menu

Monday 30 September 2013

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်

Star & Model Agency ရဲ့ ဦးဆောင်သူ ဂျွန်လွင် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
 Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

ဝိပဿနာ, ဆရာကြီး ဦးဂိုအင်ကာ
ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ (ဓာတ်ပုံ – events.dhamma.org)

ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (၉၀)နှစ်သည် ယမန်နေ့ည ၁၁ နာရီခန့်က အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ နေအိမ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားသည်။
ဈာပနကို မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ သားဖြစ်သူ ဗန္ဓုလ ကုမ္ပဏီပိုင်ရှင် ဦးရွှေနှင့် မိသားစုဝင်တချို့လည်း ယနေ့ နေ့လယ်က အိန္ဒိယနိုင်ငံသို့ လိုက်ပါ သွားကြပြီဖြစ်ကြောင်း နီးစပ်သူတဦးက ပြောသည်။
မာရာဝါရီ လူမျိုး ဆရာကြီး ဦးဂိုအင်ကာ ကို ၁၉၂၄ ခုနှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ဘိုးဘွားများမှာ သီပေါမင်းလက်ထက် ကတည်းက အိန္ဒိယနိုင်ငံမှ မန္တလေးမြို့ ပြောင်းရွေ့ကာ အထည်အလိပ်နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ဖြစ် သည်။
ငယ်စဉ်က မန္တလေး စိန့်ပီတာကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး မိဘလက်ငုတ်စီးပွားရေး လုပ်ငန်းများဖြစ်သည့် အရောင်း အ၀ယ်လုပ်ငန်းများ ဖွံဖြိုးရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ခေါင်းကိုက် ရောဂါ ဝေဒနာ ခံစားနေရသည်ကို ခေတ်မီ ဆေးပညာဖြင့် ကုသသော်လည်း ပျောက်ကင်းခြင်း မရှိပေ။
ထိုကြောင့် ၁၉၅၅ ခုနှစ်၌ ငွေစာရင်းမင်းကြီး ဦးဘခင် ဦးစီးသည့် တရားရိပ်သာတွင် လယ်တီ ဆရာတော်ဘုရားကြီး၏ တပည့် အနာဂါမ် ဆရာသက်ကြီး ၏ နည်းအတိုင်း အာနာပါန ၀ိပဿနာ ကမ္မဌာန်းတရားကို ၁၀ ရက် အားထုတ်ရာ သိသိသာသာ ပျောက် ကင်း ခဲ့သည့်အတွက် ၀ိပဿနာ ကမဌာန်းတရား ပြန့်ပွားရေး လုပ်ဆောင်ခဲ့သည်။

ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သဘောတူညီမှု ရရှိ

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သဘောတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က ပြောပါတယ်။

လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို လွှတ်တော်မှာ တင်သွင်းနေစဉ်ကာလအတွင်း လုံးဝမဖျက်ဆီးရန်၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်မှာ လူ ၅ ယောက်ထက်မပိုဘဲ ဖူးမြော်ခွင့် ပေးရမယ်၊ ချီတက်လမ်းလျှောက် ဆန္ဒပြသူတွေကို လုံးဝအရေးမယူရေး စတဲ့အချက် ၃ ချက်ကို သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်သည် အကြမ်းဖက်သမားများ မွေးဖွားရာ ဗဟိုချက်ဖြစ်နေကြောင်း အိန္ဒိယ၀န်ကြီးချုပ်ပြော


AFP

ပါကစ္စတန်နိုင်ငံအနေဖြင့် “အကြမ်းဖက်သမားများအား မွေးဖွားရာ ဗဟိုချက်ဖြစ်ခြင်းမှ ရပ်တန့်သင့်ကြောင်း” အိန္ဒိယ၀န်ကြီးချုပ် မိုဟာမန်ဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်အား ၎င်းနှင့် မတွေ့ဆုံမီ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်းပြိုင်ဘက်များ ဖြစ်ကြသော အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုကောင်းလိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒနှင့် မိမိ၏ ဆန္ဒမှာလည်း တစ်ထပ်တည်းဖြစ်သည်ဟု မစ္စတာဆင်းက ပြောကြားလိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ကလည်း ဒေလီအစိုးရနှင့် “ဆက်ဆံရေးအသစ် ထူထောင်ရန်” နယူးယောက်မြို့တွင် တွေ့ဆုံခြင်း မပြုမီ ဆော်သြထားသည်။
အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ကက်ရှ်မီးယားနယ်စပ် အငြင်းပွားရာမှ တစ်ဆင့် ပေါ်ပေါက်လာသော သွေးထွက်သံယို တိုက်ခိုက်မှုများကြောင့် အေးစက်လျက်ရှိသည်။

လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်


ရေခဲ(ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၉ မိနစ်

ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများက လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့်အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစုအားလုံး ၀မ်းသာခဲ့ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

အဆိုတော် ဂျက်မြသောင်းကို ဂီတအစည်းအရုံးမှ တောင်းပန်


ပန်းမြတ်ဇော် | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၇ မိနစ်

အဆိုတော်ဂျက်မြသောင်းကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ ရေးသားမှု လွဲမှားရခြင်းနှင့် ပတ်သက်ပြီး တောင်းပန်လိုက်သည်။ အဆိုပါတောင်းပန်မှုကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဂီတအလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။

ဂျက်မြသောင်း၏ “နှလုံးသွေးများ ရပ်တန့်သွားပါစေ” သီချင်းအား အဆိုပြိုင်ပွဲတစ်ပွဲမှ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ သုံးစွဲခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဂျက်မြသောင်းက မိမိ၏ ခွင့်ပြုချက်မရယူဘဲ မည်သည့် ပြိုင်ပွဲမှ ယှဉ်ပြိုင်ခြင်း မပြုရန် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တစ်ဆင့် တားမြစ်ပေးရန် အကူအညီ တောင်းခံခဲ့ရာမှ ယင်းသို့နားလည်မှု လွဲမှားခြင်းခဲ့ကြခြင်း ဖြစ်သည်။

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား


ဇော်ဇော်ထွေး | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၂ မိနစ်

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ်ဆီဖြင့် ပတ်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ်သူ ဒေါ်စိန်အိက မဇ္ဈိမကို ပြောသည်။

“ကလေးကို ဈေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ခံရတာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာ မီးလောင်ခံထားရပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊ သီရိအောင်မြေ (၇) လမ်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဓာတ်ဆီပက်၍ မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အောင် ဆိုသည့် ကလေးငယ် ဖြစ်ပြီး မီးလောင်မှုကြောင့် အသက်အန္တရာယ် မရှိသော်လည်း နောက်ကျောပိုင်းတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု ယင်းတို့အား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စွာက မဇ္ဈိမသို့ ပြောပြခဲ့သည်။

ထန်းတပင် တီဘီဆေးရုံအုပ်ကြီး ဆေးရုံအတွင်း ရုတ်တရက်လဲကျသေဆုံး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၁ မိနစ်

ထန်းတပင်မြို့နယ် တီဘီဆေးရုံတွင် ဆေးရုံအုပ်ကြီးသည် ဆေးရုံအတွင်း ရုတ်တရက် လဲကျသေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက တူးချောင်းကျေးရွာအုပ်စုရှိ တီဘီဆေးရုံတွင် ဆေးရုံအုပ်ကြီးမှာ ၎င်းရုံးခန်းအတွင်း ရုတ်တရက် လဲကျသေဆုံးကြောင်း သတင်းအရ တက်သစ်နယ်မြေရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

သေဆုံးသူမှာ ဆေးရုံအုပ်ဖြစ်သည့် ဒေါက်တာ ခင်မောင်ဦး(၅၃)နှစ်၊ တီဘီ ဆေးရုံဝင်း၊ ၀န်ထမ်းအိမ်ရာ၊ တူးချောင်းကျေးရွာ ထန်းထပင်မြို့နယ်နေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်


ရန်ကုန်၊ စက်တင်ဘာ ၂၉

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆတက်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဇူလိုင်လ တွင် တင်ဒါ စတင်ခေါ်ခဲ့ပြီး ပုံနှိပ်လုပ်ငန်းရှင် ၂၈ ဦး လာရောက် လျှောက်ထားခဲ့ရာ ၂၃ ဦး တင်ဒါ အောင်မြင်ခဲ့ကြောင်း၊ လုပ်ငန်းရှင် ၁၉ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ကျန်လေးဦးမှာ မန္တလေး တိုင်းဒေသကြီးမှ ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

လုပ်ငန်းရှင်များကို တင်ဒါပေးထားသော ဒီဇိုင်းပြောင်း ပြဋ္ဌာန်းစာအုပ် ၆၁ မျိုးတွင် စာလုံးအရွယ်အစား မှားယွင်းခြင်းများ၊ စာအုပ် အရွယ်အစား မတူညီခြင်းများတို့ကို ပြင်ဆင်ခဲ့ကြောင်း၊ ယင်းအပြင် ပြဋ္ဌာန်းစာအုပ် အချို့တွင် မှားယွင်း ပုံနှိပ်ထားသော ပုံများ၊ စာများကို ပြင်ဆင်သွားရန် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းစာအုပ် ပုံနှိပ်ရေးအတွက် တာဝန်ယူဆောင်ရွက် နေသူတစ်ဦးက The Voice သို့ ပြောဆိုသည်။

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို

Photo: တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့်  တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး KNU၊ DKBA၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေး တိုင်းရင်းသား နယ်မြေအတွင်းရှိ တပ်ဆွယ်များကို မိခင်တပ်မ ရှိရာသို့ ပြန်လည် ဆုတ်ခွာပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။
“တိုင်းရင်းသား ပြည်သူတွေရဲ့ ယုံကြည်မှုတွေရဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တစ်ခုတည်းသာမက တပ်မတော်၏ သဘောထားမှာ အလွန်အရေးကြီးသော အချိန်အခါ ဖြစ်နေကြောင်း Institute For Peace and Social Justice မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။
“အင်အားကြီးတဲ့သူက ပိုပြီးသဘောထားကြီးရမယ့်အချိန် ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် NLD အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အောက်တိုဘာလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၉

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး KNU၊ DKBA၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

မန္တလေးမှ လက်ပံတောင်းထိ လမ်းလျှောက် ဆန္ဒပြသူများ ဧရာဝတီတံတား (ရတနာပုံ) တွင် တားဆီးခံရ

Photo: မန္တလေးမှ လက်ပံတောင်းထိ လမ်းလျှောက် ဆန္ဒပြသူများ ဧရာဝတီတံတား 
(ရတနာပုံ) တွင် တားဆီးခံရ

မန္တလေး၊ စက်တင်ဘာ ၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနယ်မြေ အတွင်းရှိ လယ်တီ ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သော သိမ်တော်နှင့် စေတီတော်တို့ကို မဖျက်ဆီးစေရန်အတွက် ရန်ကုန်နှင့် မုံရွာမြို့ အခြေစိုက် ဖွဲ့စည်းထားသည့် လက်ပံတောင်း အရပ်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှ  လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် လုံခြုံရေး ရဲများ၏ တားဆီးခြင်း ခံခဲ့ရကြောင်း မန္တလေးမြိုခံ သတင်းထောက်များက ပြောကြားသည်။

အမရပူရမြို့နယ် ကပ်ကျော်ဘုရားမှ စတင်ကာ လမ်းလျှောက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ပြီး အမရပူရမြို့နယ်အထွက် ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း လမ်းလျှောက်သူများ အဖွဲ့ကို သံဆူးကြိုးများဖြင့် ထပ်မံစည်းချ တားဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်းလျှောက် သူများထဲတွင် ပါဝင်သူ နှစ်ဦးကို အချုပ်ကားပေါ်သို့ ဖမ်းခေါ် သွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် အချေအတင် ပြန်လည် ဆွေးနွေးခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော် လမ်းလျှောက်သော အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးစည်သူက ပြောကြားသည်။
“ခွင့်ပြုမိန့် မတင်ထားလို့ တားရတာပါ။ ခွင့်ပြုချက်နဲ့ဆိုရင် ကျွန်တော်တို့က လိုက်တောင် စောင့်ရှောက် ဦးမှာပါ” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေပိုက ပြောကြားသည်။

ယင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးဘက်ခြမ်းရှိ ရထားခုံးကျော်တံတား အနီးတွင် လုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ညနေ ၅ နာရီတွင် စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီး သို့မဟုတ် ဘုရားနီ ဘုရားအနီးတွင် ယခုညအိပ်ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မုံရွာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ကတော့ ဒီလယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီကို မဖျက်ဆီးစေဖို့  လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေအထိ လမ်းလျှောက်သွားကြမှာပါ။ 

ကျွန်တော်တို့ ဖြတ်သွားရာ ဒေသက ပြည်သူတွေကပါ ကျွန်တော်တို့ သဘောထား၊ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဟာကို သိရှိသွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ဦးစည်သူက ပြောကြားသည်။

လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့သည် အဖွဲ့၏ ခရီးမစတင်မီ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က  မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးရှိ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် ၄၀  ဦး ကျော်ခန့်ပါသော အဖွဲ့ဖြင့် လက်ပံတောင်းတောင်သို့ လမ်းလျောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

မန္တလေး၊ စက်တင်ဘာ ၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနယ်မြေ အတွင်းရှိ လယ်တီ ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သော သိမ်တော်နှင့် စေတီတော်တို့ကို မဖျက်ဆီးစေရန်အတွက် ရန်ကုန်နှင့် မုံရွာမြို့ အခြေစိုက် ဖွဲ့စည်းထားသည့် လက်ပံတောင်း အရပ်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှ လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် လုံခြုံရေး ရဲများ၏ တားဆီးခြင်း ခံခဲ့ရကြောင်း မန္တလေးမြိုခံ သတင်းထောက်များက ပြောကြားသည်။

အမရပူရမြို့နယ် ကပ်ကျော်ဘုရားမှ စတင်ကာ လမ်းလျှောက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ပြီး အမရပူရမြို့နယ်အထွက် ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း လမ်းလျှောက်သူများ အဖွဲ့ကို သံဆူးကြိုးများဖြင့် ထပ်မံစည်းချ တားဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်းလျှောက် သူများထဲတွင် ပါဝင်သူ နှစ်ဦးကို အချုပ်ကားပေါ်သို့ ဖမ်းခေါ် သွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် အချေအတင် ပြန်လည် ဆွေးနွေးခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော် လမ်းလျှောက်သော အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးစည်သူက ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

Photo: ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

သံတွဲတွင် နေအိမ်တစ်လုံး မီးရှို့ခံရ


ရန်ကုန်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဗုဒ္ဓဘာသာ သာသနာ့အလံကို ဘင်္ဂါလီတစ်ဦးက ဖျက်ဆီးခဲ့မှု ဂယက်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘင်္ဂါလီများ ပိုင်ဆိုင်သည့် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရကြောင်း သံတွဲမြို့ခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

သာသနာ့အလံကို ဖျက်ဆီးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်လိုက်သဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ကာ မီးရှို့မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
“သာသနာ့အလံကို ဖျက်ဆီးလို့ ဖမ်းထားတဲ့သူကို ပြန်လွှတ်လိုက်တော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

မသန်စွမ်းသူများကို ကြိုတင်တောင်းပန်ထားချင်ဟု ခန့်စည်သူ ပြောကြား


Photo: မသန်စွမ်းသူများကို ကြိုတင်တောင်းပန်ထားချင်ဟု ခန့်စည်သူ ပြောကြား

ရန်ကုန်၊ စက်တင်ဘာ၂၉

ရွှေ့မိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ၊ အောက်တိုဘာလအတွင်း ရုံတင်ပြသမည့် ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် မသန်စွမ်းသူများကို လှောင်ပြောင် သရော်ထားသည်ဟု အမြင်လွဲမှားမည် စိုးသည့်အတွက် ကြိုတင် တောင်းပန်ထားချင်ကြောင်း၊ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် ခန့်စည်သူက The Voice သို့ ပြောကြားသည်။

ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်မှုများသည် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည်ဟု အမြင်လွဲမှားမည်ကို စိုးရိမ်ကြောင်း၊ ဇာတ်ကား၏ အဓိက ပေးချင်သော သတင်းစကားမှာ လူတစ်ယောက်သည် ကျန်းမာသန်စွမ်းသော်လည်း အသက်ရှင်နေစဉ် ကာလအတွင်း လောကကြီးအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျိုးမပြုနိုင်ပါက လူသန်သော်လည်း စိတ်မသန်စွမ်းသူအဖြစ် မှတ်ယူရမည် ဖြစ်ပြီး အချို့သောလူများသည် မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်ပါက လူမသန်သော်လည်း စွမ်းသူများအဖြစ် မှတ်ယူရမည်ဆိုသည့် အကြောင်းကို တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်တော်က ဟာသကားတွေမှာ သရုပ်ဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် သရုပ်ဆောင် တတ်တယ်။ ဒါပေမဲ့ ဒီကားမှာ မျက်မမြင်အဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်တွေ့တော့တာပဲ။ သရုပ်ဆောင် တစ်ယောက်ရဲ့ အသက်က မျက်လုံးလေ။ ဒီကားမှာက မျက်လုံးနဲ့ သရုပ်မဆောင်ရဘဲ ပါးစပ်နဲ့ပဲ ပြောခဲ့ရတယ်။ 

သရုပ်ဆောင်တဲ့ နေရာမှာလည်း ကျွန်တော်ရဲ့ဇာတ်ကောင်က မမြင်တာကို မြင်တဲ့သူ တစ်ယောက်လို အမြဲတမ်း ဟန်ဆောင်နေတာဆိုတော့ သရုပ်ဆောင်တဲ့အခါ သတိထားပြီး သရုပ်ဆောင်ရတယ်” ဟု ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် မျက်မမြင် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ ခန့်စည်သူက ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားကို လွန်ခဲ့သော ၂ နှစ်ခန့်က ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားတွင် လိုအပ်ချက်များ ရှိသည်ကို သိသော်လည်း ဈေးကွက် အနေအထားနှင့် ရရှိနိုင်သည့် ငွေကြေး အတိုင်းအတာကြောင့် ထိုမျှသာ ရိုက်ပြနိုင်ခဲ့ကြောင်း၊ လာရောက် ကြည့်ရှုသော ပရိသတ်များ စိတ်အပန်းပြေမည် ဆိုပါက ကျေနပ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် ဟန်နီ၏ ဝတ္ထုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ သန္တာဗိုလ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

စာရေးဆရာ သည်ခေတ်နေ၏ ဇာတ်လမ်းကို ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် အိချောပိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် ဂျောင်းဇာတ်ကားတွင် ရခိုင် အမျိုးသမီးများကို ထိခိုက်စေသည့် အသုံးအနှုန်း ပါဝင်ခဲ့မှုကြောင့် ရခိုင်လူမျိုးများနှင့် ပရိသတ်များကို တောင်းပန်ကြောင်း ဇာတ်ကားနှင့် သက်ဆိုင်သူများက ပြောကြားခဲ့ဖူးသည်။
ရန်ကုန်၊ စက်တင်ဘာ၂၉

ရွှေ့မိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ၊ အောက်တိုဘာလအတွင်း ရုံတင်ပြသမည့် ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် မသန်စွမ်းသူများကို လှောင်ပြောင် သရော်ထားသည်ဟု အမြင်လွဲမှားမည် စိုးသည့်အတွက် ကြိုတင် တောင်းပန်ထားချင်ကြောင်း၊ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် ခန့်စည်သူက The Voice သို့ ပြောကြားသည်။

ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်မှုများသည် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည်ဟု အမြင်လွဲမှားမည်ကို စိုးရိမ်ကြောင်း၊ ဇာတ်ကား၏ အဓိက ပေးချင်သော သတင်းစကားမှာ လူတစ်ယောက်သည် ကျန်းမာသန်စွမ်းသော်လည်း အသက်ရှင်နေစဉ် ကာလအတွင်း လောကကြီးအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျိုးမပြုနိုင်ပါက လူသန်သော်လည်း စိတ်မသန်စွမ်းသူအဖြစ် မှတ်ယူရမည် ဖြစ်ပြီး အချို့သောလူများသည် မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်ပါက လူမသန်သော်လည်း စွမ်းသူများအဖြစ် မှတ်ယူရမည်ဆိုသည့် အကြောင်းကို တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်တော်က ဟာသကားတွေမှာ သရုပ်ဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် သရုပ်ဆောင် တတ်တယ်။ ဒါပေမဲ့ ဒီကားမှာ မျက်မမြင်အဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်တွေ့တော့တာပဲ။ သရုပ်ဆောင် တစ်ယောက်ရဲ့ အသက်က မျက်လုံးလေ။ ဒီကားမှာက မျက်လုံးနဲ့ သရုပ်မဆောင်ရဘဲ ပါးစပ်နဲ့ပဲ ပြောခဲ့ရတယ်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြောင်းမြမြေဈေး ငါးဆခန့်မြင့်တက်

Photo: ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြောင်းမြမြေဈေး ငါးဆခန့်မြင့်တက်

မြောင်းမြမြို့ မြစိမ်းရောင် သာသနာ့နယ်မြေတွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြစိမ်းရောင် သာသနာ့နယ်မြေနှင့် နီးကပ်သော ကုန်းသာကျေးရွာ၊ မြောင်းမြမြို့နှင့် မြစိမ်းရောင် သာသနာ့မြေကို ဆက်သွယ်ထားသော လမ်းတစ်လျှောက်ရှိ အိမ်ခြံဈေးများ ငါးဆခန့် မြင့်တက်လာကြောင်း သိရသည်။

"အဓိက အရောင်းဝယ်ဖြစ်တာ ကုန်းသာဘက်မှာ။ မြို့ဟောင်းရွာဘက်က ပိုနီးပေမယ့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုတော့ အရောင်းအ၀ယ် လုပ်လို့မရဘူး။ ကုန်းသာဘက်မှာဆို အ၀ယ်လိုက်တယ်။ ခြံကျယ်ပြီး နေရာကောင်းရင် ခဏလေးနဲ့ အရောင်းအ၀ယ် ဖြစ်တယ်။ ကားလမ်းဘေးက မြေတွေဆို ရသလောက် လိုက်ဝယ်တာတောင် ရှိတယ်။ ဈေးတွေကတော့ ကြိုက်ဈေးပဲ။ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

"ခေါင်းလောင်းကြီးလုပ်မယ့် သတင်းရယ်။ မြောင်းမြရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ပြန်လည်ဖော်ထုတ်နေတဲ့ အကြောင်းတွေကြောင့် လူတွေက နိုင်ငံခြားသားတွေ၊ လေ့လာသူတွေ လာရောက်ဖို့ ရှိလာပြီဆိုပြီး မြစိမ်းရောင်နဲ့ နီးတဲ့နေရာက မြေတွေကို လိုက်ဝယ်တာ။ သိပ်မနီးတဲ့ ကားလမ်းဘေးက ဥယျာဉ်မြေ ကျယ်ကျယ်တွေကိုလဲ ဈေးကောင်းပေးဝယ်တယ်။ လွန်ခဲ့တဲ့ ငါးလလောက်က ခုနစ်သိန်းလောက်ပဲပေါက်တဲ့ မြေကွက်က အခုဆို ၄၀ ကျော် ပေါက်တယ်" ဟု ကုန်းသာကျေးရွာတွင် မြေကွက်ဝယ်ရန် လေ့လာသူ တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ခေါင်းလောင်းကြီးကို မြောင်းမြမြို့ မြစိမ်းရောင် သာသနာ့နယ်မြေရှိ မြတိဂုံဘုရား ရင်ပြင်ပေါ်တွင် သွန်းလုပ်ပူဇော်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်အရေအတွက် တိုးလာမည်ဟု ခန့်မှန်းတွက်ချက်ပြီး ခရီးသွား လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်မှုအဖြစ် မြေကွက်များဝယ်မှု ပြုလုပ်လာခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ထားရှိမည့် မြတိဂုံ စေတီတော်ရင်ပြင်အား တွေ့ရစဉ်

မြောင်းမြမြို့ မြစိမ်းရောင် သာသနာ့နယ်မြေတွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြစိမ်းရောင် သာသနာ့နယ်မြေနှင့် နီးကပ်သော ကုန်းသာကျေးရွာ၊ မြောင်းမြမြို့နှင့် မြစိမ်းရောင် သာသနာ့မြေကို ဆက်သွယ်ထားသော လမ်းတစ်လျှောက်ရှိ အိမ်ခြံဈေးများ ငါးဆခန့် မြင့်တက်လာကြောင်း သိရသည်။

"အဓိက အရောင်းဝယ်ဖြစ်တာ ကုန်းသာဘက်မှာ။ မြို့ဟောင်းရွာဘက်က ပိုနီးပေမယ့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုတော့ အရောင်းအ၀ယ် လုပ်လို့မရဘူး။ ကုန်းသာဘက်မှာဆို အ၀ယ်လိုက်တယ်။ ခြံကျယ်ပြီး နေရာကောင်းရင် ခဏလေးနဲ့ အရောင်းအ၀ယ် ဖြစ်တယ်။ ကားလမ်းဘေးက မြေတွေဆို ရသလောက် လိုက်ဝယ်တာတောင် ရှိတယ်။ ဈေးတွေကတော့ ကြိုက်ဈေးပဲ။ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှုအတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

Photo: ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှုအတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်းအလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ အမှုဖွင့်ရခြင်း အကြောင်းရင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမား ၁၀၀ ကျော်တို့မှ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဘဲ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခြင်းတို့ကြောင့် ဆန္ဒပြရာတွင် ဦးဆောင်ပြုလုပ်သူ ကိုမင်းမင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုကျော်မျိုးနှင့် ကိုကျော်ကျော်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူပေးပါရန် ရဲမှူးယုကြည်မှ တရားလိုပြုလုပ်၍ ကျောက်တံတား ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လအတွင်း ဒဂုံဆိပ်ကမ်းတွင် အလုပ်ရှင်မှ ထုတ်ပယ်လိုက်သည့် အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ပေးရန် အပါအ၀င် အချက် ၁၀ ချက်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့ခြင်းကြောင့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကို ဒဂုံဆိပ်ကမ်း ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ယင်းအပြင် အလုပ်ရှင်မှ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကိုပင် အမှုလေးမှုဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုမင်းမင်း၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ပါဘူးလို့ ရဲမှူးတွေကို ၀န်ကြီးရှေ့မှာရော၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရှေ့မှာရော ပြောဆိုခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စခန်းမှာ အမှုဖွင့်ထားပြီးဆိုတော့ ဥပဒေအရ ရင်ဆိုင်ဖို့ပဲ ရှိပါတော့တယ်" ဟု အလုပ်သမားခေါင်းဆောင် ကိုမင်းမင်းက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် အလုပ်ရှင်မှ စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ထင်မြင်သောကြောင့် ၎င်းတို့အနေဖြင့် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပြီး စက်တင်ဘာ ၁၃ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းများ၏ ညှိနှိုင်းပေးမှုများကြောင့် အလုပ်ရှင်နှင့် အချက်ငါးချက်ပါ သဘောတူညီမှု စာချက်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။  

စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသော ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားအချို့ကို တွေ့ရစဉ်
စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြသော ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားအချို့ကို တွေ့ရစဉ်

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်းအလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦးကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ အမှုဖွင့်ရခြင်း အကြောင်းရင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမား ၁၀၀ ကျော်တို့မှ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံခြင်း မရှိဘဲ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခြင်းတို့ကြောင့် ဆန္ဒပြရာတွင် ဦးဆောင်ပြုလုပ်သူ ကိုမင်းမင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုကျော်မျိုးနှင့် ကိုကျော်ကျော်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူပေးပါရန် ရဲမှူးယုကြည်မှ တရားလိုပြုလုပ်၍ ကျောက်တံတား ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လအတွင်း ဒဂုံဆိပ်ကမ်းတွင် အလုပ်ရှင်မှ ထုတ်ပယ်လိုက်သည့် အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ပေးရန် အပါအ၀င် အချက် ၁၀ ချက်ဖြင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့ခြင်းကြောင့် အလုပ်သမားခေါင်းဆောင် နှစ်ဦးကို ဒဂုံဆိပ်ကမ်း ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

NLD နှင့် ပူးတွဲကြေညာချက်မှာ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဟု တိုင်းရင်းသားများဆို


Photo: NLD နှင့် ပူးတွဲကြေညာချက်မှာ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဟု တိုင်းရင်းသားများဆို

စက်တင်ဘာ ၂၈ ရက်က NLD နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်မှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး နည်းလမ်းတစ်ခုသာဖြစ်ပြီး ၎င်းတို့လိုချင်သည့် အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန်မှာ နည်းလမ်းပေါင်းစုံ အသုံးပြုသွားရန် ဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ပြောကြားသည်။

အဆိုပါနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထား ပါဝင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တိုင်းရင်းသားများကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲခြင်းကို မည်သည့်အရာကိုမျှ ဇောင်းပေးလုပ်ဆောင် သွားမည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒသဘောထား အသံကို နားထောင်ပြီးမှသာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"NLD က လွှတ်တော်တင်တယ်။ ဘယ်လောက် ပြင်နိုင်မလဲ။ ဘာတွေ ပြင်နိုင်လဲ။ မပြင်နိုင်တာတွေ ဘာတွေရှိမလဲ။ နည်းလမ်းနှစ်သွယ်နဲ့ ဆောင်ရွက်တာပါ။ ကျွန်တော်တို့ကလည်း UNFC နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ပေါင်းပြီး ရေးဆွဲထားတဲ့ မူကြမ်းကို ချပြမယ်။ အထူးသဖြင့် အစိုးရပြောတဲ့ ညီလာခံမှာ ချပြမယ်။ အဲ့ဒါကိုလည်း အသုံးချပြီးတော့ ပြင်တဲ့နေရာမှာဖြစ်ဖြစ် ပြန်ရေးဆွဲတဲ့ နေရာမှာဖြစ်ဖြစ် အသုံးပြုနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းမယ်ဆိုပြီးတော့ ဘယ်လောက်ထိ ပြင်နိုင်မယ် ဘယ်လောက်ထိ မပြင်နိုင်ဘူး။ ကျွန်တော်တို့ ရေးဆွဲနေတဲ့ မူကြမ်းကလည်း လိုအပ်တဲ့နေရာမှာ ညီလာခံ ဖြစ်လာရင် တင်ပြဖို့အတွက် ရေးဆွဲနေတာ ဖြစ်ပါတယ်။ နည်းလမ်းအသွယ်သွယ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်" ဟု ဦးအေးသာအောင်က ဆိုသည်။

NLD အနေဖြင့် မူလက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘောထား ကြေညာချက် သီးသန့်ထုတ်ပြန်ရန် ဖြစ်သော်လည်း နောက်ပိုင်းတွင် အစီအစဉ်ပြောင်းကာ တိုင်းရင်းသားများ၏ သဘောထား ရယူပြီးမှသာ ပြင်ဆင်ချက်များ ပြုလုပ်ပြီး စက်တင်ဘာ ၂၈ ရက် ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး အင်အားစု အများအပြား တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား ထုတ်ပြန်ခဲ့ရာ၌ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်)အသစ်ပြန်လည် ရေးဆွဲရေးဆိုသည့် အချက်ကို ထည့်သွင်းခဲ့သည်။

ယင်းအချက်တွင် ပြင်ဆင်ရေး ဆိုသည်မှာ အဖျားအနား ပြင်ဆင်ရေး၊ အပေါ်ယံ ပြင်ဆင်ရေးများကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ လူထုကျေနပ် လက်ခံနိုင်လောက်သည်အထိ ပြင်ဆင်ရေးအထိ ဆိုလိုခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့်မူ အသစ်ရေးဆွဲရေးကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးဟူသော မူနှင့်ရေးထားသည့် အချက်အားလုံးကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်းနှင့် လွှတ်တော်တွင်း ပြင်ဆင်ရေးထက် လွှတ်တော်ပြင်ပ ညီလာခံ ပြင်ဆင်ရေးကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ပြောကြားထားသည်။

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)ကလည်း ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲနေကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်
စက်တင်ဘာ ၂၈ ရက်က NLD နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်မှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး နည်းလမ်းတစ်ခုသာဖြစ်ပြီး ၎င်းတို့လိုချင်သည့် အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန်မှာ နည်းလမ်းပေါင်းစုံ အသုံးပြုသွားရန် ဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ပြောကြားသည်။

အဆိုပါနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထား ပါဝင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တိုင်းရင်းသားများကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲခြင်းကို မည်သည့်အရာကိုမျှ ဇောင်းပေးလုပ်ဆောင် သွားမည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒသဘောထား အသံကို နားထောင်ပြီးမှသာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

Photo: မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

"ခုချိန်အခါမှာ ဧရာဝတီဟာ ဘယ်တုန်းဘယ်ကာလနဲ့မှ မတူအောင် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကြောင်းက ကျွန်တော်တို့ရဲ့ မြစ်ကြီးကိုက တော်တော်ချူချာနေပြီ။ အဲဒီမှာမှ မြစ်ဆုံမှာ တာဆောက်ဦးမှာဆိုတော့ တွေးတွေးပြီး အတော်ရင်လေး ရပါတယ်။ အဆိုးဆုံးကတော့ အဲဒီအလုပ်ကြီးက ပြန်စဖို့ လုပ်နေပြီ။ လုပ်နေတယ်ဆိုတဲ့ သတင်းကလည်း အလွန်ကြားနေရပါတယ်။ ကျွန်တော်တွေးပြီး ပူလာတယ်။ အခုတောင်မှ ဒါကြီးကို ရပ်ပါ့မယ်ပြောတဲ့ သမ္မတက ရုံးထဲမှာ ရှိနေတုန်း ရှိသေးတယ်။ ခုမှ သက်တမ်းက တစ်ဝက်လောက် ရှိသေးတယ်။ ဒါပေမဲ့ တစ်ဖက်က စဖို့လုပ်နေတယ်။ နေပြည်တော်မှာလည်း ရုံးခန်းဆောက်ဖို့ မြန်မာငွေကျပ် သိန်း ၄၀၀၀ ရန်ပုံငွေ ရထားတယ်တဲ့ စီပီအိုင်က" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ရာ ယခုအခါ၌ နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ခေါင်းဆောင်သည့် အဖွဲ့ဝင်လေးဦးတို့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်စဉ်ကလည်း တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် CPI ကုမ္ပဏီဘက်မှ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်လုပ်ဆောင် လိုသည်ဟုဆိုကာ အချက်အလက်များ၊ ဓာတ်ပုံများ ပြသကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ရှစ်ဦးက ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA မှ ဦးဆောင်သူ ပါမောက္ခ ဦးညိုမောင်က ပြောကြားသည်။

"မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလ အတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင်စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့ အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့ စီမံကိန်း လုပ်ဆောင်တဲ့ ကုမ္ပဏီက ကျွန်တော်တို့ အစီရင်ခံစာကို နိုင်ငံတကာကို ချမပြဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးညိုမောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီက ကြိုးပမ်းနေမှုများနှင့် ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းအား တရုတ်ကုမ္ပဏီ မဟုတ်ဘဲ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားစသည့် မည့်သည့်နိုင်ငံမှမဆို ဆည်တည်ဆောက်ရန် ကြိုးပမ်းပါက မြန်မာပြည်သူ လူထုအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

"ဧရာဝတီကို ပြန်ပြီးတော့လုပ်ဖို့ တာစူနေပါပြီ။ အဲဒီတော့ ကြားရတဲ့ ကိစ္စတွေဟာ ကျွန်မတို့ ဧရာဝတီအတွက် စိတ်လုံးလုံး မချနိုင်သေးပါဘူး။ ဧရာဝတီနဲ့ ပတ်သက်ပြီး ရာခိုင်နှိုင်း ၆၀ အစိုးရကို ပေးပြီးသား သွင်းပြီးသားပါလို့ စီပီအိုင် ဥက္ကဋ္ဌက မီဒီယာတွေကနေပြီးတော့ ပြောခဲ့ပြီ။ မီဒီယာတွေကနေပဲ အစိုးရနဲ့ တွဲပြီးလုပ်နေတဲ့ တရုတ်ပညာရှင် အဖွဲ့ကလည်း အင်မတန်မှ ကြီးမားသော ဟိုက်ဒရိုပါဝါ စီမံကိန်းတွေကို မြန်မာပြည်မှာ လက်မခံသင့်ပါဘူးလို့ ပညာရှင် ရှုထောင့်ကနေပြီးတော့ မှန်မှန်ကန်ကန် ကျွန်မတို့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ GEI အဖွဲ့ကပါ။ ဘာပဲပြောပြော ဧရာဝတီနဲ့ ပတ်သက်ရင် ကျွန်မတို့က ဆက်ပြီးတော့ အလုပ်တွေ လုပ်ဖို့ရှိပါတယ်။ တရုတ်အစိုးရမို့လို့ ကျွန်မတို့ ဧရာဝတီကို တားဆီးနေတာ မဟုတ်ပါဘူး။ အခု လက်ဝဲရော လက်ယာရော နိုင်ငံတွေအားလုံး ကျွန်မတို့ မြန်မာပြည်နဲ့ မဟာမိတ် စီးပွားရေး လုပ်နေပါပြီ။ အဲဒီတော့ အမေရိကန်တို့ ဂျပန်တို့ ကိုရီးယားတို့ ဧရာဝတီမြစ်ဆုံကို ဆောက်မယ်ဆိုရင်လည်း ကျွန်မတို့ ပြည်သူလူထုကတော့ လက်ခံနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါတွေဟာ အမျိုးသားရေး တာဝန်လို့ ကျွန်မခံယူပါတယ်" ဟုလည်း ဒေါ်ဒေ၀ီသန့်စင်က ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

"ခုချိန်အခါမှာ ဧရာဝတီဟာ ဘယ်တုန်းဘယ်ကာလနဲ့မှ မတူအောင် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကြောင်းက ကျွန်တော်တို့ရဲ့ မြစ်ကြီးကိုက တော်တော်ချူချာနေပြီ။ အဲဒီမှာမှ မြစ်ဆုံမှာ တာဆောက်ဦးမှာဆိုတော့ တွေးတွေးပြီး အတော်ရင်လေး ရပါတယ်။ အဆိုးဆုံးကတော့ အဲဒီအလုပ်ကြီးက ပြန်စဖို့ လုပ်နေပြီ။ လုပ်နေတယ်ဆိုတဲ့ သတင်းကလည်း အလွန်ကြားနေရပါတယ်။ ကျွန်တော်တွေးပြီး ပူလာတယ်။ အခုတောင်မှ ဒါကြီးကို ရပ်ပါ့မယ်ပြောတဲ့ သမ္မတက ရုံးထဲမှာ ရှိနေတုန်း ရှိသေးတယ်။ ခုမှ သက်တမ်းက တစ်ဝက်လောက် ရှိသေးတယ်။ ဒါပေမဲ့ တစ်ဖက်က စဖို့လုပ်နေတယ်။ နေပြည်တော်မှာလည်း ရုံးခန်းဆောက်ဖို့ မြန်မာငွေကျပ် သိန်း ၄၀၀၀ ရန်ပုံငွေ ရထားတယ်တဲ့ စီပီအိုင်က" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis