| သင်္ကြန် လက်ဆောင် သင်္ကြန်တော် ခါတန်ခူးမို့ တိမ်ဦးက သံဝါ၀ါ မိုးဖြောက်ဖြောက်ရွာ။ ကိုယ်တို့ဆီမှာ၊ ရွာပါစ မေး။ မရွာလျင် ရွှေလွန်ပွဲကို နွှဲလိုက်ပါလေး။ ငွေမိုးရေ ချိုချိုသောက်လို့ ပိတောက်က ပင်ပေါ်မှာ ၀င်းထိန်လို့ဝါ။ ကိုယ်တို့ဆီမှာ၊ ၀ါပါစ မေး။ မ၀ါလျင် ရွှေတွေပိန်းအောင် လိမ်းလိုက်ပါလေး။ ပိတောက်တွေ ရွှေဝါလူးတော့ ရွာဦးက ညံစာစာ မောင်းဗုံကသာ။ ကိုယ်တို့ဆီမှာ၊ သာပါစ မေး။ မသာလျင် ဗုံသမားကို အားကူပါ့လေး။ ငွေမိုးရေ ချိုချိုသောက်လို့ ပိတောက်က ရွှေမျက်နှာ မောင်းဗုံကသာ။ ကိုယ်တို့ဆီမှာ၊ မာပါစ မေး။ မောင်မာအောင် စေတီဦးက မယ်မာအောင် စေတီဦးက နှစ်ကူးချိန် တာရေသွန်း လွမ်းပါ့မယ်လေး။ ။ ဇော်ဂျီ |
အယုဒ္ဓပြည်နယ် ရေသဘင်ပွဲတော်တွင် ကမ္ဘာ့လှည့်ခရီးသွားများကို ဆင်များက ရေပက်ဖျန်းနေစဉ်
|



ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက အကယ်ဒမီပြေတီဦးပင်
ဖြစ်သည်။ ယခင် စာချုပ်ထားသည့် ထုတ်လုပ်ရေးများအတွက် သာမက
အသစ်စာချုပ်ထားသည့် ထုတ်လုပ်ရေးများ အတွက်ပါ ဇာတ်ကားများ
ဆက်တိုက်ရိုက်ကူးနေသူ ပြေတီဦးက ရုပ်ရှင်လောကသားများ
အားလုံးရင်ဆိုင်နေရသည့် ဈေးကွက်ကျဆင်းမှု ပြဿနာအပေါ် အဖြေရှာနိုင်ရန်
ကြိုးပမ်းနေသည့် မင်းသားများအနက် တစ်ဦးဖြစ်သည်။ ကြုံတွေ့ရလျက်ရှိသည့်
ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်အပေါ် အမြင်၊ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်အပေါ်
သဘောထားနှင့် ရှေ့ဆက်မည့် အနုပညာခရီးစဉ်အချို့အား မေးမြန်းဖြစ်ခဲ့ရာ . . .
လွှတ်တော်
အတွင်း၌ ညစ်ညမ်း ဓါတ်ပုံကို Plasma ဖန်သားပြင်ပေါ်တွင် ပြသ ခဲ့ခြင်းနှင့်
ပတ်သက်၍ CAT Telecom နှင့် ပါလီမန် အိမ်တော် IT ကျွှမ်းကျင် ပညာရှင်များ
အဖွဲ့မှ ယမာန်နေ့က စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ
ညစ်ညမ်း ဓါတ်ပုံသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့၌ လွှတ်တော်
ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ငါးစက္ကန့်ခန့်
ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။