အမေရိကန် ပြည်ထောင်စု၊ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူထားတဲ့ ပါကစ္စတန် လွှတ်တော်ရေးရာ ကော်မီတီ တရပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့နဲ့ (NATO) က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ယောက် မနှစ်က သေဆုံးခဲ့ရတဲ့ အဖြစ်အတွက် အမေရိကန်က တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။
ပါကစ္စတန် လွှတ်တော် ၂ ရပ် ပူးတွဲအစည်းအဝေးပွဲ အင်္ဂါနေ့က ကျင်းပချိန်မှာ ကော်မီတီ ဥက္ကဋ္ဌ Mian  Raza Rabbani က ကြေညာချက်ကို ဖတ်ပြခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်သွားဖို့နဲ့ ပါကစ္စတန် နိုင်ငံထဲမှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့လည်း ကြေညာချက်မှာ တောင်းဆိုသွားပါတယ်။