menu

Friday 10 January 2014

GSM ဖုန်းလိုင်းမကောင်း၍ မေးမြန်းရာ AE ဒေါသထွက်နေသည်ဟုပြော

ရန်ကုန်၊ ဇန်န၀ါရီ ၈ ရက်

GSM ဖုန်းလိုင်း ချို့ယွင်းမှုနှင့် ပတ်သက်၍ သွားရောက်မေးမြန်းရာ အလုံဆက်သွယ်ရေးရုံးရှိ AE (Assistant Engineer) လက်ထောက် အင်ဂျင်နီယာ ဒေါ်ဝင်းလဲ့ဦးမှာ ဒေါသထွက်နေသည်ဟု ဇန်န၀ါရီ ၈ ရက်တွင် ၎င်းရုံးခန်းရှိ ဒေါ်ဝင်းခင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ GSM ဖုန်းလိုင်းများသည် ဆက်သွယ်မှုလိုင်းများ မကြာခဏ ပြတ်တောက်ပြီး ဆက်သွယ်ရေးတွင် အခက်အခဲ ရှိသည်ဆိုသော သတင်းများ ကြားသဖြင့် မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခြင်းဖြစ်သည်။

““အစ်မတို့မှာ Network မရှိတော့ဘူး။ အဲဒါနဲ့ ပတ်သက်လို့ သိချင်ရင် ဝေဠုဝန်ကိုသွား၊ ဒါမှမဟုတ် ရွှေဂုံတိုင်ကို သွားမေး၊ အဲဒီကိုပဲသွားပါ။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာလုပ်ပါ။ ဒီမှာတော့ ဖြေပေးမယ့်သူ မရှိဘူး။ AE တော့ရှိ တယ်။ AE ကပဲ ဟိုဘက်ကိုသွား ဆိုပြီး လွှတ်လိုက်တာ။ AE က အလုပ်ရှုပ်နေတယ်၊ သဘောပေါက်လား၊ တစ်ခါတည်း ပြောပြီးသား လုပ်ငန်း နှောင့် ယှက်မှု ဖြစ်နေတယ်။ ဖုန်းလိုင်းနဲ့ ပတ်သက်ရင် ဟိုကိုပဲ သွားလို့ ပြောပြီးသား၊ မနှောင့်ယှက်နဲ့နော်။ AE ဒေါသ ထွက်နေတယ်””ဟု ဒေါ်ဝင်းခင်က ပြောသည်။ …

တပ်မတော်သား ကိုယ်စားလှယ်အဖြစ် အမျိုးသမီး ၂ ဦး ပထမဆုံး ခန့်အပ်

ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် အစားထိုး ခန့်အပ်လိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၉ ရက်ရက်စွဲနဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦးအစားထိုးခြင်းဆိုတဲ့ ထုတ်ပြန်ကြေညာချက်မှာ လက်ရှိ တပ်မတော်သား ပြည်သူ့ လွှတ်တော်အမတ်တွေကို ၄ ဦးကို အစားထိုးရာမှာ တပ်မတော်က အမျိုးသမီး အရာရှိ ၂ ဦး ပါလာတာပါ။

ခန့်အပ်ခံရတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်အမတ် ၂ ဦးက ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်၊ ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်တို့ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေက ကြေညာပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပထမဆုံးသော အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့အကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

အမျိုးသမီးအတွက် နေ့စဉ် စားသုံး ပေးသင့်သော အစားအစာ ငါးမျိုး

အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။

(၁) သင်္ဘောသီး

လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများ ပါတယ်။ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကောင်းကြောင်း တွေ့ရတယ်။ ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။

(၂) လျှော်စေ့

မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ သို့သော် သိပ္ပံပညာရှင်များက အီစတြိုဂျင် ဟော်မုန်းဓာတ်ပေါင်း ကြွယ်ဝတဲ့ ဤအနီရောင် အစေ့များဟာ ရင်သားကင်ဆာ ကာကွယ်ရေး လက်နက်ကောင်း တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ရင်သားကင်ဆာ ရှိတဲ့ အမျိုးသမီးရဲ့ အစာထဲမှာ လျှော်စေ့ ဖြည့်စွက်ပေးရင် ကင်ဆာကို ထိရောက်စွာ ဟန့်တားနိုင်တယ်လို့ ဆိုတယ်။ လျှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့အခါ ထည့်သွင်း အရသာ ဖြည့်ပေးမယ်ဆိုရင် အီစတြိုဂျင် ထွက်လာပြီး ရင်သား ကင်ဆာ ကင်းဝေးစေပါတယ်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

မြ၀တီ

အသက် ၁၃ နှစ်အရွယ် ၆တန်းကျောင်းသားတစ်ဦးကြိုးဆွဲချသေဆုံးမှု တောင်တွင်းကြီးမြို့ ၌ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်တောင်တွင်းကြီးမြို့နယ်---- ကျေးရွာတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မျာ ၈.၁.၂၀၁၄ ရက် နံနက် ၁၀ နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မ ရဲစခန်းပိုင် ရဲစခန်းအရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ ---- ကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေ ကြောင်း သတင်းအရခေတ္တစခန်း မှူးရဲအုပ်စိုင်းထွန်းကျော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သတ်သေ ဦးသန်းဝင်းအောင်၊ ဦးစိုင်းစိုးဝင်း တို့နှင့် အတူသွားရောက်စစ်ဆေး ရာသေဆုံးသူမှာ မောင် ---- ၁၃ နှစ်ဖြစ်ကြောင်း၊ ၎င်း၏ဘကြီး တော်စပ်သူဦး ----၏ (၄) ပင် နေအိမ်အလယ်ထုပ်တန်း၌ ကြိုး ဆွဲချသေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ အဒေါ်ဖြစ်သူ၏ပြောပြချက် အရ မောင် -----မှာ ယခင် ကလည်းကြိုးဆွဲချကြံစည်ဖူး ကြောင်း၊ တစ်ခါတစ်ရံစိတ်ဖောက် ပြန်လေ့ရှိကြောင်း၊ အခင်းမဖြစ် နံနက် ၉ နာရီ ၃၀ အချိန်ခန့်က က ဒေါ် ---- မှာ နေအိမ်အောက် ၌ အ၀တ်ဖွတ်နေစဉ်နေအိမ်ပေါ် မှ ဒုန်းဒုန်းဟုအသံကြား၍ တက်ရောက်ကြည့်ရှုရာမောင်--- အား နေအိမ်အလယ်ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း ပြောပြသိရှိရ သည်ဆို၏။

ကြိုးဆွဲချသေဆုံးမှု နှင့် ပတ်သက်၍ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်း စစ်ဆေးနိုင်ရန် တောင်တွင်းကြီး မြို့မရဲစခန်းကသေမှုသေခင်းအမှတ် စဉ် ၁/၂၀၁၄ ဖြင့်ဆက်လက်စစ် ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။

Hot News Journal

မိုက်ကယ်ဂျက်ဆင်ပြတိုက် ဖွင့်လှစ်မည့် လေဒီဂါဂါ

ပေါင်စတာလင် (၁.၂၅)သန်း တန်ဖိုးရှိ မိုက်ကယ်၏ အသုံးအဆောင် ပစ္စည်း အမျိုးမျိုးကို စုဆောင်းထားသော အဆိုပါ ပြတိုက်ကို ကိုယ်တိုင်ဖွင့်လှစ်ရန် ဂါဂါက စီစဉ်နေခြင်း ဖြစ်သည်။

ကွယ်လွန်သူ Popဂီတ အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသည့် ပြတိုက်တစ်ခုကို လေဒီဂါဂါက ဖွင့်လှစ်ပေးသွားမည်ဟု သိရှိရသည်။ ပေါင်စတာလင် (၁.၂၅)သန်း တန်ဖိုးရှိ မိုက်ကယ်၏ အသုံးအဆောင် ပစ္စည်း အမျိုးမျိုးကို စုဆောင်းထားသော အဆိုပါ ပြတိုက်ကို ကိုယ်တိုင်ဖွင့်လှစ်ရန် ဂါဂါက စီစဉ်နေခြင်း ဖြစ်သည်။ သူမသည် (၂၀၀၉)ခုနှစ်က ကွယ်လွန်သွားသည့် မိုက်ကယ်၏ ပစ္စည်းအတော်များများကို လေလံဆွဲ ဝယ်ယူထားခဲ့သည်။ (၂၀၁၂)ခုနှစ်တွင် ဂါဂါ ပိုင်ဆိုင်ထားသည့် မိုက်ကယ့် အသုံးအဆောင် စုစုပေါင်း (၅၅)ခုထိ ရှိနေပြီဟု နီးစပ်သူ အချို့က ပြောကြားခဲ့ကြသည်။ ယင်းတို့အနက် (၁၉၈၃)ခုနှစ်က မိုက်ကယ်၏ နာမည်ကျော် Thriller သီချင်းတွင် ဝတ်ဆင်ခဲ့သော သားရေဂျာကင်လည်း အပါအဝင် ဖြစ်သည်။

ထို့အပြင် မိုက်ကယ် ဝတ်ခဲ့သည့် Swarovski ပုံဆောင်ခဲလေးများ ကပ်ထားသည့် လက်အိတ်ကိုလည်း ပေါင်စတာလင် (၁၁၇၈၀၀)ထိ ဈေးပေးကာ ဂါဂါက ဝယ်ယူခဲ့သည်။ ဂါဂါက "ဒီပစ္စည်းတွေကို ကျွန်မက ပြတိုက်တစ်ခုအဖြစ် စုစည်းပြသသွားဖို့ ရည်ရွယ်ပါတယ်။ ရလာတဲ့ အကျိုးအမြတ်ကိုတော့ မိုက်ကယ်ကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ အများအကျိုးပြု ဖောင်ဒေးရှင်း တချို့ကို လှူဒါန်းသွားမှာပါ။ မိုက်ကယ့် အဝတ်အထည်တွေ၊ အသုံးအဆောင်တွေကို ကျွန်မ ဝယ်ယူခဲ့တယ် ဆိုတာက သူနဲ့ပတ်သက်သမျှက ကျွန်မအတွက် အဓိပ္ပါယ် ရှိနေလို့ပါပဲ။ ကျွန်မရဲ့ မှတ်တမ်းစံချိန်တွေ၊ ဆုတံဆိပ်တွေစာရင် ဖျော်ဖြေပွဲတွေမှာ ကျွန်မဝတ်ခဲ့တဲ့ ဖက်ရှင်တွေက ကျွန်မအတွက် ပိုပြီးတော့ အဓိပ္ပါယ် ရှိပါတယ်။ ဒီလိုပဲ မိုက်ကယ်ရဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အမှတ်ရစရာ ပုံရိပ်တွေလို့ ကျွန်မ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

ကျောက်စိမ်း၊ ၀ိုင်နှင့် ဘီယာများအပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးရမိနေ

Photo: ကျောက်စိမ်း၊ ၀ိုင်နှင့် ဘီယာများအပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီးရမိနေ

မူးယစ်ဆေးဝါး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ၀ိုင်နှင့် ဘီယာများ အပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်ဘီလျံကျော် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေး အကောက်ခွန်ရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ ဖမ်းဆီးရမိမှု ၂၈ ကြိမ်၊ သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှု ခုနစ်ကြိမ်၊ အထွေထွေပစ္စည်း ဖမ်းဆီးမှု ၇၉ ကြိမ်၊ မော်တော်ယာဉ် ၄၄ စီး စုစုပေါင်း ဖမ်းဆီးမှု ၁၆၀ ကြိမ်၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂၄၇၇ ဒသမ ၄၄ သန်း ခန့်အား ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အချို့မှာ ဇန်န၀ါရီ ၄ ရက်က မန္တလေး ၁၆ မိုင် ကျောက်ချောပူးပေါင်း စစ်ဆေးရေး စခန်းတွင် မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ဇန်န၀ါရီ ၅ ရက်တွင် ကျောက်ချော စစ်ဆေးရေးစခန်း၌ပင် တရားမ၀င် အကောက်မဲ့ သယ်ဆောင်လာသော ကားအပိုပစ္စည်းများ၊ တရားမ၀င် အကောက်ခွန်မဲ့ ဘီယာနှင့်ဝိုင်များ၊ ဇန်န၀ါရီ ၆ ရက်တွင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် တရားဝင် စာရွက်စာတန်း မပါရှိဘဲ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ရန်ကုန်လေဆိပ်/ရေဆိပ်များနှင့် နယ်စပ်ဂိတ် အသီးသီးတွင် အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ဧပြီမှ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ဆေးရှာဖွေခဲ့ရာ ရန်ကုန် လေဆိပ်/ရေဆိပ်များမှ ဖမ်းဆီးရရှိမှု ၂၄၁ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၂၁၇၄ ဒသမ ၅၁ သိန်းနှင့်  နယ်စပ်ဝင်ပေါက်များမှ ၂၈၃ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၇၅၉၁ ဒသမ ၇၈ သိန်းခန့် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိမှု ၅၂၄ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၉၇၆၆ ဒသမ ၂၉ သိန်း (ကျပ်သန်း ၃၀၀၀) ခန့်အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေများအရ အရေးယူခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊  စည်းမျဉ်းအမိန့်များနှင့် အညီ အခွန်ကောက်ခံရန်၊ နိုင်ငံခြားသို့ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်းများကို တည်ဆဲဥပဒေများ၊ စည်းမျဉ်း အမိန့်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိမရှိ ကြီးကြပ်ရန်၊ တရားမ၀င်တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စုံစမ်းဖော်ထုတ် အရေးယူရန် စသည့်   ဆောင်ရွက်ချက်များကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ၊ ခွင့်ပြုချက် မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန် ဦးစီးဌာနမှ  စစ်ဆေးအရေးယူနေ သကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

(Mobile Team အဖွဲ့က ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို))

မူးယစ်ဆေးဝါး၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ၀ိုင်နှင့် ဘီယာများ အပါအ၀င် တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ မန္တလေးတွင် ဆက်တိုက်ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်အတွင်း ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်ဘီလျံကျော် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေး အကောက်ခွန်ရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လက်ရှိကာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ ဖမ်းဆီးရမိမှု ၂၈ ကြိမ်၊ သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှု ခုနစ်ကြိမ်၊ အထွေထွေပစ္စည်း ဖမ်းဆီးမှု ၇၉ ကြိမ်၊ မော်တော်ယာဉ် ၄၄ စီး စုစုပေါင်း ဖမ်းဆီးမှု ၁၆၀ ကြိမ်၊ စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂၄၇၇ ဒသမ ၄၄ သန်း ခန့်အား ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အချို့မှာ ဇန်န၀ါရီ ၄ ရက်က မန္တလေး ၁၆ မိုင် ကျောက်ချောပူးပေါင်း စစ်ဆေးရေး စခန်းတွင် မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များ၊ ဇန်န၀ါရီ ၅ ရက်တွင် ကျောက်ချော စစ်ဆေးရေးစခန်း၌ပင် တရားမ၀င် အကောက်မဲ့ သယ်ဆောင်လာသော ကားအပိုပစ္စည်းများ၊ တရားမ၀င် အကောက်ခွန်မဲ့ ဘီယာနှင့်ဝိုင်များ၊ ဇန်န၀ါရီ ၆ ရက်တွင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် တရားဝင် စာရွက်စာတန်း မပါရှိဘဲ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်လှည့် ပညာသုံးပြီး ရွှေဆိုင်နှင့် အပေါင်ဆိုင်များတွင် လိမ်လည်

ကျော်မြတ်ဇံ

ရန်ကုန် ၊ ဇန်န၀ါရီ ၉ ။ ။ လက်လှည့် အတတ်ပညာသုံး ကာ ရွှေအ တုများပြုလုပ်ပြီး ရွှေဆိုင်နှင့် အ ပေါင်ဆိုင်များတွင် လိမ်လည်မှု အများအပြားဖြစ်ပေါ်လာကြောင်း သိရသည်။

ယင်းကဲ့သို့ မသမာသူများ ၏ လိမ်လည်မှုများမှ ကာကွယ် ရန် ရွှေထည် ပစ္စည်းများတွင် အ လွယ်တကူသိရှိနိုင်သည့် ဆိုင် အမှတ်အသားထားရှိရန် လို အပ်ကြောင်း အနောက်ပိုင်း ခရိုင်ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

ရန်ကုန်မြို့ ၀ါးတန်းလမ်း ပန်ဒါဟိုတယ်၌ ဇန်န၀ါရီ ၇ ရက်ကပြုလုပ်ခဲ့ သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ရွှေလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုရဲမှူးကြီးဝင်းကြည်က ““ရွှေဆိုင်တော်တော်များများ မှာ အဲဒီလိုလက်လှည့် ပညာ တွေသုံးပြီး လိမ်ကြတဲ့အမှုတွေ များလာတယ်။ ရွှေဝယ်ချင် ဟန် ဆောင်ပြီး ပါလာတဲ့ရွှေထည် ပစ္စည်းအတုနဲ့ အစစ်ကိုလဲတဲ့ ဖြစ်ရပ်တွေ မှာ ဆိုရင် အဲဒီလို လုပ်မဲ့သူက အရင်ကတည်းက ဘယ်ဆိုင်မှာ ဘယ်လိုလက်ရာ လုပ်တယ်ဆိုတာ လေ့လာထား တာ။ ဆိုင်ပိုင်ရှင်တွေ၊ ၀န်ထမ်း တွေအနေနဲ့ ကိုယ့်ဆိုင်က ပစ္စည်း မှန်းအလွယ်တကူသိအောင် (မာကာ)အမှတ်အသားတစ် ခုခုပြုလုပ်ထားပြီး ကာကွယ် ထားသင့်တယ်။ ပြီးတော့ ရွှေ ဆိုင်အတွင်းမှာပဲ စီစီတီဗွီတပ် ရမှာမဟုတ်ဘူး။ အပြင်ဘက် ကိုလည်း မြင်လို့ရအောင် စီစီ တီဗွီတပ်ဖို့လိုတယ်။ ကျွန်တော် တို့ရဲတပ်ဖွဲ့တွေအနေနဲ့လဲ ရွှေ ဆိုင်တွေရဲ့ အနီးဝန်းကျင်တွေ မှာ ပတ်ကင်းတွေ ထားပေးထား ပါတယ်””ဟုပြောသည်။

ရွှေပြည်သာမြို့နယ်တွင် မီးအားမြှင့်စက်အပူလွန်ကဲကာ မီးလောင်မှုဖြစ်

Photo: ရွှေပြည်သာမြို့နယ်တွင် မီးအားမြှင့်စက်အပူလွန်ကဲကာ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

၉.၁.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်လရောင်(၃)လမ်း၊ အမှတ် ၉၈(က)နေ ကိုနေလင်းထိုက် (ဘ)ဦးတင်ဝင်းသည် မီးအားမြှင့်စက်အား  ဖွင့်ထားပြီးအိပ်ပျော်သွားခဲ့ရာ ၁၀.၁.၂၀၁၄ ရက်နေ့ ၀၄၄၅အချိန်တွင် မီးအားမြှင့်စက်မှာအပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် ၎င်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ်(၁)လုံးနှင့် ဘေးချင်းကပ် အမှတ် ၉၈(ခ)ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်(၁)လုံးတို့အားကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီးတို့ ရောက်ရှိငြိမ်းသတ်ခဲ့၍ ၀၅၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် နေအိမ်(၂)လုံးဆုံးရှုံးခဲ့ပြီး ကိုနေလင်းထိုက်၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် 
အင်းစိန်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွါးခဲ့သည့်အတွက် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ ကိုနေလင်းထိုက်အား ရွှေပြည်သာမြို့မရဲစခန်း (ပ)၁၇/၂၀၁၄၊ 
ပုဒ်မ ၂၈၅/၃၃၇ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါများနှင့် ဓာတ်စာ

အိုင်ဘီအက်စ် (I.B.S) ခေါ်

အစာအိမ်နာ အူလမ်းကြောင်း ရောဂါများမှာ နာတာရှည် ဖြစ်တတ်ပြီး စိတ်ရှည်ရှည် အချိန်ယူပြီး ကုသရသည်။

အဖြစ်များသော ရောဂါ လက္ခဏာများ

ဗိုက်တင်းခြင်း၊ ဗိုက်ကယ်ခြင်း၊ လေချဉ်တက်ခြင်း၊ လေမလည်ခြင်း၊ အစာများပြီး မနေနိုင်အောင် ဗိုက် အောင့်ခြင်း၊ အစာစားပြီးပါက ရောဂါ ပိုဆိုးလာခြင်း၊ ဗိုက် အလွန်နာခြင်း၊ ရင်ညွန့် အောင့်ခြင်းတို့ ဖြစ်တတ်သည်။

အခြား အသွင်များ

ဝမ်း အမာသွားခြင်း၊ ဝမ်း ပျက်ခြင်း၊ ဝမ်း ချုပ်ခြင်း၊ ဝမ်း သွားလိုက်၊ ချုပ်လိုက် ဖြစ်ခြင်း၊ ဝမ်းသွားလျှင် ချွဲပါခြင်း၊ ဝမ်းသွား အားမရခြင်း၊ တချို့မှာ အစာ ရေမျိုအောက်ပိုင်း ကြွက်သား ညှစ်အား မူမမှန်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ အစာ မကြေခြင်း၊ ရင်ညွန့်တစ်ဝိုက် နာခြင်းတို့ ဖြစ်တတ်သည်။

ချောကလက်သည် မှတ်ဥာဏ်စွမ်းအား တိုးတက်စေ

ချောကလက်သည် ခန္ဒာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုသည်ဟုဆိုသည်။ ကိုကိုးပါဝင်သော ချောကလက်များ စာသုံးခြင်းသည် ဥာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေပြီး မှတ်ဥာဏ်ချွတ်ယင်းမှု ဖြစ်နေသော သက်ကြီးပိုင်းများအား သွေးပေါင်ချိန် တက်လာစေသည်ဟု လေ့လာစူးစမ်းမှု အသစ်က တွေ့ရှိ ခဲ့သည်။

မှတ်ဥာဏ်ချွတ်ယွင်းမှု အနည်းငယ်ဖြစ်နေသော သက်ကြီးလူနာများသည် ကိုကိုးအနည်းဖြစ်စေ အတန်အသင့်ဖြစ်စေ အများအပြားဖြစ်စေ ပါဝင်သော ချောကလက်များကို စားသုံးပေးသင့်သည်ဟု အဆိုပါ လေ့လာ စူးစမ်းမှုအရ သိရသည်။ ရေရှည်၊ ရေတို မှတ်ဥာဏ်စွမ်းအား၊ စဉ်းစား တွေးတောနိုင်စွမ်းနှင့် စဉ်းစာခြင်း လျင်မြန်နှုန်းတို့ကို ရက်သတ္တ ၈ ပတ်ကြာ စမ်းသပ် စစ်ဆေး ခဲ့ကြရာ ကိုကိုးပါသော ချောကလက် အသင့်အတင့် သို့မဟုတ် အများအပြား စားသောက်သူ လူနာများတွင် မှတ်ဥာဏ်စွမ်း တိုးတက်မှုရှိသည်ကို တွေ့ခဲ့ကြ ရသည်။

ချောကလက် ပုံမှန် စားသောက်ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းရည် တိုးတက်မှု ရှိကြောင်းကို အီတလီနိုင်ငံ L’Aquil တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Giovambattista Desideri ဦးဆောင်သော အဖွဲ့က သုတေသနပြု လေ့လာခဲ့ ကြခြင်းဖြစ်သည်။

Royal Hero Media

အမေရိကန်ဗိုလ်မှူးကြီးဟောင်း ကားကို အိမ်လုပ်နေရ

အမေရိကန်ဗိုလ်မှူးကြီးဟောင်း ကားကို အိမ်လုပ်နေရ

[ Ref: Mail Online ၊ နယူးယောက် ၊ ဇန်န၀ါရီ ၉ ]

ကမ္ဘာ တစ်ဝန်းတိုက်ပွဲများစွာ ဆင်နွှဲ ဖူးပြီး တစ်ချိန်က ထိပ်တန်းဗိုလ် ချုပ်ကြီးတစ်ဦး၏ အထူးလက် ထောက်ဖြစ်ခဲ့သူ အမေရိကန် စစ်ပြန်ကြီးတစ်ဦးသည် အလုပ် တစ်ခုမျှရှာမရသေးသဖြင့် ၎င်းင်း ၏ဗင်ကားကို အိမ်လုပ်နေရသည် ဟု သိရသည်။ 

သို့သော်လည်း မကြိုးစား သဖြင့် အလုပ်မရခြင်းမဟုတ်ဟု ဆိုသည်။ အသက် ၅၉နှစ်အရွယ် ရှိ အိုးမဲ့အိမ်မဲ့ဗိုလ်မှူးကြီးဟောင်း ရောဘတ်ဖရင်နီးယားက ၎င်းင်း ၏ဇာတ်လမ်းကို Philly.com သို့ပြောကြားခဲ့ပြီး ၎င်းင်းတွင် ထူး ခြားကောင်းမွန်သော အကိုး အကားများနှင့် ဘွဲ့ဒီဂရီ သုံးခု ပိုင်ဆိုင်ထားသော်လည်း အ စောင့်အလုပ်ကလေးတောင် မရဘူးလားဟု လူများကမေး ကြသည့်အခါ ထိုအလုပ်ရရှိဖို့ ကြိုးစားဖူးသည်ဟု ၎င်းင်းက ပြော ကြားခဲ့သည်။ ယခုအခါ ဗိုလ် မှူးကြီးဟောင်းသည် ပင်ဆယ်လ် ဗေးနီးယားပြည်နယ် King of Prussia တွင် ပိုင်ဆိုင်မှုအား လုံးနှင့်အတူ ၎င်းင်း၏ ဗင်ကားထဲ တွင် နေထိုင်လျက်ရှိသည်။

စစ်တပ်ပင်စင်မှ တစ်နှစ် လျှင် ဒေါ်လာ၄၀၀၀၀ရရှိသော် လည်း လွန်ခဲ့သည့်နှစ်နှစ်က ဇနီးဖြစ်သူနှင့်ကွာရှင်း၊ လေတပ် မှ အငြိမ်းစားယူကတည်းက အကြေးများပိနေခဲ့သည်ဟု ၎င်း  Philly.com သို့ ပြောကြား ခဲ့သည်။ ဗိုလ်မှူးကြီးဟောင်းသည် ဆိုမာလီယာ၊ ပနားမား၊ ဟေတီ နှင့် ကူဝိတ်တို့တွင် စစ်ဘက်တာ ၀န်များထမ်းဆောင်ခဲ့ပြီး ၂၀၀၃ နှင့် ၂၀၀၅ခုနှစ်အတွင်း အာဖ ဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ၏တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး စတန်လေမက်ခရစ္စကယ်၏ အထူးလက်ထောက်အဖြစ် လုပ် ကိုင်ခဲ့ဖူးသည်။ 
ဗိုလ်မှူးကြီးဟောင်းသည် နိုင်ငံရေးသိပ္ပံ၊ ပြစ်မှုဆိုင်ရာတရား ရေးအပါအ၀င် အမျိုးသားလုံ ခြုံရေးနှင့် မဟာဗျူဟာလေ့လာ မှုတို့တွင် မာစတာဘွဲ့သုံးဘွဲ့ ရရှိထားသူဖြစ်သည်ဟု သိရ သည်။

[ Ref: Mail Online ၊ နယူးယောက် ၊ ဇန်န၀ါရီ ၉ ]

ကမ္ဘာ တစ်ဝန်းတိုက်ပွဲများစွာ ဆင်နွှဲ ဖူးပြီး တစ်ချိန်က ထိပ်တန်းဗိုလ် ချုပ်ကြီးတစ်ဦး၏ အထူးလက် ထောက်ဖြစ်ခဲ့သူ အမေရိကန် စစ်ပြန်ကြီးတစ်ဦးသည် အလုပ် တစ်ခုမျှရှာမရသေးသဖြင့် ၎င်းင်း ၏ဗင်ကားကို အိမ်လုပ်နေရသည် ဟု သိရသည်။

သို့သော်လည်း မကြိုးစား သဖြင့် အလုပ်မရခြင်းမဟုတ်ဟု ဆိုသည်။ အသက် ၅၉နှစ်အရွယ် ရှိ အိုးမဲ့အိမ်မဲ့ဗိုလ်မှူးကြီးဟောင်း ရောဘတ်ဖရင်နီးယားက ၎င်းင်း ၏ဇာတ်လမ်းကို Philly.com သို့ပြောကြားခဲ့ပြီး ၎င်းင်းတွင် ထူး ခြားကောင်းမွန်သော အကိုး အကားများနှင့် ဘွဲ့ဒီဂရီ သုံးခု ပိုင်ဆိုင်ထားသော်လည်း အ စောင့်အလုပ်ကလေးတောင် မရဘူးလားဟု လူများကမေး ကြသည့်အခါ ထိုအလုပ်ရရှိဖို့ ကြိုးစားဖူးသည်ဟု ၎င်းင်းက ပြော ကြားခဲ့သည်။ ယခုအခါ ဗိုလ် မှူးကြီးဟောင်းသည် ပင်ဆယ်လ် ဗေးနီးယားပြည်နယ် King of Prussia တွင် ပိုင်ဆိုင်မှုအား လုံးနှင့်အတူ ၎င်းင်း၏ ဗင်ကားထဲ တွင် နေထိုင်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် လုံခြုံရေးစိုးရိမ်မှုကြောင့် နိုင်ငံခြားသံရုံးများ ပိတ်

မောင်ဖေသက်နီ (ဘာသာပြန်)

လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဆန္ဒပြမှုတွေနဲ့ နီးတဲ့နေရာတွေကို မသွားကြဖို့ သက်ဆိုင်တဲ့ နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေက ကြေညာချက်တွေ ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။

မြို့တော် ဘန်ကောက်မှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော် (Sihasak Phuangketkaew)က ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ ဆီလုံလမ်း၊ ဆသွန်လမ်းနဲ့ ၀ိုင်ယာလက်လမ်းတွေပေါ်မှာ ရှိတဲ့ နိုင်ငံခြားသံရုံး ၂၀ လောက်ဟာ အဲဒီ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ရှိနိုင်တယ်လို့ ကြေညာချက်တွေ ထုတ်ပြန်သတိပေးထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော်က နိုင်ငံခြား သံတမန်တွေကို ကိုးကားပြီး အဲဒီလမ်းတွေပေါ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရှိလာနိုင်တဲ့အတွက် လာမယ် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့တမြို့လုံး လုံခြုံရေး အတွက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီး တွေ့ဆုံပွဲမှာ သံတမန်တွေကိုရော၊ ထိုင်းနိုင်ငံ ရောက်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေကိုရော သတိထားကြဖို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဗိုလ် ဗထူး တန်ဖိုး မျှတ အိမ်ရာ တိုက်ခန်းများအား စိတ် ၀င်စား သူများ နေ

[ သက်သျှိုင်းသူ ရန်ကုန်၊ ဇန်န၀ါရီ ၉ ]

ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတိုက်ခန်း များ လျှောက်လွှာလက်ခံသည့် ပထမနေ့တွင် လူပေါင်းထောင် ချီကာ လာရောက်စုံစမ်းခဲ့ ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများအား ၀ယ် ယူလိုသူများအနေဖြင့် လျှောက် လွှာပုံစံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန၌ ဇန်န၀ါရီ ၆ရက်တွင် လျှောက်လွှာများ ခေါ်ယူသောပထမဆုံးနေ့တွင် လာရောက်စုံစမ်းသူမှာ ၁၀၀၀ ကျော် လာရောက်မေးမြန်း ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။

““လျှောက်လွှာတွေ လက် ခံတဲ့ ပထမဆုံးနေ့မှာ လျှောက် လွှာလာတင်တဲ့သူက ၂၄စောင် ပါ။ လူ၁၀၀၀ကျော်လောက်က သူတို့လျှောက်ဖို့အတွက် လာ စုံစမ်းကြတယ်။ လျှောက်လွှာ တွေကို ကျွန်တော်တို့က မ ရောင်းပါဘူး။ ကျွန်တော့်ဌာန မှာ တိုက်ခန်းလျှောက်လွှာ၊ ထောက်ခံချက်စာရွက်ကို ကပ် ပေးထားပါတယ်။ လာလျှောက် ချင်တဲ့သူတွေအနေနဲ့ အဲဒီ တိုက်ခန်းလျှောက်လွှာနဲ့ထောက် ခံချက်ကို ကိုယ်တိုင်လက်ရေး မူနဲ့ရေးပြီး လျှောက်လွှာတင်ရ ပါမယ်””ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ၀ယ်ယူ လိုသူများအနေဖြင့် လျှောက် လွှာပုံစံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနတွင် လာ ရောက်ကြည့်ရှု၍ လျှောက် လွှာများကို ၂၀၁၄ခုနှစ်ဇန်န၀ါ ရီ၁ရက်မှ စတင်၍လက်ခံလျက် ရှိပြီး ဇန်န၀ါရီ ၃၁ရက်နောက် ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ရေပူရေအေးစက်တွင် ရေသောက်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၃) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၈ ရက်နေ့ ည ၁၁ နာရီခန့်က အသက် ၂၂ အရွယ် လေအေးပေးစက်ပြင် အလုပ်သမားတစ်ဦးက ရေပူရေ အေးစက်တွင် ရေသောက်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သေဆုံးသူသည် အသက် ၂၂ အရွယ် ကိုအောင်ကိုဦး ဆိုသူဖြစ်ပြီး ၎င်းသည် ရေပူရေအေးစက်၌ ရေသွားသောက်စဉ် ယင်းစက်တွင် လျှပ်စီးဝင်ရာမှ ဓာတ်လိုက်ခဲ့ကြောင်း၊ ၎င်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“မိသားစုဝင်တွေ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးမှာ ဖြစ်သွားတာပါ၊ ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ဟု အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က ရှင်းပြသည်။

လျှပ်စစ်ပစ္စည်းများ အသုံးပြုရာတွင် သတိထား ကိုင်တွယ် အသုံးပြုသင့်ပြီး၊ ရေပူရေအေးစက်ကြောင့် ဓာတ်လိုက် သေဆုံးမှုသည် ဖြစ်ခဲသော သေဆုံးမှုတစ်ခု ဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများကို အသုံးပြုသူများ အနေနှင့် လျှပ်စစ်အန္တရာယ်ကို ကြိုတင်သိရှိကာ ကိုင်တွယ် အသုံးပြုသင့်ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ လျှပ်စစ်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

မန်စီတွင် တိုက်ပွဲဖြစ်ပြီးနှစ်ရက်အကြာ အစိုးရတပ်များ ပြန်ဆုတ်ခွာ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး ကေအိုင်အေက ပြန်လွှတ်ပေး

ထိုက်သူဇော်၊ ရန်ကုန်၊ ဇန်န၀ါရီ-၉

ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်းပါရွာတွင် ဇန်န၀ါရီ ၆ ရက်က ကေအိုင်အေနှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်အကြာ၌အစိုးရတပ်များ ပြန်လည်ဆုတ်ခွာ သွားခြင်းသည် ဗျူဟာအရသာဆုတ်ခွာခြင်းဖြစ်ပြီး တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် ယုံကြည်၍မရနိုင်ကြောင်း ကေအိုင်အို နည်းပညာအထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက စံတော်ချိန်သို့ ဇန်န၀ါရီ ၉ ရက်၌ ပြောကြားသည်။

ဇန်န၀ါရီ ၆ ရက်က ဖြစ်ပွားသော ကေအိုင်အေနှင့် အစိုးရတပ်တိုက်ပွဲတွင် အစိုးရတပ်မှ ရိက္ခာကားတစ်စီး၊ ကျည်ဆန်ပေါင်း ၁၀၀၀ ကျော်၊ ဘဇူကာ တစ်လက်၊MA သေနတ်နှစ်လက်၊ဒုတပ် ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အစိုးရတပ်သည် မုန်းခေါင်စခန်းမှ မုန်းဒိမ်းပါရွာသို့ တိုးချဲ့ လာစဉ်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး ဖမ်းမိသော စစ်တပ်မှ ဒုတပ်ကြပ်နှင့် တပ်သားတို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

" ဆုတ်ခွာတာလည်း ဆုတ်ခွာတာပဲ။ ဒါပေမဲ့ တထစ်ချယုံကြည်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ အရဘာမှ ယုံကြည်လို့မရဘူး။ ဆုတ်ရင် လည်း ဗျူဟာအရ ဆုတ်တာပဲဖြစ်မယ်။ တက်ရင်လည်း ဗျူဟာအရပဲ။ ဒါ ကေအိုင်အေရဲ့ ဘ၀အတွေ့အကြုံပဲ။ ဘာမှယုံကြည်လို့မရဘူး။ စစ်ပွဲတွေထပ် မဖြစ်ဘူးလို့ ပြောလို့မရဘူး " ဟု ဦးဒေါင်ခါးက ပြောဆိုသည်။

ထန်းတပင်မြို့နယ်တွင် မြေတူးစဉ် မြေပြို သုံးဦးသေ ၊ ခုနှစ်ဦး ဒဏ်ရာရ

တောင်ငူ ၊ ဇန်နဝါရီ ၉ ။ ။ ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရေကျော် ကျေးရွာ အုပ်စု ကျောက်ကုန်း ကျေး ရွာ တောင်ငူ-ဇရပ်ကြီး ကားလမ်းအရှေ့ဘက်ခြမ်းနယ် မြေရှိ ''မင်းဒင်''မြေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၇ ရက် ည၈နာရီ မိနစ်၎ဝခန့် တွင် မီးများထွန်း၍ မြေများတူး ဖော်စဉ် မြေပြိုကျ၍ လူသုံးဦးသေဆုံး ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

မြေတူးနေကြသော လုပ် သားနှစ်ဦးမှာ အပေါ်မှရုတ်တ ရက်မြေပြိုကျမှုခံရသောကြောင့် မြေကြီးအောက်သို့ ရောက်ရှိ သွားခဲ့မှုအား ဘေးလူများကူ ညီဝိုင်းဖော်ပေးခိုက် နောက် ထပ်တစ်ကြိမ်ထပ်မံမြေပြိုကျ ခဲ့ပြန်သဖြင့် လူသုံးဦးသေဆုံး သွားခဲ့ ရပြီး လူခုနစ်ဦးမှာ ထိ ခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်က နှစ်ကြိမ် ပိတာပါ။ ပထမကျွန်တော်နဲ့ ကိုဇော်မင်းနိုင်၄၁နှစ်တို့ နှစ် ယောက်တည်း ည၈နာရီကျော် လောက်မှာ မီးထွန်းပြီး မြေက လိုင်ဖြစ်အောင် တူးနေတာပါ။ ကလိုင်ဖြစ်သွားတဲ့အခါ ကုန်း ပေါ်ကတက်ပြီး သံတူးရွင်းနဲ့ ဖြိုချကြရင် မြေသားထုအများ ကြီးကို ခဏကလေးနဲ့ရတာ မို့ ဒီလိုလုပ်ဆောင်ကြတာပါ။ မိုးချုပ်ပြီဆိုတော့ သူများတွေ ပြန်သွားကြပါပြီ။ အဲဒီအချိန် မှာ ဝုန်းဆိုမြေပြိုကျပြီး ကျွန် တော်တို့နှစ်ယောက်အပေါ် မြေကြီးတွေ ဖုံးသွားပါတယ်။ ကျွန်တော့်အပေါ်က ကိုဇော် မင်းနိုင်က ကားယားခွကြီးဖြစ် ပြီး ကျွန်တော်က အောက်က  အနေအထားနဲ့ ပိသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီး ရှင်းလင်းချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့မှာ တည်းခိုနေထိုင်ခဲ့ရမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက စီစဉ်ပေးမှုမရှိဘူးဆိုပြီး ပြောဆိုမှုတွေကို မီဒီယာများမှာ တွေ့ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဆက်သွယ်မေးမြန်းသိရှိရတဲ့ အခြေအနေများကိုတင်ပြအပ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တည်းခိုနိုင်ဖို့အတွက် ပြည်နယ်အစိုးရမှ ပြည်ထောင်စုရိပ်သာ အခန်း(၂ ) အား ဒေါ်အောင်ဆန်းစုကြည် အတွက်လည်းကောင်း၊ PSO နှင့် လုံခြုံရေးဟုသူ ပေါင်း( ၁၀ )ဦးအတွက် ယခင်က ၀န်ကြီးများလာရောက်လျှင် တည်းခိုနေထိုင်လေ့ရှိသော ( ၂ )ယောက်ခန်းအမှတ် ( ၄/၅/၆ ) နဲ့ PSO ခန်း COMMON HALLအား ပေးခဲ့ပါသည်။

အခန်းအရေအတွက်သာလျာထားပေးခဲ့ခြင်းဖြစ်ပြီး နေရာချထားမှုကို NLD အစီစဉ်ဖြင့်ဆောင်ရွက်ရန်စီစဉ်ပေး ခဲ့ပါတယ်။ အခန်း (၁) ကတော့ အစဉ်အလာအရ နိုင်ငံတော်အကြီးအကဲ တွက်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒုသမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်နာယက ကြီး တို့ လာရောက်စဉ်မှာလည်း အခန်း ၂ မှာပဲ တည်းခိုနေထိုင်ခဲ့တာဖြစ် ပါတယ်။

ထောင်ဖောက်ပြေးပြီး အရမ်းအေးလို့ ထောင်ထဲကို ပြန်လာအဖမ်းခံတဲ့ အကျဉ်းသား

မကြာသေးမီက အမေရိကအရှေ့ မြောက်ပိုင်းမှာ ဆောင်းမုန်တိုင်းကျရောက်ခဲ့ပြီး အရမ်းချမ်းအေးတဲ့ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီအေးစက်လှတဲ့ ရာသီဥတုဟာ ထွက်ပြေးလွတ်မြောက်လာတဲ့အကျဉ်းသား တစ်ယောက်ကိုတောင် ထောင်ထဲ ပြန်နေဖို့ စိတ်ကူးပြောင်းစေခဲ့ပါတယ်။

ရော်ဘတ်ဗစ် ဆိုတဲ့ အသက် ၄၂ နှစ်အရွယ်အကျဉ်းသားဟာ လုံခြုံရေးတင်းကျပ်မှု နိမ့်ကျတဲ့ ကွန်တပ်ကီပြည်နယ်၊ လက်ဇင်တန်မြို့ က ထောင်ကို တနင်္ဂနွေနေ့ က ဖောက်ပြေးနိုင်ခဲ့ပါတယ်။ ရော်ဘတ်ဟာ ၂၄ နာရီအကြာထွက်ပြေးလွတ်မြောက်နေခဲ့ပြီး ချမ်းအေးတဲ့ရာသီဥတုဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ မိုတယ်တစ်ခု ကို တုန်တုန်ရီရီနဲ့ လျှောက်ဝင်လာပြီး အာဏာပိုင်တွေကို ခေါ်ပေးဖို့ တောင်းဆိုလိုက်ရပါတော့တယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု အားရလောက်စရာ တိုးတက်မှု မရှိဟု ဦးတေဇ ပြောပြီ

Friday, January 10, 2014

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းများလုပ်ဆောင်နေ သည်ဟုဆိုသော်လည်း စီးပွား ရေးပြုပြင်ပြောင်းလဲမှုအပိုင်း တွင် အားရစရာ တိုးတက်မှုမရှိ သေးကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတေဇက ပြောသည်။ အစိုးရသစ်လက်ထက်မှ စတင်ကာ နိုင်ငံရေးပြုပြင်ပြောင်း လဲမှု၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေသည် ဟုဆိုသော်လည်း တိုးတက်မှု နည်းနေသေးသည့်အတွက် လုပ်ငန်းရှင်များ Economic Reform တွင် ပါဝင်ကြရန် လို အပ်နေပြီဟု ဇန်နဝါရီ ရရက် က နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ပြုလုပ် သော ပဉ္စမ အကြိမ်အသင်းသား စုံညီအစည်းအဝေးတွင် ယင်း က ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ဦးတေဇက ''အခုအစိုးရ ပိုင်းက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံရေးပြုပြင်မှုတွေ၊ စီးပွားရေး ပြုပြင်မှုတွေကို အဘက်ဘက်က လုပ်နေတယ်ဆိုပေမယ့် ဘဏ် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပြော ရရင် စီးပွားရေးအပိုင်းမှာ ဘာမှ အားရစရာ တိုးတက် မှု မတွေ့ ပါဘူး။ ညှိနှိုင်းမှုတွေအပိုင်းမှာ လဲ အများကြီးအားနည်းနေ တယ်။ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးဆောင်ရွက်မှုတွေမှာ အားလုံးပါဝင်ဖို့လိုတယ်''ဟု ဆို သည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်အတွင်း လူ ၉၇၀၀ ကျော် သေဆုံး

Photo: ပြည်တွင်း၌ ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်အတွင်း လူ ၉၇၀၀ ကျော် သေဆုံး

မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်တာ ကာလအတွင်း လူဦးရေ ၉၇၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ ၉ ရက်တွင် စုံစမ်းသိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် လူသေဆုံးမှု ဖြစ်စဉ်များမှာ နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက် ရှိကြောင်းလည်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦး၊ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၅ဦး၊ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၃၉၀၇ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၄၃၅ ဦး၊ သေဆုံးသူ ၃၆၁၂ ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ၇ ဒသမ ၆၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၉ ဒသမ ၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၉ ဒသမ ၉၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် သေဆုံးသွားတဲ့ သူတွေက အသက် ၁၀ နှစ်ကနေ ၄၀ ၀န်းကျင် ရှိတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်တွေ လျော့ကျခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရမှုတွေ လျော့ကျစေဖို့အတွက် ယာဉ်မဆင်မခြင် မောင်းနှင်သူတွေနဲ့ စည်းကမ်းဖောက် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ယာဉ်ထိန်းတရားရုံးက ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ပြီးတော့ ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးနင်းတဲ့ သူတွေကို အရေးမယူတော့ဘဲနဲ့ ဆိုင်ကယ်ဦးထုပ်တွေကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့အထိ အခမဲ့ ပေးသွားမယ်။ အခုနှစ် အတွင်းမှာလည်း ပညာပေးမှုပိုပြီး လုပ်ဆောင်သွားမယ်” ဟု ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

(၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိသူ တစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့တင်ရန် ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ နှစ်စဉ်မြင့်တက်နေပြီး သုံးနှစ်တာ ကာလအတွင်း လူဦးရေ ၉၇၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ ၉ ရက်တွင် စုံစမ်းသိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်နှင့် လူသေဆုံးမှု ဖြစ်စဉ်များမှာ နှစ်စဉ်နှစ်တိုင်း မြင့်တက်လျက် ရှိကြောင်းလည်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၉၇၆၂ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦး၊ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၁၆၄၉ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၅ဦး၊ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၃၉၀၇ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၄၃၅ ဦး၊ သေဆုံးသူ ၃၆၁၂ ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ၇ ဒသမ ၆၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၉ ဒသမ ၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၉ ဒသမ ၉၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကျောင်းအိမ်သာ...( မောင်တင်ဦး (မြောင်းမြ))

Photo: ကျောင်းအိမ်သာ

Written By -  မောင်တင်ဦး (မြောင်းမြ)

အိမ်သာ

ဒီဆောင်းပါးကို ရေးချင်တာကြာပါပြီ။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ခွဲတမ်းက နည်းပါးလွန်းတဲ့ကြားထဲ ဒီအိမ်သာ အကြောင်း ရေးကြီးခွင့်ကျယ်လုပ်နေတယ်လို့ ယူဆမှာစိုးတာကြောင့် ချမရေးဖြစ်တာပါ။

မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှုဟာ ခေတ်တော်တော်နောက်ကျခဲ့ပါတယ်။ ယနေ့ထိတိုင် အိမ်သာကို စနစ်တကျမသုံးစွဲသေးတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။

အချို့ကျေးလက်တွေမှာ အိမ်သာသုံးစွဲမှုကလည်း ယင်လုံအိမ်သာအဆင့်ကို မရောက်သေးပါဘူး။ ဖြစ်ကတတ်ဆန်း အမိုးမပါ။ အကာသတ်သတ်၊ ဂုံနီအိတ်ကို တံခါးလုပ် အိမ်သာတွေပဲရှိပါသေးတယ်။
အဲဒီလို မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှု အလေ့အထအားနည်းမှုဟာ ကလေးများစုဝေးရာ ကျောင်းတွေကို ထင်ဟပ်လာပါတယ်။ ဒါဟာ မြန်မာတွေရဲ့ အိမ်သာအပေါ် အလေးအနက်မထား တတ်တဲ့စရိုက်ကို ဖော်ပြနေတာပါပဲ။

စင်စစ် ကျောင်းအိမ်သာဟာ စာသင်ခန်းလိုပဲ အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ကျောင်းအိမ်သာကို တစ်နေ့တစ်ကြိမ်တော့ သုံးစွဲနေရတာပါ။ မသန့်ရှင်းတဲ့ အညစ်အကြေးတွေ စွန့်ပစ်ရတဲ့နေရာဖြစ်တာမို့ သာမန်အခန်းများထက် သန့်ရှင်းရပါမယ်။ ရေလုံလုံလောက်လောက်သုံးစွဲနိုင်ရပါမယ်။ ကျန်းမာရေးနဲ့ပြည့်စုံရပါမယ်။ မသန့်ရှင်းတဲ့ကိစ္စ ဆောင်ရွက်တဲ့နေရာမို့ မသန့်ရှင်းအောင်ထားလိုက်မယ်။
ထားတတ်ကြတယ်ဆိုတဲ့ အလေ့အထဟာ အလွန်မှားယွင်းပါတယ်။ အမြန်ဆုံး ပြုပြင်ကြရမယ့် အယူအဆပိုင်းဆိုင်ရာ အရေးတကြီးကိစ္စဖြစ်ပါတယ်။

Sanitation is important than independence လို့  Mahatma Gandhi,1925 ကဆိုပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာ လွတ်လပ်ခြင်းထက် ပိုအရေးကြီးတယ်လို့ဆိုခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ နိပေါနိုင်ငံမှ ဆရာမ မာယာဒေ၀ီ (Teacher Maya Devi) က အရွယ်ရောက်စ (adolescent) မိန်းကလေးတွေအတွက် ကျောင်းအိမ်သာဟာ အလွန်အရေးကြီးကြောင်း ထောက်ပြခဲ့ပါတယ်။

ထိုမိန်းကလေးတွေဟာ တစ်လမှာ လေးရက်မှ ခုနစ်ရက်ခန့်ထိ မလွှဲမရှောင်သာ ဓမ္မတာလာခြင်း (Menstruation) အမှုကို ရင်ဆိုင် ဖြေရှင်းရပါတယ်။ အရွယ်မရောက်သေးတဲ့ အရွယ်မှာ အတွေ့အကြုံမကြွယ်သေးမီ ဒီကိစ္စကို ဖြေရှင်းရေးအတွက် ကျောင်းအိမ်သာဟာ အလွန်အရေးကြီးပါတယ်။ သူတို့အတွက် ကျောင်းအိမ်သာဟာ သန့်ရှင်းရေးသာမက လုံခြုံစိတ်ချရေးအတွက်ပါ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေဟာ ဒီကိစ္စကို ရှက်စရာ၊ ကြောက်စရာ၊ ဖြေရှင်းရခက်ခဲတဲ့အရာလို့ ထင်မှတ်တတ်ကြပါတယ်။ ပညာမတတ်တဲ့ မိခင်အချို့က သမီးကို ကြိုတင်ရှင်းပြမထားလို့ ပထမဆုံး အတွေ့အကြုံမှာ ကြောက်ရွံ့ငိုယိုရတဲ့အဖြစ်တွေ ကြုံခဲ့ဖူးပါတယ်။

ကျောင်းအိမ်သာဟာ သန့်ရှင်းရေးသာမက တစ်ဦးချင်းစီရဲ့ လွတ်လပ်မှု၊ လုံခြုံမှုရှိရမယ့် နေရာဖြစ်မယ်ဆိုတာပိုလို့ အဓိပ္ပာယ်ကျယ်ဝန်းလာပါတယ်။ ဒါ့ထက် ယဉ်ကျေးလာတဲ့ လူမှုပတ်ဝန်းကျင်မှာ အိမ်သာဟာ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းကိုပြညွှန်းတဲ့ သင်္ကေတ ဖြစ်လာပါတယ်။

ကမ္ဘာပေါ်ရှိလူ ၁ ဒသမ ၉ ဘီလျံဟာ စနစ်တကျ အိမ်သာသုံးစွဲမှုမရှိကြပါဘူး။ ဒါကြောင့် လူသားတိုင်း အိမ်သာသုံးစွဲရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂက နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာ (သုံးစွဲရေး)နေ့ (World Toilet Day) အဖြစ် သတ်မှတ်ပေးထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက ကမကထလုပ်လာတာကြောင့် ကျန်းမာရေးအတွက် အိမ်သာသုံးတတ်အောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ယူနက်စကို၊ ယူနီဆက်ဖ်တို့နဲ့ ပူးပေါင်းပြီး ပညာပေးခြင်း၊ အိမ်သာဆောက်လုပ်ပေးခြင်း စတာတွေကို တီဗွီမှာ မကြာခဏတွေ့နေရပါတယ်။
လက်တွေ့အကောင်အထည်ဖော်မှုကတော့ ထင်သလောက် ခရီးမပေါက်သေးဘူးလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့အထိ အိမ်သာကို စနစ်တကျ မသုံးစွဲကြသေးတာ ကျေးလက်ဒေသ အတော်များများမှာ တွေ့နေရဆဲပါ။

လှူဒါန်းသင့်တဲ့ နေရာတစ်ခု

ဒါနဟာ ပါရမီ ၁၀ ပါးအနက် တစ်ပါးပါ။ ဘုရားလောင်း ဝေဿန္တရာမင်းကြီးဟာ တိုင်းပြည်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ ဆင်ဖြူတော်ကို လှူရုံသာမက ဂဏှာနဲ့ဇာလီတို့ မောင်နှမကိုလည်း ဇူဇကာကိုလှူခဲ့သလို ဇနီးသည် မဒ္ဒီဒေ၀ီကိုလည်း လူယောင်ဖန်ဆင်း ထားတဲ့သိကြားမင်းကို လှူခဲ့တာပါ။ မြန်မာလူမျိုးတွေဟာ အလှူနဲ့ပတ်သက်ပြီး လက်တွန့်ရိုးမရှိပါဘူး။ ပုဗ္ဗ၊ မုဉ္ဇ၊ ပရစေတနာ ဆိုတဲ့ မလှူမီသဒ္ဓါတဲ့စိတ်ထား၊ လှူနေစဉ် သဒ္ဓါတဲ့စိတ်ထား၊ လှူဒါန်းပြီး ပီတိနဲ့ ယှဉ်တဲ့ သဒ္ဓါတဲ့စိတ်ထားနဲ့ လှူတတ်ကြတာပါ။
စာသင်ကျောင်းတွေမှာလည်း တတ်နိုင်တဲ့ မိဘတွေ ၀ိုင်းဝန်းလှူဒါန်းကြပါတယ်။ ကျောင်းခြံဝန်းအလှူ၊ မုခ်ဦးအ၀င်ဝအလှူ၊ ကျောင်းပရိဘောဂအလှူ၊ မျက်နှာကြက်အလှူ၊ ကျောင်းဆောင်အလှူ၊ စာရေးကိရိယာအလှူ၊ အစာအာဟာရအလှူ၊ သောက်ရေအိုးစင်အလှူ၊ စာကြည့်တိုက်အလှူစသဖြင့် ထောင့်စုံက လှူကြတန်းကြ ဒါနပြုကြပါတယ်။

ဒါပေမဲ့ ကျောင်းအိမ်သာကို သတ်သတ်မှတ်မှတ် လှူတဲ့အလှူရှင်ရယ်လို့ မကြားမိပါ ဘူး။ ဒါကြောင့် ကျောင်းအိမ်သာကို လှူဒါန်းတဲ့ အလှူရှင်တွေပေါ်ပေါက်ဖို့ ကလေးတွေ အကျိုးမျှော်ကိုးလို့ နှိုးဆော်လိုက်ပါရစေ။

ဝန်ထမ်းတို့ရဲ့အကျင့်

ကျောင်းကျန်းမာရေးဌာနတွေကလည်း ကျောင်းတွင်းကျန်းမာရေးကို စစ်ဆေးဖို့လာတဲ့အခါ သောက်ရေအိုးလေးစစ်ရုံ၊ စင်္ကြံလေး မုန့်ဈေးတန်းလေးစစ် ဆေးရုံနဲ့ ပြီးဆုံးတတ်ကြပါတယ်။ ကျောင်းအိမ်သာကို ထိထိရောက်ရောက် ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်း မရှိကြပါဘူး။ ကျောင်းကျန်းမာရေးလုပ်ငန်း (၉) ချက်ထဲမှာ ကျောင်းအိမ်သာအတွက် သီးသီးသန့်သန့် ဖော်ပြပေးထားတာ မတွေ့ရပါဘူး။ ထို့အတူ ကျန်းမာရေးဌာနတွေမှာလည်း ကျောင်းအိမ်သာအတွက် သီးသန့်ဘတ်ဂျက်ရှိဟန်မတူပါဘူး။

ပံ့ပိုးမှုကောင်းတဲ့ ကျောင်းတစ်ကျောင်းနဲ့ ကျောင်းအိမ်သာဟာ ဘိုထိုင်ခေါ်တဲ့ ဆောင့်ကြောင့်မထိုင်ရတဲ့ အိမ်သာ၊ လက်ဆေးကြောဖို့နေရာ ရေဆွဲခလုတ်နဲ့ ကြွေပြားကပ်၊ ရေဖောဖောသီသီ သုံးစွဲနိုင်တဲ့အိမ်သာ ဖြစ်ပါတယ်။

အဲဒီကျောင်းက ကျောင်းသားဟာ အိမ်ပြန်ရောက်တော့ သူ့မိဘကို ထူးထူးဆန်းဆန်းတွေ ပူဆာပါတယ်။ ဘိုထိုင်ပြောင်းပေးဖို့၊ လက်ဆေးဘေစင်တပ်ပေးဖို့၊ အနံ့ပျောက် ပရုပ်ထည့်ပေးဖို့ဖြစ်ပါတယ်။

ဒါဟာ ကျောင်းတစ်ကျောင်းမှ အိမ်ပေါင်းများစွာ၊ လူပေါင်းများစွာကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အိမ်ပေါက်စေ့လိုက်နှိုးဆော်၊ ပညာပေးနေမယ့်အစား ကျောင်းမှတစ်ဆင့် ပညာဖြန့်ဖြူးပေးနိုင်ခြင်းပါပဲ။

ကျောင်းအိမ်သာတွေ သန့်ရှင်းပါစေ

ဒါကြောင့် ကျောင်းအိမ်သာတွေဟာ သန့်ရှင်းရမယ်။ ရေဖောဖောသီသီသုံးနိုင်ရမယ်။ သန့်ရှင်းရေးလုပ်သား တိတိကျကျထားရှိပြီး ပုံမှန်သန့်ရှင်းရေးဆောင်ရွက်ပေးရမယ်။

ခေတ်မီရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ၊ လေဆိပ်တွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေ ၂၄ နာရီပတ်လုံး အချိန်ပြည့်ဆောင်ရွက်နေတာ တွေ့ရပါတယ်။

အစ္စရေးနိုင်ငံလို နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်သာနဲ့ အရေးပေါ်တယ်လီဖုန်းနံပါတ်တွေကို အဝေးပြေးလမ်းမပေါ်မှာ အဆက်မပြတ် တွေ့ရပါတယ်။ အိမ်သာဟာ အချိန်မရွေးသုံးစွဲရမယ့် အရေးကိစ္စအဖြစ် နားလည်ထားကြပါတယ်။ မြန်မာပြည်မှာလို ပေါက်တောဆိုတဲ့ အဝေးပြေးလမ်းမ ချုံနံဘေးမှာ စွန့်ပစ်စရာမလိုပါဘူး။

အိမ်သာကို ခေတ်မီနိုင်ငံတိုင်းက အညစ်အကြေးစွန့်ပစ်တဲ့နေရာတစ်ခုထက် အေးချမ်းလုံခြုံတဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝမှုကို ပြသတဲ့နေရာအဆင့်အထိ မြင့်မားလာနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ကျောင်းအိမ်သာများကို အဆင့်အတန်းမြင့်အောင် ဆောင်ရွက်ကြရင်း နိုင်ငံ သားတိုင်း အိမ်သာကို မှန်မှန်ကန်ကန်သုံးစွဲတတ်ကြအောင် ၀ိုင်းဝန်းဆောင်ရွက်ကူညီကြဖို့ တိုက်တွန်းရေးသားအပ်ပါတယ်။

(ရန်ကုန်မြို့ ၌ ဇန်န၀ါရီ ၃ရက်က ပြုလုပ်သော ပညာရေးစုံညီပွဲတော်တွင် ကျောင်းကျန်းမာရေးပြကွက်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ))
(ရန်ကုန်မြို့ ၌ ဇန်န၀ါရီ ၃ရက်က ပြုလုပ်သော ပညာရေးစုံညီပွဲတော်တွင် ကျောင်းကျန်းမာရေးပြကွက်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ))

အိမ်သာ

ဒီဆောင်းပါးကို ရေးချင်တာကြာပါပြီ။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ခွဲတမ်းက နည်းပါးလွန်းတဲ့ကြားထဲ ဒီအိမ်သာ အကြောင်း ရေးကြီးခွင့်ကျယ်လုပ်နေတယ်လို့ ယူဆမှာစိုးတာကြောင့် ချမရေးဖြစ်တာပါ။

မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှုဟာ ခေတ်တော်တော်နောက်ကျခဲ့ပါတယ်။ ယနေ့ထိတိုင် အိမ်သာကို စနစ်တကျမသုံးစွဲသေးတဲ့ ကျေးရွာတွေရှိနေပါသေးတယ်။

အချို့ကျေးလက်တွေမှာ အိမ်သာသုံးစွဲမှုကလည်း ယင်လုံအိမ်သာအဆင့်ကို မရောက်သေးပါဘူး။ ဖြစ်ကတတ်ဆန်း အမိုးမပါ။ အကာသတ်သတ်၊ ဂုံနီအိတ်ကို တံခါးလုပ် အိမ်သာတွေပဲရှိပါသေးတယ်။
အဲဒီလို မြန်မာလူမျိုးတို့ရဲ့ အိမ်သာသုံးစွဲမှု အလေ့အထအားနည်းမှုဟာ ကလေးများစုဝေးရာ ကျောင်းတွေကို ထင်ဟပ်လာပါတယ်။ ဒါဟာ မြန်မာတွေရဲ့ အိမ်သာအပေါ် အလေးအနက်မထား တတ်တဲ့စရိုက်ကို ဖော်ပြနေတာပါပဲ။

ဆေးဝါးကျွမ်းကျင်မှု နည်းပါးသော ဆေးဆိုင်ရှင် များကြောင့် ငှက်ဖျားဆေး ယဉ်ပါးမှုဖြစ်

ဆေးဝါးကျွမ်းကျင်မှု နည်းပါးသော ဆေးဆိုင်ရှင် များကြောင့် ငှက်ဖျားဆေး ယဉ်ပါးမှုဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၉

မြန်မာနိုင်ငံ၌ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင် နေရဆဲဖြစ်သော ငှက်ဖျားရောဂါသည် ဆေးဝါး ကျွမ်းကျင်မှု နည်းပါးသော ဆေးဆိုင်ရှင်နှင့် မှတ်ပုံတင် မရှိဘဲ အလွယ်တကူ ရောင်းချနေသော ဈေးဆိုင် များကြောင့် ဆေးယဉ်ပါးမှုနှုန်း မြင့်လာခြင်း ဖြစ်ကြောင်း (၄၂) ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် ဖော်ပြထားသော စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကျေးရွာပေါင်း ၇၁ ရွာမှ ဆေးဆိုင် ၁၂၀ ကို ၂၀၁၂ ခုနှစ်အတွင်း ကွင်းဆင်း စစ်တမ်း ကောက်ယူခဲ့ရာက ယင်းအချက်အလက်များ ရရှိခဲ့ခြင်း ဖြစ်သည်။

ငှက်ဖျားရောဂါ ဆေးအကြောင်း နားလည် သဘောပေါက်ခြင်း မရှိဘဲ ဆေးရောင်းချခြင်းနှင့် ဆေးဆိုင်ပိုင်ရှင်များ၏ ပညာအရည်အချင်း အားနည်းခြင်း တို့ကြောင့် ဆိုင်အားလုံး၏ သုံးပုံနှစ်ပုံကျော်မှာ ငှက်ဖျားရောဂါကို စပ်ဆေးများနှင့် ရောင်းချနေကြကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်း ဝန်ထမ်းများအတွက် ငှက်ဖျားဆေး ပေးနေသော စနစ်ကို ပြင်ဆင်ပေးရန် အထူးအရေးကြီးကြောင်း၊ လက်ရှိ ဆေးပေးဝေသော မူဝါဒတွင် အားနည်းချက်များ ရှိသောကြောင့် ပြည်သူများသည် နီးစပ်ရာ ဆေးဆိုင်များကိုသာ အဓိက အားထား နေရကြောင်း ရှမ်းပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသူ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ပြောဆိုသည်။
“ငှက်ဖျားနဲ့ ပတ်သက်ရင် ပဒုမ္မာဆေးနဲ့ AKT-4 ကိုပဲ ရောင်းတယ်။ စပ်ဆေးကို မရောင်းဘူး။ ဖြစ်တဲ့ရောဂါကို တိုက်ရိုက်ကုတဲ့ ဆေးတွေရှိတယ်။ အဲ့ဒါကို တစ်လုံးချင်းစီတော့ ရောင်းပေးတယ်” ဟု လှည်းတန်းတွင် ဆေးဆိုင် ဖွင့်လှစ် ရောင်းချသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ဆေးယဉ်ပါး ငှက်ဖျားရောဂါ လျော့ကျစေရေး အတွက် ဆေးအမျိုးအစားများ ပေါင်းစည်းပြီးသား ပဒုမ္မာ ငှက်ဖျားဆေးကိုသာ ရောင်းချရန် တိုက်တွန်း ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။

စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကလည်း လုပ်ငန်းခွင် ငှက်ဖျားဆေး ယဉ်ပါးမှု လျော့ကျရန်အတွက် ပူးပေါင်း ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကတိကဝတ် လက်မှတ်များ ရေးထိုးခဲ့ကြသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉

မြန်မာနိုင်ငံ၌ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရင်ဆိုင် နေရဆဲဖြစ်သော ငှက်ဖျားရောဂါသည် ဆေးဝါး ကျွမ်းကျင်မှု နည်းပါးသော ဆေးဆိုင်ရှင်နှင့် မှတ်ပုံတင် မရှိဘဲ အလွယ်တကူ ရောင်းချနေသော ဈေးဆိုင် များကြောင့် ဆေးယဉ်ပါးမှုနှုန်း မြင့်လာခြင်း ဖြစ်ကြောင်း (၄၂) ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် ဖော်ပြထားသော စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကျေးရွာပေါင်း ၇၁ ရွာမှ ဆေးဆိုင် ၁၂၀ ကို ၂၀၁၂ ခုနှစ်အတွင်း ကွင်းဆင်း စစ်တမ်း ကောက်ယူခဲ့ရာက ယင်းအချက်အလက်များ ရရှိခဲ့ခြင်း ဖြစ်သည်။

ငှက်ဖျားရောဂါ ဆေးအကြောင်း နားလည် သဘောပေါက်ခြင်း မရှိဘဲ ဆေးရောင်းချခြင်းနှင့် ဆေးဆိုင်ပိုင်ရှင်များ၏ ပညာအရည်အချင်း အားနည်းခြင်း တို့ကြောင့် ဆိုင်အားလုံး၏ သုံးပုံနှစ်ပုံကျော်မှာ ငှက်ဖျားရောဂါကို စပ်ဆေးများနှင့် ရောင်းချနေကြကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

မလေးရှား ကွန်တိန်နာဝင်းအတွင်း မီးလောင်မှု မြန်မာတစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၉

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် Tiong Nam လမ်းမပေါ်ရှိ အစားထိုးပစ္စည်းများ ထားရှိရာ ကွန်တိန်နာ ကားဝင်းအတွင်း မီးလောင်ရာမှ ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားတစ်ဦး မီးလောင် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အသက်၂၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား နှစ်ဦး အလုပ်လုပ်ကိုင်နေသော ကွန်တိန်နာ တစ်စီးတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကြိုတင် ကြံစည်မှုဟု ယူဆရသောကြောင့် ကွာလာလမ်ပူ မြို့တော် အထူးစုံစမ်းစစ်ဆေးရေး အရာရှိချုပ် Khairi Ahrasa က တစ်ပါးသူ အသက်သေစေမှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးနေကြောင်း ယင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

မျက်လုံးဖတ် လုံခြုံရေးစနစ် ပါမယ့် Galaxy S5 ဧပြီတွင် ထွက်မည်

မျက်လုံးဖတ် လုံခြုံရေးစနစ် ပါမယ့် Galaxy S5 ဧပြီတွင် ထွက်မည် 

မျက်လုံးကို ဖတ်ရှုတဲ့ Eye Scanner လုံခြုံရေး စနစ်ပါဝင်မယ့် Samsung Galaxy S5 ကို ဧပြီလမှာ ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung က တရားဝင်မပြောသေးပေမယ့် Rumor ထွက်ရှိလာတဲ့ သတင်း ဖြစ်ပါတယ်။ iPhone 5S နဲ့ HTC One Max တို့က လက်ဗွေ စနစ်လုပ်တော့ Samsung Galaxy S5 မှာ လက်ဗွေ စနစ် ပါမယ်လို့ ထင်ခဲ့တာ တကယ် ဖြစ်လာမဖြစ်လာတော့ မသိပါဘူး။ မျက်လုံးကိုဖတ်ရှု မယ့် လုံခြုံရေး စနစ်ကတော့ ဖြစ်လာပြီ ဖြစ်ပါတယ်။ Samsung Galaxy S5 မှာ လုံခြုံရေးအပြင် နည်းပညာအရ ဖွံ့ဖြိုးတိုးတက်လာမှု များစွာလည်း ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ iPhone 5S ကတော့ ကွန်ပြူတာလို့ မြန်ဆန်တဲ့ 64 bit processor ကိုသာ အသုံးပြုပြီး Samsung Galaxy S5 သာ ထပ်ပါလာလာမယ်ဆိုရင် ကမ္ဘာ့ အမြန်ဆုံး စမတ်ဖုန်း အဖြစ် Samsung Galaxy S5 က ထပ်ချိတ်ဖွယ် ရှိပါတယ်။ 

လက်ရှိ CES မှာ မပြသခဲ့ပါဘူး။ သို့ပေမယ့် ဖေဖော်ဝါရီလ၊ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မှာတော့ မြင်တွေ့ရမယ်လို့ ယုံကြည်ထားကြ ပါတယ်။ ၂၀၁၄ ဧပြီဆိုရင်တော့ Samsung Galaxy S5 ကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

Smart Pro Journal

မြောက်ကိုရီးယားခေါင်းဆောင်မွေးနေ့ နဲ့ အမေရိကန်ဧည့်သည်

မြောက်ကိုရီးယားခေါင်းဆောင်မွေးနေ့ နဲ့ အမေရိကန်ဧည့်သည်
Friday, January 10, 2014

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မွေးနေ့မှာ အမေရိကန်
ဘတ်စကက်ဘော အကျော်အမော် Dennis Rodman က ဟက်ပီဘတ်ဒေး
သီချင်း ဆိုပေးခဲ့ပါတယ်။

မြောက်ခေါင်းဆောင်မွေးနေ့အတွက် ချစ်ကြည်ရေးဘတ်စ်ကက်ဘော
ကစားပွဲ သွားကျင်းပတာက သူ့ရဲ့ ဘတ်စကက်ဘောသံခင်းတမန်ခင်းကို အမေရိကန်မှာတော့ရူးမိုက်တဲ့အလုပ်၊ ရယ်စရာပျက်လုံးတခုလို သဘော
ထားခံရ၊ ဝေဖန်ခံနေရတာပါ။

ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။

မွေးနေ့ပွဲမှာ Dennis Rodman က ကင်ဂျုံအန်း နဲ့ ဇနီး၊ ပြီးတော့ မြောက်ကို
ရီးယားအရာရှိကြီးများ ၎င်းတို့ရဲ့ အိမ်ထောင်ဘက်များနဲ့အတူ ဘတ်စကက်ဘောပွဲကို အထူးတန်းကနေ အားပေးခဲ့ပါတယ်။

အဲဒီမှာ သူက မြောက်ခေါင်းဆောင်အတွက် မွေးနေ့ဆုတောင်းသီချင်း ဆိုခဲ့တာပါ။

မြောက်ကိုရီးယားက သူ့ကို အသုံးချနေပြီ လို့လည်း အများအပြားက ယူဆနေကြပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ တောင်ကိုရီးယား၊ အမေရိကတို့ကိုခြိမ်းခြောက်ခဲ့တဲ့နိုင်ငံပါ။ ပြီးခဲ့တဲ့လမှာတော့
မြောက်ခေါင်းဆောင် ကင်ဂျုံအန်က သူ့ဦးလေးတော်စပ်သူကို သေဒဏ်
ပေးခဲ့ပါတယ်။

အခု မွေးနေ့ပွဲ ကျင်းပပေမယ့် မြောက်ကိုရီးယားအစိုးရက သူတို့ခေါင်းဆောင်လေး အသက်ဘယ်လောက်ရှိပြီဆိုတာကို ထုတ်မကြေညာပါ။ ၃ဝ ဝန်းကျင် ရှိပြီလို့ပဲ ခန့်မှန်းနေကြတာပါ။

သူ့ဆီသွားခဲ့တဲ့ Dennis Rodman က အသက် ၅၂ နှစ် ရှိပါပြီ။ သူခေါ်သွားတဲ့ ဘတ်စကက်ဘောသမားတွေကလည်း ၄၀ ကျော် ရှိကြပါပြီ။

ဒီခရီးစဉ်ကြောင့် အထီးကျန်ဆန်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြည်
သူတွေနဲ့ ထိတွေ့မှု ရနိုင်မယ်လို့ သူတို့က ယူဆထားကြပေမယ့် အမေရိကန်မှာတော့ အပြင်းအထန် ဝေဖန်ခံနေရပါပြီ။

မွေးနေ့ဆုတောင်းသီချင်းကိုတော့ Dennis Rodman တယောက်ပဲ ဆိုတယ်၊ ဘတ်စကက်ဘောအသင်းမှာဝင်ကစားတဲ့အမေရိကန်တွေကတော့ မဆိုခဲ့ကြပါဘူးတဲ့။

ဒီအကြောင်းက နိုင်ငံတကာမှာတော့ ထိပ်တန်းသတင်း ဖြစ်နေပါတော့တယ်။

Aye Chan Mon# Credit To :ဧရာဝတီblog> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Friday, January 10, 2014

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မွေးနေ့မှာ အမေရိကန်
ဘတ်စကက်ဘော အကျော်အမော် Dennis Rodman က ဟက်ပီဘတ်ဒေး
သီချင်း ဆိုပေးခဲ့ပါတယ်။

မြောက်ခေါင်းဆောင်မွေးနေ့အတွက် ချစ်ကြည်ရေးဘတ်စ်ကက်ဘော
ကစားပွဲ သွားကျင်းပတာက သူ့ရဲ့ ဘတ်စကက်ဘောသံခင်းတမန်ခင်းကို အမေရိကန်မှာတော့ရူးမိုက်တဲ့အလုပ်၊ ရယ်စရာပျက်လုံးတခုလို သဘော
ထားခံရ၊ ဝေဖန်ခံနေရတာပါ။

ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။

မွေးနေ့ပွဲမှာ Dennis Rodman က ကင်ဂျုံအန်း နဲ့ ဇနီး၊ ပြီးတော့ မြောက်ကို
ရီးယားအရာရှိကြီးများ ၎င်းတို့ရဲ့ အိမ်ထောင်ဘက်များနဲ့အတူ ဘတ်စကက်ဘောပွဲကို အထူးတန်းကနေ အားပေးခဲ့ပါတယ်။

“နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု့များရှိနေဟုဆို”

“နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု့များရှိနေ”
===========================================
ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အခန်းက သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင် ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀ လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊

၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက ဖြေကြားပေးသွားပါတယ်၊

သူဌေးကတော့တစ်ခါတလေ လာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊

အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့ နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊ နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်--။

( Unity Journal -10-1-2014)

ဆရာစံလမ်းရှိ AMBO ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သော ဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊

အခန်းက သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင် ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀ လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊

၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက ဖြေကြားပေးသွားပါတယ်၊

သူဌေးကတော့တစ်ခါတလေ လာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊

၅၉ (စ) ကို မပြင်ဆင်နိုင်လျှင် အခြားနည်းလမ်းများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၅၉ (စ) ကို မပြင်ဆင်နိုင်လျှင် အခြားနည်းလမ်းများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကလေး၊ ဇန်နဝါရီ ၉

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုသဘောထား ဆန္ဒများသိရှိရန် ချင်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ၎င်းကို သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသော အခြေခံ ဥပဒေ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနည်းလမ်းများ ဆောင်ရွက်ရန် စဉ်းစားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၉ ရက်နေ့က ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မတူပီမြို့ခံ ချင်းတိုင်းရင်းသား တစ်ဦးက “ပုဒ်မ ၅၉ (စ)
ကို မပြင်ပေးဘူးဆိုလျှင် ဘယ်လိုလုပ်မလဲ” ဟူသော မေးခွန်းကို ဖြေကြားရာတွင်
“ဒီတော့ ၅၉ (စ) ကို မပြောင်းခဲ့လို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ မေးတဲ့မေးခွန်းကိုတော့ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့ အခါကျမှ ကျွန်မတို့ ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုဟာ သိပ်ပြီးတော့ စောပြီးတော့ လုပ်လို့ရှိရင်လည်း မသင့်တော်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ထုတ်ပြောပါမယ်။ ကျွန်မတို့မှာ စဉ်းစားထားပြီးတာတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ တီးတိန်၊ ဖလမ်းနှင့် ဟားခါးမြို့တို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော ဒေသခံ တွေ့ဆုံပွဲ၌ စုစုပေါင်း ဒေသခံ ၈၀၀၀ ဦးခန့် တက်ရောက်ခြဲ့ကပြီး အဆိုပါ ဆန္ဒ ခံယူပွဲများတွင် တက်ရောက်လာသော ပရိသတ်များကို ၎င်းတို့၏ ဆန္ဒသဘောထား အလျောက် ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ရေးဆွဲရန် ဆန္ဒခံယူရာတွင် တီးတိန်မြို့၌ ၉၇ ရာခိုင်နှုန်း၊
ဖလမ်း မြို့၌ ၉၉ ရာခိုင်နှုန်း၊ ဟားခါးမြို့၌ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ထောက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တိုင်းရင်းသားများ ပါဝင်နိုင်ရန် အလေးထားပြီး ပါဝင်မှသာလျှင် စစ်မှန်သော ပြည်ထောင်စုစနစ်အဖြစ် ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနည်းမှာ မမှန်ကြောင်း၊ ဒီမိုကရေစီ နည်းမကျဘဲ အာဏာရှင်စနစ်အရ အထက်မှ လူများ သဘောကျရေး ဆွဲထားခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် တီးတိန်မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီဖွဲစည်းပုံ အခြေခံဥပဒေ ဆိုတာကို ပြင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ရမယ်။ တပ်မတော်အနေနဲ့ သတ္တိရှိရှိ ပြင်ဆင်ပေးရမယ်။ တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လိုလုပ်မလဲ။ သတ္တိ ဆိုတာက တိုက်ရဲ ခိုက်ရဲမှ သတ္တိခေါ်တာ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်ရဲမှ သတ္တိခေါ်တယ်။ တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်အောင် တပ်မတော်က သတ္တိရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူထု တွေ့ဆုံပွဲများသို့ ကျောင်းသားများနှင့် ဝန်ထမ်းများ မတက်ရောက်ရန် တားမြစ်ထားကြောင်း ဖလမ်းမြို့နှင့် ဟားခါးမြို့ ဒေသခံများက ပြောကြားပြီး ယင်းကဲ့သို့ တားမြစ်ခြင်းမှာ မတရားကြောင်းနှင့် ဒီမိုကရေစီ နည်းလမ်း မကျကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီများအားလုံးက သဘောတူညီခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ်ကတည်းကပင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ကလေး၊ ဇန်နဝါရီ ၉

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုသဘောထား ဆန္ဒများသိရှိရန် ချင်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ၎င်းကို သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသော အခြေခံ ဥပဒေ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနည်းလမ်းများ ဆောင်ရွက်ရန် စဉ်းစားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၉ ရက်နေ့က ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မတူပီမြို့ခံ ချင်းတိုင်းရင်းသား တစ်ဦးက “ပုဒ်မ ၅၉ (စ)
ကို မပြင်ပေးဘူးဆိုလျှင် ဘယ်လိုလုပ်မလဲ” ဟူသော မေးခွန်းကို ဖြေကြားရာတွင်
“ဒီတော့ ၅၉ (စ) ကို မပြောင်းခဲ့လို့ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ မေးတဲ့မေးခွန်းကိုတော့ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့ အခါကျမှ ကျွန်မတို့ ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုဟာ သိပ်ပြီးတော့ စောပြီးတော့ လုပ်လို့ရှိရင်လည်း မသင့်တော်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ထုတ်ပြောပါမယ်။ ကျွန်မတို့မှာ စဉ်းစားထားပြီးတာတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ တီးတိန်၊ ဖလမ်းနှင့် ဟားခါးမြို့တို့တွင် သုံးရက်ကြာ ကျင်းပခဲ့သော ဒေသခံ တွေ့ဆုံပွဲ၌ စုစုပေါင်း ဒေသခံ ၈၀၀၀ ဦးခန့် တက်ရောက်ခြဲ့ကပြီး အဆိုပါ ဆန္ဒ ခံယူပွဲများတွင် တက်ရောက်လာသော ပရိသတ်များကို ၎င်းတို့၏ ဆန္ဒသဘောထား အလျောက် ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ရေးဆွဲရန် ဆန္ဒခံယူရာတွင် တီးတိန်မြို့၌ ၉၇ ရာခိုင်နှုန်း၊
ဖလမ်း မြို့၌ ၉၉ ရာခိုင်နှုန်း၊ ဟားခါးမြို့၌ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ထောက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီက ဆိုသည်။

မြန်မာ့အိမ်ခြံမြေဈေးကွက် ကစားသူအဖြစ် နာမည်ကြီးသူ ဂျပန်နိုင်ငံသား ထောင်တစ်နှစ်ကျသော်လည်း ချုပ်ရက်ဖြင့်လွတ်

ဇော်ဇော်ထွေး|ဇန်န၀ါရီ ၁၀ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) က စစ်ဆေးစဉ် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမျိုးသား ဂျပန်နိုင်ငံသား နာမားစေး (Mr.Namasa) ကို လှိုင်သာယာမြို့နယ် တရားရုံးက ဇန်န၀ါရီ ၉ ရက် နံနက်တွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချ မှတ်လိုက်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်သော်လည်း တရားသူကြီးက ထောင်ဒဏ်တစ်နှစ်တွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိစေဟု အမိန့်ချမှတ်ခဲ့သဖြင့် ၎င်းအား ၂၀၁၂ ခုနှစ် မေလ ၁၆ ရက်ကတည်းက တစ်နှစ်ချုပ်နှောင်ခဲ့ပြီး ချုပ်ရက်တစ်နှစ်ကျော်သွားသည့်အတွက် ချုပ်ရက်ခံစားခွင့်ဖြင့် လွတ်မြောက် တော့မည်ဖြစ်သည်ဟု အမှုသည်၏ ရှေ့နေဒေါ်နန်းထွေးမှုံက ပြောသည်။

၎င်းသည် ၂၀၁၂ ခုနှစ် အစောပိုင်းကာလအတွင်း အိမ်ခြံမြေဈေးကွက်၌ ဈေးကစားမှုများကြောင့် အခြား အိမ်ခြံမြေကုမ္ပဏီများမှ ငါးဦးနှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးက နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက် စေမှုကြောင့် ပုဒ်မ ၅ (ဇ) ဖြင့်တရားစွဲတင်ခြင်းခံထားရသူ ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား          

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲ အစီအစဉ် အပိုင်းနှစ်အရ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပြီး မီဒီယာများကို ၀င်ရောက်သတင်းရယူခွင့် ပိတ်ပင်ခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက “ပါတီဝင်တွေပဲ တွေ့ဆုံပွဲမို့လို့ တံခါးပိတ်ဆွေးနွေးပြီး မီဒီယာတွေကို အ၀င်မခံတာ လက်ခံပါတယ်။ ဒါပေမဲ့ မြို့နယ်ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ပါတီဝင်တွေပဲလား၊ သူတို့ကို ဘာလို့ ၀င်ခွင့်ပြုတာလဲ၊ ဥပဒေအရ ၀န်ထမ်းတွေက ပါတီဝင် မဟုတ်ရဘူးလို့ ဆိုထားပြီး ဘာလို့ပါတီဝင်တွေပဲ သီးသန့်ဆွေးနွေးတာမှာ ပါရတာလဲ၊ ပြီးတော့ နောင်ရိုးခန်းမဆိုတာ ပါတီတစ်ခုခုအတွက် အသုံးမပြုရလို့ သတ်မှတ်ထားတာလေ၊ ဘာကြောင့် အသုံးပြုခွင့်ရလဲ ဆိုတာကို နားမလည်ဘူး။ ဒီလိုမျိုး ပြုလုပ်နေမှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လိုယုံကြည်ရမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဆိုသည်။

ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဘာသာရေးဆန်သည့် ပဋိပက္ခများနောက်မှ အာဏာလုပွဲများ သတိပြုရန် ဂဠုန်နီဆရာတော် မိန့်ကြား

အောင်ကိုဦး|ဇန်န၀ါရီ ၁၀ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးဆန်သည့် ပဋိပက္ခများနောက်ကွယ်တွင် အာဏာလုပွဲများနှင့် ဆက်နွှယ်မှုကို သတိပြုရန် မန္တလေးမြို့မှ ဂဠုန်နီဆရာတော် ဦးကာဝိယက ဇန်န၀ါရီလ ၈ ရက် မန္တလေး မြို့ အိုရီရမ်တယ်ဟောက်စ်ခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် ဘာသာရေးနှင့် နိုင်ငံရေး ဆွေး နွေးပွဲတွင် မိန့်ကြားခဲ့သည်။

“ဒီခေတ်မှာ ဘာသာရေးပဋိပက္ခတွေနဲ့အတူ အာဏာလုပွဲတွေပါ တွေ့နေရတယ်။ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်လာရင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အနေအထားတွေ ရှိလာတယ်”ဟု ဆရာတော်ဦးကာဝိယက မိန့်ကြားခဲ့သည်။

ထို့ပြင် ဘာသာရေးခေါင်းဆောင်များကလည်း လူမျိုးရေး ဘာသာရေးကို လေးစားတတ်လာစေရန်နှင့် စောင့်ရှောက်တတ်ရန် လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး သဘောထားမှန်ကန်မှုရှိအောင် ခေါင်းဆောင် အသီးသီးက ကြိုးစားသွားရမည်ဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ

အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ

၁၀.၁.၂၀၁၄၊ သောကြာနေ့

ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဗင်နီဇွဲလား နိုင်ငံတွင် နိုင်ငံကိုယ်စားပြု အလှမယ်ဟောင်း အသတ်ခံရမှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။ အသက်(၂၉)နှစ်ရှိ မော်နီကာတွင် (၅)နှစ်အရွယ် သမီးလေး ကျန်နေခဲ့သည်။ အပန်းဖြေ ခရီးမှ မြို့တော်သို့အပြန် အဝေးပြေးလမ်းပေါ်တွင် မော်နီကာ အသတ်ခံရခြင်းက ဗင်နီဇွဲလား နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းချက်ကို ထင်ရှားစွာ ပေါ်လွင်သွားစေခဲ့သည်။

ယခင်ကတည်းက အဝေးပြေးလမ်းပေါ်တွင် လူသတ်၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်နေရာ မော်နီကာ သေဆုံးသည့် အခါတွင်မူ ပြည်သူအများ၏ ဒေါသတကြီး အုံကြွ ဆန္ဒပြလာခြင်း ဖြစ်သည်။ သမ္မတ နစ်ကိုလက်စ် မာဒူရိုသည် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ချက်ချင်း ခေါ်ယူခဲ့ရသည်။ ပြဇာတ် မင်းသမီး တစ်ဦးအဖြစ်လည်း လူသိများသော မော်နီကာအတွက် တရားမျှတမှုကို ရှာဖွေပေးရန် ကာရာကက်စ်မြို့တော် လမ်းမများပေါ်တွင် ရာနှင့်ချီသော ဆန္ဒပြသူများက စုရုံးတောင်းဆိုခဲ့ကြသည်။ မော်နီကာ၏ ဖြစ်ရပ်သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး လူသတ်မှုတစ်ခုသဖွယ်လည်း ဖြစ်လာသည်။

ဗင်နီဇွဲလားသည် ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှု အပိုင်းတွင် အားနည်းချက်များစွာ ရှိနေသည်။ ဗင်နီဇွဲလား၌ ဖြစ်ပွားသော လူသတ်မှု (၁၀)မှုတွင် (၉)မှုသည် လက်သည်မပေါ်ဘဲ အစပျောက်သွားလေ့ရှိသည်။ ရဲတပ်ဖွဲ့သည် မော်နီကာ အသတ်ခံရမှုတွင် မသင်္ကာသူ (၅)ဦးကို ထိန်းသိမ်းထားပြီး ယင်းတို့အနက် အချို့သည် အသက်(၁၈)နှစ်အောက် အရွယ်သာ ရှိသေးကြောင်းလည်း သိရှိရသည်။

Aye Chan Mon# Credit To :Planet Myanmar Network> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
၁၀.၁.၂၀၁၄၊ သောကြာနေ့

ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဗင်နီဇွဲလား နိုင်ငံတွင် နိုင်ငံကိုယ်စားပြု အလှမယ်ဟောင်း အသတ်ခံရမှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။ အသက်(၂၉)နှစ်ရှိ မော်နီကာတွင် (၅)နှစ်အရွယ် သမီးလေး ကျန်နေခဲ့သည်။ အပန်းဖြေ ခရီးမှ မြို့တော်သို့အပြန် အဝေးပြေးလမ်းပေါ်တွင် မော်နီကာ အသတ်ခံရခြင်းက ဗင်နီဇွဲလား နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းချက်ကို ထင်ရှားစွာ ပေါ်လွင်သွားစေခဲ့သည်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဆီများကို သက္ကာယ်ကွင်း ရွာသားများက အဓမ္မခပ်ယူသည်ဟု ဆိုကာ အမှုဖွင့်ထားသည့် ဖြစ်စဉ်အား သက္ကာယ်ကွင်း ရွာသားများ ရှင်းလင်း

Photo: ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဆီများကို သက္ကာယ်ကွင်း ရွာသားများက အဓမ္မခပ်ယူသည်ဟု ဆိုကာ အမှုဖွင့်ထားသည့် ဖြစ်စဉ်အား သက္ကာယ်ကွင်း ရွာသားများ ရှင်းလင်း

ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ သက္ကာယ်ကွင်းကျေးရွာ ကမ်းစပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများအား ရွာသားများက အတင်းအဓမ္မ ခပ်ယူသည်ဟုဆိုပြီး ဆီတွဲတာဝန်ခံမှ အမှုဖွင့်ထားသည့်အပေါ် ရွာသားများက ဇန်န၀ါရီ ၉ ရက် နံနက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်အမှန်မှာ ဆီတွဲတာဝန်ခံမှ စွပ်စွဲအမှုဖွင့်ထား သကဲ့သို့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်တွဲပေါ်သို့ ရွာသားများက အတင်းအဓမ္မ တက်ရောက်၍ ချိပ်ပိတ်ထားသည့် ဆီပေါက်တွဲများကိုဖွင့်ပြီး ခပ်ယူကြခြင်း မဟုတ်ဘဲ ယင်းဆီတွဲရေယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဦးပိုင်းစိုက်၍ မြုပ်လုမြုပ်ခင် အခြေအနေတွင် သက္ကာယ်ကွင်းကျေးရွာ အရှေ့မြောက်ဘက် ကမ်းစပ်သို့ ဆိုက်ကပ်လာပြီး တွဲရေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှ ရွာသားများထံသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဇန်န၀ါရီ ၉ ရက်က ရှင်းလင်း ပြောကြားသည်။

သက္ကာယ်ကွင်းရွာသား ဦးငွေကြည်က “အမှန်က ဆီတွဲနစ်တော့မှာမို့ သူတို့ဘက်က ရွာသားတွေကို အကူအညီတောင်းပြီး ချိပ်ပိတ်ထားတဲ့ ဆီထည့်ပေါက်တွေကို တွဲရေယာဉ် တာဝန်ခံတွေက ဖွင့်ပေးလို့ ရွာသူ/ရွာသားတွေက ရေပုံးတွေ ဒန်အိုးဒန်ခွက်တွေနဲ့ ခပ်ထုတ်ပေးတာပါ။ အဲဒီလိုနဲ့ ညနေ ၃ နာရီခွဲ လောက်မှာ သီဟကျော်ထွန်း တွန်းသင်္ဘော အပါအ၀င် သင်္ဘောလေးစင်း ရောက်လာတယ်။ နစ်မြုပ်နေတဲ့ ဆီတွဲဦးပိုင်းက ဒီဇယ်ဆီနဲ့ ရေရောနှော နေတာတွေကို ဆီစုပ်စက်တွေနဲ့ မောင်းတင်သွားတယ်။ ရေထဲကျနေတဲ့ ဆီတွေကို ရွာသားတွေက ခပ်တာတော့ရှိတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထို့ပြင် ထိုသို့ကူညီပေးခဲ့သည့် ရွာသူ/ရွာသားများအား ဆီတွဲတာဝန်ခံက ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး လက်ရှိ ရွာသားငါးဦးအား ရမန်ကြီးနှစ်ပတ်ခန့် ချုပ်ထားကြောင်းနှင့် ယင်းကဲ့သို့ ဆီများကို အဓမ္မခပ်ယူသည်ဟု စွပ်စွဲခြင်းမှာ ကျေးရွာပုံရိပ်အား များစွာထိခိုက်သဖြင့် ယခုလို ရှင်းလင်းပွဲ ပြုလုပ်ရကြောင်း သက္ကာယ်ကွင်း ရွာသားများက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရတနာမွန် (၃) လမ်း၊ ၄ ရပ် ကွက်၊ လှိုင်သာယာမြို့နယ်နေ ငွေဗျိုင်းဖြူ ကုမ္ပဏီ၏ စာရေးဖြစ်သူ ဦး......(၃၆) နှစ်သည် သီလ၀ါ အရှေ့ရေလယ်တွင် ကျောက်ချထားသော စင်္ကာပူနိုင်ငံအလံ တင်ထားသည့် MT.OCEAN GURNARD ကုမ္ပဏီပိုင် သင်္ဘောဖြင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဘတ်တွဲဖြင့် ဒီဇယ် ၃၁၀၀၀၀ ဂါလန်ခန့်အား တင်ဆောင်၍ ကုမ္ပဏီဝန်ထမ်း တစ်ဦးအား မောင်းနှင်စေကာ အင်းစိန်ကြို့ကုန်းရှိ ရွှေဗျိုင်းဖြူ ကုမ္ပဏီဆိပ်ကမ်းသို့ပို့ရန် စေလွှတ်လိုက်ကြောင်း သိရသည်။

ထိုသို့စေလွှတ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ခနောင်တိုအရှေ့ ရေပြင်အရောက်၌ ဘတ်တွဲအထဲရှိ ဒီဇယ်ဆီများမှာ ဘတ်တွဲ၏ ဦးပိုင်ဘက်သို့ စုပုံရောက်ရှိသွားပြီး ဘတ်တွဲဦးပိုင်း စိုက်သွားသဖြင့် ပဲ့ပိုင်းသို့ပြန်ရွှေ့ရန် နီးစပ်ရာ ခနောင်တောင် ဘက်ခြမ်းရှိ သက္ကာယ်ကွင်းရွာ ကမ်းစပ်သို့ ဘတ်တွဲအား ကမ်းထိုးရပ်ခဲ့ရာ ကမ်းထိုးမှုကြောင့် ဘတ်တွဲဦးပိုင်း သုံးနေရာမှ ဒီဇယ်များ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပေါက်ထွက်စဉ် အနီးအနားမှ ရွာသူရွာသားများ ရောက်ရှိလာပြီး ဒီဇယ်များအား ခပ်ယူခြင်း ပြုလုပ်ခဲ့ရာ မခပ်ရန် တားမြစ်သော်လည်း မရခဲ့ကြောင်း၊ ဒီဇယ်ဆီများမှာလည်း ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ဒီဇယ်ဂါလန် ၁၅၀၀၀ ခန့် ဆုံးရှုံးသွားသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လာရောက်ခပ်ယူသည့် ရွာသားများအား ဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ) ၃၄၆/၁၃ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ သက္ကာယ်ကွင်း ရွာသားများက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်ရှိ သက္ကာယ်ကွင်းကျေးရွာ ကမ်းစပ်၌ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများအား ရွာသားများက အတင်းအဓမ္မ ခပ်ယူသည်ဟုဆိုပြီး ဆီတွဲတာဝန်ခံမှ အမှုဖွင့်ထားသည့်အပေါ် ရွာသားများက ဇန်န၀ါရီ ၉ ရက် နံနက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်အမှန်မှာ ဆီတွဲတာဝန်ခံမှ စွပ်စွဲအမှုဖွင့်ထား သကဲ့သို့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဆီတင်တွဲပေါ်သို့ ရွာသားများက အတင်းအဓမ္မ တက်ရောက်၍ ချိပ်ပိတ်ထားသည့် ဆီပေါက်တွဲများကိုဖွင့်ပြီး ခပ်ယူကြခြင်း မဟုတ်ဘဲ ယင်းဆီတွဲရေယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဦးပိုင်းစိုက်၍ မြုပ်လုမြုပ်ခင် အခြေအနေတွင် သက္ကာယ်ကွင်းကျေးရွာ အရှေ့မြောက်ဘက် ကမ်းစပ်သို့ ဆိုက်ကပ်လာပြီး တွဲရေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှ ရွာသားများထံသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဇန်န၀ါရီ ၉ ရက်က ရှင်းလင်း ပြောကြားသည်။

သက္ကာယ်ကွင်းရွာသား ဦးငွေကြည်က “အမှန်က ဆီတွဲနစ်တော့မှာမို့ သူတို့ဘက်က ရွာသားတွေကို အကူအညီတောင်းပြီး ချိပ်ပိတ်ထားတဲ့ ဆီထည့်ပေါက်တွေကို တွဲရေယာဉ် တာဝန်ခံတွေက ဖွင့်ပေးလို့ ရွာသူ/ရွာသားတွေက ရေပုံးတွေ ဒန်အိုးဒန်ခွက်တွေနဲ့ ခပ်ထုတ်ပေးတာပါ။ အဲဒီလိုနဲ့ ညနေ ၃ နာရီခွဲ လောက်မှာ သီဟကျော်ထွန်း တွန်းသင်္ဘော အပါအ၀င် သင်္ဘောလေးစင်း ရောက်လာတယ်။ နစ်မြုပ်နေတဲ့ ဆီတွဲဦးပိုင်းက ဒီဇယ်ဆီနဲ့ ရေရောနှော နေတာတွေကို ဆီစုပ်စက်တွေနဲ့ မောင်းတင်သွားတယ်။ ရေထဲကျနေတဲ့ ဆီတွေကို ရွာသားတွေက ခပ်တာတော့ရှိတယ်” ဟု ရှင်းလင်းပြောကြားသည်။

ယာဉ်တိမ်းမှောက်မှု များပြားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းအား ပြန်လည်ပြုပြင်ရန် သင့်၊ မသင့် ဂျပန်နိုင်ငံက လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်

Photo: ယာဉ်တိမ်းမှောက်မှု များပြားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းအား ပြန်လည်ပြုပြင်ရန် သင့်၊ မသင့် ဂျပန်နိုင်ငံက လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်

ဂျပန်နိုင်ငံက ရန်ကုန်-မန္တလေး အမြန်လမ်းကို ပြန်လည်ပြုပြင်ရန် သင့်မသင့် လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းသို့ စစ်ဆေးတွေ့ရှိသည့် ရလဒ်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများ အနေဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်ပြီး USAID၊ JICA နှင့် KOICA တို့သို့ အကူအညီ တောင်းခံခဲ့ကြောင်း၊ USAID အဖွဲ့မှာ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့် အကြောင်းပြန်ကြားချက်မှ မရသေးကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို ကိုယ့်ဟာကိုယ် လုပ်တာပေါ့။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အပိုင်းကိုတော့ အကူအညီ တောင်းရတာပေါ့။ အဲဒီလို အကူအညီ တောင်းတာမှာ USAID ရယ် JICA နဲ့ KOICA တို့ပေါ့။ USAID ကတော့ ကွင်းဆင်းလေ့လာမှုတွေ လာလုပ်ပြီး ပြန်သွားတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

"ဂျပန်ကတော့ ကျွန်တော်တို့နဲ့ Governtment to Government၊ Department to Department တွဲထားတော့ JICA က ကုမ္ပဏီတစ်ခုကို ကျွန်တော်တို့ဆီ လွှတ်လိုက်တယ်။ နိုဝင်ဘာကပေါ့။ ဂျပန်အင်ဂျင်နီယာ နှစ်ယောက် ကျွန်တော်တို့ဆီ ရောက်လာတယ်။ Nippon Road ကုမ္ပဏီပေါ့။ သူတို့က Instrument တွေ ပါလာတယ်။ အဲဒီ Instrument တွေတပ်ဆင်ထားတဲ့ကားနဲ့ ရန်ကုန်ကနေ မန္တလေးကို မောင်းကြည့်တယ်။ အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းရှိတော့ သူတို့ကားမှာပါတဲ့ Camera တွေ Vibration တွေနဲ့ပေါ့ဗျာ။ အသွားအပြန် မောင်းကြည့်ပြီး Record တွေယူပြီး ပြန်သွားတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများအရ လမ်းတစ်လျှောက်လုံး ပြင်စရာ မလိုကြောင်း၊ အမြန်လမ်း၏ ၇၅ ရာခိုင်နှုန်းမှာ ကောင်းမွန်သော်လည်း ၁၉ ရာခိုင်နှုန်းမှာ ကောင်းသည်ဟုပြော၍ မရနိုင်ကြောင်းနှင့် ကျန်ခြောက်ရာခိုင်နှုန်းမှာ ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်း၏ ၆ရာခိုင်နှုန်းခန့်အား နေရာနှစ်ခုခွဲ၍ လိုအပ်သည့် တိုင်းတာမှုများကို ဂျပန်နိုင်ငံက ဆက်လက်ပြုလုပ် ခဲ့ကြောင်း သိရသည်။             

"အဲဒီခြောက်ရာခိုင်နှုန်း ထင်တဲ့နေရာကို နေရာနှစ်နေရာကို ရွေးထုတ်ပြီးတော့ မြေအောက်ကို တူးကြည့်ချင်ပါတယ်လို့ ပြောလာတယ်။ ဒီဇင်ဘာ ၈ ရက်ကလာပြီး ၁၂ ရက် ပြန်သွားတယ်။ ၂၂ ရက်မှာ ဖူကန်ကုမ္ပဏီက ရောက်လာတယ်။ မြေတူးတဲ့ စက်တွေလည်း ပါလာတယ်။ ကွန်ကရစ်ကို ဖောက်ဖောက်ပြီးတော့ အောက်ကမြေကြီးကို ငါးမီတာတူးလိုက်တယ် စသဖြင့်ပေါ့ လိုအပ်တာတွေ ပြုလုပ်သွားပါတယ်" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ အနေဖြင့် လာမည့်ဖေဖော်ဝါရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်ပြီး အသေးစိတ် အစီအစဉ်များကို အမြန်လမ်း တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်နေရာကို တွေ့ရစဉ်

ဂျပန်နိုင်ငံက ရန်ကုန်-မန္တလေး အမြန်လမ်းကို ပြန်လည်ပြုပြင်ရန် သင့်မသင့် လိုအပ်သည့် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းသို့ စစ်ဆေးတွေ့ရှိသည့် ရလဒ်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများ အနေဖြင့် လာမည့် ဖေဖော်ဝါရီလတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်ပြီး USAID၊ JICA နှင့် KOICA တို့သို့ အကူအညီ တောင်းခံခဲ့ကြောင်း၊ USAID အဖွဲ့မှာ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့် အကြောင်းပြန်ကြားချက်မှ မရသေးကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို ကိုယ့်ဟာကိုယ် လုပ်တာပေါ့။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အပိုင်းကိုတော့ အကူအညီ တောင်းရတာပေါ့။ အဲဒီလို အကူအညီ တောင်းတာမှာ USAID ရယ် JICA နဲ့ KOICA တို့ပေါ့။ USAID ကတော့ ကွင်းဆင်းလေ့လာမှုတွေ လာလုပ်ပြီး ပြန်သွားတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး" ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဝန်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာအကြီးအကဲတွေက သူတို့ရဲ့ ၀န်ထမ်းတွေကို  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီကနေ့ မနက်က ကျင်းပတဲ့ ဟားခါးမြို့ လူထုတွေ့ဆုံပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ညွှန်ကြားတာဟာ လူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လွှတ်တော်မှာ တင်ပြအရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောဖို့နဲ့ လူထုသဘောထား ရယူဖို့အတွက် ချင်းပြည်နယ်ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မနေ့ညနေ ၅နာရီလောက်က ဟားခါးမြို့ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက် ၈နာရီကနေ ၁၀နာရီအထိ ဟားခါးမြို့အားကစားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေက ညွှန်ကြားခဲ့ကြောင်းကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

"မနေ့က ဝန်ထမ်းတယောက်က ကျနော့်ကိုပြောတယ်။ သူက ကျောင်းဆရာမပေါ့။ သူတို့ကျောင်းဆရာတွေဆီကို ဖုန်းဆက်တယ်။ ဖုန်းလာတယ်။ ဝန်ထမ်းတွေပေါ့။ လူထုရဲ့ကြိုဆိုပွဲနဲ့ စကားပြောတဲ့ တွေ့ဆုံပွဲမှာ မသွားရဘူး။ ဝန်ထမ်းတွေမှာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ရှိတယ်။ နိုင်ငံရေးနဲ့မပါတ်သက်ရဘူး။ မသွားရဘူး။ သွားလို့ရှိရင်အရေးယူမှာပေါ့။ အဲ့လိုပြောတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဖို့ ချင်းပြည်နယ်က အစိုးရ၀န်ထမ်းတွေ တားမြစ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း သူကို မကြိုဖို့ ချင်းပြည်နယ် အစိုးရက ၀န်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို တားမြစ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် အတွင်း သူကို ကြိုဆိုမှု မလုပ်ဖို့ ချင်းပြည်နယ်တာဝန်ရှိသူတွေက နိုင်ငံဝန်ထမ်းနဲ့ ကျောင်းသူ ကျောင်းသားတွေကို ပိတ်ပင်တားမြစ်မှုတွေ ရှိခဲ့တယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ အဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဘဏ္ဍာရေးမှူး ဦးလှဦး ပြောပါတယ်။

“ဒီခရီးစဉ်မှာ ထူးခြားမှုကတော့ သိပ်မရှိပါဘူး။ အဓိက ချင်းပြည်နယ်မှာ ၀န်ထမ်းတွေ ကျောင်းသားတွေ အစိုးရနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ပွဲကို မတက်ဖို့ လက်မှတ်ထိုးခိုင်းတဲ့သူကို ထိုးခိုင်းတယ်၊ နုတ်နဲ့ မသွားဖို့ တားတာရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီလ ၈ ရက်နေ့က ဖလမ်းမြို့မှာ ပြုလုပ်တဲ့ဟောပြောပွဲ အတွင်းမှာလည်း ၀န်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေကို ဟောပြောပွဲ မတက်ဖို့ တားဆီးထားတာ ရှိခဲ့ကြောင်း ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟားခါးမှာ တည်းခိုခန်းမရခဲ့သည့် ပြသနာအပေါ် သူတို့အမြင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့ကို ရောက်ရှိချိန်မှာတော့ တည်းစရာ တည်းခိုခန်းမရလို့ ဖြစ်သလို အိပ်ခဲ့ရတယ်လို့ သိရပါတယ်။
တည်းစရာအခက်အခဲဖြစ်လို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုနေထိုင်ဖို့ စီစဉ်ပေးခဲ့သော်လည်း ၆ ယောက်စာလောက်ပဲ နေစရာရှိတဲ့ အတွက် မတည်းတော့ဘဲ မြို့ထဲက ချယ်ရီတည်းခိုခန်းမှာ တည်းခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ NLD ကတာဝန်ရှိသူတွေ ပြောတာကတော့

 "ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" လို့ ဆိုပါတယ်။

တစ်ချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်းတစ်ယောက်အတွက် အခန်းမရဆိုတာ မဖြစ်
နိုင်ကြောင်း၊ တကယ်လို့ ဖြစ်ခဲ့ရင်တောင် နိုင်ငံခြားခရီးစဉ်တွေ အများကြီးသွားခဲ့ဖူးတာ ဘာမှမဖြစ်ဘဲ ကိုယ့်ပြည်တွင်းခရီးစဉ်မှ ဒီလိုဖြစ်တယ်ဆိုရင် NLD အတွက် ခရီးစဉ် စီစဉ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis