menu

Sunday 19 August 2012

ကြေးကြီးတဲ့ လမ်းခွဲများ




ဇွန်လကုန် ဇူလိုင် လဆန်းပိုင်းက စတင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိတဲ့ မီဒီယာများ စာမျက်နှာ ထက်မှာ ဟောလိဝုဒ်မှ ကမ္ဘာကျော် ရွှေမောင်နှံ အဖြစ် ထင်ရှားတဲ့ ရုပ်ရှင်မင်းသား တွမ်ခရုစ်နဲ့ ဇနီး ရုပ်ရှင် မင်းသမီး ကေတီဟုမ်းစ် တို့ရဲ့ လမ်းခွဲ သတင်းများ နေရာ ယူခဲ့ပါတယ်။
ကွာရှင်း ပြတ်စဲကြဖို့ ကေတီဟုမ်းစ်က ရုံးတော်မှာ စတင် လျှောက်ထားခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အသက် ၅၀ ပြည့်တဲ့ တွမ်ခရုစ်ရဲ့ မွေးနေ့မှာတောင် ဇနီးနဲ့ သမီးအနားမှာ မရှိခဲ့သလို ကေတီကလည်း အပြင် ထွက်ရာမှာ လက်ထပ် လက်စွပ်ကို ၀တ်ဆင်ခြင်း မပြုတော့ ဘူးလို့ လေ့လာ အကဲခတ် နေသူများက ဆိုပါတယ်။ ကေတီက ရုံးတော်ကို လျှောက်ထားရာမှာ သမီး ဆူရီကို သူတစ်ဦးတည်း အုပ်ထိန်းခွင့် ရရှိဖို့ကိုပါ လျှောက်ထားတာ ဖြစ်ပါတယ်။

တွမ်ခရုစ်ပိုင် စည်းစိမ်ဥစ္စာများက ဒေါ်လာ ၂၇၅ သန်းခန့် ရှိတယ်လို့ ခန့်မှန်းရတာကြောင့် ရုံးတော်က ကွာရှင်းပြတ်စဲ ခွင့်ပြုလိုက်ချိန်မှာ ကေတီကို ဘယ်လောက် ပေးလိုက်ရမလဲဆိုတာ စိတ်ဝင်တစား ရှိနေကြပါတယ်။ ဟောလိဝုဒ်မှ ရုပ်ရှင်မင်းသား၊ မင်းသမီးများ ကွာရှင်းပြတ်စဲမှုမှာ စံချိန်တင်လောက်တဲ့ ငွေကြေးတွေ ပေးပြီး ကွာရှင်း ရတာတွေ ရှိပါတယ်။ အများဆုံး ပေးခဲ့ကြရတဲ့ ဇနီးမောင်နှံများ အကြောင်းကို ရွှေအမြုတေ ပရိသတ်များ အတွက် တင်ပြပေးလိုက်ပါတယ်။

ပတ်ဝန်းကျင်နှင့်လိုက်ပြီး အရောင်ပြောင်း ကိုယ်ယောင်ဖျောက်နိုင်သည့် တွားသွားစက်ရုပ်ငယ် အမေရိကန်တီထွင်





ပတ်ဝန်းကျင်နှင့်လိုက်ပြီး အရောင်ပြောင်းကိုယ်ဖျောက်နိုင်သည့် တွားသွားစက်ရုပ်ငယ်တစ်မျိုးကို အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖန်တီးခဲ့သည်။
ရေဘ၀ဲများ၏ လှုပ်ရှားမှုကို လေ့လာတည်ဆောက်ထားသည့် ယင်းစက်ရုပ်ငယ်ကို ပျော့စိစိနှင့် ထွင်းဖောက်မြင်နိုင်သော ပိုလီမာများ ဖြင့်ပြုလုပ်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ်၏ ကျောထောက်နောက်ခုပြုမှုဖြင့် ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ပုံစံမှာ စက်ရုပ်ငယ်ကို ဖြာထွက်ရောင်ခြည်သုံး ကင်မရာများ ဖြင့်ပါစစ်ဆေး၍ မရနိုင်စေရန် ဖန်တီးထားသည်ဟု သိရသည်။

ကျုံ့ပြီးပါကင်ထိုးနိုင်သော ကားများ ၂၀၁၃ တွင် စရောင်းမည်





မြို့ပြကားပါကင် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်မည့် ကျုံ့ပြီးကားပါကင် ထိုးနိုင်သောကားများ ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချတော့မည်ဖြစ် သည်။
မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ် (အမ်အိုင်တီ) နှင့် စပိန် ဘာ့စ်ခ်ဒေသ ဖွံ့ဖြိုးရေးအေဂျင်စီ DENOKINN တို့ ပူးတွဲဖန်တီးနေသည့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ကားကို Hiriko Fold ဟု အမည်ပေးထားသည်။
နှစ်ယောက်စီး ကားငယ်ကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းရမည်ဖြစ်ကာ တစ်ကြိမ်အားသွင်းပြီးပါက ၇၅ မိုင်မောင်းနှင်နိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာ ရေကြီးမှု

 သာပေါင်း (မဇ္ဈိမ) ။          ။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍ နေထိုင်နေကြရသည်။
 ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာများရှိ
ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင်နေကြရသည်။

မြန်မာသင်္ဘောသားများပါဝင်သည့် သင်္ဘော ချီလီရေတပ်ကယ်ဆယ်ခဲ့ရ

မြန်မာသင်္ဘောသားများပါဝင်သည့် ကုန်တင်သင်္ဘောတစ်စီးကို ချီလီရေတပ်မှ ကယ်ဆယ်ရေးအကူအညီများပေးခဲ့ရကြောင်းသိရသည်။

မြန်မာနှင့်ဖိလစ်ပိုင်သင်္ဘောသား စုစုပေါင်း ၂၄ ဦးပါဝင်သည့် ကုန်တင်သင်္ဘော MV Ocean Breeze သည် ချီလီနိုင်ငံ ဆန်အန်တိုနီယို ကမ်းခြေအနီးတွ
င် မုန်တိုင်းမိကာ သောင်တင်ခဲ့ခြင်းဖြစ်သည်။

"သင်္ဘောရဲ့ ကျောက်ဆူးကြိုးပြတ်သွားတာကြောင့် သင်္ဘောဟာ လှိုင်းနဲ့လေနောက် မျောပါနေတာကို ချီလီရေတပ်က ရဟတ်ယာဉ်တွေနဲ့အတော်ကြိုးကြိုးစားစားကယ်တင်လိုက်ရပါတယ်။ သင်္ဘောသားအများစုကတော့ ဖိလစ်ပိုင်လူမျိုးတွေပါ။ မြန်မာတွေလဲပါပါတယ်"ဟူ ချီလီရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးမှူး အော့စ်ဗယ်လ်ဒို ကက်စထြိုက သတင်းထောက်များအားပြောသည်။

ဆင်းရဲ ချမ်းသာ


ဥပဒေများနှင့်အညီထိရောက်စွာ အရေးယူမခံရသူတွေရှိ နေသေး

 မြန်မာနိုင်ငံအမြို့မြို့နယ်နယ် ကျေးရွာ၊ ရပ်ကွက်များတွင်းတွင် လက်ရှိဖြစ်ပေါ်နေသောအကြောင်း အရာများအား ဂျာနယ်အစောင် စောင်တို့တွင် ရေးသားဖော်ပြ လျက်ရှိရာ လက်ရှိအောက်ခြေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချို့ သည် ဥပဒေမဲ့ သာသနာရေး၊ ဘာသာရေး၊ လယ်ယာရေး၊ မြေ ယာကိစ္စ၊ အိမ်ရောင်း/၀ယ်/ငှား အရေးများနှင့် အခြားအရေးများ တွင် ပါဝင်သက်ရောက်မှုများ ရှိ နေသည်ကို နေ့စဉ် ဖတ်ရှုကြားသိ နေရကြောင်း၊ အထက်ပါအကျင့် ပျက်သိက္ခာမဲ့ အုပ်ချုပ်ရေးများ အား အုပ်ချုပ်သူအဆင့်ဆင့်မှ ဥပဒေဖြင့်အရေးယူမှု၊ ပြစ်ဒဏ်ချ မှု၊ စစ်ဆေးမှုများ အလွန်အား နည်းနေပြီး ဥပဒေနှင့်အသက်ဆိုင် သလို ဖြစ်နေကြောင်း၊ အဆိုးဆုံး မှာ အများနှင့်သက်ဆိုင်သော သာသနာရေး၊ ဘာသာရေးပွဲလမ်း များတွင် ဦးစီးဦးဆောင်ပြုလုပ်ပြီး ငွေကြေးကောက်ခံပြီး စာရင်းများ ထိန်ကျန်နှစ်ချို့ထားပြီး အများ ပြည်သူ ရပ်ကွက်ကျေးရွာသား များ တိတိကျကျထင်သာမြင်သာ သိရှိအောင် စာရင်းများ ထုတ်ပြန် ကြေညာခြင်းများမပြုလုပ်၍ တိုင် ကြားမှသာထုတ်ပြန်ကြေညာခြင်း မျးဖြစ်ပေါ်နေကြောင်း၊ ထိုသို့ သိက္ခာမဲ့အကျင့်ပျက် လုပ်ရပ်များ အား ဗုဒ္ဓဘာသာဝင်အမျိုးသား၊ အမျိုးကောင်းများ အလွန်စိတ် ပျက်မိ၍ သာသနာ၊ ဘာသာာ ရေးလှူဒါန်းမှုများ အားနည်းလျှော့ နည်းနေသည်ကို မြင်တွေ့ကြား သိနေရသည်။

လွတ်လပ်တဲ့ အယ်ဒီတာအာဘော်နဲ့ ငွေမျက်နှာ EDITORIAL INDEPENDENCE AND MONEY WEIGHT( Udp Myanmar)



ပြည်တွင်းထုတ်ဂျာနယ်အချို့ကို တွေ့ရစဉ်
ပြည်တွင်းက သတင်းမီဒီယာတွေဟာ ပြည်ပကအသံလွှင့်ဌာနတွေ စာနယ်ဇင်းတွေနဲ့ယှဉ်ရင် ပိုပြီးလွတ်လပ်တဲ့ အယ်ဒီတာအာဘော်ရှိတယ်လို့ ဆိုနိုင်ပါသည်။
စာပေစိစစ်ရေးတွေ ရှိနေသော်လည်း စာနယ်ဇင်းတွေအနေဖြင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်တာကို မချန်လှပ်ဘဲ ပြောကြ ရေးကြ တင်ပြကြတာပါ။ ခွင့်ပြုချက်မရလို့ မတင်ပြရတာက တစ်ပိုင်းပါ။ ဒါပေမယ့် စာနယ်ဇင်းတွေ အယ်ဒီတာတွေအနေဖြင့် စိတ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ဘယ်ငွေရှင်ကြေးရှင်၏ ဖိအားကိုမှ ကြောက် စရာမရှိဘဲ လန့်စရာမရှိဘဲ ရေးရဲ ပြောရဲတာကို ဆိုချင်တာပါ။ ကိုယ့်ငွေကိုယ်ရှာပြီး လုပ်နေကြလို့ပါ။ သူများပေးတဲ့ငွေနဲ့ စာနယ်ဇင်းတွေ အသံလွှင့် တာတွေလုပ်တာမဟုတ်တော့ ပိုပြီး စိတ်ပိုင်းဆိုင်ရာမှာ လွတ်လပ်မှုရှိနေတာပါ။

ရာမဒန်ဥပုသ်သုံးရက်အတွင်း မောင်တောမှ ဘင်္ဂါလီများကို ဗလီတက်ခွင့်ပြု

ရခိုင်ပြည်နယ်၊မောင်းတောမြို့

မောင်တော၊ သြဂုတ်-၁၉
သြဂုတ် ၂၀ မှ ၂၂ ရက်အထိ ကျရောက်မည့် ရာမဒန်ပွဲတော်ကာလရက်များတွင် ဘင်္ဂါလီများ သက်ဆိုင်ရာဗလီများသို့ တက်ရောက်ရန် တောင်းဆိုမှုကို မောင်တောခရိုင်တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့က စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုလိုက်ကြောင်း သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သည့် ဒေသအာဏာပိုင်များနှင့် ဘင်္ဂါလီများ တွေ့ဆုံ ဆွေးနွေးရာတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးက ပြောကြားသည်။

ရာမဒန်ပွဲတော်သုံးရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ ဗလီများတွင် မွန်းလွဲ ၁ နာရီ ဗလီတက်ချိန်နှင့် ညနေ ၅ နာရီတွင် တစ်ချိန် ဗလီတက်ဝတ်ပြုရမည်ဖြစ်သည်။ ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့ ကျောက်ဗလီနှင့် မြို့မကညင်တန်းဗလီတွင် ဗလီတက်ရောက်ခွင့်ကို ရပ်ဆိုင်းထားကာ  ဒေသခံတိုင်းရင်းသားကျေးရွာများနှင့် နီးကပ်စွာတည်ရှိနေသည့် ဗလီများတွင် ဗလီတက်ရောက်ခြင်းကိုလည်း ခွင့်မပြုဟု သတင်းရရှိသည်။

တရုတ်အလှမယ် Miss World သရဖူ ဆွတ်ခူး

အော်ဒေါ့စ်၊ သြဂုတ်-၁၈
တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသ အော်ဒေါ့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့အလှဆုံးမယ် ရွေးချယ်ပွဲ တွင် အိမ်ရှင်တရုတ်အလှမယ် မစ္စယူဝမ်ရှားက မယ်ကမ္ဘာသရဖူ ကို ဆွတ်ခူးသွားခဲ့သည်။

ဂိုဘီသဲကန္တာရ အစပ်ရှိ သတ္တုတွင်းလုပ်ငန်းများကြီးစိုးရာ အော်ဒေါ့စ်မြို့ရှိ အလှမယ်ရွေး ချယ်ပွဲ ခန်းမကြီးထဲတွင် တရုတ်အလှမယ် ယူတစ်ယောက် ပထမရရှိကြောင်း ကြေညာလိုက်ချိန်တွင် တရုတ်နိုင်ငံသားများ အများ စုပါဝင်သော ပရိသတ်ကြီးမှာ တစ်ခဲနက်အားပေးကြပြီး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားခဲ့သည်။

စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကျင်းပ

ရန်ကုန်၊ သြဂုတ်- ၁၉
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေးကော်မရှင်၏ ပထမဆုံး အစည်းအဝေးကို ယနေ့(သြဂုတ် ၁၉ ရက်)နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မြန်မာအီးဂရက်ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

"အများစုကတော့ အကြုံပြုချက်တွေ ဆွေးနွေးတာများတယ်။ အလုပ်လုပ်ဖို့ ရုံးခန်းတစ်ခုဖွင့်ဖို့တော့ သဘောတူခဲ့ကြတယ်"ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သူ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီမြန်မာ)ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်

ကွာလာလမ်ပူ၊ သြဂုတ်-၁၈
လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN 100 ခေါင်းဆောင်မှုဖိုရမ်သို့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း Asia Inc ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး အခမ်းအနားဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူမျ

ားနှင့် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ်ဖော်မှု ပြုလုပ်




သဘောထားထုတ်ဖော်မှုမြင်ကွင်းများအား တွေ့ရစဉ်
UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက် ဆံခြင်းနှင့်ပတ်သက်၍ ရခိုင် အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ် ဖော်မှုကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၉ရက် နေ့ နေ့လည် ၁၁နာ ရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

''UN ကိုယ်တိုင်ကိုက ပရိပက္ဓကာကွယ်ရေး (Conflit Prevention) ဆိုတာရှိတယ်။ အခုသူတို့က ပရိပက္ဓကို ကာကွယ်ဖို့ လုပ်တာမဟုတ်ပဲနဲ့ ဖန်တီးဖို့လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ ဒီလို လူမျိုးနှစ်မျိုးရှိနေတဲ့ ပရိပက္ဓများနိုင်တဲ့ နယ်မြေမျိုးမှာဆိုရင် ပိုပြီးတော့ သတိထား လုပ်ကိုင်ရမှာ။ သူတို့ မလုပ်ဘူး။ များသောအားဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုကိစ္စ(Human Development Issue) တွေလုပ်တာ၊ Program တွေ လုပ်တာအကုန်လုံးကို သူတို့ ဘင်္ဂါလီတွေအတွက်ပဲ လုပ်ပေးတယ်။ ရခိုင်တွေအတွက် မ လုပ်ပေးဘူး။ သွားကြည့်လို့ရှိရင် ရခိုင်တွေမှာ သူတို့တူးပေးထားတဲ့ ရေတွင်းတစ်တွင်းတောင် မရှိဘူး။ ဆေးဝါး ထောက်ပံ့တာကအစပေါ့။ ရခိုင် တွေမှာလည်း ဆင်းရဲတဲ့သူတွေ ရှိတာပဲ။ အလုပ်လိုနေတဲ့သူတွေ လည်းရှိတာပဲ။ နောက်ဆုံးသူ တို့ဆီမှာ အလုပ်တွေပေါ်လာ ရင်လည်း ကျွန်တော်တို့ ရခိုင်တွေရတာ တစ်အားနည်းပါတယ်။

မန္တလေးမြို့တွင် ရေမြောင်းအတွင်း ပေါက်ကွဲ မီးလောင်းမှု ဖြစ်ပွား

ရန်ကုန် ၊ သြဂုတ် ၁၉

မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးမြို့တော် မန္တလေးမြို့တော်၊ မဟာအောင်မြေမြို့နယ်ရှိ လမ်းဘေး
ရေမြောင်းအတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်းမှုသည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မဟာမြိုင် ၂ ရပ်ကွက် ၆၁လမ်း ၃၅ လ

မ်းနှင့် ၃၆ လမ်းကြားရှိ
ရေမြောင်းတွင် ယမန်နေ့ (သြဂုတ်လ၁၈ရက်) ည ၇နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၁၁နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာ ကျန်ရှိ နှစ်ပေါင်း ၂၀အတွင်း ယခင်ထက် တစ်ဝက်ကျော် လျော့ချခဲ့ခြင်းဖြစ်

သစ်လုံးတန်ချိန်ပေါင်းများစွာ ပြည်ပသို့ တင်ပို့သော်လည်း ရရှိသည့်ဝင်ငွေမှာ များစွာတိုးလာခြင်းမရှိဘဲ သစ်တောပြုန်းတီးမှုသည်သာ ၀င်ငွေနှင့်မလိုက်၊ ရာသီဥတုဖောက်ပြန်မှုနှင့် မလိုက်အောင် ရှိနေသည် . . .



ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်ဆိပ်ကမ်းအတွင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ သဘာဝသစ် တောကြီးများဖုံးလွှမ်းမှု ဧရိယာမှာ ယခုအခါတွင် နိုင်ငံ့ဧရိယာအကျယ်အ၀န်း၏ ငါးပုံ ပုံလျှင်တစ်ပုံဝန်းကျင် သာကျန်ရှိတော့ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူးဦးသိန်းလွင်က ပြောကြားခဲ့ပါသည်။
သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့်  The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုမှာ ကုန်းဘောင်ခေတ်က နိုင်ငံ့အကျယ်အ၀န်း၏ ၇၀ ရာခိုင်နှုန်းရှိသော်လည်း ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း ကျန်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းကျန်ရှိပြီး ၂၀၀၈ ခုနှစ်တွင်မူ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့သည်ဟု စာရင်းအတိအကျဖြင့် ဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ

အဆိုးဆုံးရေကြီးတာက မြန်မာနိုင်ငံရဲ့ စပါးကျီ။ လုံးဝမိုးမရွာလို့ မိုးခေါင်ပြီး ဒုက္ခဖြစ်တာ စစ်ကိုင်း၊ မန္တလေး စတဲ့ အထက်ပိုင်း တစ်ခွင်လုံးပဲ။ ဒီတော့ စပါးအထွက်နှုန်းနဲ့ တွေ့ကြုံလာမယ့် ပြဿနာတွေကို ထည့်တွက်ထားရမယ်။ အခုကတည်းက ထည့်တွက်ထားရမှာ။ အညာမှာ မိုးခေါင်တာကလည်း အများကြီး အခက်အခဲ ဖြစ်ကုန်နိုင်တယ် . . .

7463c
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)

မြန်မာနိုင်ငံတစ်ဝန်းတွင် မိုး အဆက်မပြတ်ရွာသွန်း၍ လယ် ယာမြေရေကြီးနစ်မြုပ်မှုမှာ ဆိုးရွားလျက်ရှိပြီး လယ်မြေဧက ၅၃၀၀၀၀ နီးပါးရေးနစ်မြုပ်ခဲ့ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

 ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်၊ ကရင်၊ ရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသများတွင် အဆိုးဆုံးနစ်မြုပ်ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ လယ်မြေ ၅၂၈၀၀၀ ဧကနစ်မြုပ်ခဲ့ကြောင်း၊ နောက်ဆုံး စာရင်းများအရ ဧက ၅၆၇၆၇ မှာ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဧက ၁၃၆၀၀၀ မှာ ရေပြန်ပေါ်သည့် အနေ အထားရှိသော်လည်း ကျန်ဧကများ ဆက်လက်နစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

ရန်ကုန်၊ သြဂုတ် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက The Voice Weekly သို့ ပြောကြားသည်။

ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်။

ရဲစခန်းက စာရောက်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ။ ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

စေတနာပိုသူ...

http://myblog-linnthant.blogspot.com/2012/08/blog-post_8179.html

အစိုးရတပ်နဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ဒီကနေ့ ညနေအချိန်က လဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပုံကို အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ခေါင်းဆောင် ကိုလဆိုင်းက အခုလိုပြောပြပါတယ်။
"ခလရ ၄၀ ကဆင်းလာတာ။ အဲတာကြောင့် ကျွန်တော်တို့နဲ့ ထိပ်တိုက် တွေ့ကြတာပေါ့။ ၅ နာရီခွဲ ကျော်ကျော်လောက်ကဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ ပေါ့။ သူတို့ ရိက္ခာပြတ်ပြီလေ။ ရိက္ခာလာပို့တဲ့ အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ စောင့်နေတဲ့ ကျောင်းသားတပ်မတော်က ရဲဘော်နဲ့ ထိပ်တိုက်တွေ့တာ၊ သူတို့က ပြန်ဆုတ်သွားတဲ့ အနေအထား၊ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာဦးမလဲတော့ မသိဘူး။ အခုဆက်လက် ဖြစ်ပွားနေတာပေါ့"
ကျောင်းသား တပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေတပ်တွေနဲ့ ပူးတွဲ နေရာယူထားတယ်လို့ သိရပါတယ်။

အစီအစဉ် ရှိမရှိ


မြန်မာနိုင်ငံရှိ မြစ်ကြီးများ လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာပြီး၊ မြေနိမ့်ပိုင်းများ ရေလွှမ်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း

ဗိုလ်ချုပ်သား အယောင်ဆောင်သူအား ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး

နေပြည်တော် မြို့မဈေး
နေပြည်တော် မြို့မဈေး ရဲကင်းအနီးတွင် သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ထိုအခါ ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်းလာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ်မှန်းမသိကြောင်း

ပြန်လည်ဖြေစဉ် ယာဉ်မောင်းက ၎င်းသည် ကက(၀ယ်)မှ ဗိုလ်ချုပ်၏သားဖြစ်ကြောင်း ခြေထောက်နာလျှင်ခြေထောက်ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် လျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာပြောသည်။ ထို့အပြင် အနီးရှိရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေ မှတာဝန်ရှိတပ်ဖွဲ့ ၀င်များ(သတင်းတပ်ဖွဲ့၊ စ.ရ.ဖ များအားလုံး) လာရောက်ကြည့်ရှုစဉ် ၎င်းသည် ဗိုလ်ချုပ်သားဖြစ်၍ ၀င်မရှုပ်ရန် ငေါက်ငန်းလွှတ်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်

နေပြည်တော် ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်အကိုင် ဖန်တီးရေး ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။
Photo Courtesy of NLD
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာ ဒေသခံ ကျေးရွာပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်။
ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အဓိက သရုပ်ဆောင် နုတ်ထွက်သွားသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားအတွက် သရုပ်ဆောင် ၁၁ ဦးကို လူတွေ့ စစ်ဆေးနေစဉ်။
သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက-

အာသံ-မူစလင် ပဋိပက္ခ တည်ငြိမ်ရေး သမ္မတကြိုးပမ်း

အိန္ဒိယနိုင်ငံမှာ ဘန်ဂလော (Bangalore)၊ ချန်နိုင်း (Chennai)၊ ဟိုက်ဒရာဘက် (Hyderabad) နဲ့ ပူနီး (Pune) စတဲ့ တောင်ပိုင်းမြို့တွေမှာ အလုပ်လာလုပ်နေကြတဲ့ အရှေ့မြောက်ပိုင်းသား အမြောက်အများ ဘေးလွတ်ရာ ထွက်သွားနေကြတဲ့ အခြေအနေကို သမ္မတ မန်မိုဟန်ဆင်း (Manmohan Singh) က တည်ငြိမ်အောင် ကြိုးစားနေပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Bodo မူလ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လက်ကိုင်ဖုန်း Text Message တွေ၊ အင်တာနက်တွေက တဆင့် မူစလင်တွေက လက်စားခြေ တိုက်ခိုက်မှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ ဘယ်သူ ဖြန့်မှန်းမသိတဲ့ သတင်းစကားတွေကြောင့် ခုလို တောင်ပိုင်းမြို့တွေမှာ လာရောက် အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး ဘေးကင်းရာကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ

ရန်ကုန်၊ သြဂုတ် ၁၇

ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က တော်ဝင်လမ်း အိမ်အမှတ် ၅၆ တွင် နေထိုင်သည့် မြေးအဘိုးနှစ်ဦး အရက်အတူ သောက်သုံးရာမှ စကားများရ

န်ဖြစ်ကာ အဘွား၏ ဒုတိယခင်ပွန်းတော်သူ အဘိုး
ဖြစ်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဦးတင်မြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က The Voice Weekly သို့ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ထိုင်း ၀ီကီမှာဖော်ပြချက်


ထိုင်း ၀ီကီပီဒီယားက ပြောတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းပါ။

ထိုင်းတွေလည်း အိမ်နီးချင်း မြန်မာနိုင်ငံအကြောင်းကို တော်တော် စိတ်ဝင်တစားလေ့လာထားကြတာပါ။ န၀တ ဥက္ကဌဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဆက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန္တလေး တိုင်းက ကျေးလက် လယ်ယာ လုပ်ငန်းလုပ်ကိုင်ကြတဲ့ သူဆင်းရဲ မိသားစုက ပေါက်ဖွားလာတာပါတဲ့။ ဦးသန်းရွှေ အသက် ၁၀ နှစ်သားအရွယ်မှာ ဖခင် သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်တဲ့သူဟာ နောက်ထပ် အိမ်ထောင်ပြုခဲ့ပါတယ်တဲ့။

Related Posts Plugin for WordPress, Blogger...

ShareThis