menu

Friday 9 November 2012

စာနယ်ဇင်း နှင့် လက်ဆောင်ခြင်း(အကြည်တော်)


ခလောက်နီကျေးရွာတွင်ဖြစ်သည်။
တစ်နေ့သ၌ခလောက်နီရွာသား မောင် ကျော်ကြားမြို့တက်သွားပြီးယခုတလော မြို့တွင်ခေတ်စားနေသော သတင်းဂျာနယ် တစ်စောင်တိတိရွာသို့ဝယ်ပြန်လာ လေသည်။ ရွာသို့ရောက်၍ဖတ်ကြည့်သော အခါ.."စီမံကိန်းဆန္ဒပြ""ရေလုပ်သားများ ဆန္ဒပြ""လယ်ယာမြေများအတွက် ဆန္ဒပြ""စက်ရုံ လုပ်သားများ ဆန္ဒပြ""ပါတီအချင်းချင်းမညီညွတ် ၍ဆန္ဒပြ"ဂျာနယ်တစ်စောင်လုံး ဆန္ဒ ပြသော သတင်းချည်း မြင်ရလေ သောအခါ ခလောက် နီရွာသား များ မရိုးမရွ ဖြစ်ကြရလေသည်။ ဆယ်အိမ်လူကြီး ဦးဖိုးသီးက..

"ကဲ ကြည့်စမ်း၊ ဟိုနေရာရွရွ ဆန္ဒပြကြ၊ ဒီနေရာရွရွ ဆန္ဒပြကြနဲ့ ဆန္ဒပြနေကြတာ မနည်းပါလား"
သူ့စကားကို ရာအိမ်လူကြီး ဦးသာလှ ကြီးက..
"ဟုတ်ပ။ အားကျစရာကြီးပဲ၊ အင်း.. အားကျစရာကြီးပဲ"
ဘာကိုအားကျမှန်းမသိ၊ ဝင်၍အားကျ သည်။ ဒါကို လယ်သမားကြီး ဦးကြီးရွှေက လည်း..
"အင်း သူများအသီးသီး ဆန္ဒပြနေမှ တော့တို့ရွာမှာလည်း၊အင်းတို့ရွာမှာလည်း"
သူ စကားလမ်းကြောင်းလိုက်သည်နှင့် တစ်ယောက်က ထပြီး ..

"ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင်နာ အဖြစ် အောင်မြင် ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူး နဲ့တွေ့ဆုံခြင်း"

Photo: "ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင်နာ အဖြစ် အောင်မြင် ကျော်ကြားနေတဲ့ မြန်မာလူမျိုး ဇာနည်ထူးထူး နဲ့တွေ့ဆုံခြင်း"

မြန်မာနိုင်ငံက ထွက်ခွာသွားပြီး နိုင်ငံ အသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ မိသားစု များစွာ ရှိနေပါတယ်။ တချို့ကလည်း အောင်မြင် ကျော်ကြား မှုတွေကို ပိုင်ဆိုင် ထားကြပါတယ်။ အဲဒီလို သူတွေထဲကမှ ဂျပန်နိုင်ငံက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဇာနည်ထူးထူး (ခ)  ရှီဘုယဇာနည်လည်း  တစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ ဇာနည် ထူးထူးက ဂျပန် မှာ မော်ဒယ် တစ်ဦး အနေနဲ့လည်း အောင်မြင်ခဲ့သလို၊ ဖက်ရှင် ဒီဇိုင်နာ တစ်ဦး အနေနဲ့ လည်း အောင်မြင်မှု ရရှိနေသူတစ်ဦးဖြစ် ပါတယ်။ 

ဇာနည် ထူးထူးရဲ့ ဒီဇိုင်းတွေက ဂျပန် မှာ အတော် ရေပန်းစားနေကြောင်း ဂျပန် မင်းသား၊ မင်းသမီးတွေနဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေကပါ သူ့ရဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်စွာ ဝတ်ဆင်ကြကြောင်း သိရပါတယ်။ ဇာနည် ထူးထူးကို ၁-၁-၁၉၈၅ က ရန်ကုန်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မိဘနှစ်ပါးစလုံးက မြန်မာ လူမျိုးတွေပဲဖြစ် ပါတယ်။ အဘိုးဖြစ်သူက ပန်းချီ ဆရာကြီး ဦးဝင်းဖြစ်ပြီး အဘိုးရဲ့ ဗီဇသွေး ပါတယ်လို့ ဆိုရမယ့် ဇာနည်ထူးထူး က ငယ်စဉ်ကတည်း က ပန်းချီပညာမှာ ထူးချွန်ကာ ပန်းချီ ထူးချွန်ဆု များလည်း ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၈နှစ်မှာ ဂျပန်နိုင်ငံကို မိသားစုနဲ့ အတူ သွားရောက်ခဲ့ပြီး ဂျပန် တက္ကသိုလ်က နေ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ကို ရရှိထား တဲ့ ဇာနည်ထူးထူးက မြန်မာနိုင်ငံမှ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း မြန်မာရိုးရာ အင်္ကျီ ဝတ်စုံ များနဲ့ ကန်တော့ခဲ့ကြောင်း သိရပါ တယ်။ ဂျပန်နိုင်ငံက နာမည်ကြီး ဒီဇိုင်နာ ဇာနည် ထူးထူးနဲ့ ဖက်ရှင်ဒီဇိုင်းအကြောင်း ဒေါ်အောင် ဆန်းစုကြည်ကို ဝတ်စုံကန်တော့ခြင်း အကြောင်း နှင့် မြန်မာနိုင်ငံမှာ ဖက်ရှင် ကုမ္ပဏီတည် ထောင်ကာ ဖက်ရှင်ဒီဇိုင်း လုပ်ဆောင်မယ့် အကြောင်းတွေကိုလည်း ဆက်သွယ်မေး မြန်း တင်ဆက်လိုက်ပါတယ်။

မေး- ဂျပန်မှာမော်ဒယ်နဲ့ ဖက်ရှင် ဒီဇိုင်နာတစ် ဦးအဖြစ် ရပ်တည်ဖြစ် သွားတာကို သိချင်ပါ တယ်။

ဖြေ- ကျွန်တော် အသက် ၁၅နှစ်၊ ၁၆နှစ် လောက်တုန်းက ဂျပန်မှာ မော်ဒယ် အလုပ်ကို စလုပ်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေမှာ ဓာတ်ပုံတွေ စရိုက်ဖြစ်ခဲ့ပါတယ်။ စစ လုပ်ချင်း ဆို တော့ အခက်အခဲတွေ ရှိတယ်။ သိပ်အဆင် မပြေခဲ့ဘူး။ အဲဒီအချိန်တုန်းက အဆိုတော် လည်း လုပ်ချင်တယ်။ မော်ဒယ်လည်း လုပ်ချင် တယ်။ နောက်ပြီး ဒီဇိုင်း တက္ကသိုလ် လည်း တက်ချင်တယ်။ နောက်ပိုင်း မှာတော့ ကျွန်တော့် စိတ်နဲ့ ကျွန်တော် တက္ကသိုလ် တစ်ခုခုပဲ အရင်ဆုံး သွားချင်တဲ့ စိတ်ဖြစ်လာတဲ့ အတွက် ဂျပန်က Asia University မှာ ၄ နှစ်တက်ခဲ့တယ်။ အမေရိကန် Western Wash- ington University မှာလည်း ကျွန်တော် တက်ခဲ့ပါတယ်။ ကျောင်း ပြီးသွားတဲ့ အချိန်မှာ မော်ဒယ် အလုပ်ကို ပြန်လုပ်ဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော့် အသက်၁၉နှစ် ရှိသွားပြီ။ ကျွန် တော် ၁၅နှစ်၊ ၁၆နှစ်တုန်းက မရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ၁၉နှစ် မှာ ကျွန်တော် ရခဲ့ပါတယ်။ မဂ္ဂဇင်းတွေ အများကြီး အတွက် ဓာတ်ပုံတွေ ရိုက်ခဲ့ရတယ်။ အနုပညာကြေး လည်း အများကြီး ရခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစား ဖြစ်တယ်။ ယောက်ျား တစ်ယောက် အနေနဲ့ မော်ဒယ် အဖြစ်နဲ့ပဲ ရေရှည်လုပ်လို့ မရနိုင်ဘူး။ ဒါကြောင့် ဒီဇိုင်နာ အလုပ်ကို ရွေးချယ်ခဲ့တယ်။ ကျွန် တော်က ဖက်ရှင်ကို တအား ကြိုက်တယ်။ ၁၉နှစ်မှာ မော်ဒယ် အလုပ်ကို မလုပ်တော့ဘဲ ဒီဇိုင်နာ အလုပ်ကို စလုပ်ခဲ့ပါတယ်။ ကျွန်တော် ၂၅ နှစ်မှာတော့ ဖက်ရှင်ဒီဇိုင်နာ အဖြစ် တော်တော် နာမည် ရလာတယ်။ အခုဆိုရင် ဂျပန်ရုပ် ရှင်မင်းသား၊ မင်းသမီးတွေရော ကိုရီးယား မင်းသား၊ မင်းသမီးတွေ ကပါ ကျွန်တော့် ရဲ့ ဒီဇိုင်းတွေကို အမြတ် တနိုးနဲ့ ဝတ် ဆင်နေကြပါပြီ။ အသက်၂၆နှစ်မှာ ကျွန်တော် Private ကုမ္ပဏီကို ဂျပန်နိုင်ငံမှာ ထူထောင်ခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်တော့် စိတ်ကူးတွေကို အကောင် အထည်ဖော်နိုင်ဖို့ ထူထောင် လိုက် တာပါ။ နယူးယောက် မှာလည်း သူငယ်ချင်း တွေနဲ့ ပေါင်းပြီး ဖွင့်ထားတယ်။

မေး-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ ဝတ်စုံတွေနဲ့ ကန်တော့ဖြစ်ပုံကို သိချင်ပါတယ်။

ဖြေ- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်ကနေ လွတ်မြောက် လာပြီး နိုင်ငံခြားခရီးစဉ်တွေ သွားခွင့်ရတော့ အားလုံးက ဝမ်းသာပြီး လက်ဆောင်တွေ ပေး ကြတယ်။ ကျွန်တော်က အဲဒီလို လက်ဆောင်ပေးတဲ့ အနေနဲ့ မဟုတ်ပါဘူး။ ဂုဏ်ယူတဲ့ အနေနဲ့ ဆရာ၊ဆရာမကို ကန်တော့တဲ့ အတိုင်း မြန်မာ ဝတ်စုံတွေ ချုပ် ပေးပြီး ကန်တော့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာ ဝတ်စုံကို တအားချုပ်ပေး ချင်ပါ တယ်။ ကိုယ်တိုင်လည်း ဒီဇိုင်နာဖြစ်တော့ မြန်မာ လုံချည်စကို ကိုယ်တိုင် ထွင်တယ်။ အင်္ကျီစကို ရှာဝယ်ပြီး ချုပ်ပေးဖြစ်တာပါ။ မြန်မာပြည်ကို စွန့်ခွာသွားတဲ့ မြန်မာတွေ အားလုံး ကိုယ်စား ကျွန်တော် ကန်တော့တာပါ။ အဲဒီလို ကန်တော့တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို လည်းသိတယ်။ ကျွန်တော့်ရဲ့ စိတ်ထားကိုလည်း နားလည် တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် နိုဘယ်ဆုပေးပွဲမှာ ကျွန်တော် ချုပ်ပေးတဲ့ ဝတ်စုံ ကို ဝတ်သွား တယ်။ တအားဝမ်း သာတယ်၊ ဂုဏ်လည်းယူပါတယ်။ မြန် မာပြည်က လူတွေ ကကိုယ့်ရဲ့ ရိုးရာ မြန်မာလုံ ချည်ကို မမေ့ဘဲ ဝတ်ဆင်ကြ တယ်။ အဲဒါကို တအား လေးစားပါတယ်။ ကိုယ့်ရဲ့ ရိုးရာအဝတ် အစား ကိုမမေ့ တာကိုလည်း သဘောကျတယ်။

မေး-လက်ရှိလုပ်နေတဲ့ဖက်ရှင်ဒီဇိုင်းလုပ် ငန်းတွေအကြောင်းသိချင်ပါတယ်။

ဖြေ- ကျွန်တော် ဂျပန်မှာ Zarny Fashion Entertainment ဆိုပြီး ဖက်ရှင် ကုမ္ပဏီ ဖွင့် ထားပါတယ်။ ကုမ္ပဏီ တော်တော်များနဲ့လည်း စာချုပ်ချုပ်ပြီး လုပ်နေပါတယ်။ လူငယ်ကောင် လေးတွေ၊ ကောင်မလေးတွေ ဝတ်တဲ့ အင်္ကျီ ဒီဇိုင်း၊ ပိုက်ဆံအိတ်၊ ဆောင်းတွင်း ဝတ်ကုတ် အက်ႌ၊ မဂၤလာဝတ္စံု အက်ႌေတြ ကို ဒီဇိုင်းလုပ်ပါတယ်။ ကိုရီးယား အဆိုတော်တွေ ရဲ့ အင်္ကျီ ဒီဇိုင်းနဲ့ ဂျပန်က ဒရာမာ တီဗီစီးရီးက မင်းသား၊ မင်းသမီးတွေရဲ့ အင်္ကျီ ဒီဇိုင်းတွေကို လုပ်ပေးတယ်။ ကားမောင်း ပြိုင်ပွဲမှာ ကားမောင်းတဲ့ သူတွေ   ဝတ်တဲ့ ဒီဇိုင်းတွေလည်း လုပ်ပေးဖူးပါတယ်။

မေး-မြန်မာနိုင်ငံမှာ ရှီဘုယဇာနည်ထူးထူး ကုမ္ပဏီ ဖွင့်ထားကြောင်း သိရပါ တယ်။ ဖက်ရှင် ဒီဇိုင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် အကြောင်းတွေကို သိချင်ပါတယ်။

ဖြေ-ကျွန်တော် မြန်မာနိုင်ငံမှာ ၂၂-၇-၂ဝ၁၂ ရက်နေ့က ကုမ္ပဏီ ဖွင့်ခဲ့ပါတယ်။ ကုမ္ပဏီဖွင့် တာက နိုင်ငံခြားက အင်္ကျီတွေကို ချုပ်ဖို့လာ တာ မဟုတ်ပါဘူး။ မြန်မာပြည်က ရိုးရာပိတ်စ တွေကို အင်္ကျီချုပ်ပြီး ကမ္ဘာကို ပြသချင်တာပါ။ မြန်မာနိုင်ငံက ကနုတ်တို့ ချိတ်တို့ကို နိုင်ငံခြားသားတွေကို သိစေချင်ပါတယ်။ မြန်မာရိုးရာ ပစ္စည်းတွေ ကိုပဲ ဒီဇိုင်း လုပ်ပြီးရောင်းချင်တာပါ။

မေး- မြန်မာနိုင်ငံကို ဘယ်တော့လောက် ပြန်လာဖို့ အစီအစဉ် ရှိပါသလဲ။

ဖြေ-ကျွန်တော် မြန်မာနိုင်ငံကို ၂လပိုင်း လောက်ပြန်လာမှာပါ။ ကျွန်တော်ပြန် လာ တဲ့အခါ NHK ရုပ်သံလိုင်းလည်း ကျွန်တော် နဲ့ အတူ ပါလာမှာပါ။ အဲဒီ NHK က ကျွန်တော့် အစီအစဉ်တွေကို ကျွန်တော် အသက် ၂၃နှစ် လောက်ကစပြီး ရိုက်ကူး ထုတ်လွှင့် နေတာဖြစ်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို မပြန်တာ နှစ် ၂ဝ လောက် ရှိပါပြီ။ ကျွန် တော်နှစ်ပေါင်း ၂ဝ ကြာမှ ပြန်လာတဲ့အခါ မှာ ဘာတွေလှုပ်ရှားမလဲ ဆိုတာကို သူတို့ က ရိုက်ပြချင်တာပါ။ ကျွန်တော် မြန်မာနိုင်ငံ ကို ပြန်လာတဲ့အခါ သင်္ကန်း စည်းချင်ပါတယ်။ ဒါပေမဲ့ အလုပ်တွေ များတဲ့ အတွက် သိပ်အကြာကြီးတော့ ဝတ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော် ဂျပန်နိုင်ငံမှာ နေနေတဲ့ ရက်တွေ မှာ မြန်မာနိုင်ငံကို သတိ မရတဲ့နေ့ မရှိပါဘူး။ အထူးသဖြင့် ကျွန်တော် သင်္ကြန် သီချင်း နားထောင်လိုက်ရင် မြန်မာနိုင်ငံကို တအား လွမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကမ္ဘာနဲ့ ရင်ပေါင် တန်းပြီး အလုပ်တွေ လုပ်စရာ ရှိတယ်။ ကျွန်တော် နိုင်ငံခြားသားတွေနဲ့ အလုပ် တအားများပြီး မြန်မာနိုင်ငံကို လွမ်း တဲ့စိတ်တွေ၊ ပြန်ချင်တဲ့စိတ်တွေ မေ့ထားနိုင် ပေမယ့်  သင်္ကြန် သီချင်း သံကိုကြားရင်တော့ မြန်မာနိုင်ငံကို ဘယ်လိုမှ မေ့ဖျောက်ထား လို့ မရပါဘူး။ ကျွန်တော် မြန်မာနိုင်ငံမှာ ဒီဇိုင်း လုပ်ချင်ပါတယ်။ မြန်မာ လူမျိုးတွေ ကမ္ဘာမှာ ရှိတဲ့လူမျိုးတွေ အားလုံးနဲ့ ယှဉ်လို့ရ အောင် ဒီဇိုင်း လုပ်ချင်တာ ပါ။ ကျွန်တော် ဒီဇိုင်းလုပ်ချင်တယ် ဆိုတာက မြန်မာလူ မျိုးတွေရဲ့ စိတ်ထားကို လုပ်ချင်တာပါ။ ငါတို့ မြန်မာ လူမျိုး ဆိုတာက ကမ္ဘာနဲ့ ယှဉ်လို့ရတယ် ဆိုတာကို မြန်မာတွေ သိ စေချင်တယ်။ လူငယ်တွေကိုလည်း အား ပေးချင်ပါတယ်။

ခိုင်ဝေလွင်
မြန်မာနိုင်ငံက ထွက်ခွာသွားပြီး နိုင်ငံ အသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ မိသားစု များစွာ ရှိနေပါတယ်။ တချို့ကလည်း အောင်မြင် ကျော်ကြားမှုတွေကို ပိုင်ဆိုင် ထားကြပါတယ်။ အဲဒီလို သူတွေထဲကမှ ဂျပန်နိုင်ငံက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဇာနည်ထူးထူး (ခ) ရှီဘုယဇာနည်လည်း တစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ ဇာနည် ထူးထူးက ဂျပန် မှာ မော်ဒယ် တစ်ဦး အနေနဲ့လည်း အောင်မြင်ခဲ့သလို၊ ဖက်ရှင် ဒီဇိုင်နာ တစ်ဦး အနေနဲ့ လည်း အောင်မြင်မှု ရရှိနေသူတစ်ဦးဖြစ် ပါတယ်။

ဇာနည် ထူးထူးရဲ့ ဒီဇိုင်းတွေက ဂျပန် မှာ အတော် ရေပန်းစားနေကြောင်း ဂျပန် မင်းသား၊ မင်းသမီးတွေနဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေကပါ သူ့ရဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်စွာ ဝတ်ဆင်ကြကြောင်း သိရပါတယ်။ ဇာနည် ထူးထူးကို ၁-၁-၁၉၈၅ က ရန်ကုန်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မိဘနှစ်ပါးစလုံးက မြန်မာ လူမျိုးတွေပဲဖြစ် ပါတယ်။ အဘိုးဖြစ်သူက ပန်းချီ ဆရာကြီး ဦးဝင်းဖြစ်ပြီး အဘိုးရဲ့ ဗီဇသွေး ပါတယ်လို့ ဆိုရမယ့် ဇာနည်ထူးထူး က ငယ်စဉ်ကတည်း က ပန်းချီပညာမှာ ထူးချွန်ကာ ပန်းချီ ထူးချွန်ဆု များလည်း ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။

အိုဘားမား မြန်မာနိုင်ငံတွင် နာရီအနည်းငယ်သာနေမည်

ဝါရှင်တန်၊ နိုဝင်ဘာ - ၉

အမေရိကန်သမ္မတအိုဘားမားသည် ယခုလအတွင်း မြန်မာသို့လာရောက်မည့် ၎င်း၏ ခရီးစဉ်တွင် နာရီအနည်းငယ်သာ နေထိုင်သွားမည်ဖြစ်ပြီး မြန်မာသမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အိမ်ဖြူတော်၏အဆိုအရ သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၇ ရက်တွင်စတင်မည့် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌
အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ပြီး ထိုင်း၊ မြန်မာတို့သို့လည်း သွားရောက်လည်ပတ်မည်ဟု ဆိုသည်။

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား

ရန်ကုန်၊နိုဝင်ဘာ-၉

မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာအနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူနာများကို ဆေးကုသရန် ကျွန်းလှဆေးရုံတွင် ခုတင်မလုံလောက်မှုကြောင့် ကန့်ဘလူမြို့နယ် ဆေးရုံသို့ ၄၄ ဦးကို ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၉)

(၁၄)

အိမ်ဝင်းထောင့်မှာ ချစ်ဦးအတွက် တဲကလေးတစ်လုံးဆောက်ဖို့ ကိစ္စကို ဒေါ်ငွေဇံ က အလျင်အမြန် စီစဉ် သည်။ တဲတစ်လုံး ဆိုပေမယ့် ကုန်ကျစရိတ်က သိပ်မနည်းလှ။ ခုချိန်မှာ သစ်ဈေး၊ ၀ါးဈေးတွေ မသေး။ မဒမတိုင် ထူပြီး ၀ါးထရံကာ ဓနိမိုးမျှသာ ဖြစ်သော်လည်း သူ့အတိုင်းအတာနဲ့သူ အတော်ထိသည်။

တကယ်တော့ ဒေါ်ငွေဇံသည် ချစ်ဦးအတွက်ဆိုရင် နည်းနည်း သဒ္ဓါသူ မဟုတ်။ ချစ်ဦး ခြုံတဲ့စောင်ကလေး အစုတ်စုတ် အဖာဖာ ဖြစ်နေလို့ တစ်ထည်လောက် ၀ယ်ပေးဖို့ မြလွင်က ပြောတုန်းကတောင် မသိချင်ယောင် ဆောင်နေခဲ့တာ။ ခုကိစ္စမှာတော့ သူကိုယ်တိုင်က အားတက်သရော ဖြစ်နေ၏။ ဒါတွင်မက ချစ်ဦး အိမ်ပြောင်းမယ့်နေ့မျာ တစ်ပတ်ရစ်စောင်တစ်ထည်တောင် လက်ဆောင်ပေးလိုက်သေးသည်။ အစ ကတော့ စောင်အသစ် ကို ပေးမလို့ပါပဲ။ ၀ယ်ပြီးမှ အရောင်ကလေးလှတော့ နှမြောသွားသည်။ ထို့ကြောင့် စောင်အသစ် ကို သူယူလိုက်ပြီး သူခြုံလက်စစောင်ကို ချစ်ဦးအား ရက်ရက်ရောရော ပေးလိုက်ခြင်း ဖြစ် ၏။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၈)

ထိုအခါ ဒေါ်ငွေဇံက "မယ်လိုဒီ"တစ်မျိုးပြောင်းလာပြန်၏။ မြလွင်က တစ်ဆင့် မပြောတော့ဘဲ ချစ်ဦး ကို သူကိုယ်တိုင် တိုက်ရိုက်ဖွင့်ပြောခြင်းပင်ဖြစ်၏။ ပြောပုံက ပညာသားပါသည်။ ချစ်ဦးကိုယ်တိုင် လိုလို လားလား ဖြစ်ရအောင်......
"ချစ်ရူးရယ်၊ ညညကျရင် မင်းရဲ့ ဟောက်သံက တော်တော်ပြင်းတာပဲကိုး"
ဟု စကားစသည်။ ချစ်ဦးက....
"ဟုတ်ရဲ့လား အဒေါ်ကြီးရာ၊ ကျွန်တော့်ဘာသာတောင် ဘာမှမကြားဘဲနဲ့"
"ဟဲ....ဟောက်တယ်ဆို ကာယကံရှင်က ကြားရတာမျိုးမဟုတ်ဘူး၊ ဘေးလူကသာ နားမခံနိုင်တာ"

"သြော်...ဟုတ်မယ်၊ ဟုတ်မယ်၊ ကင်းတဲမှာ ကိုဘိုလေး အိပ်ရင်လည်း  ဒီအတိုင်းဘဲ"
''အေးပေါ့၊ ဒါတွင်မကဘူး၊ မင်းက ထထပြီး ယောင်တတ်သေးတယ်''
''ယောင်တယ် ဟုတ်လား၊ ဘယ်လိုယောင်တာလဲ''
ဒေါ်ငွေဇံ ရုတ်တရက် ဖြေရခက်သွား၏။ ပြီးမှ ...

လက်ညိုးဖြင့် ဘက်ထရီအားဖြည့်နိုင်

Photo: လက်ညိုးဖြင့် ဘက်ထရီအားဖြည့်နိုင်

လက်ညိုးအသုံးပြုပြီး ဘက်ထရိအားဖြည့်နိုင်တယ်ဆိုတာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပဲ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

တီထွင်သူက ဖော်မြူလာတောင် ထုတ်ပေးထားလိုက်ပါသေးတယ်။ အပတ်ရေ ဘယ်လောက်များများကို ဘယ်လို မြန်မြန်၊ ဘယ
်လောက်ကြာကြာ လှည့်ပေးရင် လျှပ်စစ်ဓာတ် ဘယ်လို ထွက်လာတယ် ဆိုတာကို ထုတ်ယူတဲ့ သီအိုရီ သဘောတရား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဒီဇိုင်နာ Song Teaho နဲ့ Hyejin Lee တို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

လက်ညိုးနဲ့တင် မကပဲ လျှပ်စစ်ဓာတ်အားကိုသဘာဝ ကနေ အလွယ် တကူ ထုတ်ယူလို့ ရတယ်ဆိုတာကို အမျိုးမျိုး ထုတ်ဖော်ပြသပြီး ဖြစ်ပါတယ်။ ဥပမာ- နှလုံးခုန်နှုန်းနှင့် ဖုန်းအားသွင်းခြင်း၊ လမ်းလျှောက်သည့်နှုန်းဖြင့် ဖုန်းအားသွင်းခြင်း၊ လက်ဖြင့်ပွတ်၍ ကင်မရာ ဘက်ထရီ ပြည့်စေခြင်း အစရှိသဖြင့် မယုံနိုင်လောက်အောင် ပြောင်မြောက် ထူးခြားတဲ့ နည်းပညာ များကို မိတ်ဆက်ပြသခဲ့ကြပါတယ်။

ယခု လက်ညိုးနဲ့ ဖုန်းဘက်ထရီဖြည့်တဲ့ ဒီဇိုင်းကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ပေါ်ပေါက်ပြီး လူကြိုက်များခဲ့ပါတယ်။ သို့ပေမယ့် အလွယ်တကူ ပလက်ပေါက်ထိုးရုံနဲ့ အားပြည့်တဲ့ အနေအထားမှာမို့ Green Gadget တွေကို သိပ်စိတ်ဝင်မစား ကြသေးပါဘူး။ စွမ်းအင်ရှားပါးတဲ့ တစ်နေ့ကျရင် လက်ညိုးနဲ့ အားဖြည့်ရတဲံ့ ဘက်ထရီလို နည်းပညာများ ရေပန်းစားလာမယ်လို့ နည်းပညာရှင်တို့က ခန့်မှန်းထားကြ ပါတယ်။
--
Ref:fingertips
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_9.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
လက်ညိုးအသုံးပြုပြီး ဘက်ထရိအားဖြည့်နိုင်တယ်ဆိုတာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပဲ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

တီထွင်သူက ဖော်မြူလာတောင် ထုတ်ပေးထားလိုက်ပါသေးတယ်။ အပတ်ရေ ဘယ်လောက်များများကို ဘယ်လို မြန်မြန်၊ ဘယ်လောက်ကြာကြာ လှည့်ပေးရင် လျှပ်စစ်ဓာတ် ဘယ်လို ထွက်လာတယ် ဆိုတာကို ထုတ်ယူတဲ့ သီအိုရီ သဘောတရား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဒီဇိုင်နာ Song Teaho နဲ့ Hyejin Lee တို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာလာစေနိုင်

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သော ဒီမိုကရက်တစ်ပါတီမှ လက်ရှိ သမ္မတ အိုဘားမား။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒုတိယသမ္မတသက်တမ်းအတွက် လူထု၏ ရွေးချယ်ခံလိုက်ရသော ဒုတိယမြောက် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီအမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သော ဒီမိုကရက်တစ်ပါတီမှ လက်ရှိ သမ္မတ အိုဘားမား။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒုတိယသမ္မတသက်တမ်းအတွက် လူထု၏ ရွေးချယ်ခံလိုက်ရသော ဒုတိယမြောက် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ
ဘာရက်အိုဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင်
မည်ဖြစ်ရာ မြန်မာနိုင်ငံရေးပြောင်းလဲမှုသည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင်မည့် အနေ
အထားဖြစ်လာ နိုင်ဖွယ်မရှိဟု သုံးသပ်သူများက ဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ပြန်လည်ရွေးချယ်ပွဲ
တွင် ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေကို မဲအသာ စီးရပြီး ဒုတိယသက်တမ်း ပြန်လည်
ထမ်းဆောင်ခွင့်ရခဲ့သည့် အိုဘားမား သည် မြန်မာနိုင်ငံသို့ ယခုလလယ် အတွင်း လာရောက်လည်
ပတ်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီများက ရခိုင်သားအဖနှစ်ဦးကို တူမီးသေနတ်ဖြင့် ပစ်ခတ်





thn-9-11-2
ပင်လယ်ကမ်းစပ်တွင် ငါးမျှားနေသော သားဖနှစ်ဦးကို ဘင်္ဂါလီများက တူမီးသေနတ်ဖြင့်ပတ်ခတ်မှု နိုဝင်ဘာလ ၈ ရက်နေ့ ၅း၃၀ နာရီအချိန်ခန့်က ပေါက်တောမြို့နယ်၊ စိုးမဲကျီဘုရားအနီးတွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ထိုနေ့နံနက်ပိုင်းက စိုးမဲကျီရွာမှ ရွာသား ၇ ဦးခန့်သည် ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးသွား ရောက်ခဲ့ကြသည်။ ဘုရားမှအပြန် တောင်ခြေ ပင်လယ်ကမ်းစပ်တွင် ဦးလပြည့်ဦး(ခ)လှသိန်းဦးနှင့် သားဖြစ်သူ မောင်ဝင်းဝင်းချေတို့ ကျန်ခဲ့ကြောင်း၊ ၎င်းတို့ သားအဖနှစ်ဦးသည် ကမ်းခြေ ကျောက်ဆောင်သို့သွားကာ ငါးမျှား နေစဉ် စက်လှေတစ်စီး ကမ်းခြေဘက်သို့ ဦးတည်မောင်းနှင်လာပြီး အနီးအရောက်၌ တူမီးသေနတ်ဖြင့်ပစ်ခတ် ခဲ့ ခြင်းဖြစ်သည်။ အဆိုပါလှေပေါ်တွင် ဘင်္ဂလီ ၁၅ ဦးခန့်ပါဝင်ကြောင်းသိရသည်။ အတူလာကြသော ရွာသား များမှာ သေနတ်သံကြား၍ နားထောင်နေစဉ် မောင်ဝင်းဝင်းချေမှာ ဒဏ်ရာဖြင့် တောင်ပေါ်သို့တက်ပြေးလာသ ဖြင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်သယ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီး ဆီဘောက်ဆာ ရထား တစ်စီး တိမ်းမှောက်

Photo: ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီး ဆီဘောက်ဆာ ရထား တစ်စီး တိမ်းမှောက်
ကျွန်းလှမြို့နယ် ဝေနေယျသုခ လူမှုကူညီရေး အသင်းနှင့် ကန့်ဘလူမြို့ ဂရုဏာရှင်အသင်းတို့ တွဲဘက်ပြီး မီးလောင်ဒဏ်ရာရ လူနာများအား ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ပို့ဆောက်ပေးလျှက်၇ှိ (iCJ)

အေးချမ်းမွန်မှ  DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :DVB TV News
ကျွန်းလှမြို့နယ် ဝေနေယျသုခ လူမှုကူညီရေး အသင်းနှင့် ကန့်ဘလူမြို့ ဂရုဏာရှင်အသင်းတို့ တွဲဘက်ပြီး မီးလောင်ဒဏ်ရာရ လူနာများအား ကန့်ဘလူနှင့် ကျွန်းလှဆေးရုံများသို့ ပို့ဆောက်ပေးလျှက်၇ှိ (iCJ)

DVB TV News

တစ်ကမ္ဘာလုံးတွင် အကောင် ၃၀ မကျန်တော့သော ရွှေကျား

Photo: တစ်ကမ္ဘာလုံးတွင် အကောင် ၃၀ မကျန်တော့သော ရွှေကျား

Golden Tiger (ရွှေရောင်အစင်းရှိသောကျား)/ စတော်ဘယ်ရီကျား လို့ လည်း ခေါ်ပါတယ်။ သုတေသန ပညာရှင်တို့ လေ့လာ ချက်အရ တစ်ကမ္ဘာလုံးမှာ အကောင် ၃၀ တောင် မကျန်ရှိတော့တဲ့ မျိုးစိတ် ဖြစ် တယ်လို့ ဆိုပါတယ်။

၁၉ရာစု၊ ၂၀ ရာစုတွေထဲက တဖြည်းဖြည်း ရှားပါးလာတဲ့ ကျားမျိုးများ ဖြစ် ပါတယ်။ ရွှေရောင်နဲ့ အဖြူရောင် အစင်းပါရှိပြီး အဓိကကတော့ DNA မှာ recessive Gene ကြောင့် အရောင်ပြောင်းနေရခြင်း ဖြစ်ပါတယ်။ သာမန်ကျား တစ်ကောင်အနေနဲ့ အနက် ရောင်အစင်းကြောင်းရှိသင့်ပေ မယ့် ရွှေကျားရဲ့ သွေးဟာ အနက် ရောင် မထွက်စေပဲ အဖြူရောင်ပဲ ထွက်စေပါတယ်။ ပင်ကိုယ် သွေးဆဲလ်ကိုက သာမန် ကျားများထက် ထူးခြားနေခြင်း ဖြစ်ပါတယ်။

နေရောင်အောက်မှာ ကြည့်ရှု ရွှေရောင် တောက်တောက်နဲ့ ရှိနေတတ်ပြီး အင်မတန် လှတဲ့ ကျားမျိုး ဖြစ်ပါတယ်။ ယခင်က ဟိမ၀န္တာတောမှာ နေထိုင် ကျက်စားပြီး မြန်မာပြည်မှာလည်း တွေ့ရတတ်ပါတယ်။ သို့ပေမယ့် ရွှေကျား အများစုကို အိန္ဒိယနိုင်ငံဘက်အခြမ်းမှာပဲ တွေ့ရှိတာ ဖြစ်ပါတယ်။ ရွှေရောင် အစင်းနဲ့ ကျားဟာ သာမန်ကျားတွေထက် ဥာဏ်ရည်ပိုထက်မြက် တယ်လို့ ဆိုပါတယ်။ သူ့ကို ၂၀ ရာစုအစောပိုင်းကတည်းက ကမ္ဘာ့ရှားပါး တိရစ္ဆာန် စာရင်းထဲထည့်ပြီး အမဲလိုက်ခြင်း မပြုလုပ်အောင် တားမြစ်ခဲ့ပါတယ်။

သို့ပေမယ့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ အမဲလိုက်မှုများကြောင့် အရှေ့ တောင်အာရှမှာ ရွှေကျားများကို အတွေ့နည်းလာပါတယ်။ ကမ္ဘာ့ အရှားပါးဆုံး ကျားမျိုးစိတ် ၁၂ မျိုးထက်တောင် ရှားပါးတယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးများက အိန္ဒိယတို့လို နိုင်ငံမှ ၀ယ်ယူပြီး အမျိုးမျိုး သားဖောက်ဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် Recessive gene ဗီဇရအောင် ဖန်တီးဖို့ခဲယဉ်းပါတယ်။

ဒါကြောင့် Golden Tiger (ရွှေကျား) ကို ကမ္ဘာ့အရှားပါးဆုံး ကျားလို့ အသိအမှတ် ပြုခဲ့ကြပါတယ်။
--
Ref: wiki

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar
Golden Tiger (ရွှေရောင်အစင်းရှိသောကျား)/ စတော်ဘယ်ရီကျား လို့ လည်း ခေါ်ပါတယ်။ သုတေသန ပညာရှင်တို့ လေ့လာ ချက်အရ တစ်ကမ္ဘာလုံးမှာ အကောင် ၃၀ တောင် မကျန်ရှိတော့တဲ့ မျိုးစိတ် ဖြစ် တယ်လို့ ဆိုပါတယ်။

၁၉ရာစု၊ ၂၀ ရာစုတွေထဲက တဖြည်းဖြည်း ရှားပါးလာတဲ့ ကျားမျိုးများ ဖြစ် ပါတယ်။ ရွှေရောင်နဲ့ အဖြူရောင် အစင်းပါရှိပြီး အဓိကကတော့ DNA မှာ recessive Gene ကြောင့် အရောင်ပြောင်းနေရခြင်း ဖြစ်ပါတယ်။ သာမန်ကျား တစ်ကောင်အနေနဲ့ အနက် ရောင်အစင်းကြောင်းရှိသင့်ပေ မယ့် ရွှေကျားရဲ့ သွေးဟာ အနက် ရောင် မထွက်စေပဲ အဖြူရောင်ပဲ ထွက်စေပါတယ်။ ပင်ကိုယ် သွေးဆဲလ်ကိုက သာမန် ကျားများထက် ထူးခြားနေခြင်း ဖြစ်ပါတယ်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

Photo: အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်
 
မြစ်ကြီးနား၊ နိုဝင်ဘာလ ၉ ရက်

ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်းမရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများရှားပါးလာခြင်း၊ ကချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြားအဖွဲ့အစည်းများမှာ အာဏာမရှိပဲ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သော KIA ကသာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-
(၁)     ဦးဆွမ်လွှတ်ဂမ်၊ ဗဟိုပညာရေးဌာန တာဝန်ခံ။
(၂)     ဦးလဖိုင်လ၊ ဗဟိုတရားရေးဌာန တာဝန်ခံ။
(၃)     ဦးလဖိုင်ဇော်ယော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတာဝန်ခံ။
(၄)     ဦးဇော်တောင်၊ စစ်နည်းဗျူဟာ တာဝန်ခံ။
(၅)     ဦးဖုန်ကန်ခွန်နောင်၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ တာဝန်ခံ။
တို့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုပါရန် KIO ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရပါသည်။

 
ဦးဆွမ်လွှတ်ဂမ် 

အေးချမ်းမွန်မှ   ကချင်နေစဉ်သတင်း   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ကချင်နေစဉ်သတင်း
ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KI
O အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်းမရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများရှားပါးလာခြင်း၊ ကချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြားအဖွဲ့အစည်းများမှာ အာဏာမရှိပဲ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သော KIA ကသာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-

' ကျန်းမာရေး နှင့်ပတ်သတ်သော အဆို ကို ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့ ထပ်မံ တင်သွင်း"

Photo: ' ကျန်းမာရေး နှင့်ပတ်သတ်သော အဆို ကို ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့ ထပ်မံ တင်သွင်း"


ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ကျန်းမာရေးနှင့်ပတ်သတ်သော
အရေးကြီးအဆို ကို ဒုတိယအကြိမ် တင်သွင်းနေကြောင်းသိရသည်။ အဆိုမှာ " အများပြည်သူအားထားနေရသော ရန်ကုန်ဆေးရုံကြီးကိုပြုပြင်မွမ်းမံပြီး
အဆင့်မြင့်ဆေးရုံကြီးတစ်ခု ဖြစ်မြောက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်များ၊
ဘာသာရပ်ဆိုင်ရာကွှမ်းကျင်သူများ၊အသိပညာရှင် ၊အတတ်ပညာရှင်များပါဝင်ပြီး ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုး
ရအား တိုက်တွန်းကြောင်းအဆို ဖြစ်သည်။ ယင်းအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာခင်မောင်ဆွေ ကထောက်ခံခဲ့ကာ ပြည်ထောင်စု အစိုး
ရ အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန မှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင် ကထပ်မံ ထောက်ခံကြောင်းပြောကြားသည်။
ထို့ကြောင့် ဥက္ကဌ သူရဦးရွှေမန်းက မဲခွဲစရာတောင်မလိုကြောင်း ပြောကြားပြီးအဆိုကို သဘောတူမတူ မေးမြန်းကာ လွှတ်တော်က အတည်ပြုကြောင်း
ကြေညာလိုက်သည်။ဒေါ်အောင်ဆန်းစုကြည်မှတင်သွင်းသော အရေးကြီးအဆိုသည် ယနေ့တွင် နှစ်ကြိမ်မြောက်ဖြစ် သည်။

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :huffingtonpost.co.uk
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ကျန်းမာရေးနှင့်ပတ်သတ်သော
အရေးကြီးအဆို ကို ဒုတိယအကြိမ် တင်သွင်း
နေကြောင်းသိရသည်။ အဆိုမှာ " အများပြည်သူအားထားနေရသော ရန်ကုန်ဆေးရုံကြီးကိုပြုပြင်မွမ်းမံပြီး
အဆင့်မြင့်ဆေးရုံကြီးတစ်ခု ဖြစ်မြောက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်များ၊
ဘာသာရပ်ဆိုင်ရာကွှမ်းကျင်သူများ၊အသိပညာရှင် ၊အတတ်ပညာရှင်များပါဝင်ပြီး ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုး ရအား တိုက်တွန်းကြောင်းအဆို ဖြစ်သည်။ ယင်းအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာခင်မောင်ဆွေ ကထောက်ခံခဲ့ကာ ပြည်ထောင်စု အစိုး
ရ အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန မှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင် ကထပ်မံ ထောက်ခံကြောင်းပြောကြားသည်။

ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ်ကွက် နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ် မီးလောင်

Photo: ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ်ကွက် နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ် မီးလောင်

သရက် နိုဝင်ဘာ ၈

မကွေးတိုင်း ဒေသကြီး သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပ ဏီရေနံ လက်ယက် တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက် အတွင်း ယနေ့ နံနက် ၁ နာရီ မိနစ် ၄ဝတွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် အတွင်းရှိ တွင်းအမှတ် MS.8 ရေနံလျှံတွင်း ၌ ကျော်စွာ ၃၁နှစ်(ဘ) ဦးတင်စိုး ပေါက်ကုန်းကျေးရွာ ဇလွန်မြို့နယ်မှ ကြီးကြပ် လုပ်ဆောင် နေစဉ် ရေနံ တွင်းမှ လျှံထွက် လာသော ရေနံနှင့် ရေနံပိုက်တို့ ဂက် စ်ငွေ့၏ တွန်းကန် အားကြောင့် ပွတ် တိုက်မှု ဖြစ်ပွားပြီး ရေနံကန် အတွင်းစတင် မီးလောင်ကျွမ်းခဲ့ရာ ရေနံတွင်းအမှတ် MS.7 နှင့် MS.9 တွင်းများသို့ ကူးစက် လောင် ကျွမ်းခဲ့သည်။

မီးလောင်မှု ကြောင့် ရေနံတွင်း သုံးတွင်းရှိ ကလပ်ခုံနှင့် ရေနံခပ် ပစ္စည်းသုံးစုံ၊ တရုတ်နီ အင်ဂျင် နှစ်လုံး၊ ရေနံစိမ်း ပီပါနှင့် ယာယီရေနံစိမ်း လှောင်ကန် အတွင်းရှိ ရေနံစိမ်း ၂၅ ပီပါခန့်နှင့် ရေနံ တွင်း လုပ်သား နားနေတဲ သုံးလုံးတို့ မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်မှု အားသရက် ခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးမြင့်နိုင် ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၇ ဦးတို့က မီးသတ်ယာဉ် နှစ်စီး၊ ဆီမီး သတ်ဆေးရည် (Foam Liquit) တို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၂ နာရီခွဲ ခန့်၌ ငြှိမ်းသတ်နိုင် ခဲ့သည်။ အဆိုပါ ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ် ကွက် အတွင်း မီးလောင်ကျွမ်း မှုမှာ နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ်မြောက် လောင် ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
မကွေးတိုင်း ဒေသကြီး သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပ ဏီရေနံ လက်ယက် တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက် အတွင်း ယနေ့ နံနက် ၁ နာရီ မိနစ် ၄ဝတွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် အတွင်းရှိ တွင်းအမှတ် MS.8 ရေနံလျှံတွင်း ၌ ကျော်စွာ ၃၁နှစ်(ဘ) ဦးတင်စိုး ပေါက်ကုန်းကျေးရွာ ဇလွန်မြို့နယ်မှ ကြီးကြပ် လုပ်ဆောင် နေစဉ် ရေနံ တွင်းမှ လျှံထွက် လာသော ရေနံနှင့် ရေနံပိုက်တို့ ဂက် စ်ငွေ့၏ တွန်းကန် အားကြောင့် ပွတ် တိုက်မှု ဖြစ်ပွားပြီး ရေနံကန် အတွင်းစတင် မီးလောင်ကျွမ်းခဲ့ရာ ရေနံတွင်းအမှတ် MS.7 နှင့် MS.9 တွင်းများသို့ ကူးစက် လောင် ကျွမ်းခဲ့သည်။

ပြည်နယ်ရဲမှူးကြီးမှ ရခိုင် ပဋိပက္ခနှင့် ပတ်သတ်ပြီး နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဘများကို ခေါ်ယူမေးမြန်း

Photo: ပြည်နယ်ရဲမှူးကြီးမှ ရခိုင် ပဋိပက္ခနှင့် ပတ်သတ်ပြီး နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဘများကို ခေါ်ယူမေးမြန်း

မောင်အေး

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည် စိုးနှင့် ဗဟိုကော်မီ တီဝင် ရှေ့နေဒေါ်အေးနုစိန်တို့အားလည်း  ခေါ်ယူမေးမြန်းခဲ့သည်။

“ရဲမှူးကြီးက ခေါ်စစ်တဲ့ အနေအထားတော့ မဟုတ်ပါ။ ဆွေးနွေးတဲ့ ပုံသဏ္ဍာန်နဲ့မေးတာပါ။ ပထမ တစ်ကြိမ် တုန်းကဆိုရင် တမျိုးတဖုံပြောလို့ရတယ်။ နောက်ထပ် ဖြစ်လာတဲ့ကိစ္စမှာ ကြိုးကိုင် သူတွေရှိနေတယ်။ သွေးထိုး လှုံဆော်မှုတွေ ရှိနေတယ်ဆိုတာတွေနဲ့ ပတ်သတ်လို့ RNDP က အောက်ခြေက လူငယ်တ ချို့ ပါကောင်းပါနိုင်တယ်ဆိုပြီး သုံးသပ်ချက်တွေရှိတယ်။ နိုင်ငံတော် သမ္မတ ရုံးကလည်း ကြေငြာချက် မှာလည်း နိုင်ငံရေးပါတီတွေ ကြိုးကိုင်မှုရှိနေတယ်လို့ ပါတဲ့အ တွက် အနေအထားတစ်ခုကို မေးကြည့် တဲ့သဘောပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။ 

ဦးခိုင်ပြည်စိုးကို နိုင်ဝင်ဘာလ ၈ ရက်နေ့ညနေ ၄ နာရီခန့်တွင် ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ရဲမှူးကြီးမှ ဦးခိုင်ပြည်စိုးအား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာသည် မည်သည့် အကြောင်း ရင်းကြောင့်  ဖြစ်ပွားရပါ သလဲဟု မေးမြန်းခဲ့သည့်အပေါ် ဦးခိုင်ပြည်စိုးက ယခုကဲ့ သို့ ဖြေကြားခဲ့ကြောင်း ပြောသည်။

“ကျွန်တော်က အခုဖြစ်နေတဲ့ပြဿနာတွေရဲ့ အကြောင်းအရင်း အချက် ၂ ချက်ဘဲတွေ့တယ်။ ပထမ တစ်ချက်က ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့ လူမျိုး တစ်မျိုးကို လူမျိုးတစ်ခု အဖြစ် ဖန်တီးချင်တယ်။ ဒုတိယ အချက်က  ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်နယ်မြေ တချို့ကို အစ္စလာမ် မစ်နိုင်ငံ ထူထောင် လိုတယ်။ အဲဒီ အချက်နှစ်ချက်အပေါ်မှာ ဒီပြဿနာ ဖြစ်ရတာဖြစ်တယ်လို့ ကျွန်တော် ပြောခဲ့ တယ်” ဟု ဆိုသည်။

မြို့မိမြို့ဘများထဲမှ ဆရာဦးဗသိန်း၊ ဆရာ ဦးအောင်ဇံတို့အပါ အ၀င် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မှ ခေါင်း ဆောင်တချို့နှင့် လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များကိုလည်း တစ်ဦးချင်း စီ ခေါ်ယူမေးမြန်း ခဲ့ ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည် စိုးနှင့် ဗဟိုကော်မီ တီဝင် ရှေ့နေဒေါ်အေးနုစိန်တို့အားလည်း ခေါ်ယူမေးမြန်းခဲ့သည်။

ရခိုင်ပြည်နယ်ကျောင်းသားများ၏လိုအပ်ချက်များကို သမ္မတကြီင်္း ထံတောင်းဆို

Photo: ရခိုင်ပြည်နယ်ကျောင်းသားများ၏လိုအပ်ချက်များကို သမ္မတကြီင်္း ထံတောင်းဆို

November 9, 2012Home, သတင်း 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်း သား/သူများ၏ လိုအပ်ချက်များ နှင့်အတူ တောင်ကုတ်မြို့ရှိ တက္ကသိုလ်ကျောင်းအား စီးပွား ရေးတက္ကသိုလ်အဖြစ် ပြောင်းလဲ ပေးရန် ကျောင်းသား/သူ (၉၆၃) ဦးကသမ္မတကြီးထံ လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြောင်း သိရ သည်။
““ကျွန်တော်တို့အနေနဲ့တောင်း ဆိုရတာကတော့ ကွန်ပျူတာ တက္ကသိုလ်မှာ ကွန်ပျူတာလုံ လောက်မှုမရှိခြင်း၊ သုံးစွဲရန်လျှပ် စစ်မီးပြည့်စုံမှုမရှိခြင်း၊ နည်းပညာ တက္ကသိုလ်မှာ လက်တွေ့သင်ကြား ရန် သင်ထောက်ကူပစ္စည်းလုံ လောက်မှုမရှိခြင်း၊ စစ်တွေ ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်မရှိတဲ့အတွက် ကျောင်းသုံးနှစ်ပြီးသွားရင်တောင် လက်တွေ့ပစ္စည်းများရဲ့ နာမည် ကိုသာ ကြားဖူးပြီး မမြင်ဘူး၊ မကိုင်ဘူးခဲ့တာကို သိခဲ့ရပါတယ်။  ယခု တောင်ကုတ်တက်္ကသိုလဖွင့် လှစ်တော့မယ်ဆိုတော့ ကျွန်တော် တို့က ရခိုင်ပြည်နယ်မှာမရှိသေး တဲ့ စီးပွားရေးတက္ကသိုလ်အဖြစ် တောင်းဆိုတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းသား/သူတွေ အနေနဲ့ ရန်ကုန်မှာ သွားရောက် ပညာသင်ကြားရာမှာ အကုန် အကျများသောကြောင့် အချို့ ကျောင်းသားများမတက်ရောက် နိုင်တဲ့အတွက် တောင်ကုတ် တက္ကသိုလ်ကိုစီးပွားရေးတက်္ကသိုလ် အဖြစ် ချထားပေးမည်ဆိုလျှင် ကျောင်းသားများ အဆင်ပြေပြီး စရိတ်သက်သာမည်””ဟု ရခိုင် ပြည်နယ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ထူးလင်းသူကပြောကြားခဲ့ သည်။
ဆက်လက်ပြီး ရခိုင်ပဋိပက္ခ များကြောင့် ကျောင်းသားကျောင်း သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် အချက် (၅)ချက်ကို တောင်းဆိုခဲ့ ကြောင်း သိရသည်။
၁။ ရခိုင်ပြည်နယ်ရှိတက္ကသိုလ် အသီးသီးတွင် လိုအပ်လျက်ရှိ သော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံး ဖြည့်ဆည်းပေးပါရန်၊
၂။ ယခုဖွင့်လှစ်ရန် စီစဉ် လျက်ရှိသော တောင်ကုတ် ကော လိပ်အား စီးပွားရေးတက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးပါ ရန်၊
၃။ တက္ကသိုလ် ကျောင်း သား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အ တွက် ကျောင်းသွားရာ လမ်းတစ် လျှောက်နှင့်ပတ်ဝန်းကျင်ရှိ လူ မျိုးကွဲကျေးရွာများအား အမြန် ဆုံး ဖယ်ရှားပေးပါရန် (ဘုမီကျေး ရွာ၊ ဘုမီလက်သမားကျေးရွာ၊ ခတင်ပိုက်ကျေးရွာ)၊
၎။ တက္ကသိုလ်ကျောင်းအနီး တွင် လုံခြုံစိတ်ချရသော ကျောင်း သား/သူများနေထိုင်မည့် အ ဆောင်များ အမြန်ဆုံး ဆောက် လုပ်ပေးပါရန်နှင့် ပြည်နယ်အစိုး ရအနေနှင့် ဈေးနှုန်းသက်သာ သော ကျောင်းဖယ်ရီကားများကို ဆောင်ရွက်ပေးပါရန်၊
၅။ တရားမ၀င် ၀င်ရောက် နယ်မြေလုလာသော အကြမ်းဖက် သူများ၏ သားသမီး ကျောင်း သား/သူများနှင့်အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့် ပေးပါရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ 

စွန်ရဲနက်+လင်းခ+မျိုးမြင့်


အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်း သား/သူများ၏ လိုအပ်ချက်များ နှင့်အတူ တောင်ကုတ်မြို့ရှိ တက္ကသိုလ်ကျောင်းအား စီးပွားေ
ရးတက္ကသိုလ်အဖြစ် ပြောင်းလဲ ပေးရန် ကျောင်းသား/သူ (၉၆၃) ဦးကသမ္မတကြီးထံ လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြောင်း သိရ သည်။
““ကျွန်တော်တို့အနေနဲ့တောင်း ဆိုရတာကတော့ ကွန်ပျူတာ တက္ကသိုလ်မှာ ကွန်ပျူတာလုံ လောက်မှုမရှိခြင်း၊ သုံးစွဲရန်လျှပ် စစ်မီးပြည့်စုံမှုမရှိခြင်း၊ နည်းပညာ တက္ကသိုလ်မှာ လက်တွေ့သင်ကြား ရန် သင်ထောက်ကူပစ္စည်းလုံ လောက်မှုမရှိခြင်း၊ စစ်တွေ ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်မရှိတဲ့အတွက် ကျောင်းသုံးနှစ်ပြီးသွားရင်တောင် လက်တွေ့ပစ္စည်းများရဲ့ နာမည် ကိုသာ ကြားဖူးပြီး မမြင်ဘူး၊ မကိုင်ဘူးခဲ့တာကို သိခဲ့ရပါတယ်။ ယခု တောင်ကုတ်တက်္ကသိုလဖွင့် လှစ်တော့မယ်ဆိုတော့ ကျွန်တော် တို့က ရခိုင်ပြည်နယ်မှာမရှိသေး တဲ့ စီးပွားရေးတက္ကသိုလ်အဖြစ် တောင်းဆိုတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းသား/သူတွေ အနေနဲ့ ရန်ကုန်မှာ သွားရောက် ပညာသင်ကြားရာမှာ အကုန် အကျများသောကြောင့် အချို့ ကျောင်းသားများမတက်ရောက် နိုင်တဲ့အတွက် တောင်ကုတ် တက္ကသိုလ်ကိုစီးပွားရေးတက်္ကသိုလ် အဖြစ် ချထားပေးမည်ဆိုလျှင် ကျောင်းသားများ အဆင်ပြေပြီး စရိတ်သက်သာမည်””ဟု

အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို

Photo: အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်းသတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။ 
''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့ 
သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။
အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့် ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ
ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :
မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်းသတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။
''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့
သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။

မေ့ပင်မစိုက်နိုင်သေးပါ . .(နီမင်းဆွေ)





thn-7-11-4
အခုတလော ဘာ့ကြောင့်လဲ မသိဘူး၊ ခဏခဏမေ့တတ်နေတယ်။ အဲဒီလိုမေ့တတ်လာလို့ လုပ်စရာရှိတာလေးတွေကို မေ့မသွားရလေအောင် သတိပေးကြဖို့ ရုံးကလူတွေကို မကြာခဏမှာထားရတယ်။သူတို့က လူငယ်လေးတွေဆိုတော့ ကိုယ့်လိုမေ့တတ်ကြမှာမဟုတ်ဘူးလို့ ထင်မိတာကိုး။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ကကိုယ့်ထက်တောင်မှ ပိုပြီးမေ့တတ်ကြသေးတယ် ဆိုတာကို အံ့သြဖွယ်တွေ့လာရတယ်။ တစ်ခါတုန်းက မြို့ထဲကနေ ရုံးပြန်အလာမှာ ပူလွန်းလို့ ရုံးခန်းထဲက အဲကွန်းကိုဖွင့်ထားနှင့်စမ်းပါကွာလို့ တပည့်ကျော်ကို ကြိုပြီးဖုန်းဆက်မှာ ထားလိုက်ရတယ်။ ရုံးရောက်လို့ အခန်းထဲဝင်လိုက်တော့ အဲကွန်းဖွင့်ထားတာကို မတွေ့ရဘူး။ ဒါ့ကြောင့် တပည့်ကျော်ကို ခေါ်မေးတော့သူ့ရဲ့အဖြေက 'ဆရာ ကျွန်တော် မေ့သွားလို့ပါ' တဲ့။ ကဲ .. အဲဒါသာ ကြည့်တော့။ သုံးခုလောက်မှာတာကို တစ်ခုလောက်မေ့တယ်ဆိုရင် မပြောလိုဘူး။ ဒါနဲ့ကိုယ်လည်း စိတ်တိုပြီးရုံးခန်းထဲ တစ်ယောက်တည်းဝင်ထိုင်နေလိုက်တော့တယ်။ လေအေးစက်ကိုလည်း ကိုယ့်ဟာကိုယ်ဖွင့်ရတော့တာပေါ့။

Apple iMac များကိုယှဉ်ပြိုင်မည့် HP ၏ All in One PC HP-Spectre One

Photo: Apple iMac များကိုယှဉ်ပြိုင်မည့် HP ၏ All in One PC HP-Spectre One

လက်ရှိ All in One PC လောကမှာ နံပါတ် ၁ ရှိနေတာက Apple ဖြစ်ပြီး သူထုတ်တဲ့ iMac - All in One PC တိုင်းဟာ အောင်မြင်လှပါတယ်။ မကြာသေးမီကထုတ်လုပ်ထားသော iMac အသစ်တောင် တော်တော်လေ
း ရေပန်းစားနေပါတယ်။ အခု All in One PC မှာ ပြိုင်ဘက် တစ်ခု တိုးလာပါပြီ။ HP ဖြစ်ပါတယ်။

All in One PC- Desktop ကြီးကို ဒီဇိုင်နာတို့၊ ဓာတ်ပုံနဲ့ ပက်သက်ပြီး လုပ်ကိုင် နေရသူတို့ အသုံးများပါတယ်။ အဓိက ကတော့ Resolution ခပ်ကောင်းကောင်း၊ ခပ်ကြီးကြီး မြင်နိုင် မှု ဖြစ်ပါတယ်။ Apple ထုတ်ဆိုရင် ကာလာ ကလည်း ကောင်းတဲ့အတွက် အောင်မြင်နေ ရခြင်း ဖြစ်ပါတယ်။ Apple ရဲ့  iMac ကွန်ပျူတာနဲ့ အခြား Windows ကွန်ပျူတာ မှာ Photoshop CS ဗားရှင်း အတူတူဖွင့်ပြီး သုံးကြည့်ရင်တောင် Apple က အရောင် အမှန်ဆုံး မြင်ရတယ်လို့တောင် ဒီဇိုင်နာ အချို့ ရဲ့  စကားသံကို ကြားမိပါသေးတယ်။ ဒါကို အစွဲအလမ်း တစ်ခုမျှသာလို့လည်း Windows user များက ပြန်လည်ချေပပါတယ်။ သို့ပေမယ့် လက်ရှိ နိုင်ငံတကာမှာ Apple ရဲ့  All in One ကိုပိုအသုံးများကြပါတယ်။ ဒါကြောင့် Display က Apple ရဲ့  အားသာချက် တစ်ခု ဖြစ်တယ်လို့ ယုံကြည်သူများ ရှိလာ ပါတယ်။

အခုတော့ ဒီယုံကြည်မှုကို ဖြိုဖျက်ဖို့ HP မှ All in One တစ်မျိုး ထုတ်လုပ် လိုက်ပြီ ဖြစ်ပါ တယ်။ ၂၃.၆လက်မ မျက်နှာပြင်ကြီးကြီးနဲ့ ကိုင်တွယ် အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုထားတာက WLED Display ဖြစ် ပါတယ်။ ထောင့်ပေါင်းစုံက ဘယ်လိုပဲ ကြည့်ကြည့် လုံးဝ အရောင် မပြန်ဘူးလို့ အာမခံထားပါတယ်။ အသုံးပြုတဲ့ Graphic ကဒ်က 1GB NVIDIA GeForce 610M ဖြစ်တဲ့အတွက် ယခုလို အာမခံထားခြင်း ဖြစ်ပါတယ်။ Intel Core i5 မော်ဒယ်ကိုသုံပြီး Speed ကတော့ 2.9GHz ရှိပါတယ်။ DDR3 RAM က 4GB ဖြစ်ပါတယ်။

ကီးဘုတ်၊ မောက်စ် သက်သက်ပါပြီး Apple လိုပဲ Wireless ဖြစ်ပါတယ်။ ပရိုဆော့ဖ်ဝဲကြီးတွေ၊ ဂိမ်းတွေ သုံးတဲ့အခါ၊ ဆော့တဲ့အခါ စက်ကို အားနာ နေစရာ မလိုဘူးလို့ ဆိုပါတယ်။ Windows 8 OS ကိုအသုံးပြုမှာ ဖြစ်ပြီး Mac Lion များနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

All in One PC ကို ပုံပြုပြင်ခြင်းအတွက်တင် မဟုတ်ပဲ ရုံးသုံး၊ အိမ်သုံး၊ စီးပွားရေး လုပ်ငန်းသုံး အစရှိသဖြင့် အခြား Field တွေမှာလည်း အသုံးပြုကြပါတယ်။ Motherboard ချည်းသပ်သပ် ခွဲမနေပဲ Desktop တစ်ခုတည်းမှာပဲ တွဲနေတဲ့အတွက် နေရာအကုန်လည်း သက်သာပါတယ်။

ဒါကြောင့် All in One PC ၀ယ်မယ်ဆိုရင် ရွေးစရာ ပိုသွားပါပြီ။ လက်ရှိ HP ရဲ့  Spectre One ကတော့ ဗြိတိန်ပေါင် ၁၂၀၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၁၅ သိန်းလောက်ဆိုပေမယ့် တကယ်ရောက်တဲ့အခါ သိန်း ၂၀ လည်း ကပ်နိုင်ပါတယ်။ သို့ပေမယ့် PC တစ်လုံး ခပ်ကောင်းကောင်းသုံး ဖို့ ၀န်မလေးဘူးဆိုရင် HP-Spectre One ကို စောင့်ဆိုင်းနိုင်ပါတယ်။
--
Ref: pocketlint.
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/apple-imac-hp-all-in-one-pc-hp-spectre.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
လက်ရှိ All in One PC လောကမှာ နံပါတ် ၁ ရှိနေတာက Apple ဖြစ်ပြီး သူထုတ်တဲ့ iMac - All in One PC တိုင်းဟာ အောင်မြင်လှပါတယ်။ မကြာသေးမီကထုတ်လုပ်ထားသော iMac အသစ်တောင် တော်တော်လေး
ရေပန်းစားနေပါတယ်။ အခု All in One PC မှာ ပြိုင်ဘက် တစ်ခု တိုးလာပါပြီ။ HP ဖြစ်ပါတယ်။

All in One PC- Desktop ကြီးကို ဒီဇိုင်နာတို့၊ ဓာတ်ပုံနဲ့ ပက်သက်ပြီး လုပ်ကိုင် နေရသူတို့ အသုံးများပါတယ်။ အဓိက ကတော့ Resolution ခပ်ကောင်းကောင်း၊ ခပ်ကြီးကြီး မြင်နိုင် မှု ဖြစ်ပါတယ်။ Apple ထုတ်ဆိုရင် ကာလာ ကလည်း ကောင်းတဲ့အတွက် အောင်မြင်နေ ရခြင်း ဖြစ်ပါတယ်။ Apple ရဲ့  iMac ကွန်ပျူတာနဲ့ အခြား Windows ကွန်ပျူတာ မှာ Photoshop CS ဗားရှင်း အတူတူဖွင့်ပြီး သုံးကြည့်ရင်တောင် Apple က အရောင် အမှန်ဆုံး မြင်ရတယ်လို့တောင် ဒီဇိုင်နာ အချို့ ရဲ့  စကားသံကို ကြားမိပါသေးတယ်။

လက်စွပ် MP 3 (MP3 concept)

Photo: လက်စွပ် MP 3 (MP3 concept)

ဘရာဇီး ဒီဇိုင်နာ Dinard da Mata မှဖန်တီးပြီး နောက် ၅ နှစ်၊ ၆ နှစ်အတွင်း ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

လက်စွပ်လို စွပ်ထားနိုင်ပြီး နားထဲကို ဘုလုံးလေး နှစ်ခု ထိုးထားရုံပဲ ဖြစ်ပါ တယ်။ ကြိုးမဲ့ ဖြစ်တဲ့အတွက် Bluetooth
တို့လို နည်းပညာ ပါဝင်ပါမယ်။ OLED မျက်နှာပြင်ကနေ skip လုပ်တာတွေ၊ သီချင်းရွေးတာတွေ၊ အသံတိုး အသံကျယ် ပြုတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Voice command ထည့် သွင်းပြီး အသံနဲ့ပါ စေခိုင်း အသုံးပြုလို့ရအုံးမှာ ဖြစ်ပါတယ်။

MP3 Player Innovative Concept အမည်နဲ့ ၂၀၁၀ အနာဂတ် နည်းပညာ ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ Gadget တစ်ခုလို့ ဆိုပါတယ်။ ယင်း လက်စွပ် MP 3 သာ တကယ်ထွက်လာမယ်ဆိုရင် နာနို ပစ္စည်းလောကမှာ လူကြိုက်များလာအုံးမယ့် Music Player တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: brazinnovative
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/mp-3-mp3-concept.html
အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
ဘရာဇီး ဒီဇိုင်နာ Dinard da Mata မှဖန်တီးပြီး နောက် ၅ နှစ်၊ ၆ နှစ်အတွင်း ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

လက်စွပ်လို စွပ်ထားနိုင်ပြီး နားထဲကို ဘုလုံးလေး နှစ်ခု ထိုးထားရုံပဲ ဖြစ်ပါ တယ်။ ကြိုးမဲ့ ဖြစ်တဲ့အတွက် Bluetooth တို့လို နည်းပညာ ပါဝင်ပါမယ်။ OLED မျက်နှာပြင်ကနေ skip လုပ်တာတွေ၊ သီချင်းရွေးတာတွေ၊ အသံတိုး အသံကျယ် ပြုတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Voice command ထည့် သွင်းပြီး အသံနဲ့ပါ စေခိုင်း အသုံးပြုလို့ရအုံးမှာ ဖြစ်ပါတယ်။

တော်ဝင်မိသားစု ကုမ္ပဏီ၏ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၅ရက်မြောက်နေ့တွင် ကုမ္ပဏီဥက္ကဌ ဦးကိုကိုထွေးမှ သတင်းစာရှင်းလင်း




11m
တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်သည့် ၁၅ ရက်မြောက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုသည့် အချက်များအား ဥပဒေပြင်ပ ရောက်ရှိနေသောကြောင့် လိုက်လျောနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်း၊ အမှတ် ၃၅၅ ရှိ တော်ဝင်မိသားစု ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့ရာ သတင်းမီဒီယာများမှ စာနယ်ဇင်းသမား ၇၀ ၀န်းကျင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငါးထောင်တန်ဖုန်း အိမ်မက် တကယ်ဖြစ်လာတော့မယ်လော

Photo: ငါးထောင်တန်ဖုန်း အိမ်မက် တကယ်ဖြစ်လာတော့မယ်လော

ပြည်သူများမျှော်လင့်ကြ သော (၅၀၀၀)တန်ဖုန်း အိပ်မက် သည် တကယ်ဖြစ်လာရန် နီးစပ် လာပြီဖြစ်ကြောင်း နိုဝင်ဘာလ (၉)ရက်က ရွှေပြည်တံခွန် ကုမ္ပ ဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦး လွင်နိုင်ဦးကပြောကြားသည်။
““အခု ဆက်သွယ်ရေးဥပဒေ ကို အများပြည်သူသိရှိလေ့လာ စေရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ ဆက် သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက် အလက်တွေ၊သူ့ရဲ့အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာ ၀န်၊ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တား မြစ်ခြင်း အဲဒါမျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န် ဆောင်မှုအထူးပြုတဲ့ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။ ပြည်သူကိုဗဟိုပြုတဲ့ ဆက်သွယ် ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူဝန် ဆောင်မှုကို အထူးပြုတဲ့ ဆက် သွယ်ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူ ၀န်ဆောင်မှုကို အထူးပြုတဲ့ဆက် သွယ်ရေးပုံစံဖြစ်လာဖို့ လမ်းစပေါ် ပေါက်လာပြီလို့ပြောလို့ရတယ်။ ပြီးတော့ မကြာခင်ကပဲ FDI Law ကိုအတည်ပြုလိုက်တယ်။ FDI Law ကိုအတည်ပြုလိုက်တဲ့ အတွက်ကြောင့် FDI Law ရဲ့ ကျင့်သုံးတဲ့ အနှစ်သာရအရဆိုရင် နိုင်ငံခြားနဲ့နိုင်ငံသားတွေအဓိက ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ ရဲ့အကျိုးကိုရှေးရှုရမှာပေါ့””ဟု ဦး လွင်နိုင်ဦးမှ ဆက်လက်ပြောကြား သည်။
““အခုဆက်သွယ်ရေးဥပဒေ မူကြမ်းထွက်လာပြီ ပြည်သူသိဖို့ အတွက်ချပြထားပြီ ဒါ့အပြင် FDI Law လည်းထွက်လာပြီဆို တော့ တကယ်လို့ ဒီပုံစံအတိုင်း သွားမယ်ဆိုရင် မကြာခင်ဆိုတာ ဒီကောင်လုပ်ရတဲ့ဟာက အခတ် အခဲမရှိဘူး။သို့သော် ဥပဒေတွေ က ဘာတွေရှိနေသေးတော့ ဒီ ဥပဒေတွေသာကျော်လွှားနိုင်မယ် ဆို အချိန်အကြာဆုံးကတော့ ၂၀၁၃နှစ်ကုန်မြန်မယ်ဆိုရင် ၂၀၁၃ဇွန်လထဲမှာ ဒီဖုန်းထွက်မယ်”” ဟု ဦးလွင်နိုင်ဦးက အတည်ပြု ပြောကြားခဲ့သည်။

အိမ်မက်နန်းတော်..

အေးချမ်းမွန်မှ  Myintzu Zaw တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myintzu Zaw
ပြည်သူများမျှော်လင့်ကြ သော (၅၀၀၀)တန်ဖုန်း အိပ်မက် သည် တကယ်ဖြစ်လာရန် နီးစပ် လာပြီဖြစ်ကြောင်း နိုဝင်ဘာလ (၉)ရက်က ရွှေပြည်တံခွန် ကုမ္ပ ဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦး လွင်နိုင်ဦးကပြောကြားသည်။
““အခု ဆက်သွယ်ရေးဥပဒေ ကို အများပြည်သူသိရှိလေ့လာ စေရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ ဆက် သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက် အလက်တွေ၊သူ့ရဲ့အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာ ၀န်၊ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တား မြစ်ခြင်း အဲဒါမျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န် ဆောင်မှုအထူးပြုတဲ့ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။ ပြည်သူကိုဗဟိုပြုတဲ့ ဆက်သွယ် ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူဝန် ဆောင်မှုကို အထူးပြုတဲ့ ဆက် သွယ်ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူ ၀န်ဆောင်မှုကို အထူးပြုတဲ့ဆက် သွယ်ရေးပုံစံဖြစ်လာဖို့ လမ်းစပေါ် ပေါက်လာပြီလို့ပြောလို့ရတယ်။ ပြီးတော့ မကြာခင်ကပဲ FDI Law ကိုအတည်ပြုလိုက်တယ်။
Related Posts Plugin for WordPress, Blogger...

ShareThis