menu

Saturday 10 March 2012

့ မြန်မာနိုင်ငံမှထွက်ရှိသော ငါး၊ ပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိပြီး မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်းသာ ရရှိနေ




မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီး
မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့် ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ဆုံးပိုင်းရှိ မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့ အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သပွတ်အူလိုက်နေတဲ့ ကွယ်လွန်သူရဲ့ အွန်လိုင်းပိုင်ဆိုင်မှု

သင်ကွယ်လွန်သွားတဲ့အခါ သင့်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်လည်း သင်နဲ့ အတူ ကွယ်ပျောက်သွားမှာလား။ အွန်လိုင်း ဓာတ်ပုံ အယ်လ်ဘမ် ကကော ဘယ်လိုလဲ။ iTunes playlist ၊ ဘလော့ဂ် နဲ့ တွစ်တာတွေကရော ဘယ်လိုဖြစ်သွား လေမလဲ။
အမေရိကန်နိုင်ငံနဲ့ တခြားနေရာ နိုင်ငံတွေက ဥပဒေတွေဟာ လူတစ်ဦး ကွယ်လွန်သွားပြီးတဲ့နောက် အွန်လိုင်း အကောင့်နဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် လုပ်ပိုင်ခွင့်ရဲ့ ကံကြမ္မာကို မရေမရာ ဖြစ်စေပြီး ကွယ်လွန်သူရဲ့ အကောင့် ကို ဆက်သွယ်ကြည့်ရှုချင်သူ ကျန်ရစ် သူတွေကို တရားဥပဒေအရ အငြင်း အခုံ လုပ်ရတာတွေနဲ့ ရှင်းမရတဲ့ အရှုပ်အထွေးတွေကို ဖြစ်စေပါတယ်။
"cloud"ဆိုတဲ့ အင်တာနက်မှာ ဘယ် သူကဘာပိုင်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မရှိကြောင်းနဲ့ လူတစ်ဦး သေဆုံး သွားတဲ့အခါ အီးမေးလ်နဲ့ လူမှုရေး ကွန်ရက်ဝက်ဘ်ဆိုက်တွေ ပိတ်ဖို့ အတွက် သုံးစွဲသူတွေရဲ့ သဘောတူညီ ချက်နဲ့ ပတ်သက်ပြီးတော့လည်း တချို့ ကိစ္စတွေမှာ မရှင်းလင်းပါဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားများ နိုင်ငံခြားခရီးသွားနှုန်း ပိုမိုမြင့်တက်




လွန်ခဲ့သောနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်အ၀င်မှာ စံချိန်တင် မြင့်တက် ခဲ့ပြီး မြန်မာပြည်သားများ နိုင်ငံခြား တိုင်းပြည်များသို့ ခရီး သွားလာနှုန်းမှာ မြင့်တက်လာကြောင်း ပြည်ပခရီးစဉ်များကို ၀န်ဆောင်မှု ပေးနေသည့် ခရီးသွား လုပ်ငန်းကုမ္ပဏီအချို့က ပြောသည်။
"မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ် ထွက်တဲ့ အရေအတွက်က ပိုများ လာပါတယ်။ ဆန်းဖားကုမ္ပဏီအနေနဲ့တော့ နိုင်ငံခြားဆေးကုသဖို့ သွားမယ့်သူတွေ အတွက် ခရီးစဉ်၊ လွတ်လပ်ပြီး လွယ်ကူစွာ သွားနိုင်မယ့် ခရီးစဉ်တွေ အပြင်၊ စရိတ် ငြိမ်းခရီးစဉ်တွေကိုပါ ၀န်ဆောင်မှု ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ် ကြည့်ရင် နိုင်ငံခြားသွားရောက်လည်ပတ် သူတွေ ပိုများလာပါတယ်။ ဒီအတိုင်းဆို နောင်လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဆို ပိုများလာနိုင်ပါတယ်"ဟု Sun Far ခရီးသွားလုပ်ငန်းကုမ္ပဏီမှ အရောင်း နှင့် ဘွတ်ကင်ဆိုင်ရာ မန်နေဂျာဖြစ်သူ ဦးဟိန်းသန့်က ပြောသည်။
မြန်မာခရီးသွားဧည့်သည် အများစု သည် အရှေ့တောင် အာရှ နိုင်ငံများသို့ အများဆုံး သွားရောက်လည်ပတ်ကြ ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုးစစ် ဆင်နေသည့် တပ်များ ရုတ်သိမ်းပေးရန် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့က တောင်းဆို

 


တတိယ အကြိမ်မြောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် ကချင်ပြည်နယ်အတွင်း ထိုးစစ် ဆင်နေသည့် အစိုးရတပ်များ ရုတ်သိမ်းပေးရန် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့က ဦးဂျီးနောင်က ပြောဆိုသည်။

ကေအိုင်အို ဗဟိုကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်က အပစ်အခတ် ရပ်စဲရေးကို အရင် မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲကို ဆွေးနွေးလိုခြင်းမှာ ယခင် တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကပင် နိုင်ငံတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးမှု လုံးဝ မပြုလုပ်နိုင် ခဲ့ကြောင်း၊ ယခင် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး ဆွေးနွေးပိုင်ခွင့် မရှိသဖြင့် နောင်တက်လာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးပါဟု ပြောကြားခဲ့ကြောင်၊း ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာရာ ယခင် အတွေ့အကြုံများကြောင့် အပစ်အခတ် ရပ်စဲခြင်း မပြုလိုသေးပဲ နိုင်ငံရေး ဆွေးနွေးမှုကို အရင် ဆောင်ရွက်လိုကြောင်း ရှင်းလင်း တင်ပြသည်။

ရှင်းရှင်းလေး


တရုတ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆီးရီးယားပြောကြား




ဆီးရီးယားအနောက်မြောက်ဘက် Idlib မြို့တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် မီးလောင်သွားသော အိမ်တစ်အိမ်ကို မတ်လ ၇ ရက်နေ့က ဗီဒီယိုမှ မြင်တွေ့ရစဉ်
ဆီးရီးယားတွင် အတိုက်အခံနှင့် အစိုးရတပ်ဖွဲ့များအကြား ဆွေးနွေးမှုစတင်ရန် တရုတ်က ဦးဆောင်တင်ပြသော အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ၀ါလစ်မူအာလန်က မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း လီဝါရှင်းနှင့် တွေ့ဆုံပြီးနောက် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေးအစီအစဉ်ကို ကြိုဆိုကြောင်း သွေးထွက်သံယို ပဋိပက္ခများ ရပ်ဆိုင်းသွားရန် ရည်ရွယ်သည့် အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ဆာနာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။ မတ်လ ၄ ရက်နေ့တွင် တရုတ်က ဦးဆောင်တင်ပြခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်တွင် သွေးထွက်သံယို ပဋိပက္ခများချက်ခြင်း အဆုံးသတ်ပြီး သမ္မတအာဆတ်အစိုးရနှင့် အတိုက် အခံတို့အကြား စေ့စပ်ဆွေးနွေးရန် တိုက်တွန်းထားသည်။

iPad 3 ကိုဗားရှင်းသုံးမျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိ



Apple ကုမ္ပဏီမှ အသစ်ထုတ်လုပ်မည့် iPad 3 ကို Wi-Fi သီးသန့်ဗားရှင်းအပြင် GSM, CDMA နှင့် LTE တို့ကိုရောစပ်ထားသည့် ဆယ်လူလာအမျိုးအစားနှစ်ခုဖြင့် ထုတ်လုပ်ဖွယ်ရှိကြောင်း 9to5 Mac မှဖော်ပြခဲ့သည်။ ကိုယ်ပိုင်သတင်းရင်းမြစ်များကို ကိုးကားကာဖော်ပြခဲ့သည့် 9to5Mac သတင်းဌာနမှဖော်ပြချက်အရ iPad အသစ်များကို code အမည် J1, J2 နှင့် J2a ဟုအမည်ပေးထားကြောင်း၊

J1 မှာ Wi-Fi အမျိုးအစားဖြစ်ကြောင်း၊ J2 နှင့် J2a မှာ ကမ္ဘာတစ်ဝန်းရှိ 3G နှင့်4G ကွန်ရက်များပေါ်တွင်အသုံးပြုနိုင်ရန် လိုအပ်သည့် GSM, CDMA နှင့် LTE တို့ကိုရောနှောထားသည့် ဆယ်လူလာဗားရှင်းများဖြစ်ကြောင်း သိရသည်။ သိုလှောင်မှုပမာဏအနေဖြင့် လက်ရှိ 16GB, 32GB, 64GB အမျိုးအစားတို့နှင့်ကွဲပြားနိုင်ပြီး 128GB ပမာဏ ၀င်ဆံ့သည့်ဗားရှင်းဖြင့် ထွက်ပေါ်လာနိုင်ကြောင်း 9to5Mac မှဖော်ပြခဲ့သည်။

အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်သွားမည်ဟု ဖိလစ်ပိုင် ပြောကြား



တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသော ပင်လယ်အနီးတွင် လာမည့်လ၌ အမေရိကန်နှင့် အကြီးစားစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က မတ်လ ၇ရက်နေ့တွင် ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင် ၇၀၀၀ ခန့်ပါဝင်မည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုသည် မဟာမိတ်နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျက်စီဒဲလ်လိုဆာက ပြောကြားခဲ့သည်။ လူဇုန်ကျွန်းနှင့် ပါလာဝမ်ကျွန်းတို့တွင် အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀၀ နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၂၃၀၀ တို့က ပူးတွဲစစ်ရေး လေ့ကျင့်သွားမည်ဖြစ်သည်။

အမေက ကျမကို ဘာကြောင့် သေစေချင်တာလဲ(Sabatina James)


ကျမ အသက် ၁၈ နှစ်မှာ မိဘတွေက  ကျမကို သတ်ဖို့ ခြိမ်းခြောက်ထားပါတယ်။ သူတို့ ခင်းတဲ့လမ်းကို မလိုက်ဘူးဆိုရင် ဒီနေ့ ကျမ အသက်ရှင်လျက် ရှိဖို့တောင် ခက်ပါလိမ့်မယ်။
ပြဿနာက ကျမ အသက် ၁၅ နှစ်မှာ စတာပါ။ အဲဒီအချိန်က ကျမတို့ မိသားစု ဩစတြီးယားနိုင်ငံ Linz မြို့မှာ နေကြပါတယ်။ ကျမတို့ရဲ့ ဇာတိ ပါကစ္စတန်နဲ့ အလွန့်ကို ဝေးတဲ့ ကမ္ဘာတစ်ခုပေါ့။ ကက်ရှ်မီးယား တောင်းတန်းတွေရဲ့ အရိပ်မိုးထားတဲ့ ကျေးရွာလေး တစ်ရွာမှာ ကျမ ကြီးပြင်းခဲ့ပေမဲ့၊ ဥရောပရဲ့ လွတ်လပ်တဲ့ ဘ၀သစ်ကို ကျမ နှစ်သက်ပါတယ်။ အဲဒီမှာ တီရှပ်နဲ့ ဂျင်းပင် လွတ်လွတ်လပ်လပ် ၀တ်လို့ရတယ်။ နှုတ်ခမ်းနီဆိုးပြီး လိုင်နာ ချယ်လို့ရတယ်လေ။
ရှေးရိုးစွဲကြီးတဲ့ ကျမ မိဘတွေကတော့ ဘယ်ကြိုက်ပါ့မလဲ။ ကျောင်းမှာ ရေကူးသင်တန်းတို့ သရုတ်ဆောင်သင်တန်းတို့မှာ ပါဖို့ အိမ်နဲ့ မနည်း တိုက်ပွဲဝင်ခဲ့ရတယ်။

မိတ္ထီလာမြို့မှ ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံးမြို့နယ် သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့သူ ကွယ်လွန်


ပထမဦးဆုံး ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံး မြို့နယ် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး (၉၃) နှစ် သည် ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နေအိမ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။
၎င်းသည် အသက် ၂၃ နှစ် အရွယ်တွင် သူရိယ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် မိတ္ထီလာ မြို့နယ် သတင်းထောက် အဖြစ် စတင် လုပ်ကိုင်နေစဉ် ၁၉၄၂ ခုနှစ် ၌ မြန်မာနိုင်ငံသို့ ဖက်ဆစ် ဂျပန်များ ဝင်ရောက် လာပြီးနောက် ဂျပန် စစ်သားများထံမှ ဂျပန်စကား သင်ယူကာ စကားပြန် ဖြစ်လာခြင်း ဖြစ်သည်။ ထို့နောက် လွတ်လပ် ရေး ရပြီးခေတ်တွင် ဖဆပလ ပါတီ သို့ ဝင်ရောက်ခဲ့ပြီး ဖဆပလ တည် မြဲ သန့်ရှင်း နှစ်ခြမ်းကွဲချိန်တွင် သန့် ရှင်း ပါတီသို့ ရောက်ခဲ့သည်။

တစ်ခါတုန်းကတက္ကသိုလ်




ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အကြိုအဖြစ် မြန်မာနိုင်ငံ စိတ်ပညာအသင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟု ကြေညာထားခဲ့သည့် 'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲ၏ ကြော်ငြာဆိုင်းဘုတ်များ မြင်ရစဉ်ကတည်းက ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်များဖြင့် ဖြတ်သန်းခဲ့ရသူများရော၊ ရန်ကုန်တက္ကသိုလ်ကြီးကို တွေ့ကြုံခွင့်မရခဲ့သည့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများပါ စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။
ဖျော်ဖြေပွဲကျင်းပရာ မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်မြို့ MCC ၀င်းအတွင်း၌ ပရိသတ်များ စည်ကားများပြားနေခဲ့သည်။ ၀င်းအတွင်းသို့ ၀င်လိုက်လျှင်  ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်တစ်ခုဟုဆိုရမည့် ဦးချစ်လက်ဖက်ရည်ဆိုင်ကို အခြားသော စားသောက်ဆိုင်များကြားတွင် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပြီး အလွမ်းပြေစားသောက်နေကြသူများ၏ တက္ကသိုလ်အလွမ်းကို စတင်ခံစားလိုက်ရသည်။  ဖျော်ဖြေရာ စင်မြင့်ထက်သို့ ကြည့်မိလျှင် ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသည့် ပုံရိပ်နှစ်ခုဖြစ်သော ဂျက်ဆင်နှင့် သစ်ပုတ်ပင်ကို ပုံဖော်ထားခဲ့သည်။

လက်နက်ဆိုရင်အပ်တောင်မကိုင်စေချင်တော့ဘူး(ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်နှင့်တွေ့ဆုံခြင်း)


ကချင်ပြည်နယ်အတွင်း မြန်မာ အစိုးရနှင့်ကချင် လွတ်မြောက်ရေး တပ်မတော်တို့အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ အချိန်ကာလ အားဖြင့်၉လရှိခဲ့ပြီဖြစ်သည်။ အစိုးရအနေနှင့် လည်း ကေအိုင်အိုမှတာဝန်ရှိ သူများနှင့် နှစ်ကြိမ်တိုင်
ငြိမ်းချမ်း ရေးအတွက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးထိုသို့တွေ့ဆုံဆွေးနွေး နိုင်ရန်ကြားမှာအကျိုးဆောင်ကူညီ ပေးသည်မှာကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ ဖွဲ့စည်းထားခဲ့ သော ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဖြစ်သည်။
ထို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ ( Peace Talk Creation Group ) မှ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သူ Jade Land ကုမ္ပဏီ ၏အကြီးအကဲလည်းဖြစ်သူဦးယွပ် ဇော်ခေါင်နှင့်ဖေဖ၀ါရီ၂၅ရက်တွင် မြစ်ကြီးနားမြို့ရှိသူ၏နေအိမ်တွင်
ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကိစ္စများ၊ ကချင်ပြည် နယ်တွင်းမှ အခြေအနေများကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(နောက်ဆုံးသိရသောသတင်းအရ အစိုးရနှင့်ကေအိုင်အို တာဝန်ရှိသူများသည် တရုတ်နိုင်ငံ၊ရွှေလီမြို့တွင် မတ်လ ၈ရက်နေ့မှစတင်ကာ ၃ရက်ကြာငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေကြပြီဖြစ်သည်။)

မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ(လူထုစိန်ဝင်း)





ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလို တွေ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၀န်ထမ်းတွေ လစာတိုးပေးရေးနဲ့ ပတ်သက်တဲ့အဆို ပြည်ထောင်စုလွှတ်တော်မှာ ဘာကြောင့် တင်ခဲ့သလဲ ဆိုတာကို အကျယ်တ၀င့်ရှင်းလင်း ပြောကြား သွားခဲ့တယ်။

သတ္တိရှိစေချင်တယ်
အဲဒီ ပြောသွားတဲ့အထဲမှာ အပြည့်အ၀ သဘောတူတာ တစ်ခုတွေ့ရတယ်။ အဲဒါကတော့ "ကျွန်တော်က ဒီလိုပြောပေမယ့် သတင်းထဲကျတော့ ရဲရဲဝံ့ဝံ့ဆိုတာ ပါပြီးတော့ သတ္တိရှိရှိဆိုတဲ့ စကားကျတော့ ပါမလာဘူး။ သဘောကတော့ဒီစကားကို ကျွန်တော်သုံးလိုက်တာကို သတင်းစာထဲ၊ ရေဒီယိုထဲ၊ တီဗီထဲကို ထည့်လိုက်တယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီးတော့ မထည့်တာလားတော့ မသိဘူး။ သတ္တိလို့ ဘာလို့ထည့်လိုက်လဲ ဆိုတဲ့အခါမှာ ကျွန်တော်ကတော့ သတ္တိရှိချင်တယ်။ ဒါဖြင့်ရင် ကျွန်တော် တစ်ယောက်တည်းပဲ သတ္တိရှိချင်တာလား ဆိုတော့ ကျွန်တော်တို့ နိုင်ငံသား လူမျိုးအားလုံးကို ရှိစေချင်တယ်။ မိုက်မဲခြင်းနဲ့မယှဉ်သော တာဝန်ကျေမှုကို အားလုံးမှာရှိစေချင်တယ်။ အခုချိန်မှာရော အရင်တုန်းကရော ကျွန်တော်တို့တွေ သတ္တိရှိကြလားဆိုတဲ့နေရာမှာ ရှိတဲ့လူတွေလည်းရှိမှာပေါ့။ တချို့မရှိတဲ့သူတွေလည်း ရှိကြမှာပေါ့။ မရှိရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ ကိုယ့်အတ္တ အကျိုးစီးပွားကို ကြည့်ပြီးတော့ မပြောရဲတာတို့၊ ပြောလိုက်ရင် ငါ့ကိုဒုက္ခရောက်စေမှာလို့ အဲဒီလိုဖြစ်လာတဲ့အခါ ကျတော့ မှန်တာလည်း မပြောရဲ၊ ကောင်းတာလည်း မပြောရဲဆိုတဲ့ အနေအထားတွေက ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ နိမ့်ကျနောက်ကျနေတဲ့ အနေအထားမှာပဲ ဖြစ်နေလိမ့်မယ်" လို့ဖြစ်တယ်။

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။
RFA
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးကြရာမှာ ကေအိုင်အိုက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စားလှယ်ဘက်က လက်မခံသေးတဲ့အတွက် ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ခုနှစ် မတ်လ ၉ ရက်တွင် ကေအိုင်အို ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဒုတိယနေ့ ဆွေးနွေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တပ်တွေ ဘယ်လိုလုပ်ပြီး ရှင်းလင်းမလဲ ဆိုတာကို အဓိက ဆွေးနွေးကြကြောင်း၊ မနက်ဖြန် မနက် ၉ နာရီမှာ ပြန်လည်စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဆင့် ၃ ဆင့်ကို လက်ခံရေး၊ တပ်တွေကို ရှင်းလင်းထားရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ရှေ့မှာ လက်မှတ်ထိုးရေးဆိုတဲ့ အချက် ၃ ချက် KIA က တင်ထားကြောင်း ပြောပါတယ်။

ရှေးအကျဆုံး အရိုးစုကျောက်ဖြစ် ရုပ်ကြွင်း သြစတြေးလျမှာတွေ့


သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ ရှေးအကျဆုံးဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ က  သတ္တ၀ါရဲ့ အရိုးရုပ်ကြွင်းကို ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ကတွေ့ရှိခဲ့ပါတယ်။
အရင်က ရှေးအကျဆုံးလို့ သတ်မှတ်ထားတာထက် နှစ်ပေါင်း  ၁၀ သန်းလောက် ပိုပြီး ရှေးကျတဲ့  သတ္တ၀ါရဲ့  ရုပ်ကြွင်းကို တွေ့ခဲ့တာပါ။
သတ္တ၀ါတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေမြှုပ်လို နူးညံ့တဲ့ ကိုယ်ထည်အတွက် အရိုးလိုမာကျောတဲ့ အပိုင်းတွေပါလာတာဟာ အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တခုလို့  အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား (Califonia – Riverside) တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အခု သြစတြေးလီယား နိုင်ငံတောင်ပိုင်းမှာတွေ့ခဲ့တဲ့ အရိုးရုပ်ကြွင်းဟာ ရှေးခေတ်ပင်လယ်ကြမ်းပြင်မှာ ကျက်စားသွားလာတဲ့ ကိုရိုနာ ကော်လီနာ အကျူလာ မျိုးပါ။

NLD စည်းရုံးရေး ဥပဒေချိုးဖောက်ဟု ရန်ကုန်တိုင်း ကော်မရှင်ဝေဖန်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။  ဒါပေမယ့် NLD ပါတီဘက်ကတော့  ပါတီလှုပ်ရှားမှုတွေဟာ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။  ဒီအခြေအနေတွေကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက်  နိုင်ငံရေးပါတကြီးတွေ မဲဆွယ်စည်းရုံးရာမှာ ဥပဒေနဲ့ မကိုက်ညီတဲ့  လှုပ်ရှားမှုတွေ ရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အတော်သတိကြီးကြီးထားပြီး လုပ်ငန်းတွေ လုပ်ရတယ်လို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးကိုကို က VOA မြန်မာပိုင်းကို အခုလို စပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis