ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့်
အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .
ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက
ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .













ထိုင်းနိုင်ငံဘန်ကောက်ရှိThe Nation Media Group သို့ Eleven Media
Group မှတာဝန်ပေးချက် အရအတွေ့အကြုံရယူရန် ခရီးစဉ်၏ ပထမဆုံး သတင်းရယူမှုအဖြစ်
Asia News Network အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာ ပို့စ်မှသတင်းထောက် Ina Parlina နှင့် အတူတွဲ၍
သတင်းလိုက်ဖြစ်ခဲ့သည်။ သွားဖြစ်သည့်ခရီးစဉ်က တိုးရစ် အနည်းစုသာ
အသိများပြီးသွားလေ့ရှိသော မီးရထားသံလမ်းဘေး တစ်ဖက်တစ်ချက်စီတွင်
ဈေးတန်းဖြစ်နေသည့် မဟာချိုင်ဒေသရှိ မက်ခလောင်ဈေးသို့ပင် ဖြစ်သည်။
မီးရထားသံလမ်းနှစ်ခုနှင့် ကပ်၍ ဈေးတန်းများ ခင်းကာရောင်းချလေ့ပြီး
မီးရထားအချက်ပေးသံ ကြားမှသာ ရောင်းလက်စဆိုင်တန်းများကို အတန်
ငယ်နောက်ဆုတ်ကြကာ မီးရထားပြန်လည်ထွက်ခွာသွားသည်နှင့် ပုံမှန်
အတိုင်းသံလမ်းနှစ်ခုနှင့် နီးကပ်စွာ ရောင်းချတတ်ကြသည်မှာ
မြင်တွေ့ရသူတို့အတွက် အံ့သြဖွယ်ရာတစ်ခုဖြစ် သည်ဟု အင်တာနက်တွင်
လေ့လာချက်များအရ သိရသည်။ ယင်းကဲ့သို့ ဖတ်ရှုမိသည်နှင့်တစ်ပြိုင်နက်
သတိရမိသည် ကမြန်မာပြည်မှ ဘူတာများတွင် ရထားရပ်နားချိန်တစ်ခဏအတွင်း အလုအယက်
ဈေးရောင်းကြရသည့်၊ တစ်ခါ တစ်ရံရထားထွက်ခွာချိန်နှင့် ကြုံ ကြိုက်လျှင်
အသက်အန္တရာယ်ကိုမမှု ဘဲ နောက်တစ်ဘူတာတွင် ခုန်ချနေရစ်ရသည့်
ရထားဈေးသည်များကိုပင် ဖြစ်သည်။
