menu

Sunday 3 June 2012

မြန်မာ-အမေရိကန် ကုန်သွယ်မှုပမာဏ ၁၀ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ထိုးတက်လာ




မြန်မာ-အမေရိကန်ကုန် သွယ်မှုမှာ အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက် သိသိသာသာ ပြန်ထိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပုံမှန်ကုန်သွယ်မှု မရှိခဲ့သည့် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ ၁၉၈၅ ခုနှစ်မတိုင်မီနှင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနှစ်များတွင် ကုန်သွယ်မှုမှာ အနည်းငယ်သာရှိခဲ့သည့် အနေအထားမှ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် အနည်းငယ် မြင့်တက်ခဲ့မှု ရှိခဲ့သည်။

ချင်းတောင်တန်း က ချစ်တဲ့တောင် ဇလပ်နှင့် တောကျောင်းဆရာ(မိုးမြင့်မြတ်)


သူ၏ အထက်တန်း ကျောင်းဆီမှ ပတ်ဝန်းကျင်ကို မျှော်ကြည့်ချေလျှင် စိမ်းညို့မှိုင်းနှင့် အထပ်ထပ် တောင်တန်းများ၊ အနီးဆုံးရှိသော တောင်နံရံတွင် လှေခါးထစ် သဏ္ဌာန် ခါးစောင်းတင်ထားသော သူ၏ မြို့ကလေး။
မြို့ဟုဆိုသော်လည်း ရွာကြီး တစ်ရွာလောက်သာ ရှိသော တစ်ချိန် က အိမ်ခြေ သုံးဆယ်ခန့်ဖြင့် စတင် အခြေတည်ခဲ့သော မြို့တစ်ဖြစ်လဲ ကချင်ပြည်နယ်၏ အနောက် တောင်ဘက်၊ မြန်မာနိုင်ငံ၏ အစွန် အဖျား ချင်းပြည်နယ်၏ မြောက်ပိုင်း က တွန်းဇန်မြို့။ ချင်း လူမျိုးများ၏ အဆိုအရ တွန်းဇန်သည် ရေကြည် ရာမြက်နုရာ အတူတကွ သွားလာ နေထိုင် အခြေချခြင်း ဟူ၏။
ဆင့်ကဲ ပေါက်ပွား များပြားလာ သော မြို့ဟုခေါ်သည့် အရပ်က တောကျောင်းဆရာ။ သူ့ပုံပန်းက မပိန်မရှည်။ အသားညိုညို၊ မျက်မှန် ဝိုင်းထူထူကို မချွတ်တမ်း တပ် ထားလေ့ရှိသူ။ ကျောင်းဆရာဆို သော်လည်း စကားကို လိုအပ်သည် ထက်ပိုမပြောဘဲ များများ နားထောင် တတ်သူ။

နှလုံးသားမရှိသူများ အမြန်လမ်းမကြီးအပေါ်ဖြတ်သန်း သွားလာခွင့်မပြု


"ကျွန်တော်က ရန်ကုန်ကနေအစည်းအဝေးရှိလို့ တစ်ယောက်တည်း ကားကို ဖြည်းဖြည်းလေးမောင်းပြီး မနက်၆နာရီလောက် ထွက်လာတာ။ ၉နာရီကျော်လောက်ပဲရှိသေးတယ် မိုင်တိုင်အမှတ် (/)မှာ ကားတစ်စင်းမှောက်ပြီး ကားကလည်း တစ်စောင်းကြီးဖြစ်နေတယ်။ အစည်းအဝေးဆိုပြီး တက်လာတာမို့ ဆေးအိတ်မပါလာတာရယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ဖို့၊ ပြုစုဖို့က ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တာရယ်ကြောင့် ရှေ့ဆက်မောင်းလာပြီး တွေ့တဲ့ရဲစခန်းကို ၀င်သတင်းပို့လိုက်တော့ အဲဒီစခန်းကပုဂ္ဂိုလ်က အဲဒီနေရာက သူတို့အပိုင်မဟုတ်ဘူး၊ သူတို့နဲ့မဆိုင်ဘူး ဆိုပြီးပြန်ပြောတယ်။ ဘာမှဝေးတာမဟုတ်ဘူးနော်။ ကျွန်တော်က အဲဒါဆိုလည်း သက်ဆိုင်တဲ့ အပိုင်စခန်းကို ဆက်ပြီးအမြန်အကြောင်းကြားပေးပါ။ ဘယ်အချိန်ကတည်းက မှောက်နေမှန်းမသိဘူး၊ အချိန်ကြာသွားရင် ခက်မယ်လို့ အတင်းတောင်းတောင်းပန်ပန်နဲ့ပြောခဲ့ရတယ်။

ထိုင်းနိုင်ငံမှ The Nation သတင်းစာအယ်ဒီတာ Tulsathit Taptin နှင့် တွေ့ဆုံခြင်း

ပထမဆုံးအနေနဲ့ လွတ်လပ်အားကောင်းတဲ့ သတင်းမီဒီယာ ရှိဖို့ လိုပါတယ်။ ဒီလို မီဒီယာတွေကနေပြီး မတရားမှုတွေ၊ မမျှတမှုတွေ၊ ဒီမိုကရက်တစ်မကျမှုတွေကို ဖော်ထုတ်ရေးသားပါလိမ့်မယ်။ ဒီအခါမှာ ဒီလိုထုတ်ဖော်ရေးသားမှုတွေကို တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေပြီး စုံစမ်း အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီအခါမှာ စောင့်ကြည့်ထိန်းကျောင်းမှုက ဒီစနစ်ကြီးတစ်ခုလုံးကို အထောက်အကူပြုပါလိမ့်မယ်။

'စစ်တပ်က နိုင်ငံရေးနဲ့ ကင်းရှင်းနေဖို့ဆိုရင် ရိုးသားပွင့်လင်းတဲ့ ဒီမိုကရက်တစ်အစိုးရ ဖြစ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ လွတ်လပ်ပြီး အားကောင်းတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်။ နောက်ပြီး အကျင့်ပျက်ခြစားမှုတွေ နည်းပါးရပါမယ်။'

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက် ခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာ နေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

အရှေ့တောင်အာရှရဲ့ ဒုတိယ အချမ်းသာဆုံးဖခင်ဖြစ်သူနဲ့ သားရဟန်းတို့ အကြောင်း


တစ်ကမ္ဘာလုံးက Ananda Krishnan ဆိုယင် လူတိုင်းနီးပါး သိကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ အရှေ့တောင် အာရှနိုင်ငံမှာ ဒုတိယ ကမ္ဘာ့အချမ်းသားဆုံးစာရင်းမှာ ၈၉ နေရာပါ။ သူ့ရှေမှာတော့ မလေးရှား တစ်နိုင်ငံထဲသား မလေးတရုတ် Robert Kuok က $12.5 billion ပိုင်ဆိုင်ပြီးတော့၊ Ananda Krishnan ကတော့ US$9.6 billion ပိုင်ဆိုင်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မလေးရှားနိုင်ငံမှာလည်း အချမ်းသာဆုံးနဲ့ ဒုတိယ အချမ်းသားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ အခု ပြောပြမှာကတော့ မလေးရှားနဲ့ အရှေ့တောင် အာရှရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ Ananda Krishnan အကြောင်းပဲ ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Tatparanandam Ananda Krishnan ဖြစ်ပါတယ်။ သူဟာ မလေး-သီရိလင်္ကာ-တမီးလ် လူမျိုး တစ်ဦး ဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။

လက်နှစ်ကမ်း အကွာ(ဂျူး)


တစ်၊ နှစ်၊ သုံး နံပါတ်စဉ်ဂဏန်းများသည် ငယ်ရွယ်စဉ်ကတည်းက ကျွန်မတို့ ကို လွှမ်းမိုးအုပ်စိုးခဲ့သည်။ ဂဏန်းတွေ ရေတွက်တတ်စအရွယ်ကဖြင့် မျက်စိအောက် မြင်တွေ့ လေရာမှာ ရေတွက်စရာ ဂဏန်းတွေချည်း ပြည့်နေခဲ့၏။ ဆက်ရက်လေး နှစ်ကောင်၊ ခိုလေး သုံးကောင်၊ ကြောင်လေးတစ်ကောင်။ ဇွန်းပန်းရုံမှာ ကုလားထိုင်ပေါ်တက် မတ်တတ်ရပ်ပြီး ပန်းခူးတာတောင်မှ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့် ရေတွက်ပြီး ခူးသည်။ ဂဏန်းသိပ်မများလျှင်တော့ တစ်ခါတလေ မရေတော့ပဲ ချန်ပစ်လိုက်တာရှိတာပေါ့။ ကြယ်လေးတွေကို ရေသည့်အခါမှာတော့ ကိုယ့်မျက်စိကိုက ကြယ်ကို မြင်တာလား။ ဒါက ကြယ်ဟုတ်ရဲ့ လား မသိနိုင်ဘဲ ရေလိုက်၊ ပြန်ကြည့်တော့ ကြယ်မဟုတ်ဘဲ ဘာမှ မရှိသည့် နေရာကွက်လပ်လေး ဖြစ်နေလိုက်။ ကိုယ့်ဟာကိုယ် ရေတွက်ခြင်းဖြင့် မူးနောက်လာခဲ့ဖူးသော်လည်း ရေတွက်ခြင်းဖြင့် နေသားကျနေသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံ

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံပြီး၊ အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြားလိုက်ပါတယ်။
RFA
စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာရှလုံခြုံရေး ညီလာခံမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က စကားပြောဆိုနေစဉ်။
စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ် မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီ ပိုမိုဖော်ဆောင်ရေး၊ တိုင်းပြည်ပိုမို ပွင့်လင်းလာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောဆိုခဲ့ပါတယ်။

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှု ကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ဦးကိုကိုကြီး ပြောကြား




ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ ဦးကိုကိုကြီးက ဇွန်လ ၁ ရက်နေ့ ညနေက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော ရှေ့နေများကွန်ရက်၏ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာ ကိစ္စရပ်များအပေါ် တင်ပြ ရှင်းလင်းဆွေးနွေးပွဲတွင် စာတမ်းဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

Samsung Galaxy SIII ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်းရမည်ဖြစ်ပြီး ဇွန်လတွင် ဈေးကွက်အတွင်း ရောက်မည်

စမတ်ဖုန်းလောကတွင် စိတ်ဝင်စားနေကြသည့် Samsung Galaxy S3 ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်း ရရှိမည်ဖြစ်ပြီး လာမည့် ဇွန်လအတွင်း၌ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း Samsung မိုဘိုင်းပစ္စည်းများ၏ မြန်မာပြည် ကိုယ်စားလှယ်ဖြစ်သော MobiTel Distribution မှ သတင်းရရှိသည်။
''Galaxy S3 က ဇွန်လ ၂၀ ရက်နေ့လောက် ပြည်တွင်းဈေးကွက်ကို ရောက်ပါမယ်။ မြန်မာနိုင်ငံအတွက် အလုံးရေ ၁၀၀၀ ရထားပါတယ်။ ဈေးနှုန်းက ကျပ်ငါးသိန်းခွဲ ၀န်းကျင်လောက် ဖြစ်နိုင်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်

ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

အော်ရန်အူတန်လူဝံတွေရဲ့ နေ့စဉ်ဘ၀ကို အဓိပ္ပာယ်ရှိသွားစေတဲ့ အိုင်ပက်ဒ် ပရိုဂရမ်


အိုင်ပက်ဒ်ကို စိတ်ဝင်တစားကြည့်ရှုနေကြတဲ့ အော်ရန်အူတန် တွေနဲ့အတူတွေ့ရတဲ့ Scott Engle။
လှောင်အိမ်ထဲက အော်ရန်အူတန် လူဝံငယ်လေး Mahal ဟာ အိုင်ပက်ဒ်ကနေ သူ့အကြိုက်ဆုံး အပလီကေးရှင်းကို ရွေးဖို့အတွက် သူ့လက်တံရှည်ကြီးကို ဆန့်ထုတ်ပြီး အိုင်ပက်ဒ် မျက်နှာပြင်ကို သူ့ လက်ကြီးနဲ့ တို့တို့ပြီးရှာနေပါတယ်။
ခဏနေတော့ သံဆန်ခါနား မျက်နှာကြီး ဖိကပ်ပြီး သူ့ရဲ့ ရှည်လျားလှတဲ့ လျှာနဲ့ သူ့အကြိုက်ဆုံး သီချင်း "Twinkle, Twinkle Little Star"
သီချင်းကို ရွေးနှိပ်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတကြီးခင်ဗျား(ဆရာဝန်တစ်ဦး)


နိုင်ငံတော်သမ္မတကြီးခင်ဗျား။ ရေ ကြည်ရာ မြက်နုရာဆိုတဲ့ စကား အတိုင်း ရေကြည်မြက်နုရှိတဲ့ ပြည်ပမှာ ခေတ္တအလုပ်လုပ်နေရပေမယ့် သမ္မတကြီးရဲ့ ကောင်းသတင်းများဟာ ပြည်ပနိုင်ငံများအထိ ပျံ့လွင့် ကြားသိနေရပါကြောင်း ဦးစွာတင်ပြပါရစေ။
မြန်မာနိုင်ငံကို ခေတ္တပြန်လာတဲ့အခါများမှာလည်း ဒီမိုကရေစီရဲ့ အငွေ့အသက်တွေ ရှူရှိုက်ရလို့ အားအင်တွေတောင် ပြည့်ဖြိုးလာပါ တယ်။
မီဒီယာတွေမှာလည်း ဒီမိုကရေစီ သတင်းတွေနဲ့ ဖုံးလွှမ်းလို့နေပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် သမ္မတကြီးတတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်ဆိုတာ ပြည်သူလူထုကြီးကလည်း သိမြင် လာကြပါပြီ။
ခေတ်အဆက်ဆက်မှာ မပြောဝံ့မဆိုဝံ့နေခဲ့ရသမျှ အခုအချိန်မှာ ဒီမိုကရေစီရဲ့ အလင်းရောင်ကို စတင်မြင်ဖူးလာကြပါပြီ။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား




အမေရိကန် ကာကွယ်ရေးဝန်ကြီးအား စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် Photo: AFP
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေမှုကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က စင်ကာပူနိုင်ငံတွင် ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

လမ်းမတော်မြို့နယ်တွင်နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် အသက်၁၆နှစ်အရွယ်မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများခိုးယူသွားသူကို ၄၄နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိ


မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်တွင်နေထိုင်သူ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူကို ၄၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူကို သက်သေထွက်ဆိုထားသူ ၃ ဦးမှ ပြောကြားသည့် အချက်အလက်များနှင့် ရွှေပုစွန်မုန့်ဆိုင်၏ CCTV Camera မှတ်တမ်းအရ ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ၎င်းနေထိုင်ရာ အမှတ် (၁၃၄၅)၊ ထူပါရုံ (၉)လမ်း၊ (၁)ရပ်ကွက် သာကေတမြို့နယ် နေအိမ်မှ ခေါ်ယူစစ်ဆေးကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ကိုမျိုး (ခ) မျိုးလွင် ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုရုံး စစ်ကြောရေးခန်းမတွင် အထူးအဖွဲ့တို့နှင့် ပူပေါင်း၍ အသေးစိတ်စစ်ဆေးခဲ့ရာ ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ၎င်းမှ ပြစ်မှုကျူးလွန်ပုံအား အမှန်အတိုင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ပြီး ဒုက္ခသည်များကို စကားပြောဆိုနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။

ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ

ဓါတ်ပုံ-KNG
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။

"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။

မေလ တစ်လတာအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြစက်ရုံ ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့်စက်ရုံမှာ ၁၀ ရုံရှိ




မေလ တစ်လတာအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြစက်ရုံ ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့်စက်ရုံမှာ ၁၀ ရုံရှိ ဆန္ဒပြမှုများ ဆက်လက်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်ရုံလုပ်ငန်းရှင်များနှင့်  ပိုမိုထိရောက်စွာ ညှိနှိုင်းဆောက်ရွက်ဖြည့်ဆည်းပေးရန် အလုပ်သမားများမှ တောင်းဆို
မေလ တစ်လတာအတွင်း အခြေခံလစာနှင့် ပတ်သက်၍ ဆန္ဒပြစက်ရုံ ပေါင်း ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့် စက်ရုံမှာ ၁၀ ရုံသာ ရှိနေသေးကြောင်း၊ ဆန္ဒပြမှုများ ဆက်လက်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်ရုံလုပ်ငန်းရှင်များနှင့် ယခုထက် ပိုမိုညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသော စက်ရုံအလုပ်သမားများက အလိုရှိနေကြောင်း သတင်းရရှိသည်။
Related Posts Plugin for WordPress, Blogger...

ShareThis