menu

Friday 18 January 2013

ဦးတေဇ ဂုဏ်သိက္ခာမထိခိုက်ရန် ၈၈မျိုးဆက်ကျောင်းသားများမေတ္တာရပ်ခံ

Photo: ဦးတေဇ ဂုဏ်သိက္ခာမထိခိုက်ရန် ၈၈မျိုးဆက်ကျောင်းသားများမေတ္တာရပ်ခံ

ရန်ကုန်၊ ဇန်နဝါရီ၊ ၁၈။

ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စတွင် ဦးတေဇပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာထိခိုက် နိုင်သဖြင့် ဖြေရှင်းပေးရန် ၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက မေတ္တာရပ်ခံ
ပြောကြားသည်။

၁၉၉၅ခုနှစ် မတ်လ၂၅ရက်တွင် ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန ၊ဌာနမှူး ဗိုလ်ကြီးကျော်ရှိန်နှင့် ဌာနစုမှူး ဗိုလ်ကြီးခင်ဝင်းတို့က ယင်းမြေနီကုန်းဈေးအား အဆင့်မြင့်ဈေး ပြုလုပ်ပေးမည်ဟုဆိုကာ
ဈေးသည်များအား ၃ရက်အတွင်း ယာယီဈေးသို့ ရွှေ့ပြောင်းခိုင်းခြင်း
ဖြစ်ကြောင်း ဈေးမိဈေးဖ ဥက္ကဋ္ဌ ဒေါ်မြမြက ပြောကြားသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက" အသွင်
ကူးပြောင်းရေး ကာလမှာ သူ့ကိုယ်သူ ဂုဏ်သိက္ခာ ပြန်လည် တည်ဆောက်နေတဲ့ လူတစ်ယောက်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီကိစ္စမှာလည်း သူ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့
အတွက် ၊ ဒီကိစ္စကိုသူတို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရင်
ပြေလည်နိုင်တဲ့အနေအထား ရှိပါတယ်။ ဦးတေဇအနေနဲ့ ဒီကိစ္စကို
ပြန်ပြီးဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်။
မေတ္တာရပ်ခံချင်ပါတယ်။ ဈေးသူဈေးသားတွေအတွက်ပါ "
ဟု ပြောကြားသည်။

အဆိုပါမြေကွက်အား ဦးတေဇသည် သိန်းပေါင်း၁၈၆၄၃.၆၈သိန်းဖြင့် (၂၂.၁.၂၀၀၇)ရက်စွဲဖြင့် အမည်မဖော်ပြထားသူများ ထံမှ ဝယ်ယူထားကြောင်းနှင့်(၂၅.၁၁.၂၀၀၈)ရက်စွဲဖြင့် နှစ်(၆၀) မြေငှားဂရန်
အမည်ပေါက် ရထားကြောင်းလည်း စချုပ်စာတမ်းများအရ သိရသည်။

ယခုလက်ရှိ ဈေးရောင်းချ လျက်ရှိသော သံလွင်ဈေး
(ယာယီမြေနီကုန်းဈေး)အား အဆင့်မြင့်ဈေး ဆောက်ပေးမည်ဟုဆိုကာ ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာနက ဈေးသူဈေးသားများအား အစည်းဝေးခေါ်ယူ၍ ညှိနှိုင်းပြောဆိုထားကြောင်းလည်း သိရသည်။

ဈေးသည်များသည်လည်း ၁၉၉၅ခုနှစ်ကပင် အဆင့်မြင့်ဈေး လိုချင်သောကြောင့် ဖယ်ပေးခဲ့ကြခြင်ဖြစ်ပြီး ယခုအချိန်ထိ ဦးဝိစာရလမ်းပေါ်ရှိ မူလမြေနီကုန်းဈေးနေရာ၌ပင် အဆင့်မြင့်ဈေးဖြင့် ရောင်းချလိုကြခြင်း ဖြစ်ကြောင်း
ဈေးသူဈေးသားများက ပြောကြားသည်။

အောင်သိုက်


အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဇန်နဝါရီ၊ ၁၈။

ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စတွင် ဦးတေဇပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာထိခိုက် နိုင်သဖြင့် ဖြေရှင်းပေးရန် ၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက မေတ္တာရပ်ခံ
ပြောကြားသည်။

၁၉၉၅ခုနှစ် မတ်လ၂၅ရက်တွင် ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန ၊ဌာနမှူး ဗိုလ်ကြီးကျော်ရှိန်နှင့် ဌာနစုမှူး ဗိုလ်ကြီးခင်ဝင်းတို့က ယင်းမြေနီကုန်းဈေးအား အဆင့်မြင့်ဈေး ပြုလုပ်ပေးမည်ဟုဆိုကာ
ဈေးသည်များအား ၃ရက်အတွင်း ယာယီဈေးသို့ ရွှေ့ပြောင်းခိုင်းခြင်း
ဖြစ်ကြောင်း ဈေးမိဈေးဖ ဥက္ကဋ္ဌ ဒေါ်မြမြက ပြောကြားသည်။

မတော်ဘူးဆိုတာ သေချာပြီလား

Photo: မတော်ဘူးဆိုတာ သေချာပြီလား

18 JANUARY 2013  

ကျွန်တော်ယခု ပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသော သူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေ ဖြစ်လာသည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ အယ်ဒီဆင်ပြောသလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူ ပြုနိုင်မည် ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေး သူတွေအတွက် လောကတွင် နေရာမရှိဆိုသည့် သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေး တက္ကသိုလ်နှင့် နယူးယော့ခ် စီတီး ကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

Leon Uris

နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ်ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။

Lucille Ball

၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင် သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက “မင်း ဘာဖြစ်ဖြစ် အခြားအလုပ်တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်” ဟုပြောကြားခဲ့ဖူးသည်။ 

Clint Eastwood and Burt Reynolds

၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့် အိစ်ဝုဒ်နှင့် ဘတ် ရေးနိုးတို့နှစ် ယောက်ကို ထုတ်ပစ် လိုက်သည်။ ဘတ်ရေးနိုးကို “အရည်အချင်း မရှိ” ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို “မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်” ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများအဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ်လည်းကောင်း အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

Marilyn Monroe

၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို “မင်း အတွင်းရေးမှူးအလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်” ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင် မင်းသမီး တစ်ယောက်ဖြစ်လာသည်။

Liv Ullman

အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ် နှစ်ကြိမ်တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင်သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်ချခဲ့ဖူးသည်။

Malcolm Forbes

ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင်ဆုံးသော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင် ကျောင်းတက်နေစဉ်က ကျောင်းပိုင်သတင်းစာ တစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ်လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

Beatles

၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည် Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့အစစ် ဆေးခံနေကြခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝစိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင်တစ်ယောက်က “အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတပညာရှင်များဖြစ်လာသည်။

Buddy Holly Decca Records

တွင် ၁၉၅၆ ခုနှစ်က ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို “ကျုပ်နဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။

Elvis Presley

၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို “ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ” ဟု မှတ်ချက်ချခဲ့သည်။ နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီးတစ်ယောက်ဖြစ်လာသည်။
Alexander Graham Bell
အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်းသည် စကားပြောခွက်နှင့် အသံထွက်ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က “တီထွင်မှုကတော့ အံ့သြစရာကောင်းပါတယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး ကျောင်းလာတက်စဉ်က သူ့ဆရာများသည် “သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ” အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှုများ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှုအမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်ပြသွားနိုင်ခဲ့သည်။ သူက “ပါရမီရှင်ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါသနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က “တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့” ဟုပြန်ပြောလိုက်လေသည်။

Chester Carlson

၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည် ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီလေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။

John Milton

ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင်ခဲ့သည်။

Pablo Casals

အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်လေးတစ်ယောက်က မေးခွန်းတစ်ခုမေးလိုက် သည်။ “မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်နေတယ်ဆိုတာ သိပါရစေ” ဟု မေးလိုက် သည်။ ကာဆယ်က “အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာပဲ တွေးပါတယ်” ဟုပြန်ဖြေလိုက်သည်။

Ludwig van Beethoven

နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင်ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို နောက်ဆုံးအချိန်အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။

Douglas Bader

လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန် လေကြောင်းတိုက်ခိုက်ရေး လေယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါသည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။

Terry Fox

ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေတစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင် ထားခဲ့သည့် ကင်ဆာဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွားနိုင်ခဲ့သည်။

Wilma Rudolph

ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေးတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင် ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေး သမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင်သည်။ နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။ နောက်နှစ်အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့ မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက “ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးကတည်းက လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့” ဟုပြောကြားခဲ့သည်။

Franklin D. Roosevelt

ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့် ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်သဘောကျမှု အခံရဆုံး၊ သြဇာအကြီးမားဆုံး ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် ၄ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

Sarah Bernhardt

ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင် ခြေထောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင်လောကတွင် ခြေချသွားနိုင်ခဲ့သည်။

Louis L’Amour

လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရသည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထုရှည်ကြီး များကို ကွန်ဂရက်ကပင် အသိအမှတ်ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။

Julia Child

၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ် တစ်ခုရေး ထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ “အမေရိကန် မီးဖိုချောင်အတွက် ပြင်သစ်စာချက်နည်း” ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူ ပြုစုရေးသားခဲ့ရသည်။ စာအုပ်ပြီးချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်း အသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ် ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ်တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ “ပြင်သစ်စာချက်နည်းအနုပညာ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။ နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်းစာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရသည်။

General Douglas MacArthur

စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှုရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထားစဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထားရာ နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်းဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။

Abraham Lincoln

အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက်အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သားအဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။

Edmund Hillary

၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀ ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲတစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။ သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် “ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေခဲ့သည်။ နောက်တစ်ကြိမ်တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက်မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ်မြင့်မားနေပြီ” ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။ 

Ref By - အလင်းအိမ် လူငယ်စာဖတ်အသင်း
Ref Link - http://www.maukkha.org

အေးချမ်းမွန်မှ  ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကျွန်တော်ယခု ပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသော သူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေ ဖြစ်လာသည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ အယ်ဒီဆင်ပြောသလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူ ပြုနိုင်မည် ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေး သူတွေအတွက် လောကတွင် နေရာမရှိဆိုသည့် သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေး တက္ကသိုလ်နှင့် နယူးယော့ခ် စီတီး ကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ ဘုန်းကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူကို ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ခေါင်းဆောင်ကို ရဲက ဖမ်းဆီး

Photo: ဘင်္ဂလာဒေခ်ျ့ ဘုန်းကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူကို ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ခေါင်းဆောင်ကို ရဲက ဖမ်းဆီး


ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား ခရိုင် အတွင်းက ရာမူးနဲ့ တစ်ခြားနေရာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဂျာမတ် ခေါင်းဆောင် တစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ Shahjalal Chowdhury ဆိုသူ ဖြစ်ပြီး မြန်မာ နယ်စပ် အနီး အိုကီးယား မြို့နယ် အတွင်းက မရစ်သာ ဒီပန်ကူ ဗုဒ္ဓ၀ိဟာရကို မီးရှို့ တိုက်ခိုက်ရာမှာ ဦးဆောင်သူ အဖြစ် စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

Shahjalal howdhury ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဂျာမတ် ပါတီ အိုကီးယားမြို့နယ် ဥက္ကဌ ဖြစ်တယ်လို့ ဒီကနေ့ထုတ် The Daily Star က ပြောပါတယ်။

အိုကီယား ရဲစခန်းက ဒုရဲအုပ် အဘူလ် ဟာဆန်ပြောတာကတော့ သူ့ကို သူရဲ့ နေအိမ်ကနေ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီး ခေါ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

သူ့ကို ရဲက ဖမ်းဆီးပြီးတဲ့ နောက်ပိုင်းမှာ ဂျာမတ်ပါတီနဲ့ ဘီအန်ပီပါတီက ဒေသခံ အဖွဲ့ဝင်တချို့ဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြ ကန့်ကွက်တဲ့ အတွက် ကော့စ်ဘဇားနဲ့ တက်ကနက် ကားလမ်းဟာ နာရီဝက်ခန့် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အခြေအနေဟာ တင်းမာခဲ့တဲ့ အတွက် ဈေးဆိုင်တွေ တချို့ကိုတောင် ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ အစိုးရဟာ စက်တင်္ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ဒါဇင်နဲ့ ချီပြီး ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံရမူနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ၊ ပါဝင်ခဲ့တဲ့သူတွေကို အခု အချိန်ထိ လိုက်လံ ဖမ်းဆီးပြီး တရားစွဲ ဆိုနေရာ အခု အဖမ်းခံရတဲ့ ဂျာမတ်ပါတီ ဒေသခေါင်းဆောင်ကတော့ နောက်ဆုံး ဖမ်းခံရသူ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံရမူနဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြည်တွင်း၊ ပြည်ပမှာ ကန့်ကွက်မူတွေ ဆူညံစွာ ပေါ်ပေါက်ခဲ့သလို မွတ်ဆလင်နိုင်ငံ တစ်ခု ဖြစ်ပေမယ့် ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် ရှိတဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်ခဲ့ပါတယ်။

အေးချမ်းမွန်မှ  Narinjara News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား ခရိုင် အတွင်းက ရာမူးနဲ့ တစ်ခြားနေရာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဂျာမတ် ခေါင်းဆောင် တစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ Shahjalal Chowdhury ဆိုသူ ဖြစ်ပြီး မြန်မာ နယ်စပ် အနီး အိုကီးယား မြို့နယ် အတွင်းက မရစ်သာ ဒီပန်ကူ ဗုဒ္ဓ၀ိဟာရကို မီးရှို့ တိုက်ခိုက်ရာမှာ ဦးဆောင်သူ အဖြစ် စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

Shahjalal howdhury ဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဂျာမတ် ပါတီ အိုကီးယားမြို့နယ် ဥက္ကဌ ဖြစ်တယ်လို့ ဒီကနေ့ထုတ် The Daily Star က ပြောပါတယ်။

ငွေဝင်တိုးစက်လှေကိစ္စ ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

Photo: ငွေဝင်တိုးစက်လှေကိစ္စ ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

ထက်အောင်ခန့်-ယမင်း (မြစ်မခ) 
by Myit Makha Mediagroup on 18 Jan, 2013

ဇန်နဝါရီလ(၁၆)ရက်နေ့က ဘုရင့်နောင်ဗောတံတား အမှတ်(၁) တွင် နစ်မြုပ်ခဲ့သည့် ငွေဝင်တိုးစက်လှေအတွင်း၌ရှိသည့် ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ကြသူများအား ရဲမှ လေးဂွဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့ပြီး လာရောက်ယူဆောင်သူများမှလည်း လေးဂွများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
 
ရန်ကုန်မှမြိတ်သို့ ကုန်ပစ္စည်းတင်ဆောင်သော ငွေဝင်တိုးစက်လှေ သည် ကုန်ပစ္စည်းအပြည့်ဖြင့် နစ်မြုပ်ခဲ့ကြောင်းသိရသည်။ ထိုစက်လှေအတွင်း၌ရှိသော ပစ္စည်းများအား လာရောက်ယူဆောင် ကြရာမှ ရဲမှလေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 
“အခုလာယူတဲ့သူတွေက ရှမ်းချောင်း၊ ဒိုင်ဆုကလူတွေများတယ်။ သူတို့ကိုရဲက ခြောက်လှန့်ပြီး ပစ်တယ်။ ထိအောင်တော့ မပစ်ဘူး။ သူတို့ကလည်း ပြန်ပစ်တယ်။ ကျွန်တော့်ကိုတောင် ခဲတစ်လုံးထိသွားသေးတယ်။”ဟု လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။
 
ထိုစက်လှေနစ်မြုတ်မှုအပေါ် ယင်းအနီးအနားတွင် နေထိုင်သူများက ထင်မြင်ချက်မျိုးစုံ ပြောဆို လျက်ရှိပြီး ယခုအခါတွင် ယင်းစက်လှေအား ပြန်လည်ဆယ်ယူနေပြီဖြစ်သည်။
 
စက်လှေနစ်မြုပ်မှုတွင် ကုန်ပစ္စည်းများသာ ဆုံးရှုံးမှုရှိပြီး အခြားမည်သည့် အသက်အန္တရယ်မှ မရှိကြောင်း သိရသည်။
 
“အဲ့ဒီစက်လှေမြုပ်သွားတာကို ကျွန်တော်ကြားတာက အရှေ့က တိုင်မှာတပ်ထားတဲ့ကြိုး မဖြုတ်လို့မြုတ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီကြိုးကို မဖြုတ်ပဲစက်လှေကို မောင်းရင်းနစ်မြုတ် သွားတယ်။ အဲ့ဒီအထဲမှာ ကုန်ပစ္စည်းတွေက အပြည့်ပဲ။”ဟု ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှ ဆိုက်က္ကား မောင်းသူတစ်ဦးက ပြောသည်။
 
ယင်းစက်လှေထဲတွင် ဆန်အိတ်များအပြင် အခြားလူသုံးကုန်ပစ္စည်းမျိုးစုံအပြည့်ပါဝင်ကြောင်းကိုလည်း သိရသည်။
 
“ဆန်အိတ်တွေတင်ပဲ ၀မ်းဗိုက်ထဲမှာ (၂၀၀၀) ကျော်လောက်ပါတယ်လို့ ကြားတယ်။ ဆန်အိတ်တွေ အပြင်အခြား ကုန်ပစ္စည်းတွေဖြစ်တဲ့ ခြင်ဆေးခွေတွေ၊ ဖယောင်းတိုင်တွေ၊ တိုလီမိုလီတွေ အကုန်ပါတယ်။”ဟု စက်လှေပြန် လည်ဆယ်ယူရာတွင် လာရောက်ကြည့်ရှုသူတစ်ဦးကပြောသည်။
 
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ယခုစက်လှေနစ်မြုပ်မှုမှာ (၃)ကြိမ်မြောက် နစ်မြုပ်မှုလည်းဖြစ်သည်။

အေးချမ်းမွန်မှ   Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်နဝါရီလ(၁၆)ရက်နေ့က ဘုရင့်နောင်ဗောတံတား အမှတ်(၁) တွင် နစ်မြုပ်ခဲ့သည့် ငွေဝင်တိုးစက်လှေအတွင်း၌ရှိသည့် ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ကြသူများအား ရဲမှ လေးဂွဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့ပြီး လာရောက်ယူဆောင်သူများမှလည်း လေးဂွများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မှမြိတ်သို့ ကုန်ပစ္စည်းတင်ဆောင်သော ငွေဝင်တိုးစက်လှေ သည် ကုန်ပစ္စည်းအပြည့်ဖြင့် နစ်မြုပ်ခဲ့ကြောင်းသိရသည်။ ထိုစက်လှေအတွင်း၌ရှိသော ပစ္စည်းများအား လာရောက်ယူဆောင် ကြရာမှ ရဲမှလေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၊ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မလား(Hanna Beech)

Photo: မြန်မာပြည်တွင်းက ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၊ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မလား

ယခုအခါ မြန်မာအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများလည်း
ရုပ်သိမ်း ခဲ့ပြီးနောက် အနောက်တိုင်းစီးပွားရေးလုပ်ငန်းများ
သည်လည်း ကမ္ဘာ၏ အသစ်လွင်ဆုံး စီးပွားရေးမျက်နှာစာ
ဖြစ်သည့် မြန်မာသို့ အပြေးအလွှား ဝင်လာနေကြသည်။

ဤပြဇာတ်ဆန်သည့် နိုင်ငံရေး ရာသီဥတု အပြောင်းအလဲမှာ
တစ်ခါက တိုင်းပြည်ကို အုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး၊ ယင်းပြုပြင် ပြောင်းလဲရေးသမားများထဲမှ ခေါင်းဆောင်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်တော့သည်။

အသားဖြူရော်ရော်၊ နဖူးပြောင်နှင့် မြန်မာ၏ ဂေါ်ဘာချက်ဗ်
ဖြစ်သည့် ဦးသိန်းစိန်သည် ယခုအပတ် တိုင်းမ်မဂ္ဂဇင်း၏
အထူးပြုဖေါ်ပြရာ လူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
ရုရှားကား ၎င်း၏ ဒီမိုကရေစီသို့ သွားရာလမ်း၌ နှောင့်နှေးချိန်တွင် “ဘားမား” ဟု လူသိများသော မြန်မာသည်ကား ရုရှားနှင့်မတူ ကွဲပြားခြားနားသော ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနိုင်ခွင့်
ရှိနေသည်။

ဦးသိန်းစိန်သည် တစ်ခါက သြဇာကြီးသော ဒေါ်အောင်ဆန်း
စုကြည် အပါအ၀င် စစ်အစိုးရ၏ အညှာအတာကင်းမဲ့စွာ
ခြောက်လှန့်ခြင်း ခံခဲ့ရ သော မြန်မာ့အတိုက်အခံများကို စိတ်ဒေါသပြေစေခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာက နယူးယောက်မြို့တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေ
ညီလာခံ၌ မိန့်ခွန်း ပြောရာတွင် လည်း သူက ၎င်းကိုယ်တိုင်
ပါဝင်ခဲ့ဖူးသော စစ်အစိုးရ၏ အဏာရှင်ဆန်သည့် သဘော
သဘာဝကို အသိ အမှတ်ပြုဖေါ်ပြခဲ့ပြီး၊ ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုများအတွက် သူမ၏ ကြိုးပမ်းအားထုတ်
မှုများကြောင့် အမေရိကန်တွင် ဆုများ လက်ခံရရှိခြင်းအတွက် လည်း ဒေါ်စုကို ချီးကျူးဂုဏ်ပြုခဲ့သည်။

အောင်ဆန်းစုကြည်စတင် ကျော်ကြားလာခဲ့သည့် ၁၉၈၈ ဒီမို
ကရေစီရေး လှုပ်ရှားမှု ကြီးကို စစ်ဗိုလ်ချုပ် များက ကြမ်းတမ်းစွာ
ဖြိုခွဲခဲ့ပြီး၊ ဆန္ဒပြ သူရာနှင့်ချီ သတ်ဖြတ်မှုများ ဖြစ်ပြီးနောက်
ကျာင်းသားများ၊ ဘုန်းတော်ကြီးများ လည်း အိမ်နီးချင်းနိုင်ငံ
များသို့ ထွက်ပြေးခဲ့ကြရသည်။ ၎င်းနှင့် လုပ်ဖေါ်ကိုင်ဖက်
ဗိုလ်ချုပ်များက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမားများကို
ထောင်ချနေစဉ် ဦးသိန်းစိန်ကတော့ တချို့ကို တိတ်တဆိတ်ပင်
ပြန်လွှတ်ပေးခဲ့သည်။ “ဦးသိန်းစိန်ဟာ လူတော်တစ်ဦး မဟုတ်
ပေမယ့် ရိုးသားသူ တစ်ဦးပါ။ သူဟာ နိုင်ငံရေးသမား မဟုတ်ဘဲ တိုင်းပြည်ပြု ခေါင်းဆောင် statemanဖြစ်ပါတယ်” ဟု
ယခင်မြန်မာ့ရေတပ် အကြီးအကဲဟောင်း၊ ယခုအခါ သမ္မတရုံး ၏ ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးတစ်ဦးဖြစ်နေသူ ဦးစိုးသိန်းက ပြောကြားသည်။

တစ်ခါက ကြောက်စရာကောင်းသော အစိုးရတစ်ရပ်သည်
တိုင်းပြည်ကို ၂၀၀၈တွင်နာဂစ်မုန်တိုင်းက ပြင်းထန်စွာ တိုက်
ခတ်ခဲ့ပြီးနောက် စတင်အသွင်ပြောင်းလဲခဲ့သည်။ အစိုးရ၏ မုန်တိုင်းအပေါ်တုံ့ပြန် ဆောင်ရွက်မှုကို ဝေဖန်ခဲ့သော မြန်မာ
များမှာ ထောင်ဒဏ်ကျခံခဲ့ရသည်။ မုန်တိုင်းသင့်သည့် ထိုနယ်စွန် နယ်ဖျားက ရွာများသို့ ပြည်တွင်းနှင့် ပြည်ပမှ အထောက်အပံ့များ စတင်ရောက်ရှိချိန်တွင် နောက်ထပ် လူလုပ် အကျပ်အတည်း
တစ်ရပ်က တားမြစ်ခဲ့သည်။ သို့ပေမယ့် အစိုးရအပြောင်းအလဲကို ဆန့်ကျင်သော၊ ဒေါ်လာဘီလီယံနှင့်ချီ အကုန်ခံ တည်ဆောက်
ထားသော မြို့တော်သစ်နေပြည်တော်၌ပင် ဗိုလ်ချုပ်ကြီးများ၏ မုသားထဲ၌ပင် မြန်မာကို အုပ်စိုးထားသူများသည် အခြေအနေက
ရွေ့လျားပြောင်းလဲလာနေပြီ ဖြစ်ကြောင်း ခံစားမိလာခဲ့ကြသည်။

ယခုအခါ အသက် ၈၀ အရွယ်တန်းထဲရောက်နေသော စစ်အစိုးရ
ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ၎င်း၏ ဂုဏ်
သတင်း အမွေအနှစ်အတွက် ကျိန်းသေစိုးရိမ်ခဲ့မည်ဖြစ်သည်။
ယခင် စစ်အစိုးရ၏ ခေါင်းဆောင်များမှာလည်း အငြိမ်းစားယူကာ အနားယူသွားခဲ့ပြီ။ ဦးသိန်းစိန်၏ လက်ထောက်တစ်ဦးကလည်း “ဗိုလ်ချုပ်မှူးကြီးက သူ့နောက် ဆုံး နှစ်ကာလတွေကို နေအိမ်
အကျယ်ချူပ်နဲ့ မကုန်ဆုံးချင်ဘူး။ သူက သူ့ကို ဂုဏ်သိက္ခာရှိရှိ
ပျောက်ကွယ်စေဖို့ ဦးသိန်းစိန်က ကတိ ပေးထားတာကိုလည်း ယုံကြည်စိတ်ချခဲ့ပါတယ်”ဟု ပြောကြားသည်။ ဦးသိန်းစိန်ကလည်း
သူနှင့် သူ၏ အထက် လူကြီးဟောင်းသည် ပုံမှန်စကားပြော ဖြစ်ခြင်း မရှိကြောင်း တိုင်းမ်သို့ ပြောကြားခဲ့သည်။


၎င်း၏အာဏာပိုင်ဆိုင်ထားမှုအပေါ် ချီးမွမ်းမှုအာလုံး စုပုံထားမှု အတွက်ကြောင့် သမ္မတဦးသိန်းစိန်နှင့် မျက်နှာသစ် တိုင်းပြည်သစ်
ဖြစ်နေသော မြန်မာမှာ ထည့်သွင်းစဉ်းစားဖွယ်ရာ အခက်အခဲများ ကြုံနေရသည်။ အကယ်၍၎င်းသည် လက်ရှိအချိန်၏ လုံးဝလိုအပ် လျက်ရှိနေသော သူသာ ဖြစ်ခဲ့ပါမူ အောင်မြင်မှုမှာ အရေးတကြီး
ဆွေးနွေးစရာ ကိစ္စဖြစ်သည်။ သူသည် သူ့နှလုံးသားအတွက် ငြိမ်းချမ်းရေးသမား အသွင်ဝတ်စုံ ၀တ်ဆင်ထားသည်။ သမိုင်းက အပြောင်းအလဲကာလ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒီဇိုင်းဆင်ထားသော သူတစ်ဦး ဖြစ်နေသောသူသည် ကိုယ်တိုင်၏ အပြောင်းအလဲကို လက်ခံနိုင်လိမ့်မည်မဟုတ်သည့် အန္တရာယ်လည်း ရှိနေပါသည်။

အကယ်၍ မြန်မာသည် စစ်မှန်သောနိုင်ငံတကာ ထောက်ခံမှုကို
လိုချင်ပါက ဥပဒေသစ်များက ကတိပြုမှုနှင့် ထိုဥပဒေများက ယခုအထိ ပြဋ္ဌာန်း ပေးနေသော အရာတို့ ကြားက ကွက်လပ်
အပါအဝင် ကျိုးပျက်နေသော စီးပွားရေးကိုလည်း ပြန်လည် မ,တင်နိုင်ရပါမည်။ မြန်မာတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၁ ကနှင့် နှိုင်းယှဉ်လျှင် ၂၀၁၂၏ ပထမကိုးလတာအတွင်း
အမှန်တကယ် ကျဆင်းခဲ့သည်။ အစိုးရ၏ ခရိုနီများမှာ နိုင်ငံ၏ သဘာဝသံယံဇာတများကို ပျော်ပျော်ကြီးယူနေဆဲ၊ မြေယာများနှင့် လက်သိပ်ထိုးကန် ထရိုက်များကို သိမ်းပိုက်မိနေဆဲဖြစ်သည်။ လဘ်စားမှုပမာဏမှာ ကပ်ရောဂါဆိုးသဖွယ် ဖြစ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာတွင် လူဆိုးများက တရုတ်လက်နက်
ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနှင့် ဆက်နွယ်နေသော ကြေးနီ
မိုင်းတစ်ခုအား ဗုဒ္ဒဘာသာသံဃာတော်များက ဦးဆောင်
ဆန္ဒပြနေမှုကို ဖြိုခွဲခဲ့သည်။ ဤပုံစံမှာ စစ်အစိုးရ ခေတ်ကာလက
လုပ်နေကျ အကြမ်းဖက်နည်းနာပင် ဖြစ်သည်း။ (အစိုးရသည်
နောက်ပိုင်းတွင် ဖြိုခွဲခံရမှု၌ မီးလောင် ဒဏ်ရာရခဲ့သော ဆန္ဒ
ပြသူသံဃာများကို ပြန်လည်တောင်းပန်ခဲ့သည်။)

(မြန်မာအတွက်) အရေးအပါဆုံးနှင့် ရှင်သန်ဖြစ်တည်နေမှု
အရှိဆုံး စိန်ခေါ်မှုကား လူမျိုးစုများကြား အက်ကြောင်းပင်
ဖြစ်ကောင်းဖြစ်နိုင် သည်။ ယင်းကိစ္စမှာ ကိုလိနီခေတ် မြေပုံများပေါ် ဆွဲခဲ့သော မျဉ်းများထက်ပင် အတူတကွ စုစည်းမှုနည်းလှသည့်
နိုင်ငံတစ်ခုကို ခွဲခြမ်းထား စေ နိုင်သည်။ ဆယ်စုနှစ်များစွာ
တိုက်ခိုက်မှုနှင့် လူမျိုးစု အချင်းချင်း မယုံကြည်ရမှုတို့က
မြန်မာတွင် လူပေါင်းတစ်သန်းကျော်ကို နိုင်ငံမဲ့ သို့မဟုတ်
နေရာ ရွှေပြောင်းနေထိုင် ရသောသူများ ဖြစ်စေခဲ့သည်။ ယင်းမှ အပြင်းထန်ဆုံးဒေသမှာ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဖြစ်ပြီး၊ ထိုဒေသတွင် ဗုဒ္ဒဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာဟုခေါ်သော
နိုင်ငံမဲ့ မူဆလင်များ ရှိနေသည်။ ယခင်နှစ် ဇွန်လမှစ၍ ရခိုင်များနှင့် မူဆလင် များကြား ပဋိပက္ခများကြောင့် ပြည်နယ်တစ်လျှောက်
အနည်းဆုံး လူပေါင်း ၁၀၀ကျော်သေဆုံးခဲ့ရပြီး ဖြစ်သည်။ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ရပြီးဖြစ်သည်။

မြန်မာကို ၁၉၆၂တွင် အရပ်ဘက်အစိုးရထံမှ အာဏာသိမ်း
ယူကာ ထိန်းချုပ်ခဲ့သော ဗိုလ်ချုပ်များသည် သူတို့၏အုပ်စိုးမှုကို ဒုက္ခအများကြီး တွေ့အောင် မလုပ်ခဲ့ကြပါ။ သို့သော် စစ်အစိုးရ
အနေဖြင့် ပိုင်ဆိုင်ခဲ့သမျှ ဂုဏ်သတင်း အမွေအနှစ်မှာ ဤကွဲပြား
ခြားနားမှုစုံသော တိုင်းပြည်မှ ခွဲထွက်လိုသော အင်အားစုများကို တားမြစ်ထားနိုင်စွမ်းမှသာ လာပါသည်။ ဗြိတ်သျှကိုလိုနီလက်
အောက်မှ လွတ်မြောက်လာပြီးနောက် မြန်မာ မှာ တရားဝင် အသိအမှတ်ပြုထားသော တိုငးရင်းသားလူမျိုးစု ၁၃၅ မျိုးဖြင့် အဆင်အသွေးစုံ တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ (ရိုဟင်ဂျာ
များမှာမူ ထိုကဲ့သို့ တရားဝင် လူမျိုးအဖြစ် အသိအမှတ်ပြု
မခံခဲ့ရပေ။)

အာဏာရလာပြီးကတည်းကပင် ဦးသိန်းစိန်၏ အစိုးရသည်
အဓိက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၀စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
၎င်းအဖွဲ့များမှာ ကိုယ်ပိုင် အုပ် ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေ
ကြသော အဖွဲ့များဖြစ်သည်။ တစ်ခုထဲသော တိုက်ပွဲဝင်နေဆဲ
တိုင်းရင်းသား အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)သာ စစ်တိုက်နေဆဲ ဖြစ်သည်။ ကချင်ဒေသ
များတွင် ၂၀၁၁ ဇွန်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူရာပေါင်းများ စွာ သေဆုံးပြီး၊ လူ ၁၀၀,၀၀၀ (တစ်သိန်း)ခန့် နေရာရွေ့ပြောင်း
နထိုင်ခဲ့ ရကာ အများစုမှာ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု
မရကြပါ။ မကြာသေးမီ ရက်ပိုင်းအတွင်းကမူ မြန်မာစစ်တပ်သည် ကချင်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်က နောက်ထပ်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခြင်း သည် မြန်မာ၏ တိုင်းရင်းသား လူမျိုးစုဆိုင်ရာ ပြဿနာကို
ဖြေရှင်းရေး သော့ချက်ပင် ဖြစ်သည်ဟု ပြောကြားသည်။

ယခင်က ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး၊ ယခုအခါ တိုင်းရင်းသား
ရေးရာကိစ္စများ ကိုင်တွယ် နေသော ၀န်ကြီးဦးအောင်မင်းကလည်း
“ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်နဲ့မှသာ ငြိမ်းချမ်းရေး တည်တံ့အောင် ကျနော်တို့ လုပ်နိုင်မှာပါ”ဟု ပြောကြားသည်။ ၎င်းက လူနည်းစု လူမျိုးများအတွက် အာဏာခွဲဝေရေး အစ်ီအစဉ်များအကြောင်း
ဆွေးနွေးနေသည်။

လူနည်းစု တိုင်းရင်းသားများမှ အများစုမှာ သံယံဇာတကြွယ်ဝသော
နေရာများတွင် နေထိုင်နေကြ ပြီး ၎င်းတို့အနေဖြင့် ခေါင်းပုံဖြတ်
ခံနေရသည်ဟု မခံစားမိစေ ရန် အာမခံဖို့ လိုသည့် အစီအစဉ်များ အကြောင်း ပြောနေပါသည်။ ဦးအောင်မင်းက “သမ္မတကြီးက
ကိစ္စတွေ အများကြီးကို လုပ်ချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ သူက
စစ်တပ်ကို သုံးတယ်ဆိုတာ ပဋိပက္ခကို ဖြေရှင်းဖို့ နောက်ဆုံးနေရာ
မှာသာ ဖြစ်သင့်တယ်လို့ နားလည်ထားပါ တယ်”ဟု ပြောကြားသည်။

တစ်ခါတစ်လေတွင်တော့ ပြုပြင်ပြောင်းလဲရေးသမားများသည်သာ ဆက်သွားနေဖို့  ဆန္ဒရှိပုံပေါ်ကြသည်။ မြန်မာစစ်တပ်၏ ကချင်ကို ဗုံးကြဲတိုက်ခိုက်မှုက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူမည်ဟု ပြောထားသည့် ဦးသိန်းစိန်၏ ကြုံးဝါးမှုကို ဖျက်ဆီးနေသည်။

ဤအတွင်း ၎င်း၏ ရခိုင်အရေးကိစ္စအပေါ် တုံ့ပြန်မှုသည်လည်း မဆိုစလောက်သာ အကောာင်းဆုံးဖြစ်ခဲ့ရသည်။ ပထမတွင်
၎င်းသည် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့သင့်ကြောင်း ညွှန်ပြတော့မည့်ပုံပေါ်သည်။ ရိုဟင်ဂျာဆိုသူများမှာ ဘင်္ဂါလီ
ရွှေ့ပြောင်းဝင်ရောက်လာ သူများသာ ဖြစ်ကြောင်းငြင်းဆိုထားသည်။ (ဘင်္ဂလားဒေရှ်မှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း သောင်းဂဏန်းကျော်ကို လက်ခံထားရှိပေးထားပြီး၊ နောက်ထပ်လူများကို လက်ခံရန် ငြင်းဆိုထား ခဲ့သည်။)

တိုင်းမ်မဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဦးသိန်းစိန်
စိတ်တိုသွားသည့်ပုံ ပေါ်သည့် တစ်ခုထဲသော အချိန်မှာ တိုင်းမ်က
၎င်းကို ရိုဟင်ဂျာများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ဖိမေးသော အချိန်ဖြစ်သည်။ သူက “နောက်ထပ်မေးခွန်း ဆက်မေးပါ” ဟု
ပြောကြားခဲ့သည်။

ကိုယဉ်

Ref: The Regine’s Inner Reformist : Can Thein Sein Change Burma. / Time/

ယခုဆောင်းပါးကို မူရင်း ရေးသားသူ ဟန်နာဘိခ်ျ Hanna Beech မှာ တိုင်းမ်မဂ္ဂဇင်း၏ အရှေ့အာရှရေးရာ သတင်းထောက်နှင့် ဘေဂျင်း အခြေစိုက် တိုင်းမ်၏ တရုတ်ဗြူရို အကြီးအကဲ အဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။

အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခုအခါ မြန်မာအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများလည်း
ရုပ်သိမ်း ခဲ့ပြီးနောက် အနောက်တိုင်းစီးပွားရေးလုပ်ငန်းများ
သည်လည်း ကမ္ဘာ၏ အသစ်လွင်ဆုံး စီးပွားရေးမျက်နှာစာ
ဖြစ်သည့် မြန်မာသို့ အပြေးအလွှား ဝင်လာနေကြသည်။

ဤပြဇာတ်ဆန်သည့် နိုင်ငံရေး ရာသီဥတု အပြောင်းအလဲမှာ
တစ်ခါက တိုင်းပြည်ကို အုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး၊ ယင်းပြုပြင် ပြောင်းလဲရေးသမားများထဲမှ ခေါင်းဆောင်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်တော့သည်။

“ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်”


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ယခုလ ၁၇ ရက်နေ့ည ၁၁ နာရီခန့်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုရှိ ၎င်း၏အိပ်ခန်းအတွင်း ပြတင်းပေါက်သံတန်းတွင် ပုဆိုးအား အသုံးပြု ၍ ခြေထောက်နှင့် ကြမ်းပြင်တစ်လက်မခန့် လွတ်လျက် သေဆုံးနေခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ကြွေးကျန်များ ဖယ်ရှားရေး အိုင်အမ်အက်ဖ်၏ အကူအညီ မြန်မာ တောင်းခံထား

Photo: ကြွေးကျန်များ ဖယ်ရှားရေး အိုင်အမ်အက်ဖ်၏ အကူအညီ
မြန်မာ တောင်းခံထား

ဝါရှင်တန်။ ဇန်န၀ါရီ ၁၈။

မြန်မာအစိုးရသည် ၎င်း၏စီးပွားရေး ပေါ်လစီများချမှတ်ရာတွင်
ပြုပြင်ပြောင်းလဲရေးများ လုပ်ရာနှင့် ကြွေးကျန်များ ဖယ်ရှားရာတွင် အကူအညီပေးနိုင်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်
အက်ဖ်)၏ စောင့်ကြည့်ရေး အစီအစဉ်တစ်ခုကို တောင်းဆိုထားကြောင်း သိရသည်။

အိုင်အမ်အက်ဖ်ကလည်း မြန်မာသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင်
၎င်းတို့ထံမှ ယင်းအစီအစဉ်အတွက် အကူအညီတောင်းခဲ့ကြောင်း
ဆိုသည်။

မြန်မာသည် ၂၀၁၁ မှစ၍ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ပြီး အိုင်အမ်အက်ဖ်ကလည်း နိုင်ငံ၏အပြောင်းအလဲတွင် လွတ်လပ်
သော ဈေးကွက်စီးပွားရေးအတွက် အချိန်ယူရမည်ဖြစ်ကြောင်း သတိပေးထားသည်။

သို့သော်မြန်မာ့ စီးပွားရေးမှာ ၂၀၁၂ တွင် တိုးတက်မှုနှုန်း ၆
ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ လာမည့်နှစ်အနည်းငယ်အတွင်း အိုင်အမ်အက်ဖ်က ခန့် မှန်းသည်။ ယင်းအပြင် ၂၀၁၄-၁၅
ဘဏ္ဍာရေးနှစ်တွင် ဓါတ်ငွေ့တင်ပို့မှု တိုးတက်မည်ဟု ဆိုသည်။

အဖွဲ့ က မြန်မာသည် ဆပ်ရန်အကြွေးကျန်များ ရှိနေ၍ ယင်းကိစ္စပြေလည်အောင် ဖြေရှင်းရေးမှာ အရေးကြီးနေကြောင်း
ပြောကြားသည်။

“သူတို့က မြီရှင်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရဖို့ အိုင်အမ်
အက်ဖ်က ချပေးတဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ချင်နေ တာပါ”ဟု
အဖွဲ့ က ဆိုသည်။

မြန်မာနိုင်ငံ၏ မြီရှင်နိုင်ငံများတွင် ဂျပန်သည် ယခုအခါ ကြွေးမြီ
ယန်း ၅၀၀ ဘီလီယံမှ တစ်စိတ်တစ်ပိုင်းကို လျှော့ချပေးသွားရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

မြန်မာသည် ကမ္ဘာ့ဘဏ်သို့ ပေးသွင်းရန်ကြွေးကျန် ဒေါ်လာ
သန်း၄၀၀ နီးပါးနှင့် အာရှဖွံ ဖြိုးရေးဘဏ်သို့ သန်း ၅၀၀ နီးပါး
ပေးရန် ရှိနေသေးသည်ဟု သိရသည်။

အိုင်အမ်အက်ဖ်က မြန်မာရင်ဆိုင်နေရသော ပြည်တွင်းအခက်
အခဲမှာ လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် စွမ်းဆောင်ရည်ချို့တဲ့မှု အခက်အခဲဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် ပဋ္ဋိပက္ခဖြစ်နေမှုမှာလည်း ရင်းနှီး မြုပ်နှံသူများ
အတွက် ယုံကြည်မှုကျဆင်းစေနိုင်ကြောင်း ဆိုထားသည်။

Ref: Reuters

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာအစိုးရသည် ၎င်း၏စီးပွားရေး ပေါ်လစီများချမှတ်ရာတွင်
ပြုပြင်ပြောင်းလဲရေးများ လုပ်ရာနှင့် ကြွေးကျန်များ ဖယ်ရှားရာတွင် အကူအညီပေးနိုင်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်
အက်ဖ်)၏ စောင့်ကြည့်ရေး အစီအစဉ်တစ်ခုကို တောင်းဆိုထားကြောင်း သိရသည်။

အိုင်အမ်အက်ဖ်ကလည်း မြန်မာသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင်
၎င်းတို့ထံမှ ယင်းအစီအစဉ်အတွက် အကူအညီတောင်းခဲ့ကြောင်း
ဆိုသည်။

မြန်မာ နိုင်ငံ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် များ မြှုပ်နှံ ခဲ့ခြင်း မရှိ

Photo: မြန်မာ နိုင်ငံ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် များ မြှုပ်နှံ ခဲ့ခြင်း မရှိ
..................................................................................

ဒုတိယ ကမ္ဘာစစ် ပြီး ကာလ မြန်မာနိုင်ငံတွင်း စပစ်ဖိုင်းယား လေယာဉ်များ မြှုပ်နှံ ခဲ့သည် ဟု သတင်းများ ထွက်ပေါ် နေခြင်းကြောင့် တူးဖော် ရှာဖွေမူများ ပြုလုပ် နေသော်လည်း လက်ရှိ တူးဖော် နေသည့် နေရာ များတွင် တိုက်လေယာဉ်များ မြှုပ်နှံ ထားခြင်း မရှိဟု ဘူမိဗေဒ ပညာရှင်များ ပြောကြားချက် ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

စစ်ပြီး ကာလ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် ၁၂၄ စီးကို မြန်မာ နိုင်ငံတွင် မြှုပ်နှံ ခဲ့သည် ဟု သတင်းများ အရ တူးဖော်မှုများ ပြုလုပ် ခဲ့ရာ လက်ရှိ တူးဖော် ရရှိထားသည့် အချက်အလက် များက တိုက်လေယာဉ် များ မြှုပ်နှံခဲ့ခြင်း မရှိသည်ကို ညွန်ပြ နေကြောင်း ဘူမိ ဗေဒ ပညာရှင် များက ပြောကြား သွားသည်။ အဆိုပါ တိုက်လေယာဉ် အမျိုးအစား သည် ဒုတိယကမ္ဘာစစ် ဗြိတိန် တိုက်ပွဲ ကာလ အတွင်း လန်ဒန် မြို့တော်ကို ဂျာမန် လေတပ် ရန်မှ ကာကွယ် ပေးခဲ့ သော တိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။

စစ် လေယာဉ်များ တူးဖော် နိုင်ရန် ဘဏ္ဍာရေး ထောက်ပံ့ ပေးသော ဘီလာရုလ်ဂိမ်း ကုမ္ပဏီ ကလည်း မည်သည့် လေယာဉ်မျှ ရှာဖွေ့ တွေ့ရှိခြင်း မရှိကြောင်း သတင်း ထုတ်ပြန် သွားသည်။ သိုရာတွင် မိမိတို့ နေရာ မှားယွင်း ရှာဖွေမိခြင်းလည်း ဖြစ်နိုင်ကြောင်း တူးဖော်ရေး စီမံကိန်း ခေါင်းဆောင် ဒေးဗစ် ကန်ဒဲ က ပြောကြား သွားသည်။ ရန်ကုန် လေယာဉ်ကွင်း နှင့် အခြားသော နေရာ များတွင် တိုက် လေယာဉ်များ မြှုပ်နှံ ထားရှိသည်ဟု မိမိ ယုံကြည် ကြောင်း ၎င်းက ပြောကြား သွားသည်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံး ခါနီး ၁၉၄၅ ခုနစ်၌ အသုံး မပြုရ သေးသည့် စပစ်ဖိုင်းယား တိုက်လေယာဉ် ၁၂၄ စီးကို မြန်မာ နိုင်ငံတွင်း မြှုပ်နှံ ထားရှိရန် အရှေ့တောင် အာရှ မဟာမိတ် စစ်ဦးစီးချုပ် ဖြစ်သူ လော့မောင့်ဘတ်တန်က အမိန့် ပေး စေခိုင်း ခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြ ထားသည်။


အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဒုတိယ ကမ္ဘာစစ် ပြီး ကာလ မြန်မာနိုင်ငံတွင်း စပစ်ဖိုင်းယား လေယာဉ်များ မြှုပ်နှံ ခဲ့သည် ဟု သတင်းများ ထွက်ပေါ် နေခြင်းကြောင့် တူးဖော် ရှာဖွေမူများ ပြုလုပ် နေသော်လည်း လက်ရှိ တူးဖော် နေသည့် နေရာ များတွင် တိုက်လေယာဉ်များ မြှုပ်နှံ ထားခြင်း မရှိဟု ဘူမိဗေဒ ပညာရှင်များ ပြောကြားချက် ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

စစ်ပြီး ကာလ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် ၁၂၄ စီးကို မြန်မာ နိုင်ငံတွင် မြှုပ်နှံ ခဲ့သည် ဟု သတင်းများ အရ တူးဖော်မှုများ ပြုလုပ် ခဲ့ရာ လက်ရှိ တူးဖော် ရရှိထားသည့် အချက်အလက် များက တိုက်လေယာဉ် များ မြှုပ်နှံခဲ့ခြင်း မရှိသည်ကို ညွန်ပြ နေကြောင်း ဘူမိ ဗေဒ ပညာရှင် များက ပြောကြား သွားသည်။ အဆိုပါ တိုက်လေယာဉ် အမျိုးအစား သည် ဒုတိယကမ္ဘာစစ် ဗြိတိန် တိုက်ပွဲ ကာလ အတွင်း လန်ဒန် မြို့တော်ကို ဂျာမန် လေတပ် ရန်မှ ကာကွယ် ပေးခဲ့ သော တိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။

ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ငါးစီးအား ဖမ်းဆီးသိမ်းဆည်းထားပြီး အရေးယူရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထား

Photo: 
ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ငါးစီးအား ဖမ်းဆီးသိမ်းဆည်းထားပြီး အရေးယူရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထား 

Thursday, 17 January 2013 23:57

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း  စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို ဖမ်းဆီးသိမ်းဆည်းထားပြီး အရေးယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စည်းကမ်းမဲ့မောင်းနှင်ခဲ့သည့် ပြိုင်ကားငါးစီးကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း  စည်းကမ်းမဲ့စွာ ပြိုင်မောင်းနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။                

ဇန်န၀ါရီလ ၁၃ရက် ညပိုင်း က ပြည်သူ့ရင်ပြင်အတွင်း  စည်းကမ်းမဲ့ ပြိုင်မောင်းနေသည့် ယာဉ် ၁၃စီးအနက်မှ ငါးစီးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးက '' အခုလို စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့တဲ့ ပြိုင်ကားငါးစီးကို ထိန်းသိမ်းထားပါတယ်။ဘယ်လိုနည်းလမ်းမျိုးနဲ့ အရေးယူ အပြစ်ပေးမယ် ဆိုတာကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။အဲဒီ မှတ်ချက်ပေါ် မူတည်ပြီးတော့ ဆောင် ရွက်သွားမှာပါ''ဟု ပြောကြားခဲ့ပါသည်။                    

အဆိုပါ ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ ထိန်းသိမ်းထားကြောင်း သိရသည်။ဖမ်းဆီး သိမ်းဆည်းခဲ့သည့် ပြိုင်ကား အမျိုးအစားများမှာ ၉က/၄--- Toyota Supra အနက်ရောင်၊၉ဃ/၂--- Nissan Skyline အနက်ရောင်၊၄င/၄--- Nissan Skyline အဖြူရောင်၊၁င/၃--- Nissan Skyline အဖြူရောင်နှင့် ၂ဃ/၉--- Subaru အပြာရောင် ယာဉ်တို့ ဖြစ်ကြောင်း သိရသည်။            

အဆိုပါယာဉ်များအားလုံး၏ မှန်များမှာ စတေကာများ တပ်ဆင် ထားပြီး ယာဉ်မောင်းများမှာ အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း ရှိသူများ ဖြစ်ကြောင်း သတင်းရရှိသည်။ ဖမ်းစီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်းယှဉ် ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ခဲ့ဘဲ Drift မောင်းယှဉ်ပြိုင်သည့် ယာဉ်နှစ်စီးမှာ ၄ဂ/၃၂-- နံပါတ်ပြားတပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅-- နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက် နံပါတ်ပြားတစ်ခုသာပါရှိပြီး ရှေ့နံပါတ်ပြားမပါရှိဘဲ အနက်ရောင်ကားတို့ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။            

စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့်  ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် ပတ်သက်သူများနှင့် နီးစပ်သူများ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။             

၂၀၁၂ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အုပ်စုလိုက် ကားပြိုင်မောင်းပြီး ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များ၊အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို ဖမ်းဆီးသိမ်းဆည်းထားပြီး အရေးယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စည်းကမ်းမဲ့မောင်းနှင်ခဲ့သည့် ပြိုင်ကားငါးစီးကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့စွာ ပြိုင်မောင်းနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားရုံးမှ အပြစ်မရှိဟု စီရင်ချက်ချလိုက်သော်လည်း ရဲများက ဆက်လက်ဖမ်းဆီးထား

Photo: တရားရုံးမှ အပြစ်မရှိဟု စီရင်ချက်ချလိုက်သော်လည်း ရဲများက ဆက်လက်ဖမ်းဆီးထား

Written by မိုးဇော်	    Friday, 18 January 2013 12:12   
			
ရခိုင်ပြည် မင်းပြားမြို့တွင် ပုဒ်မ ၃၆၇ လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသူ ဦးမောင်ဖြူထွန်းအား ဇန္နဝါရီလ(၁၇)ရက်နေ့တွင် တရားရုံးမှ စုံစမ်းစစ်ဆေးပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်စီရင်ချက်ချ လိုက်သော်လည်း ရဲများကလဒ်ငွေမရ၍ ဆက်လက်ဖမ်းဆီးထားခဲ့ကြောင်း သတင်းရရှိသည်။

ဦးမောင်ဖြူထွန်းက ရဲအားလဒ်ငွေမပေး၍ ဆက်လက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို " အဖေကို မင်းပြားမြို့တရားရုံးက မနေ့ နေ့လည်(၁)နာရီခွဲမှာ အပြစ်မရှိဘူးဆိုပြီး စီရင်ချက်ချ လိုက်တယ်။ အပြစ်မရှိဘူးလို့ စီရင်ချက်ချလိုက်တာနဲ့ မင်းပြားရဲစခန်းမှ CRO( မှုခင်မှတ်တမ်း) တာဝန်ခံအရာရှိ ဒုရဲမှူးအောင်ထွန်းသာက ဂတ်စာရေးကို ၁၀၀၀၀ ကျပ်၊ လုံခြုံရေးကို ၅၀၀၀ ဆိုပြီးတော့ ငွေလာတောင်းတယ်။ ငွေမပေးနိုင်ဘူးဆိုတာနဲ့ အဖေကို လက်ထိတ်ခတ် ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ အချုပ်ထဲမှာ ထည့်ထားပါတယ်။ " ဟု သားဖြစ်သူ ကိုအောင်နိုင်သူက ပြောသည်။

ဦးမောင်ဖြူထွန်းအား ရဲစခန်းတွင် ၄ နာရီကြာချုပ်နှောင်ထားပြီး ဂတ်စာရေးထံ ငွေ ၅၀၀၀ ကျပ်ပေးပြီးမှ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပြန်လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရှိရသည်။

ထိုသို့ ဥပဒေမဲ့ ရဲများ၏ စိတ်ထင်ရာလုပ်ဆောင်နေခြင်းများအား အထက်အာဏာပိုင်များအနေဖြင့် လေ့လာစုံစမ်းကြီးကြပ်ပေးရန်လိုအပ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၏ မဏ္ဍိုင်ဖြစ်ကြောင်း အငြိမ်းစားရှေ့နေတစ်ဦးက ပြောကြားသည်။

" နိုင်ငံတော်က ပြဌာန်းထားတဲ့ တရားဥပဒေအရဆိုရင် တရားရုံးက အပြစ်မရှိဟု စီရင်ဆုံးဖြတ်ပြီးတာနဲ့ တရားခံကို ဖမ်းဆီးချုပ်နှောင်ထားပိုင်ခွင့်မရှိတော့ဘူး။ အခုက တရားသူကြီးက အပြစ်မရှိလို့ စီရင်ချက် ချလိုက်တယ်၊ အဲဒါကို လွှတ်မပေးဘဲ ရဲတွေက လက်ထိတ်ခတ်ပြီးတော့ ရဲစခန်းကို ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အခုလိုမျိုးဖြစ်ပျက်နေတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး မရှိသေးတာကိုဖော်ပြနေတာဘဲ။ " ဟု အဆိုပါရှေ့နယ်က ဆက်လက် ပြောသည်။

အေးချမ်းမွန်မှ  Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရခိုင်ပြည် မင်းပြားမြို့တွင် ပုဒ်မ ၃၆၇ လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသူ ဦးမောင်ဖြူထွန်းအား ဇန္နဝါရီလ(၁၇)ရက်နေ့တွင် တရားရုံးမှ စုံစမ်းစစ်ဆေးပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်စီရင်ချက်ချ လိုက်သော်လည်း ရဲများကလဒ်ငွေမရ၍ ဆက်လက်ဖမ်းဆီးထားခဲ့ကြောင်း သတင်းရရှိသည်။

ဦးမောင်ဖြူထွန်းက ရဲအားလဒ်ငွေမပေး၍ ဆက်လက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို " အဖေကို မင်းပြားမြို့တရားရုံးက မနေ့ နေ့လည်(၁)နာရီခွဲမှာ အပြစ်မရှိဘူးဆိုပြီး စီရင်ချက်ချ လိုက်တယ်။ အပြစ်မရှိဘူးလို့ စီရင်ချက်ချလိုက်တာနဲ့ မင်းပြားရဲစခန်းမှ CRO( မှုခင်မှတ်တမ်း) တာဝန်ခံအရာရှိ ဒုရဲမှူးအောင်ထွန်းသာက ဂတ်စာရေးကို ၁၀၀၀၀ ကျပ်၊ လုံခြုံရေးကို ၅၀၀၀ ဆိုပြီးတော့ ငွေလာတောင်းတယ်။ ငွေမပေးနိုင်ဘူးဆိုတာနဲ့ အဖေကို လက်ထိတ်ခတ် ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ အချုပ်ထဲမှာ ထည့်ထားပါတယ်။ " ဟု သားဖြစ်သူ ကိုအောင်နိုင်သူက ပြောသည်။

လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ

Photo: လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ

ဖနိဒါ	 | သောကြာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၁၇ မိနစ်   

ချင်းမိုင်(မဇ္စျိမ)။      ။ အစိုးရတပ်နှင့် KIO အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမို နီးကပ်ကြားလာရသဖြင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ရန် နေရာ မရှိသဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရ
သည်ဟု  KIO မှ စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုင်ဇာရှိ ဒုက္ခသည် စခန်းတခုအနီး စစ်ဘေးရှောင် ဒုက္ခသည်များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်စံလင်း၊ မဇ္ဈိမ)  လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ်
ကျေးရွာအနီးတွင်လည်း မြေပြင်တိုက်ပွဲများ ၄ ရက်ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် အခြားကျေးရွာတရွာဖြစ်သည့် လ၀ါယန်ကျေးရွာအနီးတွင်မူ မြေပြင်
တိုက်ပွဲများသာမက အစိုးရ စစ်တိုက်လေယာဉ်များပါ ယမန်နေ့ညပိုင်းက ကူညီပစ်ခတ်ပေးခဲ့သည်ဟု ဦးဒွဲပီဆားက
ပြောသည်။

“တိုက်ပွဲပြင်းထန်နေလို့ သတိနဲ့ နေနေရတယ်။ ကျနော်တို့က မပြောင်းရွှေ့အောင် လုပ်နေတာ။ အစိုးရဘက်က လဂျားယန် လုန်ရောတ်ဆိုတဲ့ သူတို့စခန်းကနေ ဒီကျနော်တို့ဘက် မနေ့က ကတည်းက ထိုးစစ်ဆင်နေတယ်။ နောက် ခရာဘွမ်ဘက်တော့ ၄ ရက်ရှိပြီ လေကြောင်းနဲ့ နေ့တိုင်းပစ်ကူ
နေတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

သူက ဆက်ပြီး “တိုက်ပွဲ ပြင်းထန်လာရင်တော့ ခုနေနေတဲ့ လိုင်ဇာမှာ ဆက်နေနိုင်မလား၊ မနေနိုင်တော့ဘူးလား၊ ဒီနေရာမှာ မနေရတော့ဘူး ဆိုရင် ကျနော်တို့အတွက် ပိုပြီး ခက်ခဲလာမယ်။ ပိုပြီး စိုးရိမ်စရာ ဖြစ်လာမှာကို စိုးရိမ်နေ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် ယမန်နေ့ည ၁၁ နာရီထိ လက်နက်ကြီးသံများကြောင့် လိုင်ဇာမြို့နေအိမ်များပင် တုန်ခါမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမိုနီးကပ်လာ သကဲ့သို့ ကြားရသဖြင့် စစ်ပြေးဒုက္ခသည်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

“မနေ့က ပိုဆိုးနေတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ လဝါယန်အနီးမှာ အစိုးရ စစ်သားတချို့ ညှပ်မိတယ်၊
ကေအိုင်အေဘက်က ပြန်တိုက်နေတယ်။  ခရာဘွမ်ဘက်၊ လဂျားယန်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ခုလည်း အသံကြားနေရတယ်။ ဒီမှာရှိတဲ့လူတွေက တရုန်းရုန်းဖြစ်နေပြီး တချို့လူတွေ ဒီမှာ နေလို့ မရတော့ဘူး ထင်တယ်ဆိုပြီး ကြောက်နေကြတယ်”ဟု အဆိုပါ လိုင်ဇာမြို့ခံက မဇ္စျိမကို ပြောသည်။

တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့ အနီးအနားရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်
များ ထပ်မံ တိုးမြင့်လာသဖြင့် KIO နယ်မြေ တရုတ်-မြန်မာနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည်ပေါင်း ၇ သောင်း
ခန့် ရှိနေပြီဟု ခန့်မှန်းထားသည်ဟု စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြော
သည်။

ထိုပြင် ယခင်က လိုင်ဇာမြို့သို့ လာရောက် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်ပေါင်း ၁၄,၀၀၀ ရှိ ရာမှ ယခု လိုင်ဇာ
မြို့ခံ ၆၀၀၀ ကျော်ကိုလည်း ဇန်နဝါရီလမှစတင်၍ စစ်ပြေးဒုက္ခသည်များအဖြစ် ကူညီထောက်ပံ့ပေးနေရသည်ဟု သူက ဆက်ပြောသည်။

“လိုင်ဇာကို လက်နက်ကြီး ကျရောက်လို့ လူတွေ သေရလို့ အဲဒီမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်စခန်းဘက်
ပြောင်းရွှေ့လိုက်တယ်။ လိုင်ဇာမြို့ခံတွေကလည်း တခြားနေရာ မထွက်ပြေးရပေမဲ့ အသက်မွေးဝမ်းကြောင်း မလုပ်နိုင်တော့လို့ စစ်ပြေးဒုက္ခသည် စာရင်းထဲထည့်ပြီး ဒုက္ခသည်လို ထောက်ပံ့ပေးနေရတယ်”ဟု သူက မဇ္စျိမကို
ပြောသည်။ ယခုလ ၁၄ ရက်နေ့က လိုင်ဇာမြို့ပေါ် လက်နက်ကြီး ကျရောက်၍ ဒေသခံ လူ သုံးဦးသေဆုံးခဲ့သည်။

ထို့ပြင် လိုင်ဇာမြို့ပေါ်ရှိ အထက်တန်းကျောင်း တကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း တကျောင်း တို့အား ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှ ယနေ့ထိ ပိတ်ထားလိုက်ရသဖြင့် ကျောင်းသူ၊ ကျောင်းသား
ပေါင်း ၂၄၀၀ ခန့် ကျောင်းတက်နိုင်ခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် ကက်သလစ်အသင်းတော်မှ ဂရုနာအဖွဲ့
တို့က ပုံမှန်ကူညီထောက်ပံ့ ပေးနေသော်လည်း ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်လာသဖြင့် တခြားအလှူရှင်
များ လာရောက် ကူညီမှုများ လျော့နည်းသွားသည်ဟု ဆိုသည်။

အေးချမ်းမွန်မှ  Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ချင်းမိုင်(မဇ္စျိမ)။ ။ အစိုးရတပ်နှင့် KIO အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမို နီးကပ်ကြားလာရသဖြင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ရန် နေရာ မရှိသဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရ
သည်ဟု KIO မှ စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုင်ဇာရှိ ဒုက္ခသည် စခန်းတခုအနီး စစ်ဘေးရှောင် ဒုက္ခသည်များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်စံလင်း၊ မဇ္ဈိမ) လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ်
ကျေးရွာအနီးတွင်လည်း မြေပြင်တိုက်ပွဲများ ၄ ရက်ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် အခြားကျေးရွာတရွာဖြစ်သည့် လ၀ါယန်ကျေးရွာအနီးတွင်မူ မြေပြင်
တိုက်ပွဲများသာမက အစိုးရ စစ်တိုက်လေယာဉ်များပါ ယမန်နေ့ညပိုင်းက ကူညီပစ်ခတ်ပေးခဲ့သည်ဟု ဦးဒွဲပီဆားကပြောသည်။

နိုင်ငံတော်သို့ အိတ်ဖွင့်ပေးစာ

Photo: နိုင်ငံတော်သို့ အိတ်ဖွင့်ပေးစာ

January 18, 2013Home, သတင်း 

ကျွန်တော်သည်လျှပ်စစ်စွမ်း အားဝန်ကြီးဌာနရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့  အင်/ယာဌာန၀န်ထမ်းတစ်ဦးဖြစ် ပါသည်။ ယခုကျွန်တော်တင်ပြလို သည်မှာ ဌာနဆိုင်ရာမှအရာရှိဆိုး  အချို့တို့သည် မင်းတို့ကိုငါတို့ဌာန တွင် အလုပ်လာလုပ်ပါအလုပ်ခန့်  ပါ့မယ်ဟု ဘယ်သူမှ ပြော၍ခေါ် ခြင်းမဟုတ်ကိုယ့်သဘောနှင့် ကိုယ်အလုပ်လာလျှောက်၍ လုပ် သောသူများဖြစ်ကြောင်း ပြောလေ့  ရှိပြီး ၀န်ထမ်းများ၏အခက်အခဲ များကို တင်ပြလျှင်လည်းရသည့် လစာနှင့် မလောက်ငှလျှင် အလုပ်  ထွက်ပါဟုအမြဲတမ်းပြောဆိုခြင်း  ကို ခံကြရပါသည်။ ကျွန်တော် သည် လစာရင်း (၅၀၀၀၀) ကျော်  နှင့် နိုင်ငံတော်မှ ထပ်မံထောက်ပံ့ ကြေး (၃၀၀၀၀) ပေါင်း (၈၀၀၀၀) ကျော်ရသော ၀န်ထမ်းတစ်ဦးဖြစ်  ပါသည်။ သို့သော်၎င်းလစာ (၈၀၀၀၀) ကျော်ဖြင့် ကျွန်တော်  ၏မိသားစု (၄) ယောက်မှာ လစဉ်  မလောက်ငှပါ။ ထို့အတွက် တစ်ခါ   တစ်ရံတွင် မိသားစုစားဝတ်နေရေး  ပြေလည်စေရန်အတွက် ၀န်ထမ်း စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ကာ အပိုဝင်ငွေရှာ၍ နေထိုင်စားသောက်ခဲ့ရသော အကြိမ်များရှိခဲ့ပါသည်။ ကျွန်တော်  တင်ပြလိုသည်မှာ နိုင်ငံတော်မှ ပေးသည့်လစာဖြင့်မလောက်ငှ၍ ကျွန်တော့်လိုလုပ်သောဝန်ထမ်း များရှိမည်ဟု ထင်ပါသည်။ တော် တော်များများပင်ရှိမည်ဟု လည်းယုံကြည်ပါသည်။ ထို့ကြောင့်နိုင်ငံတော်မှ ၀န်ထမ်း များကို လောက်ငှစွာလစဉ်ထောက်  ပံ့ပေးမည်ဆိုပါက အဂတိလိုက် စားမှု၊ လာဘ်စားမှု၊ နိုင်ငံတော်မှ   စိုးရိမ်ပူပန်၍ ပြဿနာတစ်ခုသဖွယ်  ရင်ဆိုင်နေရခြင်းအား လျော့နည်း  သွားမည်ဟုယုံကြည်မိပါသဖြင့် ယခုကဲ့သို့ရေးသားတင်ပြလိုက်ရ ခြင်းဖြစ်ပါသည်။
ကိုယ်ချင်းစာတရားဆိုသည် မှာ အများအားဖြင့် ကိုယ်တိုင်ခံစား  ဖူးမှသိမည်ဟု ယုံကြည်မိပါသဖြင့်   ကျွန်တော်ကဲ့သို့ ၀န်ထမ်းလစာ (၈၀၀၀၀) ကျော်ဖြင့် မိသားစု(၄)  ယောက်လစဉ်စားလောက်သည့် ၀န်ထမ်းရှိပါက တစ်သက်လုံး ကျွန်တော်လာရောက်၍ ကျွန်ခံ အလုပ်အကြွေးပြုပါမည်ဟု ကတိသစ္စာပြုရင်းနိုင်ငံတော်အား အုပ်ချုပ်နေသော လူကြီးမင်းများ အား အပြုသဘောဆောင်၍ ရေးသားတင်ပြအစီအစဉ်ရင်ခံအပ် ပါသည်။

မေဒေး

အေးချမ်းမွန်မျှThe Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကျွန်တော်သည်လျှပ်စစ်စွမ်း အားဝန်ကြီးဌာနရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်/ယာဌာန၀န်ထမ်းတစ်ဦးဖြစ် ပါသည်။ ယခုကျွန်တော်တင်ပြလို သည်မှာ ဌာနဆိုင်ရာမှအရာရှိဆိုး အချို့တို့သည် မင်းတို့ကိုငါတို့ဌာန တွင် အလုပ်လာလုပ်ပါအလုပ်ခန့် ပါ့မယ်ဟု ဘယ်သူမှ ပြော၍ခေါ် ခြင်းမဟုတ်ကိုယ့်သဘောနှင့် ကိုယ်အလုပ်လာလျှောက်၍ လုပ် သောသူများဖြစ်ကြောင်း ပြောလေ့ ရှိပြီး ၀န်ထမ်းများ၏အခက်အခဲ များကို တင်ပြလျှင်လည်းရသည့် လစာနှင့် မလောက်ငှလျှင် အလုပ် ထွက်ပါဟုအမြဲတမ်းပြောဆိုခြင်း ကို ခံကြရပါသည်။ ကျွန်တော် သည် လစာရင်း (၅၀၀၀၀) ကျော် နှင့် နိုင်ငံတော်မှ ထပ်မံထောက်ပံ့ ကြေး (၃၀၀၀၀) ပေါင်း (၈၀၀၀၀) ကျော်ရသော ၀န်ထမ်းတစ်ဦးဖြစ် ပါသည်။

လိုင်ဇာ အနီးတစ်ဝိုက်ရှိ တိုက်ပွဲများ ဖေဖော်ဝါရီလ မကုန်မီ အပြီးသတ်ဖွယ်ရှိ

Photo: လိုင်ဇာ အနီးတစ်ဝိုက်ရှိ တိုက်ပွဲများ ဖေဖော်ဝါရီလ မကုန်မီ အပြီးသတ်ဖွယ်ရှိ


လဂျားယန်ဒေသသို့ ရိက္ခာပို့နှင့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် ကေအိုင်အေတပ်များ ဆုတ်ခွာပေးဖို့ အကြောင်းကြားခဲ့သော်လည်း ရိက္ခာပို့ သည့် အဖွဲ့များအား ၃ ကြိမ်တိုင်တိုင် လမ်းမှ စောင့်ဆိုင်း တိုက်ခိုက် ခဲ့သည်။ ထို အကျိုးဆက် နောက်ပိုင်း ဖြစ်လာသည့် လိုင်ဇာ အနီးတစ်ဝိုက်ရှိ တိုက်ပွဲများ ဖေဖော်ဝါရီလ မကုန်မီ အပြီးသတ်နိုင်ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ တပ်မတော် အနေဖြင့် ကေအိုင်အေ တို့၏ ခရာဘွမ် စခန်းအား သိမ်းပိုက်နိုင်ရန် ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင် မှ အမြောက်တပ်ဖွဲ့၊ နားလုံဘက်မှ အမြောက်တပ်ဖွဲ့တို့၏ ပူးပေါင်း ပစ်အားဖြင့် နှိမ်နှင်းလျှက် ရှိကြောင်းလည်း သိရသည်။

ဒီ ခရာဘွမ်ကို ထိန်းချုပ်ပြီးပြီ ဆိုရင်တော့ တိုက်ပွဲက ပြီးသလောက် ရှိလာမှာပါ။ အခု အနေအထားက သူတို့တွေ ပိတ်မိနေတာလား၊ တပ်မတော်က ပိတ်မိနေတာလား ဆိုတာ ခွဲခြား မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ တပ်တွေကလည်း အရှေ့ကို ကျွံပြီး လိုင်ဇာနားကို ကပ်နေသလို၊ သူတို့ လှုပ်ရှား အဖွဲ့တွေကလည်း ရွာတွေနားမှာ ကပ်နေကြတယ်ဟုလည်း သတင်းပေးပို့ခဲ့ပါသည်။

ကေအိုင်အေ အနေဖြင့် ရွာများကို မီးရှို့၊ တွေ့ရာလူများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျှက် ရှိပြီး ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကေအိုင်အေအဖွဲ့မှ အင်အား ၂၅ ဦးခန့်သည် မြစ်ကြီးနားမြို့နယ် အာလံကျေးရွာအုပ်စု အူဗျစ်ကျေးရွာရှိ ကျောင်းသား ၉ ဦးအပါအ၀င် ရွာသူရွာသား ၄၅ ဦးအား ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း ပြည်တွင်း သတင်းစာတွင် ဖော်ပြထားသည်။

အခု ဒီကောင်တွေက ရွာတွေနားက ဖြတ်ရင် ရွာက လူတွေကို ဖမ်းတယ်၊ ရွာကို မီးရှို့တယ်၊ ဒုက္ခသည် စခန်းရောက်နေတဲ့သူတွေကိုကျတော့ နင်တို့မှာ ပြန်စရာ မရှိတော့ဘူး။ နင်တို့ရွာကို ဗမာစစ်တပ်က မီးရှို့သွားပြီ ဆိုပြီး ပြောတယ်၊ အဲဒီတော့ အကုန်လုံးက ကြောက်လန့်ပြီး တရုတ်ဖက်ကို ပြေးဖို့ ပြင်နေကြတာပါဟု အခြေအနေများနှင့် ပတ်သက်၍လည်း အဆိုပါ သတင်းပေးသူမှ ရှင်းပြခဲ့ပါသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လဂျားယန်ဒေသသို့ ရိက္ခာပို့နှင့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် ကေအိုင်အေတပ်များ ဆုတ်ခွာပေးဖို့ အကြောင်းကြားခဲ့သော်လည်း ရိက္ခာပို့ သည့် အဖွဲ့များအား ၃ ကြိမ်တိုင်တိုင် လမ်းမှ စောင့်ဆိုင်း တိုက်ခိုက် ခဲ့သည်။ ထို အကျိုးဆက် နောက်ပိုင်း ဖြစ်လာသည့် လိုင်ဇာ အနီးတစ်ဝိုက်ရှိ တိုက်ပွဲများ ဖေဖော်ဝါရီလ မကုန်မီ အပြီးသတ်နိုင်ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ တပ်မတော် အနေဖြင့် ကေအိုင်အေ တို့၏ ခရာဘွမ် စခန်းအား သိမ်းပိုက်နိုင်ရန် ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင် မှ အမြောက်တပ်ဖွဲ့၊ နားလုံဘက်မှ အမြောက်တပ်ဖွဲ့တို့၏ ပူးပေါင်း ပစ်အားဖြင့် နှိမ်နှင်းလျှက် ရှိကြောင်းလည်း သိရသည်။

လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

Photo: လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

သန်းထိုက်ဦး| January 18, 2013 |

အစိုးရတပ်ဖွဲ့များ လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အထိ ရောက်ရှိလာပြီး လဂျားယန်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ကျန်ရှိနေသော လိုင်ဇာ ဒေသခံများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့ ခကျန်ရပ်ကွက်အတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံးပြီးနောက် လိုင်ဇာမြို့တွင်းရှိ ဒေသခံများကို လုံခြုံ စိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းခဲ့သော်လည်း တိုက်ပွဲများ လိုင်ဇာသို့ နီးကပ်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် သေနတ်သံများ လိုင်ဇာမြို့မှ ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု လိုင်ဇာသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။

“သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ဒီမနက် ၅ နာရီလောက်ကတည်းက။ အရင်နေ့တွေနဲ့ မတူဘူး၊ ဒီနေ့ သေနတ်သံက ပိုပြီးတော့ နီးလာတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံ တချို့ တရုတ်နိုင်ငံဘက်သို့ စတင် တိမ်းရှောင်နေပြီး ရောက်ရှိသွားသည့် လူဦးရေးစာရင်းကို လတ်တလော မသိရသေးကြောင်း၊ ယခင်က လိုင်ဇာမြို့ပေါ်တွင် နေထိုင်သူ ၆ ထောင်ကျော်ရှိကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ စာရင်းအရ သိရသည်။

ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက “ဒေသခံတွေက ပြင်တော့ ပြင်ဆင်နေကြတယ်။ တိုက်ပွဲက နေ့တိုင်း နေ့တိုင်းလိုလို ဖြစ်နေတယ်။ လိုင်ဇာအနီးအထိ ချဉ်းကပ်လာတယ်ဆိုတော့ အားလုံး စိုးရိမ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် လိုင်ဇာမြို့ အခြေအနေနှင့် ပတ်သက်၍ ဒေသခံများသို့ တရားဝင် ထုတ်ပြန်မှု တစုံတရာ မရှိသေးကြောင်း၊ တရုတ် အာဏာပိုင်များကလည်း စစ်ပြေးဒုက္ခသည်များကို လက်ခံနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“တကယ်လို့များ ဒီမှာ နေလို့မရတော့ဘူးဆိုရင် သူတို့ (တရုတ်အာဏာပိုင်တွေက) လက်ခံနိုင်ဖို့ အခြေအနေရှိပါတယ်။ ကျနော်တို့က နေနိုင်သလောက် နေရမှာပဲ။ ကြိုတင်ပြီးတော့ ထွက်ပြေးတာမျိုးတော့ မလုပ်ပါဘူး” ဟု ဆလန်ကဘာ ဒွဲပီဆာက ဆက်ပြောသည်။

ဆလန်ကဘာ ဒွဲပီဆာ၏ အဆိုအရ ယမန်နေ့မှစတင်၍ လိုင်ဇာဌာနချုပ်ဘက်သို့ ဦးတည်ကာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး၊ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “လဂျာယန်း ဒေသမှာ စစ်အရှိန်မြင့် လာတယ်ဆိုတာက လဂျာယန်း စခန်းမှာရှိတဲ့ ရဲဘော်တွေကို ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက် ၀ိုင်းရံမထားခဲ့ဘူး၊ ရိက္ခာလာပို့တဲ့ အဖွဲ့တွေကို ဖြတ်တောက် တိုက်ခိုက်တာ ၃ ကြိမ် မလုပ်ခဲ့ဘူးဆိုရင် ကျနော်တို့ ဒီနေရာမှာ စစ်အရှိန်မြှင့်စရာ အကြောင်းလည်း မရှိပါဘူး” ဟု ဧရာဝတီ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

၂၀၁၂ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပြီး လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များကို ဖယ်ရှားပေးရန် အစိုးရတပ်က သတိပေးခဲ့ပြီးနောက် တိုက်ပွဲများ စတင်၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

KIA တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့် စာဖြင့်သတိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ယင်း သတိပေး အကြောင်းကြားစာတွင် “လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်”ဟု ဖော်ပြပါရှိသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
အစိုးရတပ်ဖွဲ့များ လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အထိ ရောက်ရှိလာပြီး လဂျားယန်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ကျန်ရှိနေသော လိုင်ဇာ ဒေသခံများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့ ခကျန်ရပ်ကွက်အတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံးပြီးနောက် လိုင်ဇာမြို့တွင်းရှိ ဒေသခံများကို လုံခြုံ စိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းခဲ့သော်လည်း တိုက်ပွဲများ လိုင်ဇာသို့ နီးကပ်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်းတင်နေသော "ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ်

Photo: ဇန်န၀ါရီ ၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မှ မြိတ်သို့ စားသောက်ကုန်များပို့ရန် ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်းတင်နေသော "ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

"ရေတိုးကြမ်းလို့ ရေတက်ချိန်မှာ စက်လှေလှည့်လိုက်တုန်း မြုပ်သွားတာ။ စက်လှေတစ်စီးလုံးမြုပ်တာ တစ်နာရီလောက်တော့ ကြာတယ်။ စမြုပ်တဲ့အချိန်မှာတော့ ကုန်တွေပစ်ချပြီး နောက်တော့ လူတွေခုန်ချလိုက်တယ်"ဟု အဆိုပါ စက်လှေမှ လှေလုပ်သား ဦးစိုးဦးကပြောသည်။

နစ်မြုပ်သွားသော စက်လှေအား ဖော်နေစဉ် အနီးရှိ ကျေးရွာများမှ ငါးဖမ်းလှေငယ်ပေါင်း ၃၀ ခန့်က ရေပေါ်သို့ ပေါ်လာသော ပစ္စည်းများအား ယူဆောင်နေသောကြောင့် ဗောတံတားပေါ်မှ ရဲတပ်ဖွဲ့ဝင်များက လေးဂွများဖြင့် ပစ်ခတ်ရာ လှေပေါ်မှလည်း အပြန်အလှန်ပစ်ခတ်နေသောကြောင့် ဘုရင့်နောင်ရဲစခန်းမှ ယူနီဖောင်းဝတ်ရဲဝန်ထမ်း သုံးဦးခန့် ထိုနေရာသို့ ရောက်လာကြကြောင်း တွေ့ရှိရသည်။

လက်ရှိတွင် နစ်မြုပ်သွားသော စက်လှေအား ပြန်လည်ဆယ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီ ၁၆ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မှ မြိတ်သို့ စားသောက်ကုန်များပို့ရန် ဘုရင့်နောင်ဗောတံတား အမှတ်(၁)တွင် ပစ္စည်းတင်နေသော "ငွေဝင်တိုး"အမည်ရှိ စက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

"ရေတိုးကြမ်းလို့ ရေတက်ချိန်မှာ စက်လှေလှည့်လိုက်တုန်း မြုပ်သွားတာ။ စက်လှေတစ်စီးလုံးမြုပ်တာ တစ်နာရီလောက်တော့ ကြာတယ်။ စမြုပ်တဲ့အချိန်မှာတော့ ကုန်တွေပစ်ချပြီး နောက်တော့ လူတွေခုန်ချလိုက်တယ်"ဟု အဆိုပါ စက်လှေမှ လှေလုပ်သား ဦးစိုးဦးကပြောသည်။

တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

Photo: တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူတွေဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်တွေဆီက ကြားသိရပါတယ်။

ဆက်သွယ်ရေးက အသုံးပြုခကောက်ခံတဲ့နှုန်းထားမှာ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပေမယ့် ၅၀၀၀ တန် ငွေဖြည့်ကတ်တွေမှာ စက္ကန့်ပိုင်းစွန်းတာတွေအတွက်လည်း တစ်မိနစ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ အသုံးပြုမှုကြာချိန်ကို အသေးစိတ်တွက်ချက်မှု မပြုဘဲ မိနစ်မပြည့်လည်း တစ်မိနစ်သတ်မှတ်ပြီး ကောက်ခံတာဖြစ်တယ်။ ဖုန်းခေါ်ဆိုမှုက ၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာတယ်ဆိုရင် ၃ မိနစ်စာ ကောက်ခံသွားမှာဖြစ်တယ်။ ဒီအတွက် အသုံးပြုသူများဖက်က နစ်နာမှုတွေ ဖြစ်နေရတယ်။

ရပ်ကွက်ထဲပြောဆိုနေကြတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်တွေက ခဏလေးနဲ့ ကုန်တယ်ဆိုတာ ခုလို တိကျမှုမရှိတဲ့ အသုံးပြုခနှုန်းထား ကောက်ခံမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပေမယ့် ပြည်သူအများစုကတော့ ၅၀၀၀ တန်လောက်ပဲ လက်လှမ်းမီတာကြောင့် ထိုကတ်များ အ၀ယ်လိုက်နေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူတွေဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်တွေဆီက ကြားသိရပါတယ်။

ဆက်သွယ်ရေးက အသုံးပြုခကောက်ခံတဲ့နှုန်းထားမှာ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပေမယ့် ၅၀၀၀ တန် ငွေဖြည့်ကတ်တွေမှာ စက္ကန့်ပိုင်းစွန်းတာတွေအတွက်လည်း တစ်မိနစ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ အသုံးပြုမှုကြာချိန်ကို အသေးစိတ်တွက်ချက်မှု မပြုဘဲ မိနစ်မပြည့်လည်း တစ်မိနစ်သတ်မှတ်ပြီး ကောက်ခံတာဖြစ်တယ်။ ဖုန်းခေါ်ဆိုမှုက ၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာတယ်ဆိုရင် ၃ မိနစ်စာ ကောက်ခံသွားမှာဖြစ်တယ်။ ဒီအတွက် အသုံးပြုသူများဖက်က နစ်နာမှုတွေ ဖြစ်နေရတယ်။

အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း

Photo: အေမန်နက်စ်ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှု အယ်လ်ဂျီးရီးယားအစိုးရ ရှင်းလင်း


အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်။

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အစိုးရကို ဆန့်ကျင်သည့် သူပုန်တပ်ဖွဲ့များသည် အဆိုပါ ဓာတ်အားပေး စက်ရုံကို ဗုဒ္ဓဟူးနေ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသား ဓားစာခံ (၄)ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရ သတင်းဌာနများက ဆိုသည်။

အယ်လ်ဂျီးရီးယားစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ဓားစာခံ ၃၀ နှင့် သူပုန် ၁၅ ဦး သေဆုံးသွားကြောင်း အချို့သတင်းများတွင် ဖော်ပြသည်။ လတ်တလောတွင် ဓားစာခံ အချို့ ပျောက်ဆုံးနေပြီး ယင်းတို့ကို သူပုန်တပ်များက ထိန်းသိမ်းထားဆဲဟု ယုံကြည်ရသည်။


အေးချမ်းမွန်မှ Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အသေအပျောက်များ ရှိခဲ့သော်လည်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံ စီးနင်းတိုက်ခိုက်မှုသည် အရေးပါသော စစ်ဆင်ရေး တစ်ရပ် ဖြစ်ခဲ့ကြောင်း အယ်လ်ဂျီးရီးယား အစိုးရက ပြောကြားလိုက်သည်

လက်နက်ကိုင် စစ်သွေးကြွ အကြမ်းဖက်သမားများက စက်ရုံကို စီးနင်း
သိမ်းပိုက်ကာ ဓားစာခံ အများအပြားကို ဖမ်းဆီးထားသည့်နောက် သဲကန္တာရအတွင်း ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို အယ်လ်ဂျီးရီးယား အစိုးရက ဆင်နွှဲခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး အကြမ်းဖက် တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

Photo: အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

သာလွန်ဇောင်းထက်| January 18, 2013 

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေးမှာ စိတ်ဝင်စားမှု ရှိတာပေါ့။ နိုင်ငံနဲ့ ပတ်သက်လို့တော့ဗျာ နိုင်ငံ့ခေါင်းဆောင် လုပ်ခဲ့တာပဲ။ သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး နေကောင်းပါတယ်။ ကျနော် အခါအားလျော်စွာ ရောက်ပါတယ်။ သို့သော်လည်းပဲ အမြဲတမ်း ပုံမှန်တော့ မဟုတ်ပါဘူး။ သူလည်း တကယ့်ကို အေးအေးချမ်းချမ်းပါပဲ။ နောက်ကွယ်ကနေ ဘာလုပ်ညာလုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ တချို့ကိစ္စတွေလည်း။ ဆိုလိုတာက ကျနော်တို့က ပါတီဆိုတာက ပြည်သူနဲ့ ပတ်သက်တာကိုး။ ပြည်သူရဲ့သဘောထားတွေ ဘယ်လိုရှိသလဲ ဆိုတာမျိုးတော့ ကျနော်တို့ ဆွေးနွေးပါတယ်။ အစိုးရနဲ့ပတ်သက်လို့ ဆိုရင်တော့ ကျနော့်ကို ဘယ်ဆွေးနွေးမလဲ။ အစိုးရကို တိုက်ရိုက်ပြောမှာပေါ့” ဟု ဦးဌေးဦးက ပြောသည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံစံကို စနစ်တကျ စီမံခန့်ခွဲပေးခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ချမ်းသာနေပြီ ဖြစ်ကြောင်း၊ ယခုစနစ် ဆက်လက်ရှင်သန် တိုးတက်ရေးမှာ လက်ရှိ တာဝန်ယူနေသူများက ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်တမ်း ပြောရရင် သူ (ဦးသန်းရွှေ) ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ခဲ့တာ။ စဉ်ဆက်မပြတ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် သူကြိုးပမ်းခဲ့ပြီးပြီ။ အဲဒီတော့ သူ့ဘက်က ပြီးသွားပြီ။ စိတ်ချမ်းသာနေပြီ။ ဖြစ်တာ၊ မဖြစ်တာ အခြေအနေချင်း ပြောင်းလဲတာတွေက ဘယ်ပြောနိုင်မလဲ။ အခြေအနေတွေဆိုတာ အမြဲတမ်းပြောင်းနေတာပဲ။ နောက်လူတွေ စဉ်းစားပြီး လုပ်ရမှာပေါ့။ ဒီစနစ်ကို အောင်မြင်အောင် ဆက်လုပ်ရမှာပေါ့။ စနစ်ကို ပြောင်းလဲအောင် လုပ်ခဲ့ပြီးပြီ။ အခြေတည်ခဲ့ပြီးပြီ။ ဒီနေ့ ကျနော်တို့ ဘာတွေလုပ်ရမလဲ။ ဒီစနစ်ကို ဆက်လက်ရှင်သန်လာအောင်ပဲ ကြိုးစားရမှာပဲ။ ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ နည်းလမ်းတွေက ပြောင်းလဲစရာ မရှိတော့ဘူး၊ မူတွေက ပြောင်းစရာ မရှိတော့ဘူး။ ပါတီစုံဒီမိုကရေစီစနစ် သိသွားပြီလေ။ လွှတ်တော်တွေ ပေါ်လာပြီလေ။ အစိုးရတွေ ပေါ်လာပြီလေ။ ဘာပြောင်းစရာ လိုတော့လဲ။ စနစ်က ဘာပြောင်းစရာရှိလဲ။ ဒီစနစ်ကို ခိုင်မာအောင်၊ ဒီစနစ်ကို အခြေပြုပြီးတော့ ပြည်သူတွေ အကျိုးပြုအောင် နည်းလမ်းတွေရှာဖို့ပဲ လိုတော့တယ်။ လက်ရှိ စီမံခန့်ခွဲတဲ့သူတွေက အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ သူ (ဦးသန်းရွှေ) ယုံပြီး ထားခဲ့တာပဲ” ဟု ဦးဌေးဦးက ဆက်ပြောသည်။

ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ် အာဏာလွှဲပြောင်းပြီးချိန်မှ စတင်ပြီး အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မရှိတော့ဘဲ ဧည့်သည် တွေ့ဆုံမှုလည်း နည်းပါးကြောင်း၊ အဓိကအားဖြင့် ယခင်အစိုးရ လက်ထက်တွင် ရင်းနှီးကျွမ်းဝင်သူများဖြင့်သာ အဓိက တွေ့ဆုံကြောင်း သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက အပြင်တွေ၊ ခရီးတွေဘာတွေ မထွက်ဘူး။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ပါဘူး။ ကျနော်တို့နဲ့လည်း အမြဲတမ်း တွေ့တာမရှိပါဘူး။ ကျနော်တို့ အဆင်ပြေတဲ့အချိန်၊ အားတဲ့အချိန် သွားတွေ့တာပေါ့။ မတွေ့ဘူးဆိုတာလည်း မဟုတ်ပါဘူး” ဟု ဦးဌေးဦးက ပြောသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် တာဝန်ယူလိုသည်၊ အာဏာရလိုသည်ဟု ပြောဆိုမှုများ ရှိလာခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရမည်ဟု ပြောဆိုလာမှုများအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဦးတယောက်တည်းအတွက် ပြင်ဆင်မည် မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းလင်းပြောဆိုသွားသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှာပေါ့။ တဦးတယောက်တည်း အတွက်တော့ မပြင်နိုင်ဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ထံ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – Reuters)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထားကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

ဗန်းမော်(၃)မိုင် ရွှေပြည်သာကားလမ်းဘေးမိုင်းကွဲ

Photo: ဗန်းမော်(၃)မိုင် ရွှေပြည်သာကားလမ်းဘေးမိုင်းကွဲ

January 18, 2013Home, သတင်း

ဇန်န၀ါရီ (၁၇) ရက်နေ့ ည နေ (၄း၁၀) နာရီခန့်က ဗန်းမော် မိုးမော်ကားလမ်း (၃) မိုင်ရွှေပြည် သာကျေးရွာ၊ စက်မှုအထက်တန်း  ကျောင်းမျက်နှာစာကားလမ်းဘေး တွင် မိုင်းကွဲသဖြင့် သုံးဘီးယာဉ်  တစ်စီးညာဖက်ဘီးပျက်စီးကာ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ (၁၇) ရက် ညနေ (၄း၁၀) နာရီခန့်က ဗန်းမော်မိုးမောက်ကားလမ်းဘေး (ညာဖက်ခြမ်း) ကားလမ်းမှ ၁၅ ပေခန့်အကွာ၊ စက်မှုအထက်တန်း  ကျောင်းဝင်ပေါက်အလွန်မယ်ဇလီ ပင်ခြေရင်း ဂျာမဏီခြုံစပ်တွင် နှစ်ဆင့်ကွဲမိုင်းပေါက်ကွဲသဖြင့် ၄ မိုင်ကြက်ခြံတွင် ကြက်တင်ရန်သွား သည်။ ၄ဟ/၃၉၆၆ သုံးဘီးဆိုင် ကယ်ညာဖက်တာယာကွဲထွက်ကာ၊  ရေတိုင်ကီအနည်းငယ်ထိခိုက်ပြိး (၁၄) နေရာခန့် ယမ်းစများထိမှန် ခဲ့ကြောင်း၊ မိုးမောက်မြို့သို့ ၆၆ KV ဓာတ်အားခွဲရုံမှပေးသည့် Leven (11) ကြိုး ၂ ပင်စလုံးမီး လောင်ကျွမ်းပြတ်ကျသွားခဲ့ကြောင်း  သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် သစ/ ၂၃၇ နေသုံးဘီးမောင်းသူ ဦးသန်းစိုး  (၄၂ နှစ်) ၁/ဗမန (နိုင်) ၀၅၁၇၄၂ (ဘ ဦးစိုးမြင့်) မြန်မာမူဆလင်/ အစ္စလာမ်မှာ ၀ဲလက်ပျံပေါက်ထွက်  ဒဏ်ရာ၊ သုံးမိုင်ကွက်သစ်နေ စိုက်/ဘဏ်အငယ်တန်းစာရေး ဦးကျော်ဟိန် (၃၀ နှစ်) ၁/ဘကန  (နိုင်) ၀၉၂၄၇၅ (ဘ ဦးဘဟန်) ရခိုင်/ဗုဒ္ဓမှာ ညာလက်မောင်းနှင့် ဂုဏ် (ဆံစ)တွင် ယမ်းစထိမှန်  ဒဏ်ရာနှင့် မိုင်းကွဲနေရာနှင့် ပေ ၁၂၀ ခန့်အကွာ ကားလမ်းတဖက်  ရှိ အိမ်အမှတ် ရပသ/၇ နေအိမ် ရှေ့ရပ်နေသူစစ်မှုထမ်းဟောင်းဦးမရန်  အားနန် (၈၄ နှစ်) BSN ၁၅၉ ၅၈၀ ကချင်၊ ခရစ်ယာဉ်မှာ ၀ဲခြေ သလုံးတွင် ယမ်းစထိမှန်ဒဏ်ရာ  ရခဲ့ကြောင်း၊ ဦးသန်းစိုးနှင့် ဦးမရန်  အားနန်တို့မှာ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးအရိုးအကြောဆောင် တွင် တက်ရောက်ကုသနေကြောင်း မည်သည့်အဖွဲ့အစည်းလက်ချက်  ဆိုတာသိနိုင်ဖို့သက်ဆိုင်ရာမှ ရှာဖွေစုံစမ်းလျက်ရှိကြောင်း စုံစမ်း  သိရှိရပါသည်။

 ဦးဦးငြိမ်း(ဗန်းမော်)

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီ (၁၇) ရက်နေ့ ည နေ (၄း၁၀) နာရီခန့်က ဗန်းမော် မိုးမော်ကားလမ်း (၃) မိုင်ရွှေပြည် သာကျေးရွာ၊ စက်မှုအထက်တန်း ကျောင်းမျက်နှာစာကားလမ်းဘေး တွင် မိုင်းကွဲသဖြင့် သုံးဘီးယာဉ် တစ်စီးညာဖက်ဘီးပျက်စီးကာ လူ (၃) ယောက်ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ (၁၇) ရက် ညနေ (၄း၁၀) နာရီခန့်က ဗန်းမော်မိုးမောက်ကားလမ်းဘေး (ညာဖက်ခြမ်း) ကားလမ်းမှ ၁၅ ပေခန့်အကွာ၊ စက်မှုအထက်တန်း ကျောင်းဝင်ပေါက်အလွန်မယ်ဇလီ ပင်ခြေရင်း ဂျာမဏီခြုံစပ်တွင် နှစ်ဆင့်ကွဲမိုင်းပေါက်ကွဲသဖြင့် ၄ မိုင်ကြက်ခြံတွင် ကြက်တင်ရန်သွား သည်။ ၄ဟ/၃၉၆၆ သုံးဘီးဆိုင် ကယ်ညာဖက်တာယာကွဲထွက်ကာ၊ ရေတိုင်ကီအနည်းငယ်ထိခိုက်ပြိး (၁၄) နေရာခန့် ယမ်းစများထိမှန် ခဲ့ကြောင်း၊ မိုးမောက်မြို့သို့ ၆၆ KV ဓာတ်အားခွဲရုံမှပေးသည့် Leven (11) ကြိုး ၂ ပင်စလုံးမီး လောင်ကျွမ်းပြတ်ကျသွားခဲ့ကြောင်း သိရသည်။

သိန်း၅၀ ပျောက်ဆုံးမှုတွင်မသင်္ကာခံရသူကျေးရွာသား ၂ဦးရိုက်နှက်စစ်ဆေးခြင်းခံရ

Photo: သိန်း၅၀ ပျောက်ဆုံးမှုတွင်မသင်္ကာခံရသူကျေးရွာသား ၂ဦးရိုက်နှက်စစ်ဆေးခြင်းခံရ

January 18, 2013Home, သတင်း

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်  နတ္တလင်းမြို့နယ်သက်ငယ်ပြင်ကျေး ရွာအုပ်စုသက်ငယ်ပြင်ရွာဦးတင်ထွန်း ဒေါ်မြင့်မြင့်ဌေးနေအိမ်၌ ၁၈.၃ ၂၀၁၂ နေ့ည (၇) နာရီခွဲခန့်က အမွေခွဲဝေပေးမည့်ငွေကျပ်သိန်း (၅၀) ကျော်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးငွေမှာ ဖခင် ဦးအောင်ခင်သေဆုံးသွားသည့် အတွက်သားသမီးများဖြစ်ကြသည့်  ဒေါ်ဝင်းကြည်၊ ဒေါ်မြင့်မြင့်အေး၊ ကိုသိန်းဝင်းနှင့် ညီမအငယ်ဆုံး ဒေါ်မြင့်မြင့်ဌေးတို့ (၄) ဦးအမွေ ခံဝေယူရမည့်ငွေများဟု သိရသည်။  “အမွေခွဲဝေယူရမှာက မောင်နှမ လေးဦးပါ အဲဒါအမွေမခွဲမီ (၃) ရက်အလိုမှာ အခုလိုငွေတွေပျောက်  သွားတယ်ဆိုတာဖြစ်လာတာပါ”ဟု ဒေါ်မြင့်မြင့်အေးကပြောသည်။ အဆိုပါအမွေခွဲဝေပေးမည့်ငွေ ပျောက်ဆုံးခဲ့မှုကိုနတ္တလင်းကိုရဲစခန်း မှ (ပ) ၁၂၆/၁၂ ပုဒ်မ ၃၈၀ ဖြင့်  အမှုဖွင့်ပြီး သင်္ကာမကင်းသူကို မောင်ထွေးနှင့် ကိုလှမိုး (သက်ငယ်  ပြင်ရွာသားများ) တို့ကို ခေါ်ယူ စစ်ဆေးခဲ့ရာတွင် ရိုက်နှက်နှိပ်စက်  ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာလ  ကာရှင်ကပြောသည်။
“ရဲစခန်းမှာ နည်းမျိုးစုံနဲ့ ညှင်း  ပမ်းနှိပ်စက်ခံရတယ်ကိုမောင်ထွေး လဲဒီလိုပဲ ခန္ဓာကိုယ်အနှံ့ကိုတုတ်နဲ့    ရိုက်တယ်၊ ကျောက်စရစ်ခဲပေါ်မှာ  နူးထောက်ပြီး လက်နောက်ပြန် လက်ထိပ်ခပ်ပြီး နှိပ်စက်တယ်။ သူတို့စီးထားတဲ့ ဖိနပ်နဲ့ ပါးကိုရိုက် တယ်။ ဒါပေမဲ့ ကျွန်တော်မစိုးလို့ ငြင်းတယ် ထပ်ရိုက်တယ်။ စစ်ဆေး နေတဲ့တစ်ညမှာ နုရံအုပ်ကျော်မိုး က ကိုသိန်းဝင်းခိုးတယ်လို့ပြော ရင် ဒေါ်မြင့်မြင့်ဌေးက (၃) သိန်း ပေးမယ်လို့လဲပြောသေးတယ်”ဟု  ကိုလှမိုးကပြောပြသည်။ ရဲ၏ နှိပ်စက်ညှင်းပမ်းမှုကြောင့် ကိုလှမိုး သည်အချုပ်ခန်းအတွင်း၌ (၅) ရက်  ခန့်ထမင်းမစားနိုင်လမ်းမလျှောက်  နိုင်ပဲဖြစ်ခဲ့သဖြင့် အချုပ်သား အချင်းချင်းကူညီမှုကိုရယူခဲ့ရကြောင်း သိရသည်။ အချုပ်မှ လွတ်မြောက်   စဉ်တွင် လည်းဆေးကုသမှုခံယူခဲ့ ရသလို လမ်းကောင်းရွာမလျောက်  နိုင်ကြောင်း ကိုလှမိုးဇနီးမသန်္တာဝင်း   နှင့် ရွာသားများမှပြောပြသည်။
ကိုမောင်ထွေးနှင့် ကိုလှမိုး တို့ကို (၁၅) ရက်ခန့်ချုပ်နောင် စစ်ဆေးသော်လည်း အမှုမှန်ဖော် ထုတ်၍မရသဖြင့် ပြန်လည်လွှတ် ပေးခဲ့ကာမမြင့်မြင့်ဌေး၏ အစ်ကို  ကိုသိန်းဝင်းကို ၉.၁.၂၀၁၃ နေ့ ညက ထပ်မံဖမ်းဆီးခဲ့သည်။ ဖမ်း ဆီးခံနေရသည်ကိုသိန်းဝင်းကို ကိုလှမိုးကဲ့သို့ရိုက်နှိပ်စစ်ဆေးခြင်း ခံရမည်ကို ကျေးရွာသားတို့စိုးရိမ်  နေကြပြီး ကိုလှမိုးကိုအချုပ်ခန်း အတွင်းသို့သွားရောက်တွေ့ဆုံအာ  ပေးကြသူများကိုလည်း နတ္တလင်း  ရဲစခန်း၌ တွေ့ခဲ့ရသည်။ နတ္တလင်း  မြို့နယ်တွင် ၂၀၁၂ မတ်လ (၃) ရက်နေ့ကဖြစ်ပွားခဲ့သည့် (ပ) ၈၂/၁၂ ပုဒ်မ ၃၉၂ ဖြင့်ဖွင့်လှစ် ခဲ့သော ငွေကျပ် (၁၇၆) သိန်းတန် ဖိုးရှိရွှေထည်ပစ္စည်းနှင့် ငွေများ ခြိမ်းခြောက်တောင်းယူခဲ့သူများကို (၉) လကြာသည်အထိဖော်ထုတ်  နိုင်ခြင်းမရှိ၍ တိုင်းဒေသကြီးရဲတပ်  ဖွဲ့မှူးက တိုင်း (အထူး) အဖွဲ့ခေါင်း  ဆောင်ရဲအုပ်ကိုကိုကြီးနှင့် သာယာ  ၀တီခရိုင် (ဒ/န)မှ ဒုရဲအုပ်ဝင်းမြင့်  အောင်တို့ကိုဒီဇင်ဘာ (၃) ရက် နေ့က တာဝန်ပေးအပ်ခဲ့ရာ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါကျယ် သိန်း ၅၀ ကျော် ပျောက်ဆုံးမှုကို အမှုမှန်ဖော်ထုတ်  နိုင်မည့်ရက်ကို သက်ငယ်ပြင်ကျေး  ရွာသားတို့အပြင်မြို့မိဖြို့ဖများမှ လည်း စိတ်ဝင်စားလျက်ရှိကြ သည်။

 မောင်ဆွေအင်း PDE

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် နတ္တလင်းမြို့နယ်သက်ငယ်ပြင်ကျေး ရွာအုပ်စုသက်ငယ်ပြင်ရွာဦးတင်ထွန်း ဒေါ်မြင့်မြင့်ဌေးနေအိမ်၌ ၁၈.၃ ၂၀၁၂ နေ့ည (၇) နာရီခွဲခန့်က အမွေခွဲဝေပေးမည့်ငွေကျပ်သိန်း (၅၀) ကျော်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးငွေမှာ ဖခင် ဦးအောင်ခင်သေဆုံးသွားသည့် အတွက်သားသမီးများဖြစ်ကြသည့် ဒေါ်ဝင်းကြည်၊ ဒေါ်မြင့်မြင့်အေး၊ ကိုသိန်းဝင်းနှင့် ညီမအငယ်ဆုံး ဒေါ်မြင့်မြင့်ဌေးတို့ (၄) ဦးအမွေ ခံဝေယူရမည့်ငွေများဟု သိရသည်။ “အမွေခွဲဝေယူရမှာက မောင်နှမ လေးဦးပါ အဲဒါအမွေမခွဲမီ (၃) ရက်အလိုမှာ အခုလိုငွေတွေပျောက် သွားတယ်ဆိုတာဖြစ်လာတာပါ”ဟု ဒေါ်မြင့်မြင့်အေးကပြောသည်။

ကချင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ချက်ချင်းရပ်ဆိုင်းရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော် အတည်ပြု


Photo: အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မှ အရေးကြီးအဆိုတင်သွင်းခြင်း

အဆိုမှာ“ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားလျှက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး” ဆိုတဲ့ အရေးကြီးဆို ဖြစ်ပါတယ်။

အေးချမ်းမွန်မှ Pyithu Hluttaw - ပြည်သူ့လွှတ်တော်  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
  ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီးအဆိုမှာ "ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး" အဆိုဖြစ်သည်။

တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ

Photo: တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ


ဂျပန်နိုင်ငံမှ ကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများ
အစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်
ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်
ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်
ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထား
တာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့
ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီး
သလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက
ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲ
ထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့
ကားတွေကျတော့ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှဆိပ်ကမ်းထဲကိုဝင်ပြီး
တော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့
အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာ တန်ဖိုးရှိရင် တန်ဖိုးရှိသလိုပျောက်တယ်။
ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်သွားတယ်။
ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။ ကျွန်တော်တို့ကားမဟုတ်ပေမယ့် သက်သေဖြစ်တဲ့အတွက် ကောက်ရှင်းချင်တယ်။ဒီလိုမျိုးမျက်မြင်သက်သေမရှိပဲဘယ်နှစ်မျိုးလောက်က ဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်း ကျွန်တော်လည်းမသိနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာလည်း custom တာဝန်ယူတာမဟုတ်ဘူး´´ဟုပြောကြားခဲ့သည်။

အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေ
လုပ်တယ်မလုပ်ဘူးဆိုတာပုံသေပြောလို့မရဘူး။ကားသော့ကအပြင်လူ
ကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြား
လူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလို
ဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာ
လှည့်လိုက်တာနဲ့ရတယ်။ အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်ဆိုရင်
၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။
ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်
ပေါက်ပြီး မထွက်သွားဘူး ဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့သည်။

ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခါနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင်ပါလာသော ပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်း
အဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှကားထဲတွင်ထည့်ပေးလိုက်သော
ဆီများဖြစ်ကြောင်းသိရှိရသည်။

ဖြိုးအောင်


အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဂျပန်နိုင်ငံမှ ကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများ
အစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်
ထိုကားများမှ တန်ဆာပလာများ ဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်
ရှိကြောင်းမော်တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်
ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင်
ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထား
တာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့
ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီး
သလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းက
ဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ

မုံရွာတက္ကသိုလ် ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို

Photo: "မုံရွာမြို့ သလ္လာရပ်ကွက် တွင်နေထိုင်သော မုံရွာတက္ကသိုလ်ကျောင်း သား များ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို"
"ကျွန်တော် က စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က ကျောင်းသားပါ ကျွန်တော် က မြစ်ကြီးနားဘက်ကနေလာပြီး ကျောင်းတက် ရပါတယ်။ကျောင်းတက်ရ တာက စရိတ်စကအရမ်းကြီးပါတယ် အဲဒါကြောင့် ကျောင်းမသွားခင်လေးမှာ ထမင်း ဟင်းကို ကိုယ်တိုင်ချက်ရပါတယ်။

လျှပ်စစ်မီးက မနက်တိုင်းပျက်တယ်ဗျာ ဘယ်လိုလုပ်ပြီး ထမင်း ဟင်းက ချက်ရ တော့မှာလည်း မနက်တိုင်းပျက်နေတယ် နောက်ပြီး အဆောင် ရှင်တွေက မီးသွေး မီးဖိုနဲ့ချက်ရင် မီးလောင်မှာကြောက်လို့ဆိုပြီး မီးသွေးနဲ့အချက်မခံဘူး တစ်ခါတစ်လေမှာ ထမင်းချက်ရင်းတန်းလန်း မီးကပျက်သွားတယ် တော်တော် လေးစိတ်တိုမိတယ်။

လျှပ်စစ်မီးကို မပျက်ရဘူးလို့မဆိုလိုပါဘူး ပျက်လို့ရပါတယ်။မနက်(၆) နာရီက နေ(၉)နာရီခွဲလောက်ထိတော့ မပျက်စေခြင်ဘူး အဲဒါကြောင့် အဲဒီအချိန်အတွင်း မှာမီးမပျက်ရေးတောင်းဆိုသွားမှာပါ။"ဟု သလ္လာမြို့သစ် ဗန္ဓုလလမ်းမှ အဆောင်နေ စီးပွားရေးတက္ကသိုလ်ကျောင်သား တစ်ဦးက ဆိုပါတယ်။

"ကျွန်မဆိုရင် ကျောင်းမသွားခင် အိမ်က မိဘတွေ စားသောက်ဖို့ ထမင်းဟင်း ချက်ရတယ် ထမင်းပေါင်းအိုးလေးကိုပလပ်ထိုးပြီး မကြီးပင်ဈေးသွားပြီးဈေး ၀ယ်နေတုန်း မီးပျက်သွားတယ် ထမင်းကမနပ်တနပ်နဲ့ အရမ်းအခက်အခဲတွေ့ တယ် အဲဒါကြောင့် ကျွန်မနဲ့အတူ မုံရွာတက္ကသိုလ်မှာကျောင်းတက်နေတဲ့ သူငယ် ချင်းတွေကို မနက်ခင်းလျှပ်စစ်မီးပျက်တဲ့ကိစ္စကို ဆန္ဒထုတ်ဖော်ဘို့ စည်းရုံတယ် ကျောင်းမှာသူငယ်ချင်းတွေကလည်း အခုလိုမနက်ခင်း တိုင်းလျှပ် စစ်မီးပျက်တဲ့ ကိစ္စကို တော်တော်လေး အခက်ကြုံရတယ်လို့ပြောတယ် အဲဒီလို ဆန္ဒထုတ် ဖော်လို့ရရင် သူတို့လည်းလိုက်မယ်လို့ပြောတယ်။"ဟု သလ္လာရပ်ကွက်နေ မုံတက္ကသိုလ် ပထ၀ီမေဂျာမှ တတိယနှစ်ကျောင်းသူ တစ်ဦးကဆိုပါတယ်။

ဆန္ဒထုတ်ဖော်ခွင့် တင်နေမှာမဟုတ်ဘူး အေးချမ်းစွာနဲ့စီတန်းပြီးတော့လျှပ်စစ် ရုံးရှေ့မှာလမ်းလျှေက်သွားပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အဆိုပါဆန္ဒ ထုတ် ဖော်မည့်အဖွဲ့တွင် ပါဝင်သည့် ဦးဆောင်ကျောင်းသားများကဆိုပါတယ်။

2012 ခုနှစ် မေလ(22)ရက်နေ့က ဖယောင်တိုင်ထွန်း၍ဆန္ဒထုတ်ဖော်နေ စဉ်မြင် ကွင်းတစ်ခု၏ပုံ။


အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
"မုံရွာမြို့ သလ္လာရပ်ကွက် တွင်နေထိုင်သော မုံရွာတက္ကသိုလ်ကျောင်း သား များ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား/သူ များက လျှပ်စစ်မီး ခဏဏ ပြတ်တောက်မှုအတွက် ဆန္ဒထုတ်ဖော်ကြမည်ဟုဆို"
"ကျွန်တော် က စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်က ကျောင်းသားပါ ကျွန်တော် က မြစ်ကြီးနားဘက်ကနေလာပြီး ကျောင်းတက် ရပါတယ်။ကျောင်းတက်ရ တာက စရိတ်စကအရမ်းကြီးပါတယ် အဲဒါကြောင့် ကျောင်းမသွားခင်လေးမှာ ထမင်း ဟင်းကို ကိုယ်တိုင်ချက်ရပါတယ်။

လျှပ်စစ်မီးက မနက်တိုင်းပျက်တယ်ဗျာ ဘယ်လိုလုပ်ပြီး ထမင်း ဟင်းက ချက်ရ တော့မှာလည်း မနက်တိုင်းပျက်နေတယ် နောက်ပြီး အဆောင် ရှင်တွေက မီးသွေး မီးဖိုနဲ့ချက်ရင် မီးလောင်မှာကြောက်လို့ဆိုပြီး မီးသွေးနဲ့အချက်မခံဘူး တစ်ခါတစ်လေမှာ ထမင်းချက်ရင်းတန်းလန်း မီးကပျက်သွားတယ် တော်တော် လေးစိတ်တိုမိတယ်။

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများ၌ (Ring Tune) ထည့်သွင်းနိုင်

Photo: ၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများ၌ (Ring Tune) ထည့်သွင်းနိုင်

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများတွင် ဖုန်းတွင်းသီချင်းသံများ ထည့်သွင်းခြင်းစနစ်(Ring Tune) ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့်
Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး SMSစန်စ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့ 'Reg' ဟုရိုက်နှိပ်ပေးပို့ပြီး
စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

"စာရင်းသွင်းတာရပြီဆိုတာကို Ytune ဘက်ကနေ SMS နဲ့ လျှို့ဝှက်နံပါတ်ပြန်ပို့ပေးမှာပါ။ အဲ့ဒိနံပါတ်နဲ့ Ytune ဆိုက်ပေါ်မှာ
ရိုက်ထည့်ပြီး သီချင်းတွေကို စပြီးရွေးဝယ်လို့ရပါပြီ၊"
ဟု Ytune မှနည်းပညာပိုင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါစနစ်အတွက် လစဉ်ကြေး ၂၀၀၀ ကျပ်နှင့် သီချင်းတစ်ပုဒ်လျှင်
၃၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး သီချင်း(၁၀)ပုဒ်အထိထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်း Ytune စနစ်တွင် ချစ်သူခင်သူများထံသို့ သီချင်းသံ (Ring Tune)ကိုလည်း လက်ဆောင်ပေးပို့သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

"Ytune ဆိုက်ပေါ်မှာပဲ ကိုယ်ပို့ပေးချင်တဲ့သီချင်းကို လက်ဆောင်ဆိုတဲ့ခလုတ်နှိပ်ပြီး ပို့ရမှာပါ၊ အဲ့ဒိမှာ ဘယ်ဖုန်းကို ပို့မလဲဆိုတဲ့စာပေါ်လာရင် ကိုယ်ပို့ပေးချင်တယ့် နံပါတ်ကို ရိုက်
ထည့်ပေးလိုက်ရုံပါပဲ၊ပိုက်ဆံကိုတော့ ကိုယ့်ထဲကပဲ ဖြတ်မှာပါ။ ဒါပေမယ့် သူဘက်ကို ဖုန်းခေါ်တာနဲ့ ကိုယ်ပို့ပေးတယ့် သီချင်းကို ကြားနိုင်ပါပြီ" ဟု Ytune မှ ပြောကြားသည်။

အသေးစိတ်သိရှိလိုပါက 1876 Hotline နှင့် 01-2399994 သို့ဆက်သွယ်မေး
မြန်းနိုင်ပါတယ်
By Mobile Guide

အေးချမ်းမွန်မှ  Mobile Guide Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများတွင် ဖုန်းတွင်းသီချင်းသံများ ထည့်သွင်းခြင်းစနစ်(Ring Tune) ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့်
Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။

သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး SMSစန်စ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့ 'Reg' ဟုရိုက်နှိပ်ပေးပို့ပြီး
စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano

Photo: ၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano 

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။

အောင်ခမ်း (TSJ team)
TechSpace Journal

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

Photo: ၀န်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။

ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။

“ဈေးလျှော့ရောင်းတာ ကျနော်တို့ ကုမ္မဏီတွေအနေနဲ့ ဘာမှ မထိခိုက်ပါဘူး။ ၀န်ကြီးက စောစောကတည်းက လေးငါးရှစ် သောင်း လောက်နဲ့ရောင်းလို့ ရတာကို ၂သိန်းနဲ့ တင်ပြီးရောင်းထားတယ်။ ၀ိုင်းကန့်ကွက်လို့ မရဘူး။ အခု ရောင်းမယ်ဆို ၂သိန်းနဲ့ ရောင်းလို့ မဖြစ်တော့ဘူး”ဟု IGE ကုမ္မဏီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုထွန်းထွန်းလင်းက ပြောသည်။

ကျန်ရှိနေသည့် GSM/WCDMAဖုန်း ဆင်းကတ် ၃ သန်းခန့်ကို ဧပြီလ အတွင်း GSM ကျပ် ၅ သောင်း၊ WCDMA ကျပ် ၈ သောင်းဖြင့် ရောင်းချသွားရန် ရှိကြောင်းနှင့် ဖုန်းခေါ်ဆိုခများလည်း ဈေး ထပ်ချပေးသွားရန်ရှိကြောင်း ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္မဏီများက ခန့်မှန်းထား ကြသည်။
လက်ရှိ အခြေအနေအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံလာနိုင်ကြောင်း စီးပွားရေးသမားများက ပြောသည်။

“ကျပ် ၅၀၀၀ တန် ဖုန်းကတ် ထွက်ရှိရေးအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် နေပါတယ်။ ဒီနှစ်ထဲမှာ ထွက်လာမယ်”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ တာဝန်ရှိသူ ကိုလွင်နိုင်ဦးက ပြောသည်။

ဆက်သွယ်ရေးတွင် အများပြည်သူ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ရန်နှင့် တနိုင်ငံလုံး ဆက်သွယ်ရေးဝန်ဆောင်မှု အပြည့်ရရှိစေ ရန် ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီးရှင်း စီမံခန့်ခွဲမှု (Telecommunication Operator)၂ ခုကို ၂၀၁၃ ခုနှစ် အတွင်း လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ဖုန်းတွေ ဈေးကျပြီပြောတာ့ မြန်မာ့ ဆက်သွယ်ရေးကို ၀ယ်မလို့မေးကြည့်တယ်။ မရသေးဘူးတဲ့။ ကျမတို့ အနေအထားကလည်း သိပ်မတတ်နိုင်ဘူးလေ။ ဖုန်းရှိထားရင် လုပ်ငန်းမှာ အချိန်ကုန် သက်သာမလားလို့ပါ”ဟု ရန်ကုန်မြို့ မြေနီကုန်းရှိ အရောင်းအ၀ယ်သမား တဦးက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်နှီးပြီး ယှဉ်ပြိုင်လာပါက ဈေးနှုန်းများသည် အာဆီယံ နိုင်ငံများနှင့် အညီ ဖြစ်သွားနိုင်ကြောင်း ရန်ကုန် ပန်းဆိုးတန်းရှိ ဖုန်းဝယ်ရောင်း ပွဲစားများကလည်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်း သန်း(၃၀) စီမံကိန်းကို စတင်သည့်အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လအတွင်း ပထမအသုတ် ဖုန်းအလုံးရေ ၁သန်းခွဲတွင် GSM ဖုန်း ဆင်းကတ်ကို ကျပ် ၂သိန်း၊ WCDMA ဖုန်း ဆင်းကတ်ကို၂သိန်းခွဲဖြင့်စတင်ရောင်းချခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန် ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။


အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMA ဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။

ပထမအသုတ် GSM/WCDMA ဖုန်း ၁သန်းခွဲကို ကျပ် ၂ သိန်း အောက် ချရောင်းရန် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဖုန်း ကုမ္မဏီများမှ တာဝန်ရှိသူတချို့က ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ဆက်သွယ်ရေး ၀န်ကြီးက ကျပ် ၂ သိန်းဖြင့်သာ ရောင်းခဲ့သည်ဟု ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis