကဲ့သို့ဆိုသည် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဆိုပါက အားတက်သရော ပြန်လာချင်သူများ စင်ကာပူနိုင်ငံတွင်ရှိနေပြီး လက်ရှိစင်ကာပူတွင် ရနေသည့်လစာ၏ ထက်ဝက်ခန့်မျှရလျှင်ပင် ပြန်လိုသူများစွာရှိနေကြောင်း စင်ကာပူနိုင်ငံ inland revenue authority တွင် infocomm officer အဖြစ် လုပ်ကိုင်နေသူ အသက်(၃၀)နှစ်ရှိ မတင်ဇာစိုးမင်းကပြောသည်။

“ပညာတတ်လူတန်းစားတွေကတော့ ဒီ ၂၀၁၅ မတိုင်မီမှာ တကယ်ပဲ အပြောင်းအလဲတွေဖြစ်လာမလားဆိုပြီး မျှော်လင့်ပြီး အားတက်သရော ပြန်လာမယ့်သူတွေရှိတယ်။ အခုတောင် ပြန်ဖို့အမျိုးမျိုးကြိုးပမ်းနေတယ်။ ဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲလို့လည်း တွေးနေကြပြီ။ အရင်လို သူများနိုင်ငံမှာ တစ်သက်လုံးနေဖို့၊ နိုင်ငံကြီးကိုကူးဖို့ မကြိုးစားကြတော့ဘူး”ဟု ၎င်းကပြောသည်။

အခြေခံလုပ်သားများဆိုလျှင်လည်း ယခုချက်ချင်း အလုပ်အကိုင်ဖန်တီးပေးပါက ယခုချက်ချင်း ပြန်လိုသူများရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ကလေးထိန်းအိမ်အကူအဖြစ် လုပ်ကိုင်နေပြီး လုပ်သက် ၆ နှစ်ခွဲရှိပြီဖြစ်သည့် မဌေးရီကလည်း “ဒီမှာက ၀င်ငွေကောင်းတယ်။ ကိုယ့်နိုင်ငံကျတော့ စီးပွားရေးကမကောင်းဘူးလေ။ ဘယ်တော့ကောင်းလာမလဲဆိုတာတော့ ကျွန်မ မပြောတတ်ပါဘူး”ဟု ၎င်းကဆိုသည်။

၎င်းအတွက် ကံကောင်းသည်က မြန်မာမိသားစုထံတွင်ပင် ပြန်လည်အလုပ်လုပ်ရခြင်းဖြစ်ပြီး အလုပ်ခွင်အတွင်း နှိပ်စက်ညှဉ်းပန်းမှုများ မခံရသည်က ကံကောင်းသည့်အချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင် မြန်မာလုပ်သား စုစုပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိပြီး မြန်မာနိုင်ငံရှိ မိသားစုများထံပြန်ပို့သည့် တစ်နှစ်ဝင်ငွေမှာ ဘတ်သန်းတစ်ထောင်ရှိနေပြီး မြန်မာလုပ်သားအင်အားသည် ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းနှင်မှုတစ်ရပ်ဖြစ်နေခြင်းကလည်း မြန်မာလုပ်သားများစွာ နေရပ်မပြန်နိုင်အောင် ဖန်တီးပေးနေသည်။

“မှန်းထားတဲ့ပိုက်ဆံရရင်တော့ မိုးတွင်းဆိုရွာပြန်မယ်။ ရွာမှာ ဆောင်းဘောက်ဆိုင်ဖွင့်မယ်။ ငှားစားမယ်။ နွေဆို ဒီပြန်တက်လာမယ်။ ကြက်ကြော်ရောင်းမယ်။ အခုတော့ (၁၀)နှစ်အတွင်း တစ်ခါမှမပြန်ဘူး”ဟု ဇနီးနှင့်သားအငယ်ဆုံးတစ်နှစ်ကလေးကိုသာ ဘန်ကောက်တွင်ခေါ်ထားလျက် (၆)နှစ်အရွယ်နှင့် (၂)နှစ်အရွယ်သားနှစ်ယောက်ကို ရွာပြန်ပို့ထားသည့် ကိုမင်းထိုက်က ၎င်း၏ရည်မှန်းချက်ကိုပြောသည်။

ထိုင်းနိုင်ငံတွင် ယခင်က မြန်မာနှင့်နယ်နိမိတ်ချင်း နီးကပ်စွာထိကပ်နေသော တနင်္သာရီတိုင်း၊ မွန်၊ ရှမ်း၊ ကရင်ပြည်နယ်တို့ မှ အများစု သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော်လည်း မြန်မာနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲများစတင်ဖြစ်ပွားချိန် ၂၀၁၀ နောက်ပိုင်းမှစ၍ ကချင်ပြည်နယ်မှ ကချင်တိုင်းရင်းသားများလည်း ရောက်ရှိလာခဲ့သည်။

“ဒီမှာ ကချင်တွေအများကြီးပေါ့။ ဟိုမှာလုပ်စရာလည်းမရှိဘူး။ အခု ဒီမှာတစ်လကို ဘတ်တစ်သောင်းရတယ်”ဟု ဘန်ကောက်ရောက်သည်မှာ ၁၀ လသာရှိသေးသည့် MBK ကုန်တိုက်တွင် အလုပ်လုပ်နေသည့် ကိုအောင်သူကပြောသည်။

ထိုင်းနိုင်ငံရေးအကျပ်အတည်းက သက်တမ်းလွန် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရရန် နီးစပ်နေသော်လည်း ကြီးမားသည့် မြန်မာလုပ်သားအင်အားနှင့် ထိုင်းစီးပွားရေးလုပ်သားလိုအပ်ချက်တို့ အပြန်အလှန်မှီခိုနေရခြင်းကြောင့် မည်သည့်ထိုင်းသူဌေးကမှ သူတို့မြန်မာအလုပ်သမားတွေကို လွယ်လွယ်စွန့်လွှတ်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ မဝေနှင်းပိုကပြောသည်။

ရေကြည်ရာမြက်နုရာ ရှာဖွေခဲ့ခြင်းဖြစ်ပြီး တစ်သက်လုံး သူများနိုင်ငံတွင် နိုင်ငံခြားသား၏အလုပ်သမားအဖြစ် အရိုးမထုတ်ချင်သော်လည်း ပညာလည်းကောင်းကောင်းမသင်ယူခဲ့၊ အသက်မွေးဝမ်းကျောင်းပညာရပ်လည်း ကောင်းကောင်းမတတ်သည့် ထိုင်းရောက် မြန်မာလုပ်သားအများစုအတွက် တူညီသောမျှော်လင့်ချက်ကတော့ တစ်ခုတည်းရှိပါသည်။ ပိုက်ဆံရသော်လည်း ကျီးလန့်စာစားရသည့်ဘ၀ကို ကယ်တင်ဖို့ မြန်မာအစိုးရအား အလုပ်သမားများကိုယ်စား ကိုဝင်းသိန်းက ယခုကဲ့သို့တောင်းဆိုလိုက်ပါသည်။

“မြန်မာနိုင်ငံမှာ ဘယ်ပါတီ အစိုးရတက်တက် ၀င်ငွေထွက်ငွေမျှတပြီး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေအောင် မြန်မာတာဝန်ရှိသူတွေ ဖန်တီးပေးစေချင်ပါတယ်။ ဘယ်သူကမှ သူများနိုင်ငံမှာ တစ်သက်လုံးမနေချင်ပါဘူး”ဟုဆိုသည်။

ဘန်ကောက်မြို့က ကြက်ကြော်သည်ကိုမင်းထိုက်ကတော့ ထိုမြေကိုမစွန့်နိုင်သေး။ မိသားစုတစ်စုလုံး စားဝတ်နေရေး အဓိကဖြေရှင်းပေးနေသည့် ကြက်ကြော်လှည်းကိုစွန့်၍ ဇာတိမြေပြန်ရန် သတ္တိမရှိသေးဟုဆိုသည်။

ဓာတ်ပုံ- အောင်ပေါ်ထွန်း
ရေးသားသူ- အေးသူစံ

“မြန်မာပြည်ပြန်ရင် ဘာလုပ်စားရမလဲ။ ကျွန်တော့်တစ်ယောက်စာတောင် မလောက်ဘူး။ အခုဒီမှာ ကျွန်တော်တစ်ယောက်ပဲရှာ တစ်အိမ်လုံးထိုင်စားလို့ရတယ်လေ”

လေးပေနှစ်ပေပတ်လည် တွန်းလှည်းလေးပေါ်မှာ တင်ထားသည့် ပွက်ပွက်ဆူနေသောဆီအိုးထဲသို့ မုန့်နှစ်စိမ်ထားသည့် ကြက်သားတုံးတွေကို ပစ်ထည့်ရင်းက ကိုမင်းထိုက်တစ်ယောက် ဘန်ကောက်မြို့၏ အချက်အချာကျသော နရသီဝလမ်းမကြီးတစ်လျှောက် ပျားပန်းခပ်မျှသွားလာနေသောလူများကိုကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

အေပရွန်ခပ်လတ်လတ်ကို ၀တ်ဆင်ထားပြီး လက်အိတ်စွပ်ထားသည့် လက်တွေက ကြက်ကြော်လာဝယ်သူများကို သွက်လက်စွာထုပ်ပိုးရောင်းချသည့် ကိုမင်းထိုက်လို မြန်မာအလုပ်သမားတစ်သန်းကျော် ထိုင်းနိုင်ငံကို မှီခိုရပ်တည်နေရသည်မှာ အဆန်းတော့မဟုတ်ပါ။

ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်

Photo: ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်
-----------------------
ရေးသားသူ- အေးမွန်ရာပြည့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန်တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စုအပါအ၀င်ပင်ဖြစ်သည်။

သနပ်ခါးပါးပါးကို ညက်နေအောင်လိမ်းထားသည့် မျက်နှာပေါ်တွင် သနပ်ခါးထူထူကို သစ်ရွက်ပုံဖော်ပြီး ထပ်လိမ်းထားသည်။ နှုတ်ခမ်းတွင် ပန်းရောင်နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ ကုပ်ထိအောင်ရှည်နေပြီဖြစ်သည့် ဆံပင်များကိုလည်း နှစ်ခြမ်းခွဲကာ ကျစ်ဆံမြီးကျစ်ထားသည်။ အနည်းငယ်ဟောင်းနွမ်းနေသည့် စကတ်တိုနှင့် နှစ်ထပ်အင်္ကျီကို ၀တ်ထားသည်။ ထိုသို့ အပျိုမကြီးပုံစံဖမ်းထားသော်လည်း ငယ်သွားလဲရန် ကျိုးနေသည့်သွားလေးများ၊ ဖြူဖွေးနေသည့် မျက်လုံးအတွင်းသားများနှင့် မည်းညစ်နေသည့် ခြေလက်များကတော့ အပြစ်ကင်းစင်နေသည့် ကလေးငယ်တစ်ဦးရဲ့ သွင်ပြင်လက္ခဏာများ အထင်းသားပေါ်စေသည်။ သူမ၏နာမည်အပြည့်အစုံမှာ ယဉ်ယဉ်ချောဖြစ်သည်။

ကုသိုလ်တော်ဘုရားဝင်းပရိဝုဏ်အတွင်းတွင် အသက် ၂ နှစ်ခွဲခန့်အရွယ်ကတည်းက ပန်းရောင်းခဲ့သည့် ယဉ်ယဉ်ချောမှာ ယခုအသက်(၇)နှစ်ကျော်ရှိပြီဖြစ်သည်။ ပန်းရောင်းခဲ့သည့်သက်တမ်းမှာလည်း လေးနှစ်ခွဲကျော် ငါးနှစ်အတွင်းသို့ပင် ၀င်တော့မည်။ အဘွားဖြစ်သူလက်ထက်မှ သူမ၏အမေဖြစ်သူပါ မျိုးရိုးစဉ်ဆက်ပန်းရောင်းခဲ့သည့် ကုသိုလ်တော်ဘုရားဝင်းအတွင်းပင် သူလည်း ပန်းရောင်းတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

အဖေဖြစ်သူဆုံးပါးပြီး အမေကလည်း နောက်အိမ်ထောင်ပြုခဲ့သည့်အတွက် ယဉ်ယဉ်ချောတစ်ယောက် အဘိုးအဘွားများနှင့်သာ အတူနေထိုင်သည်။ အဘိုးအဘွားကိုပင် အဖေ၊ အမေအဖြစ်ပင် ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ သူသိတတ်စအရွယ်မှပင် ဖြစ်သည်။ သူ၏အဘိုးက စာကလေးအစာရောင်းပြီး အဘွားကတော့ အိမ်မှုကိစ္စများကိုသာ  တာဝန်ယူထားသည်။ တစ်နေ့တာ ပန်းရောင်းရသမျှငွေများအားလုံးကိုလည်း ရေတွက်မနေဘဲ အဘွားလက်ထဲသို့ပင် အကုန်ပေးသည်။ ဘုရားဖူးဧည့်သည်များလျှင်များသလို ယဉ်ယဉ်ချော၏ တစ်နေ့ပန်းရောင်းရငွေမှာ အများဆုံးကျပ်ငါးထောင်ခန့်အထိ ရတတ်သည်။

တစ်ခါတစ်ရံ ပန်းရောင်းရငွေများထဲမှ ငွေတစ်ရာ၊ နှစ်ရာကို ဘုရားဘဏ္ဍာငွေအလှူခံသည့်ပုံးအတွင်း ထည့်တတ်သေးသည်။ “အဲဒီလိုထည့်ရင် ပန်းများများ ပိုရောင်းရတတ်တယ်။ များများရောင်းရတော့ စောစောပြန်ရတယ်”ဟု ယဉ်ယဉ်ချောက ပွင့်လင်းသွက်လက်စွာပြောသည်။

လက်ရှိအချိန်တွင် မူလတန်းတက်နေရပြီဖြစ်သည့်အတွက် ယခင်ကလို တစ်နေကုန်ပန်းမရောင်းနိုင်တော့ပါ။ ညနေအချိန်ပိုကျောင်းဆင်းပြီး လေးနာရီနောက်ပိုင်းအချိန်များတွင်သာ အချိန်လုကာ ပန်းရောင်းနေရသည်။ ယင်းအချိန်ပိုင်းအတွင်း သူ၏ပန်းရောင်းရကြေးက ငွေတစ်ထောင်ကျော်သည်။

ကျောင်းချိန်နှင့်တိုက်၍ ပန်းမရောင်းနိုင်တော့သည့်အတွက် အဘိုးဖြစ်သူ၏ စာကုသိုလ်ရောင်းရငွေများနှင့်သာ မိသားစုနေ့စဉ်စားစရိတ်အတွက် ရပ်တည်နေရသည်။ အချိန်ပိုင်းပန်းရောင်းရသည့်ငွေများကိုမူ ကျောင်းအချိန်ပိုကြေးတစ်လလေးထောင် အချိန်မှန်ပေးရန်အတွက် အဘွားက သီးသန့်စုပေးထားသည်။

ကျောင်းတက်နေသည့်ရက်များတွင်လည်း တစ်ရက်မှ ကျောင်းပျက်မခံဘဲ နေ့စဉ်အိမ်စာများကို အကြွေးမထားဘဲ စိတ်ပါလက်ပါလုပ်တတ်သောကြောင့် ပြီးခဲ့သည့်လပတ်စာမေးပွဲတွင် အဆင့်လေးနေရာ ရခဲ့သေးသည်။

အသက် ၇ နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအနေဖြင့် လိုချင်စရာအဆန်းအပြားပစ္စည်းများကလည်း ပေါများလှသည်။ တစ်ခါတစ်ရံ သူလိုချင်လွန်းလှသည့် ဒေါက်ဖိနပ်၊ ကွန်ပါဘူးကဲ့သို့သော ပစ္စည်းများကိုဝယ်ပေးရန် အဘိုးအဘွားများထံသို့ ရှားရှားပါးပါးပူဆာတတ်သေးသည်။ မ၀ယ်ပေးလျှင်လည်း ခဏတိုင်း နားပူနားဆာလုပ်တတ်သူ မဟုတ်ကြောင်း သူမ၏အဘွားဖြစ်သူ ဒေါ်ရင်သန်းက ယဉ်ယဉ်ချော၏ဆံပင်များကို ဖြီးသင်ပေးနေရင်းပြောသည်။

သူပန်းရောင်းနေသည်ကို သတိထားမိသည့် နိုင်ငံခြားဧည့်သည်အချို့ကလည်း ၎င်းတို့တွင်ပါလာသည့် သော့ချိတ်များ၊ အရုပ်များ၊ ဖောင်တိန်များ မကြာခဏပေးသွားတတ်သည်။ တစ်ခါကလည်း နိုင်ငံခြားသားတစ်ဦးက ပြည်ပမဂ္ဂဇင်းတစ်အုပ်ထဲတွင် ပါလာသည့် သူမရယ်နေသည့်ပုံကိုဖြဲကာ လက်ဆောင်ပေးခဲ့ဖူးသည်။
ထိုစာမျက်နှာအား ယနေ့အချိန်ထိ သူအိပ်သည့်ခေါင်းရင်းတွင် ကပ်ပြီးထားထားသည်ဟု ယဉ်ယဉ်ချောက ဆေးဆိုးထားသည့်နှုတ်ခမ်းပါးကို ကော့ပျံနေအောင် ပြုံးရယ်ရင်းပြောသည်။ 

လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ကုသိုလ်တော်ဘုရားတွင် ပန်းရောင်းနေရသော်လည်း သူကြီးလာလျှင် ဆရာဝန်မကြီး (သို့မဟုတ်) ဧည့်လမ်းညွှန်လုပ်လိုသည်။

“အဘွားက ရောင်းခိုင်းလို့သာရောင်းရတာ။ ဒေါက်တာဆရာမကြီးဖြစ်ချင်တာ။ တိုးရစ်ဂိုက်မကြီးလည်းဖြစ်ချင်တယ်။ တိုးရစ်ဂိုက်အစ်မတစ်ယောက်ကဆို အခုချိန်ထိ ဘုရားလာတိုင်း မုန့်ဖိုးတွေပေးတယ်”ဟု ယဉ်ယဉ်ချောက နာမည်ကိုစာရွက်ပေါ်တွင် လက်သေးသေးလေးများဖြင့် ရေးပြနေရင်းပြောသည်။

ပညာတတ်ကြီးတစ်ယောက်အထိဖြစ်ရန် ယဉ်ယဉ်ချောတစ်ယောက် စိတ်ကူးယဉ်နေသော်လည်း အဘွားဖြစ်သူကမူ ရည်းစားထားပြီး စိတ်လေလွင့်မည်ကို စိုးရိမ်သောကြောင့် ငါးတန်းထိသာ ကျောင်းတက်ခိုင်းပြီး စက်ပန်းထိုးပညာရပ်ဖြင့် အိမ်တွင်းတွင်ပင် အလုပ်လုပ်ခိုင်းရန် စိတ်ကူးထားသည်ဆိုပါသည်။ ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲများစွာ ကုသိုလ်တော်ဘုရားဝင်းအတွင်း လာရောက်နေကြသည်ကို မြင်တွေ့နေရသည့် ဒေါ်ရင်သန်းတစ်ယောက် မြေးဖြစ်သူအပေါ် စိတ်အပူကြီးပူကာ အိမ်တွင်ပင် အလုပ်လုပ်စေရန် စီစဉ်နေခြင်းဖြစ်သည်။

“စာလည်းတတ်စေချင်တယ်။ ရှစ်တန်း၊ ကိုးတန်းရောက်လို့ စရိတ်စကကြီးတာကတစ်မျိုး၊ ပျက်ဆီးမှာစိုးတာကလည်းတစ်မျိုး၊ စိတ်ပူနေရမှာကြောင့် ငါးတန်းလောက်ပြီးရင် စက်ပန်းထိုးသင်ပေးဖို့တော့ စီစဉ်ထားတာပဲ”ဟု ဒေါ်ရင်သန်းကပြောသည်။

ယဉ်ယဉ်ချောမှာ ကုသိုလ်တော်ဘုရားသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ထင်ရှားကျော်ကြားသကဲ့သို့ ပြည်ပခရီးသွားများလာသည်နှင့်အမျှ နိုင်ငံခြားတွင်လည်း သူပုံရိပ်များက ပျံနှံ့နေပြီဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်းတွင် ကုသိုလ်တော်ဘုရားသို့ အလည်ရောက်ခဲ့ဖူးသည့် ခရီးသွားဧည့်သည်များမှ သူနှင့်ပတ်သက်သည့် အချက်အလက်များ ပြန်လည်ဖြန့်ဝေမှုကြောင့် သူနှင့်တွေ့ဆုံရန် ကုသိုလ်တော်ဘုရားသို့ တကူးတကလာရောက်ကြရသည့် နိုင်ငံခြားသားများလည်းရှိသည်ဟု မန္တလေးမြို့ခံ နိုင်ငံခြားသားစကားပြန်တစ်ဦးကပြောသည်။

ပန်းဗန်းကိုရွက်ကာတစ်မျိုး၊ ပိုက်ကာတစ်မျိုးဖြင့် ရယ်နေသည့် သူ၏ပုံတူများမှာလည်း ပြည်တွင်းမှ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များ၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်သာမက ပြည်ပပညာရှင်များအထိပင် ပျံ့နှံ့နေပြီဖြစ်သည်။

ကလေးငယ်တစ်ဦး ဈေးရောင်းနေသည်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ငြိစွန်းမှုများရှိနေနိုင်သော်လည်း သူ၏ချစ်စရာကောင်းလွန်းသည့် သွင်ပြင်လက္ခဏာများကြောင့် ခရီးသွားဧည့်သည်များမှအစ ပညာရှင်အဆင့် ဓာတ်ပုံရိုက်သူများပါ သူ၏ပုံကိုမှတ်တမ်းတင်ရန် စိတ်အားထက်သန်သွားတတ်ကြသည်ဟု မန္တလေးမြို့မှဓာတ်ပုံပညာရှင် မောင်ဘဦး (မန္တလေး)ကပြောသည်။ ဓာတ်ပုံထဲတွင် သူ၏ပုံရိပ်များ အသက်ဝင်ပြီးလှနေစေသည့် လျှို့ဝှက်ချက်မှာ အသံထွက်အောင် ရယ်ခြင်းပင်ဖြစ်သည်။

သူ့ကို ပုံတူပန်းချီရေးဆွဲရန် အုပ်ထိန်းသူလက်မှတ်ထိုးပေးရန် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကတောင်းဆို၍ ထိုးပေးခဲ့ရဖူးသည်။ ပြည်တွင်းပညာရှင်တစ်ဦးကလည်း သူ၏ တစ်နေ့တာဖြတ်သန်းပုံများကို အသေးစိတ်မှတ်တမ်းဓာတ်ပုံ ယူသွားခဲ့ဖူးသည်။ သို့သော်လည်း သူ၏ပုံရိပ်ကို အသုံးပြုသည့်အတွက် အခကြေးငွေတစ်စွန်းတစ်စမှ မရရှိခဲ့ဖူးသေးပါ။ သူ၏ဓာတ်ပုံများကို ပြည်တွင်းပြည်ပတွင် ပြပွဲများ၊ မဂ္ဂဇင်းများတွင် ထည့်သွင်းအသုံးပြုပြီး အကျိုးအမြတ်များ ခံစားနေရသော်လည်း မိသားစုမှာမူ ယနေ့အချိန်ထိ နေ့စဉ်စားဝတ်နေရေး ပူပန်နေရဆဲဖြစ်သည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လည်းဖြစ်၍ တစ်နေကုန်ပန်းရောင်းရန် ဘုရားဝင်းအတွင်းရောက်နေသည့် ယဉ်ယဉ်ချောတစ်ယောက် ထမင်းစားနားနေသည်မှာ နှစ်နာရီနီးပါးရှိတော့မည်။ နံနက်ခင်းတစ်ပိုင်းလုံး ပန်းရောင်းခဲ့ပြီး နေ့လယ် ၁၂ နာရီကတည်းက အနားယူခဲ့သည်မှာ ယခုနှစ်နာရီထိုးခဲ့ပြီဖြစ်သည်။ ပန်းသွားမရောင်းမီ မျက်နှာပေါ်မှာ သနပ်ခါးနှင့် နှုတ်ခမ်းနီအား အဆင်ပြေ၊ မပြေ မှန်ကိုတစ်ချက်ကြည့်လိုက်ပြီး ပန်းဗန်းကို ခေါင်းပေါ်ရွက်တင်လိုက်သည်။

ညနေစောစောပြန်ရရေးအတွက် ဗန်းအတွင်းမှ လက်ကျန်ပန်းအားလုံးကို အမြန်ရောင်းထွက်စေရန် ဘုရားဘဏ္ဍာငွေ အလှူခံသည့်ပုံးအတွင်းသို့ တစ်ရာကျပ်သွားထည့်လိုက်သည်။ ထို့နောက် ဘုရားအတွင်းသို့ဝင်လာသည့် ၀၀ဖိုင့်ဖိုင်အသက်ခပ်ကြီးကြီး နိုင်ငံခြားသားစုံတွဲဆီသို့ ပန်းသွားရောင်းနိုင်ရန် ခြေလှမ်းပြင်လိုက်သည်။ ခေါင်းပေါ်ရွက်ထားသည့် ပန်းဗန်းကလေးကလည်း ယဉ်ယဉ်ချောခေါ်ရာနောက်သို့ မလိုက်ချင်၊ လိုက်ချင်နှင့် တလှုပ်လှုပ်။

ဓာတ်ပုံ- အေးမွန်ရာပြည့်

ရေးသားသူ- အေးမွန်ရာပြည့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန်တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စုအပါအ၀င်ပင်ဖြစ်သည်။

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို

Photo: တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို

မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၁

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တိဗက် လူ့အခွင့်အရေး အုပ်စုတစ်ခုက စပိန်တရားရုံး၌ တရားစွဲဆိုထားခြင်းကြောင့် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပန်းနှင့် အခြားသော တရုတ်အရာရှိ သုံးဦးကို မေးခွန်းမေးနိုင်ရန်အတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တရားသူကြီး မာရီနိုက တောင်းဆိုလိုက်သည်။

သို့သော်လည်း စပိန်အာဏာရ ပြည်သူ့ပါတီက ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်နေသည့် တရားသူကြီးများ၏ စွမ်းရည်ကို ကန့်သတ်နိုင်ရေး ဥပဒေထုတ်ပြန်ရန် အလျင်အမြန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်သမ္မတဟောင်း အမှုမှာ တိုးတက်မှု ရရှိနိုင်မည် မဟုတ်ချေ။

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လျှင် နယ်နိမိတ်များကို ကျော်လွှားပြီး တရားစွဲဆိုနိုင်သည်ဟု ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်မူတွင် ဖော်ပြထားသည်။

ယင်းမူကို အသုံးပြုပြီး ချီလီ အာဏာရှင်ဟောင်း သြဂတ်စတိုပီနိုချေကို ၁၉၉၈ ခုနှစ်တွင် လန်ဒန်မြို့၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် ပီနိုချေကို ချီလီနိုင်ငံသို့ ပြန်သွားခွင့်ပြုခဲ့သည်။

တိဗက်ပြည်သူများအပေါ် အလွဲသုံးစားမှု၊ နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူများအပေါ် တရုတ်သမ္မတ ကျန်ဇီမင်းက ကြီးကြပ် တာဝန်ယူခဲ့ရကြောင်း စပိန်တရားသူကြီး မာရီနို၏ အမိန့်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အပြုအမူများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက လွန်စွာမကျေမနပ် ဖြစ်ရကြောင်း၊ အဆိုပါအရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စပိန်နိုင်ငံကို ပြောကြားလိုက်သည်။

တရုတ်နှင့် စပိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုးပွားလာခဲ့သော်လည်း စပိန်နိုင်ငံ၏ စီးပွားရေးမှာ ပဋိပက္ခများနှင့် ကြုံတွေ့နေရခြင်းကြောင့် လက်ရှိတွင် စီးပွားရေးဆက်ဆံမှု တုံ့ဆိုင်းလျက် ရှိသည်။

တရုတ်ကွန်မြူနစ် တပ်ဖွဲ့များက တိဗက်ဒေသကို ၁၉၅၀ ပြည့်နှစ်တွင် သိမ်းပိုက်လိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဆင်းရဲမှု၊ ကုပ်သွေးစုပ်မှု၊ စီးပွားရေး ကျပ်တည်းမှုများ ကြုံတွေ့နေရသော ဟိမဝန္တာဒေသကို ငြိမ်းချမ်းစွာ လွတ်မြောက်စေလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့သော သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လက်ခံခြင်းမရှိဘဲ အချို့သော တိဗက်များက တရုတ်သိမ်းပိုက်မှုကို လက်ရှိအချိန်ထိ ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

တိဗက်ထောက်ပံ့ရေး အုပ်စုနှစ်ခုနှင့် စပိန်နိုင်ငံသား ခံယူထားသည့် တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တက်ဘန်ဝန်ချန်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနှင့် အခြားသော ခေါင်းဆောင်များကို ၂၀၀၆ ခုနှစ်မှစတင်ပြီး စပိန်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စပိန်တရားရုံးများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လူပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း၊ မေးခွန်းထုတ်ခြင်းတို့ မကြာခဏ ပြုလုပ်နေပြီး တရုတ်သမ္မတဟောင်း အရေးမှာ နောက်ဆုံး ပေါ်ထွက်လာသည့် အမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှ တရားရုံးများ၏ အမိန့်ကို အခြေခံပြီး အနီရောင် သတိပေးချက်ကို ထုတ်ပြန်လေ့ရှိကာ ယင်းသတိပေးချက် ထုတ်ပြန်ပါက အဖွဲ့ဝင်နိုင်ငံများရှိ ရဲများက ကြေညာချက် ထုတ်ပြန်ခံထားရသူကို ဖမ်းဆီးနိုင်ခွင့်ရှိသည်။

မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၁

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တိဗက် လူ့အခွင့်အရေး အုပ်စုတစ်ခုက စပိန်တရားရုံး၌ တရားစွဲဆိုထားခြင်းကြောင့် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပန်းနှင့် အခြားသော တရုတ်အရာရှိ သုံးဦးကို မေးခွန်းမေးနိုင်ရန်အတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တရားသူကြီး မာရီနိုက တောင်းဆိုလိုက်သည်။

သို့သော်လည်း စပိန်အာဏာရ ပြည်သူ့ပါတီက ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်နေသည့် တရားသူကြီးများ၏ စွမ်းရည်ကို ကန့်သတ်နိုင်ရေး ဥပဒေထုတ်ပြန်ရန် အလျင်အမြန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်သမ္မတဟောင်း အမှုမှာ တိုးတက်မှု ရရှိနိုင်မည် မဟုတ်ချေ။

NLD အလုပ်အမှုဆောင် မိသားစု အဆိပ်ခတ် လုပ်ကြံခံရမှု ရက်၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်းအဖြေ မသိရသေးဟုဆို


ပုသိမ်၊ ဖေဖော်ဝါရီ ၁၂

ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် NLD အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဦးရွယ်လူး အဆိပ်မိသည့် လက္ခဏာဖြင့် ဇန်နဝါရီလ ၂ရက်နေ့က သေဆုံးခဲ့ရာ ရက်ပေါင်း ၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်း အဖြေ မသိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။

ဦးရွယ်လူး ၄၇ နှစ်သည် ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရွာတွင် အသက် ၁၃ နှစ် အရွယ်သားတစ်ဦး၊ အသက် ၁၀ နှစ်အရွယ် သမီးတစ်ဦးတိုနှင့် အတူနေထိုင်စဉ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ၎င်းတို့ ခြံရှေ့တံခါး၌ ချိတ်ဆွဲထားသည့် ခရစ္စမတ် လက်ဆောင် ကတ်ပါသည့် ပုံစံပျက် နေသော အိုဗာတင်း ပုလင်းတစ်လုံးနှင့် KING STAR အမှတ်တံဆိပ် ပူတင်း ပေါင်မုန့်တို့ကို ရရှိခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားသည်။

ယင်းသို့ရရှိသည့် အိုဗာတင်း ပုလင်းကို ၂၉.၁၂.၂၀၁၃ နေ့တွင် သားဖြစ်သူ ခုနစ်တန်း ကျောင်းသား မောင်ကောင်းမြတ်နိုင်က လက်ဖြင့် ကော်စားခဲ့ရာ ယင်းနေ့ညနေတွင်ပင် အစိမ်းရောင် အရည်များ အန်ခဲ့သောကြောင့် ဆေးကုသခဲ့ရကြောင်း ၃၁.၁၂.၂၀၁၃ နေ့တွင် KING STAR အမှတ်တံဆိပ် ပါရှိသည့် ပူတင်းပေါင်မုန့်ကို သားအဖနှစ်ဦး အတူတကွစားခဲ့ရာ အော့အန်ပြီး ဒေါင့်ကြီးရွာ တိုက်နယ်ဆေးရုံတွင် ကုသခဲ့သော်လည်း သက်သာခြင်း မရှိသဖြင့် ပုသိမ်မြို့ အထွေထွေ ဆေးရုံကြီး၌ ကုသနေစဉ် ဖခင်ဖြစ်သူ ဦးရွယ်လူးမှာ ၂.၁.၂၀၁၄ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောဆိုသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရောက်မည်

Photo: ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားသည် မြန်မာနိုင်ငံသို့ နောက်ဆုံး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က သတင်းထုတ်ပြန်သည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ 

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ရာ ယင်းခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရန်ကုန်မြို့တော် တစ်ဖက်ကမ်းတွင် အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက်မည် ဖြစ်ကြောင်း UNHRC က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ခရီးစဉ်တွင် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ် သွားမည် ဖြစ်ပြီး ပြည်နယ်အစိုးရ အရာရှိများ၊ နှစ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးမည် ဖြစ်ကြောင်း ကင်တားနားက ပြောကြားသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော အထူးစီးပွားရေးဇုန်များ၊ စီမံကိန်းဇုန်များ ဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် မုံရွာ ကြေးနီတောင် စီမံကိန်း တို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိ မရှိ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဖွံ့ဖြိုးရေး စီမံကိန်းတွေဆိုတာ လူ့အခွင့်အရေးနဲ့ တိုင်းတာတယ်။ စီမံကိန်းတစ်ခုမှာ ကျန်းမာရေး အကာအကွယ်ပေးမှု၊ ပညာရေး၊ လူနေမှု အဆင့်အတန်း မြင့်မား မလာဘူးဆိုရင် အဲဒီစီမံကိန်းက လူ့အခွင့်အရေး ချိုးဖောက်နေတာပဲ” ဟု ကင်တားနားက ပြောကြားသည်။

ကင်တားနား၏ တင်ပြချက်များသည် ဘက်မလိုက်ဘဲ မျှတသည့် အကြံပြုချက်များ ဆိုပါက လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်ခရီးစဉ်တွေလို မဟုတ်ဘဲ ကဏ္ဍစုံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစစ်ဆေး သွားမှာ ဖြစ်တဲ့အတွက် အခြေအနေမှန်တွေကို မျှမျှတတ ဘက်မလိုက်ဘဲ ဖော်ထုတ် သွားလိမ့်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကင်တားနားသည် ကချင်ပြည်နယ် ခရီးစဉ်တွင်လည်း ပြည်နယ်အစိုးရ အပါအဝင် လူမှု အဖွဲ့အစည်းများနှင့် ကေအိုင်အိုတို့ကို တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ နေပြည်တော်တွင်လည်း အစိုးရ အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်နှင့် တွေ့ဆုံကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း UNHRC က ထုတ်ပြန်သည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ အရပ်သား အစိုးရသစ် လက်ထက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တရားဝင် လာရောက် လေ့လာခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ၎င်း၏ အစီရင်ခံစာများမှာ ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ် လေးကြိမ်အနက် နှစ်ကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားသည် မြန်မာနိုင်ငံသို့ နောက်ဆုံး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က သတင်းထုတ်ပြန်သည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ရာ ယင်းခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရန်ကုန်မြို့တော် တစ်ဖက်ကမ်းတွင် အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက်မည် ဖြစ်ကြောင်း UNHRC က ထုတ်ပြန်ထားသည်။

မိတ္ထီလာ ကန်ထဲသို့ အက်စစ် ထည့်သည်ဆိုသော သတင်း ကောလာဟလဟုဆို

Photo: မိတ္ထီလာ ကန်ထဲသို့  အက်စစ် ထည့်သည်ဆိုသော သတင်း ကောလာဟလဟုဆို

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ကန်တော်ကြီးဘေး မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး ဓာတ်အားပေးရေး ရုံးအနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက  မိတ္ထီလာ ကန်ထဲသို့  လူအချို့က အက်စစ်များ လောင်းထည့်သည် ဆိုသော သတင်းမှာ ကောလာဟလ တစ်ခုသာ ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်  ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းနေ့ ည ၉ နာရီ ၀န်းကျင်ခန့်က၊ မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ် ဓာတ်အားပေးရေး ရုံးအနီးတွင် မိတ္ထီလာ ကန်အတွင်းသို့ အက်စစ်ရည်များ လောင်းချခဲ့သည်ဟူသော သတင်းအရ မိတ္ထီလာမြို့မ ရဲတပ်ဖွဲ့ စခန်းမှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ယင်းရပ်ကွက်ရှိ မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ဓာတ်ပုံဖလင် ဆေးရည်များ စွန့်ပစ်ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူက ပြောကြားသည်။  

အောင်ဆန်း ရပ်ကွက်နေ မောင်လင်း မောင်းနှင်သော ၁ဟ/၉၀၁၁ သုံးဘီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်နေသူ ဦးထွန်းအေးနှင့် ရန်ကုန် တောင်ဒဂုံ မြို့နယ်နေသူ ဦးအောင်ကျော်ဦးတို့က ဖလင်ဆေးသည့် စွန့်ပစ်ဆေးရည် ငါးဂါလန်ဝင်ပုံး ၁၀ ပုံး၏ အပေါ်ရည်ကြည်များကို မိတ္ထီလာ ကန်ဘောင်ဘေး မြေကွက်လပ်ပေါ်သို့ သွန်ချခဲ့ကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဆေးရည်များကို ၎င်းတို့ နှစ်ဦးသည် တစ်ဂါလန်လျှင် ၁၄၀၀ ကျပ်ဖြင့် မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ၀ယ်ယူခဲ့ကာ အပေါ်ရည်ကြည်သွန်၍ ကျန်အနှစ်ကို ပန်းထိမ်လုပ်ငန်း သုံးသည့် “ဘော်” ချက်ရာတွင် သုံးရန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်ရပ်သည် ပတ်ဝန်းကျင်ရှိ မျက်မြင်အချို့၏ စူးစမ်းမှု မရှိသည့် မှားယွင်းသော ယူဆချက်နှင့် မိတ္ထီလာ ဒေသခံ မဟုတ်သော သူများ၏ မဆင်မခြင် စွန့်ပစ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းတစ်ခုသာ ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ရွှေက ပြောကြားသည်။

“မနေ့ ည ၉ နာရီကျော်လောက်မှာ EPC ရုံးဘက်က ၀န်ထမ်းတွေက အော်ကြ ဟစ်ကြတော့ ရပ်ကွက်ထဲက မီးကင်းစောင့်တဲ့ သူတွေက လိုက်ကြတယ်။ သုံးဘီး ဆိုင်ကယ်ကလည်း မောင်းပြေးတယ်။ ရဲစခန်းကို အကြာင်းကြားတော့ ရဲတွေ ချက်ချင်း ရောက်လာတယ်၊ နောက်မှ အကြောင်းစုံ သိရတယ်၊ တကယ်ဆိုရင် ရေဆိုးပစ်စရာ မြောင်းကြီးတွေ ရှိတယ်၊ ကန်စပ်နားကို မသွန်သင့်ဘူး၊ နောက်ပြီးတော့ အချိန်မတော်ကျမှ မှောင်ထဲကို လာပြီး ဒီလိုလုပ်တော့ ရပ်ကွက်ထဲက လူတွေ လန့်ကုန်တယ်” ဟု မြို့မ(၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး အနီးတွင် နေထိုင်သူ ဒေါ်သင်းက ဆိုသည်။

မိတ္ထီလာကန်ကို မြို့နေလူထု သောက်သုံးရေအတွက် မိုင် ၃၀ ကျော် ရေပိုက်လိုင်းများဖြင့် ဖြန့်ဝေလျက်ရှိပြီး ကန်အောက်ပိုင်းရှိ ကျေးရွာ ဒေသများတွင် စိုက်ပျိုးရေအဖြစ် အသုံးပြုလျက်ရှိရာ ကန်ရေကို သိန်း ပေါင်း ၉၃၂၀ အကုန်အကျခံကာ သန့်စင်ရန် မူလကပင် စီစဉ်ထားပြီး ဖြစ်ကြောင်း စည်ပင်သာယာရေး ဌာနထံမှ စုံစမ်း သိရှိရသည်။

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ကန်တော်ကြီးဘေး မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး ဓာတ်အားပေးရေး ရုံးအနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက မိတ္ထီလာ ကန်ထဲသို့ လူအချို့က အက်စစ်များ လောင်းထည့်သည် ဆိုသော သတင်းမှာ ကောလာဟလ တစ်ခုသာ ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းနေ့ ည ၉ နာရီ ၀န်းကျင်ခန့်က၊ မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ် ဓာတ်အားပေးရေး ရုံးအနီးတွင် မိတ္ထီလာ ကန်အတွင်းသို့ အက်စစ်ရည်များ လောင်းချခဲ့သည်ဟူသော သတင်းအရ မိတ္ထီလာမြို့မ ရဲတပ်ဖွဲ့ စခန်းမှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ယင်းရပ်ကွက်ရှိ မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ဓာတ်ပုံဖလင် ဆေးရည်များ စွန့်ပစ်ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

အောင်ဆန်း ရပ်ကွက်နေ မောင်လင်း မောင်းနှင်သော ၁ဟ/၉၀၁၁ သုံးဘီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်နေသူ ဦးထွန်းအေးနှင့် ရန်ကုန် တောင်ဒဂုံ မြို့နယ်နေသူ ဦးအောင်ကျော်ဦးတို့က ဖလင်ဆေးသည့် စွန့်ပစ်ဆေးရည် ငါးဂါလန်ဝင်ပုံး ၁၀ ပုံး၏ အပေါ်ရည်ကြည်များကို မိတ္ထီလာ ကန်ဘောင်ဘေး မြေကွက်လပ်ပေါ်သို့ သွန်ချခဲ့ကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဆေးရည်များကို ၎င်းတို့ နှစ်ဦးသည် တစ်ဂါလန်လျှင် ၁၄၀၀ ကျပ်ဖြင့် မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ၀ယ်ယူခဲ့ကာ အပေါ်ရည်ကြည်သွန်၍ ကျန်အနှစ်ကို ပန်းထိမ်လုပ်ငန်း သုံးသည့် “ဘော်” ချက်ရာတွင် သုံးရန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်မှ ကျောင်းသား ၅၀၀ ခန့် စာမေးပွဲဖြေဆိုရန် အခက်အခဲဖြစ်

Photo: ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်မှ ကျောင်းသား ၅၀၀ ခန့် စာမေးပွဲဖြေဆိုရန် အခက်အခဲဖြစ်

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀၀ ကျော်တွင် လူဦးရေ ၇၀၀၀ ကျော် နေထိုင်လျက်ရှိရာ ကျောင်းသား ၅၀၀ ခန့်မှာ အတန်းတင်စာမေးပွဲဖြေဆိုရန် ကာလနှင့် နီးကပ်နေသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ဖျက်သိမ်းပြောင်းရွှေ့ပေးရမယ့် ရပ်ကွက်ထဲမှာ လက်ရှိနေထိုင်နေတဲ့ လူဦးရေ ၇၉၂၀ ရှိပါတယ်။ အဲ့ဒီထဲမှာ အသက် ၇၀ အထက် အဘိုးအဘွား ၈၀ ကျော်လောက်ရှိတယ်။ ကျောင်းသားမူလတန်း၊ အလယ်တန်း၊ အထက်တန်း စုစုပေါင်း ၅၀၇ ဦးရှိတယ်။ အများစုက မူလတန်းကျောင်းသားတွေဖြစ်တယ်။ အများစုက ကျောင်းသားငယ်တွေ ဖြစ်နေတော့ စာမေးပွဲဖြေဖို့အတွက် စိုးရိမ်စိတ်တွေ ၀င်နေတယ်။ သူတို့အိမ် အဖျက်ခံရရင် သူတို့ဘယ်မှာနေပြီး စာကျက်မလဲ” ဟု ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ရှင်းပြသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ယင်းရပ်ကွက်ရှိ လူနေအိမ်ခြေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် ပလပ်မြေပေါ်တွင် တရားမ၀င် ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်သူများအား ဖျက်သိမ်းပေးရန် အမိန့်စာကို ဖေဖော်ဝါရီ ၆ ရက်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပေးပို့ခဲ့သည်။

၆၇ ရပ်ကွက်တွင် နေထိုင်သော အလယ်တန်းကျောင်းဆရာမ တစ်ဦးက “ကျွန်မတို့ ၆၇ ရပ်ကွက်ထဲမှာ ကျောင်းသား ၅၀၀ မကရှိတယ်။ မူလတန်းကျောင်းသား အရေအတွက်က ပိုများတယ်။ မူလတန်း အတန်းတင်စာမေးပွဲက ဒီလ ၂၆ ရက်စမှာ။ အလယ်တန်းက ၃ လပိုင်းထဲမှာစမယ်။ ၁၀ တန်းတွေလည်း ၃ လပိုင်း လလယ်လောက်မှ စမှာဖြစ်ပါတယ်။ ဒီကာလတွေမတိုင်ခင် ပြောင်းရွှေ့ပေးရမယ်ဆိုတော့ ကလေးတွေမှာ စာကျက်ရနိုးနိုး၊ ကျောင်းပဲထွက်ရနိုးနိုးနဲ့ စိုးရိမ်သောက ရောက်နေကြတယ်။ ဖျက်မယ်ဆိုတော့ ကြောက်လန့်ကြပြီး မိဘတွေကလည်း ပြောင်းရွှေ့ကြရင် ကျောင်းသားတွေ အတန်းပျက်ပြီး ဒုက္ခရောက်ကြရမှာ စိုးရိမ်နေတယ်” ဟု ပြောကြားသည်။

“ကျွန်မတို့ရပ်ကွက် လူဦးရေ ၇၀၀၀ ကျော် အိမ်တွေဖျက်သိမ်း ပြောင်းရွှေ့ပေးရပြီဆိုပါတော့ ဘယ်မှာသွားနေရမှာလဲ။ မြေငှားပြီးနေတာဖြစ်ဖြစ် မြေ၀ယ်ပြီးနေတာဖြစ်ဖြစ် နေစရာတစ်ခုအတွက် ကျွန်မတို့ လမ်းဘေးရောက်ဖို့ပဲရှိတယ်” ဟု ၆၇ ရပ်ကွက် ချင်းတွင်းလမ်းနေ အိမ်ရှင်မတစ်ဦးက ၎င်း၏ခံစားချက်ကို ပြောကြားခဲ့သည်။

ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ၆၇ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မူလတန်းအရွယ် ကလေးငယ်များ စာသင်ကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ၆၇ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မူလတန်းအရွယ် ကလေးငယ်များ စာသင်ကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀၀ ကျော်တွင် လူဦးရေ ၇၀၀၀ ကျော် နေထိုင်လျက်ရှိရာ ကျောင်းသား ၅၀၀ ခန့်မှာ အတန်းတင်စာမေးပွဲဖြေဆိုရန် ကာလနှင့် နီးကပ်နေသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ဖျက်သိမ်းပြောင်းရွှေ့ပေးရမယ့် ရပ်ကွက်ထဲမှာ လက်ရှိနေထိုင်နေတဲ့ လူဦးရေ ၇၉၂၀ ရှိပါတယ်။ အဲ့ဒီထဲမှာ အသက် ၇၀ အထက် အဘိုးအဘွား ၈၀ ကျော်လောက်ရှိတယ်။ ကျောင်းသားမူလတန်း၊ အလယ်တန်း၊ အထက်တန်း စုစုပေါင်း ၅၀၇ ဦးရှိတယ်။ အများစုက မူလတန်းကျောင်းသားတွေဖြစ်တယ်။ အများစုက ကျောင်းသားငယ်တွေ ဖြစ်နေတော့ စာမေးပွဲဖြေဖို့အတွက် စိုးရိမ်စိတ်တွေ ၀င်နေတယ်။ သူတို့အိမ် အဖျက်ခံရရင် သူတို့ဘယ်မှာနေပြီး စာကျက်မလဲ” ဟု ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနှင်းအောင်ဇော်က ရှင်းပြသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ယင်းရပ်ကွက်ရှိ လူနေအိမ်ခြေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် ပလပ်မြေပေါ်တွင် တရားမ၀င် ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်သူများအား ဖျက်သိမ်းပေးရန် အမိန့်စာကို ဖေဖော်ဝါရီ ၆ ရက်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပေးပို့ခဲ့သည်။

“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း မမှန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ငြင်းဆို

Photo: “၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း မမှန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ငြင်းဆို

“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့်သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု  ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီကတက္ကသိုလ်အောင်တဲ့သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့ပြင် ယင်းကိစ္စကို စတင်ပြောကြားခဲ့သူများကိုလည်း ပြန်မေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပြောတဲ့သူတွေကို ပြန်မေးကြည့်ပါလား။ ကျွန်တော်ကတော့ သေချာမသိဘူး။  ကျွန်တော်တို့ ဒီမှာကတော့ ဖော်ကာ ငယ်ငယ်လေး တစ်စင်းရှိတယ်။ ရဟတ်ယာဉ် တစ်စင်းရှိတယ်။ နောက်မော်တော်ဘုတ် တစ်စင်း ရှိတယ်။ ဒါကဥယျာဉ်မှာ ပြဖို့ထားဖို့။  ကျွန်တော်တို့ ဒေသခံပြည်သူတွေက သိတဲ့အတိုင်းပဲလေ။ နယ်စပ်ဒေသဆိုတော့ အပေါ်မှာပျံနေတာ၊ ပြေးနေတာပဲ တွေ့နေသိနေတယ်။ ရုပ်ရှင်မှာပဲ တွေ့တာရှိတယ်။ လက်တွေ့ ဘယ်သူမှ မတွေ့ဖူးဘူး။ ဒါကြောင့်မို့ ဒီဟာကို ဥယျာဉ်ထဲမှာထားဖို့၊ လုပ်ဖို့ထားတာ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ် ထံမှ TY 90  ဝေဟင်ပစ်ဒုံးကျည် တပ်ဆင်ထားသော Mi 70 အမျိုးအစား စစ်ရဟတ်ယာဉ်ငါးစင်း ရရှိခဲ့သည်ဟု Janes Inte- lligence  ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။  
ထိုသို့ ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Janes Inte- lligence က ဖော်ပြသည်။

သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA  တို့က ငြင်းဆိုခဲ့သည်။

သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး UWSA  သတင်းများကို အတွင်းကျကျသိရှိထားသူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ၎င်း၏အတွေ့အကြုံနှင့် သိရှိထားသောအချက်အလက်များအရ သတင်းမှန်ကန်သည်ဟု The Daily Eleven  သို့ ပြောကြားသည်။

ထိုအချိန်နောက်ပိုင်းတွင် UWSA  ဘက်က ရဟတ်ယာဉ်ဝယ်ယူသည့် သတင်းမှန်ကြောင်း၊ ထိုရဟတ်ယာဉ်များမှာ အင်ဂျင်မပါသော ရဟတ်ယာဉ်များသာဖြစ်ပြီး ထိုရဟတ်ယာဉ်နှင့်အတူ ဝယ်ယူထားသော အင်ဂျင်မပါသော သင်္ဘောတစ်စင်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပန်းခြံ၌ပြထားရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မေလအတွင်းမှာပင် UW SP/UWSA  ၏ နိုင်ငံခြားဆက်ဆံရေးဌာန  ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက UWSA  ၏ စစ်အင်အားအခြေအနေနှင့် ၎င်းတို့ကိုထိပါးလာမည်ဆိုက လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သဖြင့် ဦးဆမ်ခွန်းကို UWSP  ပေါ်လစ်ဗျူရိုအကြီးအကဲများက ခေါ်ယူသတိပေးခဲ့ပြီး ရာထူးတစ်ဆင့်နိမ့် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက UWSP ၏ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီဗဟိုကော်မတီအတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ဦးအောင်မြင့်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဗဟိုကော်မတီတစ်ခုလုံးကို အကုန်ပြန်ပြီးတော့ ပြန်ပြင်ဖွဲ့ပါတယ်။ လူသစ်တွေ အပါအဝင်၊ လူငယ်တွေလည်း အပါအဝင်၊ သူတို့လည်းဦးစီးလုပ်ငန်းမှာ အတွေ့အကြုံရအောင်ပေါ့။ ဒီလူတွေကိုလည်း တော်တော်များများ တင်မြှောက်ထားပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

The Daily Eleven က စုံစမ်းသိရှိခဲ့ရသော အချက်အလက်များအရ UWSP ၏ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္က| ဗိုလ်လိုက်ခမ်းနှင့် ဒေသအုပ်ချုပ်ရေး ဒုတိယအကြီးအကဲ  ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့်  UWSP  သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရို ဗဟိုကော်မတီတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိကပါဝင်ဆောင်ရွက်နေသူ  ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့ နှစ်ဦးကို အစားထိုးခန့်အပ်လိုက်သည်။ ထိုသို့အစားထိုးခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံ၌ မွေးဖွားခဲ့သူများဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီတွင် လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ကာ ထိုသူများထဲတွင် “ဝ” တောင်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်သည့် အပြင် UWSA  ၏ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်လည်း ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ကြောင်း သိရသည်။  

ဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များကို ပြန်ပြင်ဖွဲ့ခြင်းအပါအဝင် ဆုံးဖြတ်ချက်လေးရပ်ကို ချမှတ်ခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ အခြေအနေ၊ သုံးသပ်ချက်ကို ဗဟိုမှာတင်ပြချက်၊ ဆုံးဖြတ်ချက်ယူတာ ရှိတယ်။ ဒုတိယတစ်ခုပေါ့။ တတိယကတော့ ကျွန်တော်တို့ဒေသမှာ ထုတ်လုပ်နေတဲ့ သတ္တုတွေနဲ့ ပတ်သက်လို့ပေါ့။ ပြန်ပြီးတော့ ကုမ္ပဏီတွေကပဲ ဖြစ်စေ။ လုပ်တဲ့အခါမှာ  စည်းမရှိကမ်းမရှိဘဲ လုပ်တဲ့ဟာ။ ဒါကြောင့်မို့ အကုန်ဖျက်သိမ်းပြီးတော့ အကုန်ပြန်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့ ပြန်ပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုကတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းပေါ့။ ဒါကတော့ ပုံမှန်ပေါ့။ အဓိကဆုံး ဖြတ်ချက် လေးခုရှိပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

UWSP/UWSA  သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် စစ်အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်သည်အင်အား ၃ဝဝဝဝ နီးပါးရှိနေကာ ၂ဝ၁၁ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

“ဝ” တပ်သား ၃ဝ အား  ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။  ပုံမှန်အားဖြင့်မူ UWSA အတွက် လိုအပ်သော စစ်သင်တန်းများကို တရုတ်ထောက်လှမ်းရေးများက သင်ကြားပို့ချပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

 ၂၀၁၂ ခုနှစ်  ဧပြီ  ၁၇  ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့်သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis