menu

Monday 30 July 2012

ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံခြင်း

နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလအတွင်း  ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကို  ဇူလိုင် ၁၁ရက်က တ ရားဝင် ခန့်အပ်
လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ     တာဝန်ထမ်းဆောင်ခဲ့သည့်
မစ္စတာဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ အရှေ့တောင်အာရှရေးရာ  ကျွမ်းကျင်သူလည်းဖြစ်သည်။ မစ္စတာမစ်ချယ်က မြန်မာသံအမတ်ဘ၀ သက်တမ်း ၁၀ရက်ပြည့်သော ဇူလိုင် ၂၀ ရက်တွင်  မီဒီယာနှင့်သံအမတ်ကြီးတို့၏ ပထမဆုံး တွေ့ဆုံမှုအဖြစ် 7Day News နှင့်တွေ့ဆုံခဲ့သည်။ယင်းတွေ့ဆုံမှုမှ  အချို့ကို စာဖတ်ပရိသတ်အတွက် ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

ရွှေတိဂုံစေတီတော်ရှိ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိသော စဉ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့  ယိုယွင်းလာသဖြင့် ခေါင်းလောင်း ထိုးခွင့်မပြုတော့




2012-07-26-16.52.30
ရွှေတိဂုံစေတီတော်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတွင် ခေါင်းလောင်းထိုးနေသူအချို့ အား ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။
စဥ့်ကူးမင်းခေါင်းလောင်တွင်  သြဂုတ်လကုန်ပိုင်းမှ စတင်၍ ခေါင်းလောင်းထိုးတံ ထားရှိတော့မည်မဟုတ်ဘဲ ခေါင်းလောင်းအား သံပန်းများနှင့် ကာရံခြင်း၊ ခေါင်းလောင်း မထိုးရဟူ၍ ဆိုင်းဘုတ်များဖြင့် ရေးထားထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"စဥ့်ကူးမင်း ခေါင်းလောင်းရဲ့ အစိတ်အပိုင်းအချို့က ပျက်စီးနေပြီ။  ခေါင်းလောင်းထိုးခွင့် မပြုတော့ဘူး။ အဲဒီအစဉ်ကို သြဂုတ်လဆန်းပိုင်းမှာ စအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက နှစ်လည်း ကြာနေပြီ။ ဆက်ပြီး ခေါင်းလောင်းထိုးခွင့် ပေးလို့ ဒီထက်ပိုပျက်စီးလာမယ်ဆိုရင် နောက်ပိုင်းလူတွေ မတွေ့ရတော့မှာစိုးလို့ အခုလို လုပ်ရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက စဥ့်ကူးမင်း လှူဒါန်းခဲ့တဲ့အတွက် စဥ့်ကူးမင်းခေါင်းလောင်းလို့ ခေါ်တာဖြစ်တယ်"ဟု ရွှေတိဂုံစေတီတ်ာဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့် ခေါင်းလောင်းမှာ နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး  အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်း လောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှ နောက်တန်းကစားသမား ကျော်ကျော်မျိုး နှင့်စကားပြောခြင်း



ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှ နောက်တန်းကစားသမား ကျော်ကျော်မျိုးအား အသင်း၏ပြန်ကြားရေးအရာရှိက တွေ့ဆုံမေးမြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်တည်ဖော်ပြအပ်ပါသည်။

 မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့ လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက် လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။ သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့ ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့ ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အခါမှာတော့ ကျွန်တော် လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။

UN ဝန်ထမ်းအချို့ကို ထိန်းသိမ်းထားဟု အစိုးရ တရားဝင် ပြောကြား

ရန်ကုန်၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် INGO အဖွဲ့အစည်းများမှ ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းထားကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။


“နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာလို့ ထိန်းသိမ်းထားတာပါ“ ဟု ဇူလိုင်လ ၃၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ထိန်းသိမ်းခံထားရသူများ စာရင်းတွင် UNHCR မှ ဝန်ထမ်း ငါးဦး၊ WFP မှ ဝန်ထမ်း တစ်ဦးနှင့် AZG မှ ဝန်ထမ်း တစ်ဦး ပါဝင်ကြောင်း၊ ယင်းတို့အနက် AZG ဝန်ထမ်း တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးသိန်းဌေးက ဆိုသည်။

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ




ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့မှစ၍ မိုးများ ဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအ၀န်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား

ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသောနိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင်
ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေသည် ပုံမှန်နီးပါးပြန်ဖြစ်လာပြီဟု နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ကယနေ့ နေ့လည် စကားဝါလမ်းရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားသည်။
“ ဒီမိုကရေစီစနစ်နဲ့ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိဖို့က မရှိမဖြစ်လိုအပ်တယ် “ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံသည်လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ရောနှောနေထိုင်လျှက်ရှိရာ ရာစုနှစ်ပေါင်းများစွာ လူမျိုးတစ်စုနှင့်တစ်စုအကြား၊ဘာသာတစ်ခုနှင့်တစ်ခုအကြား သဟဇာတရှိစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်
ခဲ့ကြကြောင်း၊မကြာသေးမီက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောပဋိပက္ခမှာ ဘာသာရေးနှင့်သက်ဆိုင်သော
အဖိနှိပ်ခံရမှု ၊ ခွဲခြားခံရမှုလည်းမဟုတ်ပါကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံလူမျိုးစုများတွင် ရိုဟင်ဂျာဆိုတာ မရှိ ဟုပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြောကြား

အင်ဒိုနီးရှာသံအမတ်ကြီး၏မေးခွန်းကိုပြန်လည်ဖြေကြားနေသည့်ပြည်ထောင်စုဝန်ကြီးဦးခင်ရီ
အင်ဒိုနီးရှားသံအမတ်(မေး)။ ။ အခင်းဖြစ်ပွားရာမှာရရှိတဲ့သတင်းက တချို့နေရာတွေမှာလွှဲနေတယ် ဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ် ။ မြန်မာဘက်ကသမ္မတဖြေတဲ့အထဲကတစ်ချက်က ရိုဟင်ဂျာကိုလူမျိုးမဟုတ်ဘူးဆိုပြီးပြောတယ် ။ရိုဟင်ဂျာတွေက လွတ်လပ်ရေးစရပြီးကတည်းက မြန်မာပြည်မှာနေထိုင်ခဲ့တယ်လိုသိရတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တယ် ။
လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီ(ဖြေ) ။ ။ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှာ ပထမဆုံးဗြိတိသျှ မြန်မာ first world ဖြစ်တယ် ။ ရခိုင်ပြည်နယ်ဟာဗြိတိသျှကိုလိုနီလက်အောက်ကျရောက်သွားတယ် အဲ့ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက် ကာယလုပ်သားတွေစသည်ဖြင့် လိုအပ်ချက်တွေကို အဲ့တုန်းကတစ်ဖက်နိုင်ငံမှာရှိတဲ့ ဘဂါင်္လီလူမျိုး ကျွန်တော်တို့နိုင်ငံကိုအတားအဆီးမဲ့ဝင်လာခဲ့ချိန်ဖြစ်တယ်။

ဝန်းကျင်အလှ . . .. ထိန်းသိမ်းကြ(လှမြင့်(ရန်ကုန်တက္ကသိုလ်))

သဘာဝက ဆုလာဘ်ရတနာအဖြစ် ပေးအပ်ထားသော မြန်မာနိုင်ငံ၏ ရေမြေတောတောင် ၀န်းကျင်အလှများ၊ စိမ်းလန်းသာယာနေမှုများကို ပိုမို၍ သာယာလှပနေစေရန်၊ စိုပြည်နေစေရန် ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်မှာ မျက်မှောက်ကာလ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည် . . .


ပတ်ဝန်းကျင်ဟူသည် သက်ရှိတို့ မှီတင်းနေထိုင်ရာ လောကဖြစ်သည်။ လူသားတိုင်းသည် ပတ်ဝန်းကျင်နှင့် နှီးနွယ်ဆက်သွယ်နေသည်။ လူနှင့်ပတ်ဝန်းကျင်သည် ဒွန်တွဲယှဉ်တွဲနေသည်။ လူသည် စိတ်ရွှင်လန်းချမ်းမြေ့မှုကို နှစ်သက်တောင့်တကြသည်။ ပတ်ဝန်းကျင်ကောင်းများသည် လူတို့၏ စိတ်ရွှင်လန်းချမ်းမြေ့မှုကို ဖြည့်ဆည်းပေးနိုင်သည်။ ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူ့ပတ်ဝန်းကျင်ဟူ၍ နှစ်မျိုးရှိသည်။

“ယောက်ဖရေ နေတောင်အတော်စောင်းပြီ”(စိုးမင်း)

          မြန်မာတွေဟာ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေထဲက အရမ်းရင်းနှီးချစ်ခင် ကျွမ်းဝင်တဲ့သူတွေကို ယောက်ဖရေ၊ ယောင်းမရေ လို့ ခေါ်လေ့ရှိကြသဗျ။ အိမ်မှာရှိတဲ့ အမတွေ အကိုတွေကို မျက်စောင်းထိုးတဲ့ တင်တင်စီးစီး သဘောမျိုးမပါပဲ တမိတည်းဖွားသလို ဆိုရော့မယ်ကွယ်ဆိုတဲ့ အနက်သဘောကို ဆောင်ပါတယ်။ များသောအားဖြင့်တော့ ဆယ်ကျော်သက်ရွယ် လည်ပင်းဖက်ပေါင်းရင်း အတူလူလားမြောက်ကြတဲ့ အရွယ်တွေမှာတွေ့ရတဲ့ ရင်းနှီးမှုမျိုးဖြစ်ပါတယ်။ တော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ အသက်အရွယ်ရလာလို့ မိတ်ဆွေအပေါင်းအသင်းတွေ များလာပေမယ့်လည်း ငယ်ဘ၀က သူငယ်ချင်းကို မေ့သွားတဲ့သူရှိမယ် မထင်ပါဘူး။ အသီးတစ်ရာ အညှာတစ်ခုပဲ ကြားရ ကြားရ၊ သျှောင်ပေစူး ကိုပဲ ကြားရကြားရ၊ ကိုယ့်ရပ်ဌာနေကိုပဲ ကြားရကြားရ ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းတွေကို ဆွတ်ကျင်နေအောင် လွမ်းမိမှာပါပဲ။

သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် Eleven Media Group တရားဝင် လျှောက်ထားမည်



သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ရှိပြီးသား ဥပဒေတွေနဲ့ ထုတ်နိုင်အောင်တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ ရတာပဲလေ။ ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ်ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာ မရှိ၊ ပုဂ္ဂလိက သတင်းရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် တရားဝင် လုပ်ခွင့်ရအောင် လျှောက်ထားမှာပါ''ဟု Eleven Media Group (EMG) မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့




ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားသည် ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကွင်တားနားသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးဟောင်းတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်နေသည့် ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နေပြီး ထိုသတင်း စာရှင်းလင်းပွဲ၌ သတင်းထောက်များ တွေ့ဆုံစဉ် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ခြင်း အကြောင်းကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"

မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

နစ်နာကြေး


ပေကျင်းရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် မြို့တော်ဝန်က ဒေသခံများအား တောင်းပန်




တရုတ်နိုင်ငံ ပေကျင်းတွင် သီတင်းတစ်ပတ်အတွင်း ရေကြီးခဲ့မှုများကြောင့် အဆိုးရွားဆုံး ပျက်စီးခဲ့မှုများအတွက် ပေကျင်းမြို့တော်ဝန်က ပေကျင်းမြို့တော်နယ်နိမိတ်အတွင်းရှိ ဖန်ရှန်းခရိုင်မှ ဒေသခံများကို ဇူလိုင် ၂၆ ရက်နေ့တွင် တောင်းပန်ခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့တွင် ပေကျင်း၌ နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပေကျင်းအနီးဝန်းကျင်ရှိ Tianjin မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပေကျင်းတွင် သီတင်းတစ်ပတ်ကျော် ရေကြီးမှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့သည်ဟု ပေကျင်းမြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ပေကျင်းရှိ ဖန်ရှန်းခရိုင်တွင် လူ ၈၈၀၀၀၀၀ ကျော်ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် မြို့တော်ဝန်က လူထုကို တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်


AungTheinLin-campaign
တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို  အလုပ်
အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ  အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ 
က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီး
အကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော
သည်။
“ပြဿနာ ဖြစ်ပြီး မှာ လေ USDA ၀ဘ်ဆိုတ် မှာ ဦးအောင်သိန်းလင်း နဲ့  ပတ်သက် ပြီး အရေးယူ
စုံစမ်း မယ် ဆို တဲ့ သတင်း ကို ဦးဌေးဦး ကိုယ် တိုင် ထည့် ခိုင်း တာ ၊ သူကတော့ ဦးအောင်သိန်းလင်း
ဘက် က် ခပ် ပါပါ ပဲ” ဟု အဆိုပါ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က ပြောသည်။

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ

ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
RFA
လျှပ်တစ်ပြက် ဂျာနယ်၏ မျက်နှာဖုံး တစိတ်တပိုင်းပုံ ဖြစ်ပါသည်။
"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်ဆိုပြီး ဦးတိုက်လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"

အိပ်နေသည့် အမျိုးသမီးအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်သွားသူကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ခြေရာခံဖမ်းဆီး



အိပ်နေသည့် အမျိုးသမီးအား မျက်နှာကို ပ၀ါစည်းပြီး ဓားဖြင့် ထောက်၍ငွေ၊ ရွှေထည်ပစ္စည်းနှင့် ဖုန်းငွေဖြည့်ကတ်များယူဆောင်သွား သူကို အဆိုပါဖုန်းငွေဖြည့်ကဒ်မှ တစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့ ဓားထောက်၍ ပစ္စည်းများ ယူဆောင်မှုကျူးလွန်သူမှာ ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေရာ မှ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစားရပြီး လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၈ ရက် နေ့က မ......(၄၂ နှစ်)ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက် အင်းစိန်မြို့ နယ်နေသူသည် နေအိမ်ဒုတိယထပ်ရှိ အိပ်ခန်း၌ တံခါးစေ့ပြီး အိပ်နေစဉ် နံနက် ၃ နာရီအချိန်ခန့်တွင် အမည် မသိ အသက် (၃၀)နှစ်ခန့်၊ အရပ် ၅ ပေ ၄ လက်မခန့်၊ မျက်နှာကို ပန်းရောင် ပ၀ါစည်းထားသူမှ လက် ထဲတွင် အရိုးအသွား ၁၂ လက်မခန့် ရှိ ဓါးဦးချွန်အားကိုင်ပြီး မ.......အား ထဟုပြော၍

ဒေါ်အောင်ဆန်းစုကြည် ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။
တန့်ကြည့်တောင် ဆရာတော်က ဧည့်သံဃာ (၄၅) ပါးနဲ့ အတူ ဥပဇ္ဈာယ် ဆရာတော်အဖြစ် ရဟန်းခံပွဲကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်း

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်းရာတွင် ယနေ့ နေ့လည် တစ်နာရီခွဲ အချိန်ထိ လက် မှတ် ၂၀၀ ခန့်ရရှိပြီး ဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်လျှက်ရှိရာ အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်ရရှိမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေးအတွက် ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲ ဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် အား တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲ ဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမည်ဟု

ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့၍ ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီး




74310
အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်
ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ကို---- မောင်းနှင်လာသော ၆ခ/-----(၅၁)လိုင်းမ.ထ.သ ခရီးသည် တင်ယာဉ်သည် လှည်းဂိတ်မှတ်တိုင် အနီး (၁၄)လမ်းထိပ်အရောက်တွင် အရှိန်လွန်ကာ (၁၄) လမ်းအတွင်း သို့ရောက်ရှိသွားပြီးယင်းရှေ့မှ လမ်း လျှောက်သွားနေသော ဗိုလ်လောင်း တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား
Related Posts Plugin for WordPress, Blogger...

ShareThis