menu

Thursday 13 September 2012

ဘုန်းတော်ကြောင့်.....


ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော် လှည့်လည်

Photo By Eleven Media Group
ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော်သည် ကလေးမြို့တွင်း ယခုလှည့်လည်နေကြကြောင်း The Voice Weekly ကလေးမြို့နယ် သတင်းထောက်က သတင်းပေးပို့သည်။

နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြားနေကြကြောင်း ၄င်းက ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွ

က်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း

ရဲဘက် စခန်းများ ရပ်ဆိုင်းရန် သမ္မကို တင်ပြမည်ဟုဆို

Min Ko Naing And Moe Thee Zun
ရန်ကုန်၊ စက်တင်ဘာ ၁၂

ပြည်တော်ပြန် ABSDF ဥက္ကဌဟောင်း မိုးသီးဇွန်က မြန်မာနိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံစဉ် ရဲဘက်စခန်းများ ရပ်ဆိုင်းဖို့ ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း ဦးမိုးသီးဇွန်က The Voice Weekly ကို ပြောကြားသည်။

ဦးမိုးသီးဇွန် အပါအဝင် ၇ဦး အဖွဲ့သည့် သမ္မတကြီးနှင့် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီများနေ

့ မတိုင်မီ တွေ့ဆုံသွားဖွယ် ရှိသကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ရှင်းသည်။
"မြန်မာနိုင်ငံက ရဲဘက်စခန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာက ပြောနေတော့ မြန်မာ ဖြစ်ရတာ ရှက်မိတယ် " ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ရာဇဝတ်သား အကျဉ်းကျ နေသူများကို စိုက်ပျိုးရေး စခန်းများ၊ ရဲဘက်စခန်းများတွင် နေထိုင်ကာ ပြစ်ဒဏ်ကျခံ စေကြောင်း ဥပမာ- မွန်ပြည်နယ် မော်လမြိုင်ဘက်တွင် ကျောက်ထု စခန်းများ ရှိပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် စိုက်ပျိုးရေး စခန်းများ ရှိကြောင်း တချို့ရာဇဝတ်သား များသည် အဆိုပါစခန်းများသို့ ထွက်ပြေး လွတ်မြောက်ရန် လွယ်ကူခြင်းကြောင့် ဖြစ်ကြောင့် သွားချင်ကြကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဘမြင့်က မြန်မာနိုင်ငံရှိ အကျဉ်းထောင်စခန်း အချို့ အကြောင်းကို ရှင်းပြသည်။

"အစိုးရဖြေ ရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့ လွှတ်တော် တွင် ကျန်နေသေး"

ပထမအကြိမ် ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် အစိုးရ အဖွဲ့မှ ဖြေရန် မေးခွန်း ၁၁၁ ခုနှင့် အဆို ၉ ခုကျန်ရှိ ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည
်။
''ကြယ်ပွင့်ပြ မေးခွန်း အနေဖြင့် ၅၅၅ ခုရှိသည့် အနက် အစိုးရရုံး အဖွဲ့ သို့ ပေးပို့ခဲ့ သည့် မေးခွန်း ၄၂၉ ခုရှိပါတယ်။ ၄င်းတို့အနက် အ သင့်ဖြစ်မေး ခွန်း ၁၃၄ ခု ဖြေကြားပြီး မေးခွန်း ၁၅၉ ခု အစိုးရ အဖွဲ့ရုံး မှ ရရန်ကျန်မေး ခွန်း ၁၁၁ ခုနဲ့ လွှတ်တော် မှ ဆောင်ရွက်ရန် မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကြယ်ပွင့် မပြ မေးခွန်း အနေနဲ့ မေးခွန်း အရေအတွက် စုစုပေါင်း ၄၄၄ ခု ရှိသည့် အနက် ဖြေကြားချက် ရရှိပြီး မေးခွန်း၂၆၆ ခုရှိပြီး အဖြေ မရရှိသေးေ သာမေးခွန်း ၁၅၉ ခုဖြစ်ပါတယ်'' ဟု ဥက္ကဋ္ဌက လွှတ်တော် တွင် ပြောကြား ခဲ့သည်။

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

·နိစ္စဓူဝ မြင်ကွင်း(၁)
ခေါက်ရိုးကျအောင် မီးပူတိုက် လာသော စတစ်ကော်လံအင်္ကျီဖြူ လည်း ကြေမွပိတ်လှောင်နေသည့် လူငွေ့များကြောင့် ချွေးများလည်း စိုလျက်။ လက်ပတ်နာရီကို ဘယ် နှကြိမ်မြောက် မှန်းမသိ ငုံ့ကြည့် ရင်း ကိုကျော်လတ် စိတ်တွင်းမှ ကျိန်ဆဲနေမိသည်ကအခါခါ။ ဒီ နေ့လည်း အလုပ်နောက်ကျဦးတော့ မည်။ နေ့စဉ် အလုပ်အသွား ဘတ်စ်ကားစီးရတိုင်း သူ့ကိုယ်မှာ ပြုတ်စော်နံနေရစမြဲ။ အင်းစိန်ပန်း ခြံမှတ်တိုင်မှာက နာရီဝက်နီးပါး။ အခုလည်း လှည်းတန်းမှတ်တိုင် သည် ကားစက်သတ်၍ စိတ်ဒုံး ဒုံးချ ရပ်ထားလိုသောကားတန်းရှည် ကြီးကြား ထုံးစံအတိုင်း အချိန်များ ကို အမှည့်ခြွေခြွေနေပြီဖြစ်သည်။တကယ်တော့ နံနက်ခင်းဟူ သည်နေ့ တစ်နေ့၏အစ လုပ်ငန်း ခွင်သို့ ပျော်ရွှင်တက်ကြွစွာ သွား ရမည့်အစား စိတ်ညစ်ညူးမှုဖြင့်၊ ပင်ပန်းနွမ်းနယ်မှုဖြင့်၊ ဒေါသဖြင့် စတင်နေရခြင်းက မင်္ဂလာမရှိ ခဲ့သော်လည်း  မနက် ၇ နာရီကတည်းကမှတ်တိုင်တွင် နေရာအတင်းလုကာ ဝီရိယစိုက်ခဲ့ သော်လည်း အလုပ်ကို ရောက်သည် က အစောဆုံး ကိုးခွဲ။ ကားလမ်းတွေ ပိတ်နေလို့ပါဟူသော စကားသည် အမှန်တရား ဖြစ်သော်လည်း အမြဲ လိုဖြစ်နေ၍ အခုတော့ သူ့လက်ထဲ သတိပေးစာ လည်းရောက်နေပြီ။ ”မတတ်နိုင်ဘူးဗျာ။ Time Card မှာ သုံးကြိမ်နီပြီး ပြီဆိုတော့ သတိပေးစာထုတ်ခံရတယ်။ ဘတ်စ် ကားစီးရတယ်ဆိုတာ ကိုယ်ပိုင်ကား လိုမှ မဟုတ်တာဗျာ။ လမ်းတွေ က ဆိုးဆိုးဝါးဝါးကို ပိတ်ပြီး သွားလို့မှ မရတာ။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စ ဆိုတော့ ခံပေါ့လေ နေ့တိုင်း”ဟု  ကုန်တိုက်တစ်ခုမှ စီမံဝန်ထမ်း တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ဝန်းကျင်ရှိ ကိုကျော်လတ်က ရင်ဖွင့်သည်။

" ABSDF သတ်ဖြတ်မှု တရားစွဲဆိုနိုင်ရေး နိုင်ငံတော်မှ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးရန် စာတင်မည်"

Photo: " ABSDF သတ်ဖြတ်မှု တရားစွဲဆိုနိုင်ရေး နိုင်ငံတော်မှ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးရန် စာတင်မည်"

မြန်မာနိုင်ငံမြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် စာတင် မည်ဖြစ်ပြီး ၄င်း ရလဒ်အတိုင်း တရားစွဲမည်ဟု မန္တလေးမှ မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြောသည်။
''နိုင်ငံတော်သမ္မတကြီးရယ်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌနဲ့ တရားရေး အဖွဲ့အသစ် ဖွဲ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာတင်မယ်။ စာတင်တဲ့အခါ လူ တစ်သောင်းနဲ့ လက်မှတ်ထိုးပြီး ပူးတွဲ တင်ပြသွားမယ်။ နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့မှ အဲ့ဒီအဖွဲ့ကနေ ရရှိလာတဲ့ ရလဒ်နဲ့ တရားစွဲမယ်။ တရားစွဲဆို တဲ့ဟာက အမှန်တရားကို ပေါ်စေချင် တယ်။ စုံစမ်းစစ်ဆေး အရေးယူပြီးတဲ့ နောက်မှာ ပြစ်ဒဏ်ချပြီးတဲ့နောက် မှာ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်က ပေး လိုက်ပြီဆိုရင်လည်း ကိုယ်တိုင်ခံစားရတဲ့သူတွေ အနေနဲ့ သူတို့ကို ခွင့်လွှတ်တယ် ဆိုတာမရှိဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ သဘောထားကြီး ပေးနိုင်ပါ တယ်'' ဟု ပါဂျောင်ဖမ်းဆီးနှိပ် စက်ခံရမှု ပါဝင်ခဲ့သူ ဦးဆမား ညီညီက ပြောသည်။
စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန် ဖော်ထုတ်ရေး အဖွဲ့က ပြုလုပ်သည့် ပါဂျောင် ရှင်းတမ်းတွင် ဦးဆမားညီညီက ပြောခြင်း ဖြစ်သည်။
၎င်းမြောက်ပိုင်းကိစ္စတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ တာဝန်ရှိသည် ဆိုသော ဒေါက်တာ နိုင်အောင်၊ တာဝန်ခံကြောင်း လက်မှတ်ထိုး ထုတ်ပြန် သော တောင်ပိုင်း ဗဟိုကော်မတီဝင်များ၊ မြောက်ပိုင်းဗဟို ကော်မတီဝင်များ၊  မိုးသီးဇွန်နှင့်ပတ်သက်၍ ကိုစိုးလင်း၊ ကိုဌေးလှိုင်တို့အဖမ်းခံရသည့် ကိစ္စများ တွင် တစ်စုံတစ်ခုရှိလျှင် ၄င်းတို့ ရှင်းလင်းရမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။
ကချင်ပြည်နယ် ပါဂျောင်ရှိ ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကျောင်းသား များအကြား ထောက်လှမ်းရေးများ ဝင်ရောက်နေသည် ဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှု ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သည်။ ၄င်းပါဂျောင်တွင် မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်နှင့် ၁၅ ဦး သေဒဏ် ပေးခံရပြီး သံသယဖြင့် စစ်ဆေးနေ စဉ် သေဆုံးသွားသူများပါ ပေါင်းလိုက်လျှင် စုစုပေါင်း ၃၈ ဦး ရှိကြောင်း သိရသည်။
ပါဂျောင်ကိစ္စတွင် အဖမ်းခံခဲ့ ရသူများနှင့် ရဲဘော်ရဲဘက်ဖြစ်သူ ဦးမောင်ခိုင်က ''ရဲဘော်တွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ အပေါ် ကျူးလွန်ခဲ့တဲ့ လူတွေကို အနာ ဂတ်မြန်မာနိုင်ငံတော်ရဲ့ တည် ဆောက်ရေးမှာ မလိုလားဘူး။ ဒီ ဆန္ဒက မန္တလေးမှာရှိတဲ့ သံဃာ တော်များနဲ့ ကျောင်းသားပြည်သူ များရဲ့ ဆန္ဒဖြစ်တယ်လို့ ခံယူပါတယ်။ ဒီဆန္ဒကို တစ်တိုင်းပြည်လုံး သိစေချင်တယ်။ ဒါကြောင့် ဒီပွဲမှာ ပါဝင်ကူညီဖြစ်တာပါ''ဟုဆိုသည်။
၁၉၉၂ ခုနှစ် ကချင်ပြည်နယ် ပါဂျောင်တွင် ဖြစ်ပွားခဲ့သော စွပ်စွဲဖမ်းဆီး သတ်ဖြတ် ခံရမှုနှင့် ပတ် သက်၍ လွတ်မြောက်လာကြသူများ၊ သတ်ဖြတ် ခံရသူတို့၏ မိသားစုများက တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် စာတင် မည်ဖြစ်ပြီး
၎င်း ရလဒ်အတိုင်း တရားစွဲမည်ဟု မန္တလေးမှ မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြောသည်။
''နိုင်ငံတော်သမ္မတကြီးရယ်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌနဲ့ တရားရေး အဖွဲ့အသစ် ဖွဲ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာတင်မယ်။ စာတင်တဲ့အခါ လူ တစ်သောင်းနဲ့ လက်မှတ်ထိုးပြီး ပူးတွဲ တင်ပြသွားမယ်။ နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့မှ အဲ့ဒီအဖွဲ့ကနေ ရရှိလာတဲ့ ရလဒ်နဲ့ တရားစွဲမယ်။ တရားစွဲဆို တဲ့ဟာက အမှန်တရားကို ပေါ်စေချင် တယ်။ စုံစမ်းစစ်ဆေး အရေးယူပြီးတဲ့ နောက်မှာ ပြစ်ဒဏ်ချပြီးတဲ့နောက် မှာ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်က ပေး လိုက်ပြီဆိုရင်လည်း ကိုယ်တိုင်ခံစားရတဲ့သူတွေ အနေနဲ့ သူတို့ကို ခွင့်လွှတ်တယ် ဆိုတာမရှိဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ သဘောထားကြီး ပေးနိုင်ပါ တယ်'' ဟု ပါဂျောင်ဖမ်းဆီးနှိပ် စက်ခံရမှု ပါဝင်ခဲ့သူ ဦးဆမား ညီညီက ပြောသည်။

"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

Photo: "ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ ”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးေ ကျာ် မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို  တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
ဗိုလ်မှူးချုပ် ကျော်ဇော အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီး ကပ် ပြု စု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့် ကြကြောင်း၊ ၄င်း အပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့် မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။ ”ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ ချင် ပို့ မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက် ခတ်နေ တဲ့ အချိန် မှာ ပြန်စရာ အကြောင်း မရှိပါဘူး။ လက်ရှိ ဗမာပြည် ရဲ့ အပြောင်း အလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ် မီးမလောင်တော့ ဘူး။ တိုင်းပြည် လည်း တိုးတက်ပြီ ဆိုရင် ဘယ်သူမှ အသိ အမှတ်ပြု စရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်”ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို  ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။ ”တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး” ဟု ဦးအောင်ကျော်ဇောက  ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်” ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး  ဖြစ်ကြောင်း သိရသည်။

အောင်ခွန်းဆက်
ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး
အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ ”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။

လက်ပန်းတောင်းတောင်အရေး လှုပ်ရှားသော ၀က်မှေးကျေးရွာသူ (၃)ဦးအားပုဒ်မ (၃)ခုဖြင့် တရားစွဲထား

လက်ပန်းတောင်းတောင်အရေး လှုပ်ရှားသော ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့သုံးဦးအား ဥပဒေပုဒ်မ-၃၄၁ မတရားတားဆီးမှု၊ လမ်းပိတ်ဆို့မှု၊ ဥပဒေပုဒ်မ-၂၉၄ ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှု၊ ဥပဒေပုဒ်မ-၄၅၂ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ကျေးရွာသူများဘက်မှ လိုက်ပါဆောင်ရွက်လျက်ရှိသည့် ရှေ့နေပြောကြားချက်အား ကိုးကား၍ ဒေါ်ခင်စန်းလှိုင်က ပြောသည်။

လက်ပန်းတောင်းတောင်အရေး လှုပ်ရှားဆန္ဒထုတ်ဖော်မှုများရပ်တန့်ြ

ပီး၊ ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုမှုများကို လိုက်လျောကာ ငြိမ်းချမ်းစွာပြီးဆုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပုလဲမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ဦးအောင်ရှင်တို့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးအပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးဘဂျမ်း၊ စင်ဒီကရောဖို့ဒ်နဲ့ ကြော်ငြာလောကရဲ့ ကိုယ်ကျင့်တရား( မောင်သာချို)

(တစ်)

ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးကို ဗဟိုကချုပ်ကိုင်သည့် စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ရွေ့လျားပစ်လိုက်ပြီးသည့်နောက် ဈေးကွက်နှင့်အတူတကွ ဖွံ့ထွားလာသည့်လုပ်ငန်းမှာ ကြော်ငြာလုပ်ငန်းပဲဖြစ်ပါသည်။ ကြော်ငြာအကျိုးဆောင်လုပ်ငန်းများ တည်ထောင်လာကြကာ ရုပ်မြင်သံကြားပေါ်က စာနယ်ဇင်းများပေါ်က၊ ရေဒီယိုအသံလွှင့်လေ

လှိုင်းပေါ်က၊ လမ်းဘေးဝဲယာဧရာမဆိုင်းဘုတ်ကြီးများ ပေါ်ကနေ၍ ကိုယ်တာဝန်ယူထားသည့် စီးပွားရေးလုပ်ငန်းအောင်မြင်မှုရရှိစေရန် ကြော်ငြာပေးကြသည်မှာကား သဘာဝပင်ဖြစ်ပါသည်။

ထိုကြော်ငြာပေါင်းစုံတို့ကို ကြည့်ရင်း၊ နားထောင်ရင်း၊ ဖတ်ရှုရင်းက ဖတ်မိသမျှ မှတ်မိသမျှ ကလေးများကို သတိရလာမိကာ အတွေးတချို့တလေကို ဖောက်သည်ပြန်ချလိုခြင်း ဖြစ်ပါသည်။ Business ethic ဟု ခေါ်မလား။ Advertising ethic ဟု ခေါ်မလား။ ကျွန်တော်မသိပါ။ ကြော်ငြာလုပ်ငန်းနှင့် စီးပွားရှာသူတို့ လိုက်နာသင့်သော ကိုယ်ကျင့်တရားများဟုပဲ ဆိုကြပါစို့။

"ဇော်ဝင်းထွဋ်၊မေဆွိ၊မီမီဝင်း ဖေတို့နဲ့အတူ ဂျပန်မှာ ဖျော်ဖြေမယ့် မေခလာ"

မေခလာက နိုဝင်ဘာလထဲမှာ စင်ကာ ပူကို အလုပ်ကိစ္စနဲ့သွားဖို့ရှိသလို၊ ဖေဖော်ဝါရီ လထဲမှာတော့ အင်ပါယာတီးဝိုင်းနဲ့အတူ ဇော် ဝင်းထွဋ်၊မေဆွိ၊မီမီဝင်းဖေတို့နဲ့အတူ ဂျပန်ကို ဖျော်ဖြေရေးသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်က မတွေ့ရတာကြာပြီဖြစ်တဲ့ သူယ်ချင်းတွေ ပြန်ဆုံကြတဲ့ ဖျော်ဖြေပွဲ ပဲဖြစ်ကြောင်း၊ဂျပန် ဖျော်ဖြေပွဲမှာ အရင်တုန်းက သီချင်း အဟောင်းတွေပဲဆိုဖြစ်မှာ ဖြစ်ကြောင်း၊ အရင်တုန်းက သီချင်းအဟောင်းတွေပဲ ဆိုဖြစ်မှာဖြစ်ကြောင်း၊ ဖျော်ဖြေ ပွဲပြီးရင်လည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြပြီး၊ စကားတွေအများကြီးလည်း ပြောဖြစ်ပါ ဦးမယ်လို့ မေခလာက ရယ်ရင်းဆိုပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်မှာ ပြည်ပ ဖျော်ဖြေရေးတွေ တော်တော်များ များ ထွက်ဖြစ်ခဲ့တဲ့ မေခလာက ပြည်ပဖျော်ဖြေ ရေးပွဲတွေမှာ ပရိသတ်တွေတောင်း တဲ့သီချင်း က သူ မထင်ထားတဲ့သီချင်း၊ သူ ရန်ကုန်ပွဲ တွေမှာမဆိုဖြစ်တဲ့သီချင်းကို တောင်းကြ တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်

ဓာတ်ပုံ- spacetoday.org

မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေအတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်ရှိနေပါပြီ။

ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ က ဆိုထားပါတယ်။

ဆီးဂိမ်းအမီ ဂျပန်အကူအညီဖြင့် အင်တာနက်မြန်နှုန်း 10GB အထိ မြှင့်တင်မည်


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃အာဆီယံဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက်လိုင်းမြန်နှုန်းများကို  ဂျပန်နည်းပညာအကူအညီဖြင့် 10GB အထိ တိုးမြှင့်ဆောင်ရွက်သွား ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အင်တာနက်မြန်နှုန်းများ  အဆင့်မြှင့်တင်ခြင်းကို  နေပြည်တော်၌ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော်  ဖိုက်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ခြင်းကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။
 

“ဒီလိုပါ ဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းတွေ မြန်နှုန်းကို အကောင်းဆုံးလုပ်ပေးမှာပါ၊
ဘာလို့လည်းဆိုတော့ နိုင်ငံခြားသားတွေလည်း အများဆုံးလာရောက်မှာဖြစ်တယ်၊ပြီးတော့ဆက်သွယ် ရေး ပိုမိုအဆင်ပြေနိုင်အောင်လို့ပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန်


ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။


နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လယ်သမား ၁၂၅ ဦးအား သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သည့်အတွက်တရားစွဲ




တရားစွဲဆိုခံရသည့်လယ်သမားများ
နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ လယ်သမား ၁၂၅ ဦးအား သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သည့်အတွက် တရားစွဲဆိုထားပြီး ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၁၃ ရက်နေ့)က ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအကြား ပလွေးသစ်တောကြိုးဝိုင်းအကွက်အမှတ် ၂/၃ အတွင်း ခန့်မှန်းမြေပုံအညွှန်း  ဗွီ ၄၇၀၉၃၈ အတွင်းတွင် ကျူးကျော်ဝင်ရောက်နေထိုင်သည့် ရွှေခဲအင်းကျေးရွာနှင့် ဥနှစ်လုံးဆည်စုကျေးရွာတွင် နေထိုင်သော တောင်သူလယ်သမားမိသားစုဝင်များမှ အသက် ၁၆ နှစ်အထက် စုစုပေါင်း ၁၂၅ ဦးအားအမှု ၅၈ မှုနှင့် သစ်တောမြေ ကျူးကျော်ဝင်ရောက်နေထိုင်သည့်အတွက် ပုဒ်မ ၄၀(က) ဖြင့် ဒက္ခိဏသီရိ သစ်တောဦးစီးဌာနမှ တရားစွဲဆိုထားကြောင်း သိရသည်။

အီဂျစ်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

Photo: အီဂျစ်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ်ဆန္ဒပြသူများက အမေရိကန်သံရုံးအပြင်ဖက်တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 
ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းပန်ရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ 
လစ်ဗျားတွင်လည်း အဆိုပါ ရုပ်ရှင်ရိုက်ကူးမှုအပေါ် တုံ့ပြန်ဆန္ဒပြ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သံအမတ်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးခဲ့သည်။ ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ယီမင်ရဲတပ်ဖွဲ့က ပစ်ခတ်ဖြို့ခွင်းခဲ့ကြောင်း သိရသည်။

news from..Planet Myanmar Network
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ်
ဆန္ဒပြသူများက အမေရိကန်သံရုံးအပြင်ဖက်တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော်ထားသည့် ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းပန်ရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ လူမှုရေး အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ မုံရွာဦးအောင်ရှင်က ဒီကနေ့ တွေ့ဆုံ ညှိနှိုင်းချက်တွေကို အခုလို ပြောပါတယ်။

အိမ်ဘေးက မိုးနှံခြုံကလေး( ဒေါက်တာဇော်မြင့်နီ )

လယ်ယာမြေ၀န်းကျင်သည် မျှော်ကြည့်လျှင် လွင်တီးခေါင် မဟုတ်ဘဲ သစ်ပင်ခြုံပင်များဖြင့် စိမ်းစိုနေတတ်သည်။ သူတို့ကို အမှီပြုပြီး သဘာဝပိုးမွှားထိန်းချုပ်မှုကို ရရှိစေသည်။ ပိုးမွှားတွေ၊ ကျေးငှက်တွေ နားနေခိုလှုံနိုင်သည်။ ပြီးတော့ ရေကို ထိန်းသိမ်းပေးသည်။ သီးနှံတွေကို လေဒဏ်မှ ကာကွယ်ပေးပြီး လှပသည့် ရှုမျော်ခင်းများကို ဖြစ်စေသည်ဟု ဆိုသည်  .. . .

မိုးနှံခြုံကလေးကို စာတစ်စောင် ပေတစ်ဖွဲ့ ရေးရမည်ဟု မတွေးဖြစ်ခဲ့ပါ။ ခုတော့ ရေးစရာအကြောင်း လေးတွေရှိလာပြီ။မိုးနှံခြုံကလေးကို စာတစ်စောင် ပေတစ်ဖွဲ့ ရေးရမည်ဟု မတွေးဖြစ်ခဲ့ပါ။ ခုတော့ ရေးစရာအကြောင်း လေးတွေရှိလာပြီ။
မိမိတို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးနှံခြုံဆိုလျင် လူတိုင်း ရင်းနှီးသည်။ မိမိငယ်ငယ် ကလေးဘ၀ကတည်းက မိုးနှံရွက်ကလေးတွေရဲ့ ဖက်ဖူးရောင်စိမ်းဝါနုလေးတွေကို နှစ်သက်ခဲ့သည်။ မိုးနှံခြုံကလေးတွေကို ဟိုမှာသည်မှာ အလွယ် တကူ တွေ့နိုင်သည်။ ရွာစည်းရိုးဘေးမှာ၊ လှည်းလမ်းဘေးမှာ၊ ယာဘေးမှာ၊ အိမ်ဘေးမှာ တွေ့ရတတ်သည်။ မိမိတို့ဒေသမှာ မိုးနှံဖူး၊ မိုးနှံရွက်နုလေးများကို တို့စား၊ သုပ်စားလေ့ရှိသည်။ ရင်တွင်းအေးစေသည်တဲ့။ နွေရာသီ အပူအားကြီးချိန်၊ ကလေး တွေအပူဖုများ မပေါက်စေရန် မိုးနှံရွက်နုပြုတ်တိုက်ရသည်ဟု ကြားဖူးသည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့်တွေ့ဆုံခြင်း




Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများအား ဆက်စပ်ပြီး မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ထိုမေးမြန်းမှု (အင်တာဗျူး)ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော Popular Myanmar News ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ဖော်ပြခဲ့သည့် အင်တာဗျူးအား Eleven Media Group ၀က်ဘ်ဆိုဒ်၌ ထပ်မံဖော်ပြလိုက်ပါသည်။
မေး။      ။ ပထမဆုံးအနေနဲ့ မေးချင်တာကဆရာ ခုဏကပြောသလိုပြန်လာတဲ့ သူတွေသေးသိမ်အောင်ရေးနေကြတယ် ရေးနေကြတယ်ဆိုတာ Facebook လည်းဖြစ်မယ် တရားဝင် မီဒီယာအချို့တွေလည်း ဖြစ်ကောင်းဖြစ်မယ်။ မီဒီယာပေါ်မှာ တက်ရောက် ပြောခွင့်ရှိတဲ့သူတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုပုတ်ခတ်ပြောဆိုတဲ့ဟာက ၈၈ ကို သမိုင်းတစ်ခုလုံး မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကို ထိခိုက်သွားစေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေမယ် သမိုင်း တစ်ခုလုံးကိုလည်း ထိခိုက်သွားစေတဲ့အကြောင်း အရာတွေဖြစ်နေမယ် အဲဒီသဘောလက်ရှိ မီဒီယာကျင့်ဝတ်နဲ့ ဘာလုပ်သင့်တယ်ဆိုတာလေးနဲ့ စမေးချင်တယ်။ မီဒီယာကျင့်ဝတ်နဲ့ ၈၈ သမိုင်းဆိုတာက ၂၄ နှစ်ကျော်ကာလကျမှ ဒီနေ့ အချိန်ခါမှ မှန်သည် မှားသည်ဆိုတာကို ဘယ်သူမှ ၀န်မခံသေးဘူး။ ကျူးလွန်တဲ့သူတွေပေါ့။ တစ်ဘက်က ဒီဟာကြီးဟာ မှန်ပါတယ်ဆိုပြီးတော့  ယုံကြည်ချက်နဲ့ နေခဲ့တဲ့သူတွေကပဲ မှန်တယ်လို့ ပြောနေတဲ့ကာလပါ။ အဲဒီလိုကာလမှာ မီဒီယာအနေနဲ့ ဘယ်လိုကျင့်ဝတ်နဲ့ ဘယ်လိုစကားလုံးမျိုး ဘယ်လိုအရေးအသားမျိုး ဘယ်လိုဖော်ဆောင်မှုမျိုး လိုအပ်သလဲပေါ့ အဲဒါလေးမေးချင်ပါတယ် ဆရာ။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
အဆိုပါခရီးစဉ်တွင်  ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိကြောင်းနှင့် ၎င်းတို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ လိုက်ပါသွားဖွယ်ရှိကြောင်း  သိရသည်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် မိမိကိုယ်ကို ဓာတ်ဆီလောင်း၍ မီးရှို့သတ်သေမှု ဖြစ်ပွား(ကြောက်တတ်သူများ မကြည့်သင့်)

Photo by CJMyanmar
မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်တွင် စက်တင် ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၃နာရီ ၅မိနစ်ခန့်က အမျိုးသားတစ်ဦး မိမိကိုယ်ကိုမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည် တောင်ရပ်ကွက် အကွက်(၈၅၉) တွင် နေထိုင်သူ ကိုလွင်ဦး(အသက် ၄၀ကျော်)သည် ရန်ကုန်-မန္တလေး လမ်းနှင့် စက်ဘီးဆိုင်ကယ် သီးသန့်လမ်းကြား နေရာ၌ အသ

င့် ယူဆောင်လာသော ဓာတ်ဆီဗူးထဲမှ ဓာတ်ဆီများကို ကိုယ်ပေါ်သို့ လောင်းချ၍ ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်





Apple ကုမ္ပဏီသည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏ နောက်ဆုံးမျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ (မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ)တွင် စတင်ပြသခဲ့သည်။
ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများအတိုင်း iPhone 5  ၏ ဖန်သားပြင်မှာ လေးလက်မအထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင်လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်းမှာလည်း သတင်းများထွက်ပေါ်ထားခဲ့သည့်အတိုင်း ပိုမိုသေးငယ်သွားခဲ့သည်။ အထူမှာ ၇ ဒသမ ၆ မီလီမီတာသာရှိပြီး စမတ်ဖုန်းများတွင် အပါးလွှာဆုံးဖြစ်သည်။ Apple ၏ နောက်ဆုံးမျိုးဆက် A6 processor ကို အသုံးပြုထားသည်။

မနန်းဝိုးဖန် သေဆုံးမှု စသုံးလုံး တာဝန်ရှိသူများကို အရေးယူ

အိမ်ခြံမြေ ဈေးကစားမှုနှင့် ပတ်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ အမှုအတွက် တာဝန်ရှိသူများကို ရားထူးချ၊ နယ်ပြောင်း ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
စသုံးလုံးရုံးပေါ်မှ ပြုတ်ကျ သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ – YPI)
ဂျပန်နိုင်ငံသား Mr.Namase Motohiko နှင့် လက်ထပ်ထားသူ မနန်းဝိုးဖန်သည် သိန်းထောင်ချီ မြေကွက်များ ၀ယ်ယူထားခဲ့ကြောင်း တိုင်ကြားချက်ရရှိခဲ့သဖြင့် စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက်  ၅ နာရီတွင် မနန်းဝိုးဖန်သည် ရုံးအဆောက် အအုံပေါ်မှ ပြုတ်ကျသေဆုံး သွားကြောင်း၊ ယင်းသို့ ပြုတ်ကျသေဆုံးမှု အတွက်  စသုံးလုံးတွင် လုံးဝ တာဝန် မရှိကြောင်း၊ သို့သော် မနန်းဝိုးဖန် ပြုတ်ကျသေဆုံးမှုတွင် တာဝန်ပေါ့လျော့မှု အတွက် ၀န်ထမ်း ၅ ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းများအရ ရာထူးချ၊ နယ်ပြောင်းပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း နေပြည်တော် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး


ဝန်ကြီးသစ်များ မကြာသေးခင်က ခန့်အပ်ရာမှာ ဒေါ်မြတ်မြတ်အုန်းခင်လည်း ပါဝင်လာပါတယ်။
ဒါကြောင့် သူဟာ မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီး ဖြစ်လာပါတယ်။

သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ အများကြီး မတွေ့ရသေးပါဘူး။

ဒေါက်တာမြတ်မြတ်အုန်းခင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်တာ အနိုင်ရခဲ့ပါတယ်။
သူဟာ ၀ါရင့်ပါတီဝင်လား၊ ဒါမှမဟုတ် ၂၀၁၀ ရောက်မှ ပါတီက သူ့ကို ချည်းကပ်တာလား ဆိုတာ မသိရသေးပါ။
သူဝင်ပြိုင်တဲ့ နယ်မြေက ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ်- ၁၀ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲမြို့တွေ ပါဝင်ပါတယ်။

ပါကစ္စတန် စက်ရုံမီးလောင်မှု လူ ၃၀၀ နီးပါးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့စက်ရုံမီးလောင်မှုမြင်ကွင်း။
ပါကစ္စတန်နိုင်ငံမှာ စက်ရုံနှစ်ခု မီးလောင်တာကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးသွားခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုနှစ်ခုထဲက တခုကတော့ နိုင်ငံတောင်ပိုင်းက ကရာချိ ဆိပ်ကမ်းမြို့ကြီးက အထည်စက်ရုံတခုမှာ မီးလောင်ပျက်စီးသွားတာဖြစ်ပြီး လူပေါင်း အနည်းဆုံး ၂၃၆ ဦး သေဆုံးသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာတော့ သေဆုံးခဲ့တဲ့အလောင်းတွေကို မဲတူးခြစ်နေတဲ့ အဆောက်အဦးထဲ ကနေ အရာရှိတွေ အနေနဲ့ တနေ့လုံး ဆွဲထုတ်ခဲ့ပြီးတဲ့နောက် သေဆုံးသူ အရေအတွက် တိုးလာခဲ့ တာ ဖြစ်ပါတယ်။ သေဆုံးသူ အများအပြားကို စက်ရုံရဲ့ မြေအောက်ခန်းထဲမှာ တွေ့ခဲ့ကြရတာပါ။ ဒီစက်ရုံမှာ အရေးပေါ်ထွက်ပေါက်မရှိဘူးလို့ ရဲတွေကဆိုပါတယ်။

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်

သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်တို့ အမေရိကန်သံအမတ် သေဆုံးရမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း ကြေညာစဉ်။ (၀၉-၁၂-၁၂)
အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ကောင်စစ်ဝန်ရုံးကို အင်္ဂါနေ့နှောင်းပိုင်းက လူစုလူဝေးနဲ့ ၀င်ရောက် စီးနင်းမှုတွေမှာ ဒုံးကျည်ရော့ကက်တွေ ကိုင်ဆောင်ထားသူတွေနဲ့အတူ လက်နက်ကိုင်တွေနဲ့ ပူးပေါင်း စီစဉ် ထားပုံရတယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၁၁ နှစ်ပြည့်အချိန်နဲ့ တိုက်ဆိုင်ပြီး တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ကတော့ စောသေးတယ်လို့လည်း ပြောခဲ့ကြတာပါ။

လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ်ကြီးနဲ့သံဝန်ထမ်း ၃ ဦး သေဆုံး

ဘန်ဂါဇီမြို့ရှိ မီးလောင်နေသည့် အမေရိကန် သံရုံး နောက်ခံနှင့် ဆန္ဒပြသူတဦး။ ပုံ၏ ယာအပေါ်ထောင့်တွင်တွေ့ရသည်မှာ သေဆုံးသွားသည့် အမေရိကန်သံအမတ်ပုံဖြစ်ပါသည်။ 
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက အတင်း ၀င်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦးတို့ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ်ကို လှောင်ပြောင်ထားတယ်ဆိုတာအပေါ် ဒေါသထွက်သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေအပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အစ္စလာမ်ဝါဒီတွေရဲ့ တမန်တော်မိုဟမ်မက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုဇာတ်လမ်းတိုတခုကို ကန့်ကွက်တဲ့အနေ နဲ့ ဆန္ဒပြလူအုပ်ကြီးက လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို အတင်းဝင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် သံအမတ်ကြီးနဲ့သံရုံးဝန်ထမ်းတွေ သေဆုံးခဲ့ကြရတာပါ။ ဆန္ဒပြလူအုပ်က များလွန်းတာကြောင့် သံရုံးဝင်းကို စောင့်ကျပ်နေတဲ့ လစ်ဗျားလုံခြုံရေးတပ်ဖွဲ့တွေ မထိန်းနိုင်ဘဲဖြစ်ခဲ့ရပါတယ်။ တိုက်ခိုက်သူတွေဟာ သံရုံးထဲက ပစ္စည်းတွေကို လုယူကြပြီးတဲ့ နောက် အဆောက်အဦးကို မီးတင်ရှို့ခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis