ကင်၏ နောက်ခံပညာရေးမှာ ယခင်ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌများကဲ့သို့ စီးပွားရေးပညာ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းပညာ မဟုတ်ဘဲ ဆေးပညာသာဖြစ်သည်။ ကင်သည် နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် အကြီးတန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အေ့ဒ်စ်ရောဂါ အပါအ၀င် ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်း၏ အားထုတ်မှုများအတွက် ကင်ကိုအသိများသည်။ ကင်သည် ဆင်းရဲသော နိုင်ငံများရှိ ကျန်းမာရေး အစီအစဉ်များကို ကူညီ ထောက်ပံ့နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Partners In Health ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဟောင်းတစ်ဦးလည်း ဖြစ်သည်။ |
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော တောင်ငူမြို့
ကျွန်းကုန်းကျေးရွာရှိ ရွှေဝါဥစားကြက်ခြံ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ
သိန်း ၂၀၀ ကျော်ကြောင်း ခြံပိုင်ရှင် ဦး
ရဲဝင်းက 7DAY NEWS အား ပြောသည်။
“ကျွန်တော့်ခြံက ကြက်တွေ ကမျိုးမရတော့ အသက်တွေကကြီးနေပြီ၊ ဖေဖော်ဝါရီလကတည်း က အပတ်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်တွေကို ထုတ်ရောင်းနေတာ၊ မတ်လဆန်းမှာ စသေတာ၊ တစ် နေ့ကို အကောင်ရှစ်ဆယ်နှုန်းပဲ။ ၅ ရက်နေ့အရောက်မှာ သုံးလေးရာ သေတော့တာပဲ”ဟု ၎င်းကပြောသည်။ထိုသို့ဖြစ်ပွားမှုကြောင့် မွေး
မြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ အကြောင်းကြားသောအခါ ကြက်နမူနာများအားစစ်ဆေးပြီး ဓာတ်ခွဲခန်းမှ ကြက်ငှက်တုပ်ကွေးရောဂါဟူ၍ အဖြေထွက်သောကြောင့် ကျန်
သည့် ကြက်များကိုပါ သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ၎င်းကပြောသည်။
“ကောက်ချက်ချရရင် ကြက် လာဖမ်းတဲ့ဆီက ရောဂါကူးတာ ဖြစ်နိုင်တယ်၊ အန်ကယ်တို့ခြံရော ဘေးကတပ်ပိုင်၊ ပုဂ္ဂလိကပိုင် ခြံတွေရောက ခြံအဖွင့်စနစ်နဲ့ မွေး
ကြလို့ပဲ”ဟု ခြံပိုင်ရှင် ဦးရဲဝင်းက ပြောသည်။နောင်အခါတွင် လုပ်ငန်းပြန်လည်စတင်ပါက လေလုံစနစ်ဖြင့်အဲကွန်းပေးကာ မွေးမြူရသောအဆင့်မြင့်နည်းစနစ်ဖြင့်သာ မွေး
မြူရန်နှင့် မြေဧကရှစ်ဧကပေါ်တွင်လည်း ပေါင်းစည်းလယ်ယာစနစ်လုပ်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။