menu

Saturday 20 July 2013

လက်ဗလာ ဘဝတွေထဲကျန်ခဲ့တဲ့ မြန်မာကို ရွှေရောင်လက်စေခဲ့သော အက္ခရာများ

Photo: လက်ဗလာ ဘဝတွေထဲကျန်ခဲ့တဲ့ မြန်မာကို ရွှေရောင်လက်စေခဲ့သော အက္ခရာများ
=======================================
သစ်စေးရောင်မှန်ဘီရိုထဲမှာ ဆု တံဆိပ်များစွာ ရှိနေပါတယ်။အဝိုင်းပုံ၊ ကြယ်ပုံ၊ လေးထောင့်ပုံ စတဲ့ပုံစံမျိုးစုံနဲ့ ဆုတံဆိပ်များရဲ့အရောင် ဟာ ဘီရိုထဲမှာ နှစ်ကာ လကြာမြင့် စွာ ရှိနေခဲ့ရတယ်ဆိုတာ သိသာစေပါတယ်။ ‘Medaka’ လို့ ထွင်းထားတဲ့ဆုတံဆိပ် နှစ်ခုကြားမှာ ”နိုင်ငံဂုဏ်ဆောင် ခဲ့သော အားကစား သမားဟောင်းများ ဂုဏ်ပြု အမှတ်တရတံဆိပ်”ဆိုတဲ့ အဖြူရောင် ဆုတံဆိပ်က သူ ၄၂ ကြာအောင် စောင့် စားခဲ့ရတဲ့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။

”ဒီဆုက အစိုးရဂုဏ် မြှင့်ပေးခဲ့တဲ့ အတွက်ဆိုပြီးတော့ ဟိုတလောက မှ ပေးခဲ့တာ၊ အရင်အစိုးရလက်ထက်က တော့ ဘာမှမပေးဘူး”လို့ ၁၃ နှစ်ကြာ တိုင်းပြည်ကို အားကစားနဲ့အလုပ်အ ကျွေးပြုခဲ့ တဲ့ မြန်မာ့ဘောလုံးလက်ရွေး စင်ဟောင်း ဦးဘပုက ဆုကိုလှမ်းကြည့် လိုက်ရင်း ပြောပါတယ်။၁၉၆၄ ခုနှစ်ကစလို့ မြန်မာ့ လက် ရွေးစင်အဖြစ်နဲ့ ၁၉၆၆ အာရှဖလားအ ပါအဝင် ဆုတံဆိပ်ဆယ်ခုရယူပေးနိုင်ခဲ့ တဲ့ ဦးဘပုဟာ လက်ရှိအချိန်မှာတော့ အသက် ၇၄ နှစ်ရှိနေပါပြီ။ ဆံပင်ဖြူတ ချို့ပေါက်နေပြီး မျက်လုံးတွေက အ ရောင်ဖျော့နေပေမယ့် အရပ်မြင့်မြင့် အသားညိုညိုနဲ့ ဦးဘပုဟာ တစ်ချိန်က အားကစားသမားတစ်ဦးဖြစ်ခဲ့တယ် ဆို တာ သူ့ပုံစံ ကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ သူနေထိုင်နေတဲ့ သပ်ရပ်တောင့် တင်းတဲ့ နှစ်ထပ်အိမ်ဟာ သူ့အားကစားသမား ဘဝမှာ ချီးမြှင့်ခံရတဲ့ ဆုတွေထဲက အမှတ်တရအဖြစ်ဆုံးဆုပါ။

၁၉၆၆ အာရှဖလားမှာ ချန်ပီယံ ဖြစ်တော့ စက်မှုလက်မှုလုပ်ငန်းရှင်တွေ က အားကစားသမားတွေကို ရေခဲ သေတ္တာတစ်လုံးစီ ချီးမြှင့်ခဲ့တယ်။ အဲဒီ ရေခဲသေတ္တာ ကို ငွေကျပ်တစ်ထောင့်ငါး ရာနဲ့ရောင်းပြီး သစ်ဝယ်ပြီးတော့လက်ရှိ အိမ်ကိုဆောက်ခဲ့ရတယ်လို့ သူကပြော ပါတယ်။”ဆိုရှယ်လစ်ခေတ်ဆိုတော့ က စားသမားတွေကို ချီးမြှင့်ရင်ငွေ ကျပ်သုံး ရာထက်ပိုပြီး မပေးရဘူးလို့လည်း စည်း ကမ်းကထုတ်ထားသေး တာ။ အဲဒါ ကြောင့် ရေခဲသေတ္တာသုံးရာပဲတန်ပါ တယ်ဆိုပြီး လိမ်ပြီးပေးခဲ့ရတာ” လို့ ရယ်ပြီးတော့ သူကဆိုပါတယ်။

ဘောလုံးအားကစားကို ဝါသနာ ပါလွန်းတဲ့ ကန်တော်လေးသား ဦးဘပု ဟာ ဘောလုံးအကြီးမပေါ်ခင်ကတည်း က တင်းနစ်ဘောလုံးလေးတွေနဲ့ စကန် ခဲ့တာပါ။ အဲဒီဘောလုံးဟာ ဓာတ်ဆီ စိမ်လိုက်ရင် အပေါ်က အမွှေးလေးတွေ ကျွတ်ပြီး ကန်လို့ရတဲ့အနေအထား ရောက်ပြီ မို့ ကျောင်းသားဘဝမှာတော့ အဲဒီလိုဘော လုံးသေးလေးတွေနဲ့ကစား ခဲ့ရပါတယ်။ ဘောလုံးအသေးလေးတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တဲ့သူ အဖို့ ဘောလုံးအကြီးဆိုတာကတော့ မျက်စိမှိတ်ကန်တောင် ရတယ်လို့ လူ ငယ်တစ်ဦးရဲ့ဟန်အပြည့် နဲ့ ပြန်ပြောပြခဲ့ ပါတယ်။၁၉၅၈ ကစပြီး တပ်မတော်-လေ အသင်းမှာ စကစားခဲ့တဲ့သူဟာ ၁၉၆၄ ခုနှစ်မှာ လက်ရွေးစင်စဖြစ်ခဲ့ ပါတယ်။ လူငယ်လက်ရွေးစင်မှာကစားရင်း လူ ကြီးလက်ရွေးစင်ပွဲတွေမှာလည်း ဝင်က စားခဲ့ရပါတယ်။

စွပ်ကျယ်လက်တိုကို ပုဆိုးနဲ့တွဲ ဝတ်ထားတဲ့ဦးဘပုဟာ ပက်လက်ကု လားထိုင်မှာထိုင်နေရင်း အနီးမှာရှိတဲ့ ဆုတွေထည့်ထားတဲ့ ဘီရိုတံခါးကို လှမ်း ဖွင့်လိုက်ပါတယ်။ အသက်အရွယ်ကြီး ရင့်နေပေမယ့် အရင်ကစွမ်းေ ဆာင်ခဲ့မှု တွေအကြောင်းကို ပြန်ပြောပြချိန်မှာ သူ ဟာပီဘိ လူငယ်တစ်ဦးလိုပါပဲ။ ဘီရိုထဲ က ကြယ်ပုံဆုတံဆိပ်လေး ကတော့ သူ့ ဘဝမှာ ဘယ်တော့မှမမေ့နိုင်မယ့် အာရှ ဖလားချန်ပီယံဆုတံဆိပ်လေးပါ။မြန်မာ ဘက်ကို တစ်ချိန်လုံးတိုက်စစ်ဆင်နေတဲ့ အီရန်အသင်းကိုဂိုးသွင်း ခွင့် တစ်ကြိမ်သာ ရခဲ့ပြီးအဲဒီဂိုးနဲ့ပဲ အာရှချန်ပီယံဆို တဲ့ဂုဏ်ပုဒ်ကိုတိုင်းပြည်အတွက် ယူ ဆောင်ပေးနိုင်ခဲ့တယ်။

”အဲဒီတုန်းက အီရန်သုံးယောက် ကိုလိမ်ပြီး ဂိုးသမားနဲ့တွေ့တယ်။ ဂိုး သမားကိုပါထပ်လိမ်ပြီး အောင်ခင့်ကို လှမ်းပေးလိုက်တာ။ အောင်ခင်က ဂိုးထဲ ကို တန်းကန်လိုက်တာ။ ပွဲအပြီးမှာ အပျော်လွန်လို့ ဆုပေးတဲ့ ဆွဲသီးကြီး ပြုတ်ကျပြီး လိုက်ကောက်ခဲ့ရတယ်”လို့ လည်း သူကမှတ်မှတ်ရရပြောပြပါတယ်။၁၉၆၄ မာဒေးကားဖလားချန်ပီယံ၊ ၁၉၆၆ အာရှချန်ပီယံ၊ ၁၉၆၇ ကျွန်း ဆွယ်အားကစားပြိုင်ပွဲချန်ပီယံ၊ ၁၉၆၈ ယိုးဒယားဘရင့်ဖလားချန်ပီယံစတဲ့ ဂုဏ်ပုဒ်များကို တိုင်းပြည်အတွက် ယူ ဆောင်ပေးနိုင်ခဲ့တဲ့ ဦးဘပုတို့လို ရွှေ ခေတ်ဘောလုံးသမားဟောင်း ကြီးတွေ ထဲမှာ အသက်ရှင်နေသေးသူတွေရှိနေ သလို ကွယ်လွန် သွားခဲ့ကြသူတွေလည်း များပါပြီ။ သက်ရှိထင်ရှားရှိနေသူတွေ ထဲမှာ ဦးဘပုနဲ့အတူ ကစားခဲ့တဲ့ အ လယ်တန်းကစားသမားဦးတင်အေး လည်း အပါအဝင်ပါပဲ။ ဆံပင်တွေဖြူနေ ပြီးအရပ်မြင့်မြင့်နဲ့ တပ်မတော်သား တစ် ယောက်ရဲ့ထိုင်ပုံမျိုးနဲ့ ဧည့်ခန်းမှာထိုင် နေတဲ့ ဦးတင်အေးဟာ အင်္ကျီမီးခိုး ရောင်ကို ပုဆိုးအပြာကွက်နဲ့ တွဲဝတ် ထားပါတယ်။ ၁၉၆၆ ထိုင်းနိုင်ငံအာရှ ဖလားပွဲမှာ အလယ်တန်းကနေ ပါဝင် ကစားခဲ့ပြီး အကောင်းဆုံးကစားပေးနိုင် ခဲ့တဲ့ အချိန်တွေ အဲဒီတုန်းက ခံစား ချက်တွေကိုတော့ ဦးတင်အေး မမေ့နိုင် သေးပါဘူး။

”မိနစ်ကိုးဆယ်လည်း ပြည့်ရော ရင်ထဲမှာ မီးတွေတောက်သွားသလိုပဲ”လို့ သူကအဲဒီတုန်းက ပျော်ရွှင်မှုကို ကြည်နူးစွာပြောပြပါတယ်။၁၉၆ဝ ခုနှစ်မှာ တပ်မတော် ကြည်းအသင်းကနေ စကစားခဲ့ပြီး ၁၉၆၃ အာရှလူငယ်ချန်ပီယံ၊ ၁၉၆၆ အာရှဘောလုံးချန်ပီယံ၊ ၁၉၆၇ မလေး ရှားမာဒေးကားချန်ပီယံ၊ ၁၉၆၇ ကျွန်း ဆွယ်ချန်ပီယံ စတဲ့ဆုတွေ အပါအဝင် ဆုတံဆိပ် ခုနစ်ခုရယူပေးနိုင်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူချိန်မှာ နည်းပြအဖြစ်နဲ့ ဆက်လက်လုပ်ဆောင် ခဲ့တယ်။ ဘဝတစ်ခုလုံးကို ဘော လုံး လောကထဲမှာပဲ မြှုပ်နှံခဲ့သူ လက်ရှိအ ချိန်မှာအသက် ၇၅ နှစ်ကျော်ရှိတဲ့ ဦး တင်အေးက ”ဘောလုံးကစားတာကလွဲ ပြီး ဘာမှမလုပ်တတ်ဘူး။ အသက်ကြီး လာလို့ အနားယူတော့လည်း ဘာစီးပွား ရေးမှ မလုပ်တတ် ဘူး”လို့ ပြောပါတယ်။

အရင်က ဘောလုံးသမားတွေ ဟာ တိုင်းပြည်ကချီးမြှင့်မယ့် ဆုကိုမျှော် ကိုးပြီး ဘောလုံးကစားခဲ့ကြတာမဟုတ် သလို ဒီဘက်ခေတ်ဘောလုံး သမားတွေ လို ဝင်ငွေလည်းမကောင်းခဲ့ကြပါဘူး။လုပ်သက်နှစ်ခြောက် ဆယ်ကျော် ဝါရင့်အားကစား ကလောင်ရှင် ဦးခင် မောင်ထွေး (ပျဉ်းမနား)က ”ခုခေတ်လို သိန်း ၅ဝဝ၊ ၁ဝဝဝ မပြောနဲ့ တစ် ယောက်ကို တစ်သိန်း (ခုခေတ်ငွေပမာ ဏနဲ့နော်) တောင်မရဘူး”လို့ ပြောပါ တယ်။အာရှ ချန်ပီယံဖြစ်ခဲ့တုန်းက အစိုး ရပေးတဲ့ မောင်ဗမာစက်ဘီးကိုရခဲ့ဖူးပြီး ရုပ်ရှင်ကောင်စီက ဆုငွေချီးမြှင့်လိုပေ မယ့်လည်း ကျပ်သုံးရာထက်ပိုပြီး မပေး ရစည်းကမ်းကြောင့် ပတ်ကားဖောင်တိန် ထရန်စစ်စတာရေဒီယို စတာတွေကိုသာ ရခဲ့ကြတယ်။ တိုင်းပြည်အတွက် ဆုတံ ဆိပ်တွေရယူပေး ခဲ့ပေမယ့် သူတို့သူဌေး  မဖြစ်ခဲ့ကြပါဘူး။ဦးဘပုက ၁၉၇၁ ခုနှစ်မှာဘောလုံး သမားဘဝက အနားယူပြီး ကားပွဲစား လုပ်ခဲ့တယ်။ 

ကားပွဲစားဘဝနဲ့တောက် လျှောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ် ကမှ အနားယူလိုက်တာပါ။ အဲဒီလိုပဲ ဦးတင်အေးကလည်းတပ်မတော်သား ဘဝကအနား ယူခဲ့ပြီး သားသမီးများက ပြုစုလုပ်ကျွေးလို့ အေးချမ်း စွာနေရပေ မယ့် ကိုယ့်ကစားဖော်တွေထဲမှာ ဆင်း ရဲဒုက္ခရောက်ပြီး ကွယ်လွန်သွားခဲ့သူတွေ အများကြီးပဲလို့ ဆိုပါတယ်။

တိုင်းပြည်ကို အားကစားနဲ့အလုပ် အကျွေးပြုခဲ့ပေမယ့် အသက်အရွယ်ကြီး ရင့်ချိန်မှာ နိုင်ငံတော်ဆီက ဘာအကူအ ညီထောက်ပံ့မှုမှမရဘဲ ဆင်းရဲနွ မ်းပါးစွာ နဲ့ ဘဝနေဝင်သွားခဲ့ရသူတွေအတွက် စိတ်မကောင်းဘူးလို့ သူတို့နှစ်ဦးက တူ ညီစွာပြောပါတယ်။”ကျန်တဲ့သူတွေ ရှိသေးတယ်။ ပန် စစ်တို့ဘာတို့ဆို ထောက်ပံ့ကြေးလည်းမရပါဘူး”လို့ ကစားဖော်တွေရဲ့ လက်ရှိ အခြေအနေကို ဦးဘပုက ညှိုးငယ်စွာ ပြောပြပါတယ် ။ထောက်ပံ့ကြေးဆိုတာက သူတို့ ဘောလုံးသမားဟောင်းတွေအတွက် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတစ် ခုက တစ်လကိုကျပ် တစ်သောင်းပေးတာ ကိုပြောတာပါ။ လက်ရွေးစင်အဖြစ်က အနား ယူပြီး နောက်ပိုင်း ဒီတစ်သောင်း ကျပ်က လွဲလို့ဘာမှ ထောက်ပံ့မှုမရခဲ့ ကြပါဘူး။အားကစားဝန်ကြီးဌာနက လက်ရှိ အချိန်မှာ အားကစား သမားဟောင်းတွေ ကို ထောက်ပံ့ပေးမှုမရှိဘူးလို့ အထက်ပါ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် ကပြောပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆီး ဂိမ်းလည်းနီးလာပြီမို့ တစ်ချိန်က မြန်မာ့ ဂုဏ်ဆောင်အားကစား သမားဟောင်း တွေကို ဝန်ကြီးက ဂုဏ်ပြုဆုငွေတွေကို ဧပြီလအတွင်းက အခမ်းအနားနဲ့ချီးမြှင့် ခဲ့တယ်လို့ သူကပြောပါတယ်။ အဆိုပါ အခမ်းအနားမှာ ဘောလုံး၊ ပြေးခုန်ပစ် အပါအဝင် အားကစားနည်းမျိုးစုံက ကစားသမားပေါင်း ခြောက်ရာကို ရတဲ့ ဆုတံဆိပ်အလိုက် ဆုငွေတွေ ချီးမြှင့် ပေးခဲ့တာပါ။

အဲဒီပွဲမှာ ဆုတံဆိပ်နဲ့အတူ ဆုငွေ ကျပ်တစ်သိန်းနှစ်သောင်းရခဲ့တယ်လို့ သူတို့နှစ်ဦးက ပြောပါတယ်။ ဒါဟာ ဆီး ဂိမ်းနီးလာလို့ အစိုးရသစ်ရဲ့အသိ အမှတ် ပြုမှုဖြစ်ပြီး အရင်အစိုးရလက်ထက်မှာ တော့ သူတို့ကိုဘာအသိ အမှတ်ပြုမှုမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့အီရန်ကိုနိုင်ပြီး အာရှချန်ပီယံဆုကို ရယူခဲ့တဲ့ထိုင်းနိုင်ငံ ကဘောလုံးကွင်းထဲမှာ သူတို့နာမည် တွေကို ကမ္ပည်းရေးထိုးထားတယ်လို့ ပြောတဲ့အချိန်မှာတော့ ဦးတင်အေးရဲ့ မျက်လုံးထဲမှာ ဝမ်းသာဂုဏ်ယူမှုတွေနဲ့ ပြည့်နေပါတော့တယ်။

”ဗမာပြည်မှာ ဒါမျိုးမရှိဘူး”လို့ ဦးတင်အေးက မချိတင်ကဲဆိုပါ တယ်။”ဘာမျှော်လင့်ချက်မှ မရှိဘဲ တိုင်း ပြည်ဂုဏ်ဆောင်ခဲ့သူတွေ ကို နိုင်ငံတော် က တစ်နည်းနည်း နဲ့ပြန်ကြည့်သင့် တယ်”လို့ ဦးခင်မောင်ထွေး(ပျဉ်းမနား) ကပြောပါတယ်။”အားကစားသမားတွေကို ဂုဏ် ပြုတယ်ဆိုတာ သူတို့ဆုတံဆိပ်တွေ ကို ပြခန်းထဲပြ ထားရုံနဲ့မပြီး ဘူး။ သူတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင်လုပ် ပေးသင့်တယ်”လို့ သူကပြောပါတယ်။

အမှန်တကယ်လည်း အားကစား သမားဟောင်းတွေက တိုင်းပြည်ရဲ့ကူညီ မှုအသိအမှတ်ပြုမှုကို လိုအပ်ကြပါ တယ်။ ဒါပေမဲ့ ဒီအတိုင်းထောက်ပံ့ကြေး ကိုယူတဲ့ပုံစံမျိုး မဟုတ်ဘဲကိုယ် တတ် နိုင်တဲ့ဘက်က အားကစားတိုး တက်ရေး အတွက် တစ်စိတ်တစ်ပိုင်း ဆောင်ရွက် ပေးလိုတယ်လို့ ဦးဘပုက ပြောပါတယ်။ ”ဒီအတိုင်းကြီးလည်း မလိုချင်ပါ ဘူး။ လက်ရွေးစင်အားကစားသမားတွေ ရဲ့အကြံပေးဖြစ်ဖြစ်ပေါ့ ထားစေချင် တယ်။ ငွေကိုတော့ တစ်ခုခုချီးမြှင့်ပေါ့” လို့ သူကဆိုပါတယ်။ လူ့ဘဝရဲ့နေဝင်ချိန် လို့ပြောလို့ရ တဲ့ အသက်အရွယ်ရောက်နေတာတောင် တိုင်းပြည်ရဲ့အားကစားအဆင့်အတန်း မြှင့်တင်ရေးမှာ သူတို့ကတစ်ထောင့်တစ် နေရာကနေ ပါဝင်စွမ်းဆောင် လိုပါသေး တယ်။ မြန်မာပြည်သူတွေ ရူးသွပ်တဲ့ ဘောလုံးအားကစားအောင်မြင်တာကို လည်းသူတို့မြင်လိုကြပါသေးတယ်။ တိုင်းပြည်က မေ့လျော့နေပေမယ့် သူတို့ ကတော့ တိုင်းပြည်အတွက်ကို ခေါင်း ထဲထည့်ထားဆဲပါပဲ။

”အားကစားသမားဟောင်းတွေကို ငွေပေးမယ့်အစား တစ်နေရာရာမှာ ခိုင်းစေချင်တယ်”လို့ ဦးဘပုကဆိုပါ တယ်။

မေဇင်ဝင်း
သစ်စေးရောင်မှန်ဘီရိုထဲမှာ ဆု တံဆိပ်များစွာ ရှိနေပါတယ်။အဝိုင်းပုံ၊ ကြယ်ပုံ၊ လေးထောင့်ပုံ စတဲ့ပုံစံမျိုးစုံနဲ့ ဆုတံဆိပ်များရဲ့အရောင် ဟာ ဘီရိုထဲမှာ နှစ်ကာ လကြာမြင့် စွာ ရှိနေခဲ့ရတယ်ဆိုတာ သိသာစေပါတယ်။ ‘Medaka’ လို့ ထွင်းထားတဲ့ဆုတံဆိပ် နှစ်ခုကြားမှာ ”နိုင်ငံဂုဏ်ဆောင် ခဲ့သော အားကစား သမားဟောင်းများ ဂုဏ်ပြု အမှတ်တရတံဆိပ်”ဆိုတဲ့ အဖြူရောင် ဆုတံဆိပ်က သူ ၄၂ ကြာအောင် စောင့် စားခဲ့ရတဲ့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။

”ဒီဆုက အစိုးရဂုဏ် မြှင့်ပေးခဲ့တဲ့ အတွက်ဆိုပြီးတော့ ဟိုတလောက မှ ပေးခဲ့တာ၊ အရင်အစိုးရလက်ထက်က တော့ ဘာမှမပေးဘူး”လို့ ၁၃ နှစ်ကြာ တိုင်းပြည်ကို အားကစားနဲ့အလုပ်အ ကျွေးပြုခဲ့ တဲ့ မြန်မာ့ဘောလုံးလက်ရွေး စင်ဟောင်း ဦးဘပုက ဆုကိုလှမ်းကြည့် လိုက်ရင်း ပြောပါတယ်။၁၉၆၄ ခုနှစ်ကစလို့ မြန်မာ့ လက် ရွေးစင်အဖြစ်နဲ့ ၁၉၆၆ အာရှဖလားအ ပါအဝင် ဆုတံဆိပ်ဆယ်ခုရယူပေးနိုင်ခဲ့ တဲ့ ဦးဘပုဟာ လက်ရှိအချိန်မှာတော့ အသက် ၇၄ နှစ်ရှိနေပါပြီ။ ဆံပင်ဖြူတ ချို့ပေါက်နေပြီး မျက်လုံးတွေက အ ရောင်ဖျော့နေပေမယ့် အရပ်မြင့်မြင့် အသားညိုညိုနဲ့ ဦးဘပုဟာ တစ်ချိန်က အားကစားသမားတစ်ဦးဖြစ်ခဲ့တယ် ဆို တာ သူ့ပုံစံ ကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ သူနေထိုင်နေတဲ့ သပ်ရပ်တောင့် တင်းတဲ့ နှစ်ထပ်အိမ်ဟာ သူ့အားကစားသမား ဘဝမှာ ချီးမြှင့်ခံရတဲ့ ဆုတွေထဲက အမှတ်တရအဖြစ်ဆုံးဆုပါ။

ပလက်ဖောင်းပေါ်က အညာအရင်းအမြစ်(ရေးသားသူ- မိုးညို)

Photo: ပလက်ဖောင်းပေါ်က အညာအရင်းအမြစ်
-----------------------------
ရေးသားသူ- မိုးညို

အသားညိုညို မျက်နှာပြည့်ပြည့်၊ အရပ်ခပ်ပြတ်ပြတ်နှင့် အမျိုးသားတစ်ဦး ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းမှ ခန်းဆီးကန့်လန့်
ကာတစ်ခုအတွင်းရှိ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ပြည့် နှက်နေသည့် ဗေဒင်ဟောခန်းတစ်ခုသို့ ခပ်သုတ်သုတ်ဝင်သွားသည်။ ၂၀၀၉ နွေရာသီ၏ လတစ်လတွင် ဖြစ်သည်။

အသက်(၂၇)နှစ်အရွယ်ရှိ သည့် ကိုဆန်းကျော်မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် အင်းတဲရွာသားတစ်ဦး ဖြစ်သည်။ သူ ရန်ကုန်တွင် လက်ရှိဆိုင်းထမ်းဖြင့် ရောင်းချနေသော ရခိုင်မုန့်တီအသုပ်စုံဆိုင် ရောင်းမကောင်းသောကြောင့် အမည်ပြောင်းရန် ယခုကဲ့သို့ ရွှေတိဂုံဘုရားမှ ဗေဒင်ဟောခန်းတစ်ခုသို့ လာရောက် မေးမြန်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများက အညာရှိ ကျေးလက်ဒေသများသို့တိုင် ရိုက်ခတ်လာမှုကို ကိုဆန်းကျော်တို့ မိသားစုလည်း ခံစားလာခဲ့ရသောကြောင့် ကိုဆန်းကျော်တစ်ယောက် ရန်ကုန်သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ရန် ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လူကြီးလူငယ်အများစုမှာ ရန်ကုန်မြို့၏ ပလက်ဖောင်းနေရာ လမ်းမကြီးနှင့် လမ်းသွယ်အချို့တွင် အထမ်းဖြင့်သော်လည်းကောင်း၊ တွန်းလှည်းဖြင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရာသီပေါ် စားသောက်ဖွယ်ရာမျိုးစုံတို့ကို ရောင်းချလျက်ရှိသည်။ ယင်းတို့ကား ရန်ကုန်မြို့၏ လမ်းဘေးစားသောက်ဆိုင် ယဉ်ကျေးမှုကို ဖော်ကျူးနေသည့် အညာနံ့ ခပ်သင်းသင်းရှိသော အညာပလက်ဖောင်းယဉ်ကျေးမှုများပင် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကျေးရွာအများစုတွင် မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ စိုက်ပျိုးမြေနည်းပါးလာခြင်း၊ လယ်ယာမြေသိမ်းခံရမှု ပြဿနာများကြောင့် အများစုမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီဖြစ်ကာ ရွာရှိ ကျန်းမာသန်စွမ်းသော လူကြီးလူငယ်မကျန် မြို့တော်ရန်ကုန်တွင် စုပေါင်းအခြေချ၍ နည်းလမ်းအမျိုးမျိုးဖြင့် ရပ်တည်ရန် ကြိုးပမ်းနေကြရသည်။

ပုံစံအမျိုးမျိုးဖြင့် မြို့တော်ရန်ကုန်တွင် အခြေချလုပ်ကိုင်နေကြသော်လည်း ရည်ရွယ်ချက်ချင်းမှာမူ အားလုံး၏ ရင်ထဲတွင် အတူတူချည်းပင် ဖြစ်သည်။ ကံနှင့် ၀ီရိယကို ယုံကြည်သည့် မြို့တော်ရန်ကုန်က အညာသူ၊ အညာသားများအပေါ် လျစ်လျူတော့ မရှုခဲ့ပါ။

ကံတရား၏ မျက်နှာသာပေးခြင်းကို သူတို့ ခံစားခဲ့ရပါသည်။ စီးပွားရေးနှင့် အခွင့်အလမ်း အများစုတည်ရှိနေသည့် မြို့တော်ရန်ကုန်မှာ စရိတ်နည်း အဆာပြေစားသုံးရန် လိုအပ်နေမှုကို ၎င်းတို့က တိုက်ရိုက်ဖြည့်ဆည်းပေးခဲ့ပြီ ဖြစ်သည်။

မြို့တော်ရန်ကုန်သို့ ရောက်ရှိပြီး အညာသားတစ်ဦးမှာ ကိုယ်ပိုင်အခြေချရန် သုံးနှစ်မှ လေးနှစ်အထိ ရှေ့မှရောက်နှင့်နေသော စီနီယာ အညာသားတစ်ဦးထံတွင် ပညာသင်ယူပြီးခါမှ အများစုမှာ ကိုယ်ပိုင်အထမ်း၊ တွန်းလှည်းများဖြင့် ဆက်လက်အခြေချ လုပ်ကိုင်နိုင်ကြောင်း လေးနှစ်ကျော် ပညာသင်ယူပြီး အထမ်းပေါင်း ငါးထမ်းဖြင့် လုပ်ငန်းအောင်မြင်နေပြီဖြစ်သော ကိုဆန်းကျော်က ပြန်လည်ပြောပြသည်။ လက်ရှိ သူ့တွင် ရွာမှ လုပ်သားကိုးဦးကိုပင် ရန်ကုန်တွင် ၎င်းငှားရမ်းနေထိုင်သော တိုက်ခန်းသို့ ခေါ်ယူ၍ လခပေး စရိတ်ငြိမ်းသင်ကြားပေးနေပြီ ဖြစ်သည်။

ရန်ကုန်တွင် ချောင်လည်စွာ နေနိုင်ရုံသာမက ပိုလျှံသည်များကို ရွာရှိ မိဘများထံ လစဉ်ငွေပို့ နိုင်သည်ဟု ကိုဆန်းကျော်က ဆိုသည်။ “ရွာမှာ လူစားစရာ မရှိလို့ အရင်လူစာပဲ ပို့ခဲ့ရတာ။ ခုနွားစာတောင် မရှိတော့လို့ နွားစာအတွက်ပါ ငွေပို ပို့နေရပြီ” ဟု အညာသံခပ်ဝဲ၀ဲဖြင့် လက်ရှိ အညာကျေးလက်ရွာအချို့တွင် လုပ်ကိုင်စားသောက်ရန် ခက်ခဲလာပုံကို သူက ပြောပြသည်။ 

ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် ရည်ရွယ်ချက်တူ အညာသူ၊ အညာသားအချင်းချင်း ဈေးကွက်ယှဉ်ပြိုင်ရာတွင် အခက်အခဲများစွာ နေ့စဉ်ကြုံတွေ့နေရသည်။ အဓိကအားဖြင့် မြို့နယ်စည်ပင်၏ နေ့စဉ်အကြောင်းအမျိုးမျိုးရှာ ငွေရှာမှု၊ ဆိုင်ခန်းနေရာ ရရန်ခက်ခဲမှု၊ အချင်းချင်း အပြိုင်အဆိုင် ဖောက်သည်လုမှုစသည်တို့က ၎င်းတို့အတွက် အခက်အခဲများပင် ဖြစ်သည်။

စကားပြောလျှင် လေသံခပ်ပြတ်ပြတ်ဖြင့် ပြုံးလျှင် ကွမ်းချိုးများပေါ်အောင် ပြုံးတတ်သည့် ဘိုကလေးဈေးအနီးတွင် ဆိုင်းထမ်းဖြင့် ရောင်းချနေသည့် ကိုမျိုးအောင်က ရန်ကုန်မှ ၎င်းတို့ ကြုံတွေ့ရသော အခက်အခဲကို ယခုကဲ့သို့ ပြောပြသည်။ 

“ကိုယ်က တစ်နယ်သားလေ။ ဒီမှာ စီးပွားလာရှာတာ အားလုံးနဲ့ အဆင်ပြေအောင်တော့ နေရတာပေါ့”

ရွာတွင် တောင်ယာစိုက်ပျိုးခြင်း၊ ထန်းတက်ခြင်းများနှင့် ယခုလက်ရှိ လုပ်ကိုင်နေသည့် ဆိုင်းထမ်းဖြင့် ဈေးရောင်းချမှုနှင့် နှိုင်းယှဉ်ပါက လက်ရှိ အလုပ်မှာပိုပြီး ပင်ပန်းခက်ခဲသော်လည်း ၀င်ငွေမှာ ရွာမှ အလုပ်ထက်ပို ကောင်းသောကြောင့်လက်ရှိ အလုပ်ကိုသာ စွဲကိုင်ထားရန် အားသန်နေကြဆဲဖြစ်ကြောင်း လမ်းဘေးတွင် ဆိုင်းထမ်းဖြင့် ရောင်းချနေသူ အများစုက ဆိုသည်။

ဆိုင်းထမ်းတစ်ထမ်းလျှင် အရင်းအနှီး ကျပ်တစ်သိန်းမှ တစ်သိန်းခွဲ ၀န်းကျင်သာရှိပြီး ရန်ကုန်မြို့၏ ခနော်နီ ခနော်နဲ့ နိုင်လှသည့်
မည်သည့် ပလက်ဖောင်းမျိုးတွင်မဆို စည်ပင်ဈေးကောက်ပေးရုံဖြင့် ရောင်းချနိုင်သောကြောင့် နေရာပြဿနာမှာ စိုးရိမ်စရာ မရှိပေ။ တစ်နေ့လျှင် အနည်းဆုံး ဆိုင်းထမ်းတစ်ထမ်းလျှင် ငွေကျပ်နှစ်သောင်းမှ သုံးသောင်းအထိ မြတ်ပြီး ဆိုင်ထမ်းငါးထမ်း ပိုင်ဆိုင်သူ တစ်ဦးဆိုပါက တစ်နေ့လျှင် တစ်သိန်းမှ တစ်သိန်းခွဲအထိ မြတ်ကြောင်း ၎င်းတို့က ပြောသည်။

မုံရွာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာအများစုမှ တက်ရောက်လာသည့် ရွာသူရွာသားအများစုအတွက် ဒေသတွင်းစိန်ခေါ်မှုများ ပြည့်နှက်လာခြင်းနှင့် မြို့တော်ရန်ကုန်တွင် ရှေ့မှ ရောက်နှင့်ပြီးသော အမျိုးအဆွေများ အဆင့်သင့် ရှိနေမှုများကြောင့် လာရောက်လုပ်ကိုင်မည့် ပမာဏအများစုက ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးမျိုးညွန့်နိုင်က ပြောသည်။

နွေမှာဆို ထနောင်း၊ ဆောင်းမှာဆို မန်ကျည်းဟူ၍ အညာ၏ ရာသီဥတုမျိုးစုံကို ခုံလှုံခွင့်ပေးခဲ့သည့် အပင်ရိပ်တွေကို စီးပွားရေးမြို့တော် ရန်ကုန်တွင် ဆိုင်းထမ်းများဖြင့် ရောင်းချနေသူ အညာသူ၊ အညာသား အများစုဝေးခဲ့ရပြီး အရောင်းအသွေးစုံလူသူတွေ ရှုပ်ယှက်ခတ်နေသည့် ယာဉ်ကြောတန်းကြီးတွေ၊ မိုးမြင့်တိုက်တာကြီးတွေက ၎င်းတို့အတွက် နေသားကျနေပြီလည်း ဖြစ်သည်။

“ရွာတော့ ပြန်ချင်တာပေါ့။ ရွာမှာ ဘာမှလုပ်စရာမှ မရှိတာ။ ဟိုပြန်လည်း ငတ်မှာပဲ”။ ထိုစကားသံမှာ အသက်(၁၉)နှစ်အရွယ်ရှိ အညာသားတစ်ဦး၏ ရင်ထဲကလာသော စကားလုံးအချို့ ဖြစ်သည်။ လက်ထဲတွင် စုမိဆောင်းမိဖြစ်ပါက ရန်ကုန်တွင် အရင်းအနှီးခပ်ကြီးကြီးဖြင့် ဆိုင်ခန်းအကျယ်ကြီးများ ငှားကာလက်ရှိဆိုင်ကို ချဲ့ထွင်ရန် စိတ်ကူးဆန္ဒများက မြန်မာနိုင်ငံအလယ်ပိုင်းမှ အညာသူ၊ အညာသားတိုင်း မက်နေကျ အိပ်မက်တစ်ခုလည်း ဖြစ်သည်။

“ကိုယ့်ဆိုင်က သေးနေရင် လူနည်းနည်းပဲ အလုပ်ရမှာလေ။ ဆိုင်အကြီးကြီး ဖွင့်ရင်တော့ ကိုယ့်ရွာက သူတွေ အလုပ်အများကြီး ရမှာပေါ့။ ဒါ့ကြောင့် ပိုက်ဆံစုထားတာ။ ပြည့်ရင် ဆိုင်ကို အကြီးကြီးဖွင့်ချင်တာ” ဟု မုံရွာ ဘုတလင်အနီး ပေပင်ကုန်းရွာသားက ၎င်း၏
လုပ်ငန်းချဲ့ထွင်လိုသည့် စိတ်ကူးကို ပြောပြသည်။ 

ကိုဆန်းကျော်တစ်ယောက် ရွှေတိဂုံဘုရားတောင်ဘက်မုခ်ဦး စောင်းတန်းအတွင်းရှိ ဗေဒင်ဟောခန်းတစ်ခုတွင် နာရီဝက်ကျော်မျှ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သူ၏ လက်ရှိ ဆိုင်နာမည် “အမေ့သား”ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ပြောင်းလဲပြီး တစ်နှစ်အကြာတွင် သူ၏ ဆိုင်းထမ်းမှာ ယခင်နှစ်ခုသာရှိခဲ့ရာမှ ယခု ငါးခုကို ပိုင်ဆိုင်သွားပြီဟု သူကဆိုသည်။

ဗေဒင်ကြောင့် သူအောင်မြင်နေပြီဟု ယုံကြည်ယူဆနေသော်လည်း အမှန်မှာ သူလပေါင်းများစွာ ကြိုးစားအားထုတ်ရောင်းချထားသည့် အမြတ်ငွေများမှ တစ်ဆင့် အခြားပလက်ဖောင်း ချဲ့ထွင်နိုင်သည်ကိုမူ သူသတိမပြုလိုက်မိပေ။

ဓာတ်ပုံ-  ကျော်ဇင်သန်း
အသားညိုညို မျက်နှာပြည့်ပြည့်၊ အရပ်ခပ်ပြတ်ပြတ်နှင့် အမျိုးသားတစ်ဦး ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းမှ ခန်းဆီးကန့်လန့်
ကာတစ်ခုအတွင်းရှိ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ပြည့် နှက်နေသည့် ဗေဒင်ဟောခန်းတစ်ခုသို့ ခပ်သုတ်သုတ်ဝင်သွားသည်။ ၂၀၀၉ နွေရာသီ၏ လတစ်လတွင် ဖြစ်သည်။

အသက်(၂၇)နှစ်အရွယ်ရှိ သည့် ကိုဆန်းကျော်မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် အင်းတဲရွာသားတစ်ဦး ဖြစ်သည်။ သူ ရန်ကုန်တွင် လက်ရှိဆိုင်းထမ်းဖြင့် ရောင်းချနေသော ရခိုင်မုန့်တီအသုပ်စုံဆိုင် ရောင်းမကောင်းသောကြောင့် အမည်ပြောင်းရန် ယခုကဲ့သို့ ရွှေတိဂုံဘုရားမှ ဗေဒင်ဟောခန်းတစ်ခုသို့ လာရောက် မေးမြန်းခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis