menu

Saturday 13 October 2012

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားတွင် လူမှုရေး၊ ရုပ်ရှင်လောကအရေးများ ဆောင်ရွက်ခဲ့သူများကို ဆုများချီးမြှင့်ပေးအပ်





thn-10-13-2
မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ညနေ ၆နာရီတွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးနယ်ပယ်မှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ရုပ်ရှင်လောကသားများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပထမဦးစွာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ရုပ် ရှင်လောကသားများအတွက် ပေးပို့သည့်သ၀ဏ်လွှာကိုဖတ်ကြားပြီးနောက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်လောကသားများထဲမှ လူမှုရေးနှင့်ရုပ်ရှင်လောကအရေး များအတွက် ဆောင်ရွက်ခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ တစ်သက်တာရုပ်ရှင်ဆုအတွက် ရုပ်ရှင်ဒါရိုက်တာဦးတင်ယုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးပိုက်ထွေးက ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦးအကြောင်း တစေ့တစောင်း

ဦးတေဇ
 
ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပဆက်ဆံ ရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော် သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက်ဖြစ်ပါသလဲ။

မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင် ရှိနေ၏။ ထိုအရပ်တွင်တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။

သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီးယမန်နေ့ည၌ကျင်းပခဲ့သော ရော့ခ်ရှိုးပွဲတခုမှတေးသံများကလည်း သူ၏နားထဲတွင်ကြားယောင်နေဆဲဖြစ်သည်။ ရဟတ်ယာဉ်သည် တဖြည်းဖြည်းနှင့် အမြင့်ပေ (၁၅၀၀၀) ခန့်ရောက်လာသောအခါ မညီမညာဖြစ်နေသော ရေကန်၏မျက်နှာပြင်ကို သူ့စိတ်ကြိုက်ဓါတ်ပုံများရိုက်ယူခဲ့သည်။
ကံမကောင်းလှစွာပင် ထိုမှမိနစ်ပိုင်းအတွင်းတွင် ရဟတ်ယာဉ်ပိုင်းလော့မှ ရဟတ်ယာဉ်အားဝေဟင်တွင်ဆက်လက်ထိန်းမထားနိုင်တော့ပဲ တောင်ပေါ်တနေရာသို့ပျက်ကျသည့်အနေအထားနှင့်ဆင်းသက်မှု (Crash-landing) ပြုခဲ့ရသည်။

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း(မောင်သာချို)


ရန်ကုန်မြို့ အခြေစိုက်တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေပါမောက္ခဘဝဖြင့် အငြိမ်းစား ယူသွားပြီး ဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည် ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင် ကားဆရာက "တိုက်စစ်" အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။ "တိုက်စစ်" တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင်ပညာရေးလောကနှင့် တိုက်စစ်ဘာဆိုင်လို့တုန်းဟု ဆန္ဒစောသူ တို့က မေးနိုင်ပါသည်။ ရေလည်အောင်ရှင်းပြပါရစေဦး။

စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည် စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက "တိုက်စစ်"။

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာအား အကယ်ဒမီ လူမင်းမှ ဖတ်ကြား

Photo: မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာအား အကယ်ဒမီ လူမင်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာတွင် "ရုပ်ရှင်ဆိုတဲ့ စကား စုရဲ့ အဓိပ္ပယ်က ရှင်းရှင်းလေး ဘဲ ရှင်သန်လှုပ်ရှားနေတဲ့ ရုပ်ပုံလွှာဘဲ ။ ရုပ်ရှင်ကို ရုပ်သေ နဲ့ နှိုင်းပြီး စဉ်းစား လိုက်ရင် ရုပ်ရှင် အနုပညာရှင်များ ရဲ့ အရေးပါမှု ကို နားလည် လာစေနိုင်ပါ တယ်။ ရုပ်သေရဲ့ ဆွဲဆောင်မှုထက် ရုပ်ရှင်ရဲ့ ဆွဲဆောင် မှု၊ ဆွဲဆောင်မှု ရှိစေတာက ပိတ်ကား၊ ဖန်သားပေါ်မှာ ထင်လာစေတဲ့ လှုပ်ရှားမှုတွေပါ။ ပရိသတ်ရဲ့ ဦးနှောက်နဲ့ နှလုံးသားကိုပါ လှုပ်ရှားနေသလိုပါဘဲ ဒါကြောင့် ရုပ်ရှင် အနုပညာရှင်များက မိမိရဲ့ အနုပညာ ကို မှန်မှန်ကန်ကန် အသုံး ချဖို့ လိုအပ်ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့ မှာ ရုပ်ရှင်လောက သားများ လောက ကြီး အကျိုးဆထက်ပိုး သယ်ပိုးနိုင် ပါကြောင်း ဆုတောင်မေတ္တာ ပို့ သလိုက်ပါတယ်။" ဟု အကယ်ဒမီ လူမင်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း-- Popular Myanmar News Journal & ခွန် ဒီးယမ်
Post By : အေးချမ်းမွန်
မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာအား အကယ်ဒမီ လူမင်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာတွင် "ရုပ်ရှင်ဆိုတဲ့ စကာ
း စုရဲ့ အဓိပ္ပယ်က ရှင်းရှင်းလေး ဘဲ ရှင်သန်လှုပ်ရှားနေတဲ့ ရုပ်ပုံလွှာဘဲ ။ ရုပ်ရှင်ကို ရုပ်သေ နဲ့ နှိုင်းပြီး စဉ်းစား လိုက်ရင် ရုပ်ရှင် အနုပညာရှင်များ ရဲ့ အရေးပါမှု ကို နားလည် လာစေနိုင်ပါ တယ်။

ရခိုင်ပြည် ပြန်လည်ထူထောင်ရေး နှောင့်နှေးဆဲ

Photo: ရခိုင်ပြည် ပြန်လည်ထူထောင်ရေး နှောင့်နှေးဆဲ

ကျော်ခ| October 13, 2012 | 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ပြီးဆုံးမှု ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်တည်ထောင်ရေး ကိစ္စများ ကြန့်ကြာနေသဖြင့် ဒေသခံများအနေဖြင့် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ထိခိုက်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်မှု ပဋိပက္ခများအကြားတွင် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အိုးအိမ်များနှင့် ဘင်္ဂါလီ လူမျိုးများ၏ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြန်လည် တည်ဆောက်ပေးမှု နှောင့်နှေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်မှု မရှိသေးခြင်းနှင့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး ယုံကြည်မှု တည်ဆောက် မပေးနိုင်ခြင်းတို့အတွက် အခက်ကြုံနေရသည်ဟု သိရသည်။

“တဖက်နဲ့ တဖက် ယုံကြည်မှု မရမချင်း ကလေးတွေ ကျောင်းသွားဖို့ကိစ္စတွေက မဖြစ်နိုင်သေးဘူး။ အစိုးရကလည်း ဒီဟာကို ကျောင်းတက်လို့ရအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ ဘာမှ မသိရဘူး။ အိမ်တွေ ပြန်မဆောက်ပေးသေးတော့၊ ဒုက္ခသည်တွေက အိမ်ကိုပြန်မလာနိုင်သေးတော့ ဈေးဆိုင်တွေလည်း ပြန်မဖွင့်နိုင်သေးဘူးပေါ့” ဟု မောင်တောမြို့ခံ ဦးအာလူစိန်က ဧရာဝတီသို့ ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၌ အဆောက်အအုံ ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက်စီးသွားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများအကြား ဆုံးရှုံးသွားသောအိမ်များကို အစားထိုးပြန်ဆောက်ပေးရန် အစိုးရက ကတိပြုထားသော်လည်း အိမ်ခြေ ၈၀၀ ခန့် ဆောက်လုပ်ပေးရန် ရှိသည့် မောင်တောမြို့ ရွှေရင်အေးနှင့် ခရေမြိုင်ကျေးရွာတို့တွင် ကျပ် ၁၈ သိန်းမှ ၂၃ သိန်းအကြား တန်သည့် အိမ်အလုံး ၁၀၀ ခန့်သာ ဆောက်လုပ် ပေးနိုင်သေးကြောင်း မျက်မြင်များက ပြောသည်။

ပြည်နယ်အစိုးရ တာဝန်ရှိသူ တဦးက “နေအိမ်ပြန်လည် တည်ဆောက်ရေးကိစ္စတွေက နယ်စပ်ရေးရာကကိုင်တာ။ ဘယ်သူတွေနဲ့ ဘယ်လိုဆောက်မှာ၊ ဘယ်တော့ဆိုတာတွေ ပွင့်ပွင့်လင်းလင်း သိရတာမဟုတ်ဘူး။ အခုဆောက်ထားတဲ့ အိမ်လေးတွေတောင် သေးလွန်းလို့လား မသိဘူး၊ ဟိုတလောက တူရကီက အဖွဲ့တွေလာသွားတုန်းက မေးသွားတယ်။ ဒီဟာက ယာယီတဲ ဆောက်ပေးထားတာလားတဲ့၊ ဒါတွေက ထပ်ရှင်းရဦးမယ်ထင်တယ်” ဟု ပြောသည်။

အစိုးရက ကျောင်းများ ပြန်ဖွင့်ပေးထားသော်လည်း ဒေသတွင်းတွင် တဖက်နှင့်တဖက် ယုံကြည်မှု မရရှိနိုင်ကြသေးသည့်အတွက် ကျောင်းပညာရေးများ နှောင့်နှေးကြန့်ကြာနေကြောင်း၊ ထို့အတူ ကုန်သွယ်စီးပွားရေး လုပ်ငန်းများမှာလည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“စီးပွားရေးပိုင်းက တချို့လက်လုပ်လက်စားတွေက ဒုက္ခသည်စခန်းထဲမှာလည်း ရိက္ခာရနေတော့ သိပ်ပြဿနာမရှိဘူး၊ တကယ့် စီးပွားရေး လုပ်နေတဲ့လူတွေမှာကျတော့ သူတို့ဟာတွေက မီးထဲပါသွားတော့ အကုန်လုံး ဆုံးရှုံးသွားတဲ့ အပိုင်းကဏ္ဍမှာဆိုရင် အစကနေပြန်ပြီး တည်ဆောက်ရမှာဆိုတော့ အဲဒီလူတွေအတွက်က အရမ်းကို ဒုက္ခရောက်ကြတာပေါ့” ဟု ဦးအောင်မြကျော်က ဧရာဝတီသို့ ပြောသည်။

စစ်တွေမြို့တွင် အကြမ်းဖက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အတွက် ဒုက္ခသည်များအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အခက်ရှိနေကြောင်း သူက ဆက်ပြောသည်။

အစိုးရဘက်တွင်းလည်း ပြန်လည်တည်ထောင်ရေး ကိစ္စရပ်များတွက် ငွေကြေးအခက်ခဲ ကြုံတွေ့နေကြောင်း ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းပေးထားသော ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။

“ထောပံ့တဲ့ငွေကြေးကလည်း တဖြည်းဖြည်း နည်းလာတာလည်းပါတယ်။ အစတုန်းကလောက်တော့ မရှိတော့ဘူးပေါ့၊ အဓိက ကတော့ ငွေကြေးရှိမှပဲ ဖြစ်မှာကိုး” ဟု ဦးဝင်းမြိုင်က ဆိုသည်။

ထို့အပြင် အစိုးရအနေဖြင့် လက်လှမ်းမမီသည့် နေရာများတွင်ရှိနေသော ဒုက္ခသည်များမှာ စားဝတ်နေရေး ကူညီရရှိနိုင်ရန် အခက်ခဲတွေ့နေကြောင်း၊ အဆိုပါ ဒုက္ခသည်များထံသို့လည်း အရောက်ပို့ပေးနိုင်ရန် ကြိုးစားနေကြောင်း သူကဆက်ပြောသည်။

ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းကမူ “ပြန်လည်တည်ထောင်ရေးနဲ့ တည်ဆောက်ရေးကိစ္စတွေမှာ စုံစမ်းရေး ကော်မရှင် ရှိတယ်ဗျ။ ဒီကော်မရှင်ရဲ့ အဖြေတွေက ထွက်လာဦးမှာ။ အဲဒီအခါကျမှ နိုင်ငံတော်က ဒီလိုလုပ်ပါဆိုတဲ့ Road Map တခုတော့ ထွက်လာလိမ့်မယ်။ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ သဘောထားတခုတည်းနဲ့ လုပ်လို့မရဘူး။ ဒီမှာဖြစ်နေတဲ့ နှစ်ဖက်လုံးအခြေအနေကို အဝေးကလူတွေက မသိနိုင်ဘူး၊ ဒီမှာလက်တွေ့လုပ်ရတဲ့ လူတွေမှာ တော်တော်ခက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော မောင်တောမြို့နှင့် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်တို့တွင် ည ၇ နာရီမှ နံနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အစိုးရက လျှော့ချပေးလိုက်သော်လည်း နှစ်ဖက် ယုံကြည်မှု နည်းနေသေးသဖြင့် ကူးသန်းသွားလာရေးမှာလည်း ခက်ခဲနေဆဲဟု ဆိုသည်။

“အမျိုးသမီးတွေ ကလေးမွေးလို့၊ တယောက်ယောက် ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားချင်တာတို့၊ ဈေးသွားဝယ်ချင်တာတို့ ဆိုရင် သူတို့နားကနေ ဖြတ်မသွားရဲဘူး။ ဟိုတုန်းက ဒီကောင်ပါတယ်ဆိုပြီး ဝိုင်းရိုက်ရင် ခံရမှာ။ သူတို့လည်း အဲလိုပဲ၊ ကျနော်တို့ဘက်ကို လာလို့မရဲကြဘူး” ဟု ဦးအာလူစိန်က ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအပြီး စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

မူရင်းသတင်း-- ဧရာဝတီသတင်း
Post By : အေးချမ်းမွန်
ရခိုင်ပြည်နယ် ပဋိပက္ခအပြီး စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ပြီးဆုံးမှု ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်တည်ထောင်ရေး ကိစ္စများ ကြန့်ကြာနေသဖြင့် ဒေသခံများအနေဖြင့် ပညာရေ
း၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ထိခိုက်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက်မှု ပဋိပက္ခများအကြားတွင် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အိုးအိမ်များနှင့် ဘင်္ဂါလီ လူမျိုးများ၏ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြန်လည် တည်ဆောက်ပေးမှု နှောင့်နှေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်မှု မရှိသေးခြင်းနှင့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး ယုံကြည်မှု တည်ဆောက် မပေးနိုင်ခြင်းတို့အတွက် အခက်ကြုံနေရသည်ဟု သိရသည်။

အတုမြင် အတတ်သင်....


ဖေ့စ်ဘွတ်ခ်ရှယ်ယာဈေး ကျသွားပြီးတဲ့နောက် မိုဘိုင်းပစ္စည်းတွေ အတွက်ပဲ ဦးစားပေး ၀န်ဆောင်မှုပေးတော့မယ့် ဇူကာဘတ်


လူမှုကွန်ရက်ဝန်ဆောင်မှု ထိပ်သီး ကုမ္ပဏီကြီး ဖေ့စ်ဘွတ်ခ်ဟာ မိုဘိုင်း ပစ္စည်းတွေအတွက်ပဲ
အဓိက အာရုံ စူးစိုက် ဆောင်ရွက်တော့မှာဖြစ်ပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးတွေ စိတ်ပျက်
စရာ ကောင်းလောက်အောင် ကျဆင်းနေပေမယ့် သူ့ရဲ့ကုမ္ပဏီဟာ စွန့်စားရတန်တဲ့ ကုမ္ပဏီ
တစ်ခုအဖြစ် မြင်ပေးဖို့ ဖေ့စ်ဘွတ်ခ် တည်ထောင် သူ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။
"လက်ရှိ ကာလမှာ သုံးစွဲသူတွေဟာ ဒက်စတော့ ကွန်ပျူတာတွေထက် မိုဘိုင်းပစ္စည်းတွေကို
ပဲ ပိုပြီးအသုံးပြု လာကြတယ်ဆိုတဲ့ ကျွန်တော့ကိုယ်ပိုင် အသိတွေကတော့ လုံးဝကိုသေချာပါ
တယ်" လို့ ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ TechCrunch Disrupt ညီလာခံမှာ ဇူကာဘတ်ကို
တွေ့ဆုံမေးမြန်းခဲ့စဉ် ပြောကြားခဲ့ပါတယ်။

ခါတော်မီသင်တန်း(မာဂျေ)

မရောက်တာလည်းကြာ၊ သတင်းလည်း ဘာမှမကြားရဖြစ်နေတဲ့ တပည့်ကျော် မောင်ကြွက်နီရဲ့
အဆောင်ကိုလိုက်သွား မိတယ်။ ဟုတ်တယ်လေ၊ တစ်ယောက်တည်းနေတဲ့ လူပျိုကြီးဆိုတော့
ပုပ်စော် နံမှ ဘေးအခန်းက တံခါးဖျက်ဝင်ကြည့် ရတယ်ဆိုရင် လူကြားမကောင်း သူကြား
မကောင်းဖြစ်ဦးမယ်။
ဒါပေသိဗျာ သူ့အခန်းရောက်တော့ ဒီလောက်ကျဉ်း ကျပ်တဲ့အခန်းထဲမှာ လူတွေကအပြည့်။
ထင်တဲ့အတိုင်းများဖြစ်နေပြီလားဆိုပြီးသူ့အခန်းဝအရောက်-
(ကြွက်) အားလုံးညီညီညာညာဆိုကြ နော်၊ ဒီကိစ္စဟာလုံးဝပွင့်လင်းမြင်သာမှု မရှိဘူး၊ ပွင့်လင်း
မြင်သာဖို့လိုတယ် (ပရိသတ်များ) ဒီကိစ္စဟာ လုံးဝပွင့်လင်း မြင်သာမှုမရှိဘူး။ ပွင့်လင်းမြင်သာဖို့လို
တယ်။

ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် နှင့်တွေ့ဆုံခြင်း

"ကမ္ဘောဇဘဏ် ကောလာဟလက ဘဏ်အချင်းချင်းလုပ်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး"

ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်။ ရတနာ / မြန်မာတိုင်း(မ်)ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်။ ရတနာ / မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အောက်တွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိသည့်အနက် ဈေးကွက်ရှယ်ယာ
သုံးပုံတစ်ပုံ ရရှိထားသည်ဆိုသည့် ကမ္ဘောဇဘဏ် သည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း က ဘဏ်ဒေ၀ါလီခံတော့မည်ဟူသော ကောလာဟလများပေါ်ထွက်ခဲ့သဖြင့် ဘဏ်ခွဲများတွင် ငွေအပ်နှံ
သူများက ငွေများ တစ်ပြိုင်နက်လာရောက်ထုတ်ယူမှုဖြစ်ပေါ်ခဲ့သည့်အပေါ်တွင် သတင်းစာရှင်း
လင်းပွဲ ပြုလုပ်ကာ မဟုတ်မှန် ကြောင်း ဖြေရှင်းခဲ့ရသည်။
အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်ကို မြန်မာတိုင်း(မ်)က
အောက်တိုဘာလ ၆ ရက်နေ့တွင် တွေ့ဆုံမေးမြန်းခဲ့သည်။

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း


Photo: ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း

ထွန်းထွန်း

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအားနယ်စပ်မျဉ်း အဖြစ် ခြားထားသည့်
နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀(တာကာ ၁၀ သိန်းတန်ဖိုး) ရှိ အရက်နှင့်
ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။

ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့
ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ၏
ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။fil.acm

ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ၂၄၆၀လုံး၊ ဒရိုင်းဂျင် ၁၀၇လုံး၊မြန်မာ့ရမ် ၇၂လုံး တို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြောင်း
သတင်းတွင် ဖေါ်ပြသည်။မူးယစ်ဖေါက်ကား ရောင်းဝယ် သူများမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၂ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံနယ်စပ်အကြားမှဖမ်းဆီးရ မိသော မူးယစ်ဆေးဝါး တာကာ ၃၅သိန်းတန်ဖိုးကို ဘီဂျီဘီအမှတ် (၄၂)တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ အကြား နယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးပြီး အကြိမ်ကြိမ် သဘောတူညီမူ ရရှိခဲ့သော်လည်းမူးယစ်ဆေးဝါး လုပ်ငန်းမှာ နယ်စပ်တွင် ပိုပြီး တွင်ကျယ် လာသဖြင့် နှစ်ဘက်နိုင်ငံမှနယ်စပ် အာဏာပိုင်များ အပေါ် အများက သံသယ ဖြစ်နေမူများရှိနေကြောင်း သိရှိရသည်။


မူရင်းသတင်း-- နိရဉ္စရာ သတင်း
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအားနယ်စပ်မျဉ်း အဖြစ် ခြားထားသည့်
နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀(တာကာ ၁၀ သိန်းတန်ဖိုး) ရှိ အရက်နှင့်
ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။

ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့
ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ၏
ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။fil.acm

ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြောကြား

Photo: ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြောကြား


မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ်တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာအချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အမှုအား တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေအပါအ၀င် အောင်ပန်းမြို့ခံအချို့၊ ဆရာတော်ဦးဥတ္တမနှင့် ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် ဆရာတော် သံဃာတော်များ၊ ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမ၏ တပည့်သာဝကအချို့မှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဥတ္တမအား ပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်သည့် သတင်းမှာ မှန်ကန်သော်လည်း ထိုပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက် စာအမှတ် ၁၉၁(၀ိ-ထွေ)-၁၃/၂/ ၀ိ-မဟန ဖြင့် ဆရာတော်ဦးဥတ္တမသည် မိုးပြာဂိုဏ်းဝင်မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းအပေါ် တရားရုံးမှ အမှုစီရင်ခြင်းဖြစ်ကြောင်း၊ သာသနာညိုးနွမ်းအဖြစ် ဆရားတော်ဦးဥတ္တမ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်မှ စကားလုံးတချို့သည် သာသနာပျက်စီးအောင်လုပ်ခြင်းဟု ဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ့သူ တရားလိုရှေ့နေ ဦးကျော်ဌေးက ပြောကြားသည်။

အဆိုပါ အမှုအား တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း-- Popular Myanmar News Journal
Post By : အေးချမ်းမွန်
မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြ
စ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ်တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာအချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

ကရင်တိုင်းရင်းသားများကျင်းပသည့် စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးပွဲတွင် အချက်(၃)ချက်ပါ ဆုံးဖြတ်ချက် ချမှတ်

Photo: ကရင်တိုင်းရင်းသားများကျင်းပသည့် စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးပွဲတွင် အချက်(၃)ချက်ပါ ဆုံးဖြတ်ချက် ချမှတ်    
  
Saturday, 13 October 2012 16:48  
 
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊သာယာကုန်း (၂)လမ်း၊ခြံအမှတ်(၄)၌ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီး၊နယ်ပယ်အသီးသီးမှ ကရင်တိုင်းရင်းသားများက စုပေါင်းကျင်းပ သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားများတွေ့ဆုံဆွေးနွေးပွဲတွင် (၁) နိုင်ငံတော်မှ ပြုလုပ်သောငြိမ်းချမ်းရေးအစီအစဉ်ကို  ထောက်ခံသည်။ (၂) ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင်ဆောင်ရွက်ရန် မေတ္တာရပ်ခံတိုက်တွန်းသည်။(၃) ကရင်ပြည်သူတစ်ရပ်လုံး ဘ၀မြင့်မားတိုးတက်ရန် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားမည်။ ဟူသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။                ဆွေးနွေးပွဲရလဒ်ဆုံးဖြတ်ချက်များကို တက်ရောက်လာသူများက မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အတည်ပြုကြေငြာခဲ့ခြင်းဖစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ပါမောက္ခ ဦးစောထွန်း အောင်ချိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်၊KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီး စောဖောဒို တို့အပါအ၀င်၊ကရင်ပါတီများမှ တာဝန်ရှိသူများ၊ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊တနင်္သာရီစသည့် တိုင်းဒေသကြီးများနှင့် မွန်၊ကရင်စသည့် ပြည်နယ်များမှ သက်ကြီးကရင်တိုင်းရင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။                

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကျွန်တော်တို့ ဒီနေ့ ငြိမ်းရေးလုပ်ဆောင်မှုတွေကို ထောက်ခံတာမှန်ပါတယ်။ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော်ဖြတ်သန်းခဲ့ရတဲ့ကိစ္စကြီးကို ချက်ချင်းဖြေရှင်းနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။မြန်မြန်ဖြေရှင်းရမယ့်အကြောင်းအရာတွေရှိသလို ဖြေးဖြေးမှန်မှန်ဖြေရှင်း ရမယ့်အပိုင်းတွေလည်း ရှိပါတယ်။အရေးအကြီးဆုံးက ပြည်သူလူထုက ၀ိုင်းဝန်းထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။ဒါဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ''ဟုပြောကြားခဲ့ပါသည်။

KNU ဆက်ဆံရေးအရာရှိ ဒုဗိုလ်မှူးကြီးစောဖောဒိုက''ငြိမ်းချမ်းရေးရရှိဖို့ ကျွန်တော်တို့အားလုံး ချီတက်တဲ့အချိန်မှာ အထစ်အငေါ့လေးတွေ အခက်အခဲလေးတွေ အနည်းအကျဉ်းဖြစ်သွားခဲ့တဲ့အပေါ်မှာ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ တကယ်ကို ခံစားရမယ်ဆိုတာ ယုံကြည်ပါတယ်။လက်ရှိအချိန်မှာတော့ အခြေအနေတွေ ၈၀ရာခိုင်နှုန်းပြန်ကောင်းပြီလို့ ပြောလို့ရပါတယ်။ကျွန်တော့်တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဂျော်နီက ပြောပါတယ်။ပြီးခဲ့တဲ့အခြေအနေတွေပေါ်မှာ မသင့်မြတ်မှုတွေဟာ ဒီနေ့ အားလုံးအဆင်ပြေပါပြီ။လူကြီးတွေပြန်တွေ့ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။  ကျွန်တော်ပြောနိုင်တာက ကျွန်တော်တို့ တစ်မျိုးသားလုံး စစ်မှန်တဲ့ငြိမ်းချမ်းမှုရရှိတဲ့အထိ အားလုံးလက်တွဲ လုပ်ဆောင်သွားကြပါလို့ တိုက်တွန်း ချင်ပါတယ်''ဟုပြောပြခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး    (KNU) ဗဟိုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာ ၀န်မှရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ခြင်းများနှင့်ပတ်သတ်၍ KNU အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှုများပေါ်ပေါက်ခဲ့ရာ  လက်ရှိအချိန်တွင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ပြေလည်မှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသူဦးမန်းနေရင်က ငြိမ်းချမ်းရေးဆန္ဒလွှာကို ဖတ်ကြားခဲ့ရာ ''ယနေ့ အချိန်အခါသည် အပြောင်းအလဲကာလဖြစ်သည်နှင့်အညီ မရေရာသေးသော  ငြိမ်းချမ်းရေးတွင်း အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကရင်အမျိုးသားများအနေဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် မိမိတို့၏ အမျိုးသားအကျိုးကို ရေရှည်သယ်ပိုးနိုင်ရန် ညီညွတ်စွာ လုပ်ဆောင်ရမည့်အချိန်ဖြစ်ပါကြောင်း၊ အများ၏ဆန္ဒကို အနည်းကလေးစား၍ အနည်း၏ ဆန္ဒကိုအများက အသိအမှတ်ပြုရေး၊ များစွာသော အကြောင်းကြောင့် ဆန့်ကျင်ဘက်ပြဿနာများပေါ်ပေါက်လာသောအခါ မတရားသော လူမိုက်နည်းဖြင့်မဖြေရှင်းပဲ ဆွေးနွေးညှိနှိုင်း၍ တရားမျှတသော အဖြေရှာခြင်းနှင့်သာ အောင်မြင်သည်အထိ ကိုင်တွယ်ဖြေရှင်းရေး၊ခေတ်မီ၍အကျိုးရှိသည့် ကြီးသူ၏လမ်းညွှန်သြ၀ါဒစကားကို အလေးထား လိုက်နာကျင့်သုံးရန်နှင့် ယနေ့ခေတ် မိမိတို့၏ အမျိုးသားပြည်သူများ၏အသံကို အလေးအနက် ထည့်တွက်ဆောင်ရွက်ရေး နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို လူမကွဲမူမကွဲ အသိဥာဏ်တွဲပြီး ငြိမ်းချမ်းရေးခိုင်မြဲအောင်ဆောင်ရွက်ရေး" စသည့်အချက်တို့ ပါဝင်ပါသည်။
 
မူရင်းသတင်း-- Eleven Media Group 
Post By : အေးချမ်းမွန်
  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊သာယာကုန်း (၂)လမ်း၊
ခြံအမှတ်(၄)၌ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသအသီးသီး၊နယ်ပယ်အသီးသီးမှ ကရင်တိုင်းရင်းသားများက စုပေါင်းကျင်းပ သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားများတွေ့ဆုံဆွေးနွေးပွဲတွင် (၁) နိုင်ငံတော်မှ ပြုလုပ်သောငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံသည်။ (၂) ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင်ဆောင်ရွက်ရန် မေတ္တာရပ်ခံတိုက်တွန်းသည်။(၃) ကရင်ပြည်သူတစ်ရပ်လုံး ဘ၀မြင့်မားတိုးတက်ရန် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားမည်။ ဟူသည့်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ ဆွေးနွေးပွဲရလဒ်ဆုံးဖြတ်ချက်များကို တက်ရောက်လာသူများက မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အတည်ပြုကြေငြာခဲ့ခြင်းဖစ်သည်။

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

Photo: ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

ငြိမ်းချမ်း| October 13, 2012 

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင်၊ ကောက်စ်ဘဇားမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ လောက်မှာရှိတဲ့ ရာမူး (ခေါ်) ပန်းဝါမြို့လေးဟာ မြန်မာစစ်သူကြီး မဟာ ဗန္ဓုလ စစ်ချီရင်း စစ်စခန်းချတဲ့ နေရာလေး တခုအဖြစ် မြန်မာသမိုင်းထဲမှာလည်း ထင်းရှားခဲ့ပါတယ်။ ပန်းဝါကနေ ရာမူးအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

ဟိုးအရင်က ရခိုင်တွေ တော်တော်များများ အခြေစိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဘူဒဝါ (ခေါ်) မရမာကြီးလူမျိုးတွေ ပိုမိုများပြားလာပါတယ်။ ယခင်က ရခိုင်လူမျိုးတွေရဲ့ ကျောင်းကန် ဘုရားတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ မရမာကြီးတွေက ဆက်လက် ဆက်ဆံ အသုံးပြု ကိုးကွယ်ခဲ့ကြပါတယ်။ မရမာကြီးတွေဟာ မြန်မာပြည်ဘက်က ရောက်လာတယ်လို့ ဆိုကြပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။

ဘိုးစဉ်ဘောင်ဆက်က တည်ရှိနေတဲ့ ပန်းဝါမြို့က ဗုဒ္ဓသာသနိက အဆောက်အအုံတွေဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်မှာတော့ မွတ်စလင် အစွန်းရောက်တွေရဲ့ မီရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။

စစ်တကောင်းခရိုင်ထဲမှာ ရှိတဲ့ တောင်ရွှေ၊ ဦကီယာ၊ မော်ရီကြာ၊ ပိုတီယာ၊ ဝိုက်ကျောင်းစတဲ့ မြို့ရွာတွေမှာရှိတဲ့ မရမာကြီးတွေ ကိုးကွယ်သော ဘုန်းကြီးကျောင်းတွေကိုလည်း မွတ်စလင် အစွန်းရောက်တွေက ၃၀ ရက်နေ့ တနေ့တည်ူမှာပဲ ဆက်တိုက် မီးရှို့ ဖျက်ဆီးလိုက်ကြပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီလောက်နေ  ညနေ ၆ နာရီအထိ ဆက်တိုက် မီးရှို့မှုတွေကြောင့် ပန်းဝါမြို့ပေါ်မှာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ သိမ် ၂ ကျောင်း၊ တောင်ရွှေရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သိမ် ၁ ကျောင်း၊ ဦကီယာမြို့မှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ မော်ရီကြာရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပိုတီယာမြို့မှာ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ဝိုက်ကျောင်းရွာမှာ ဘုန်းကြီးကျောင်း ၁ ကျောင်း ပြာကျခဲ့ရပြီး ဘုရားဆင်တုတော်များစွာ ပျက်ဆီး ပျောက်ဆုံးသွားပါတယ်။

ဒီ့အပြင် လူနေအိမ်တွေလည်း မီးရှို့ခံကြရပြီး စုစုပေါင်း အိမ်အလုံး ၂၀ နီးပါး ပြာပုံဖြစ်သွားပါတယ်။ ပန်းဝါမြို့ထဲက ရခိုင်နဲ့ မရာမာကြီးအိမ်တွေရဲ့ ခြံစည်းရိုးတွေကတော့ သွပ်အကာများ ပျက်ဆီးခဲ့ပေမယ့် သတင်းထောက်တွေ ရောက်လာခါနီးမှာ စစ်တပ်က အသစ်ပြန်ကာပေးထားပါတယ်။

ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး ရခိုင်တွေ ကိုးကွယ်လျှက်ရှိတဲ့ ရှေးဟောင်း“ရွာကြီးကျောင်း” တကျောင်းလည်း ပါဝင်ပြီး ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကို ဘင်္ဂလာဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။

ရွာကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာဒီပဟာ ရခိုင်ပြည်နယ်မှ ကြွရောက် သီတင်းသုံးတဲ့ ဆရာတော် တပါးဖြစ်ပါတယ်။ ဆရာတော် ဦးပညာဒီပက “ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်းဖိုးကိုပြောရမယ် ဆိုရင်တော့ ဦးဇင်းလည်း မပြောတတ်ဘူး။ ရှေ့ဟောင်း သုတေသန ပညာရှင်တွေမှ သိမှာ။ ဘာဖြစ်လို့လည်းဆိုတော့ ရှေးနှစ်ပေါင်း ၅၀၀ လောက်က ရွှေဘုရားတဆူ ပျောက်ဆုံးသွားတာဟာ ဘယ်အစိုးရကမှ ပြန်ပြီး လျှော်နိုင်မှာ မဟုတ်ပါဘူး” လို့ မိန့်ပါတယ်။

ပန်းဝါမြို့ရဲ့ အနောက်တောင်ဘက် ၅ ကီလိုမီတာလောက်မှာရှိတဲ့ ပေတရာ လျှောင်းတော်မူဘုရားကြီးဟာ အကြီးဆုံး လျှောင်းတော်မူ ဘုရားဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲမှာ ၂၀၁၁ ခုနှစ်က တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ဆောက်လုပ် ထိန်းသိမ်းခဲ့တဲ့ ဘူဒဝါ ဆရာတော် သီရိမောက္ခရူမာဆရမ် ဘိက္ခု (Srimotkarumasram Bhikhu) ဟာ သွပ်မိုး၊ ထရံကာ ကျောင်းလေးတကျောင်းမှာ တပါးတည်း သီတင်းသုံးပါတယ်။

“အချိန်က ၂ နာရီခွဲလောက်မှာ ထောင်ကျော်တဲ့ လူအုပ်ကြောင့် သူတို့တွေ ဟစ်အော်ပြီး ဘုရားရှိရှာ တောင်ပေါ်ကို တက်လာကြတာကို ဦးဇင်းကြား နေရတယ်။ ဒါနဲ့ ဦးဇင်းလည်း ကျောင်းကနေ ထွက်ပြေးခဲ့ရတယ်။ ခပ်လှမ်းလှမ်းက ကြားနေရတာကတော့ ထုသံ၊ ဖျက်သံတွေကို ကြားနေရတယ်။ တနာရီလောက်အကြာမှာ သူတို့လည်း ပြန်သွားကြလို့ ကျောင်းကို ပြန်လာတော့ ပြာပုံပဲ မြင်ရတော့တယ် တကာကြီး” လို့ ဆရာတော် သီရိမောက္ခရူမာဆရမ် ဘိက္ခုက မိန်းပါတယ်။

မီးရှို့ဖျက်ဆီးနေချိန်မှာ သက်ဆိုင်ရာ ရဲစခန်းကို ဖုန်းဆက်ပေမယ့် တာဝန်ရှိသူတွေ ဘယ်သူမှ ရောက်မလာဘဲ အကြမ်းဖက်သမားတွေက ကြီစိုးနေခဲ့ကြလို့ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင်တွေ အသက်တောင် ဝအောင် မရှုရဲ ဖြစ်ခဲ့ပြီး သူတို့ရဲ့ အနာဂတ် လမ်းပျောက်ပြီလို့ ခံစားရကြောင်း မရမာကြီးတဦးက ပြောပါတယ်။

အခင်ဖြစ်ပွားအပြီး တပတ်အကြာမှာ ရောက်လာတဲ့ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခါဆီနာဟာ ပန်းဝါမြို့ ရွာကြီးကျောင်းအရောက်မှာ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာမျိုးကို မြင်ရပြီး ပန်းဝါမြို့ လူထုရှေ့မှာ ပြောကြားခဲ့ မိန့်ခွန်းမှာတော့ “တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေ နောက်နောင် မဖြစ်ဖို့ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းကာကွယ်ကြရမယ်။ ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး” ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ အတူပါသွားတဲ့ Rakhaing Deploment Foundation (RDF) ရဲ့ ဥက္ကဋ္ဌ ဦးချစ်မောင်က ပြောပါတယ်။

ပန်းဝါကို ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတွေ ပြည်သူတွေနဲ့ တွေ့ဆုံပြီး အကူညီငွေတွေပေး၊ အားပေးစကားတွေ ပြောခဲ့ပါတယ်။

မရမာကြီး အမျိုးသမီးတယောက်က ယုံကြည်မှု ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ “ကျမတို့ကို ဒီက မွတ်စလင်တွေက မနေနဲ့၊ သွားတော့ပြောနေကြတယ်။ ဝန်ကြီးချုပ် ဘာတွေပြောပြော ကျမတို့ကတော့ မယုံတော့ဘူး။ ကျမတို့ ခံစားနေရတာ လက်တွေ့ပါတယ်။ လက်တွေ့ဖြစ်နေတုန်းက ဘယ်အာဏာပိုင်မှ မရောက်ဘဲနဲ့ အခုမှ လာပြောတာတော့ ဘယ်လိုမှ မယုံနိုင်ပါဘူး” လို့ ဆိုပါတယ်။

ဒီပြဿနာအားလုံးဟာ ဖေ့စ်ဘုတ် လူမှုကွန်ရက်က စတာပါ။ မွတ်စလင် ဘာသာဝင်တွေကို စော်ကားထားတဲ့ အင်တာနက်ပေါ်က ဓာတ်ပုံတပုံကို မရမာကြီး လူငယ်တယောက်က ဖေ့စ်ဘုတ်မှာ တင်ထားတာကို မြင်သွားတဲ့ မွတ်စလင် လူငယ် ၂၀ လောက်က စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၀ နာရီောလက်မှာ စတင် အော်ဟစ် ဆန္ဒပြတာကနေ ချက်ချင်းဆိုသလို ထောင်နဲ့ချီတဲ့ လူတွေ အစုအဝေး ဖြစ်သွားခဲ့ပါတယ်။

ဂေါဇော်နီယာ၊ နတ်ကျောက်စရီ၊ ဦကီယာ၊ ရှပ်ကာနီယာ စတဲ့ ဒေသက မွတ်စလင်တွေ စုဝေးရောက်ရှိလာတာဖြစ်ပါတယ်။ ဂေါဇော်နီယာဒေသဟာ မွတ်စလင် အစွန်းရောက် အဖွဲ့အစည်း အမျိုးမျိုး ခိုအောင်းတဲ့ဒေသတခု ဖြစ်ပါတယ်။ ဦကီယာမြို့မှာတော့ မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ ဘင်္ဂါလီတွေရှိပြီး ဒုက္ခသည် တသိန်းခွဲလောက် ရှိတဲ့ ဒုက္ခသည် စခန်း ၂ ခု တည်ရှိပါတယ်။ ရှပ်ကာနီယာ ကလည်း ဘာသာရေးအစွန်းရောက်များ မှီခိုကျက်စားရာ ဒေသဖြစ်ပါတယ်။

မွတ်စလင်တွေ တမုဟုတ်ချင်း စုရုံးရောက်ရှိလာတာ၊ ဒေသခံ အာဏာပိုင်တွေက အကာအကွယ်ပေးဖို့ လက်နှေးတာတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးကစားကွက်တွေ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ လက်ရှိ အစိုးရ အာဏာရ အဝါမလိဂ်ပါတီကတော့ အခုလုပ်ရပ်ဟာ BNP ခေါ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ အမျိုးသားပါတီနဲ့ Jamat Islimmate ပါတီတို့ ပူးပေါင်း လုပ်ဆောင်တဲ့ လက်ချက်ပါတယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် BNP ကလည်း ရွေးကောက်ပွဲ နီးလာလို့ အာဏာလက်မလွှတ်ချင်တာကြောင်း အခု လုပ်ရပ်ကို အဝါမလိဂ်ပါတီက လုပ်တာလို့ ပြန်လည်စွပ်စွဲပါတယ်။

အကြမ်းဖက် ဖျက်ဆီးမယ့်သူတွေကို ပန်းဝါမြို့ထဲ လိုက်ပို့ပေးတဲ့ ထရပ်ကားကို စစ်တကောင်းမှာ ဖမ်းမိလို့ စစ်ဆေးတော့ ၁၉၇၈ ခုနှစ်လောက်က ရခိုင်ပြည်နယ် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာပြီး အခြေချတဲ့ ဘင်္ဂါလီတဦးပိုင် ထရပ်ကား ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ၂၄ နာရီသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Mohiuddin Khan Alamgir က ပန်းဝါ အကြမ်းဖက်မှုတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပန်းဝါ အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေတဲ့ BNP နဲ့ Jamat Islimmate ပါတီက ပါတီဝင် ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

ရခိုင်ပြည်နယ်ကလာတဲ့ ဘင်္ဂါလီတွေဟာ ဦးဆောင်သူ လှုပ်ရှားသူတွေအနေနဲ့ မဟုတ်ဘဲ BNP နဲ့ Jamat Islimmate ပါတီ ခေါင်းဆောင်တွေရဲ့ ကြိုးကိုင်မှုအောက်မှာ အားဖြည့်သူတွေ အနေနဲ့ လှုပ်ရှားခဲ့တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

အဝါမလိဂ် ပါတီနဲ့ BNP ပါတီဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ အင်အားအကောင်းဆုံး ပါတီကြီး ၂ ခုဖြစ်ပြီး BNP နဲ့ Jamat Islimmate တို့ဟာ မဟာမိတ်ပါတီတွေ ဖြစ်ကြပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကြီးဟာလည်း ၁ နှစ်လောက်သာ လိုတော့တဲ့အချိန်မှာ ပါတီကြီး ၂ ခုဟာ အကြီးအကျယ် အားပြိုင်မှုတွေ ရှိနေပါတယ်။

ပန်းဝါ အကြမ်းဖက်မှုမှာ အဝါမလိဂ်ပါတီကို ဗုဒ္ဓဘာသာဝင်တွေ မထောက်ခံတော့အောင် BNP က လုပ်တာ၊ Jamat Islimmate ပါတီကတော့ ရခိုင်ပဋိပက္ခကို လက်စားချေတာလို့ ပြောဆိုနေကြပါတယ်။

အဝါမလိဂ် ပါတီနဲ့ BNP ပါတီကြီး ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင် လူနည်းစုဟာ မြေဇာပင် ဖြစ်ကြရတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

မူရင်းသတင်း-- ဧရာဝတီသတင်း
Post By : အေးချမ်းမွန်
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင်၊ ကောက်စ်ဘဇားမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ လောက်မှာရှိတဲ့ ရာမူး (ခေါ်) ပန်းဝါမြို့လေးဟာ မြန်မာစစ်သူကြီး
မဟာ ဗန္ဓုလ စစ်ချီရင်း စစ်စခန်းချတဲ့ နေရာလေး တခုအဖြစ် မြန်မာသမိုင်းထဲမှာလည်း ထင်းရှားခဲ့ပါတယ်။ ပန်းဝါကနေ ရာမူးအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

ဟိုးအရင်က ရခိုင်တွေ တော်တော်များများ အခြေစိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဘူဒဝါ (ခေါ်) မရမာကြီးလူမျိုးတွေ ပိုမိုများပြားလာပါတယ်။ ယခင်က ရခိုင်လူမျိုးတွေရဲ့ ကျောင်းကန် ဘုရားတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ မရမာကြီးတွေက ဆက်လက် ဆက်ဆံ အသုံးပြု ကိုးကွယ်ခဲ့ကြပါတယ်။ မရမာကြီးတွေဟာ မြန်မာပြည်ဘက်က ရောက်လာတယ်လို့ ဆိုကြပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂဆွတ်ခူး




mt ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂက ဆွတ်ခူးသွားခဲ့ကြောင်း နိုဗယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သော်ဂျွန်းဂျက်လန်က အော်စလိုတွင်ထုတ်ပြန်ကြေညာသည်။
"သမဂ္ဂနဲ့ သူ့ရဲ့ရှေ့ဆောင်အဖွဲ့အစည်းတွေဟာ ဥရောပမှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ထွန်းကားစေဖို့အတွက် ဆယ်စုနှစ် ခြောက်ခုကျော်ကြာ ထောက်ပံ့ပေးခဲ့ပါတယ်။ အနှစ် ၇၀ ကျော်အတွင်းမှ ဂျာမနီနဲ့ ပြင်သစ်တို့ စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အခုနေအခါမှာတော့ ဂျာမနီနဲ့ ပြင်သစ် စစ်ဖြစ်ဖို့ဆိုတာတွေးကြည့်လို့တောင်မရတဲ့ ကိစ္စဖြစ်သွားပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အားထုတ်ခဲ့တာတွေ၊ အပြန်အလှန်ယုံကြည်မှုနဲ့တည်ဆောက်ခဲ့တာတွေကြောင့် သမိုင်းဝင်ရန်ဘက်တွေဟာ ရင်းနှီးတဲ့မိတ်ဖက်တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပါပဲ" ဟု ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။

စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

Photo: စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

Written by မင်းသွီး	    Saturday, 13 October 2012
 
ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာအဓိကရုဏ်းတွင် သင်္ဃာတော်(၂)
ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။fil.acm

စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့် လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။

“မနေ့က ပြဿနာအစရှာတာက ဘင်္ဂလီတွေက ဖန်တီးတာပါ၊ ဗုဒ္ဓဘာသာဝင် ဟိန္ဒူတွေကို အခုလိုနိုင်ထက်စီးနင်း အကြမ်းဖက်မှု အပေါ်မှာ ဒေသခံလူထုတွေက မကျေမနပ်ဖြစ်လို့ ဓါးနဲ့လိုက်ခုတ်တဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးအရေးယူပေးဖို့ တာဝန်ရှိရဲတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြတာကို စစ်တပ်က အကြမ်းနည်းနဲ့ လူအုပ်တွေကို ဖြိုခွင်းခဲ့ပါတယ်။

မျက်ရည်ယိုဗုံးကြောင့် မပြေးနိုင်တဲ့ လူ(၅)ဦးနှင့် သင်္ဃာတော်နှစ်ပါးကို ဖမ်းဆီးသွားပါတယ် (၅)ဦးထဲက တစ်ဦးကိုတော့ မတရားရိုက်နှက်ပြီး ဆွဲခေါ်သွားတာတော့ တွေ့လိုက်ရတယ်” ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။


ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွေ အကြမ်းဖက်ခံရမှုအပေါ်တွင် စစ်တွေမြို့မှ လူထုများအနေဖြင့် အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၌ ဗုဒ္ဓဘာသာဝင် ဟိန္ဒူများနှင့် မရာမာလူမျိုးများ ပူးပေါင်းပါဝင်လာမှုအပေါ် အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများက မကျေနပ်မှုကြောင့် ယခုကဲ့သို့ အဓိကရုဏ်းကို ဖန်တီးခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ဆိုသည်။

မူရင်းသတင်း-- Arakan Times
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာအဓိကရုဏ်းတွင် သင်္ဃာတော်(၂)
ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။fil.acm

စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့် လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူ
ညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

အဆိုပါ အဖွဲ့အစည်း မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် OIC တို့ အကြား နား လည်မှု စာချွန်လွှာ ရေးထိုး ထားကြောင်း ပြည်ပ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည့် အပေါ် ၄င်းက ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

Photo: စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

12.10.2012

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်က
စပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီ
လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံရခိုင်လူမျိုးတွေ၊
ဟိန္နူလူမျိုးတွေက OIC ရုံးကို လက်မခံနိုင်ကြောင်းနဲ့ ဘင်္ဂလားဒေရှ့်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်နေတာတွေရပ်ဖို့တောင်းဆိုခဲ့ကြပြီး ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို စာပေးပို့ခဲ့ပါတယ်။

ဒီ့နောက်မှာတော့ စစ်တွေမြို့က ဘင်္ဂလီဒုက္ခသည်စခန်း ၂ခုကနေ စတင်ပြီး
မငြိမ်မသက်ဖြစ်ရာကနေ စစ်တွေမြို့က ဘင်္ဂလီ အစ္စလာမ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ လူစုလူဝေးနဲ့စတင်ခဲ့တာပါ။ ဒီ့နောက် ပစ်ခတ်မှုတွေဖြစ်ခဲ့ရကြောင်း စစ်တွေ မြို့ခံတဦးကပြောပြပါတယ်။

“သက်ကယ်ပြင်နဲ့ သဲချောင်း ဒုက္ခသည်စခန်းမှာ စပြီးတော့ လှုပ်လှုပ်ရွရွ ဖြစ်တယ်ပေါ့။ လှုပ်ရှားမှုပုံစံမျိုး လူတွေ စုရုံးပြီး အဲ့ဒီ့လိုလုပ်လာတယ်။ ပြီးမှ အဲ့ဒီ့ကနေပြီးတော့ ၇နာရီကျော်လောက်မှာ မူဆလင်တွေက လမ်းပေါ်ထွက်လာတယ်။ မူဆလင်တွေ လမ်းပေါ်ထွက်ပြီး စုရုံးတဲ့အခါ ရဲက ထိန်းလို့ မနိုင်ဘူး။ အဲ့ဒီ့အဖြစ်အပျက်ကို အနီးအနားမှာ ရှိတဲ့ ရခိုင်တွေက မြင်တော့ သက်ဆိုင်ရာ ကိုယ့်မိတ်ဆွေတွေဆီ လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားရင်းနဲ့ တခါတည်း ရခိုင်တွေ ဝိုင်းအုံလာကြတယ်။

ဝိုင်းအုံလာတော့ ရဲက ဒီဘက်မှာ ထိန်းလို့မနိုင်ရတဲ့အထဲ ဟိုဘက်က ရခိုင်တွေ အစုလိုက်အပြုံလိုက် ရောက်လာတော့ အဲ့မှာ ထိန်းလို့သိမ်းလို့မရဖြစ်နေ တယ်။ ဖြစ်နေတဲ့ ကာလမှာ ပြဿနာ ပိုကြီးလာမှာ စိုးတဲ့အတွက်ကြောင့် ဆိုပြီး
သူတို့ မျက်ရည်ယိုဗုံး ၄ လုံးပစ်တယ်။ တစ်လုံးက လူနေအိမ်ထဲကို ရောက်သွားတယ်။ အဲ့ဒီ့မှာ အိမ်ထဲမှာ ပေါက်ကွဲတယ်။

အဲ့ဒီ့ရခိုင်အိမ်မှာက ကလေးကမွေးတာ တစ်လလောက်ပဲရှိသေးတယ်။ ကလေးမွေးနေတာ။ ယောက်ကျားနံမည်က စနေထွန်း။ မိန်းမနံမည်က မမဉ္ဇူတဲ့။ အသက် ၂၅နှစ် အရွယ်ရှိတယ်။ နှစ်ယောက်လုံး သတိမေ့သွားတယ် တဲ့။ ကလေးရော အမေပါတဲ့။ အဲ့ဒီ့အပေါ်မှာ အဲ့ဒီ့အိမ်က လူတွေက မကျေနပ်ဘူးပေါ့လေ။ ဘယ်လိုလုပ်ပြီးတော့ ဒီမျက်ရည်ယိုဗုံးဆိုတာ လမ်းပေါ်မှာပဲ ပေါက်ကွဲရမှာလေ။ လူအိမ်ပေါ်အထိ ရောက်ပြီး ပေါက်ကွဲတယ်ဆိုတာ မကောင်းဘူးဆိုပြီး ပြောတယ်။ အဲ့လိုဖြစ်နေတဲ့အထဲမှာ အဲ့မှာ ထိန်းလို့မရလို့ သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်။ ၇ချက် ၈ချက်လောက် ပစ်သံကြားရတယ်။ ပစ်သံကြားပြီးတော့ နောက်၁၀နာရီလောက်မှာတော့ လူစုကွဲသွားတယ်။”

ပစ်ခတ်မူတွေရှိနေပေမဲ့ အသေအပျောက်နဲ့ ဒဏ်ရာရရှိမှုတွေ တော့ မကြားရသေးဘူးဆိုပြီး မြို့ခံတွေကဆိုပါတယ်။ ဒီပစ်ခတ်မှုတွေနဲပတ်သက်လို့ စစ်တွေမြို့က အာဏာပိုင်တွေကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့  စစ်တွေမြို့မှာ သံဃာတော်တွေက မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်တာကို လက်မခံနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တာတွေ ရပ်ဖို့အတွက် ဆန္ဒပြမူတွေ လုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၂ရက်နေ့မှာလည်း စစ်တွေမြို့မှာ ဆန္ဒပြမူတွေ ဆက်ဖြစ်ခဲ့ပြီး တဲ့နောက် စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံး ကို သွားရောက်ခဲ့ပုံ ကိုလည်း ဆက်ပြောပြပါတယ်။

“ အလွှာပေါင်းစုံပေါ့။ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့အခါမှာတော့ ဆန္ဒပြတဲ့သူက တစ်ထောင်လောက် မဖြစ်ပါဘူး။ ဒါပေမဲ့ နောက်က လူထုက လိုက်လာပြီးတော့ လေး၊ ငါးထောင်လောက်တောင် ဖြစ်သွားတယ်။ OIC လက်မခံဘူး။ နောက်တခါ ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာတွေကို သတ်ဖြတ်ခံရတာတို့၊ မီးရှို့ခံရတာတို့ အဲ့တာတွေကို ထိန်းသိမ်းပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့က ဒီဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို သွားပြီးတော့ စာပေးတယ်။ ဆန္ဒပြရင်းနဲ့ စာပေးတော့ သူတို့က ငြင်းတယ်လေ။ လက်မခံဘူး။ လက်မခံတော့ အဲ့တာကို ပြန်ယူလာတယ်။ ယူလာတော့ နည်းနည်းလည်း စကားပြောခဲ့တယ် ထင်ပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီးတော့ ထွက်လာတယ်။”

ရခိုင်ပြည်နယ်မှာဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တာ လနဲ့ ချီကြာခဲ့ပြီဖြစ် သလို ပြသာနာတွေက ပြေလည်မှုမရသေးပဲ တင်းမာမူတွေ ရှိနေခဲ့တာပါ။ စစ်တွေမြို့ မှာတော့ အင်ပါလာလို့ ခေါ်တဲ့ အောင်မင်္ဂလာ ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်တွေ၊ ဘင်္ဂလီတွေ ကလေး လူကြီး အင်အား ၅၀၀၀ ခန့် နေထိုင်နေဆဲဖြစ် တာကြောင့် ရခိုင်အမျိုးသားတွေ အနေနဲ့ပြသနာတွေ ဆက်ဖြစ်နေနိုင်တယ်လို့ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ရက် ည၁၀နာရီကျော် အချိန်လောက်မှာ ပြသနာတွေပြေလည်သွားပြီလို့ဆိုပေမဲ့ ရခိုင်လူမျိုးတွေကို အဖမ်းအဆီးတွေ ရှိနေတယ်လို့ ရခိုင်လူမျိုးတွေဘက်ကပြောပါတယ်။

မူရင်းသတင်း-- VOA
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်က
စပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့
ချီ
လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံရခိုင်လူမျိုးတွေ၊
ဟိန္နူလူမျိုးတွေက OIC ရုံးကို လက်မခံနိုင်ကြောင်းနဲ့ ဘင်္ဂလားဒေရှ့်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်နေတာတွေရပ်ဖို့တောင်းဆိုခဲ့ကြပြီး ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို စာပေးပို့ခဲ့ပါတယ်။

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

Photo: အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်


အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့်ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို  The Sun သတင်းဌာနက ဖော်ပြခဲ့သည်။fil.acm.003

 အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ 

ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ 

ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။

ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် 
လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။

 နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။  

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင်  
ကိုင်ဆောင် ပြသခဲ့သည်။ 

 မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ 

ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။

 နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။  

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ 

အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။  

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

 "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။


မူရင်းသတင်း--Planet News 
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့်ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။
အသက်(၁၅)နှစ်သ
 ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။

ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းက ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် အုတ်သယ်ယာဉ်တစ်စီးဘရိတ်ပေါက်ကာ တိုက်မိမှုဖြစ်ပွား

Photo: အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းက ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် အုတ်သယ်ယာဉ်တစ်စီးဘရိတ်ပေါက်ကာ တိုက်မိမှုဖြစ်ပွား 
     
Saturday, 13 October 2012 11:57  

အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်း (ရွှေဂုံတိုင်မီး ပွိုင့်အနီး)၌ အုတ်သယ်ယာဉ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ လမ်း ဘေးဓာတ်တိုင်နှင့်တက္ကစီယာဉ်တို့အား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။fil.acm

ဖြစ်ပွားပုံမှာ ရွှေဂုံတိုင်မီးပွိုင့်မိနေသောကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ကားများရပ်စောင့်နေကြစဉ် ယင်းအုတ်သယ်ယာဉ်မှာ ဘရိတ်ပေါက်အရှိန်လွန်ကာ ပလက် ဖောင်းပေါ်တက်မောင်းရာမှ ဓာတ်တိုင်ကိုဝင်တိုက်ခဲ့ကြောင်း၊ ထို့နောက်မီးပွိုင့်စောင့်နေသော တက္ကစီယာဉ်တစ်စီးကို ဆက်တိုက်မိကြောင်းသိရသည်။ ပလက်ဖောင်းပေါ်ရှိ အတိုက် ခံရသောဓာတ်တိုင်မှာ လမ်းပေါ်သို့ပြိုလဲသွားပြီး တက္ကစီယာဉ်တစ်စီး၏ စက်ဖုံးကိုပိမိကြောင်းလည်းသိရသည်။

"ဒီအုတ်သယ်ကားက ဟိုတိုက်ဒီတိုက်လိုက်တိုက်လာပြီးမှ ကျွန်တော့်ကားကိုတိုက်ပြီးရပ်သွားတယ်။ ကျွန်တော့်ကားကိုမတိုက်ခင် ပလက်ဖောင်းပေါ်ခွမောင်းလာတာကနေ ဓာတ်တိုင်ကိုအရင်တိုက်လိုက်သေးတယ်။ ပြီးတော့မှ ကျွန်တော့်ကားကိုတိုက်တာ၊ ကားတောင်ဒီလိုမျိုးလည်ထွက်သွားတယ်"ဟုအတိုက်ခံရသောတက္ကစီယာဉ်မှယာဉ်မောင်းဖြစ် သူကပြောပြခဲ့သည်။

"အဲဒီကားကဘရိတ်ပေါက်ပြီးထိန်းလို့မရဖြစ်နေတော့ ကားအနောက်အုတ်ပုံပေါ်မှာပါလာတဲ့အလုပ်သမားတွေက ကြောက်ပြီးတော့ခုန်ဆင်းကြတာ ဒဏ်ရာတွေရကုန်တယ်။ အလုပ်သမားလေး၊ ငါးဦးလောက်ပါပြီး ခုန်ချကြတာတွေ့ရတယ်။ ကားမောင်းသမားဆို အနားကခြံဝင်းထဲကိုထွက်ပြေးတယ်။ ဒါပေမယ့်ဖမ်းမိသွားတယ်" ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြသည်။ 

"အဲဒီအချိန်မှာ ကားတွေအကုန်လုံးက ပွိုင့်မိနေတာ၊ ကားပေါ်မှာလည်းခရီးသည်တစ်ယောက်ပါတယ်။ အဲဒီအုတ်သယ်ယာဉ်ကဓာတ်တိုင်ကိုတိုက်ချသွားပြီးတဲ့အချိန်မှာ ဓာတ်တိုင်က ကျွန်တော့်ကားရဲ့စက်ဖုံးပေါ်ကိုလာပိတယ်။ ပါလာတဲ့ခရီးသည်ဆို လန့်ပြီးဆင်းပြေးတာ ကံကောင်းလို့ကားတိုက်မခံရတယ်" ဟု ဓာတ်တိုင်ပိမိသောတက္ကစီယာဉ်ပေါ်မှယာဉ် မောင်းဖြစ်သူက ပြောပြခဲ့ပါသည်။
 
မူရင်းသတင်း-- Eleven Media Group
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်း (ရွှေဂုံတိုင်မီး ပွိုင့
်အနီး)၌ အုတ်သယ်ယာဉ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ လမ်း ဘေးဓာတ်တိုင်နှင့်တက္ကစီယာဉ်တို့အား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။fil.acm

ဖြစ်ပွားပုံမှာ ရွှေဂုံတိုင်မီးပွိုင့်မိနေသောကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ကားများရပ်စောင့်နေကြစဉ် ယင်းအုတ်သယ်ယာဉ်မှာ ဘရိတ်ပေါက်အရှိန်လွန်ကာ ပလက် ဖောင်းပေါ်တက်မောင်းရာမှ ဓာတ်တိုင်ကိုဝင်တိုက်ခဲ့ကြောင်း၊ ထို့နောက်မီးပွိုင့်စောင့်နေသော တက္ကစီယာဉ်တစ်စီးကို ဆက်တိုက်မိကြောင်းသိရသည်။ ပလက်ဖောင်းပေါ်ရှိ အတိုက် ခံရသောဓာတ်တိုင်မှာ လမ်းပေါ်သို့ပြိုလဲသွားပြီး တက္ကစီယာဉ်တစ်စီး၏ စက်ဖုံးကိုပိမိကြောင်းလည်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

Photo: ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

နေပြည်တော်၊အောက်တိုဘာ၊၁၃
အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမ
အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ်
...ဦးကပြောသည်။
“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင်
ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်
အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။
လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌတာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်း
နေတော့အတွေအကြုံလဲရှိပြီးသားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စက
may be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟုအကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသောကိုယ်စားတစ်ဦး ကဆိုသည်။acm

သူရဦးရွှေမန်းပါတီဥက္ကဌဖြစ်ခဲ့ပါက ၎င်းတာဝန်ထမ်းဆောင်နေသည့်ဒုတိယဥက္ကဌနေရာ ကို လက်ရှိ
ပါတီ၏အထွေထွေအတွင်းရေးမှုးဦးဌေးဦးကတာဝန်ယူလာနိုင်ဖွယ်ရှိကြောင်းအောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော
ကိုယ်စားလှယ်အချို့ကသုံးသပ်ပြောကြားသည်။ 

စွမ်းရဲထွဋ်

မူရင်းသတင်း-- Popular Myanmar News Journal
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမ
အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်
လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ်
...ဦးကပြောသည်။
“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင်
ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန်
အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။

အင်းလေးဖောင်တော်ဦးဘုရားပွဲ အောက်တိုဘာ ၁၆ ရက် စမည်

Photo: အင်းလေးဖောင်တော်ဦးဘုရားပွဲ အောက်တိုဘာ ၁၆ ရက် စမည်

ရန်ကုန်၊အောက်တိုဘာ-၁၁

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီပူဇော်ပွဲကို အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)မှ 
နိုဝင်ဘာ ၂ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်)အထိ ကျင်းပမည်ဖြစ်သည်။

“ဖောင်တော်ဦးဘုရားပွဲက ဒေသခံတွေ၊ ပြည်တွင်းက ဧည့်သည်တွေပါမက နိုင်ငံခြားသား ဧည့်သည်တွေပါ အများဆုံး လာရောက်တဲ့ပွဲဖြစ်တယ်။ 
အခု ခရီးသွားရာသီစပြီ။ ဧည့်အ၀င်ကလည်း အရင်နှစ်ကထက် သိသိသာသာ တိုးလာတယ်”ဟု GIC-2 (ရွှေကျွန်းမျှော-၂)ဟိုတယ်မှ 
တာဝန်ခံမန်နေဂျာ တစ်ဦးဖြစ်သူ ဦးခွန်မောင်နီကပြောသည်။

ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များမှာ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံမည် ဖြစ်သည်။ ညောင်ရွှေမြို့တွင်လည်း 
အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်ထိ သုံးရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီက ကြေညာထားသည်။

အင်းလေးဒေသ၌ ယခုအခါ ခရီးသွားရာသီ မစတင်မီ ဧည့်သည်များ အ၀င်နည်းပါးစဉ် ကာလကပင် ယမန်နှစ်ကထက်
နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ ပိုလာကြောင်း၊ ဖောင်တော်ဦးဘုရားပွဲတော်ကာလ၌ ဟိုတယ်အလုံအလောက် မရှိ၍ 
အခက်အခဲများ ရှိနိုင်ပြီး ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်များပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဧည့်သည်များ 
များလာသော်လည်း ဟိုတယ်အခန်း မလုံလောက်၍ ကမောက်ကမဖြစ်ရကြောင်း ဦးခွန်မောင်နီကပြောသည်။

မူရင်းသတင်း-- 7Day News Journal 
အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီပူဇော်ပွဲကို အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)မှ
နိုဝင်ဘာ ၂ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်)အထိ
ကျင်းပမည်ဖြစ်သည်။

“ဖောင်တော်ဦးဘုရားပွဲက ဒေသခံတွေ၊ ပြည်တွင်းက ဧည့်သည်တွေပါမက နိုင်ငံခြားသား ဧည့်သည်တွေပါ အများဆုံး လာရောက်တဲ့ပွဲဖြစ်တယ်။
အခု ခရီးသွားရာသီစပြီ။ ဧည့်အ၀င်ကလည်း အရင်နှစ်ကထက် သိသိသာသာ တိုးလာတယ်”ဟု GIC-2 (ရွှေကျွန်းမျှော-၂)ဟိုတယ်မှ
တာဝန်ခံမန်နေဂျာ တစ်ဦးဖြစ်သူ ဦးခွန်မောင်နီကပြောသည်။

သီတင်းကျွတ်ပြီဆိုရင်




l5283 မိုးရေစက်တွေကတော့ ကမ္ဘာမြေကို နှုတ်ဆက်နေပါပြီ။ ၂၀၁၂ ခုနှစ် မိုးအကုန် လက်ကျန်မိုးရေစက်တွေက နောက်ဆုံးအနေနဲ့ ကျဲပက်နေတုန်း။ မိုးလေကင်းလွတ် မယ့် ပွင့်လင်းရာသီကတော့ မကြာခင် ရောက်လာတော့မှာပါ။
မြန်မာနိုင်ငံရဲ့ ဥတုရာသီသုံးပါးထဲက မိုးရာသီအကုန် ဆောင်းရာသီကို ခြေလှမ်းပြင်စ ပွင့်လင်းရာသီ ဟာ သီတင်းကျွတ်ကာလ ဖြစ်ပါတယ်။ သီတင်းကျွတ်လို့ ဆိုလိုက်ရင် မြန်မာလူမျိုးတို့ရဲ့ နှလုံးသားထဲမှာ ဘာသာရေးအရအထွတ်အမြတ် ပြုရတဲ့ကာလလို့ ကိန်းအောင်းပြီးသားပါ။ ဒီလိုပဲ တစ်ဖက်မှာလည်း ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ကြည်နူးစရာ ပွဲတော်ကာလတစ်ခုဆိုရင်လည်း မမှားပါဘူး။
သီတင်းကျွတ်လဟာ မိုးလေကင်းစင် ရာသီကြည်လင်တဲ့ ကာလ။ မြန်မာလူမျိုးတို့အတွက် အထွတ် အမြတ်ကာလပါ။ မြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်းကာလ သုံးလတာပတ်လုံး ဟောကြားတော်မူပြီးတဲ့နောက် သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည် ကို ပြန်ဆင်းသက်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ သီတင်းကျွတ်လပြည့် နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် ရွှေညဝါ ဆရာတော် အထူးတရားပွဲ ကျင်းပမည်

Photo: တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် ရွှေညဝါ ဆရာတော် အထူးတရားပွဲ ကျင်းပမည်

Written by အာရ်ကန်တိုင်းမ်စ်	    Saturday, 13 October 2012 
 			
ပြည်ထောင်စု မြန်မာနိုင်ငံမှနေ၍ အမေရိကန်နိုင်ငံ ၊ပြည်နယ်ဒေသ အနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသနာပြုလျက်ရှိသော ဓမ္မာစရိယ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ ၏ အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်းတွင် အောက်တိုဘာလ ၂၀၊၂၁ (စနေ၊တနင်္ဂနွေ) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရှိရသည်။

တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင်ဥူးနန္ဒ၀ံသကို မေးမြန်းလျှောက်ထားရာ "အမာရီလို ဒေသမှာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့ ရင်ထဲမှာ ဓမ္မအသိဉာဏ်တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။ ကျွဲကူးရေပါ အနေနဲ့ သမဏာနဥ္ဒ ဒဿန မင်္ဂလာ ကာလေန ဓမ္မသ၀နံ အစရှိသည့် မင်္ဂလာကျက်သရေ အပေါင်းနဲ့ ခညောင်း ပြည့်စုံစေကြာင်း စေတနာကောင်းနဲ့ ဆရာတော်တွေရဲ့ တရားတော်များ ကြားနာရပြီးနောက်မှာ မျိုးဆက်သစ် လူငယ်လေးများ ဘာသာတရား အဆုံးမများနဲ့ ရင်းနှီးကျွမ်းဝင်လာကာ မိဘမေတ္တာ သိရှိနားလည်လာစေချင်တဲ့အတွက်ပါ။ အခြေခံ ကတော့ အမျိုး ဘာသာ သာသနာ အကျိုး ဂုဏ်ရောင်တိုးဖို့ ဒီတရားပွဲကို စီစဉ်ကျင်းပကြမှာပါ" ဟု အာရကန်တိုင်းစ်သို့ မိန့် ကြားသည်။

ရွေည၀ါဆရာတော်၏ ဓမ္မသဘင်ပွဲများတွင် ဆရာတော်က သစ္စာလေးပါးတရားအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ၊ သံဃာတော်တွေရဲ့အခြေအနေများကိုပါထည့်သွင်းဟောကြားသဖြင့် တရားနာပုဂ္ဂိုလ်များအတွက် အသိအမြင် ဗဟုသုတလည်း ရရှိကြကြောင်းယနေ့ မြန်မာ (Burma Today)သတင်းအရ သိရှိရသည်။

အမာရီလိုမြို့ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့ ကလည်း နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ရွှေည၀ါဆရာတော်သည် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားခြင်းခံခဲ့ရပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ မှ ဒယ်အိုးဆရာတော်နဲ့တူ ပြည်တွင်းတရားဟောခွင့်များကိုပါ ပိတ်ပင်ခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

 မူရင်းသတင်း--  Arakan Time
Post By : အေးချမ်းမွန်
ပြည်ထောင်စု မြန်မာနိုင်ငံမှနေ၍ အမေရိကန်နိုင်ငံ ၊ပြည်နယ်ဒေသ အနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသ
နာပြုလျက်ရှိသော ဓမ္မာစရိယ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ ၏ အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်းတွင် အောက်တိုဘာလ ၂၀၊၂၁ (စနေ၊တနင်္ဂနွေ) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရှိရသည်။

တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင်ဥူးနန္ဒ၀ံသကို မေးမြန်းလျှောက်ထားရာ "အမာရီလို ဒေသမှာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့ ရင်ထဲမှာ ဓမ္မအသိဉာဏ်တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။

၁၄ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် စစ်ဆေးမှု ပဲခူးတွင် ဖြစ်ပွား

ပဲခူး၊ အောက်တိုဘာ ၁၂

ငွေကြေး ခိုးယူသည်ဟု စွပ်စွဲ ခံရသူ အသက် ၁၄ နှစ်အရွယ် မောင်မင်းထက်အောင်ကို ပဲခူးမြို့ အမှတ် (၃) ရဲတပ်ဖွဲ့ စခန်းက ဖမ်းဆီး ၍ ရိုက်နှက် စစ်ဆေး ခဲ့သဖြင့် ပဲခူး ဆေးရုံတွင် တက်ရောက် ကုသနေရခြင်း ကိစ္စနှင့် ပတ်သက်၍ ပဲခူးခရိုင် ရဲတပ်ဖွဲ့ မှူးက စစ်ဆေး အရေးယူသွားမည်ဖြစ် ကြောင်းThe Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ကိစ္စ မှန

်ကန်ပါက ရဲစည်းကမ်း အရ အရေးယူသွားမည် ဖြစ် ကာ လောလောဆယ်တွင် စုံစမ်း စစ် ဆေးမှုများ ပြုလုပ် ရမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"တိုင်စာ ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ စစ်မှာပါ" ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးက ကတိပြု ပြောကြား သည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ



မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့မှာ လူငယ်လေးဦးဖြစ်ပြီး အားလုံးအသက် ၂၀ ပင်မပြည့်ကြောင်းသိရကာ အရက်နှင့်ဆေးရောပြီးသုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသောကားများနှင့် နေအိမ်အဆောက်အအုံများကို လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ




mt2
ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ်
စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့်အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာ ဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ 
ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း  သိရှိရသည်။

နောက်ဆုံးပေါ် နည်းပညာတွေ၊ကြီးမားတဲ့စွမ်းအင်သစ် တွေ ပေါင်းစပ် ပါဝင်တဲ့ ဒီဇိုင်းဆန်းလှတဲ့ Cadillac ရဲ့  ထုတ်ကုန်သစ်

Photo: အကန့် အသတ် မဲ့ ခံစားမှုတွေ၊ ဆုံးစမဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေနဲ့ 
အတူ မြင့်မားတဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ကြီးမားတဲ့စွမ်းအင်သစ်
တွေ ပေါင်းစပ် ပါဝင်တဲ့ ဒီဇိုင်းဆန်းလှတဲ့ Cadillac ရဲ့  ထုတ်ကုန်သစ် တစ်မျိုး ဖြစ်ပါတယ်။ သူ့ ကို Cadillac WTF လို့  ခေါ်တွင်စေပြီး ဖန်တီးသူ ကတော့ Loren Kulesus ပဲဖြစ်ပါတယ်။ Cadillac WTF ကို နှစ်ပေါင်း တစ်ရာလောက် ပြင်ဆင်မှု လုပ်စရာမလိုတဲ့ Nuclear fuel powering ဘက်ထရီတွေကို အသုံးပြုတပ်ဆင်ထားပါတယ်။ သူ့ ရဲ့ အဓိက အစိတ် အပိုင်း အကုန်နီးပါးလောက် ထိခိုက်ပျက်စီးလွယ်ပါတယ်။ သာမာန် ကားတွေမှာ ကားဘီးစုစု ပေါင်း လေးဘီးသားပါဝင်ပေမယ့် Cadillac WTF မှာတော့ တစ်ဘီးထဲမှာတင် တာယာ ၆ လုံးပါဝင်ဖွဲ့ စည်းတည်ဆောက်ထား သဖြင့် ဘီးလုံးရေ ၂၄ လုံးခန့် ပါဝင်တဲ့ အပြင် ကားဘီး တစ်ဘီးတိုင်း မှာလည်း မော်တာတစ်လုံးစီတပ်ဆင် ထားရှိပေးထားပါတယ်။ “Cadillac WTF ရဲ့  တာယာတွေကို ငါးနှစ်ပြည့်တိုင်း လိုအပ်သလိုပြင်ဆင်ဖို့ သာ လိုအပ်ပြီး ပစ္စည်းအသစ်ထပ်ထည့်ဖို့ ၊ လဲပစ်ဖို့  မလိုကြောင်း” Kulesus ကပြောသည်။

မူရင်းသတင်း--AF Ijournal 
Post By : အေးချမ်းမွန်
အကန့် အသတ် မဲ့ ခံစားမှုတွေ၊ ဆုံးစမဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေနဲ့ 
အတူ မြင့်မားတဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ကြီးမားတဲ့စွမ်းအင်သစ်
တွေ ပေါင်းစပ် ပါဝင်တဲ့ ဒီဇိုင်းဆန်းလှတဲ့ Cadillac ရဲ့  ထုတ်ကုန်သစ် တစ်မျိုး ဖြစ်ပါတယ်။ သူ့ ကို Cadillac WTF လို့ 
ခေါ်တွင်စေပြီး ဖန်တီးသူ ကတော့ Loren Kulesus ပဲဖြစ်ပါတယ်။ Cadillac WTF ကို နှစ်ပေါင်း တစ်ရာလောက် ပြင်ဆင်မှု လုပ်စရာမလိုတဲ့ Nuclear fuel powering ဘက်ထရီတွေကို အသုံးပြုတပ်ဆင်ထားပါတယ်။ သူ့ ရဲ့ အဓိက အစိတ် အပိုင်း အကုန်နီးပါးလောက် ထိခိုက်ပျက်စီးလွယ်ပါတယ်။

ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)

Photo: ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)

ရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။

ယင်းသို့ လောင်းပေးပြီးနောက် ပွင့်လာတဲ့ နှင်းဆီကတော့ ဝါ၊စိမ်း၊ နီ၊ ပြာ၊ လိမ္မော်၊ ဖြူ၊ ပန်း၊ ခရမ်း အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် အရောင်ထွက်စေပါ တယ်။ သက်တံ့ကဲ့သို့ အရောင်စုံလင်စွာ ဖူးပွင့်နေတဲ့ နှင်းဆီပန်းပွင့်ကို ယခု ကဲ့သို့ တွေ့မြင်ရပါတယ်။
---
Ref:unsualfact.

http://innewsmyanmar.blogspot.com/2012/10/blog-post_682.html
http://www.facebook.com/photo.php?fbid=371642669589538&set=a.150971318323342.40753.150948268325647&type=1&theater
မူရင်းသတင်း-- International news for myanmar
Post By : အေးချမ်းမွန်
ရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပ
ါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ



အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေသည့်အတွက် ဗိုလ်ချုပ်ကျေးရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ်သူကို တစ်ဦးတည်းထားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျောက်တန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေစဉ် သမီးဖြစ်သူမှာ နေအိမ်မှရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ရာ လေးအိမ်ကျော်အရောက်တွင်နေထိုင်သူ အသက် ၄၃ အရွယ်ရှိ အမျိုးသားတစ်ဦးက အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ပြီး ၎င်း၏နေအိမ်အခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု

Photo: အီရန်နဲ့ဆီးရီးယားကို ရည်ရွယ်တဲ့ အစ္စရေး အမေရိကန် ပူးတွဲ
စစ်ရေးလေ့ကျင့်မှု


အီရန်နှင့် ဆီးရီးယားနိုင်ငံသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပူးပေါင်း
...စစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည
်
လေကြောင်းရန် ကာကွယ်ရေး (Air Pelence) ပူးတွဲ စစ်ရေးလေ့ကျင့်မှု
တစ်ခုကို အောက်တိုဘာ ၂၁ ရက်မှစ၍ ရက်သတ်္တ သုံးပတ်ကြာလေ့ကျင့် မည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအမည် မှာ “တော်စတာချဲလင်း ၂၀၁၂” (Austere Challenge2012) ဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကုန်ခဲ့ သည့် ဧပြီလအတွင်းကပင် လေ့ကျင့်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်း
မညီညွတ်၍ ရွှေ့ဆိုင်းခဲ့ရသည်။ အစ္စရေးကာကွယ်ရေး ၀န်ကြီးအီစွတ်ဘာရက်
ကကာကွယ် ရေးအသုံးစရိတ်အကန့်အသတ် ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်
သည် ဟု ဂျေရုဆလင်ပို့စ်တွင် ဖော်ပြသည်။ အမေရိကန်ကလည်း ဧပြီ လပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၎င်းတို့တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ မျှ ပါဝင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်တို့စစ်သည် အင်အား
လျှော့ချမည်ဟု ကြေညာခဲ့သည်။ ယခုစစ်သည် အင်အား ၁၅၀၀ ပါဝင်
မည်ဟု အမေရိကန်စစ်ဘက်ကပြောသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် အမေရိကန်အကြံပေး အရာရှိစစ်သည်
များ ခေတ်မီနည်း ပညာသုံးဒုံးလက်နက်များနှင့် ပစ်ခတ်စင်များအား
အောက်တိုဘာ ၁၄ ရက်တွင်အစ္စရေးသို့ အရောက်ပို့မည်ဟု အမေရိကန်က ထုတ်ဖော်ပြောကြားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်များ (Deii’s Objectives) အနက်တစ်ခုမှာ အကယ်၍ စစ်ရေးအရ လိုအပ်လာပါက အမေရိကန်
လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များအား အစ္စရေးတွင် အလျင်
အမြန်ဖြန့် ကြက်ချထားရန်ဖြစ်သည်။ စစ်ရေး လေ့ကျင့်မှုအတွင်း အီရန်နှင့် ဆီးရီးယားတို့က ပစ်ခတ်လာသည့် ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်
နိုင်သည့် ပက်ထရီယော့ဒုံးကျည် အဲရိုး-၂ဒုံးကျည်အစ္စရေးတို့၏ အိုင်ယွန်း
ဒုမ်:(Iron Dome)ဒုံးကျည်များအား လက်တွေ့စမ်းသပ်ပစ်ခတ်စဉ်များ
ပါဝင်မည်ဖြစ်သည်။ ထို့အပြင်ပက်ထရီယော့ဒုံးကျည်များအား အဆင့်မြှင့်
ထားသည့် ပက်ထရီယော့ ၃ ဒုံးကျည်များ သင်္ဘောဖျက်အေးဂျစ်စ် (Aegis) တိုက်ချင်းပစ်ဒုံးကျည်များနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်တာတိုပစ်ဒုံးကျည်များ အန္တရာယ်ကာကွယ်ရေးဆိုင်ရာလေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်သွား
မည်ဟုဆိုသည်။


မူရင်းသတင်း-- The Hot News
Post By : အေးချမ်းမွန်
အီရန်နှင့် ဆီးရီးယားနိုင်ငံသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပူးပေါင်း
...စစ်ဆင်တိုက်ခိုက်နိုင်ရန်အတွက် အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည

လေကြောင်းရန် ကာကွယ်ရေး (Air Pelence) ပူးတွဲ စစ်ရေးလေ့ကျင့်မှု
တစ်ခုကို အောက်တိုဘာ ၂၁ ရက်မှစ၍ ရက်သတ်္တ သုံးပတ်ကြာလေ့ကျင့် မည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအမည် မှာ “တော်စတာချဲလင်း ၂၀၁၂” (Austere Challenge2012) ဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကုန်ခဲ့ သည့် ဧပြီလအတွင်းကပင် လေ့ကျင့်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်း
မညီညွတ်၍ ရွှေ့ဆိုင်းခဲ့ရသည်။ အစ္စရေးကာကွယ်ရေး ၀န်ကြီးအီစွတ်ဘာရက်
ကကာကွယ် ရေးအသုံးစရိတ်အကန့်အသတ် ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်
သည် ဟု ဂျေရုဆလင်ပို့စ်တွင် ဖော်ပြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis