menu

Sunday 5 October 2014

မြန်မာနှစ်ဦးက လူသတ်တရားခံအစစ်လား

ဓာတ်ပုံ − ရိုက်တာ

‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’
၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။
ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်းကို Survey Planet မှတစ်ဆင့် ကောက်ယူခဲ့ရာ ခေတ္တမျှအတွင်း လူ တစ်ထောင်ခန့်က ၀င်ရောက်ဖြေဆိုခဲ့ ကြသည်။
CSI LA ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဤအမှုအ ကြောင်းကို စဉ်ဆက်မပြတ် တင် ပြနေပြီး ရဲတပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့အနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက် တွန်းနေသည်။ ယင်းစာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှုသူ ပေါင်း မူလက သောင်းဂဏန်းမျှ သာ ရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်တစ်ရက်တည်းတွင် တစ် သိန်းကိုးထောင်ကျော်သို့ရောက် ရှိသွားကြောင်း တွေ့ရသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများမှာ မြန်မာအလုပ်သ မားများဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် တွင် ယင်းကြေညာချက်အပေါ် မယုံကြည်သည့် ဝေဖန်မှုများ ထိုင်းနိုင်ငံပြည်သူများကိုယ်တိုင် အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများက အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။
Related Posts Plugin for WordPress, Blogger...

ShareThis