menu

Wednesday 6 November 2013

မီတာခ ၂ ဆ ဖြစ်ရင် အအေးခန်းစက်ရုံများ ပိတ်ပစ်ရတော့မည်


အခု နိုဝင်ဘာလဆန်းကစပြီး ယူနစ် ၅၀၀၀ အထက်သုံးတဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ မီတာခတွေကို ၂ ဆ မြှင့်လိုက်တာကြောင့် အအေးခန်းစက်ရုံတွေ ပိတ်ပစ်ရတော့မယ်လို့ ရေလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

သူ အအေးခန်းစက်ရုံဆိုရင် နဂိုက ၁ လ မီတာခ ကျပ် သိန်း ၄၀ လောက်ကျပြီး အခုဆိုရင် ကျပ် သိန်း ၈၀ ကျသင့်တော့မယ်လို့ သူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က လုပ်တဲ့ ငါးလုပ်ငန်းအသင်း ရုံးချုပ် ပုံမှန် အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး စက်ရုံတွေ ပိတ်ရရင် အလုပ်သမားတွေလည်း အလုပ်ပြုတ်ပြီး ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကတော့ နဂို လုပ်ငန်း သုံး မီတာ ၁ ယူနစ် ၇၅ ကျပ်ကနေ အခု ကျပ် ၁၅၀ သတ်မှတ်လိုက်လို့ မီတာခ ၂ ဆ တိုးတာကို ရန်ကုန်မှာ လုပ်ငန်းရှင် ၄ ထောင်လောက်ကပဲ ကြုံရမှာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

DVB

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား

မင်းဘူး, ဆရာတော်, ရုပ်ကလာပ်, စွန်းလွန်းဂူ, နန်းတော်ကုန်း
မင်းဘူးမြို့ ဆိုင်းဘုတ် (ဓာတ်ပုံ – မင်းဘူး ဖေ့စ်ဘုတ်)

မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။
“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။
ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။
အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။

ပညာရေး ဝန်ကြီးဌာန တလွဲငွေတောင်းခံမှု ရှက်မိကြောင်း သူရဦးရွှေမန်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၅

ပညာရေး ဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေ တောင်းခံရာတွင် တလွဲ တောင်းခံမှုများ ရှိနေခြင်းကြောင့် ရှက်မိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့ ဇမ္ဗူသီရိ ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပြန်စချိန်တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ပြည်ထောင်စု အစိုးရ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးအတွက် ထပ်မံ တောင်းခံရာတွင် ပညာရေး ဝန်ကြီးဌာနသည် SEA Games ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၏ အသွားအပြန် ကုန်ကျ စရိတ်များ၊ စက်သုံးဆီဖိုးများ၊ နိုင်ငံခြား ဧည့်သည်များ လာရောက်ရာတွင် ကြိုဆိုမည့် စရိတ်များကို ထည့်သွင်း တောင်းခံခြင်းတို့ တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ဟိုတစ်နေ့က ဆွေးနွေးတာ ကျွန်တော်ကြားတဲ့ အခါကျတော့ စိတ်မကောင်း လိုက်တာ။ ပညာရေး ဝန်ကြီးဌာနက ဘာကြောင့် ဒီလောက်တောင် သုံးလဲ။ ကျွန်တော် တအား ရှက်တာပဲ” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ


• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီးအချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

• NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။

• ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။
• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။

• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။

Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃

မြန်မာ့လက်ဝှေ့ တိမ်ကောတော့ မလား

 မြန်မာ့လက်ဝှေ့, အားကစား, ဆီးဂိမ်း, ဦးဒေါင်းနီ
မေလအတွင်းက ရန်ကုန်တွင် ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ တပွဲ မြင်ကွင်း (ဓာတ်ပုံ – စိုးဇေယျထွန်း / Reuters)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ စတင် ကျင်းပတော့မယ့် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကြီးမှာ မြန်မာ့ရိုးရာ လက်ဝှေ့က မွေထိုင်းပြိုင်ပွဲ ခေါင်းစဉ်အောက်မှာ သွားကစားရတော့မှာ ဖြစ်လို့ လုံးဝ စိတ်မကောင်းစရာပဲလို့ မြန်မာ့ ရိုးရာလက်ဝှေ့ အသိုင်းအ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့ဟာ အခုဆိုရင် လက်ဝှေ့ပြိုင်ပွဲတွေ သိပ်မကျင်းပ နိုင်တော့တာ၊ လက်ဝှေ့သမား စိတ်ဓာတ်ထက် ငွေကြေးကို ရှေ့တန်း တင်လာတာ၊ အစိုးရဲ့ ကူညီပံ့ပိုးမှု အားနည်း တာတွေကြောင့် ပျောက်ကွယ်တော့မှာတောင် စိုးရိမ်ရတယ်လို့ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ခုံဒိုင်ချုပ်၊ နည်းပြချုပ် ဖြစ်တဲ့ ဦးဒေါင်းနီက ဆိုပါတယ်။
“အခု ဆီးဂိမ်းမှာတောင် မြန်မာ့လက်ဝှေ့ဆိုပြီး မပါတော့ဘူး။ မွေအောက်မှာ သွားထိုးရမှာ။ ဘာပဲဖြစ်ဖြစ် မွေ ဖြစ်သွားတာပေါ့။ ထိုင်းလက်ဝှေ့ အောက်ကို ရောက်သွားသလို ခံစားရတယ်။ မြန်မာ့လက်ဝှေ့ ဆိုတဲ့ နာမည်ကို ခံလို့ မရတော့ဘူး။ မွေထိုင်း ဖြစ်သွားပြီ။ အခုလို မွေအောက် ရောက်သွားတာ လုံးဝ စိတ်မကောင်းဘူး” လို့ ဦးဒေါင်းနီက ဧရာဝတီကို ပြောပါတယ်။
လက်ဝှေ့သမားတွေ ကိုယ်တိုင် ပရော်ဖက်ရှင်နယ်စိတ် နည်းပါးလာသလို၊ လက်ဝှေ့သမား စစ်စစ်အဖြစ် ရပ်တည်နိုင်ဖို့ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတွေလည်း မရှိလို့ ဦးဒေါင်းနီကိုယ်တိုင် ဇနီးဖြစ်သူ ရှာကျွေးတာနဲ့ ရပ်တည် နေရတယ်လို့ သိရပါတယ်။
“လက်ဝှေ့လို့ ပြောလိုက်ရင် မြန်မာ့ရိုးရာ လက်ဝှေ့က ဘယ်တော့မှ အောက်မကျခဲ့ဘူး။ အခုက နိုင်ငံတော်ရဲ့ ပံ့ပိုးမှုလည်း လိုတယ်၊ ငွေရေးကြေးရေး ပံ့ပိုးမှုလိုသလို၊ မျိုးဆက်သစ်တွေ မွေးထုတ်ပေးရမယ်။ နိုင်ငံတော်က လူကြီးတွေမှာ တာဝန် ရှိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတော်သံဃမဟာနာယကို ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်

Photo: နိုင်ငံတော်သံဃမဟာနာယကို  ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်

ရန်ကုန် ၊နိုဝင်ဘာ ၆

ဝေလင်း

	တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့အားတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက နိုဝင်ဘာ ၆ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

    ဆရာတော်အနေဖြင့် ယင်းကိစ္စအား သည်းခံလာသည်မှာ ၁၀နှစ်ကျော်လာပြီးဖြစ်ကြောင်း ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံရှိနေသည့်အတွက် တရားဥပဒေကြောင်းလမ်းအရ စကားပြောသွားမည်ဖြစ်ကြောင်း၊ ပိုင်ရှင်မသိဘဲလှူဒါန်းသည်မှာ အလှူအထမမြောက်ကြောင်း ယင်းပြင် ကျောင်းအား ၁၉၉၉ ခုနှစ်ကတည်းက ရေစက်ချလှူဒါန်းသည့်အတွက် နောက်တစ်ကြိမ် ရေစက်ချလှူဒါန်းသည်ဟုဆိုသည်မှာ ရယ်မောဖွယ်ရာဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သံဃများအကြား အချင်းကိစ္စကြီးငယ်ပေါ်ပေါက်ပါက သံဃမဟာနာယက သံဃဝိနစ္ဆယအဖွဲ့ဖွဲ့ကာခုံရုံးတင် စစ်ဆေးလေ့ရှိကြောင်း သို့ရာတွင် ယခုမှ အဆိုပါအဖွဲ့နှင့် တိုက်ရိုက် ဖြစ်ပွားသည့် အတွက် ဥပဒေကြောင်းလမ်းအရ တရားရုံးတွင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ကဆိုသည်။

   “ဦးခင်ညွှန်က ရေစက်ချပြီးသံဃမဟာနာယ ကို ကျောင်းအပ်တယ်ဆိုတာ တရားမ၀င်ဘူး။ သံဃမဟာနာယက ကဒီကိစ္စမှာ  ကိုယ်တိုင်ဆုံးဖြတ်လို့မရပါဘူး”ဟု တရားလွှတ် တော်ရှေ့နေ ဦးထင်ကျော်က ပြောသည်။

	ယင်းကျောင်းတော်ကြီးအား ဗုဒ္ဓသာသနာပြုမှုနှင့်ဆိုင်သော  Training Center အဖြစ် ရည်ရွယ်တည် ဆောက်ခဲ့ပြီး ပီနန်- စင်္ကာပူကျောင်းဆရာတော်ဆိုသည်မှာ နာမည်ဖြင့်အခွန်ကင်းလွတ်စာချုပ်နှင့် သာသနာမြေ စာချုပ်နှစ်ခုကို ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့ကြောင်း ၁၉၉၉ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဦးသန်းရွှေ၊ ဦးမောင်အေး နှင့် ဦးခင်ညွှန့်တို့က ရေစက်ချလှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဦးခင်ညွှန့်၏ ညွှန်ကြားချက်အရဆိုကာ သံဃမဟာ နာယကအဖွဲ့သို့ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း ယင်း ကျောင်းထုတ်ပြန်ချက်မှ သိရသည်။

ရန်ကုန် ၊နိုဝင်ဘာ ၆

ဝေလင်း

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့အားတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက နိုဝင်ဘာ ၆ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

ဆရာတော်အနေဖြင့် ယင်းကိစ္စအား သည်းခံလာသည်မှာ ၁၀နှစ်ကျော်လာပြီးဖြစ်ကြောင်း ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံရှိနေသည့်အတွက် တရားဥပဒေကြောင်းလမ်းအရ စကားပြောသွားမည်ဖြစ်ကြောင်း၊ ပိုင်ရှင်မသိဘဲလှူဒါန်းသည်မှာ အလှူအထမမြောက်ကြောင်း ယင်းပြင် ကျောင်းအား ၁၉၉၉ ခုနှစ်ကတည်းက ရေစက်ချလှူဒါန်းသည့်အတွက် နောက်တစ်ကြိမ် ရေစက်ချလှူဒါန်းသည်ဟုဆိုသည်မှာ ရယ်မောဖွယ်ရာဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ

Photo: အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ 

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။ 

သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။ 

သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။ 

Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။
.
Ref:mashable
Aung Kham ( ရိုးရာလေး )

http://www.yoyarlay.com/science-tech/134-inventions/38523-chip-in-hand-is-health-support

.

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။

သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။

Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။
.
Ref:mashable
Aung Kham ( ရိုးရာလေး )

http://www.yoyarlay.com/science-tech/134-inventions/38523-chip-in-hand-is-health-support

သွေးတိုးမဖြစ်စေရန်ဆားလျှော့စားနည်းများ


သွေးတိုးမဖြစ်အောင်ကာကွယ်တဲ့အနေနဲ့အစားအသောက်ကိုမှန်ကန်
အောင်စားဖို့လိုအပ်ပါတယ်။ပြည့်ဝဆီ(Saturated Fat)ရှောင်ပါ။ကာဗိုဟိုက်
ဒရိတ်ကိုလျော့စားပါ။အသီးအနှံဟင်းသီးဟင်းရွက်ကိုများများစားပါ။သွေး
တိုးဖြစ်စေတဲ့အစားအသောက်ထဲမှာအဓိကပါနေတာကဆားပဲဖြစ်ပါတယ်။
ဆားများရင်ခန္တာကိုယ်ထဲမှာရေစုဆောင်းမှုများပြီးသွေးတိုးဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့်ဆားမှီဝဲမှုကိုလျော့စားဖို့နည်းလမ်းတွေကိုဖော်ပြလိုက်ရပါတယ်။

-အစားအသောက်ကိုပြင်ဆင်တဲ့အခါမှာဆားကိုလျှော့ထည့်သင့်ပါတယ်။အ
စားအသောက်ကိုပြင်ဆင်ချက်ပြုတ်တဲ့အခါဆား၊အချိုမှုန့်တွေများများ
ထည့်မယ့်အစားဟင်းခတ်ပစ္စည်းတွေဖြစ်တဲ့အမွှေးအကြိုင်(ကြက်သွန်ဖြူ၊
နံနံပင်၊ကြက်သွန်နီ၊ရှာလကာရည်၊သံပုရာရည်၊ဟင်းမွှေးမဆလာ၊ချင်း၊
ကြက်သွန်မိတ်)တွေထည့်လိုက်ရင်အရသာရှိသွားပါတယ်။

-ထမင်းစားပွဲပေါ်မှာဆားဗူးမတင်ထားပါနဲ့။ထမင်းစားတဲ့အခါဆားဖြူပြီး
စားတဲ့အကျင့်ကိုရှောင်ပါ။

ကုန်စည်ပြပွဲအတွက် ပြင်ဆင်သူ လုပ်သားတစ်ဦး ၁၅ ပေအမြင့် သံမဏိငြမ်းမှ ပြုတ်ကျ


မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ ကုန်စည်ပြပွဲအတွက် ယာယီအဆောက်အအုံအား ပြင်ဆင်ရေးအဖွဲ့က ပြင်ဆင်နေစဉ် ငြမ်းပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျခဲ့သဖြင့် အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီခန့်က မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ မကြာမီကျင်းပမည့် ကုန်စည်ပြပွဲအတွက် ပြင်ဆင် ရေးအဖွဲ့က ယာယီ(သံဖရိန်)အဆောက်အအုံအား ပြင်ဆင်ဆောက်လုပ်နေစဉ်(အပေါ်ပုံ) အလုပ်သမား နေမျိုးအောင်(၂၂)နှစ် အိုရင်းရွာ ငါ့သရောက်မြို့နယ်နေသူသည် အမြင့် ၁၅ ပေခန့်ရှိ သံမဏိငြမ်း ပေါ်မှ ခြေချော်ပြီးပြုတ်ကျခဲ့ရာ ဝဲပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ၄င်းအောက်တွင် ငြမ်းအား ရွှေ့ပြောင်းပေးသူ မြင့်ကိုကို(၃၅)နှစ် ကျန်စစ်သားအိမ်ရာ (၆)ရပ်ကွက် လှိုင်သာယာမြို့နယ် နေသူမှာ ငြမ်းသံချောင်းဖြင့် ရိုက်မိပြီး ညာခြေထောက် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အဆိုပါ ပြင်ဆင်ရေးအဖွဲ့၏ တာဝန်ရှိသူများက ဝိတိုရိယဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံကြီးမှ တစ်ဆင့် အလုံမြို့နယ် အကယ်ဒမီဆေးရုံကြီးသို့ လွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

The Mirror Daily

စည်းကမ်းမဲ့ယာဉ်မောင်းတစ်ဦးကြောင့် ဒဏ်ရာရခဲ့တဲ့ ဆောင်းဦးလှိုင်


စည်းကမ်းမဲ့ ယာဉ်မောင်းသူတစ်ဦးကြောင့် မကြာမီရက်က ခြေထောက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဆောင်းဦးလှိုင်ကပြောသည်။
ကားများပေါများလာသည်နှင့်အမျှ စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် အခြားသူများကို ထိခိုက်စေနိုင်၍ ဆင်ခြင်သင့်ကြောင်း ဆောင်းဦးလှိုင်က အကြံပြုသည်။

““စည်းကမ်းမရှိလို့ နည်းနည်းလေးထိခိုက်မိသွားတာပါ။ လမ်းပေါ်စည်းကမ်းမရှိတဲ့လူတွေ များနေတော့ ရှောင်ပေမယ့်လည်း မလွယ်ဘူး။ တစ်စီးလောက်က စည်းကမ်းဖောက်တာဆိုရင် ရှောင်လို့ရတယ်။ အခုက အများစု စည်းကမ်းမဲ့သလိုဖြစ်နေတော့ ပုံမှန်ကားမောင်းတဲ့လူတွေတောင် ရှောင်ဖို့ခက်တယ်””ဟု ၄င်း၏အတွေ့အကြုံနှင့်ပတ်သက်၍ပြောသည်။

ယင်းကဲ့သို့ထိခိုက်ခဲ့သောကြောင့် ကြီးကြီးမားမားဒဏ်ရာ မရရှိခဲ့သော်လည်း ခြေချင်းဝတ်လည်သကဲ့သို့ဖြစ်သွားခဲ့ကြောင်း ဆောင်းဦးလှိုင်ကပြောသည်။
““စည်းကမ်းမဲ့ယာဉ်က အင်မတန်ကြောက်စရာကောင်းတယ်။ ကားပေါ်မှာနေတဲ့လူက ရှောင်လို့လည်းမရဘူး””ဟု ဆောင်းဦးလှိုင်ကပြောသည်။

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

Photo: ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

========================================

 ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က   ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်းသည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခြင်းနှင့်အတူ တပ်ဖွဲ့မှာပျောက်သွား ခြင်းမျိုး မဟုတ်ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးခွဲကိစ္စရပ်များမှာလည်း အခြားစီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် ပင် စောစီးစွာအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။

 ဝန်ကြီးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟုပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြု ခဲ့သည်။

 လက်ရှိထောက်လှမ်းရေး အဖွဲ့ များ ဖြင့်နိုင်ငံတော်လုံခြုံရေးကို ဆောင် ရွက်ရာတွင် လုံလောက်မှုမရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ်များ ဖြစ်ပေါ်စေ ရန် ကြိုတင်သတင်းရယူရေးမှာ အရေး ကြီးပြီး မြန်မာ့နိုင်ငံရေးကို ပြန်ပြောင်း ကြည့်မည်ဆိုပါက အမျိုးသားထောက် လှမ်းရေးအဖွဲ့များကို အရေးယူလိုက် သည့် ကာလနှင့် ဆက်စပ်၍ များမကြာ မီ အချိန်၌ ဗုံးခွဲဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေးအမည်းစက်များ ဖြစ်ပေါ် ခဲ့သည်ဟု ဦးကျော်က ဆိုသည်။

မြန်မာနိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ခဲ့သိမ်းခဲ့ရသူများ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ လိုက်ရပြီးနောက် ၄င်း တပ်မတော်   ထောက်လှမ်း ရေးညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက် သိမ်းခဲ့သည်။

ဝေမာထွန်း

ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်းသည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုး ထုံးစံ မရှိသော်ငြား ထိုးတက်သွားသည့် မီတာခနှုန်းထားနှင့် ပြည်သူ့ ဆန္ဒ သဘောထား


မီတာခ တက်သည့်ကိစ္စအပေါ် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနှင့် ရင့် ကျက်စွာတွေးဆဝေဖန် ပြောကြားမှုများ ကို တာဝန်ရှိသူများအနေဖြင့် လက်သင့် ခံ ကြိုဆိုသင့်ေ ကြာင်း နိုင်ငံ့ဝန်ထမ်း  ဟောင်းတစ်ဦးက ဆိုသည်။ နှစ်ပေါင်းငါး ဆယ်ကျော် ကျင့်သားရလာသော အ ထက်မှ အမိန့်ကိုသာ သတင်းကြေညာ ထုတ်ပြန်လေ့ရှိသည့် အစိုးရ ဌာနဆိုင် ရာ ကြေညာချက် သဘာဝကို အစိုးရ သစ် သက်တမ်းတစ်ဝက်သာသာမှာ စတင်ပြောင်းလဲဖို့ အခွင့်ကောင်းဟုပင် သင်ခန်းစာ ယူနိုင်ကြောင်း ၄င်းက ဆို သည်။
ထွက်ပြီး ဆင်စွယ် ပြန်ဝင်ရိုး ထုံး စံမရှိဆိုသော်ငြား လူထုလူတန်းစား အ သီးသီး၏ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုနိုင်မည့် စကားသံတချို့ကို တောင်းခံဖြစ်ရာ-
   ”ခုကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကစပြီး ဒီမိုက ရေစီ၊ ဒီမိုကရေစီဆိုပြီးတော့ ကျွန်တော် တို့ တွင်တွင် ပြောနေကြတယ်။ ဒီခေတ် မှာ ခေတ်စားလာ တဲ့ စကားပေါ့။ ပွင့် လင်းမြင်သာမှုဆိုတဲ့ စကားတွေအသိုင်း အဝိုင်းကြားမှာ ကြားနေရတယ်။ မသိရင်တော့ ကျွန်တော်တို့ အသိုင်းအ ဝိုင်းထဲမှာ ဒီမိုကရေစီကြီးရရှိပြီးတော့ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့် အဝ ခံစားနေရသလိုလို၊ တကယ်ပဲ ပွင့် လင်းမြင်သာမှုတွေရှိနေသလိုလို၊ အရင် က မရှိတာတွေရှိလာသလိုလိုပေါ့။  ရှိ တဲ့ဟာတွေ လည်း ရှိလာတယ်။ အဲလို ခံစားမိပေမယ့် နိုင်ငံတကာစံနဲ့ ပြန်ချိန် တော့ ပြီးခဲ့တဲ့ အပတ်က ဂျာနယ်တွေ မှာ ပြန်ဖတ်ကြည့်တော့ ကျွန်တော်တို့ တိုင်းပြည်က ပွင့်လင်းမြင် သာမှု အနည်း ဆုံးစာရင်းထဲမှာပါနေတုံးပဲ၊ စီးပွားရေး လုပ်ရကိုင်ရတာ အခက်ဆုံးတိုင်းပြည် ဆိုတဲ့အထဲမှာ ပါနေတုံးပဲ။

ကျောက်ဆည်ပရိသတ် အားပေးပုံကြမ်းခဲ့သဖြင့် အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်


ဆီးဂိမ်းလှုံ့ဆော်ရေး ခရီးစဉ်အဖြစ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့အနီးဝန်းကျင်ရှိ မြို့ပေါင်း ၁၆ မြို့သို့ သွားရောက်ခဲ့ရာ နိုဝင်ဘာ ၂ ရက် ညနေက ကျောက်ဆည်မြို့သို့ရောက်ရှိရာ ကျောက်ဆည်ပရိသတ်၏ အားပေးပုံ ကြမ်းတမ်းမှုကြောင့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသော သရုပ်ဆောင်များက ပြောသည်။

““အရမ်းကြီး အားပေးတာလွန်သွားတဲ့ပုံစံပါ။  ညီမဘယ်ဘက်လက်ကိုလှမ်းဆွဲတာ နောက်ကိုလိမ်ချိုးသလိုဖြစ်ပြီး လက်ဆစ်လွဲသွားလို့ ဆေးစည်းလိုက်ရတယ်”” ဟု ယင်းခရီးစဉ်တွင်ပါဝင်သူ ခင်ရူပက ပြောသည်။ အားပေးသည့်ပရိသတ်များတွင်    အရက်သေစာသောက်စားထားသူများလည်း ပါဝင်သောကြောင့်   ယခုကဲ့သို့ဖြစ်သည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

ယင်းခရီးစဉ်တွင် လိုက်ပါခဲ့သူ သရုပ်ဆောင် စိုးပြည့်ပြည့်စံကလည်း ခရီးစဉ်တစ်လျှောက်ရှိ မြို့များတွင် ပရိသတ်အားပေးမှု ရရှိသဖြင့် ပျော်ရွှင်ခဲ့သော်လည်း ကျောက်ဆည်မြို့မှ ပရိသတ်များ အားပေးမှုကိုမူ ၎င်းအနေဖြင့် ၀မ်းနည်းကြောင်း ပြောသည်။

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ

 
ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။

အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။

ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည် တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်တတ်တယ်။

ရခိုင်ပြည်နယ်အတွင်း ခွဲခြားအကူအညီပေးသည်ဟု စွပ်စွဲချက် MSF အကြီးအကဲ တုံ့ပြန်ငြင်းဆို


ကေဇင်ဦး|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုလိုက်သည်။

နိုဝင်ဘာ၂ ရက်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခတွင် ဒါဏ်ရာရခဲ့သော ဘင်္ဂါလီဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော MSF အဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော ရခိုင် အမျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုသည့် စွပ်စွဲချက်များကို တုန့်ပြန်ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“MSF အဖွဲ့အနေနဲ့ လူမျိုးခွဲခြားမှုမရှိဘဲ လူနာရဲ့လိုအပ်ချက်အရသာ ဆေးရုံဆီကို လွှဲပြောင်းပို့ဆောင် ပေးတာ ဖြစ်ပါတယ်၊ ဆင်တက်မော်အရပ်မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့မနက်က MSF အနေနဲ့ ဒုက္ခသည်စခန်း မှ တာဝန်ရှိသူများက အရေးပေါ်လူနာရှိကြောင်း ဆက်သွယ်လာချက်အရ ပြည်နယ်ကျန်းမာရေး တာဝန် ရှိသူများနဲ့ဆက်သွယ်ပြီး လူနာများကို စစ်တွေဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပါတယ်”ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို ဗစ်ကီဟော့ကင်းက ပြန်လည်ဖြေကြားသည်။

ဒါရိုက်တာအလုပ် မစွန့်လွှတ်ရရင် နိုင်ငံရေး လုပ်မယ်ဆိုတဲ့ ကြည်ဖြူသျှင်

 ကြည်ဖြူသျှင်, အမျိုးသမီး, လွှတ်တော်အမတ်, နိုင်ငံရေး
“နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် (ဓာတ်ပုံ – ဧရာဝတီ)

လက်တင်အမေရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက အမျိုးသမီးလွှတ်တော် အမတ်တွေကော၊ မြန်မာပြည်က အမျိုးသမီး လွှတ်တော်အမတ်တွေပါ ခန်းလုံးပြည့် ပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ ခန်းမကြီးထဲမှာ လွှတ်တော်အမတ် မဟုတ်တဲ့ ခပ်ရိုးရိုး အပြင်အဆင်နဲ့ အမျိုးသမီးတဦး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သူ့လည်ပင်းမှာတော့ ဒီအခမ်းအနားကို တက်ခွင့် ရထားသူ တဦးအဖြစ် သိသာစေတဲ့ ကတ်ကလေးကို ချိတ်ဆွဲထားတာ တွေ့ရတယ်။
ခပ်ရိုးရိုး အပြင်အဆင်လို့ ဆိုရတာက မြန်မာအမျိုးသမီး လွှတ်တော် အမတ် အများစု ဆင်ယင်ထားပုံနဲ့ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ ပုဝါတွေ၊ ဆံထုံးတွေ၊ ပန်းတွေမပါတဲ့ သူ့ပုံစံ၊ မျက်နှာမှာ အချယ်အသ ကင်းမဲ့တဲ့ သူ့ပုံစံက ကျန်တဲ့ အမျိုးသမီး တွေနဲ့ ကွဲထွက်နေပါတယ်။
သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို တက်ရောက်လာသူ၊ ကွယ်လွန်သူ ပန်းချီဆရာကြီး ဝသုန်အကြောင်း ရိုက်ကူးထားတဲ့ “ဝသုန်ကောက်ကြောင်း” မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ လူသိများသူ၊ ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးနေသူ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ ဝသုန်ကောက်ကြောင်းဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တယောက်လည်း ဖြစ်နေပါ သေးတယ်။
လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာသမား တဦးအနေနဲ့ ကြည်ဖြူသျှင်ဟာ ပါတီနိုင်ငံရေးထဲမှာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန်

သီဟကိုကို|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွက် ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခု၊ စည်ပင်သာယာရေး ကော်မတီ/အဖွဲ့ အစည်းများမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိနေသည်။

မိန်းမအိမ်သာရှေ့က CCTV ပြန်ဖြုတ်ပေးလို့ဆန္ဒပြမှုရပ်ဆိုင်းပြီ


အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေးချက် တောင်းဆိုခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်ရှMyanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါသပိတ်စခန်းဖွင့်ဆန္ဒ ပြမှုခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမားကိုစည်သူ မင်းကိုအလုပ်ပြန်ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခလစာမဖြတ် ရေး၊ ယခင်စာချုပ်ပါအချက်များ  ကို လိုက်နာရေးစသည်တို့အား အလုပ်ရှင်ကလိုက်လျောခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမရှင်းသန့် ဖြူစင်ကပြောခဲ့သည်။

ပုန်ကန်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သား ၁၅၂ ဦး သေဒဏ်ထိ

 
 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အသေအပျောက်များခဲ့တဲ့ နယ်ခြားစောင့်တပ်တွင်း ပုန်ကန်မှုကြီးတခုမှာ ပါဝင်ခဲ့သူပေါင်း ၁၅၂ ဦးကို ဒီနေ့ သေဒဏ်ပေးလိုက်ပါတယ်။

တပ်မှူး ၅၀ ကျော်အပါအဝင် လူပေါင်း ၇၄ ဦး သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ်တုန်းက ဒီတပ်တွင်းပုံကန်မှုမှာ ပတ်သက်သူတွေကို အခုလို သေဒဏ်ပေးတာအပြင်၊ နောက်ထပ် ပတ်သက်သူပေါင်း ၁၅၇ ဦးကိုလည်း တသက်တကျွန်း ထောင်ဒဏ်အဖြစ် Dhaka မြို့တော်ရှိ တရားခုံရုံးတခုက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတရားခုံရုံးကပဲ နောက်ထပ် စွပ်စွဲခံထားရသူပေါင်း ၁၇၂ ဦးကိုတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တွေမှာ ၂ ရက်ကြာဖြစ်ခဲ့တဲ့ လစာတိုးရေးနဲ့ အခြားအပြောင်းအလဲတွေ လုပ်ပေးရေး ဒီတပ်တွင်း တောင်းဆိုပုန်ကန်မှုထဲမှာ သတ်ဖြတ်မှု၊ မီးတင်ရှို့မှုတွေနဲ့ လူပေါင်း ၈၀၀ ကျော်ကို ရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ အခုလို လူပေါင်းများစွာကို တကြိမ်တည်းမှာ ခုံရုံးတင် စစ်ဆေးတာက တရားမျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာပဲ ဒီခုံရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။ 
 
VOA(Burmese)

ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများဖြစ်နိုင်

တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်သေစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြားခဲ့ သည်။

အဆိုပါဆင်ဖြူတော်မုန်ယိုမှု ဖြစ်စဉ်ကြောင့်နိုင်ငံတော်အုပ်ချုပ် သူများ၊ ပြည်သူများကံအညံ့များ  ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဉ် ကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် လူထုလှုပ်ရှားမှုများ၊ ပဋိပက္ခများ၊ နိုင်ငံရေး မငြိမ်သက် မှုများဖြစ်နိုင်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။

ကော့သောင်း အကျဉ်းထောင်ရှိ ကြမ်းခင်းအောက်တွင် ဓား ၃၅ ချောင်း အပါအ၀င် ယူဆောင်ခွင့် တားမြစ်ပစ္စည်းများကို ထပ်မံရှာဖွေ တွေ့ရှိ

E-6-11
ကော့သောင်း အကျဉ်းထောင်အား တွေ့ရစဉ် (ဓာတ်ပုံ - ရဲမြင့်ဝင်း)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသွင်က နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၆ ရက်အထိ စစ်ဆေးခဲ့ရာတွင် အကျဉ်းသား ငါးဦးထံမှ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ဘလိတ်ဓားနှင့် ဓားများကို တွေ့ရှိရသဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ ထောင်အတွင်းသို့ ယူဆောင်ခွင့် တားမြစ်ထားသည့် လက်နက်များနှင့် ပစ္စည်းများကို ထပ်မံရှာဖွေရန်အတွက် အကျဉ်းကျနေသူများ နေထိုင်သည့်  ကြမ်းခင်း/ကွပ်ပျစ်များကို လှန်၍စစ်ဆေးရာတွင် မုတ်ဆိတ်ရိတ် ဘလိတ်ဓား ၂၇  ချောင်း၊ အရိုးအသွား လေးလက်မရှိ ဓားရှစ်ချောင်း၊ အရိုးအသွား ခြောက်လက်မရှိ ဓားငါးချောင်း၊ အရိုးအသွား ခြောက်လက်မရှိ ဓား ၁၁ ချောင်း၊ အရိုးအသွား ရှစ်လက်မရှိ ဓား ၁၁ ချောင်း၊ စတီးချောင်းအချွန် ၁၄ ချောင်း၊ သံတိုသံစရှစ်ခု၊ ပလာယာ တစ်လက်၊ တစ်မတ်လုံးအရှည် သံတုတ် တစ်ချောင်း၊ အရှည်တစ်ပေ ခဲသီးသံချောင်း ၁၄ ချောင်းနှင့် ဂက်စ်မီးခြစ် ၆၆ လုံး၊ ဖုန်းအားသွင်းကြိုး သုံးခု၊ ဓာတ်ခဲလေးခု၊ ဖုန်းဆင်းမ်ကတ်နှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားခဲ့သည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်

Photo: ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စာရင်းတင်သွင်းထားသည့် ပျူမြို့ဟောင်း သုံးမြို့အနက် ICOMOS (International Council on Monuments and Sites) မှ လာရောက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO ၏ တာဝန်ပေးချက်အရ ICOMOS မှ ကျွမ်းကျင်ပညာရှင် Dr.Susan က အောက်တိုဘာ ၂၅ ရက်တွင် ပျူမြို့ဟောင်း သုံးမြို့အနက်မှ သရေခေတ္တရာ မြို့ဟောင်းနှင့် ဗိဿနိုးမြို့ဟောင်းတို့အား လာရောက်စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့ဟောင်းအား စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

"ICOMOS က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ တင်ထားတဲ့ သရေခေတ္တရာ မြို့ဟောင်းနဲ့ ဗိဿနိုး မြို့ဟောင်းတွေကို ပထမဦးဆုံး လာစစ်ဆေးတာပါ။ စစ်ဆေးဖို့ ကျန်သေးတဲ့ ဟန်လင်းမြို့ဟောင်းကိုတော့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ လာပြီးစစ်ဆေး ဦးမှာပါ။ လာစစ်ဆေးတာက သူတို့ဆီကို တင်ထားတဲ့ Management Plan နဲ့ အပြင်မှာ ဆောင်ရွက်ထားတာတွေ ကိုက်ညီမှု ရှိမရှိ လာစစ်ဆေးတာပါ။ ယဉ်ကျေးမှု နယ်မြေတွေကို ထိန်းသိမ်းထားတာ တကယ်ဟုတ် မဟုတ်ကိုပေါ့။ အခုစစ်ဆေးဖို့ ကျန်သေးတဲ့ ဟန်လင်းမှာလည်း ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လုပ်နေပါတယ်။ ပြတိုက်လည်း တည်ဆောက်ပြီးသွားပြီ" ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြင်သစ်နိုင်ငံ အခြေစိုက် ICOMOS အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများအား လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသများနှင့် ပတ်သက်၍ UNESCO အား အကြံပြုချက်များ ပေးအပ်လျက်ရှိသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

ဟန်လင်းမြို့ဟောင်း တစ်နေရာအား တွေ့ရစဉ်
ဟန်လင်းမြို့ဟောင်း တစ်နေရာအား တွေ့ရစဉ်
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စာရင်းတင်သွင်းထားသည့် ပျူမြို့ဟောင်း သုံးမြို့အနက် ICOMOS (International Council on Monuments and Sites) မှ လာရောက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ UNESCO ၏ တာဝန်ပေးချက်အရ ICOMOS မှ ကျွမ်းကျင်ပညာရှင် Dr.Susan က အောက်တိုဘာ ၂၅ ရက်တွင် ပျူမြို့ဟောင်း သုံးမြို့အနက်မှ သရေခေတ္တရာ မြို့ဟောင်းနှင့် ဗိဿနိုးမြို့ဟောင်းတို့အား လာရောက်စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့ဟောင်းအား စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

အဲကမ္ဘောဇ လေယာဉ်တစ်စင်း ထားဝယ်လေဆိပ်တွင် ရပ်နားထားစဉ် လေကာမှန် အက်ကွဲမှုကြောင့် ခရီးစဉ်များ ရပ်နားထား

Photo: အဲကမ္ဘောဇ လေယာဉ်တစ်စင်း ထားဝယ်လေဆိပ်တွင် ရပ်နားထားစဉ် လေကာမှန် အက်ကွဲမှုကြောင့် ခရီးစဉ်များ ရပ်နားထား

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်လေဆိပ်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက အဲကမ္ဘောဇ လေယာဉ်တစ်စင်း လေယာဉ်ရှေ့လေကာမှန် ကွဲအက်မှုကြောင့် ခရီးစဉ်များ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိဘဲ ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ထားဝယ်လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် f(Jate air 319320)ATR 72- ၅၀၀ အမျိုးအစား၊ XY-AJD လေယာဉ်သည် လေဆိပ်ရပ်နားကွင်းအတွင်း ရပ်တန့်ထားစဉ် အနီးရှိ မြိတ်မြို့သို့ထွက်ခွာမည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် (special B) EMBRAER ၁၉၀ အမျိုးအစား၊ XY-AGQ လေယာဉ်၏ အင်ဂျင်မှလေတွန်းကန်မှု အရှိန်ကြောင့် ကျောက်စရစ်ခဲများ လွင့်ပါလာပြီး လေယာဉ်၏ လေကာမှန်အချို့ကို ထိခိုက်ကာ ကွဲအက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲကမ္ဘောဇ လေယာဉ်ရဲ့ ရပ်နားထားပုံက ကန့်လန့်ဖြစ်နေတော့ EMBRAER ၁၉၀ ထွက်တဲ့အချိန်မှာ အင်ဂျင်ပါဝါ မြှင့်လိုက်လို့ ကျောက်စရစ်ခဲတွေ လွင့်ပါသွားပြီး လေယာဉ်ရဲ့ လေကာမှန်ကို ထိသွားတာ ဖြစ်ပါတယ်။  ၁၉၀ က လေတွန်းကန်အားပြင်းလို့ အခုလို မတော်တဆ ဖြစ်သွားတာပါ။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး" လေကြောင်းဦးစီးဌာန ထားဝယ်လေဆိပ် တာဝန်ခံ ဦးလှစိုးက ပြောကြားသည်။

ယင်းမတော်တဆမှုကြောင့် အဲကမ္ဘောဇ လေယာဉ်၏ လေကာမှန်အချို့ ကွဲအက်သွားပြီး ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များကို ညနေပိုင်းရောက်မှသာ စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ လေယာဉ်မှာ မှန်တစ်ချပ်တော့ ဆိုးဆိုးရွားရွား ကွဲအက်သွားခဲ့တယ်။ ကျန်တဲ့မှန်တွေမှာလည်း အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး။ ရန်ကုန်က အင်ဂျင်နီယာတွေ စင်းလုံးငှား လေယာဉ်နဲ့ လိုက်လာပြီး လေကာမှန်အသစ်ကို တပ်ဆင်မှာ ဖြစ်ပါတယ်" ဟု အဲကမ္ဘောဇ ထားဝယ်ရုံးခွဲ မန်နေဂျာက ပြောကြားသည်။

မှန်အက်ကွဲခဲ့သော အဲကမ္ဘောဇလေယာဉ် ထားဝယ်လေဆိပ်တွင် ရပ်နားထားသည်ကို တွေ့ရစဉ်
မှန်အက်ကွဲခဲ့သော အဲကမ္ဘောဇလေယာဉ် ထားဝယ်လေဆိပ်တွင် ရပ်နားထားသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်လေဆိပ်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက အဲကမ္ဘောဇ လေယာဉ်တစ်စင်း လေယာဉ်ရှေ့လေကာမှန် ကွဲအက်မှုကြောင့် ခရီးစဉ်များ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိဘဲ ရပ်နားထားခဲ့ရကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ထားဝယ်လေဆိပ်မှ ရန်ကုန်သို့ ထွက်ခွာမည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် f(Jate air 319320)ATR 72- ၅၀၀ အမျိုးအစား၊ XY-AJD လေယာဉ်သည် လေဆိပ်ရပ်နားကွင်းအတွင်း ရပ်တန့်ထားစဉ် အနီးရှိ မြိတ်မြို့သို့ထွက်ခွာမည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် (special EMBRAER ၁၉၀ အမျိုးအစား၊ XY-AGQ လေယာဉ်၏ အင်ဂျင်မှလေတွန်းကန်မှု အရှိန်ကြောင့် ကျောက်စရစ်ခဲများ လွင့်ပါလာပြီး လေယာဉ်၏ လေကာမှန်အချို့ကို ထိခိုက်ကာ ကွဲအက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲကမ္ဘောဇ လေယာဉ်ရဲ့ ရပ်နားထားပုံက ကန့်လန့်ဖြစ်နေတော့ EMBRAER ၁၉၀ ထွက်တဲ့အချိန်မှာ အင်ဂျင်ပါဝါ မြှင့်လိုက်လို့ ကျောက်စရစ်ခဲတွေ လွင့်ပါသွားပြီး လေယာဉ်ရဲ့ လေကာမှန်ကို ထိသွားတာ ဖြစ်ပါတယ်။ ၁၉၀ က လေတွန်းကန်အားပြင်းလို့ အခုလို မတော်တဆ ဖြစ်သွားတာပါ။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး" လေကြောင်းဦးစီးဌာန ထားဝယ်လေဆိပ် တာဝန်ခံ ဦးလှစိုးက ပြောကြားသည်။

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

လိင်အလုပ်သမ, ကျန်းမာရေး, ဒေါ်နှင်းနှင်းယု
ရန်ကုန်မြို့မှ ညငှက်တချို့ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ – စိုင်းဇော်သိုက် / ဧရာဝတီ)

တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက်လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့
ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင်ကို ပြောလိုက်တယ်။
နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။
“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့
ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။
အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်
ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ကြတယ်။

မယ်စကြဝဠာ (မြန်မာ) အလှမယ် မိုးစက်ဝိုင်နှင့် ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း

ရခိုင်ရိုးရာဝတ်စုံနဲ့ ရိုးရာဝတ်စုံပြိုင်ပွဲဝင်ခဲ့တဲ့ Miss Universe (Myanmar) အလှမယ် မိုးစက်ဝိုင်ကို ရုရှားနိုင်ငံ၊ မော်စကိုက အလှမယ်ပြိုင်ပွဲကျင်းပရာမှာ ပွဲကြည့်ပရိသတ်နဲ့ အတူ တွေ့ရစဉ်။ (ဓာတ်ပုံ ဦးရော်နီညိမ်း)

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၈၇ ဦးတို့ဟာ နိုဝင်ဘာလ ၉ ရက် စနေနေ့မှာ ကျင်းပမယ့် ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေကြပါပြီ။ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါပြီ။ ဒီမယ်စကြ၀ဠာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ကိုယ်စားပြု ၀င်ရွေးခံမယ့် မိုးစက်ဝိုင်လည်း ရောက်ရှိနေပါတယ်။ မော်စကိုမြို့ကို ရောက်ရှိနေသူတွေထဲမှာ ဗွီအိုအေ ၀ိုင်းတော်သား ဦးရော်နီညိမ်းလည်း ပါဝင်ပါတယ်။ မယ်စကြ၀ဠာ ရွေးပွဲအတွက် ပြင်ဆင်မှုတွေ အကြောင်းအပြင် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့အမျိုးသား ၀တ်စုံ ပြိုင်ပွဲနဲ့ ပတ်သက်လို့ မမိုးစက်ဝိုင်ကို ဦးရော်နီညိမ်းက မေးမြန်းခဲ့တာမှာတော့ သူက အခုလို စတင်ဖြေကြားပါတယ်။

မိုးစက်ဝိုင်။   ။ “မနေ့ကပွဲကတော့ နိုင်ငံပေါင်းစုံကပေါ့နော်၊ သူတို့ထွင်လာတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံတွေ ၀တ်ကြတယ်။ ဒါပေမယ့် မိုးစက်တို့ မြန်မာနိုင်ငံ အနေနဲ့ ၀တ်ခဲ့တာကတော့ အဓိက မြန်မာနိုင်ငံရဲ့ ရိုးရာဝတ်စုံ ဘယ်သူမှ ကမ္ဘာက မသိဘူးပေါ့နော်။ အဲဒီအတွက် ရိုးရာဝတ်စုံ ဆန်ဆန်လေးပဲ ၀တ်ချင်ပါတယ်လို့ ဒီဇိုင်းတွေ ဘာတွေ စတန့်တွေ ဘာတွေ မထွင်ထားဘူးပေါ့နော်။ အဓိက ကတော့ ရခိုင်ချိတ်၊ ရခိုင် မင်းသမီးလေး တယောက်ပါ။ ရခိုင် မင်းသမီး တယောက်ရဲ့ ပုံစံကို ပြန်ပြီး ၀တ်ထားတာပေါ့နော်။ သူက ပုဝါတွေရော။
Related Posts Plugin for WordPress, Blogger...

ShareThis