ရှမ်းပြည်နယ်တောင်ကြီးမြို့၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သော
တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရန်၊ မီးပုံးပျံများ
ကြိုတင်
ပြုလုပ်လျက်ရှိကြောင်း၊ ပြိုင်ပွဲဝင် စာရင်းသွင်းရန်ရက်နှင့် မဲနှိုက်ရန်ရက်များ သတ်မှတ်ပြီးဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီထံမှ
သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ က တောင်ကြီးမြို့၊ ကန်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ် သော ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ပဏာမညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ပြိုင်ပွဲဝင် မီးပုံးပျံစာရင်းကို
အောက်တိုဘာလ၂၀ရက်မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိ လက်ခံသွား
မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၂ရက်နေ့တွင် ပွဲစဉ် ရေးဆွဲမဲနှိုက်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်မီးပုံးပျံများလျင် နိုဝင်ဘာလ၂၁ ရက်နေ့မှ ၂၉ရက်နေ့အထိလွှတ်တင်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရုပ်ရှင်ရုံ နည်းပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင်
ရုပ်ရှင်ရုံများကို ပုဂ္ဂလိကရုံများ အဖြစ် လွှဲပြောင်းရောင်းချခြင်းအား ထပ်မံ
ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အကြောင်းကြား ထားသည်ဟု
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။