အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး
တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ်
ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က
အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။
အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

မောင်တင်မြင့်
ရွာပြန် မရောက်သည်မှာ ကြာပြီ။ ရန်ကုန် ရွှေမြို့တော်ကြီးသို့ တက်ကာ ကမ္ဘာ့
လူသားများ အတွက် စာပေ ရေးသားခြင်းဖြင့် အလုပ်အကျွေး ပြုနေခဲ့၏။