menu

Saturday 14 September 2013

Windows Phone တွင်လည်း အကူအမျိုးသမီး ပါဝင်လာမည်

Windows Phone တွင်လည်း အကူအမျိုးသမီး ပါဝင်လာမည်

Siri လို့အမည်ရတဲ့ Apple ရဲ့ Voice Command App ( Intelligent Personal Assitan) ဟာ အောင်မြင် ပါတယ်။ ယင်းကဲ့သို့ အလားတူ App မျိုးကို Windows Phone တွေမှာလည်း မြင်တွေ့ ရတော့မှာပါ။ 

Microsoft ဟာ သူ့ရဲ့  Windows Phone 8.1 မှစလို့ ဖုန်းအသုံးပြုသူကို အထောက်အကူ ပြုပေးမယ့် Personal Assitant ဆော့ဖ်ဝဲ တစ်မျိုးကို ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို Cortana လို့ အမည်ပေး ထားပါတယ်။ Samsung မှာလည်း Voice Command ပါဝင် ပါတယ်။ Apple မှာလည်း Siri ပါဝင် သလို Nokia တို့လို Windows Platform သုံးတဲ့ ဖုန်းများမှာလည်း အကူအမျိုးသမီး တစ်ဦးပမာ ပါဝင် လာစေဖို့ စတင် အကောင်အထည်ဖော်ခြင် ဖြစ်ပါတယ်။ Cortana ဆိုတာ Halo ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသမီး တစ်ဦးပါ။ ပုံမှာ မြင်တွေ့ ရသလိုပဲ အပြာရောင် အသွင်အပြင်နဲ့ အမျိုးသမီး ဆိုတော့ မှောင်နေချိန် မှာဆိုရင်တော့ လှန့်စရာပါပဲ။ Siri ကတော့ ရုပ်မပေါ်ပါဘူး။ Cortana လည်း ရုပ်ပေါ်မှာတော့ မဟုတ်ပါဘူး။ ZD net အနေနဲ့ Imagine လုပ်ပြီး ထည့်သွင်းပြသ ထားခြင်းပါ။ Windows Phone OS မှာတင်မကပဲ Windows PC, X box တို့မှာပါ ထည့်သွင်း အသုံးပြုစေမယ့် Feature ဖြစ်ကြောင်း ဆိုပါတယ်။ 

Voice Command အများစုက အင်တာနက်ဖွင့်ထားမှာ ကောင်းကောင်း အသုံးပြုတာပါ။ ဘာသာစကား ပါဝင်မှု Feature ကလည်း ထုတ်လုပ်တဲ့ ကုမ္မဏီအလိုက်ကွဲပြားနေပါသေးတယ်။ သေချာတာကတော့ မြန်မာလို အသံနဲ့စေခိုင်းလို့ရမယ့် App ကတော့ ဖြစ်လာအုံးမှာ မဟုတ်ပါဘူး။ Voice ကို Processing လုပ်လို့ Respond လုပ်ပေးနိုင်မယ့် Software တစ်ခုဖြစ် လာဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ Nokia ကို ဝယ်ယူ လိုက်ပြီး ဖြစ်တဲ့ Microsoft ဟာ Nokia Lumia မှာပဲ Cortana ကို စတင် ထည့်သွင်း စမ်းသပ်သွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)


Siri လို့အမည်ရတဲ့ Apple ရဲ့ Voice Command App ( Intelligent Personal Assitan) ဟာ အောင်မြင် ပါတယ်။ ယင်းကဲ့သို့ အလားတူ App မျိုးကို Windows Phone တွေမှာလည်း မြင်တွေ့ ရတော့မှာပါ။

Microsoft ဟာ သူ့ရဲ့  Windows Phone 8.1 မှစလို့ ဖုန်းအသုံးပြုသူကို အထောက်အကူ ပြုပေးမယ့် Personal Assitant ဆော့ဖ်ဝဲ တစ်မျိုးကို ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို Cortana လို့ အမည်ပေး ထားပါတယ်။ Samsung မှာလည်း Voice Command ပါဝင် ပါတယ်။ Apple မှာလည်း Siri ပါဝင် သလို Nokia တို့လို Windows Platform သုံးတဲ့ ဖုန်းများမှာလည်း အကူအမျိုးသမီး တစ်ဦးပမာ ပါဝင် လာစေဖို့ စတင် အကောင်အထည်ဖော်ခြင် ဖြစ်ပါတယ်။ Cortana ဆိုတာ Halo ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသမီး တစ်ဦးပါ။ ပုံမှာ မြင်တွေ့ ရသလိုပဲ အပြာရောင် အသွင်အပြင်နဲ့ အမျိုးသမီး ဆိုတော့ မှောင်နေချိန် မှာဆိုရင်တော့ လှန့်စရာပါပဲ။ Siri ကတော့ ရုပ်မပေါ်ပါဘူး။ Cortana လည်း ရုပ်ပေါ်မှာတော့ မဟုတ်ပါဘူး။ ZD net အနေနဲ့ Imagine လုပ်ပြီး ထည့်သွင်းပြသ ထားခြင်းပါ။ Windows Phone OS မှာတင်မကပဲ Windows PC, X box တို့မှာပါ ထည့်သွင်း အသုံးပြုစေမယ့် Feature ဖြစ်ကြောင်း ဆိုပါတယ်။

ယာဉ် (၂)စီးတိုက်မိ၍ သွားရောက်စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တိုက်ပြီးမောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းအား အရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၁၄

၁၃.၉.၂၀၁၃ရက်နေ့ ၁၈၄၀အချိန် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းပေါ် အ၀ိုင်းထိပ်မှတ်တိုင်အလွန် ယာဘက်လမ်းစပ်တွင်ရပ်ထားသောယာဉ်ေ
မာင်း(စုံစမ်းဆဲ)
မောင်းနှင်သည့် ၅က/----၊ စူပါရုဗင်အဖြူရောင် အငှားယာဉ်သည် တာမွေမီးပွိုင့်ဘက်သို့ မောင်းထွက်စဉ် ဦးကျော်ထွန်း၊ (ဘ)ဦးထွန်းမော်၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသည့် ၇ဂ/----၊ မတ်တူးအဖြူရောင်
ယာဉ်အားတိုက်မိသဖြင့် မတ်တူးယာဉ်မှာပျက်စီးခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာသို့ တာမွေ(၅)ခွဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ
ရဲတပ်ကြပ်ကြီး တင်ညွန့်သည် သွားရောက်စစ်ဆေးစဉ် ၅က/----၊
စူပါရုဗင် အဖြူရောင်အငှားယာဉ်မှာ တားဆီးနေသည့်ကြားမှ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးရာ ရဲတပ်ကြပ်ကြီး တင်ညွန့်အား တိုက်မိသဖြင့် ၀ဲလက်ဖျံ၊ တင်ပါးဖူးယောင်နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

"ကျန်းမာ ပါ ရဲ့ လား ခင်ဗျာ " ဆို တဲ့ မြန်မာ ဘာသာ စကား နေစကြာဝဠာ အပြင် ဘက် ကို ရောက် ပြီ

"ကျန်းမာ ပါ ရဲ့ လား ခင်ဗျာ "  ဆို တဲ့ မြန်မာ ဘာသာ စကား နေစကြာဝဠာ အပြင် ဘက် ကို ရောက် ပြီ 

 နေစကြာဝဠာ ရဲ့  အပြင် ဘက် ကို ရောက် သွား ပြီ ဖြစ်တဲ့  ဗိုယေဂျာ ၁ ( အကာသ ခရီးသည် ၁ ) က  နေစကြာဝဠာ အပြင် ဘက်မှာ သူ ရိုက် ကူးထားတဲ့ ပုံ ကို ကမ္ဘာ မြေ ကို  ပို့  စကဒ် လုပ် ပြီး ပို့  မှာ တွေ့ ရတဲ့ အတိုင်းလှမ်း ပို့ လိုက် ပါပြီ ။ Interstellar လို့  ခေါ် တဲ့ ကြယ်စု တွေ တစ်ခု နဲ့  တစ်ခု ကြား ကို ရောက် သွား ပြီ ဆို တဲ့ သဘောပါ။ 

ဗိုယေဂျာ ၁ ကို ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် က ကိပ်ကာနေဗယ် အကာသ စခန်း က နေ တိုက်တန် ၃ E ဒုံးပျံ နဲ့  ပစ်လွှတ် ခဲ့ တာ ဖြစ် ပါတယ်။

ဗိုယေဂျာကို ပစ်လွှတ်စဉ် တုန်း က မြန်မာ ဘာသာ နဲ့  ထုတ် လွှင့် တဲ့ နိုင်ငံ ခြား ရေဒီယို တွေ က သတင်း ထုတ် လွှင့် တဲ့ အခါ လူ ကြီး သူ မ တွေ နဲ့  ဘုန်းတော် ကြီး တွေ က  နေစကြာဝဠာ အပြင်  ဘက် ကို ဘယ်သူ မှ ထွက် လို့  မရ ဘူး ၊  စကြာဝဠာ မဟာ တံ တိုင်း ကြီး နဲ့  တိုက် မိ လိမ့် မယ် ၊ အမေရိကန် ကို ဘုရား ရိုက် လိမ့် မယ် လို့  ပြော ဆို ခဲ့ ကြ ပါတယ်။

အခု တော့ ၃၆ နှစ် အကြာ စက်တင်ဘာလ ၁၂ ရက် ကြာ သ ပတေး နေ့ မှာ
 နေစကြာဝဠာ အပြင်  ဘက် ကို ရောက်ရှိ သွားတဲ့ ဗိုယေဂျာ က သူ့  မိခင် နာဆာ အာကာသ ထိမ်းချုပ် ရေး စခန်း ကို " ကျွန်တော် မောင် ဗိုယေဂျာ  နေစကြာဝဠာ အပြင်  ဘက် ကို ရောက် ပါ ပြီ ခင် ဗျ " ဆို ပြီး သတင်း ပြန် ပို့  ခဲ့ ပါတယ်။

ကမ္ဘာ က နေ ပစ်လွှတ် တဲ့ အာကသ စူးမ်းရေး ယာဉ် တွေ ထဲ မှာ ပထမ ဦးဆုံး  နေစကြာဝဠာ အပြင်  ရဲ့  အပြင် ကို လူ လုပ် အကာသ ယာဉ် လဲ ဖြစ်ပါတယ်။

ဒီအကာသ ယာဉ်ထဲ မှာ တခြား ဂြိုလ် က သက် ရှိ တွေ နဲ့  တွေ့  ရင် ကမ္ဘာ ဂြိုလ် အကြောင်း သိရ အောင် ဆို ပြီး တော့ ရွှေဓာတ် ပြား (Golden Record)
ကို ထည့် ပေး ထား ပါတယ်။ ရွှေဓာတ် ပြား ထဲ မှာ တော့ ကမ္ဘာ ဂြိုလ် က ပိရမစ် လို  အဆောက် အဦ တွေ ရဲ့  ပုံ တွေ ၊ အမေဇုန် တော နက် နဲ့  အဲဒီက သတ္တ၀ါ တွေ ပုံ ၊ သီချင်း ဂီတ နဲ့  တိရိစ္ဆာန် တွေ ရဲ့  အသံ နဲ့  ကဲကုလ သင်္ချာ တွေ ပါဝင် ပါတယ်။

ရွှေဓာတ်ပြား ထဲ မှာ ဘာသာစကား ၅၅ မျိုး ပါ ၀င် ပြီး မြန်မာ ဘာသာစကား ဖြစ်တဲ့ " ကျမ္မာ ပါ ရဲ့  လား ခင်ဗျာ " လဲ ပါဝင် ပါတယ်။

NCN

နေစကြာဝဠာ ရဲ့  အပြင် ဘက် ကို ရောက် သွား ပြီ ဖြစ်တဲ့ ဗိုယေဂျာ ၁ ( အကာသ ခရီးသည် ၁ ) က နေစကြာဝဠာ အပြင် ဘက်မှာ သူ ရိုက် ကူးထားတဲ့ ပုံ ကို ကမ္ဘာ မြေ ကို ပို့  စကဒ် လုပ် ပြီး ပို့  မှာ တွေ့ ရတဲ့ အတိုင်းလှမ်း ပို့ လိုက် ပါပြီ ။ Interstellar လို့  ခေါ် တဲ့ ကြယ်စု တွေ တစ်ခု နဲ့  တစ်ခု ကြား ကို ရောက် သွား ပြီ ဆို တဲ့ သဘောပါ။

ဗိုယေဂျာ ၁ ကို ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် က ကိပ်ကာနေဗယ် အကာသ စခန်း က နေ တိုက်တန် ၃ E ဒုံးပျံ နဲ့  ပစ်လွှတ် ခဲ့ တာ ဖြစ် ပါတယ်။


ဗိုယေဂျာကို ပစ်လွှတ်စဉ် တုန်း က မြန်မာ ဘာသာ နဲ့  ထုတ် လွှင့် တဲ့ နိုင်ငံ ခြား ရေဒီယို တွေ က သတင်း ထုတ် လွှင့် တဲ့ အခါ လူ ကြီး သူ မ တွေ နဲ့  ဘုန်းတော် ကြီး တွေ က နေစကြာဝဠာ အပြင် ဘက် ကို ဘယ်သူ မှ ထွက် လို့  မရ ဘူး ၊ စကြာဝဠာ မဟာ တံ တိုင်း ကြီး နဲ့  တိုက် မိ လိမ့် မယ် ၊ အမေရိကန် ကို ဘုရား ရိုက် လိမ့် မယ် လို့  ပြော ဆို ခဲ့ ကြ ပါတယ်။

စက်မှုဝန်ကြီးဌာန မော်တော်ယာဉ်ထုတ်စက်ရုံများ ပုဂ္ဂလိက နှင့် ပူးပေါင်းလုပ်ကိုင်မည်

စက်မှု ဝန်ကြီးဌာနအောက်ရှိ မော်တော် ယာဉ်ထုတ်လုပ်သည့် စက်ရုံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ စက်မှုဝန်ကြီးဌာနမှ အကြီး စားစက်ရုံသုံးခုမှ Heavy Truck ၊ ဒါဗယ်ကပ်၊ ပစ်ကပ်၊ မြန်မာမီနီ ဘတ်စ်၊ စီးတီးဘတ်စ် ကားအမျိုး အစားများအား ထုတ်လုပ်ခဲ့ပြီး ယခုအခါ ပိုမိုကောင်းမွန်သော မော်တော်ကားများ ထုတ်လုပ်နိုင် ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင် များနှင့် ပူးပေါင်းလုပ် ကိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့် မောင်က ''လာရောက်ဆွေးနွေးတဲ့ အပေါ်မူတည်ပြီး တင်ဒါခေါ်သွား ဖို့ရှိပါတယ်။ ကုမ္ပဏီက ဘယ်အ ပိုင်းကို ဒီမှာထုတ်မယ်၊ ဘယ်အ စိတ်အပိုင်းကိုတော့ တင်သွင်းမယ် ဆိုတာ သေချာ ဆွေးနွေးသွားမှာ ပါ''ဟု ဆိုသည်။ ယင်းသို့ပူးပေါင်းဆောင် ရွက်ရာတွင် ပြည်တွင်းအခြေအ နေနှင့်ကိုက်ညီသော အရည်အ သွေး၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှုအ ပိုင်းတွင် ယှဉ်ပြိုင်နိုင်ရေးအတွက် နည်းပညာမြင့် မော်တော်ယာဉ် ထုတ်လုပ်ရေး ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်


  • ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။
  • ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
  • ဇတ်လမ်းက ဒီမှာစတော့တာ
  • ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
  • အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
  • မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
  • အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။

ဂျပန်၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ် တောင်းဆို

ဂျပန်၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ် တောင်းဆို

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက် ရှိသော  ၎င်း၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆို လိုက်ကြောင်း  သိရသည်။

အာရှအိမ်နီးချင်း နိုင်ငံများသည် ဂျပန်နိုင်ငံ၏  နိုင်ငံရေးနှင့် လုံခြုံရေး တိုးမြှင့်  လုပ်ဆောင်နေမှု အပေါ် စိုးရိမ်ပူပန်လျက် ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လျှောက်လှမ်း မည်ဟု မျှော်လင့်ကြောင်း ပုံမှန်သတင်း အစည်းအဝေး တစ်ခု တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟုန်းလေက ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အတိတ်သမိုင်းကို ဥပမာယူပြီး  ဒေသ တွင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ပြန်လည် လေးစားသင့်ကြောင်းနှင့် ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပိုမို၍ ထောက်ကူပေး သင့်ကြောင်း ဟုန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်သွားပြီး ကိုယ်ပိုင် ကာကွယ်ရေး စနစ်၏ အခွင့်အရေးများနှင့် ပတ်သက် ၍   ငြင်းခုံ ဆွေးနွေးသွားရန် စက်တင်ဘာ ၁၂ ရက်တွင် ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။ ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဂျပန် နိုင်ငံသည် စစ်ဆင်နွှဲမှုကို စွန့်လွှတ်ရမည်ဟု ပါရှိကြောင်းသိရသည်။

http://www.myawady.net.mm/allnews/global/item/25306-2013-09-14-08-57-07

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက် ရှိသော ၎င်း၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။
အာရှအိမ်နီးချင်း နိုင်ငံများသည် ဂျပန်နိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေး တိုးမြှင့် လုပ်ဆောင်နေမှု အပေါ် စိုးရိမ်ပူပန်လျက် ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လျှောက်လှမ်း မည်ဟု မျှော်လင့်ကြောင်း ပုံမှန်သတင်း အစည်းအဝေး တစ်ခု တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟုန်းလေက ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အတိတ်သမိုင်းကို ဥပမာယူပြီး ဒေသ တွင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ပြန်လည် လေးစားသင့်ကြောင်းနှင့် ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပိုမို၍ ထောက်ကူပေး သင့်ကြောင်း ဟုန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

မြစ်ခရုများ စားသောက်သည့် တရုတ်အမျိုးသား အသားအရေ အစိမ်းရောင်သို့ ပြောင်းလဲမှု ဖြစ်ပေါ်

မြစ်ခရုများ စားသောက်သည့် တရုတ်အမျိုးသား အသားအရေ အစိမ်းရောင်သို့ ပြောင်းလဲမှု ဖြစ်ပေါ်

တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြစ်ခရုများကို  အလွန်အကျွံ စားသုံးပြီး နောက် ၎င်း၏အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခြင်း ကြောင့် ကွီကျိုးပြည်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

တရုတ်သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ ယင်းအမျိုးသား၏ အသည်းအတွင်းသို့ ကပ်ပါးရောဂါပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် အသားအရေမှာ အစိမ်းရောင်သို့   ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ခရု၏ သန်ပြားကောင် ကပ်ပါး ပိုးများ၏ ကူးစက် ဝင်ရောက်မှုကို ခံရခြင်းဖြစ်ကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းအမျိုးသားသည် မြစ်ခရုများကို နေ့စဉ် စားသုံး ခဲ့ခြင်းကြောင့် သန်ပြားကောင် ကပ်ပါးပိုးများသည် ၎င်း၏ အသည်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည်  မြစ်ခရုများ ချက်စားရသည်ကို ကြိုက်နှစ်သက်ကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် လအနည်းငယ်က ညတိုင်း ခရုတစ်ပန်းကန် စားသောက်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လခန့်က ဝမ်းဗိုက် နာကျင်မှုကို စတင်ခံစားခဲ့ရပြီး ထူးဆန်းသော ရောဂါလက္ခဏာများ စတင် ဖြစ်ပွားသည့် အချိန်ထိ ဆေးဝါး ကုသမှုခံယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြည်တွင်း သတင်းထောက် များကို ပြောကြားခဲ့သည်။

ဆရာဝန်များသည် ၎င်း၏ သည်းခြေရည် ပြွန်အတွင်းမှ Fasciola hepatica အမည်ရှိ သန်ကောင် လေးကောင်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ယင်းသန်ကောင် တစ်ကောင်စီသည် ၁ဝ မီလီမီတာ ရှည်ပြီး ခန္ဓာကိုယ် လုံးပတ်မှာ ၈ မီလီမီတာရှိသည့် အပြင် ၂ မီလီမီတာ ထူကြောင်း သိရသည်။

http://www.myawady.net.mm/knowledge/incredibleworld/other-case/item/25198-2013-09-13-08-41-04

တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြစ်ခရုများကို အလွန်အကျွံ စားသုံးပြီး နောက် ၎င်း၏အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခြင်း ကြောင့် ကွီကျိုးပြည်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
တရုတ်သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ ယင်းအမျိုးသား၏ အသည်းအတွင်းသို့ ကပ်ပါးရောဂါပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ခရု၏ သန်ပြားကောင် ကပ်ပါး ပိုးများ၏ ကူးစက် ဝင်ရောက်မှုကို ခံရခြင်းဖြစ်ကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းအမျိုးသားသည် မြစ်ခရုများကို နေ့စဉ် စားသုံး ခဲ့ခြင်းကြောင့် သန်ပြားကောင် ကပ်ပါးပိုးများသည် ၎င်း၏ အသည်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပြန်ပေးမှု ဖြစ်ရပ်မှန် ဇာတ်ကား ကျပ်သိန်း ၃ ထောင်သုံးမည်

လေယာဉ် ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည့် KNDO တပ်ဖွဲ့ဝင် စောကျော်အေးနှင့် အဖွဲ့ (ဓာတ်ပုံ - Courtesy of Antony)
လေယာဉ် ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည့် KNDO တပ်ဖွဲ့ဝင် စောကျော်အေးနှင့် အဖွဲ့ (ဓာတ်ပုံ – Courtesy of Antony)
လွန်ခဲ့သည့် နှစ်ပေါင်း၆၀၀န်းကျင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပြန်ပေးဆွဲမှုကို ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးရာတွင် ထိုင်းနိုင်ငံမှ စက်ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ကျပ်သိန်း ၃ ထောင် အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ဧရာဝတီသို့ ပြောသည်။
“မြန်မာ့ရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်အထိ သွားချင်တယ်။ စက်မှု အားကောင်းကောင်းနဲ့ အချိန်ယူပြီး ရိုက်ရမယ်။ အရင် ဇာတ်ကားတွေ တုန်းကလည်း နိုင်ငံတကာမှာ စီးပွားရေးဈေးကွက် ထိုးဖောက်ဖို့ ပြမယ်ဆိုပြီး ရိုက်ခဲ့ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ပွဲတော်မှာ ပြပြီး အသံစနစ် လိုက်မမီတော့ ပြန်လာခဲ့ရတယ်။ ကျနော်ကတော့ ဒီကားကို နိုင်ငံတကာမှာ လုပ်တဲ့ နည်းစနစ်အတိုင်း အသံစနစ် ကောင်းအောင် စတူဒီယိုနဲ့ အသံ ပြန်ဖမ်းတာမျိုး လုပ်မယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပျံသန်းလာသည့် နိုင်ငံတော် လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင် ဒါကိုတာ XY-ACT လေယာဉ်အား ထိုစဉ်က ကရင်လက်နက်ကိုင် KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး ဦးဆောင်ကာ ပြန်ပေးဆွဲသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

ရွှေတိဂုံစေတီကို ကြေးလေးတန်ဖြင့် ရွှေသင်္ကန်းကပ်လှူမည်


ရန်ကုန်၊ စက်တင်ဘာ ၁၃

လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် သုံးစွဲပြီးဖြစ်သော ကြေးဖြတ်စ လေးတန်ကို ပြန်လည် ကျိုချက်ကာ ကြေးနီပြားများ ပြုလုပ်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း Th Voice ၏ မေးမြန်းမှုကို ယင်းစေတီတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြကာ ပြန်လည် ဖြေကြားသည်။

ယင်းကြေးပြားများကို မျက်ပါးသင်္ကန်းများ ကပ်လှူထားသော စေတီတော်၏ ပထမကြေးဝန်းနှင့် ဒုတိယကြေးဝန်းတွင် ရွှေစင်ပြား (Gold Coating) အသစ်ကပ်လှူရန်နှင့် ယခင်ကပ်လှူခဲ့သော ၅၀ ရာခိုင်နှုန်း ပျက်စီးသည့် ရွှေစင်ပြားများအား အစားထိုး ကပ်လှူရန် ဖြစ်ကြောင်း ယင်းစေတီတော် ဝက်ဘ်ဆိုက်မှ The Voice ၏ မေးမြန်းချက် ကို ပြန်လည် ဖြေကြားသည်။

ရွှေပြားခတ်လုပ်ငန်းများမှ အသုံးပြုပြီး ကြေးဘောင်၊ ကြေးပြားနှင့် ဖြတ်စ များကို ပြန်လည် ကျိုကြိတ်၍ တစ်ပေပတ်လည်နှင့် ဆယ်လက်မပတ်လည် ကြေးနီပြားများ ပြုလုပ်၍ ရွှေတိဂုံ စေတီတော်ကြီးတွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူသွားမည် ဖြစ်ကြောင်း ယင်းစေတီဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

MPT က ပြည်ပကုမ္ပဏီများနှင့်အပြိုင် ဖုန်းခေါ်ဆိုခများလျှော့မည်

Photo: MPT က ပြည်ပကုမ္ပဏီများနှင့်အပြိုင် ဖုန်းခေါ်ဆိုခများလျှော့မည်

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တယ်လီနော၊ အော်ရီဒူးစသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် တယ်လီဖုန်းခေါ်ဆိုခများ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။ 

“ခန့်မှန်းခြေတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာကတော့ တယ်လီနောနဲ့ အော်ရီဒူးထက် ကျွန်တော်တို့ များဖို့မရှိပါဘူး” ဟု လျှော့ချမည့် နှုန်းထားနှင့် ပတ်သက်၍ ၎င်းကပြောဆိုသည်။

ဖုန်းခေါ်ဆိုခ လျှော့ချမည့် အချိန်ကိုလည်း အတိအကျ မပြောနိုင်သေးဘဲ စီစဉ်ဆဲသာ ရှိကြောင်း ၎င်းကဆိုသည်။

အင်တာနက် ချိတ်ဆက်ခ နှုန်းထားများကိုလည်း နောက်ပိုင်းတွင် အခြေအနေပေါ် မူတည်၍ ကောက်ခံချင်မှ ကောက်ခံတော့မည် ဖြစ်ကြောင်း ဦးအောင်မော်က ပြောဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် လက်ရှိတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ကို ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ခွင့်ပြုထားပြီး ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့်  မြန်မာတယ်လီကွန်နှင့် ရတနာပုံတယ်လီပို့ကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် ရတနာပုံ တယ်လီကွန်တို့မှာ အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တယ်လီနော၊ အော်ရီဒူးစသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် တယ်လီဖုန်းခေါ်ဆိုခများ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“ခန့်မှန်းခြေတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာကတော့ တယ်လီနောနဲ့ အော်ရီဒူးထက် ကျွန်တော်တို့ များဖို့မရှိပါဘူး” ဟု လျှော့ချမည့် နှုန်းထားနှင့် ပတ်သက်၍ ၎င်းကပြောဆိုသည်။

ဖုန်းခေါ်ဆိုခ လျှော့ချမည့် အချိန်ကိုလည်း အတိအကျ မပြောနိုင်သေးဘဲ စီစဉ်ဆဲသာ ရှိကြောင်း ၎င်းကဆိုသည်။

တပ်မတော်သားအချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း


ရန်ကုန်၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သြဂုတ်လ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် လူစုကွဲပြီး ဖမ်းဆီးခံရသည့် အမှတ် (၁၃၇) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို ကေအိုင်အေက သတ်ဖြတ်မှုအပေါ် အစိုးရက ကေအိုင်အေထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ် အရေးယူပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြားချက် မရရှိသေးဘဲ မီဒီယာ တချို့တွင် ငြင်းချက်ထုတ် ရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကုန်းကျော်ရွာကို စွန့်ခွာရမည့်အချိန်... (ရေးသားသူ- မောင်တာ)

Photo: ကုန်းကျော်ရွာကို စွန့်ခွာရမည့်အချိန်
------------------
ရေးသားသူ- မောင်တာ

မြေတူးစက်ယန္တရား ဘက်ဟိုးနှင့် မော်တော်ကားအပါအ၀င် သူပိုင်ဆိုင်သည့်ပစ္စည်းများ ချန်ထားခဲ့ပြီး ရွာမှထွက်ပြေးရန် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ရသည်။ 

မိသားစုနှင့် သူ့ဘ၀ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေအိမ်၊ မြေယာနှင့် ဥစ္စာပစ္စည်းအားလုံးစွန့်ခွာကာ ထွက်ပြေးမှဖြစ်တော့မည်ဟု ဦးစိုင်းလျန် သေသေချာချာ နားလည်လိုက်သည်။

အနာဂတ်အတွက် မျှော်လင့်အားကိုးစရာ တစ်စုံတစ်ရာမရှိသော်လည်း အသက်ဆက်ရှင်နိုင်ရေးအတွက် ရွာမှထွက်ပြေးခြင်းမှတစ်ပါး သူတို့တွင် အခြားရွေးချယ်စရာလမ်း မရှိတော့ပါ။

တ၀ုန်းဝုန်းဖြင့် ပေါက်ကွဲနေပြီး ဆက်တိုက်ပစ်လွှတ်နေတတ်သည့် လက်နက်ကြီးများပစ်ခတ်သံများက သူတို့ရွာကို မီးလောင်တိုက်သွင်းပြာချတော့မည်ဟု ဦးစိုင်းလျန် ယုံကြည်သည်။ အသက်မသေမီ တိုက်ပွဲများနှင့်ဝေးရာဆီသို့ မိသားစုကိုဦးဆောင်ကာ ထွက်ပြေးလာခဲ့သည်။ သေနတ်သံနှင့် လက်နက်ကြီးပေါက်ကွဲသံများ တဖြည်းဖြည်းဝေးကျန်ရစ်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၂ ခုနှစ် မေလအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ ရှမ်းပြည်တပ်မတော် (RCSS/SSA)တပ်များကြား ပြင်းထန်သည့်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ ပစ်ခတ်သည့် သေနတ်ကျည်ဆန်နှင့် လက်နက်ကြီးကျည်ဆန်များထိမှန်ကာ ဒေသခံရွာသားအချို့ သေဆုံးခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။ ၎င်းတိုက်ပွဲများကြောင့် မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံမိသားစုပေါင်းများစွာသည် ရပ်ရွာများကိုစွန့်ခွာကာ အသက်လုထွက်ပြေးခဲ့ရသည်။ နေရပ်စွန့်ခွာထွက်ပြေးသည့် မိသားစုပေါင်းများစွာတွင် ဦးစိုင်းလျန်တို့မိသားစုလည်း ပါဝင်ခဲ့သည်။

သူတို့မိသားစု အသက်လုထွက်ပြေးခဲ့ရသည့်အကြောင်းကို အချိန်ဆယ်နှစ်ကျော်ကြာပြီးနောက် အသက် ၆၀ အရွယ် ဦးစိုင်းလျန်က ပြန်လည်ပြောပြနေခြင်းဖြစ်သည်။

ထွက်ပြေးလာပြီးနောက် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်နှင့် တစ်မိုင်ကျော်ခန့်ဝေးသည့် ထိုင်းနိုင်ငံအတွင်း တောင်ကုန်းတစ်ခုပေါ်တွင် နေထိုင်ခဲ့ကြသည်။ အခြားထွက်ပြေးလာသူများနှင့် စုပေါင်းကာ တောင်ကုန်းကို ကုန်းကျော်ရွာအဖြစ် အမည်ပေးခဲ့ပြီး ၂၀၀၂ ခုနှစ်မှစတင်ကာ ယနေ့အထိ ဆယ်နှစ်ကျော်ကြာ နေထိုင်လျက်ရှိသည်။

“တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ ရွာမှာဆက်နေလို့မရတော့ဘူး။ ထွက်ပြေးရတယ်။ တခြားပြေးစရာနေရာကလည်း မရှိတော့ နယ်စပ်ကိုကျော်ပြီး ထိုင်းဘက်ကို ပြေးလာကြတယ်”ဟု ဦးစိုင်းလျန်ကပြောသည်။ တိုက်ပွဲမှ ကျည်ဆန်များကြောင့် ဒေသခံရွာသူရွာသားများ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သလို ရှမ်းလူမျိုးအများစုဖြစ်သည့် ဒေသခံများကိုလည်း SSA အား ကူညီထောက်ပံ့နေသည်ဟု မြန်မာစစ်တပ်က ထင်မြင်ယူဆကာ ရန်ပြုမှုများရှိခဲ့သည်ဟု ဦးစိုင်းလျန်ကဆိုသည်။
 
“ကျွန်တော်တို့ စစ်ကိုကြောက်တယ်။ ပိုပြီးတော့တောင် စစ်နဲ့မပတ်သက်ချင်ဘူး”ဟု အသက် ၆၀ အရွယ် ဦးစိုင်းလျန်က တိုက်ပွဲများကြောင့် မြေစာပင်ဖြစ်ခဲ့ရသည့်အကြောင်းကို ပြောပြသည်။

အိမ်ခြေတစ်ရာကျော်ရှိသည့် ကုန်းကျော်ရွာလယ်ပိုင်းရှိ ၎င်း၏နေအိမ်ရှေ့ မြေကွက်လပ်တွင်ထိုင်ကာ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က အကြောင်းအရာအချို့ကို ကုန်းကျော်ရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်(သူကြီး)အဖြစ် တာဝန်ယူထားသည့် ဦးစိုင်းလျန်က ပြန်လည်ပြောပြနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ ကုန်းကျော်ရွာသည် စစ်ကြောင့်ထွက်ပြေးလာသည့် ရှမ်းဒုက္ခသည်များ စုပေါင်းနေထိုင်သည့် မြန်မာနိုင်ငံပြင်ပမှ တစ်ခုတည်းသော ရှမ်းဒုက္ခသည်စခန်းအဖြစ် တည်ရှိနေသည်။ မြန်မာ-ထိုင်းနယ်စပ်နှင့် တစ်မိုင်ကျော်ခန့်သာဝေးပြီး ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ၀မ်ဟဲန်မြို့နယ်အတွင်းတည်ရှိသည်။

ကုန်းကျော်ရွာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းမှ ပန်ပံ့ကော်ရွာ၊ ပန်ဟော့ရွာ၊ ဟွေရောက်ရွာနှင့် ပန်မိုင်ဆုံရွာဟူသည့် ရွာလေးရွာမှ စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများ စုစုပေါင်း လူ ၄၀၀ ကျော် နေထိုင်လျက်ရှိပြီး မိသားစု ၁၃၄ စုရှိသည်ဟု ရွာသူကြီးဦးစိုင်းလျန်ကပြောသည်။

ကုန်းကျော်ရွာ၏ ရွာလယ်မြေနီလမ်းမပေါ်မှ ကြည့်လိုက်လျှင် ထိုင်းစစ်တပ်၊ မြန်မာစစ်တပ်နှင့် ရှမ်းစစ်တပ် (RCSS/SSA)များ တပ်စွဲထားသည့် တောင်ကုန်းများကို မြင်နေရသည်။ ကုန်းကျော်ရွာရှိ နေအိမ်အဆောက်အအုံအများစုသည် ဓနိမိုး၊ ၀ါးကပ်ကာ အဆောက်အအုံများဖြစ်သည်။

စစ်ပွဲကြောင့် ရပ်ရွာစွန့်ခွာထွက်ပြေးသူ ရှမ်းဒုက္ခသည်အများစုမှာ RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်တိုင်းလျင်ဒေသတွင် နေထိုင်ကြသည်။ RCSS/SSA မှ လုံခြုံရေးပေးထားပြီး လွိုင်တိုင်းလျန်ဒေသတွင် စခန်းငါးခုဖွင့်လှစ်ကာ နေထိုင်နေသည့် ရှမ်းစစ်ပြေးဒုက္ခသည် ခြောက်ထောင်ခန့်ရှိသည်ဟု ၎င်းတို့ကိုကူညီပေးနေသည့် ရှမ်းအမျိုးသမီးများကွန်ရက် SWAN ကဆိုသည်။

ထွက်ပြေးလာသူတို့အတွက် အဓိကအခက်အခဲမှာ ထိုင်းအစိုးရက တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်မပြုခြင်းပင်။ ထိုင်းနိုင်ငံအတွင်း ကုန်းကျော်ရွာတွင် ဆယ်နှစ်ကျော်ကြာနေထိုင်ခဲ့သော်လည်း ယနေ့အချိန်ထိ ထိုင်းအစိုးရက တရားဝင်ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်ပြုခြင်းမရှိဘဲ ယာယီဒုက္ခသည်စခန်းအနေဖြင့်သာ နေထိုင်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အတင်းအကျပ် နေရပ်ပြန်ပို့ခြင်းမရှိသော်လည်း ယာယီဒုက္ခသည်စခန်းအဖြစ်သာ သတ်မှတ်ထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့်လည်း ကုန်းကျော်ရွာသားများကို တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးခြင်းမရှိပါ။

ကုန်းကျော်ရွာသူ၊ ရွာသားများထံတွင် ထိုင်းအစိုးရနှင့် UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသည့် သက်သေခံလက်မှတ် တစ်စုံတစ်ရာမရှိသလို မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့စဉ်ကလည်း နယ်မြေမငြိမ်းချမ်းမှုများနှင့် ဒေသခံအများစု မြန်မာစကား ပြောနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံသားမှတ်ပုံတင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဦးစိုင်းလျန်ကပြောသည်။

ထိုင်းနိုင်ငံအတွင်း ကုန်းကျော်ရွာတွင် နေထိုင်နေသော်လည်း ၀မ်ဟဲန်မြို့နယ်မှအပ အခြားနေရာများ သွားခွင့်မရှိပါ။ ၀မ်ဟဲန်မြို့နယ်အပြင်ဘက် ထိုင်းနိုင်ငံအတွင်း အခြားနေရာများ သွားရောက်လိုလျှင် ထိုင်းအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံရသည်ဟု ဦးစိုင်းလျန်ကပြောသည်။

စားဝတ်နေရေးအတွက် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှလွဲ၍ ကုန်းကျော်ရွာသားများမှာ အနီးဝန်းကျင်ရှိ ငရုတ်စိုက်ခင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေ့စားအလုပ် ၀င်ကြသည်ဟုဆိုသည်။

လက်ရှိတွင် ကုန်းကျော်ရွာသားများ၏ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် TBC နှင့် အခြားနိုင်ငံတကာ NGO များ၊ ထိုင်းနိုင်ငံအခြေစိုက် ရှမ်း NGO အဖွဲ့များမှ ထောက်ပံ့ပေးမှုများ ရှိနေသည်။ TBC မှ တစ်ဦးစီအတွက် ဆန် ၁၂ ကီလို၊ ဆီ၊ ဆားနှင့် မီးသွေးများ လစဉ်ထောက်ပံ့ပေးနေသည်ဟု ဦးစိုင်းလျန်ကပြောသည်။

သို့သော်လည်း နိုင်ငံသားမှတ်ပုံတင်မရှိခြင်းနှင့် ဒုက္ခသည်အဖြစ် အသိအမှတ်မပြုခြင်းတို့ကြောင့် နိုင်ငံမဲ့ဖြစ်မည့်အရေးနှင့် ကလေးငယ်များ၏ အနာဂတ်အတွက် အလွန်စိုးရိမ်စိတ်ဖြစ်မိသည်ဟု ဦးစိုင်းလျန်ကပြောသည်။

ကုန်းကျော်ရွာမှ ကလေးငယ်အများစုမှာ အနီးနားရှိ ထိုင်းကျေးရွာများမှ ထိုင်းစာသင်ကျောင်းများတွင် သွားရောက်ပညာသင်ကြားနေသော်လည်း အဆင့်မြင့်ပညာများကို သင်ကြားနိုင်ရန် ခက်ခဲနေသည်ဟု ကုန်းကျော်ရွာမှ ကျောင်းသားမိဘများကပြောသည်။ ထိုင်းပညာရေးစနစ် သင်ရိုးညွှန်းတမ်းအတိုင်း အခြေခံနှင့် အထက်တန်းပညာများကို အနီးနားရှိ ထိုင်းကျေးရွာကျောင်းများတွင် တက်ရောက်ပညာသင်ယူနိုင်သော်လည်း ထိုင်းအစိုးရအသိအမှတ်ပြု ဘွဲ့တစ်ခုခုရရှိရေး တက္ကသိုလ်တက်ရန်မှာ နိုင်ငံသားသက်သေခံ အထောက်အထားမရှိသည့်အတွက် တက်ခွင့်ရရန် အလွန်ခက်ခဲသည်ဟု ကုန်းကျော်ရွာမှ ကျောင်းသားမိဘ ဒေါ်နန်းဦးကပြောသည်။

ဒေါ်နန်းဦးတွင် အသက်(၁၈)နှစ်အရွယ် သားတစ်ယောက်ရှိပြီး ထိုင်းပညာရေးအလယ်တန်းအဆင့် ပြီးသော်လည်း ထိုင်းတက္ကသိုလ်တက်ဖို့ အခွင့်အရေးမရှိသလိုဖြစ်နေသည်။ မြန်မာနိုင်ငံပြန်ဖို့လည်း သူက မြန်မာစကားမပြောတတ်တော့ပါ”ဟု ဒေါ်နန်းဦးက သား၏ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး ပြောသည်။

ဆယ်နှစ်ကျော်ကြာ အခွင့်အရေးတစ်စုံတစ်ရာမရှိဘဲ နေထိုင်ခဲ့ရသလို မျိုးဆက်သစ်များ၏ အနာဂတ်အတွက် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ဆုတောင်းမိသည်ဟု ဦးစိုင်းလျန်ကဆိုသည်။ သို့သော် ငြိမ်းချမ်းမှုမရှိသေးချိန် အတင်းအကျပ်ပြန်ပို့လျှင် လက်ရှိဘ၀ထက် ပိုမိုအခက်အခဲဖြစ်မည်ကို စိုးရိမ်သည်ဟု ဦးစိုင်းလျန်ကပြောသည်။

မူလနေရာဖြစ်သည့် မိုင်းတုံမြို့နယ်တွင်းမဟုတ်ဘဲ မိန်းထား(မိန်းတော့) ဒေသသို့ ပြန်ပို့ပေးမည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍လည်း ၎င်းနေရာသည် ဘိန်းစိုက်ပျိုးမှုနှင့် ဆက်နွှယ်သည့် ဒေသတစ်ခုဟု နာမည်ထွက်နေရာ သူတို့အားလုံး ဘိန်းသံသရာတွင် နစ်မြုပ်သွားမည်ကိုစိုးရိမ်ကြောင်း၊ မိန်းထား(မိန်းတော့) ဒေသသည် လက်နက်ကိုင်တပ်ဖွဲ့ များပြားသည့်ဒေသဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ်မှာလည်း စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း ဦးစိုင်းလျန်ကဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ကုန်းကျော်ဒုက္ခသည်စခန်းသို့ ထိုင်းရဲနှင့်အတူ တာချီလိတ်မှ ရဲအရာရှိနှစ်ယောက် ရောက်ရှိလာပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှဟုပြောကာ နေရပ်ကိစ္စ ပြောဆိုဆွေးနွေးသည်ဟု ဦးစိုင်းလျန်ကပြန်လည်ပြောပြသည်။ ၎င်းရက်သတ္တပတ်အတွင်းမှာပင် ရှမ်းပြည်နယ် မုန်းတော့ဒေသမှ စစ်ဗျူဟာမှူးလည်း ကုန်းကျော်ရွာသို့ရောက်လာပြီး လူဦးရေစာရင်းမေးမြန်းကာ နေရပ်ပြန်ရေးနှင့် နေအိမ်များဆောက်လုပ်ပေးပြီး ပြန်လည်နေရာချထားရေး လုပ်ဆောင်နေမှုများအကြောင်း ပြောဆိုသွားသည်ဟုဆိုသည်။

အမှန်တကယ် နေရပ်ပြန်နိုင်သည့် အခြေအနေအထိ မရောက်သေးဘဲ အတင်းအကျပ် နေရပ်ပြန်ပို့မည်ကို စိုးရိမ်နေသည်ဟု ဦးစိုင်းလျန်ကပြောသည်။	။

ဓာတ်ပုံ- မောင်တာ

မြေတူးစက်ယန္တရား ဘက်ဟိုးနှင့် မော်တော်ကားအပါအ၀င် သူပိုင်ဆိုင်သည့်ပစ္စည်းများ ချန်ထားခဲ့ပြီး ရွာမှထွက်ပြေးရန် နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ရသည်။

မိသားစုနှင့် သူ့ဘ၀ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေအိမ်၊ မြေယာနှင့် ဥစ္စာပစ္စည်းအားလုံးစွန့်ခွာကာ ထွက်ပြေးမှဖြစ်တော့မည်ဟု ဦးစိုင်းလျန် သေသေချာချာ နားလည်လိုက်သည်။

အနာဂတ်အတွက် မျှော်လင့်အားကိုးစရာ တစ်စုံတစ်ရာမရှိသော်လည်း အသက်ဆက်ရှင်နိုင်ရေးအတွက် ရွာမှထွက်ပြေးခြင်းမှတစ်ပါး သူတို့တွင် အခြားရွေးချယ်စရာလမ်း မရှိတော့ပါ။

တ၀ုန်းဝုန်းဖြင့် ပေါက်ကွဲနေပြီး ဆက်တိုက်ပစ်လွှတ်နေတတ်သည့် လက်နက်ကြီးများပစ်ခတ်သံများက သူတို့ရွာကို မီးလောင်တိုက်သွင်းပြာချတော့မည်ဟု ဦးစိုင်းလျန် ယုံကြည်သည်။ အသက်မသေမီ တိုက်ပွဲများနှင့်ဝေးရာဆီသို့ မိသားစုကိုဦးဆောင်ကာ ထွက်ပြေးလာခဲ့သည်။ သေနတ်သံနှင့် လက်နက်ကြီးပေါက်ကွဲသံများ တဖြည်းဖြည်းဝေးကျန်ရစ်ခဲ့သည်။

မန္တလေး-မိုးကုတ် ခရီးသည်တင်ယာဉ် များကို SSA အဖွဲ့ ငွေကြေးတောင်းခံ


မန္တလေး၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှ ၄၇ မိုင်ခန့်အကွာ ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ ပဇီကျေးရွာအနီးတွင် မန္တလေးမှ မိုးကုတ်သို့ သွားသည့် ခရီးသည်တင် မော်တော်ယာဉ်များကို ယူနီဖောင်းဝတ် အစိမ်းရောင် SSA အဖွဲ့က လက်ဖက်ရည်ဖိုး ဟုဆို၍ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များ ရှိကြောင်း မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း တာဝန်ရှိသူ ဦးဇော်ဦး က The Voice သို့ ပြောကြားသည်။

ပဇီကျေးရွာအနီး၌ ရင်ဘတ်တွင် SSA တံဆိပ်နှင့် လက်မောင်းတွင် ကျားခေါင်းတံဆိပ် ပါရှိသည့် ယူနီဖောင်းအစိမ်းရောင် ဝတ်ဆင်ထားသော လက်နက်ငယ်နှင့် စကားပြောစက်ကိုယ်စီ ပါသူ သုံးဦးက လက်ဖက်ရည်ဖိုး တောင်းခံရာ ၅၀၀၀ ကျပ် ပေးခဲ့ရကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"အဲဒီရွာနားမှာ ဆိုရင် အရင်တုန်းက ကြိုကြားကြိုကြား ဖြစ်တယ်။ ဆက်ကြေး တောင်းတာမျိုး မဟုတ်ပါဘူး။ လက်ဖက်ရည် ဖိုးတောင်းတာပါ၊ အဲ့ဒီရွာနားက ဖြတ်သွားတဲ့ ခရီးသွားကားတွေ အကုန်လုံးကို စက်တင်ဘာလ ၈ ရက်၊ ၉ရက်နေ့မှာတုန်းက တောင်းတယ်" ဟု လက်ဖက်ရည်ဖိုး အဖြစ် ၅၀၀၀ ကျပ်ပေးခဲ့ရသည့် ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း ဂိတ်မှူးက ဆိုသည်။

KNU နှင့် မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ရှိ ထီးလေးကိုးထာ့နေရာ၌ KNU လက်အောက်ခံတပ်ဖွဲ့ဝင်နှင့် မြန်မာအစိုးရစစ်တပ်တို့အကြား ယမန်နေ့ စက်တင် ဘာလ ၁၂ ရက်နေ့၊ နေ့လည် တနာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ ဖြစ်ပွားရာတွင် ၎င်းဒေသရှိ KNU တပ်မဟာ (၇) အထူးစစ်ကြောင်းမှ ကင်းစောင့်နေသော တပ်ဖွဲ့ဝင်နှစ်ဦး က KNU ကန့်သတ်နယ်မြေအတွင်း အသိမပေးဘဲ နယ်မြေကျော်လာသည့် မြန်မာစစ်တပ် တပ်မ (၂၂) လက် အောက်ခံ ခြေမြန်တပ်ရင်း-ခမရ (၂၀၂) တပ်ရင်းမှ တပ်ခွဲတစ်ခွဲကို ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ (၇) အထူးစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူး စောတာမလာက “တနေရာနဲ့တနေရာ သွားမယ် ဆို အပြန်အလှန်အကြောင်းကြားပြီးမှ သွားရတာပါ။ မြန်မာစစ်တပ်က သတ်မှတ်ထားတဲ့နေရာမှာ အကြောင်း မကြားဘဲ ၀င်ရောက်လာတဲ့အတွက် အခုလို ပစ်ခတ်မှု ဖြစ်ပွားသွားတာပါ” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လူနှစ်ဦးသေဆုံးခဲ့ရသည့် ယာဉ်တိုက်မှုအား ရွှေဘိုရဲစခန်းမှ သေမှုသေခင်းဖြင့်သာ အရေးယူ

ရွှေဘို၊ စက်တင်ဘာ ၁၃ ရက်

ရွှေဘိုမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဂေါက်ကွက်ကွင်းလမ်းမကြီးပေါ်တွင် ယခုလ ၁၁
ရက်နေ့ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က အမည်မသိလူငယ်နှစ်ဦး
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ရရှိဒဏ်ရာများရရှိပြီး ထိုအရပ်၌
သေဆုံးလျက်ရှိကြောင်း ဒေသခံပြည်သူ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ အမှတ်(၄) တပ်မတော် တပ်သားသစ်
စုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ဦးခင် မောင်လတ်၊ ဦးဇော်နောင်၊နှင့်
ဦးစိုးအောင် ဆိုသူတို့မှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်။ ထိုသူတို့၏
ပြောချက်များအရ “ ဂျိမ်းကနဲ ” အသံကြီးကြား၍ ပြင်ပသို့
ထွက်ကြည့်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ကြည့်ရှု့ခဲ့ရာတွင် ထနောင်းပင် သုံးပင်အကြား၌ TOYOBO – 125
အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီင်္း ရောက်ရှိနေသည်ကို မြင်တွေ့ကြပြီး ၎င်း
ထနောင်းပင်များ၏ အရှေ့ဘက်နေရာတွင် နဖူးပေါက်ပြဲ၊ ၀ဲမျက်လုံးဖုယောင်၊
ခြေသလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် လူငယ်တစ်ဦးသေဆုံးလျက်ရှိနေသည်ကို
မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့နောက် ထနောင်းပင်များ၏ အနောက်ဘက်နေရာတွင်
ပါးစပ်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့်  လူငယ်တစ်ဦးသေဆုံးလျက်ရှိ
နေသည်ကို ထပ်မံ၍ တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများမှ ပြောသည်။

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ် ဖျက်သိမ်း

အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်မည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မထသ (ဗဟို) ပညာပေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသောင်းမြင့်က စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ပြည်သူအများက ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာပြီးနောက် အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရ သည့်နေ့ သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မထသ (ဗဟို) ပညာပေးရေး ဆပ်ကော်မတီက တင်ပြခဲ့ခြင်းဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မိမိတစ်ဦးတည်းလုပ်ဖို့ မလွယ်ဘူးလို့ ဒေါ်စုပြော

အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မိမိတစ်ဦးတည်းလုပ်ဖို့ မလွယ်ဘူးလို့ ဒေါ်စုပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တံ့ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကပဲ အဖြေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ပိုလန်နိုင်ငံရောက်နေစဉ် သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုလိုက်တာပါ။

ဒီကိစ္စတွေပြေလည်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာ ပြီးခဲ့တဲ့ လပေါင်းများစွာကတည်းက မိမိအနေနဲ့ ပြောဆိုခဲ့ပြီးဖြစ်တဲ့အကြောင်း၊ ဒီကိစ္စကို လူ့အဖွဲ့အစည်းတစ်ခုလုံးကဝိုင်းပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုကိုယ်စိတ်ချလုံခြုံပြီလို့ ခံစားရဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး လိုအပ်တဲ့အကြောင်း၊ အဲဒီလို စိတ်အေးလက်အေးဖြစ်နေတဲ့ သူတွေကပဲပြန်ပြီး နောက်လူတွေကို စိတ်အေးလက်အေးဖြစ်အောင် ဆက်ကူညီနိုင်မှာဖြစ်တဲ့အကြောင်း၊ ဒါမှသာ လိုက်လျောညီထွေမှုရှိတဲ့ အနာဂတ်နိုင်ငံတစ်ခုဖြစ်လာနိုင်မှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးသမဂ္ဂ ခေါင်းဆောင်ဟောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် လက်ဝလင်ဆာ (Lech Walesa) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လက်ဝလင်ဆာက မိမိတို့အနေနဲ့ အောင်ပွဲမရခင် စစ်ပွဲတချို့ရှုံးခဲ့ရဘူးသလို၊ မြန်မာနိုင်ငံလည်း တစ်ချိန်ကျရင် ပိုလန်လို ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတာ ထင်မြင်ထားတဲ့အကြောင်း ပြောဆိုပါတယ်။

ဝါဆောမြို့တော်ဝန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဝါဆောမြို့သူအဖြစ် ကြေညာခဲ့ပါတယ်။ မနေ့က ကြာသပတေးမနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။

အေးချမ်းမွန် Credit To > RFA Burmese  < Thanks
Re-posted By ACM 14-9-2013 
https://www.facebook.com/excellencemedia

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တံ့ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကပဲ အဖြေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ပိုလန်နိုင်ငံရောက်နေစဉ် သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုလိုက်တာပါ။


ဒီကိစ္စတွေပြေလည်နိုင်ဖို့ဆိုရင်
တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာ ပြီးခဲ့တဲ့ လပေါင်းများစွာကတည်းက မိမိအနေနဲ့ ပြောဆိုခဲ့ပြီးဖြစ်တဲ့အကြောင်း၊ ဒီကိစ္စကို လူ့အဖွဲ့အစည်းတစ်ခုလုံးကဝိုင်းပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုကိုယ်စိတ်ချလုံခြုံပြီလို့ ခံစားရဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး လိုအပ်တဲ့အကြောင်း၊ အဲဒီလို စိတ်အေးလက်အေးဖြစ်နေတဲ့ သူတွေကပဲပြန်ပြီး နောက်လူတွေကို စိတ်အေးလက်အေးဖြစ်အောင် ဆက်ကူညီနိုင်မှာဖြစ်တဲ့အကြောင်း၊ ဒါမှသာ လိုက်လျောညီထွေမှုရှိတဲ့ အနာဂတ်နိုင်ငံတစ်ခုဖြစ်လာနိုင်မှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ်

မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်းဆည်းထားသောကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည်ဟူသော သတင်းရေးသားချက်များကြောင့် ပြီးခဲ့သောရက်က အင်တာနက်စာဖတ်သူများကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။
ကမ္ဘာ့ဘဏ်အပါအဝင် ငွေကြေးဌာနများ စောင့်ကြည့်ရေးနှင့် သုတေသန အဖွဲ့တဖွဲ့ဖြစ်သော Bank Information Center မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာက ရန်ကုန်မြို့တွင် စက်တင်လာလ ၁၀ ရက်နေ့က ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲ တခုတွင် ထိုသို့ပြောဆိုကြောင်း သတင်းများပေါ်ထွက်လာပြီးပြီးချင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က ဒေးလီးအလဲဗင်း Daily Eleven သတင်းစာတွင် ဖော်ပြပါရှိခဲ့သော ထိုသတင်းပါ မစ္စတာ ဂျဲလ်ဆန်ဂါစီယာသည် ကမ္ဘာ့ဘဏ်ဝန်ထမ်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်

ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကိုသံလုံး၊ ကိုစိုးဝင်းနဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင်ကို ခေါ်သွားတယ်လို့ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြဖို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မရတဲ့အဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြတာလို့ ဒေါ်မဖြူကဆိုပါတယ်။

ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ သက်ဆိုင်ရာက တရားစွဲခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတဲ့အတွက်၊ အပြင်ကနေ တရားရင်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာ အမိန့်ချခံလိုက်ရတာဖြစ်ပါတယ်။

အေးချမ်းမွန် Credit To >RFA Burmese  < Thanks
Re-posted By ACM 14-9-2013 
https://www.facebook.com/excellencemedia


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကိုသံလုံး၊ ကိုစိုးဝင်းနဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင်ကို ခေါ်သွားတယ်လို့ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြဖို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ေ
ပမယ့် မရတဲ့အဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြတာလို့ ဒေါ်မဖြူကဆိုပါတယ်။

ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ တရားရုံး တစ်ခုတွင် ဘတ်စ်ကားပေါ်၌ မိန်းကလေး တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ (၄)ဦးကို သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။ သို့သော်လည်း ယင်းစီရင်ချက်ကို တရားရုံးချုပ်က ဆက်လက် အတည်ပြုချက် ပေးရန် လိုအပ်နေကြောင်း သိရသည်။ တရားခံ ရှေ့နေများက သက်ညှာခွင့်အတွက် သမ္မတထံ တောင်းဆိုတင်ပြသွားမည်ဟု ပြောကြားထားသည်။

ရက်ရက်စက်စက် မုဒိမ်းကျင့် နှိပ်စက်ခံရသော မိန်းကလေးသည် ဆေးရုံတွင် (၂)ပတ်ကြာ ကုသခဲ့သော်လည်း အသက်မရှင်နိုင်ခဲ့ချေ။ သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ကြောင်း ဆရာဝန်များက ဝန်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် လယ်သိမ်းခံရသူ ရဲစခန်း ဝင်တိုက်ပြီး သူ့ကိုယ်သူ ပစ်သတ်

ဗွီအိုအေ (မြန်မာပိုင်း)

13.09.2013
ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာသိမ်းဆည်းတာကို ခံရသူတစ်ဦးက ဒေသ အာဏာပိုင်ရုံးထဲကို ဝင်ပြီး သေနတ်နဲ့ပစ်ခတ်မှုတစ်ခု ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ထိုင်ဗမ်းမြို့(Thai Binh City) မှာ ဖြစ်ပွားခဲ့ပါတယ်။ လူလေးယောက်ကို ပစ်ခတ်ရမှာ တစ်ဦးသေဆုံးသွားပြီး သေနတ်သမားက သူ့ကိုယ်သူ ပြန်ပစ်ပြီး အဆုံးစီရင်ခဲ့တာပါ။

သေနတ်သမား( Dang Ngoc Viet ) ဟာ သူပိုင်တဲ့မြေကို ဒေသဖွံ့ဖြိုးရေးအတွက် သိမ်းယူဖို့ လုပ်နေတယ်ဆိုတာကို သိခဲ့ရပြီးတဲ့နောက်ပိုင်း အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။

အရက်မူးပြီး အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို လူဝတ်လဲအရေးယူ

မိတ္ထီလာ၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်၍ ရွာအတွင်းလှည့်လည် အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို စစ်ဆေး၍ လူဝတ်လဲ အရေးယူခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သော ညောင်ပင်သာကျေးရွာ၏ ရာအိမ်မှူး ဦးမောင်ပြည့်က The Voice သို့ ပြောကြားသည်။

ယင်းသို့ သောက်စားမူးယစ်၍ အလှူခံခဲ့သည့် သင်္ကန်းဝတ်နှစ်ဦးကို အဆိုပါ ကျေးရွာ၏ ကျောင်းထိုင်ဆရာတော် ဦးဇောတိကက ခေါ်ယူစစ်ဆေးသည့်အခါ ယင်းပုဂ္ဂိုလ်များ၌ သာသနာဝင်အမှတ် ကိုင်ဆောင်ထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပြီး အလှူခံထားသည့် ငွေ ၃၉၅၀ကျပ် ကိုလည်း တွေ့ရှိရကြောင်း ၄င်းက ပြောကြားသည်။

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှားဥပဒေဖြင့် အရေးယူမခံရဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိ

Photo: မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှားဥပဒေဖြင့် အရေးယူမခံရဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိ

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှား ဥပဒေဖြင့် မရေးယူမခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိရန် ညှိနှိုင်းမှုရရှိခဲ့ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
စက်တင်ဘာ ၉  ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့  မြန်မာအလုပ်သမားများအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။ အဲဒီအတွက်လည်း အထောက်အထားနဲ့ အလုပ် လုပ်ချင်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်တွေ ထုတ်ပေးမယ်။ နောက်တစ်ခုက ဟိုပြေး၊ ဒီပြေးနဲ့ အလုပ်ရှင်ကလည်း မလိုအပ်ဘူးဆိုတဲ့သူတွေရယ်၊ စခန်းတွေမှာ ရောက်နေတဲ့ ကလေးတွေကို မလေးရှားဥပဒေနဲ့ အရေးယူခံရမှုကို ကင်းလွတ်ခွင့်ရရှိဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေသူ ၁၀၀၀ ကျော်ခန့် ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတစ်ဦးအနေဖြင့် မလေးရှားဥပဒေအရ ဒဏ်ကြေးငွေ မလေးရှားရင်းဂစ် ၄၀၀ ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာမည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို Bio-Matric System နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိကျသည့် အဖြေထွက်ရှိမှသာ ပြန်လာခွင့်ရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ ''မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကို Bio-Matric System အရ လက် ၁၀ ချောင်းလုံးကို လက်ဗွေနှိပ်မယ်။ သူငယ်အိမ်က မျက်ကြည်လွှာကို ဓာတ်ပုံရိုက်မယ်။အဓိကတစ်ချက်က မြန်မာနိုင်ငံသားဖြစ်ရမယ်။ အဲဒီကမှရလာတဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကို ပို့ပြီး စစ်ဆေးမယ်။ ပြီးရင်တော့ ပြန်လာနိုင်မှာပါ''ဟု ပြောကြားသည်။

မလေးရှားနိုင်ငံတွင်  အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား စုစုပေါင်းနှစ်သိန်းခွဲကျော် ရှိနေပြီး ၁၄၀၀၀၀ ကျော်မှာ တရားဝင် အလုပ်သမားများဖြစ်ကာ ၁၁၀၀၀၀ ကျော်မှာ အထောက်အထားမဲ့ အလုပ်သမားများဖြစ်နေသည့်အပြင် UNHCR ကတ်ကိုင်ဆောင်ထားသူမှာ ၈၀၀၀ ခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုနှစ်လယ်ပိုင်းက  မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ရာနှင့်ချီ ပြန်လာနေကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ယူရန် စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ယူရန် စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှား ဥပဒေဖြင့် မရေးယူမခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိရန် ညှိနှိုင်းမှုရရှိခဲ့ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားများအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။ အဲဒီအတွက်လည်း အထောက်အထားနဲ့ အလုပ် လုပ်ချင်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်တွေ ထုတ်ပေးမယ်။ နောက်တစ်ခုက ဟိုပြေး၊ ဒီပြေးနဲ့ အလုပ်ရှင်ကလည်း မလိုအပ်ဘူးဆိုတဲ့သူတွေရယ်၊ စခန်းတွေမှာ ရောက်နေတဲ့ ကလေးတွေကို မလေးရှားဥပဒေနဲ့ အရေးယူခံရမှုကို ကင်းလွတ်ခွင့်ရရှိဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis