ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။
ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။
ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။
























![ဗြိတိန်တွင် နှစ်နှစ်အတွင်း မောင်းသူမဲ့ဘက်ထရီကားများ အသုံးပြုနိုင်မည်
**************************************
[ အင်္ဂလန် ၊ အောက်တိုဘာ ၂၈ ၊ Ref- Daily Mirror ]
GPS နည်းပညာကို နှစ် ယောက်စီး အသေးစားမော် တော်ယာဉ် ( Pod )များတွင် တပ်ဆင်အသုံးပြုနိုင်တော့မည် ဖြစ်ပြီး ၂၀၁၅ တွင် မောင်းသူမဲ့ GPS စနစ်သုံးဆင်ဆာစနစ် Pod ကားငယ်များကို ကားလမ်းမ များပေါ်တွင် မြင်တွေ့နိုင်တော့ မည်ဟု သိရသည်။မောင်းသူမဲ့အဆိုပါ Pod ယာဉ်ငယ်များသည် အမြန်နှုန်း (12 mph) ဖြင့် မောင်းနှင်နိုင် ပြီး မျက်ကွယ် အရာဝတ္ထုများကို အလိုအလျောက် ရှောင်ရှားနိုင် မည်ဟု သိရသည်။
စီးပွားရေး ဝန်ကြီး ဗင့်ကေဘယ်က ၂၀၁၅ ခုနှစ်တွင် Pod ယာဉ်ငယ်များ ၏ အရေအတွက်မှာ လေးဘီလီ ယံ (လေးဆ)ခန့်အထိ ဈေးကွက် အတွင်း ရောက်ရှိရန် မျှော်မှန်း ထားသည်ဟု ဆိုသည်။ မောင်း သူမဲ့ကားများကို လွန်ခဲ့သောနှစ် က ကယ်လီဖိုးနီးယားတွင် ဂူဂဲလ် မှ မိတ်ဆက်ပြသခဲ့ပြီးဖြစ်ကာ အ မေရိကတွင် မိုင်ပေါင်း ၄၀၀၀၀၀ ခန့်ကို ထိခိုက်မှုတစ်စုံတစ်ရာမ ဖြစ်ပွားဘဲ မောင်းနှင်ခဲ့ကြပြီး ဖြစ်သည်ဟု သိရသည်။
မစ္စတာဗင့်ဘေကယ်က အဆိုပါမောင်းသူမဲ့ကားများ သည် ခေတ်သစ်နည်းပညာမျိုး ဆက်မော်တော်ယာဉ်များ၏ မျိုးဆက်သစ်ဖြစ်လာမည်ဖြစ် ပြီး ဗြိတိန်နိုင်ငံ၏ ဂုဏ်သတင်း ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ယာဉ် အန္တရာယ်ဖြစ်ပွားမှုတို့ကိုပါ လျှော့ ချပစ်နိုင်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါ Pod ကားငယ် များမှာ ဘက်ထရီစနစ်သုံးယာဉ် ငယ်များဖြစ်သည်။
Yangon Media Group.](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/s403x403/1378446_534162776672576_1465027544_n.jpg)

![ဩစတြေးလျမြောက်ပိုင်းတွင် ရှားပါးတိရစ္ဆာန်သုံးမျိုးတွေ့ရှိ
[ ဆစ်ဒနီ ၊ အောက်တိုဘာ ၂၈ ၊ Ref-AFP ]
ဩစတြေးလျနိုင်ငံမြောက် ပိုင်းCape York ကျွန်းဆွယ်ပေါ် ရှိ တောင်ထူထပ်သောCape Melville တွင် ရှားပါးသောကျော ရိုးရှိ သတ္တဝါသုံးမျိုးအား သိပ္ပံ ပညာရှင်James Cook နှင့် National Geographic မှ ဓာတ် ပုံသမားအဖွဲ့တို့က ယခုနှစ် စော စောပိုင်းက တွေ့ရှိခဲ့ကြကြောင်း၊ ထိုနေရာဒေသအား ပျောက်ဆုံး နေသောကမ္ဘာဟု အမည်ပေးခဲ့ ကြောင်း သိရသည်။
သစ်ရွက်ပုံအမြီးရှိသော တောက်တဲ့၊ ရွှေရောင်သမ်းသော တွားသွားသတ္တဝါစားသည့် ကင်း လိပ်တစ်မျိုးနှင့် ကျောက်တုံးကြီး များအနီးနေသော အဝါရောင်ဖား တို့သည် မျိုးစိတ်သစ်များဖြစ်ပြီး ထိုဒေသတွင် ဂရင်းနိုက်ကျောက် တုံးကြီး သန်းပေါင်းများစွာရှိနေ ကြောင်းလည်း သိရသည်။
အရှည်ခုနစ်လက်မကျော် ရှိသော သစ်ရွက်ပုံအမြီးနှင့် တောက်တဲ့သည် ဩစတြေးလျ တိုက်တွင် မိုးသစ်တောများ ပျံ့ နှံ့စဉ်ကာလက ရှိခဲ့သောသတ္တဝါ မျိုးဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်ဖြစ်သည်။ ''ယခုကဲ့သို့ ထူးဆန်းသတ္တဝါများရှိနေသော နေရာများ၊ မစူးစမ်းမရှာဖွေခဲ့ သော နေရာများ ကျန်ရှိနေမှုကို အံ့ဩမိတယ်''ဟု သုတေသီ Tim Laman က ပြောသည်။ထိုသတ္တဝါများ နှစ်သန်း ပေါင်းများစွာပျောက်ကွယ်ခဲ့ခြင်း မရှိဘဲ ရှင်သန်နေခြင်းသည် မယုံ ကြည်နိုင်စရာကောင်းကြောင်း၊ အံ့ဖွယ်သူရဲဖြစ်ကြောင်း James Cook တက္ကသိုလ်မှ Conrad Hoskin က ထုတ်ဖော်ပြောသည်။](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-frc3/p320x320/797_669775793041344_373463603_n.jpg)










