ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်
ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။

အိဒ်ပွဲတော် ဆင်နွဲရန် ဘင်္ဂလီအမျိုးသားများ အိမ်ပြန်နေကြစဉ်။
သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး
ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ
တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင် ၅ ရက်အတွင်း ယာဉ်မတော်တဆ
တိုက်မူကြောင့် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ မတော်တဆမူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း မြို့နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဘတ်စကား တိမ်းမှောက်၍ သေဆုံးသူများရှိသလို ကားများ တစ်စီးနှင့် တစ်စီး
ခေါင်းချင်းဆိုင် တိုက်ရာမှ သေဆုံးမူများလည်း ရှိကြောင်း၊
ဆိုင်ကယ်နှင့်ကားတိုက်ရာမှလည်း သေဆုံးခဲ့သူများ ရှိကြောင်း ဘင်္ဂလာဒေခ်ျ့
ထုတ် သတင်းစာများက ဆိုသည်။