menu

Monday 7 October 2013

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ နှစ်ဖက်တပ်များ နေရာချရေးမြေပုံရေးဆွဲ ဆွေးနွေးမည်

Photo: အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ နှစ်ဖက်တပ်များ နေရာချရေးမြေပုံရေးဆွဲ ဆွေးနွေးမည်
--------------------
မြစ်ကြီးနား- အောက်တိုဘာ ၈ ရက်မှစတင်၍ ၃ ရက်ကြာပြုလုပ်မည့်အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေး မြေပုံရေးဆွဲထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
	
ထို့အပြင် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ ပူးတွဲစောင့်ကြည့်ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးတို့အတွက် မူများချမှတ်ရန်လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
	
“ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားဖို့ရှိတယ်။ ဘယ်အဆင့်ထိသွားမယ်ဆိုတာတော့ မသိသေးဘူး”ဟု ကေအိုင်အိုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကပြောသည်။

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ပြည်ထောင်စုအဆင့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တက်ရောက်မည်ဖြစ်သည်။ ကေအိုင်အိုဘက်မှ ဦးဆွမ် လွတ်ဂမ်ဦးဆောင်၍ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်လာမည် ဖြစ်သည်။
	
ဆွေးနွေးပွဲနှင့် ပတ်သက်၍ “ကျွန်တော်တို့က ခေါင်းစဉ်ပဲ ညှိပေးရတာ။ ဆွေးနွေးတာက တာဝန်ရှိသူတွေ ဆွေးနွေးလိမ့်မယ်။ ဘယ်လောက်ရမယ်ဆိုတာ ဆွေးနွေးပွဲပေါ်မူတည်တယ်”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကပြောသည်။
	
အစိုးရမှ အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်မှန်း ထားသည့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲ တွင် ကေအိုင်အိုအနေဖြင့် ပါဝင်ရန် ရှိ၊ မရှိမှာ ယခုဆွေးနွေးပွဲ ရလဒ်ပေါ်မူတည်သည်ဟု ဦးဒေါင်ခါးက ဆက်လက် ပြောကြားသည်။
	
အစိုးရနှင့် ကေအိုင်အိုပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေလနှောင်းပိုင်းက မြစ်ကြီးနားမြို့၌ နောက်ဆုံးပြုလုပ်ခဲ့ပြီး အပစ်အခတ်လျှော့ချရေးအပါအ၀င် အချက်ခုနစ်ချက်ကို သဘောတူညီခဲ့သည်။

ပုံစာ- ဆုတောင်းပွဲတွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်မြင်စေရန်နှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်နေသူများကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ- အောင်ခိုင်

မြစ်ကြီးနား- အောက်တိုဘာ ၈ ရက်မှစတင်၍ ၃ ရက်ကြာပြုလုပ်မည့်အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေး မြေပုံရေးဆွဲထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ ပူးတွဲစောင့်ကြည့်ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးတို့အတွက် မူများချမှတ်ရန်လည်း ဆွေးနွေးသွားမည်ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားဖို့ရှိတယ်။ ဘယ်အဆင့်ထိသွားမယ်ဆိုတာတော့ မသိသေးဘူး”ဟု ကေအိုင်အိုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကပြောသည်။

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းနှင့် သမ၀န်ကြီးဦးကျော်ဆန်းကို ၂၀၁၂ ကြံ့ခိုင်ရေး ပြည်လုံးကျွတ် ညီလာခံတွင်တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ်ကြီး၍ ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် အခြေခံဥပဒေအသစ် ရေးဆွဲမှုသည် ငြိမ်းချမ်းရေးကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီက အောက်တိုဘာလ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း(သို့မဟုတ်) ပြန်လည်ရေးဆွဲခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးထားပြီး ယင်းကြေညာချက်သည် တိုင်းပြည်အတွက် အကောင်းဆုံး သော အကြံပြုချက်တခု ဟုဆိုနိုင်ကြောင်း၊ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲလျှင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အရှိန်ရနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ဦးအောင်သောင်းက ဧရာဝတီသို့ ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

Photo: အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု၌ အသက်ပေးခဲ့ရသူ သတင်းထောက် ဦးတင်ကြိုင်

Written by တင်နိုင်တိုး 

၉ အောက်တိုဘာ ၁၉၈၃ နံနက် ၁၀ နာရီ ၂၅မိနစ်ခန့်တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်က ၉ အောက်တိုဘာ ၂၀၁၃ တွင် အနှစ်(၃၀) တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။

တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်

တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝှမ်နှင့်အဖွဲ့ အာဇာနည် ခေါင်းဆောင်ကြီး များ၏ အုတ်ဂူသို့ လွမ်းသူ့ပန်းခွေချရန် လာရောက်စဉ် မစ္စတာချန်ဒူးဝှမ်နှင့် အဖွဲ့ အာဇာနည်ကုန်းသို့ မရောက်မီ ယင်းသို့ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို သိလျှင်သိချင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် အစိုးရ ဧည့်ဂေဟာသို့ သွားရောက်ကာ သမ္မတကြီး ချန်ဒူးဝှမ်အား အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ပြန်လည်ထွက်ခွာ

ဗုံးပေါက်ကွဲမှုနှင့် ကြုံတွေ့ရပြီးနောက် ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီး မစ္စတာချန်ဒူးဝှမ်နှင့် အဖွဲ့သည် မူလခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားပါသည်။ ဧည့်သည်တော် သမ္မတကြီး မစ္စတာချန်ဒူးဝှမ်နှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး အဖွဲ့အား နိုင်ငံတော် သမ္မတကြီး ဦးစန်းယုနှင့်ဇနီး၊ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးအေးကိုနှင့်ဇနီး၊ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်နှင့်ဇနီး၊ ၀န်ကြီးချုပ် ဦးမောင်မောင်ခနှင့် နိုင်ငံခြားရေး ၀န်ကြီးဦးချစ်လှိုင် စသူတို့က မင်္ဂလာဒုံ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။

အသက်ဆုံးရှုံးခဲ့ ကြရသူများ

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား နိုင်ငံမှ ဒုတိယ၀န်ကြီးချုပ်နှင့် စီးပွားရေး စီမံကိန်း အဖွဲ့ရေးရာဝန် ကြီး မစ္စတာဆောဆော့ခ်ဂျွန်း၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဘမ်ဆော့ခ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး မစ္စတာကင်ဒုံဝှီး၊ စွမ်းအင်နှင့် သယံဇာတပစ္စည်း ရေးရာဝန်ကြီး မစ္စတာဆောဆန်ချားလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီကေချူးတို့ အပါအ၀င် ၁၆ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရရှိ ခဲ့ကြသည်။

မြန်မာဘက်မှ အသက်ဆုံးရှုံး ကြရသူများမှာ သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း ဗိုလ်တထောင် သတင်းစာတိုက်မှ အကြီးတန်း သတင်းထောက် ဦးတင်ကြိုင်၊ ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းမှူး ဦးအုန်းကျော်နှင့် ထုတ်လုပ်ရေး အဖွဲ့သား ဦးအောင်နိုင်တို့ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများ

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကျော်မြင့်၊ ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းမောင်နှင့် အခြား ၃၁ ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် နိုင်ငံတော် သမ္မတဦးစန်းယုနှင့်အတူ ဧည့်သည်တော် သမ္မတကြီးအား အစိုးရ ဧည့်ဂေဟာတွင် သွားရောက် ၀မ်းနည်းစကား ပြောကြားခဲ့ပြီးနောက် တပ်မတော် အမှတ်(၂)ဆေးရုံကြီးသို့ သွားရောက်ကာ ထိခိုက်ဒဏ်ရာ ရရှိသူများကို အားပေးစကား ပြောကြားခဲ့သည်။

သတင်းထုတ်ပြန်ချက်

(၉-၁၀-၁၉၈၃) ရက်စွဲဖြင့်ပင် နိုင်ငံတော် သမ္မတကြီး ဦးစန်းယု လက်မှတ်ဖြင့် သတင်းထုတ်ပြန် ကြေညာရာ၌ ကိုရီးယား သမ္မတနိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက် နေစဉ်အတွင်း သူရဲဘော ကြောင်စွာဖြင့် အကြမ်းဖက် ဆောင်ရွက်ခဲ့သည့် အပြုအမူကြောင့် အသက်ဆုံးရှုံး ခဲ့ရသော ကိုရီးယားသမ္မတ နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ဝင်များ အတွက် အထူးကြေကွဲ ၀မ်းနည်းပါကြောင်း ဖော်ပြပါရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် အစိုးရရုံးများ၊ စက်ရုံ အလုပ်ရုံ တိုက်တာများ၌ ၀မ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်တင်ကြရန် ကိုလည်း ၀န်ကြီးချုပ်ရုံးမှ ကြေညာခဲ့သည်။

ဖမ်းဆီးရမိ

၁၀ အောက်တိုဘာ ၁၉၈၃ ည ၉ နာရီခွဲတွင် တာဝန်သိ လုပ်သားပြည်သူများ၏ သတင်းပေးမှုကြောင့် ပုဇွန်တောင် ချောင်းအတွင်း ရေလယ်တွင် ခေါင်းဖော်၍ ကူးခတ်လာစဉ် ၀ိုင်းဝန်းဖမ်းဆီးကြရာ အနီးရောက်မှ လက်ထဲတွင် ကိုင်ထားသည့် လက်ပစ်ဗုံးဖြင့်ပစ်ရန် ကြိုးစားရင်း ပေါက်ကွဲသွားသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကောမှူးမြို့နယ် သခွပ်ပင် ကျေးရွာမှ တာဝန်သိ ပြည်သူတို့၏ သတင်းပေးချက်အရ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် လေးဦးက စစ်ဆေးရန် ခေါ်ယူလာစဉ် တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးကို အသေဖမ်းမိခဲ့သည်။

အောက်တိုဘာလ ၁၂ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် တပ်မတော်သားများနှင့် ပြည်သူများက ထွက်ပြေး လွတ်မြောက်သွားသော တရားခံအား ကော့မှူးမြို့နယ် ကွင်းဝိုင်းရွာ မြောက်ဘက်တွင် ဖမ်းဆီးရမိခဲ့သည်။ အရှင်ဖမ်းဆီးရန် ကြိုးပမ်းစဉ် လက်ပစ်ဗုံး ချခွဲလိုက်သဖြင့် တရားခံ၏ လက်နှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာအကြီးအကျယ် ရရှိသွားကာ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ

မြန်မာမြေပေါ်၌ ဖြစ်ပွားခဲ့သည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့၏ ပဋိပက္ခ ပြဿနာကြောင့် ပြည်သူအချို့ အသက်ဆုံးရှုံး ခဲ့ရရာတွင် သတင်းထောက် ဦးတင်ကြိုင်လည်း ပါဝင်ခဲ့သည်။ သမ္မတကြီး ချန်ဒူးဝှမ်နှင့် ဦးစန်းယုတို့ အာဇာနည်ကုန်းသို့ မရောက်ရှိမီ ၅ မိနစ် အလိုတွင် မျက်နှာကျက်ပေါ်၌ ကြိုတင် ထည့်ထားသည့် အဝေးထိန်းစနစ်သုံးဗုံး ပေါက်ကွဲခဲ့သည်။ တရားခံ သုံးဦးမှာ မြောက်ကိုရီးယား အထူးလေ့ကျင့်ရေး တပ်ဖွဲ့မှ ဗိုလ်မှူးဇင်မို၊ ဗိုလ်ကြီး ကင်မင်ချူးနှင့် ဆင်ကီချူးတို့ ဖြစ်ကြသည်။

အကြီးတန်း သတင်းထောက် ဦးတင်ကြိုင်

၉ အောက်တိုဘာ ၁၉၈၃ နံနက်ပိုင်းတွင် အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲစဉ် ဗိုလ်တထောင် သတင်းစာ အကြီးတန်း သတင်းထောက်ဦးတင်ကြိုင်မှာ တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့သည်။ ဦးတင်ကြိုင်သည် စာပေလုပ်သား အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး အဖွဲ့ဝင် အမှတ်မှာ (၃၄၆၄) ဖြစ်ပါသည်။

ဦးတင်ကြိုင်ကို ၁၂ အောက်တိုဘာ ၁၉၄၀ တွင် အဖဦးသာဒွန်းအောင်၊ အမိ ဒေါ်ညွန့်ရီတို့က ကျိုက်လတ်မြို့၌ ဖွားမြင်ခဲ့သည်။ ဦးတင်ကြိုင်သည် လုပ်သားပြည်သူ့ နေ့စဉ်(အင်္ဂလိပ်) သတင်းစာ၊ ဗိုလ်တထောင် သတင်းစာတို့တွင် အကြီးတန်း သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ကွယ်လွန်စဉ် ဇနီး ဒေါ်ရီရီနှင့် သားသမီးငါးဦး ကျန်ရစ်ခဲ့သည်။

ဘ၀နိဂုံး

အာဇာနည်ကုန်း ဗုံးပေါက်ကွဲစဉ် သတင်းထောက် ဦးတင်ကြိုင်မှာ ရင်ဘတ်နှင့် မျက်နှာတွင် ဗုံးဆန်အချို့ ထိမှန်ခဲ့သည်။ ကြေးမုံသတင်းစာမှ အယ်ဒီတာ ဦးကိုကိုကြီးက ကံကောင်းထောက်မ၍ လွတ်မြောက် သွားခဲ့သည် ဆိုသည်။ သူကဦးတင်ကြိုင်ကို ရန်ကုန်ဆေးရုံကြီးသို့ အမြန်သယ်ပို့ ပေးရာတွင် ကူညီခဲ့သည်။ ဦးတင်ကြိုင်သည် ကားပေါ်မှ ရွှေတိဂုံ စေတီတော်အား လက်အုပ်ချီလျက် ကန်တော့ သွားသေးကြောင်း ၀မ်းနည်းကြေကွဲဖွယ် ကြားသိရပါသည်။ ဆေးရုံအရောက်တွင် ဦးတင်ကြိုင် ကွယ်လွန်သွားပါသည်။

ကျန်ရစ်သူ ဇနီး၏ ပြောပြချက်

ထိုနေ့က အဖြစ်အပျက်ကို ကျန်ရစ်သူ ဇနီးဒေါ်ရီရီက ''အဲဒီနေ့က ကိုတင်ကြိုင် မနက် ၈ နာရီလောက် အိမ်က ထွက်သွားတယ်။ အာဇာနည်ကုန်းမှာ အဆိုင်းမင့် ရှိတယ်လို့ ပြောသွားတယ်။ အဲဒီကပြီးရင် ရွှေတိဂုံဘုရားကို ဆက်သွားရမယ် ပြောတယ်။ အာဇာနည်ကုန်း ဗုံးခွဲခံရတော့ ပြန်လာတဲ့ သူတွေက ဗုံးပေါက်တဲ့အကြောင်း ပြောကြတယ်။ ကိုတင်ကြိုင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူးလို့ ဆိုကြတယ်။ ကိုတင်ကြိုင်ကို ဆေးရုံကို ခေါ်သွားကြတော့ သူ့အတွက် ဘာမှမပူဖို့ ပြောသွားသေးတယ်တဲ့။ အဲဒီနေ့က သူအလုပ်သွားခါနီး သားသမီးတွေကို နှုတ်ဆက် သွားသေးတယ်။ သူဆုံးသွားပြီ ဆိုတော့ တပ်မတော် စစ်ဆေးရုံမှာ ထားတယ်။ နောက်တစ်နေ့မှ ခဏသွားကြည့်ခွင့် ရတယ်။ နောက်နိုင်ငံတော် ဈာပနအနေနဲ့ ကျင်းပပေးပါတယ်'' ဟု ပြန်လည် ပြောပြခဲ့သည်။

ယခုအခါ အသက် ၇၀ အရွယ် ရှိပြီဖြစ်သော ကြီးကြီးဒေါ်ရီရီသည် ထိုစဉ်က ဗဟန်းအမက(၁၇)တွင် ကျောင်းအုပ် ဆရာမကြီးအဖြစ် အမှုထမ်းနေချိန် ဖြစ်ပါသည်။ အာဇာနည်ဗိမာန်တွင် ဗုံးဖောက်ခွဲမှုကြောင့် သတင်းထောက် ဦးတင်ကြိုင် အသက်ပေးခဲ့ရသည့် အဖြစ်အပျက်က နှစ်ပေါင်း ၃၀ ကြာမြင့်သည့်တိုင် မနေ့တစ်နေ့က ကဲ့သို့ပင် မှတ်ထင်နေရဆဲ ဖြစ်ပါသည်။

ကျမ်းကိုး

၁။ မြောက်ကိုရီးယားကွန်မန်ဒိုများ၏ အာဇာနည်ဗိမ္မာန်ဗုံးဖောက်ခွဲမှု (ကောင်းထက်)

၂။ ၀မ်းနည်းကြောင်းမှတ်တမ်း (စာပေလုပ်သား ၁၉၈၃ နိုဝင်ဘာ)

၃။ အာဇာနည်ကုန်း၌ ကျဆုံးရသော သတင်းထောက်(မြတ်ဆွေ) မြန်မာသံတော်ဆင့် (၁၉/၂၆-၇-၂၀၁၃)

၎။ ဦးတင်ကြိုင်၏ဇနီး ဆရာမကြီးဒေါ်ရီရီနှင့် တွေ့ဆုံမေးမြန်းချက် (၆-၁၀-၂၀၁၃)

ဗုံးပေါက်ကွဲမှု၌ အသက်ဆုံးရှုံးခဲ့ရသူ သတင်းထောက်ဦးတင်ကြိုင်
ဗုံးပေါက်ကွဲမှု၌ အသက်ဆုံးရှုံးခဲ့ရသူ သတင်းထောက်ဦးတင်ကြိုင်

Written by တင်နိုင်တိုး

၉ အောက်တိုဘာ ၁၉၈၃ နံနက် ၁၀ နာရီ ၂၅မိနစ်ခန့်တွင် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်က ၉ အောက်တိုဘာ ၂၀၁၃ တွင် အနှစ်(၃၀) တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။

တောင်ကိုရီးယား သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်

တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝှမ်နှင့်အဖွဲ့ အာဇာနည် ခေါင်းဆောင်ကြီး များ၏ အုတ်ဂူသို့ လွမ်းသူ့ပန်းခွေချရန် လာရောက်စဉ် မစ္စတာချန်ဒူးဝှမ်နှင့် အဖွဲ့ အာဇာနည်ကုန်းသို့ မရောက်မီ ယင်းသို့ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၉ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို သိလျှင်သိချင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် အစိုးရ ဧည့်ဂေဟာသို့ သွားရောက်ကာ သမ္မတကြီး ချန်ဒူးဝှမ်အား အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။  ဒေါ်အယ်လ်ခွန်းရီဟာ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးလည်း  ဖြစ်ပါတယ်။ 


Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ နောက်ဆုံး ဇကာတင် ၅ ဦး၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

 
အပြည့်အစုံကို Miss Myanmar Universe အင်တာနက် စာမျက်နှာကတဆင့် ပြန်လည် ကူးယူဖော်ပြပေး လိုက် ပါတယ်။ 

 "အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က
ငွေကြေး   များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်.. 

သေချာတယ်၊ စိတ်ချလိုက် တို့လူငယ်

အခုတင်ပြမယ့် Sure Methods for Lazy Crazy Youth ရဲ့ အကြောင်းအရာတွေက  ဘ၀မှာ အလွန်အင်မတန် အောင်မြင်ချင်ပါတယ် ဆိုတဲ့ လူငယ်တိုင်းအတွက် အကောင်းဆုံးနဲ့ အသေချာဆုံး နည်းလမ်းတွေ တင်ပြပေးမှာ ဖြစ်တယ်။ ဒါကြောင့် သေချာတယ်၊ စိတ်ချလိုက် တို့လူငယ် လို့ အမည်ပေး လိုက်တာပဲ။ 
 


  (ပျင်းပျင်းရိရိ ပြင်းပြင်းပြပြ ဘ၀အောင်မြင်ရေးစာစု)
 ရိုးသား ကြိုးစားသော၊ ပညာတော် ပညာတတ်သော၊ ခိုင်လုံပေါများကြွယ်ဝတဲ့ မျိုးဆက်မိဘတွေက ပေါက်ဖွားလာသော စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပြီးသား လူငယ်တွေက ဘ၀ အောင်မြင်ဖို့ သူတို့ဘာသာ သူတို့ အသေအချာ ရှိနေပြီးသားပါ။ ဒါပေမယ့် ပျင်းတတ်တဲ့သူ၊ အချောင်ခိုတတ်တဲ့သူ၊ ပေါ့ပေါ့တန်တန်နေပြီး ဇိမ်ကျကျခံစားလိုသူ လူငယ်တွေမှာကျတော့ အောင်မြင်ဖို့ နည်းလမ်း မရှိသလိုလို၊ ဘ၀မှာ မအောင်မြင်နိုင်ဘူးလို့ ထင်စရာလိုလို ဖြစ်နေတယ်။

ကျောင်းကုန်းတွင် ဆူပူအောင်လှုံ့ဆော်သူလေးဦးကို စတင်ဖမ်းဆီး

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၆ ရက် ညနေက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များဖျက်ဆီးရန် လှုံ့ဆော် သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၅ ရက် ဖြစ်စဉ်တွင် လှုံ့ဆော်သူနှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လှုံ့ဆော်ရာမှပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက အောက်တိုဘာ ၆ ရက်ညတွင် ပြောသည်။ ယခုလောလောဆယ် အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီ ၀န်းကျင်တွင် လိုက်လံလှုံ့ဆော်သူ ဒေသခံလေးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၅ရက်ညတွင် ကျောင်းကုန်းမြို့၌ (၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦးကို ဘာသာခြားတစ်ဦးက သားမယားပြုကျင့်သည်ဟုဆိုကာ ဒေသခံများက ထိုဘာသာခြား နေထိုင်သောတဲအိမ်နှင့် အခြားတဲအိမ် နှစ်လုံးကို ဖျက်ဆီးလိုက်ပြီး ရုန်းရင်း ဆန်ခတ်မှုများ ထပ်မံဖြစ်ပွား မည့်အခြေအနေဖြစ်လာ၍ ရဲတပ်ဖွဲ့နှင့် သံဃာတော်များက ထိန်းသိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

၁၆ မိုင်ဂိတ် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ

Photo: ၁၆ မိုင်ဂိတ် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ

မန္တလေး၊ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့် ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ် သုံးစီးပေါ်တွင် ဂုန်နီအိတ်ဖြင့် ထည့်ထားသော ၂၁၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ကာလတန်ဖိုး ပမာဏကိုမူ တွက်ချက်ဆဲ ဖြစ်ကြောင်း၊ အဆိုပါ ကုန်တင်ယာဉ် သုံးစီး မောင်းနှင်သူများကို ကျောက်မျက်ပုဒ်မ ၄၂ (က) အရ အုန်းချော နယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၁၃၀/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီခန့်က မတ်တူး အဖြူရောင် ယာဉ် ၅ဂ/၆၈၂၀ ကို ရှာဖွေရာ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၂၈ အိတ်ကို တွေ့ရှိ၍ အဆိုပါ ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည့် ယာဉ်မောင်းနှင့်အတူ ပါလာသူတစ်ဦးကို အကောက်ခွန်ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားလျက်ရှိပြီး သက်ဆိုင်နယ်မြေရဲစခန်း (အုန်းချော) က (ပ)၁၃၃/၂၀၁၃ ကျောက်မျက်ပုဒ်မ ၄၂ (က) အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။
“အခုလိုမျိုး တရားမဝင် သယ်ဆောင်တာကတော့ ပထမဦးဆုံး တိုင်းပြည် နစ်နာတာပေါ့။ ပြည်တွင်း မှာရှိတဲ့ ကျောက်စိမ်းကုန်သည်တွေရဲ့ စီးပွားရေး နစ်နာတယ်။ ပုံမှန်အတိုင်း တရားဝင်နဲ့ သယ်ဆောင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးအများကြီး ရှိပါတယ်” ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အခြေစိုက် ကျောက်စိမ်းကုန်သည် ဦးကျော်မြင့်က ဆိုသည်။

မြန်မာနိုင်ငံ ကျောက်စိမ်း အဓိကဈေးကွက် တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်း ကုန်ကြမ်း ရှားနေသဖြင့် တရုတ်ဝယ်လက်များ ထက်ဝက်ခန့် လျော့နည်း သွားပြီး ဈေးကွက်အေးနေကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်စိမ်း ကုန်သည်များက သုံးသပ်ပြောကြားသည်။

မန္တလေး၊ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့် ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်က ကုန်တင်ယာဉ် သုံးစီးပေါ်တွင် ဂုန်နီအိတ်ဖြင့် ထည့်ထားသော ၂၁၅ ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ကာလတန်ဖိုး ပမာဏကိုမူ တွက်ချက်ဆဲ ဖြစ်ကြောင်း၊ အဆိုပါ ကုန်တင်ယာဉ် သုံးစီး မောင်းနှင်သူများကို ကျောက်မျက်ပုဒ်မ ၄၂ (က) အရ အုန်းချော နယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၁၃၀/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ကလေးမြို့၌ ရေဘေးကြောင့် ပျောက်ဆုံးသူ ခုနစ်ဦးထိ မြင့်တက်

Photo: ကလေးမြို့၌ ရေဘေးကြောင့် ပျောက်ဆုံးသူ ခုနစ်ဦးထိ မြင့်တက်

ကလေး၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး မြစ်သာမြစ်နှင့် နေရဉ္ဇရာ မြစ်ရေလျှံ တက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုများကြောင့် မူလပျောက်ဆုံးသူ သုံးဦးခန့်မှာ လက်ရှိတွင် ခုနစ်ဦးခန့်အထိ မြင့်တက်လာခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်။
“အခုထိ အလောင်း ပြန်ရှာမတွေ့သေးပါဘူး။ အလောင်း မတွေ့တဲ့အတွက် သေဆုံးစာရင်းထဲ ထည့်လို့မရဘူး။ ပျောက်ဆုံးတယ်လို့ပဲ သတ်မှတ်ရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျောက်ဆုံးသူများမှာ ကလေးမြို့ စမ်းမြို့ရပ်ကွက်နေသူ နှစ်ဦးနှင့် စခန်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ အပါအဝင် စုစုပေါင်း ခုနစ်ဦးဖြစ်ပြီး သေဆုံးသူများကို အသက် ၁၈ နှစ် အောက်ဖြစ်ပါက ငါးသောင်းကျပ်၊ အသက် ၁၈ နှစ် အထက်ဆိုပါက တစ်သိန်းကျပ် သတ်မှတ် ကူညီပေးရန် စီစဉ်နေကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

အဆိုပါ စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပေါ် ခဲ့သော တောင်ကျ ချောင်းရေကြောင့် ကလေးမြို့နယ်၊ နတ်ကြီးကုန်း ကျေးရွာအနီးရှိ ဘုံးချောင်းအနီး တောင်ယာအခင်းတဲ ၄၀ လုံးခန့် ရေမျောပါသွားခဲ့ပြီး အနည်းဆုံး လူသုံးဦးနှင့် တိရစ္ဆာန်များ ပါဝင်ကြောင်း၊ နန်းစောင်းပု ကျေးရွာတွင်လည်း နေရဉ္ဇရာ မြစ်ရေကြောင့် ကမ်းပါးပြိုကာ နေအိမ်နှစ်လုံး ရေမျောပြီး ငါးလုံးခန့်မှာ ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ရေကြီးမှုများကြောင့် ကလေးမြို့နယ်အတွင်း ဆည်ကြီးချောင်း တံတား၊ နတ်တံခါးချောင်းတံတား၊ ဆိပ်ကမ်းသာတံတား၊ နန်းကလိန်ချောင်း တံတားတို့မှာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပြီး ဆိပ်ကမ်းသာတံတားကို ကမ္ဘောဇဘဏ်က တာဝန်ယူ ပြန်လည် ပြုပြင် တည်ဆောက်ပေးမည် ဖြစ်ပြီး ဆည်ကြီးချောင်းတံတားကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ပြန်လည် ပြုပြင် တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှထပ်မံ သိရသည်။

လက်ရှိကလေးမြို့တွင် ရေပြန်ကျနေပြီ ဖြစ်သောကြောင့် ရေဘေးကယ်ရေး စခန်းများတွင် သွားရောက် နေထိုင်ကြသူများသည် မူလနေထိုင်ရာ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်သူများ ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ရေဘေးသင့် ကယ်ဆယ်ရေး စခန်းများထံမှ သိရသည်။ 

မြတ် (ကလေး)

ကလေး၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး မြစ်သာမြစ်နှင့် နေရဉ္ဇရာ မြစ်ရေလျှံ တက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုများကြောင့် မူလပျောက်ဆုံးသူ သုံးဦးခန့်မှာ လက်ရှိတွင် ခုနစ်ဦးခန့်အထိ မြင့်တက်လာခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက The Voice သို့ အတည်ပြု ပြောကြားသည်။
“အခုထိ အလောင်း ပြန်ရှာမတွေ့သေးပါဘူး။ အလောင်း မတွေ့တဲ့အတွက် သေဆုံးစာရင်းထဲ ထည့်လို့မရဘူး။ ပျောက်ဆုံးတယ်လို့ပဲ သတ်မှတ်ရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျောက်ဆုံးသူများမှာ ကလေးမြို့ စမ်းမြို့ရပ်ကွက်နေသူ နှစ်ဦးနှင့် စခန်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ အပါအဝင် စုစုပေါင်း ခုနစ်ဦးဖြစ်ပြီး သေဆုံးသူများကို အသက် ၁၈ နှစ် အောက်ဖြစ်ပါက ငါးသောင်းကျပ်၊ အသက် ၁၈ နှစ် အထက်ဆိုပါက တစ်သိန်းကျပ် သတ်မှတ် ကူညီပေးရန် စီစဉ်နေကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

စက်လှေပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲက ပုဂ္ဂလိက လေဆိပ်တခုမှာ ကုန်ပစ္စည်းတင် စက်လှေ ၁ စင်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် မြန်မာလုပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုဟာ အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာလို့ ရနောင်း မိတ်သဟာ နာရေးကူညီမှုအသင်း တာဝန်ရှိသူ ဦးသားကျော်က ပြောပါတယ်။

ဦးသားကျော်က “လှေအနောက်ဘက်မှာ ဂက်စအိုးပေါက်တယ်။ ၇ ယောက်မှာ ၆ ယောက်က ဒဏ်ရာရတယ်။ တယောက်က သေဆုံးတယ်” လို့ ပြောပါတယ်။

အီဂျစ်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒမပြရန် အာဏာပိုင်များ ပြင်းပြင်းထန်ထန် သတိပေး

Photo: အီဂျစ်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒမပြရန် အာဏာပိုင်များ ပြင်းပြင်းထန်ထန် သတိပေး

ကိုင်ရို၊ အောက်တိုဘာ ၆

အီဂျစ်-အစ္စရေး  ၁၉၇၃ ခုနှစ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားကို တနင်္ဂနွေ နေ့တွင်ကျင်းပမည် ဖြစ်ပြီး ယင်းနေ့တွင် တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြသူများကို နိုင်ငံခြား သြဇာခံများအဖြစ် သတ်မှတ်မည်ဟု အီဂျစ်အာဏာပိုင်များက ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင် ညီနောင်များအဖွဲ့က တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းကြောင့် အီဂျစ်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှု မပြုလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က မွတ်ဆလင် ညီနောင်များအဖွဲ့က ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပြီး ယင်းဆန္ဒပြပွဲသည် သြဂုတ် ၁၄ ရက်နေ့၌ မွတ်ဆလင် ညီနောင်များ အဖွဲ့၏ သပိတ်စခန်းများ ဖြိုခွင်း ခံခဲ့ရပြီးသည့်နောက် ပေါ်ထွက်လာသော အတင့်ရဲဆုံး ဆန္ဒပြမှုများ ဖြစ်သည်။

ထို့အပြင် ၁၉၇၃ ခုနှစ် စစ်ပွဲ အထိမ်းအမှတ်နေ့တွင် လူထုဆန္ဒပြပွဲကြီးများ ကျင်းပရန် မွတ်ဆလင် ညီနောင်များအဖွဲ့နှင့် အခြားသော အဖွဲ့များက စီစဉ်ထားခြင်းကြောင့် ဆန္ဒမပြရန် အီဂျစ်အာဏာပိုင်များ တားမြစ် သတိပေးထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ပွဲအတွင်း အီဂျစ်တပ်ဖွဲ့ဝင်များက ဆိုင်းနိုင်းဒေသရှိ အစ္စရေး ခံစစ်စခန်းများကို ထိုးဖောက်ပြီး ဆူးအက်တူးမြောင်းကို ဖြတ်သန်း ချီတက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစ္စရေး တပ်ဖွဲ့ဝင်များက အီဂျစ်ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့သည်။
“စစ်အောင်ပွဲနေ့ (၁၉၇၃ ခုနစ် အောက်တိုဘာ ၆ စစ်ပွဲ) နေ့မှာ တပ်မတော်ကို ဆန္ဒပြသူတွေကို နိုင်ငံခြား လက်ပါးစေလို့ သတ်မှတ်မယ်။ တက်ကြွလှုပ်ရှားသူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ အာဏာပိုင် ဆန့်ကျင်ရေးကနေ နိုင်ငံတော် ဆန့်ကျင်ရေးဆီကို ကူးပြောင်းဖို့ မသင့်လျော်ပါဘူး” ဟု အီဂျစ်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အပြင် အထိမ်းအမှတ်နေ့အတွင်း ရဲတပ်ဖွဲ့စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အကြမ်းဖက်သမားများ စီစဉ်ထားသည်ကို ကြိုတင် တားဆီးနိုင်လိုက်ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အစ္စလာမ္မစ်ဝါဒီ သမ္မတမော်စီကို တပ်မတော်က စစ်အာဏာ သိမ်းလိုက်ပြီးနောက် ကြားဖြတ် အစိုးရသစ်တစ်ရပ်ကို တင်မြှောက်လိုက်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပြုထားသော်လည်း မွတ်ဆလင် ညီနောင်များအဖွဲ့က ကန့်ကွက်နေခြင်းကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားလျက်ရှိသည်။

အသစ်ထပ်မံ ရေးဆွဲမည့် အခြေခံဥပဒေသစ်မှာ အီဂျစ်နိုင်ငံသားအားလုံး အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည် ဖြစ်ကြောင်း အခြေခံဥပဒေ ရေးဆွဲပြီးသည့် နောက်တွင် ရွေးကောက်ပွဲများ ချက်ချင်း ကျင်းပပေးမည် ဖြစ်ကြောင်း ကြားဖြတ် အစိုးရသမ္မတ အတ်လီမန်ဆာက ကတိပြု ပြောကြားသည်။

ကိုင်ရို၊ အောက်တိုဘာ ၆

အီဂျစ်-အစ္စရေး ၁၉၇၃ ခုနှစ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားကို တနင်္ဂနွေ နေ့တွင်ကျင်းပမည် ဖြစ်ပြီး ယင်းနေ့တွင် တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြသူများကို နိုင်ငံခြား သြဇာခံများအဖြစ် သတ်မှတ်မည်ဟု အီဂျစ်အာဏာပိုင်များက ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင် ညီနောင်များအဖွဲ့က တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းကြောင့် အီဂျစ်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှု မပြုလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က မွတ်ဆလင် ညီနောင်များအဖွဲ့က ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပြီး ယင်းဆန္ဒပြပွဲသည် သြဂုတ် ၁၄ ရက်နေ့၌ မွတ်ဆလင် ညီနောင်များ အဖွဲ့၏ သပိတ်စခန်းများ ဖြိုခွင်း ခံခဲ့ရပြီးသည့်နောက် ပေါ်ထွက်လာသော အတင့်ရဲဆုံး ဆန္ဒပြမှုများ ဖြစ်သည်။

ထိန်းသိမ်းခံ အချုပ်သားများကို ရိုက်နှက်စစ်ကြောခဲ့သူ တပ်ဖွဲ့ဝင်(၂)ဦးအား အရေးယူထား

နေပြည်တော်၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သည့် မီးရှို့/ဆူပူ/လှုံ့ဆော်မှုများနှင့်ပတ်သက်၍ သံတွဲအကျဉ်းထောင်တွင်ထိန်းသိမ်းထားသူ(၃)ဦးအား ၆-၇-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်မှ ၂၂၀၀ အချိန်ခန့်အတွင်း တပ်ဖွဲ့ဝင်(၂)ဦးကစစ်ဆေးမေးမြန်းစဉ် ရိုက်နှက်စစ်ဆေးခဲ့ကြောင်း သိရှိရသဖြင့် တရားခံများအပေါ် ရိုက်နှက်ညှင်းပန်းနှိပ်စက်ခြင်းမပြုရန် အထက်ဌာန၏ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ခဲ့သည့် အဆိုပါတပ်ဖွဲ့ဝင်(၂)ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး

မန္တလေး- မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုက်ကလပ်အခန်းအတွင်း မှ ဒီဂျေစက်တစ်လုံးနှင့် အတူ အသံပိုင်းဆိုင်ရာတွင် အသုံးပြု သည့် အခြားစက်ပစ္စည်းများ၊ ဆိုင် မန်နေဂျာဖြစ်သူနှင့် ၀န်ထမ်း ၁၃ ဦးတို့ကို တွေ့ရှိခဲ့ပြီး Bar Code ဆိုင်အတွင်းရှိ အထူးခန်း တစ်ခန်းတွင်လည်း ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လျှပ်စစ်သုံးပစ္စည်းများနှင့် ပရိဘောဂအချို့ကို ထပ်မံ တွေ့ရှိခဲ့ရသောကြောင့် ဆိုင်မန်နေဂျာဖြစ်သူ အမျိုးသားအား မဟာအောင်မြေမြို့မရဲစခန်းမှ ဗီဒီယိုအက် ၃၂/(က)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေသည်။

Online သတင်းများမှာ အထင်လွဲမှုသာဖြစ်ကြောင်း ကိုနေရွှေသွေးအောင်(ခ)ဖိုးလပြည့် ရှင်းလင်း

UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ Admin Team သို့ပေးပို့စာ

"Admin team ခင်ဗျား

- ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒါကြောင့်လဲကျွန်တော်ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက်တစ်ကြိမ်မှပါဝင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။ဒီနေရာမှာ ကျေးဇူးအထူးတင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာစိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊နယ်မှကစားသမားများရန်ကုန်တွင် နေထိုင်နိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက်ကပံ့ပိုးကူညီပေးခဲ့တဲ့

Related Posts Plugin for WordPress, Blogger...

ShareThis