menu

Tuesday 10 September 2013

ခေတ်အဆက်ဆက်အတွေး စားသုံးသူများကို ခြိမ်းခြောက်ကြမှာလား ( ဒေါက်တာခင်မောင်ညို)

Photo: ခေတ်အဆက်ဆက်အတွေး စားသုံးသူများကို ခြိမ်းခြောက်ကြမှာလား

ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို

"စားသုံးသူများ အခက်များစွာ ကြုံနေရတယ် ဆရာ"

တစ်နေ့တွင် မောင်ဟစ် ကျွန်တော့်ဆီ ရောက်လာသည်။ သူသည် သူ၏ဟစ်တလုံးဟူသော အမည်နှင့်လိုက်အောင် အတော်လေး ဟစ်တတ်သည်။

"ခုဘာတွေ ဖွဦးမှာလဲ"

"လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက လူတွေပြောနေကြတဲ့ စားသုံးသူ ကာကွယ်စောင့်ရှောက်ရေးပါ ဆရာ။ အဲဒါတွေကတော့"

သူစာရွက်တစ်ရွက်ကို ပြသည်။

မသန့်သောဆီ (ပြန်ကြော်ဆီ) များကို ပြည်ပမှ တင်သွင်းရောင်းချနေခြင်း။

ရက်လွန်မုန့်များ အထူးသဖြင့် ပြည်ပမှ ဘီစကွတ်တွေ ချောကလက်တွေ ရောင်းချခြင်း။

ချည်ဆိုးဆေးများကို အစားအသောက်များတွင် သုံးခြင်း။

သူပြသော စာရွက်တွင် စားသုံးသူများ အန္တရာယ်ရှိနိုင်သော အမျိုးအမည် ၂၀ ကျော်ကို တွေ့ရသည်။

"ဒါကတော့ ရှေးကတည်းက ရှိတာပါပဲ၊ ဘနဖူးကို သိုက်တူးတယ်လေ။ ရေခဲချောင်းတွေ အချဉ်ထုပ်တွေမှာ ချည်ဆိုးဆေးတွေ တွေ့ရတယ်။ အစားအသောက်တွေမှာ ဆော်ဒါကို ထည့်ကြတာမျိုးတွေပါ။ မုန့်ဟင်းခါးဖတ်မှာ လက်ချား Borax ကို ထည့်တာမျိုးတွေ ရှိတယ်"

"နောက်ပိုင်းမှာ တရုတ်ကလာတဲ့ နို့မှုန့်တွေမှာ မယ်လမင်း ပါလာတာ တစ်ကမ္ဘာလုံး ကျော်ကြားသွားတယ်"

"ဒီတော့ ဘာလုပ်ရမလဲ ဆရာ"

"ပထမ လုပ်ရမှာတော့ သဘာဝမကျတဲ့ အစားအစာကို မစားကြဖို့ပေါ့"

"ဒါဆိုရင် ဘယ်လိုမျိုးကို စားရမလဲ ဆရာ"

"ငယ်ငယ်ကတည်းကစားတဲ့ ရိုးရာအစားအသောက် ပုံစံပေါ့ကွာ"

"ဟာဆရာ စားလို့မရဘူးလေ။ ဆရာ သတင်းဂျာနယ်တွေမှာ တွေ့မှာပေါ့၊ ငါးပိတွေထဲမှာ ယူရီးယားဆိုတဲ့ ဓာတ်မြေသြဇာကို ထည့်တယ်တဲ့"

"အင်း ဖတ်ရပါတယ်။ ဒီအကြောင်းကို ရေးမလို့ ပြင်ဆင်နေတယ်"

"ကောင်းတာပေါ့ ဆရာ။ ဆရာတို့လို ပညာရှင်တွေရေးရင် လူတွေ ငါးပိအန္တရာယ်ကို သိလာမှာပေါ့"

"ငါးပိတွေထဲမှာ ယူရီးယားဆိုတဲ့ ဓာတ်မြေသြဇာကို ထည့်တယ်ဆိုတာ ဘယ်သူတွေ့လဲ"

"တွေ့တဲ့လူ မရှိဘူး ဆရာ။ ဒါပေမဲ့ စစ်ဆေးကြည့်ရင် ယူရီးယားကို တွေ့တယ်တဲ့"

"ယူရီးယားတွေ့တာနဲ့ ယူရီးယား ထည့်တယ်လို့ မဆိုနိုင်ဘူးကွ"

"ဟာ ဆရာကလဲ။ စုံထောက်ဦးစံရှား လေသံနဲ့ပါပဲ"

"အတွေးရှင်းရတယ်ကွ။ ယူရီးယားကို ပုလဲဓာတ်မြေသြဇာလို့ ခေါ်တယ်။ သူ့ကို ဓာတ်မြေသြဇာအဖြစ် သုံးရတာ နိုက်ထရိုဂျင် လိုချင်လို့ပဲ။ သူက အခဲဖြစ်လို့ သုံးရတာ လွယ်ကူတယ်။ တကယ်တော့ လူတွေရဲ့ ကျင်ငယ်ရည်ထဲမှာ ယူရီးယားပါတယ်။ Urine ကနေ စတင်ရရှိလို့ အဲဒီဒြပ်ပေါင်းကို Urea လို့ ခေါ်တယ်။ သူ့ရဲ့ ဖော်မြူလာက CO (NH2)2 ပါပဲ။ နို့တိုက် သတ္တ၀ါတွေ အားလုံးနဲ့ ငါးတွေ ရေသတ္တ၀ါတွေရဲ့ အညစ်အကြေးတွေမှာလည်း Urea ပါတယ်။ သွေးထဲမှာ အသည်းထဲမှာကလည်း Urea အနည်းငယ် ပါတာပဲ"

"ဒါဆိုရင် ငါးပိကိစ္စ"

"ခဏလေး သည်းခံပါဦး။ Urea ကို သဘာဝမှာ တွေ့တာ အတော်ကြာမှ သိပ္ပံပညာရှင် Wohler က ၁၈၂၈ က ဓာတ်ခွဲခန်းမှာ စတင်ပြီး ထုတ်ဖော်နိုင်ခဲ့တယ်။ ဒီတော့ သြဂဲနစ် ပစ္စည်းတွေကို ထုတ်လုပ်နိုင်တယ်ဆိုပြီး Organic Chemistry မှာ လူတွေလုပ်လို့ရတဲ့ ပစ္စည်းတွေကို လေ့လာတဲ့ ပုံစံသစ်ကို ပြောင်းလာတာပါ"

"ငါးပိကိစ္စ" "ငါးပိထဲမှာ Urea ရှိပါတယ်။ သူ့ကို စမ်းရင်တွေ့မှာပါပဲ။ ယူရီးယားဟာ အဆိပ်ရယ်လို့ မပြောနိုင်ဘူး။ အိန္ဒိယမှာ နွားကျင်ငယ်ရေ သောက်တာတို့ မိမိကျင်ငယ် မိမိသောက်တာတို့ ရှိတာပဲ။ ၀န်ကြီးချုပ် ဒေဆိုင်းဟာ သူ့ရဲ့ကျင်ငယ်ရည်ကို သူပြန်သောက်လို့ ကျန်းမာတယ်လို့ဆိုတာ ဖတ်ရဖူးတယ်။ သူအသက် ၉၉ နှစ်အထိ နေသွားတယ်။ တရုတ်မှာလည်း ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကလေးငယ် လူပျိုပေါက်ရဲ့ ကျင်ငယ်ရည်ကို သောက်ရတဲ့ဓလေ့ ရှိပါတယ်"

"အင်း ဆရာပြောတာ စဉ်းစားစရာ ဖြစ်နေတယ်" "ဟုတ်တယ်။ ပထမအချက်က ငါးပိတွေမှာ မူလကတည်းက ယူရီးယား ရှိနိုင်သလို သူ့အလိုအလျောက် ဖြစ်လာတဲ့ ယူရီးယားတွေ ရှိနိုင်တယ်။ ဒုတိယအချက်က Urea ပမာဏ မများရင် ကျန်းမာရေးကို မထိခိုက်ပါဘူး"

"ဒါဆိုရင် ဆရာ ငါးပိတိုင်းကို ဓာတ်ခွဲကြည့်ရင် Urea တွေ့မယ်ပေါ့ ဟုတ်လား"

"အသေအချာ တွေ့နိုင်ပါတယ်။ တကယ်တော့ သိပ္ပံပညာကို သေသေချာချာ မလေ့လာဘဲ တစ်ပိုင်းတစ်စ ကြားဖူးနားဝနဲ့ ကိုယ်လိုရာဆွဲကာ ပြောကြဆိုကြတာ ရှိတယ်။ ပညာဆိုတာ ခက်တယ်။ အသိပညာ အတတ်ပညာဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ရတယ်။ ဥပမာ ခင်ဗျားလည်း ကြားဖူးမှာပေါ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အိန္ဒိယနယ်စပ်မှာ ပလတ်စတစ်ဆန်တွေ ၀င်လာတယ်။ ချက်လိုက်ရင် ထမင်းဖြစ်လာတယ်။ စားရင်ချက်ချင်းတော့ မသေဘူး။ သုံးလေးရက်ကြာမှ သေတယ်ဆိုတာ"

"ကြားဖူးတယ်။ ပလတ်စတစ်ဆန်ဆိုတာ အတော်ထူးဆန်းတယ်။ ဘယ်လိုလုပ် လိမ်ရောင်းတာလဲ"

"လိမ်ရောင်းတာ မဟုတ်ဘူး။ အဲဒါတွေဟာ ပလတ်စတစ်ဆန်လည်း မဟုတ်ဘူး။ ဆန်အစစ်ပဲ"

"ဘာဖြစ်လို့ ပလတ်စတစ်ဆန်လို့ ခေါ်တာလဲ နောက်ပြီးစားတဲ့အခါ ဘာလို့သေကြတာလဲ"

"အဲဒီဆန်တွေဟာ American Long Grain ဆိုတဲ့ ဆန်မျိုးတွေ။ အဲဒီဆန်တွေဟာ လယ်သမားတွေကို အကူအညီပေးဖို့လှူတဲ့ စပါးတွေကနေ ရတဲ့ဆန်တွေပါ။ တကယ်တော့ ဒီစပါးတွေဟာ စားဖို့မဟုတ်ဘူး။ စိုက်ဖို့ မျိုးစပါးတွေပါ၊ ဒီမျိုးစပါးတွေကို စိုက်တဲ့အခါ ပိုးမွှားတွေ မဖျက်ဆီးဖို့ ဖော့စဖရပ်စ်အနီနဲ့ စိမ်ထားတာပါပဲ။ ဖော့စဖရပ်စ်အနီဟာ စပါးထဲကို စိမ့်ဝင်သွားတယ်။ ဒီစပါးတွေကို တစ်ယောက်ယောက်က ကြိတ်ခွဲတော့ အင်မတန်လှတဲ့ဆန်ကို ရတယ်။ ဒါကို ပလတ်စတစ်ဆန်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့ ရတဲ့ဆန်ကို လူတွေစားတယ်။ ဆန်ထဲမှာတော့ ဖော့စဖရပ်စ် အနည်းငယ် ပါလာတယ်။ ဖော့စဖရပ်စ်ဟာ အဆိပ်ပါ။ ဒီဖော့စဖရပ်စ် အနည်းငယ်ကြောင့် လူတွေတစ်ရက်နှစ်ရက်ကြာရင် သေရတာပါပဲ"

"ကြောက်စရာ ကောင်းတယ်နော်"

"ဟုတ်တယ်။ စားစရာက တိုက်ရိုက်ပြဿနာတွေ ဖြစ်သလို တာရှည်စားသုံးမှ ပြဿနာဖြစ်တာလည်း ရှိတာပဲ"

"ငါးပိမှာပါတဲ့ Urea ပြဿနာကိုတော့ အချို့စာသုံးသူဘက်က ရပ်တည်တဲ့ အဖွဲ့အစည်းက လူတွေရေးတာကို ဖတ်ရတာပါ"

"သူတို့ကလည်း စေတနာနဲ့ ရေးတာပါ။ လူတွေအရမ်းကြောက်အောင် ရေးတယ်။ မမှန်မကန် ရေးတယ်ဆိုရင် မီဒီယာတွေကို လူတွေယုံကြည်တော့မှာ မဟုတ်ဘူး"

"နောက်တစ်ခု ဖတ်ရသေးတယ်။ ဓာတ်ဘူးထဲမှာ ပြဒါးတွေ ကွာကျတာကိုပေါ့။ အဲဒါ အန္တရာယ်ကြီးပုံကို ရေးထားတယ်"

"ဘယ်လိုရေးထားတာလဲ"

"သူက အတော်လေး စေတနာနဲ့ ရေးထားတာပါ။ တစ်ညမှာ အိမ်မှာမီးပျက်နေတုန်း ရေနွေးသောက်ချင်လာတယ်။ ဓာတ်ဘူးထဲက လက်ဖက်ရည်ကြမ်းကို ဖန်ခွက်ထဲထည့်ပြီး သောက်မယ်လို့ မြှောက်လိုက်ရော ဖန်ခွက်ထဲမှာ တလက်လက် တောက်ပနေတဲ့ အရာလေးကို ဖယောင်းတိုင်မီး အလင်းရောင်နဲ့ မြင်လိုက်ရတယ်။ ကျွန်တော်လည်း ဘာမှန်းမသိတာနဲ့ သောက်မယ့်ကိစ္စ ခဏရပ်ပြီး အဲဒါတွေကို ကြည့်မိတော့မှ ဓာတ်ဘူးနံရံသားက ပြဒါးတွေ ကွာနေတာဗျ။ ဓာတ်ဘူးကတော့ ထုံးစံအတိုင်း Made in China လို့ ရေးထားတယ်"

"တို့ငယ်ငယ်ကတည်းက ဓာတ်ဘူးတွေ အားလုံးလိုလိုဟာ Made in China တွေပါပဲ။ တရုတ်က လာတာပါကွာ"

"ဟုတ်ကဲ့ဆရာ။ ဓာတ်ဘူးတွေမှာပါတဲ့ ပြဒါးအကြောင်း သူဆက်ရေးတယ်။ ပြဒါးဆိပ်ဟာ အင်မတန် ပြင်းတယ်ဆိုတာကိုပါ ရွှေကျင်တဲ့နေရာက ပြဒါးတွေအကြောင်း ရေးထားတယ်"

"ပြဒါးဆိပ်က ပြင်းတာပေါ့ မောင်ဟစ်ရာ။ ဒါပေမဲ့ ဓာတ်ဘူးနံရံက လက်နေတဲ့ ရောင်ပြန်အသားတွေဟာ ပြဒါးမဟုတ်ဘူး"

"ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ပြဒါးသုတ်ထားတယ်လို့ပဲ ကြားဖူးတာပဲ ဆရာ"

"မှန်တွေ ဓာတ်ဘူးတွေမှာ သုတ်တာကို အင်္ဂလိပ်လို Silver mirroring လို့ ခေါ်တယ်။ ငွေနဲ့မှန်တွေကို ကြေးမုံတွေ ဖြစ်လာအောင် လုပ်တာပါ။ တို့ကတော့ အလွယ်တကူ ပြဒါးသုတ်တယ် ပြောကြတာပါ။ မှတ်ထားဖို့က ပြဒါးဟာ အဖတ်လိုက် တည်နေတာ မဟုတ်ဘူး။ ပြဒါးဟာ အခဲလည်း မဟုတ်ဘူး။ ပြဒါးဟာ ကွာမကျဘူး အငွေ့သာ ပြန်သွားမှာ"

"ဒါဆိုရင် ဓာတ်ဘူးထဲ ရေနွေးနဲ့ လက်ဖက်ရည် နှပ်သောက်တာ ဘာမှမဖြစ်ဘူးပေါ့ ဟုတ်လား"

"အချိန်ကြာကြာထားရင် လက်ဖက်က အဆိပ်တွေ ပြောင်းသွားတတ်တယ်။ အမြဲတော့ မဟုတ်ဘူး။ အန္တရာယ် ရှိနိုင်တယ်။ လက်ဖက်ရည်ကြမ်းကို ချက်ချင်း လတ်လတ်ဆတ်ဆတ်သောက်တာ အကောင်းဆုံးပဲ"

"ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ဟာ စာပေလွတ်လပ်ခွင့် အတော်အသင့် ရလာပြီမို့ပြောခွင့်ဆိုခွင့်တွေ ရှိပါတယ်"

"ကောင်းပါတယ်။ ဒါပေမဲ့ Little Knowledge is Dangerous လို့ ဆိုထားပါတယ်။ အထူးသဖြင့် စာမျက်နှာပေါ်မှာ တင်တဲ့အခါ သတိထားရမယ်။ ခုကိစ္စမှာ ငါးပိထုတ်လုပ်သူတွေ အများကြီး နစ်နာပါတယ်။ ပြီးတော့ ငါးပိဟာ မြန်မာပြည်သူတွေရဲ့ အဓိက ပရိုတင်းရတဲ့ Source ပါ။ Staple Food ပါ။ ခုဆိုရင် မျှင်ငါးပိအစား အချိုမှုန့်တွေ သုံးနေတာတွေ အများကြီး ရှိတယ်။ ဘာမှန်းညာမှန်းမသိ (မြန်မာလို Specification မပါတဲ့) ကြက်သားမှုန့် ဆိုတာမျိုးလောက်တော့ ငါးပိအန္တရာယ် မကြီးပါဘူးလို့ ယုံကြည်တယ်"

"ဆရာက အမျိုးသားရေးနဲ့ ပြောနေတာ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး။ တို့တစ်တွေဟာ မျှတရမယ်။ Made in China ကိုလည်း သုံးသင့်သုံးရမှာပဲ။ Made in USA ကိုလည်း သုံးသင့်သုံးရမှာပဲ။ ဒါပေမဲ့ မဟုတ်တာတွေကို လူတွေကြောက်လန့်အောင် မလုပ်ရဘူး။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သက်တာတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးကြဖို့ လိုတယ်။ ပါးစပ်ကနေ ၀င်လာတဲ့ အစားအသောက်ရော ဆေးတွေရော အင်မတန် အရေးကြီးတယ်။ ဒီခေတ်ဟာ Globalization ခေတ်ပါ"

သတင်းအချက်အလက်များကို မှန်ကန်အောင် သုံးသပ်နိုင်ကြပါစေ။

"စားသုံးသူများ အခက်များစွာ ကြုံနေရတယ် ဆရာ"

တစ်နေ့တွင် မောင်ဟစ် ကျွန်တော့်ဆီ ရောက်လာသည်။ သူသည် သူ၏ဟစ်တလုံးဟူသော အမည်နှင့်လိုက်အောင် အတော်လေး ဟစ်တတ်သည်။

"ခုဘာတွေ ဖွဦးမှာလဲ"

"လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက လူတွေပြောနေကြတဲ့ စားသုံးသူ ကာကွယ်စောင့်ရှောက်ရေးပါ ဆရာ။ အဲဒါတွေကတော့"

သူစာရွက်တစ်ရွက်ကို ပြသည်။

မသန့်သောဆီ (ပြန်ကြော်ဆီ) များကို ပြည်ပမှ တင်သွင်းရောင်းချနေခြင်း။

ရက်လွန်မုန့်များ အထူးသဖြင့် ပြည်ပမှ ဘီစကွတ်တွေ ချောကလက်တွေ ရောင်းချခြင်း။

ဦးဝီရသူနှင့် ဒိုင်းမွန်းဦးရွှေကြည်တို့ နှစ်ဘာသာချစ်ကြည်ရေးအတွက် သုံးကြိမ်မြောက် တွေ့ဆုံမည်

သိင်္ဂီထွန်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၀၅ မိနစ်

တွေ့ဆုံပွဲကို ခြိမ်းခြောက်မှုများလည်း ရှိဟုဆို

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဦးရွှေကြည်တို့ နှစ်ဘာသာ ချစ်ကြည်ရေးအတွက် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် တွေ့ဆုံကာ ဘာသာနှစ်ခုကြား ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အကြောင်းအရာများ ဆွေးနွေးကြမည်ဟု နှစ်ဘက်ပုဂ်္ဂိုလ်တို့ထံက သိရသည်။

အဆိုပါတွေ့ဆုံပွဲမှာ သုံးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ဒဂုံအရှေ့ပိုင်း၊ ၁၃ ရပ်ကွက်ရှိ ကေသရာရာမ ကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်သည်။

ဦးဝီရသူက “ပထမအကြိမ်ကတော့ ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့တာပေါ့။ ဒုတိယအကြိမ်ကတော့ နှစ်ဦးနှစ်ဖက်မှာ တွေ့ကြုံရတဲ့ အခက်အခဲလေးတွေတင်ပြပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်လက်တွဲမပျက် ဆောင်ရွက် မယ်လို့ သဘောတူကြတာပေါ့။ တတိယအကြိမ်ကတော့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာပေါ့။ အဓိကရုဏ်းတွေ လုံးဝမဖြစ်ပေါ်ရေးကို အဓိကဆွေးနွေးကြမယ်” ဟု မဇ္ဈိမကို မိန့်သည်။

အိုဘားမား၏ခွေး သတင်းစာဆရာများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ

ဝါရှင်တန်၊ စက်တင်ဘာ ၁၀

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မိသားစုခွေး ဆန်နီအား စက်တင်ဘာ ၉ ရက်နေ့က သတင်းစာဆရာများနှင့်တွေ့ဆုံခွင့်ပြုခဲ့ကြောင်းသိရသည်။

ပေါ်တူဂီခွေးမျိုးဖြစ်သည့် ခွေးမလေးဆန်နီကို ၂၀၁၃ ခုနှစ် ဇွန်လက မွေးဖွားခဲ့ပြီး၊ အိမ်ဖြူတော်သို့ သြဂုတ်လ ၁၉ ရက်တွင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဆန်နီနှင့် သတင်းစာဆရာများတွေဆုံခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ref: AFP

Popular Myanmar News

ရဲများ မလုံခြုံတော့ဘူးလား . . .

Photo: ရဲများ မလုံခြုံတော့ဘူးလား  . . .

ရန်ကုန်မြို့တော် စီးပွားရေးလုပ်ငန်းများနှင့် ရုံးအများစု အခြေစိုက်ရာ မြို့လယ်ကောင်။ အချိန်ကားညနေ ၆ နာရီဝန်းကျင်။ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ မီးပွိုင့်တွင် ယာဉ်များ တစ်စီးနှင့်တစ်စီး ထိလုမတတ် တရွေ့ရွေ့သွားနေကြသည်။ မီးပွိုင့်ယာဉ်ထိန်းရဲများ၏ စကားပြောစက်ထဲမှ ယာဉ်လမ်းကြောင်း သတင်းပို့သံများ ထွက်နေသည်။

ကုန်သည်ကြီးများဟိုတယ်ဘက်မှ ဆူးလေဘုရားလမ်းအတိုင်း မောင်းနှင်လာသည့် ၇င/− နံပါတ် ဟွန်ဒါအက်ကော့ ကိုယ်ပိုင်ယာဉ်က တည့်ယာဉ်ကြောမှတစ်ဆင့် ရုတ်တရက် အနော်ရထာလမ်းပေါ် သို့ လက်ယာဘက် ချိုးကွေ့လိုက်သည်။
လက်မောင်းရစ်တစ်ရစ်ရှိ ယာဉ်ထိန်းရဲက ယင်းကားကို ဝီစီမှုတ်၍ လမ်းဘေး ကပ်ရပ်တန့်စေကာ ယာဉ်အထောက်အထား လက်မှတ်သိမ်းယူခဲ့သည်။

ယင်းမှာ ယာဉ်ထိန်းရဲတို့၏ နိစ္စဓူဝ အလုပ်များအနက်တစ်ခု။ သို့သော် ယင်းသို့သော အခြေအနေတွင် ရဲတိုင်းလုံခြုံသလော။ 
အာဏာရှိသည်ဟု လူအများစုထင်လေ့ရှိသော ရဲတပ်ဖွဲ့ဝင်အချို့မှာ ပွင့်စ မြန်မာတွင် ခြိမ်းခြောက်မှု ခံနေရပြီ ဖြစ်သည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ တာမွေသို့ ပြေးဆွဲသည့် ခရီးသည်တင် ဘီအမ်ယာဉ်ကို မှတ်တိုင်မဟုတ်ဘဲ တံခါးဖွင့်မောင်းသဖြင့် တာမွေယာဉ်ထိန်းတပ်စု ၂၇ မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်သုံးဦးက ချလန်ဖြတ် အရေးယူခဲ့သည်။ အဆိုပါဘီအမ် ယာဉ်မောင်းက ယင်းနေ့ညနေပိုင်းတွင် တာမွေမြို့နယ် လေးထောင့်ကန်လမ်း ILBC ကျောင်းဆင်းချိန် ယာဉ်ကြောရှင်းနေသည့် ယင်းယာဉ်ထိန်းရဲသုံးဦးကို စကေဘာဖြင့် လာရောက် ထိုးခဲ့သဖြင့် ၎င်းတို့သုံးဦးစလုံး ပြတ်ရှနှင့် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သည်။

သြဂုတ်လအတွင်းပင် ညပိုင်းစည်းကမ်းမဲ့ ယာဉ်များကို စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးစဉ် အင်းလျားကန်ရှေ့ ကမ္ဘာအေးဘုရားလမ်း ပေါ်၌ မာ့ခ်တူးယာဉ် မောင်းနှင်သူက စစ်ဆေးသည်ကို မကျေနပ်၍ သုံးကြိမ်ခန့် ပြန်လည်လာရောက် ဆဲရေးရန်ရှာခြင်းများ ရှိခဲ့ပြီး မတ်လကလည်း တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းမီးပွိုင့်တွင် လမ်းရှင်းပေးသည့် ယာဉ်ထိန်းရဲတစ်ဦးကို ယာဉ်မောင်း အမျိုးသားတစ်ဦးက ကားရပ်၍ လက်သီးဖြင့် ဆင်းထိုးသည့် ဖြစ်ရပ်များ ပေါ်ပေါက်သည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် မီးပွိုင့်များတွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေရသည့် ယာဉ်ထိန်းရဲ ဒုတပ်ကြပ်သက်ခိုင် (အမည်လွှဲ) ကမူ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ တုံ့ပြန်သည်။
“သည်းခံရတာပဲ။ ဘာမှလုပ်လို့မှ မရတာ။ ပြည်သူမှာက ဥပဒေအကာအကွယ် ရှိတယ်။ ရဲကမရှိဘူး” ဟု ခပ်လေးလေးဆိုသည်။
 
ယူနီဖောင်းဝတ် အစိုးရဝန်ထမ်းတစ်ဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ် (သို့မဟုတ်) ငွေဒဏ်ကျပ်တစ် ထောင်ချမှတ်နိုင်ကာ တာဝန်ဝတ္တရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ်သုံးလ (သို့မဟုတ်) ငွေဒဏ်ကျပ်ငါးရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ဝန်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း ရှေ့နေများထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ပြစ်မှုကျူးလွန်သည့် ပြည်သူများကို ယခုလိုရှုမြင်သည်။
“တို့တိုင်းပြည်မှာ စိတ်အချဉ်ပေါက်မှုများလို့” ဟု ဥပဒေချိုးဖောက်ကြသည့် အကြောင်းတရားကို ထောက်ပြသည်။
ယဉ်ကျေးမှု အဆင့်အတန်း၊ အလုပ်ခွင် စိတ်ဖိစီးမှုများကို မှားယွင်းသည့် နည်းလမ်းဖြင့် ထွက်ပေါက်ပေးခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှုကို မတွက်ချက်ကြခြင်းကြောင့် ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူနှင့် ဆက်ဆံသည့်အခါ ရဲတပ်ဖွဲ့ဝင်များမှာ သတိထားရပြီး အမှုမခိုင်လုံဘဲ ဖမ်းဆီးပါက အမြင်မကြည်လင်ဘဲ ရန်ရှာခံရနိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သို့ရာတွင် သူက ရဲတပ်ဖွဲ့ဝင်များမှာ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရဲကျင့်ဝတ် အချက် ၇၀ ကို လိုက်နာရသော်လည်း ပြည်သူနှင့် အထက်အရာရှိအကြား တာဝန်ထမ်းဆောင်ရာတွင် နားလည်မှုလွဲသည့် အခက်အခဲများ ရှိကြောင်း ပြောဆိုရင်း ယခုကဲ့သို့ ရင်ဖွင့်သည်။
“ဥပဒေလိုက်နာအောင် ပညာပေးတဲ့သူတွေ အတွက် အကာအကွယ် ပေးထားတဲ့ ဥပဒေမရှိဘူး” ဟု ဆိုသည်။

ရဲတပ်ကြပ်ကြီးတစ်ဦးကလည်း အများပြည်သူများ ရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲခြင်းနှင့် ပတ်သက်၍ သူ့အမြင်ကို ယခုလို ပြောဆိုသည်။
ဥပဒေ ချိုးဖောက်သူများကပေးသော လိုင်းကြေးကို လစာမလုံလောက်ခြင်းကြောင့် ယူသည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို မကောင်းမြင်တတ်ကြကြောင်း ၎င်းက ဝန်ခံသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက အဓိကပြဿနာမှာ တရားဥပဒေစိုးမိုးရေး အားနည်းခြင်းနှင့် တရားဥပဒေကို မထေမဲ့မြင် လုပ်ခြင်းများကြောင့်ဖြစ်ပြီး နိုင်ငံသားတိုင်း ဥပဒေကို လေးစားရန် လိုအပ်ကြောင်း ထောက်ပြသည်။ ယခုဖြစ်ရပ်များတွင် အခြေခံ လူတန်းစားက ကျူးလွန်ခြင်းနှင့် သြဇာအာဏာကို အသုံးပြု၍ ကျူးလွန်ခြင်းအဖြစ် နှစ်မျိုးကွဲကြောင်း ၎င်းကဆိုသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးပါက သြဇာအာဏာ အသုံးပြု ဥပဒေချိုးဖောက်ခြင်းများ ရှိနိုင်ပြီး အခြေခံ လူတန်းစားများကမူ အသိဉာဏ် ပညာရေချိန်နိမ့်ကျ၍ ဥပဒေကို နားမလည်ဘဲ မိသားစုစားရေး၊ သောက်ရေး ပျက်စီးသည်ဟု ယူဆကာ ဒေါသရှေ့တန်းတင်ခြင်း ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။
“တရားဥပဒေ မစိုးမိုးရင် လွယ်လွယ်ကူကူ ကျူးလွန်မှုတွေ များလာမယ်” ဟု ဦးအောင်စိုးထွန်းက စိုးရိမ်စကားဆိုသည်။

မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှုနှင့် ပတ်သက်၍ ဒုတပ်ကြပ်သက်ခိုင်က ယခုလိုရှင်းပြသည်။
မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲအနေနှင့် စည်းကမ်းဖောက်ယာဉ်များကို တိုက်ရိုက်ဖမ်းဆီး၍မရဘဲ နံပါတ်မှတ်သား၍ နေ့စဉ်စာရင်းတင်ခြင်း၊ နေရာတစ်ခုတွင်  စည်းကမ်းမဲ့ မော်တော်ယာဉ် များပြားနေပါက လာရောက် ဖမ်းဆီးရန် အကြောင်းကြား သတင်းပို့ခြင်း ပြုလုပ်ရကြောင်း ၎င်းက ပြောဆိုသည်။ ညပိုင်းမှ နံနက်အရုဏ်တက်ချိန်ထိ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်ရပါက ဖမ်းဆီးပိုင်ခွင့် ရှိကြောင်း ဒုတပ်ကြပ်သက်ခိုင်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူများကို ဥပဒေ လေးစားလိုက်နာရန် ပညာပေးရမည် ဖြစ်ကြောင်း အလေးအနက် ပြောဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းကလည်း ဦးသိန်းညွန့်နှင့် အမြင်ချင်း တူညီသည်။
အများပြည်သူကို ဥပဒေမှာလူတိုင်းနှင့် သက်ဆိုင်ကြောင်း၊ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသင့်ကြောင်း ဦးအောင်စိုးထွန်းက အကြံပြုသည်။ ရပ်ကွက်အဆင့်မှစတင်ကာ ပညာပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ လုပ်ပေးရမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“NGO ပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာပဲ ဖြစ်ဖြစ် ရပ်ကွက်အဆင့် အသိပညာပေးပွဲတွေ လုပ်သင့်တယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တပ်ရင်းရဲတပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ယာဉ်ထိန်းရဲအဖြစ် ကူးပြောင်းကာ ဒုတပ်ကြပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ကိုသက်ခိုင်က သူတာဝန်ကျရာ မီးပွိုင့်တွင် ည ၇ နာရီကျော်ထိ မော်တော်ယာဉ်များကို ဝီစီမှုတ် လက်ပြနေရင်း ည ၈ နာရီခွဲမှ နံနက် ၃ နာရီခန့်အထိ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် သူပါဝင် တာဝန်ထမ်းဆောင်ရဦးမည့် အကြောင်း ပြောပြသည်။
အရေးယူမှုများအပေါ် အကြမ်းဖက် တုံ့ပြန်မှုများနှင့် ပတ်သက်၍မူ ဒုတပ်ကြပ်သက်ခိုင်က ခပ်အေးအေးပင် ပြောဆိုသည်။
“မှန်လိုပေါ့ဗျာ။ ကိုယ်ပြုံးပြရင် သူပြုံးပြမှာ”

(ကျော်စွာစိုး၊ အောင်အောင်ထွန်း)

ရန်ကုန်မြို့တော် စီးပွားရေးလုပ်ငန်းများနှင့် ရုံးအများစု အခြေစိုက်ရာ မြို့လယ်ကောင်။ အချိန်ကားညနေ ၆ နာရီဝန်းကျင်။ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ မီးပွိုင့်တွင် ယာဉ်များ တစ်စီးနှင့်တစ်စီး ထိလုမတတ် တရွေ့ရွေ့သွားနေကြသည်။ မီးပွိုင့်ယာဉ်ထိန်းရဲများ၏ စကားပြောစက်ထဲမှ ယာဉ်လမ်းကြောင်း သတင်းပို့သံများ ထွက်နေသည်။

ကုန်သည်ကြီးများဟိုတယ်ဘက်မှ ဆူးလေဘုရားလမ်းအတိုင်း မောင်းနှင်လာသည့် ၇င/− နံပါတ် ဟွန်ဒါအက်ကော့ ကိုယ်ပိုင်ယာဉ်က တည့်ယာဉ်ကြောမှတစ်ဆင့် ရုတ်တရက် အနော်ရထာလမ်းပေါ် သို့ လက်ယာဘက် ချိုးကွေ့လိုက်သည်။
လက်မောင်းရစ်တစ်ရစ်ရှိ ယာဉ်ထိန်းရဲက ယင်းကားကို ဝီစီမှုတ်၍ လမ်းဘေး ကပ်ရပ်တန့်စေကာ ယာဉ်အထောက်အထား လက်မှတ်သိမ်းယူခဲ့သည်။

အိန္ဒိယ ဘာသာရေးအဓိကရုဏ်းကြောင့် လူ ၂၃ ဦးသေဆုံး၊ စစ်တပ်က ထိန်းချုပ်ထား

Photo: အိန္ဒိယ ဘာသာရေးအဓိကရုဏ်းကြောင့် လူ ၂၃ ဦးသေဆုံး၊ စစ်တပ်က ထိန်းချုပ်ထား

နယူးဒေလီ၊ စက်တင်ဘာ ၉

အိန္ဒိယနိုင်ငံတွင် လူဦးရေအများဆုံး ပြည်နယ် အူထရာပရာဒက်ရှ်တွင် ဘာသာရေးကို အခြေခံသောအုပ်စုဖွဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေရာ လူ ၂၃ ဦး သေဆုံးခဲ့ရပြီး နယ်မြေတည်ငြိမ်ရေး အတွက် အိန္ဒိယ စစ်တပ်က အဆိုပါဒေသကို ဝင်ရောက် တပ်စွဲကာ ထိန်းချုပ်ထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဓိကရုဏ်း အပြင်းထန်ဆုံး ဖြစ်သည့် မူဇက်ဖ်မာနာဂါခရိုင်တွင် ပြည်သူများက ရဲစခန်းအတွင်းတွင် ဝင်ရောက်နေထိုင်ရလျက် ရှိနေသည်။

"နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ၂၃ ဦး သေဆုံးထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အမည်မဖော်ပြဘဲ AFP ကို အတည်ပြု ပြောကြားထားသည်။
"အခု တပ်မတော်လည်း ရောက်ရှိလာပြီမို့ အားလုံး ငြိမ်သက်သွားပါပြီ" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

စစ်သည်အင်အား ရှစ်ရာခန့်ဖြင့် နယ်မြေတည်ငြိမ်ရေးကို စောင့်ကြပ်နေလျက်ရှိကြောင်း NDTV အိန္ဒိယပြည်တွင်း ရုပ်သံလိုင်းက ထုတ်လွှင့်ဖော်ပြသွားသည်။

အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ ထိပါးခံရခြင်းကို ထုတ်ဖော်ပြောကြား ဖွင့်ချသော ဟိန္ဒူအမျိုးသားသုံးဦး အသတ်ခံရသည့်ဖြစ်စဉ် ပြီးနောက် ထိုကိစ္စကိုတရား မျှတစွာ ဖြေရှင်းပေးပါရန် ဟိန္ဒူလယ်သမား ထောင်ကျော်ခန့် ရွာတစ်ရွာတွင် စုဝေးခဲ့ကြရာမှ ယင်းသို့ လူမျိုးဘာသာရေး အဓိကရုဏ်းများ ဖြစ်ခဲ့ပြီး လူသေမှုများ ဖြစ်ခဲ့ရသည်။

ယင်းလယ်သမားများ နေရပ်သို့ ပြန်စဉ် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် တန်ပြန်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဟိန္ဒူနှင့်မွတ်ဆလင် တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများ နီးစပ်ရာ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေကို ထိန်းရန် စစ်တပ်က ဝင်ရောက်လာခြင်း ဖြစ်သည်။

အူထရာပရာဒက်ရှ် ပြည်နယ်သည် လူဦးရေ သန်း၂၀၀ ရှိပြီး ၁၉၉၂ ခုနှစ် ကလည်းတစ်ကြိမ် ဟိန္ဒူလူအုပ်ကြီးက ဗလီဝတ်ကျောင်းကို မီးရှို့ခဲ့ပြီးနောက် အဓိကရုဏ်း ဖြစ်ပွားခဲ့ဖူးသည်။
နယူးဒေလီ၊ စက်တင်ဘာ ၉

အိန္ဒိယနိုင်ငံတွင် လူဦးရေအများဆုံး ပြည်နယ် အူထရာပရာဒက်ရှ်တွင် ဘာသာရေးကို အခြေခံသောအုပ်စုဖွဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေရာ လူ ၂၃ ဦး သေဆုံးခဲ့ရပြီး နယ်မြေတည်ငြိမ်ရေး အတွက် အိန္ဒိယ စစ်တပ်က အဆိုပါဒေသကို ဝင်ရောက် တပ်စွဲကာ ထိန်းချုပ်ထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဓိကရုဏ်း အပြင်းထန်ဆုံး ဖြစ်သည့် မူဇက်ဖ်မာနာဂါခရိုင်တွင် ပြည်သူများက ရဲစခန်းအတွင်းတွင် ဝင်ရောက်နေထိုင်ရလျက် ရှိနေသည်။

"နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ၂၃ ဦး သေဆုံးထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အမည်မဖော်ပြဘဲ AFP ကို အတည်ပြု ပြောကြားထားသည်။
"အခု တပ်မတော်လည်း ရောက်ရှိလာပြီမို့ အားလုံး ငြိမ်သက်သွားပါပြီ" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

နဝမတန်းကျောင်းသားကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန်တိုင်ကြား


မြစ်ကြီးနား၊ စက်တင်ဘာ ၉

မြစ်ကြီးနားမြို့ အထက (၁) တွင် ပညာသင်ကြားနေသော အသက် ၁၆ နှစ် အရွယ် နဝမတန်း ကျောင်းသား မောင်မရန်ဒွဲလာကို ညပိုင်းတာဝန်ကျ ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်ကာ ဦးခေါင်းခွံရိုး ချိုင့်ဝင်သွားသည်အထိ ရိုက်နှက် စစ်ဆေးခဲ့သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားထားကြောင်း ကာယကံရှင် မောင်မရန်ဒွဲလာ၏ အစ်ကိုဖြစ်သူ ကိုမရန်ထွယ်အောင်က The Voice သို့ ပြောသည်။

မောင်မရန်ဒွဲလာမှာ စီတာပူ ရပ်ကွက်ရှိ ရင်သွေးအိမ် ဘော်ဒါဆောင်နေ ကျောင်းသားတစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန် သူငယ်ချင်းများနှင့် ဘောလုံးပွဲကြည့်ရန် အတွက် အဆောင်မှ ထွက်လာခဲ့ရာ မနောကွင်းအနီးတွင် အရပ်ဝတ်ဖြင့် ရဲငါးဦး ရောက်ရှိလာပြီး ပိုက်ဆံလုသည့် တရားခံဟု စွပ်စွဲကာ အမှတ် (၁) ရဲစခန်းသို့ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကာယကံရှင် မောင်မရန်ဒွဲလာက ရှင်းပြသည်။

အနာဂတ်မျိုးဆက်ကို ကယ်တင်ခြင်း (ရေးသားသူ- ရဲမိုး)

Photo: အနာဂတ်မျိုးဆက်ကို ကယ်တင်ခြင်း
-----------
ရေးသားသူ- ရဲမိုး

ဉာဏ်စမ်းပဟေဠိတစ်ခု မေးရန်ရှိပါသည်။ စစ်အစိုးရအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များမှာ ဆုတ်ယုတ်သွားသော မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် မြင်ကွင်းတစ်ခုရှိသည်။ အစိုးရမီဒီယာများမှာလည်း ထိုမြင်ကွင်းက မကြာခဏပါလေ့ရှိခဲ့သည်။ ဘာမြင်ကွင်းလဲဟု သင်မှန်အောင် စဉ်းစားနိုင်ပါသလား။

ဝန်ထမ်းများ မြက်ပေါက်နေကြသည့်မြင်ကွင်း၊ မှားပါသည်။ ဗိုလ်ချုပ်ကြီးများ ဆွမ်းကပ်နေကြသည့်မြင်ကွင်း။ ဟင့်အင်း မှားပါသည်။ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း။ မှန်ပါသည်ခင်ဗျား။ ပြီးခဲ့သည့်ဆယ်စုနှစ်များမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ပျက်ယွင်းပြိုလဲမှုကို ဖော်ပြသည့်မြင်ကွင်းသည် ကျောင်းခန်းများအတွင်းမှာ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း ဖြစ်ပါသည်။

လေသင်တုန်းအဖြတ်ခံရသည့် မြန်မာ့ပညာရေးစနစ်နှင့် ကြီးထွားလာနေသည့် တပ်မတော်တို့အကြောင်းကို လေ့လာသုံးသပ်ကြည့်ပါမည်။

အင်္ဂလိပ်ကိုလိုနီဘ၀က လွတ်လပ်ရေးရချိန်မှာ မြန်မာ့ပညာရေးအဆင့်အတန်းသည် အာရှမှာ ထိပ်တန်းတွင်ရှိသည်ဟု ပညာရေးသုတေသီတို့ သုံးသပ်ခဲ့ကြသည်။ ဒေသတွင်းနိုင်ငံများက ပညာရေးနှင့်ပတ်သက်လျှင် မြန်မာကိုစံထားခဲ့ကြသည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပညာရေးသည် မြင့်ရာမှနိမ့်ရာသို့ လိမ့်ဆင်းလာခဲ့တော့သည်။

ပြီးခဲ့သည့် စစ်ခေါင်းဆောင်များက ပညာရေးနှင့်ပတ်သက်၍ မဟာအမှားကြီးနှစ်ခုကို လုပ်ခဲ့သည်။ တစ်ခုကတော့ ပညာရေးကို အာဏာတည်မြဲရေးအတွက် နိုင်ငံရေးမှာအသုံးချသည့် နည်းလမ်းဖြစ်ပြီး နောက်တစ်နည်းကတော့ ရင်းနှီးမြှုပ်နှံမှုအားနည်းလွန်းခြင်း (Under-investment)ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးမှာ ပညာရေးကို နိုင်ငံရေးအတွက် အတိအကျပြောရလျှင် မဆလပါတီတည်မြဲဖို့အတွက် အသုံးချခဲ့သည်။ မျိုးဆက်သစ်များကို မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်အတွေးအခေါ်ဘောင်ထဲက တစ်ဆင့်သာ တွေးခေါ်စေခဲ့သည်။

၁၉၈၈ နောက်ပိုင်း န၀တအစိုးရ တက်လာသည့်နောက်ပိုင်းမှာလည်း အကျင့်ဆိုးကို မဖျောက်တော့ပါ။ တပ်မတော်အခန်းကဏ္ဍနှင့် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ၏ပုံရိပ်ကို မြှင့်တင်ဖို့အတွက် မြန်မာ့ပညာရေးကို အသုံးချခဲ့ပြန်ပါသည်။ မြန်မာ့သမိုင်းကို စစ်နိုင်ဘုရင်များ၏သမိုင်းအဖြစ် ပုံသွင်းခဲ့ကြပါသည်။ မြန်မာ၊ အိန္ဒိယနှင့် ပါကစ္စတန်ရေးရာကျွမ်းကျင်သူ ဒေါက်တာမေရီလောက မြန်မာနိုင်ငံပညာရေးနှင့်ပတ်သက်သည့် စာတမ်းမှာအခုလိုရေးခဲ့သည်။

“အာဏာရှင်စနစ်အများစုမှာ စစ်အစိုးရတွေက ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်း အဓိကရည်ရွယ်ချက်တစ်ခုက “လွတ်လပ်စွာတွေးခေါ်မှု”ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခြင်းဖြစ်သည်”

သူမက အခုလိုဆက်ရေးသည်။ “လူထုက ပညာမတတ်လေ အန္တရာယ်နည်းလေဟု စစ်ခေါင်းဆောင်များ တွေးကောင်းတွေးနိုင်သည်” နအဖအစိုးရလက်ထက်တွင် ကာကွယ်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲချိန်မှာ ပညာရေးအတွက်တော့ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲခဲ့သည်ဟု စောင့်ကြည့်သူများက ခန့်မှန်းကြသည်။ ၂၀၀၈ ခုနှစ်မှာ ယူနီဆက်ဖ်က မြန်မာ့ပညာရေးကို အခုလိုကြေညာခဲ့ဖူးသည်။

မြန်မာကလေးငယ် ၁၀ ဦးမှာ သုံးဦးက အခြေခံပညာကို တက်ခွင့်မရဘဲ အခြေခံပညာမူလတန်းကို တက်ရောက်သူ ကလေးများ၏ ၅၀ ရာခိုင်နှုန်းကတော့ အလယ်တန်းကို ရောက်မလာကြပါဟုဆိုသည်။

နောက်ဆုံးအကြိမ် လစာမတိုးခင်အချိန်ထိ နအဖခေတ်မှာ မူလတန်းပြဆရာ၊ ဆရာမများ လစာလေးသောင်းကျော်သာ ရကြသည်။ ဒေါ်လာပေါက်ဈေးနှင့်တွက်လျှင် တစ်နေ့ဝင်ငွေ ကျပ်တစ်ထောင်ကျော်သာ ရှိသည့်အတွက် ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်ဖြစ်သည့် တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်ရှိသည့် အလယ်အလတ် ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရောက်နေသည်။ ယူနီဆက်ဖ်၏မူဝါဒနှင့် အလေ့အထဌာနခွဲ (Division of Policy andPractice)က ကမ္ဘာတစ်လွှားရှိ ကျောင်းဆရာ၊ ဆရာမများနှင့်ပတ်သက်သည့် ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက်တွင် လစာနည်းပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို အခံစားရဆုံး ကျောင်းဆရာများမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများက ဖြစ်သည်ဟုဆိုသည်။

“ပြီးခဲ့သည့် ၂ နှစ်အတွင်းမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများမှ ကျောင်းဆရာများ၏လစာသည် (ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်) ၄၀ ရာခိုင်နှုန်း အလိုအလျောက်လျော့နည်းသွားခဲ့သည်”ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ပညာရေးကို မထောက်ပံ့ခြင်းနှင့် မျိုးဆက်သစ်တို့အပေါ် ထားရှိသည့် နိုင်ငံ့ခေါင်းဆောင်များ၏ စေတနာသည် တိုက်ရိုက်အချိုးကျသည်ဟု သုံးသပ်ရတော့မည်။ နောက်ဆက်တွဲရလဒ်များကတော့ ဆရာ၊ ဆရာမများအကြားက ကျင့်ဝတ်ဖောက်ဖျက်မှုများ၊ ကမ္ဘာပေါ်မှာ ဘယ်သူကမှ အသိအမှတ်မပြုသည့် “ဘွဲ့”များနှင့် လမ်းလျှောက်ရင်းလမ်းပျောက်သွားသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ပညာရေးအရ ကမ္ဘာ့အဆင့်အတန်း အောက်ဆုံးကို ထိုးကျနေချိန်မှာ ကာကွယ်ရေးကတော့ ထိပ်မှာရှိနေပြီဟု ကြံဖန်ဂုဏ်ယူရမလိုဖြစ်နေသည်။ တပ်သားဦးရေ လေးသိန်းနှင့်ငါးသိန်းကြားရှိနိုင်သည့် မြန်မာ့တပ်မတော်သည် ကမ္ဘာ့စစ်တပ်များအကြားတွင် စစ်သည်အင်အားအများဆုံး အဆင့် ၉ (သို့မဟုတ်) ၁၀ ၀န်းကျင်တွင်ရှိနေသည်ဟု စစ်ဘက်ရေးရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။ စစ်သည်အင်အားအရကြည့်လျှင် တရုတ်၊ အမေရိကန်၊ ရုရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီတို့လို ခေါပဏီတပ်ကြီးများနောက်မှာ မြန်မာရှိနေသည့်သဘောဖြစ်သည်။ လူဦးရေ သန်း ၆၀ သာရှိသည့် နိုင်ငံမှာ စစ်သည်အင်အား လေးသိန်းကျော်ရှိနေသည့် မြန်မာနိုင်ငံနှင့် လူဦးရေ သန်း ၂၀၀ ကျော်မှာ စစ်သည်ငါးသိန်းမပြည့်သည့် အင်ဒိုနီးရှားတို့ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ CIA World Fact Book ၏ ခန့်မှန်းချက်အရ နိုင်ငံတစ်နိုင်ငံချင်းစီ၏ GDP နှင့် ကာကွယ်ရေးအသုံးစရိတ်၏ ရာခိုင်နှုန်းနှိုင်းယှဉ်ချက်တွင်လည်း မြန်မာနိုင်ငံသည် နံပါတ် ၁၇ ဖြင့် ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးဟု ဆိုကြဦးမည်လားမသိပါ။

ကာကွယ်ရေးအသုံးစရိတ် မြင့်မားတိုင်း တပ်မတော်သားတို့၏ဘ၀ မြင့်မားသည်မဟုတ်ပါ။ မြေပြင်ဝေဟင်ပစ်ဒုံးပျံ၊ မြေအောက်ဥမင်လိုဏ်ခေါင်းနှင့် အဆင့်မြင့်တိုက်လေယာဉ်များ ၀ယ်ယူမှုသည် တပ်မတော်သားတို့၏ ဟန်းကောချိုင့်နှင့်မသက်ဆိုင်လှပါ။ အောက်ခြေတွင် အနစ်နာခံ၊ ဆင်းရဲပင်ပန်းခံနေရသည့် တပ်သားများ၏ဘ၀များကိုလည်း မြှင့်တင်ဖို့လိုပါသည်။

ပြည်တွင်းစစ် ရပ်စဲရေးသည် နိုင်ငံ၏အနာဂတ်ကို ပြန်လည်စတင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်သည်။ ကမ္ဘာပတ်၍ လက်နက်ဝယ်ယူနေချိန်မှာ ပညာရေးကိုမြှင့်တင်ဖို့ ကမ္ဘာပတ်၍ အကူအညီတောင်းနေခြင်းသည် ပတ်ဝန်းကျင်အမြင်တွင် သင့်တော်မည်မထင်ပါ။ 

ပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအနှီး (Human Capital)ကို မြှုပ်နှံခြင်းဖြစ်သည်။ ပညာရေးကိုအားပေးခြင်းသည် အရွယ်မတိုင်မီသေဆုံးသည့် ပြည်သူများကို ကယ်တင်နိုင်သည်။ ဒုစရိုက်မှုဖြစ်ပွားနှုန်းကို လျှော့ချနိုင်သည်။ အကြမ်းဖက်မှုကို ရေရှည်ပပျောက်စေနိုင်သည်။ ပြန်လည်မရရှိနိုင်သည့် သဘာဝအရင်းအမြစ်များကို ရောင်းချရန်မလိုဘဲ ဂုဏ်သိက္ခာရှိသည့် စီးပွားရေးစနစ်ကို ထူထောင်စေနိုင်သည်။ ပညာရေးသည် အရာအားလုံးအစဖြစ်သည်။ ဒီကနေ့ပဲစကြပါစို့။	။

ဉာဏ်စမ်းပဟေဠိတစ်ခု မေးရန်ရှိပါသည်။ စစ်အစိုးရအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များမှာ ဆုတ်ယုတ်သွားသော မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် မြင်ကွင်းတစ်ခုရှိသည်။ အစိုးရမီဒီယာများမှာလည်း ထိုမြင်ကွင်းက မကြာခဏပါလေ့ရှိခဲ့သည်။ ဘာမြင်ကွင်းလဲဟု သင်မှန်အောင် စဉ်းစားနိုင်ပါသလား။

ဝန်ထမ်းများ မြက်ပေါက်နေကြသည့်မြင်ကွင်း၊ မှားပါသည်။ ဗိုလ်ချုပ်ကြီးများ ဆွမ်းကပ်နေကြသည့်မြင်ကွင်း။ ဟင့်အင်း မှားပါသည်။ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း။ မှန်ပါသည်ခင်ဗျား။ ပြီးခဲ့သည့်ဆယ်စုနှစ်များမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ပျက်ယွင်းပြိုလဲမှုကို ဖော်ပြသည့်မြင်ကွင်းသည် ကျောင်းခန်းများအတွင်းမှာ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း ဖြစ်ပါသည်။

လေသင်တုန်းအဖြတ်ခံရသည့် မြန်မာ့ပညာရေးစနစ်နှင့် ကြီးထွားလာနေသည့် တပ်မတော်တို့အကြောင်းကို လေ့လာသုံးသပ်ကြည့်ပါမည်။

တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ

တရုတ်နိုင်ငံတောင်ပိုင်း ​Guangxi ​Zhuang ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသရှိ ​Guilin ​မြို့ ​မူလတန်းကျောင်းပြင်ပမှာ ​ပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​လူနှစ်ဦး ​သေဆုံးပြီး ​၄၄ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ကလေးတွေ ​ကျောင်းတက်ဖို့ ​ကျောင်းဝင်းနား ​ရောက်ရှိလာချိန်မှာ ​ဆိုင်ကယ်သမားတစ်ဦး ​စီးလာတဲ့ ​ဆိုင်ကယ် ​မီးလောင်ပြီး ​ပေါက်ကွဲသံ ​ထွက်ပေါ်လာပြီးတော့ ​သေဆုံး ​ဒဏ်ရာရမှုတွေ ​ဖြစ်ပေါ်တာလို့ ​မျက်မြင်သက်သေတွေက ​ပြောပါတယ်။

ဆိုင်ကယ် ​ဘာကြောင့် ​မီးလောင်သွားသလဲဆိုတာတော့ ​မသိရသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ​အမျိုးသားတစ်ဦးနဲ့ ​အမျိုးသမီးတစ်ဦး ​ပွဲချင်းပြီး ​သေဆုံးပြီး ​၄၄ ​ဦးဒဏ်ရာရတဲ့အထဲက ​၁၁ ​ဦးကတော့ ​အသည်းအသန်အခြေအနေ ​ရှိနေတယ်လို့ ​သိရပါတယ်။

“ကိုယ်တိုင်ရေးတဲ့ဇာတ်လမ်းမှာသရုပ်ဆောင်ဒါရိုက်တာလုပ်မယ့်လူမင်း”


လူမင်း၊နေတိုး၊၀တ်မူန်ရွှေရည်၊ရွှေမှူန်ရတီတို့ ပါဝင်သရုပ်ဆောင်မည့်
Anubis အနုးဘစ်အမည်ရ ရုပ်ရှင်ဇာတ်ကားအတွက်ဒီကနေ့ 
(စက်တင်ဘာ၉ရက်နေ့ )မှာ ရွှေတိဂုံစေတီတော်အထက်ပစ္စယံမှာ
ရုပ်ရှင်ဇာတ်ကားအတွက်ကန်တော့ပွဲပေးမင်္ဂလာပြုလုပ်ခဲ့ပြီး
မနက်ဖြန်(စက်တင်ဘာ၁၀ရက်နေ့ )မှာမင်းသားမင်းသမီးအစုံ
ပါဝင်ကာဇာတ်ကားစတင်ရိုက်ကူးခြင်းကန်တော့ပွဲပေးအခမ်းအနား
တစ်ရပ်ကိုပြုလုပ်၍ဇာတ်ကားကိုရိုက်ကူးတော့မှာဖြစ်ကြောင်းသိရ
သည်။ကိုယ်တိုင်ဇာတ်လမ်းရေးကာသရုပ်ဆောင်ဒါရိုက်တာလုပ်မည့်
အကယ်ဒမီလူမင်းက“Anubisရုပ်ရှင်ဇာတ်ကားကြီးကခေတ်ဆန်တဲ့
ဇာတ်ကားတစ်ကားပေါ့။လူငယ်တွေနဲ့ ကားကိစ္စလေးတွေကိုစိတ်ဝင်
စားဖွယ်ပြမှာပါ။ကားပြိုင်တာတွေပါမယ်။လျှို့ ဝှက်သည်းဖိုနဲ့ ထိတ်လန့် 
ခြောက်ခြားစရာတွေပါမယ်။”ဟုယနေ့ ခေတ်လူငယ်ပုံရိပ်နှင့်ကား
ပြိုင်ပွဲတွေကိုထင်ဟပ်မည့်ဇာတ်ကြောင်းဖြစ်ကြောင်းအရိပ်အမြွက်
ဆိုသလိုဇာတ်လမ်းအဖွင့်အရလူငယ်တွေနေရာတစ်နေရာ
မှာစုကြပြီးအကတွေက၊ကားပြိုင်ပွဲတွေလုပ်ကြမည့်အခန်းကို
စတင်ရိုက်ကူးသည့်နေ့ မှာပင်ရိုက်ကူးကြမှာဖြစ်ကြောင်းသိရသည်။

credit-ဧရာဝတီ လူမင်း/Carlosan Sketchbook/Egyptian God Anubis Stock Photos

Popular Journal

အလှမယ်ပြိုင်ပွဲတွေ ထပ်မပြိုင်တော့ဘူးလို့ ခင်ဝင့်ဝါ ပြောဆို


ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်းဝင်မော်ဒယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက် ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါဟာနောက်ဆုံး ဆန်ခါတင်အဆင့်အထိ တက်လှမ်းနိုင်တဲ့အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ ဒီလိုဆုတွေကို ဆွတ်ခူးခဲ့တဲ့သူမ ဟာစက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ အမိမြန်မာနိုင်ငံကို မျက်နှာပန်း လှလှနဲ့ပြန်လာ ခဲ့ပေမယ့်လည်း ခရီးရောက် မဆိုက်မှာဘဲသူမအနေနဲ့ ရှေ့ဆက်ပြီး ဒီလိုမော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြုလို့လဲ စတဲ့အတွေးပေါင်း များစွာကို အဖြေပေးထားတဲ့ ဒီအင်တာဗျူးလေးကို ဖတ်ရှုကြည့်ကြပါစို့လား။



မေး > ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

အတိုင်းမသိပျော်မိပါတယ်။ဟိုမှာပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ချင်စိတ်က အတိုင်းမသိပါပဲ။

အသက်(၈)နှစ်အရွယ် ကလေးသတို့သမီး မင်္ဂလာဦးညတွင် သေဆုံးသွားခဲ့

ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Yemen တွင် အသက်(၈)နှစ်အရွယ် ကလေးသတို့သမီး တစ်ဦးသည် ၎င်း၏မင်္ဂလာဦးည၌ သေဆုံးသွားခဲ့ရကြောင်း သိရသည်။

သူမဟာ (၈)နှစ်အရွယ်နှင့် ငါးကြိမ်တိုင်တိုင် ကလေးသတို့သမီးဖြစ်လာအောင် ဖိအားပေးခံခဲ့ရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သူမဟာ ထိုမင်္ဂလာဦးညတွင် ကိုယ်တွင်း သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၉၆၉ လှုပ်ရှားမှုအပေါ် သံဃမဟာနယက ဝေဖန်မှု့ သံဃာတချို့ပယ်ချ

ဗုဒ္ဓဘာသာ ​အမှတ်တံဆိပ် ​အဖြစ်နဲ့ ​၉၆၉ ​အမှတ်တံဆိပ် ​အသုံးပြုပြီး ​လှုပ်ရှားမှုတွေ ​လုပ်ဆောင်နေတာဟာ ​နိုင်ငံတော်သံဃမဟာနယက ​အဖွဲ့ရဲ့ ​စည်းမျဉ်းတွေနဲ့ ​မကိုက်ညီဘူးလို့ ​ပြောဆိုတာကို ​၉၆၉ ​လှုပ်ရှားမှုမှာ ​ပါဝင်တဲ့ ​ရဟန်းသံဃာတော် ​အချို့က ​ပယ်ချလိုက်ပါတယ်။

၉၆၉ ​အမှတ် ​တံဆိပ်ကို ​အသုံးပြုပြီး ​လှုပ်ရှားမှုတွေ ​ပြုလုပ်နေတာဟာ ​သံဃာမဟာနယက ​အဖွဲ့ကထုတ်ပြန်ထားတဲ့ ​ဥပဒေတွေနဲ့ ​မကိုက်ညီဘူးဆိုပြီး ​သံဃမဟာနာယက ​အဖွဲ့က ​သြဂုတ်လ ​တုန်းက ​ပြောဆိုပြီး ​တိုင်းနဲ့ ​ပြည်နယ် ​အသီးသီးမှာ ​ညွန်ကြားချက်တွေ ​ထုတ်ပြန်ခဲ့ပါတယ်။

ဆရာတော်တစ်ပါးဖြစ်တဲ့  ​အင်းစိန်ရွာမ ​ပရိယတ္တိ ​စာသင်တိုက်မှ ​အရှင် ​တီလောကဘိဝံသကတော့ ​မြန်မာနိုင်ငံအတွင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​လူမျိုးရေး ​ဘာသာရေး ​အကြမ်းဖက်မှုတွေ ​ဟာ ​၉၆၉ ​လှုပ်ရှားမှုကြောင့် ​ဖြစ်တာ ​မဟုတ်ပဲ ​၉၈၉ ​လှုပ်ရှားမှုဟာ ​အမျိုးဘာသာ ​သာသနာ ​နဲ့ ​ပတ်သက်ပြီး ​လုပ်ဆောင်နေတာ ​ဖြစ်တယ်လို့ ​အခုလို ​မိန့်ပါတယ်။

တရုတ်တွင် အင်တာနက်မှာ ကောလဟာလဖြန့်သူ ထောင် ၃ နှစ်

တရုတ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အရ အင်တာနက် အွန်လိုင်းပေါ်မှာ တာဝန်မဲ့ ရေးသားဖော်ပြချက်အဖြစ် တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရတော့မှာ ဖြစ်ပါတယ်။

တရုတ်ဗဟိုတရားရုံးချုပ်နဲ့ အစိုးရရှေ့နေတွေက ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်အရ အသရေပျက်စေတဲ့ ပြောဆိုမှုမျိုးတွေကို အွန်လိုင်းသုံးသူတွေက အကြိမ်ပေါင်း ၅ ထောင်ကျော် ဖတ်ရှုတာ၊ ဒါမှမဟုတ် ဘလော့ဂ်တွေ ဒါမှမဟုတ် တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Weibo ပေါ်မှာ အကြိမ် ၅၀၀ ကျော် ဖော်ပြတယ်ဆိုရင် အရေးယူဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စည်းကမ်းချက် အသစ်မှာတော့ ငွေညှစ်တာ၊ လာဘ်ငွေတောင်းတာ၊ အွန်လိုင်းပေါ်မှာ အချေအတင် ဖြစ်စရာတွေ ဖန်တီးတာတွေကိုလည်း တားမြစ်ထားတာပါ။ လမ်းညွှန်ချက်သစ်ကို ထောက်ခံသူတွေကတော့ စံချိန်စံညွှန်းတွေ သတ်မှတ်တာက ဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောကြပါတယ်။

နေပြည်တော်တွင် လူငါးယောက်က လူတစ်ယောက်ကို နေ့ခင်းကြောင်တောင် သေနတ်ပြ ကျင်စက်ဖြင့်တို့၍ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နေ့လယ်အချိန်မှာပင် လူငါးဦးက လူတစ်ဦးကို သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်။

ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံ ကိုလင်းထိန်သည် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၇)လမ်းရှိ ကားဝပ်ရှော့တွင် ကားပြင်နေစဉ် မတ်တူးကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသူ ငါးဦးက သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများနှင့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ငါးဦးထဲမှတစ်ဦးက ကိုလင်းထိန်ကို သေနတ်ပြကာ ကျင်စက်ဖြင့်တို့ပြီး ပျော့ခွေသွားချိန်တွင် လက်ဖြင့်ရိုက်နှက်ကာ ကယန်းအဖွဲ့က ဖမ်းခိုင်းလိုက်သည်ဟု ပြောဆိုကာ ဖမ်းဆီးသွားပြီး ကိုလင်းထိန်ပိုင် ပါဂျဲရိုးကားကိုပါ မောင်းနှင်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်

ရန်ကုန်မြို့ရှိ အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေဆဲဖြစ်သည့် Rocker အချိုရည်ဘူးများကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှုတားမြစ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်တွင် မွတ်ဆလင်သူပုန်များက ဓားစာခံ အများအပြားကို ဖမ်းဆီးထား

ဖိလစ်ပိုင် နိုင်ငံတွင် ထကြွသောင်းကျန်းနေသည့် မွတ်ဆလင် သူပုန်တပ် များသည် အင်္ဂါနေ့က နောက်ထပ် ဓားစာခံ အများအပြားကို ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။ ဒုတိယနေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာတွင် စစ်တပ်နှင့် သူပုန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး နှစ် ဖက်စလုံး အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖိလစ်ပိုင် တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအတွင်း မွတ်ဆလင် သူပုန်များသည် နောက်ထပ် အရပ်သား ဓားစာခံ အမြောက်အမြားကို ဖမ်းဆီး ထိန်းသိမ်းထားလိုက်ကြောင်း စစ်ဘက်က အတည်ပြုခဲ့သည်။ ဇမ်ဘိုအာဂါမြို့နှင့် အနီးတွင် အစိုးရ စစ်တပ်များသည် သူပုန်တပ်ဖွဲ့ဝင် (၃၀၀)ကျော်နှင့် တိုက်ခိုက်နေရကြောင်း သတင်းများက ဆိုသည်။

ယာဉ်တိမ်းရှောင်မောင်းနှင်ရာမှ ဧရာဝတီမြစ် အတွင်းကျ ဦးခေါင်းခန်းစီးနင်းသူ နှစ်ဦးသေဆုံး



မြစ်ကြီးနား ၊ ၁၀-၉-၂၀၁၃
မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဧရာဝတီ မြစ်ကမ်းနားလမ်း တွင် ရပ်ထားသည့် ယာဉ်အား တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ ယာဉ်မှာ ဧရာဝတီမြစ် အတွင်း ထိုးကျသွားပြီး ဦးခေါင်းတွင် ပါရှိသည့် ယာဉ်မောင်းနှင့် အတူပါသူ နှစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မြစ်ဖျားဧရာ စက်လှေဆိပ် (လဖဆိပ်)လမ်းတွင် တောင်မှမြောက် သို့ ကမ်းနားလမ်း အတိုင်း မောင်းနှင် လာသော ၆က/၃ဝ၄၁ ဖိုးဝှီး အမျိုးအစား ခဲရောင် မော်တော်ယာဉ် အား စိုးမိုးအောင် (ခ) အရှည်ကြီး မောင်းနှင်၍ ၄င်းနှင့်အတူ အိုက်ပန် အတူစီးကာ ယာဉ်နောက်ပိုင်း တွင် စန်းမောင် ၊ ကျော်သူလှိုင် ၊ အောင်ကိုဝင်း နှင့် ကျော်ဘ (ခ)မင်းရန်သိန်း တို့စီးလာသော မော်တော်ယာဉ် သည် စက်လှေဆိပ် အရောက်တွင်

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး

ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ  ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။(၁၀၀)

http://themyawadydaily.blogspot.com/2013/09/blog-post_6398.html
Related Posts Plugin for WordPress, Blogger...

ShareThis